← Chapters

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ( ၁၀၈၁ ) မွေးနေ့ဆုတောင်း။

စုယန်ယန်က သူ့မျက်နှာပေါ်က အမူအရာကို မြင်သည်နှင့် သူ ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာ တန်းသဘောပေါက်သွားကာ ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ ရှင်ကလည်း သူ့ရဲ့ တစ်ဦးတည်းသော ညီမလေးကို ယူခဲ့တာကိုး။ ရှင်က ကြိမ်းမောင်းခံရဖို့ ထိုက်တန်ပါတယ်။ ”

စုယန်ယန်ရဲ့ ရည်ရွယ်ချက်ကို ဟောက်ချန်ဟွမ်း ဖောက်ထွင်းမမြင်စရာ အကြောင်းမရှိပါ။ သူ တစ်ချိန်တည်းမှာ စိတ်လည်းညစ် ၊ ရယ်လည ရယ်ချင်သွားသည်။ “ မင်းအစ်ကို ကိုယ့်ကို ဒေါသထွက်ထွက်နဲ့ သဲအိတ်ထဲ ထည့်ပြီး လက်ဝှေ့ထိုးမှာကို မင်း မစိုးရိမ်ဘူးလား။ ”

“ ရှင်က ဘယ်နေရာကိုမဆို ကားနဲ့ ခရီးသွားနေတာလေ။ သူ့မှာ ရှင့်ကို သဲအိတ်ထဲ ထည့်ဖို့ ဘယ်လိုလုပ် အခွင့်အရေးရမှာလဲ။ ”

“ … အဲ့ဒါက အရေးကြီးလို့လား။ ”

“ ဒါဆို ဘယ်ဟာက အရေးကြီးမှာလဲ။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ခေါင်းငုံ့ပြီး ခဏကြာကြာ စိုက်ကြည့်လိုက်သော်လည်း သူ့ဇနီးကို အလျှော့ပေးအောင် မဖြောင်းဖြနိုင်သောကြောင့် “ ကိုယ် နားလည်ပါပြီ။ ” ဟူ၍သာ အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောလိုက်ရသည်။

အဲ့ဒီတော့မှပဲ စုယန်ယန်က ဒီနေ့အတွက် ပါဝင်ပစ္စည်းတွေ ပြင်ဆင်ခြင်းကို အာရုံစိုက်နိုင်တော့သည်။ မိသားစုဖြစ်တဲ့အလျောက် ထူးထွေဆန်းပြားပြီး အချိန်ကုန်တဲ့ ဟင်းလျာတွေ အများကြီး ချက်ဖို့ အစီအစဉ်မရှိပါ။ မွေးနေ့အတွက် မရှိမဖြစ် လိုအပ်သော မွေးနေ့ကိတ်နှင့် သက်ရှည်ကျန်းမာခေါက်ဆွဲအပြင် ဟင်းလျာ အများစုကို ချန်ရှို့ချင်ရဲ့ အကြိုက်အတိုင်း ချက်ပြုတ်ပေးထားသည်။

မိသားစုဟာ အတူတကွ စုဝေးပြီး အရသာရှိသော ညစာတစ်နပ်ကို သုံးဆောင်ခဲ့ကြသည်။ ပိတ်ရက်တိုင်း စုအိမ်တော်ကို စုယန်ယန်နှင့်အတူ ဟောက်ချန်ဟွမ်း လိုက်လာပြီး စုမိသားစုနှင့်အတူ ညစာစားခြင်းနှင့် ဘာမှ မကွာခြားပါ။

သို့သော်လည်း ညစာစားပြီးနောက် မွေးနေ့ကိတ်နှင့် အချိုပွဲတွေတော့ ရှိနေသည်။

“ ခဏလေး။ ” စုယန်ယန်က ကိတ်မုန့်ခွဲဖို့ လက်ပြင်နေတဲ့ ချန်ရှို့ချင်ကို ဟန့်တားပြီး အပြုံးလေးဖြင့် သတိပေးလိုက်သည်။ “ အမေ အခုထိ ဆုမတောင်းရသေးဘူးလေ။ ”

“ ဆုတောင်းရမယ် … ဟုတ်လား … ” ချန်ရှို့ချင်က နည်းနည်းလေး အံ့အားသင့်သွားပေမဲ့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်မိပါသည်။ “ ငါက နင့်လို မိန်းမပျိုလေးမှ မဟုတ်တော့တာ။ ဘာတွေများ ထွေထူး ဆုတောင်းနေရဦးမှာလဲ။ ”

“ ဆုတောင်းတဲ့ ကိစ္စက သမီး အသက်ငယ်တာ ၊ မငယ်တာနဲ့ ဘာဆိုင်လို့လဲ။ အမေ့အသက်အရွယ်မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ၊ စိတ်ကူးတွေ တစ်ခုမှ မရှိတော့ဘူးလို့တော့ မပြောနဲ့နော်။ ”

“ ယန်ယန် ပြောတာ မှန်တယ် အမေ။ ” ဟု စုယွီရွှမ်းကလည်း ထောက်ခံသည်။ “ ဆုတောင်းတာက အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ဒီနေ့ အမေက မွေးနေ့ရှင်လေ … အမေက ဒီနေ့ရဲ့ အရေးအပါဆုံး လူပဲ။ အမေသာ ဆုတောင်းရင် ဆုတောင်းပြည့်မှာ သေချာတယ်။ ”

သူ ထိုသို့ ပြောလိုက်သည်နှင့် ချန်ရှို့ချင်က သူ့ဘက်ကို လှည့်ကြည့်လာသောကြောင့် စုယွီရွှမ်းတစ်ယောက် ခေါင်းနားပန်းကြီးသွားသည်။

