← Chapters

အခန်း ၁၁၀၁

Vol. 74 Ch. 1101

အခန်း ၁၁၀၁

Vol. 74 Ch. 1101

အခန်း ( ၁၁၀၁ ) ရှင် လုပ်ရဲရင် လုပ်ကြည့်လေ။

စုယန်ယန်သည် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်ပြီးမှ သို့ထျန်းယီကို မော့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ ကျွန်မ ရှင့်ကို မကူညီနိုင်ဘူးလို့ အစကတည်းက ပြောပြီးသွားပြီ။ ရှင့်ကို လက်ရှိ ဆေးကုပေးနေတဲ့ ဆရာဝန်ကလည်း ရှင့်ရောဂါကို အရှင်းပျောက်အောင် ကုသလို့ မရဘူးလို့ ပြောပြီးလောက်ရောပေါ့။ အနည်းဆုံးတော့ လက်ရှိ ဆေးဝါးတွေက ရှင့်ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မက ဆရာဝန်လို့တောင် မသတ်မှတ်နိုင်တဲ့ သာမန်လူတစ်ယောက်ပါ။ ကျွန်မက ရှင် ထင်ထားသလောက် စွမ်းအားမကြီးဘူး။ ”

သို့ထျန်းယီက စုယန်ယန်နှင့် ထိုအကြောင်းအရာကို မငြင်းခုံဘဲ ကြမ်းရှသော လေသံဖြင့်သာ ပြန်ပြောသည်။ “ ငါ့ရောဂါကို အရှင်းပျောက်အောင် ကုသလို့ မရဘူး ဆိုရင်တောင် ငါ နည်းနည်းလေးတော့ ပိုအသက်ရှင်ချင်တယ် … ”

“ အဲ့ဒါဆိုလည်း ရှင် သုတေသနဌာနကို သွားအကူအညီတောင်းသင့်တယ်။ ကျွန်မက ဆေးပင်တွေရော ၊ ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကိုရော သုတေသနလုပ်ပြီး စိုက်ပျိုးဖို့အတွက် သုတေသနဌာနကို ပို့ထားတယ်။ ကျွန်မက လူနာတွေကို ဆေးကုတဲ့ နေရာ ၊ လူ့အသက်ကယ်တဲ့ နေရာမှာ မတောက်တခေါက် အဆင့်ပဲ ရှိတာပါ။ ကျွန်မ အဲ့ဒီပစ္စည်းတွေကို ထုတ်ယူလာရတဲ့ အကြောင်းအရင်းကလည်း ပုလဲလုံးတွေကို ဖုန်ထဲမှာ မနစ်စေချင်လို့ပဲ။ သုတေသနဌာနမှာ ဆေးပင်တွေနဲ့ ပတ်သက်ပြီး အထူးပြု လေ့လာထားတဲ့ ‌ဆေးဝါးပညာရှင်တွေနဲ့ ဆရာဝန်တွေ အများကြီး ရှိပါတယ်။ နှစ်ဆယ်ချီပြီး လေ့လာထားတဲ့ သူတို့က ကျွန်မထပ် မသာစရာ အကြောင်းမရှိဘူး။ ရှင် ဘာလို့ ကျွန်မလို မတောက်တခေါက်လေး တစ်ယောက်ကိုမှ မရမက အတင်း လိုက်ကပ်နေတာလဲ။ ”

သို့ထျန်းယီက စုယန်ယန်ကို အပြုံးယဲ့ယဲ့ဖြင့် ကြည့်လို့က်သည်။ “ မိန်းကလေးစုက ဆေးပညာဗဟုသုတမှာ သူတို့လောက် မနှံ့စပ်လောက်ပေမဲ့ မိန်းကလေးစုရဲ့ အဲ့ဒီအရာတွေကို နားလည်နိုင်စွမ်းကတော့ အားလုံးထက် အသေးစိတ်ကျပြီး ပြိုင်ဖက်ကင်းပါတယ်။ အဲ့ဒါကြောင့် စိတ်ထဲမှာ ဖိအားတွေ ထားမနေပါနဲ့။ ပြီးတော့ ငါ့မှာ ဆရာဝန်အဖွဲ့ အပြည့်အစုံ ရှိတယ် မိန်းကလေးစု။ သူတို့က မိန်းကလေးစု ငါ့ရဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး ပေးတဲ့ ဆေးညွှန်းအတိုင်း အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ရွေးချယ်ပေးလိမ့်မယ်။ ”

သို့ထျန်းယီရဲ့ စကားလုံးတွေက စုယန်ယန်အား သူမက သူ့လက်ထဲမှာ ဖမ်းဆီးခံထားရပြီမို့ သူ့ရောဂါအပေါ် လှည့်ကွက်ဆင်ဖို့ မစဉ်းစားဘဲ အနေအထိုင်ဆင်ခြင်သင့်ကြောင်း သတိပေးလိုက်တာပဲ ဖြစ်သည်။ သူမကို ဖမ်းထားပြီ ဆိုကတည်းက သူ့မှာ ပြင်ဆင်မှုမရှိ လက်ဗလာနှင့်တော့ လုံးဝ မဟုတ်နိုင်ပါ။

