← Chapters

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အခန်း ( ၁၀၉၉ ) နှစ်ဖက်လုံးရဲ့ အမှားမကင်းဘူး။

သူမရဲ့ ကလေးကို ဟောက်ချီဟန် ပြန်ပေးဆွဲသွားတဲ့ ကိစ္စကိုတော့ ဟောက်ချီဟန်အား ဟောက်ချန်ဟွမ်းရဲ့ မိဘတွေကို သတ်သွားတဲ့ တရားခံတွေကို ရှာဖွေစေဖို့ လိုအပ်တာကြောင့် လူအများ မသိအောင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း လက်ရှိ အခြေအနေကို အကဲခတ်ရသလောက် သူက နောက်ထပ် ကြံရာပါတစ်ယောက် ရှာတွေ့သွားပြီး သူမတို့သားအမိကို စိတ်ရူးပေါက်ကာ ပြန်ပေးဆွဲခဲ့တာ ဖြစ်နိုင်သည်။ ဟောက်ချီဟန်တို့ဘက်က အဆုံးသတ်ဖို့ နီးကပ်လာတာကြောင့် ဆက်လက် ဖုံးကွယ်ထားစရာ မလိုအပ်တော့တာ ဖြစ်နိုင်သည်။

စုယန်ယန်ရဲ့ ပရိသတ်တွေက အွန်လိုင်းပေါ်မှာ ဆူပူအုံကြွအောင် လုပ်ခဲ့ဖူးတဲ့ ဥက္ကဌနှင့် တင်ဆက်သူကို ဆက်စပ် တွေးခေါ်မကြည့်ဖူးတာမို့ သဘာဝကျစွာပဲ စုယန်ယန်နှင့် ဟောက်မိသားစုကြားက ပြဿနာတွေကို သိပ်အာရုံမစိုက်ခဲ့ပေ။

ဒါပေမဲ့ အခုတော့ အရာအားလုံးက ရုပ်လုံးပေါ်လာပြီ ဖြစ်၍ အပိုင်းအစတွေကို တစ်ခုချင်း ဆက်ကြည့်လိုက်ပါသည်။

ဘယ်လို … ။ ဒီအချက်အပြုတ်တင်ဆက်သူက အရင်တုန်းက ဖောက်ပြန်ခံခဲ့ရတဲ့ မိန်းကလေးစု ဖြစ်နေပြီးတော့ ပြန်ပေးဆွဲသမား‌ဘေးမှာ အခု ရပ်နေတာက သူမကို ဖောက်ပြန်သွားတဲ့ အမှိုက်ကောင်ရဲ့ မယားငယ်မ တစ်ဖြစ်လဲ သူမရဲ့ တစ်ချိန်တုန်းက အချစ်ပြိုင်ဖက်လား … ။ ပိုပြီး တိတိကျကျ ပြောရရင် မူလဇနီးနဲ့ မယားငယ်လား။

ဘုရားရေ … အဲ့ဒီခွေးကောင်က ဘယ်လိုတောင် အမြင်မရှိရတာလဲ။ သူတို့ရဲ့ စိတ်ထားပြည့်ဝ ၊ လှပသိမ်မွေ့ပြီး ဟင်းချက်ကောင်းတဲ့ တင်ဆက်သူအစား လက်ဖက်စိမ်းခြင်းတောင်းထဲက အမှိုက်ကို ဘာလို့ ရွေးချယ်လိုက်တာလဲ … ။

ဘယ်လို … ။ တင်ဆက်သူက အမှိုက်ကောင်ရဲ့ မယားငယ်နဲ့ စာရင်းရှင်းပြီးတော့ အမှိုက်ကောင်ရဲ့ ဦးလေးနဲ့ လက်ထပ်ပြီး သူ့အဒေါ် ဖြစ်လာခဲ့တယ်တဲ့လား … ။ တော်တယ် … ။

အမှိုက်ကောင်ရဲ့ ဦးလေးက ငယ်ရွယ်ချောမောပြီး တင်ဆက်သူကိုလည်း တုန်နေအောင် ချစ်တယ် … ။ တစ်ခုရှိတာက အက်ဆီးဒင့်ကြောင့် သူ့ခြေထောက်တွေ အကြောသေနေခဲ့ပေမဲ့ တင်ဆက်သူနှင့် လက်ထပ်ပြီးနောက် ရုတ်တရက် ပြန်ကောင်းသွားခဲ့ပါတယ်။ အဲ့ဒါက သေချာပေါက် တင်ဆက်သူ ဆေးကုပေးလိုက်လို့ပဲ ဖြစ်ရမယ် … ။

ပရိသတ်များသည် အင်အားကြီးသော လူချမ်းသာတွေရဲ့ အတင်းအဖျင်းတွေကို စိတ်အားတက်ကြွစွာ ပလုပ်ပလောင်း စားသောက်ရင်း စုယန်ယန်အတွက် ဇောချွေးပြန်လာခဲ့သည်။

ဟောက်ချီဟန်က လူသိရှင်ကြား သတင်းဆောင်းပါးတွေထဲမှာ စုယန်ယန်နှင့် တိုက်ရိုက် အဆက်အဆံ မရှိသော်လည်း ‘ အမှိုက်ကောင်ရဲ့ အဖေ ’ ဆိုတဲ့ ခေါင်းစဉ်နှင့်ပင် လူတွေ သူ့အပေါ် စက်ဆုပ်ဖို့ လုံလောက်သည်။