“ ကျွန်တော် ပြောတာ မှားလို့လား အမေရဲ့။ ဘာလို့ ကျွန်တော့်ကို အဲ့လိုကြီး ကြည့်နေတာလဲ။ ”

“ ဘာမှ မဟုတ်ပါဘူး။ နင် ခုနတုန်းက ပြောလိုက်တဲ့ စကားကြောင့် ငါ့မှာ အခု ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ရှိတယ် ဆိုတာ သဘောပေါက်သွားလို့ပါ။ ”

“ ဘာဆန္ဒလဲ။ ”

အားလုံးရဲ့ စိတ်ဝင်စားမှုက ချန်ရှို့ချင်ထံ ကျရောက်သွားသည်။ သူမက သူတို့အားလုံးကို တစ်ယောက်ချင်းစီ အကြည့်ဖြန့်ကျက်ပြီးမှ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ငါတို့မိသားစုမှာ လူ အရမ်း နည်းနေသေးတယ်။ ယန်ယန့်ကိုတော့ ငါ ဘာမှ မပြောတော့ပါဘူး။ အနည်းဆုံးတော့ သူ့မှာ မိသားစုလည်း ရှိတယ် ၊ ငါ့ရဲ့ အဖိုးတန်မြေးလေးကိုလည်း မွေးပေးထားတယ်။ အနာဂတ်မှာ ကလေးထပ်ယူရင်တော့ ကောင်းတာပေါ့လေ။ မယူချင်ရင်လည်း ငါက အတင်း မတိုက်တွန်းပါဘူး။ ဒါပေမဲ့ နင်ကတော့ ယန်ယန့်ထက် နှစ်ပိုင်းပဲ အသက်ကြီးတယ်။ နင် မိန်းကလေးတစ်ယောက်ကို ရှာပြီး မိသားစုဘဝ တည်ထောင်ဖို့ အချိန်ကျနေပြီ။ ”

ဒီစကားက စုယွီရွှမ်းကို အပြစ်တင်တာတော့ မဟုတ်ပါ။ သူ့ကို ရင်ကွဲနာကျပြီး မျက်ရည်ပင်လယ်ဝေခဲ့စေတဲ့ သူ့အချစ်ဦးကို မေ့နိုင်ဖို့ အကြာကြီး အချိန်ယူခဲ့ရသည်။ ချန်ရှို့ချင်က သူ မိန်းမတွေကို ကြောက်လန့်စိတ်ကုန်သွားမှာကိုပဲ စိုးရိမ်တာပါ။

သူ့အား အလုပ်ကို ခဏ မေ့ထားပြီး ကြင်ဖက်တွေ့ဖို့ ဖြောင်းဖြရတာ မလွယ်ကူပေမဲ့ သူ တွေ့သမျှ ကြင်ဖက်တိုင်းက ခပ်ကြောင်ကြောင် မိန်းက‌လေးတွေပင်။ သူတို့က အချစ်ကို တောင့်တနေတဲ့ သူ့နှလုံးသားအား မနှိုးဆွနိုင်ရုံသာမက ‘ ကြင်ဖက်တွေ့ခြင်း ’ ဆိုတဲ့ စကားလုံးကိုတောင် ငြင်းပယ်စေခဲ့သည်။

အခု စုယန်ယန်မှာ သာယာပျော်ရွှင်သော မိသားစုဘဝလေး ရှိနေသော်လည်း စုယွီရွှမ်းကတော့ နေ့တိုင်း အနိုင်ကျင့်ခံရတဲ့ သနားစရာ တစ်ကိုယ်တည်းသမားလေး ဖြစ်နေ၏။ ကွဲပြားခြားနားမှုက ဆိုးဝါးလှပါသည်။

ရုတ်တရက်ကြီး လက်ထပ်ဖို့ တိုက်တွန်းခံလိုက်ရသော စုယွီရွှမ်းခမျာ ‌ပြောစရာစကား မရှိတော့ပေ။ သူ ကိုယ့်သေတွင်းကိုယ် တူးမိတာများလား … ။ ဒီလို ဖြစ်မယ်မှန်းသာ စောစောက သိခဲ့ရင် စကားတစ်လုံးမှ ပြောခဲ့မှာ မဟုတ်ပါဘူး … ။

ကံကောင်း‌စွာဖြင့် ချန်ရှို့ချင်က ထိုစကားကို ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါး ပြောလိုက်တာမို့ ထိုအကြောင်းအရာမှာပဲ အချိန်ကုန်မခံပါ။

ချန်ရှို့ချင်နှင့် စုယန်ယန်က မွေးနေ့ကိတ်ကို မိသားစုစုံညီ စားသောက်ပြီးသောအခါ ကြယ်လေးကို အိမ်ထဲ ခေါ်သွားခဲ့ကြသည်။

စုယန်ယန်က ကားထဲကို ရောက်သည်နှင့် စူးစမ်းချင်စိတ်ကို ထိန်းချုပ်မရဘဲ မေးခွန်းတစ်ခုကို မေးလိုက်ပါတော့သည်။ “ ရှင် အမေ့ကို ဘာလက်ဆောင် ပေးလိုက်တာလဲ။ ရှင်က အမေ့ကို လူကြားထဲမှာ ဖွင့်မကြည့်ခိုင်းတဲ့ထိ ပဟေဋိဆန်နေတာ ဆိုတော့ ရှက်စရာကောင်းတဲ့ လက်ဆောင်တစ်ခုခု ဖြစ်နေလို့လား။ ”

All Chapters