သို့ထျန်းယီကိုယ်တိုင်က ဆေးပညာမှာ မကျွမ်းကျင်၍ သူမ အရူးလုပ်တာ ခံရနိုင်သော်လည်း သူ ခေါ်ထားတဲ့ ဆရာဝန်အဖွဲ့ကိုတော့ လျှော့တွက်လို့ မရ။

“ ခုနတုန်းက ‌မိန်းကလေးစု ပြောသွားတယ်နော် … အဆိပ်ခတ်ခံရမှာ မကြောက်ဘူးလားလို့လေ။ ”

“ မိန်းကလေးစုကို ငါ နာကျင်အောင် မလုပ်ပါဘူး … ဒါပေမဲ့ မင်းက လွဲလို့ ကျန်တဲ့ လူတွေကိုတော့ အဲ့လို စိတ်ရှည်သည်းခံမှာ မဟုတ်ဘူး။ ” သို့ထျန်းယီက စုယန်ယန်ရဲ့ ရင်ခွင်ထဲက ကလေးလေးအား တစ်စုံတစ်ခုကို ညွှန်ပြနေသလို ကြည့်ကာ အပြုံးမမည်သော အပြုံးဖြင့် ပြောလိုက်သည်။ “ တချို့လူတွေက အကွက်ရွှေ့နေရင် ငါကလည်း အကွက်ရွှေ့ဖို့ ဝန်မလေးပါဘူး။ ”

စုယန်ယန်ရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းသွားကာ သူ့ကို ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ “ ရှင် လုပ်ရဲရင် လုပ်ကြည့်လိုက်လေ။ ”

“ ဒီအခြေအနေမှာ ငါ မလုပ်ရဲတာ ဘာရှိမယ်လို့ ထင်လဲ မိန်းကလေးစု။ ဒါမှမဟုတ် ငါ ဒီနေ့ မင်းတို့ကို ဒီကို ခေါ်လာဖို့ ရွေးချယ်ခဲ့တာကို တိုက်ဆိုင်မှုလို့ ထင်နေတာလား။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း‌ စေ့ပိတ်လိုက်သည်။ တကယ်တော့ အစကတည်းက သူမရဲ့ နှလုံးသားထဲမှာ ခန့်မှန်းပြီးသား ဖြစ်သည်။

သူမ တစ်ယောက်တည်းဆိုလျှင်တော့ ကိစ္စမရှိပါ။ သို့ထျန်းယီက သူ့အသက်ကို မသေချင်စေချင်လျှင် သူမကို ဘာမှ လုပ်မှာ မဟုတ်။ ဒါပေမဲ့ သူမနှင့်အတူ ကြယ်လေးပါ ရှိနေတဲ့အခါ အခြေအနေက ကွဲပြားခြားနားသွားသည်။

သူမ ဘာပဲလုပ်လုပ် ကြယ်လေးရဲ့ လုံခြုံရေးကို လုံခြုံရေးကို ထည့်တွက်ဖို့ လိုသည်။ သူမ လုပ်နိုင်တဲ့ အရာတွေက ကြယ်လေးကြောင့် အကန့်အသတ် ၊ အချုပ်အခြယ်ရှိသွားသည်။

[ နှစ်လိုမှုရမှတ်တွေ စုဆောင်းတာကရော ဘယ်လိုလဲ စနစ်။ နင့်ရဲ့ နောက်ဆုံးဖဲချပ်ကို ထုတ်သုံးဖို့ လုံလောက်ပြီလား။ ]

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ထုတ်လွှင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဟောက်ချန်ဟွမ်းတို့ စတင် လှုပ်ရှားလိမ့်မည် ဆိုတာ သူမ သိသည်။ ဒါပေမဲ့ အပြင်က အခြေအနေတွေက မရှင်းလင်းပါ။

ဟောက်ချန်ဟွမ်း သူမကို အမြန်ဆုံး လာကယ်ပြီး တစ်ချိန်တည်းမှာပဲ သူမလည်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ မျှော်လင့်ရသည်။

[ ရခါနီးပါပြီ ရခါနီးပါပြီ။ ]

စုယန်ယန်ရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ သူတို့နှစ်ယောက်ကြားက လေထုကလည်း ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြောင့် လေးလံဖိစီးလာခဲ့သည်။

ထိုအချိန်မှာပဲ အပြင်ဘက်ကနေ အလောတကြီး ခြေသံတွေ ရုတ်တရက် ထွက်ပေါ်လာကာ သက်တော်စောင့် တချို့ရဲ့ စိုးရိမ်တကြီး အသံတွေကိုပါ နောက်ဆက်တွဲ ကြားလိုက်ရသည်။

“ နေဦး … ခင်ဗျား အခု ဝင်သွားလို့ မရဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ မဟုတ်ရင် ခင်ဗျား … ”

All Chapters