ဟောက်မိသားစုအတွင်း အခွင့်အာဏာရှိသူ ပြောင်းလဲသွားတာကို လူတော်တော်များများက လူချမ်းသာမိသားစုတွေကြား ပုံမှန် ဖြစ်နေကျ ကိစ္စဖြစ်တဲ့ ညီအစ်ကို နှစ်ယောက် အာဏာလုခြင်းလို့သာ မြင်ခဲ့သည်။

ဇာတ်လမ်းက အဲ့ဒီလောက်နှင့် ပြီးသွားလျှင် အနိုင်အရှုံးအကြောင်း ပြောစရာသိပ်မရှိပေမဲ့ ကလေးပြန်ပေးဆွဲတဲ့ ကိစ္စပါ ပါဝင်လာလျှင်တော့ သာမန်အာဏာလုခြင်းမျိုး မဟုတ်တော့ပါ။

[ တင်ဆက်သူက ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာလည်း ပုံမှန် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု လုပ်ခဲ့တာ။ ကလေးက ငါတို့မျက်စိရှေ့မှာတင် တဖြည်းဖြည်း ကြီးပြင်းလာတာလို့တောင် ပြောလို့ ရတယ်။ ဒီလူက တင်ဆက်သူ သူ့ကို ဆေးကုသပေးဖို့ ငြင်းဆန်တာနဲ့ပဲ တင်ဆက်သူရဲ့ ကလေးကို ပြန်ပေးဆွဲတယ် ဆိုတော့ လုံးဝကို စိတ်ရူးပေါက်နေတဲ့ လူပဲ။ ]

[ မိခင်တစ်ယောက်အနေနဲ့ ငါ ဒီလို ကိစ္စမျိုးကို သည်းမခံနိုင်ဘူး။ တစ်ယောက်ယောက်က ငါ့ကလေးကို ပြန်ပေးဆွဲရင် ငါ အသိစိတ်လွတ်သွားမှာ သေချာတယ်။ ငါ ပြန်ပေးဆွဲသမားနဲ့အတူ သေသွားရရင်တောင် ငါ့အသက်ကို ရင်းပြီး ကလေးကို ပြန်လုမယ်။ ]

[ ဒါကို သမာရိုးကျ မိသားစုပဋိပက္ခလို့ မပြောနဲ့တော့။ ဒါက ပြန်ပေးဆွဲမှုပဲ ၊ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲနေတာ။ သူ့အစီအစဉ် မအောင်မြင်လို့ တော်သေးတယ်။ မဟုတ်ရင် သူက ကလေးကို သတ်ပစ်တာပဲဖြစ်ဖြစ် ၊ ဒါ‌မှမဟုတ် ကလေးရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး သူ့မိဘတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်အောင်လို့ ကလေးကို တစ်နေရာရာမှာ လွှင့်ပစ်ပြီးလောက်ပြီ။ ဒါက ကလေးပြန်ပေးဆွဲတဲ့ လူကုန်ကူးသမားတွေနဲ့ ဘာမှ မကွာဘူး။ ]

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းက အစကတည်းက အလွန် နာမည်ကြီးကာ လူစိတ်ဝင်စားခံရသည်။ ပြီးတော့ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေရဲ့ သဘော သဘာဝက ထူးဆန်းတာမို့ အချိန်ခဏအတွင်းမှာပဲ ကြည့်ရှုသူ များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

စုယန်ယန်ရဲ့ အမာခံပရိသတ်တွေပါ ပေါင်းလိုက်တော့ ကြည့်ရှုသူအရေအတွက်က ကိန်းဂဏန်း ( ၈ ) လုံးကို ကျော်လွန်သွားခဲ့လေသည်။ လူများလာတဲ့အခါ မထူးဆန်းစွာပဲ အုတ်ရောရော ၊ ကျောက်ရောရော ဖြစ်သွားခဲ့သည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက အမာခံပရိသတ်တွေ အားလုံးက စုယန်ယန်ကို မှန်ကန်တယ်လို့ ယူဆပြီး သို့ထျန်းယီနှင့် ဟောက်ချီဟန်ကိုသာ တိုက်ခိုက်နေခဲ့သည်။

အထူးသဖြင့် ကလေးအမေတွေ အကုန်လုံးက အလွန် ဒေါသပေါက်ကွဲနေခဲ့ကြသည်။

သို့သော်လည်း တချို့လူတွေမှာတော့ ပုံမှန်မဟုတ်တဲ့ တွေးခေါ်ပုံ ရှိသည်။ ထိုလူတွေက သို့ထျန်းယီရဲ့ သနားစရာကောင်းသော ပန်းနုသွေးစကားတွေကို နားထောင်ပြီးနောက် စုယန်ယန်ကို အပြစ်တင်ခဲ့ကြသည်။

[ နှစ်ဖက်လုံးရဲ့ အမှားမကင်းပါဘူး။ သူက ကူညီပေးနိုင်ရက်သားနဲ့ မကူညီခဲ့တာလေ။ ဒီမိန်းမရဲ့ နှလုံးသားက ကျောက်သားကျောက်စိုင်လို အေးစက်မာကြောနေတာ။ သူလည်း လူကောင်း မဟုတ်ဘူး ဆိုတာ ငါ ပြောရဲတယ်။ သူက လက်စားချေခံရဖို့ ထိုက်တန်တယ်။ ]

All Chapters