← Chapters

အခန်း ၁၁၁၃

Vol. 75 Ch. 1113

အခန်း ၁၁၁၃

Vol. 75 Ch. 1113

အခန်း ( ၁၁၁၃ ) သူမကို ခုန်အုပ်ခွင့်ပေးလိုက်ပါ။

အဲ့ဒီလို ဆိုရင်တောင် စုယန်ယန်ဘက်ကို ရောက်အောင် သွားဖို့ မလွယ်ကူသေးပါ။

အင်တာနက်ပေါ်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက စုယန်ယန်အပေါ် ဝမ်ကျင့်ဖျင် ခုန်အုပ်လိုက်တဲ့ အခိုက်အတန့်မှာပဲ ပြတ်တောက်သွားကာ မရေမတွက်နိုင်သော ကြည့်ရှုသူများအား စုယန်ယန်တို့သားအမိရဲ့ လုံခြုံရေးအတွက် စိတ်ပူစွာ ကျန်ရစ်ခဲ့စေသည်။

ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားဟာ ဒယ်အိုးပေါ် ပစ်တင်ခံလိုက်ရသကဲ့သို့ ဆတ်ဆတ်ခါသွားကာ ကြီးစွာသော ပူပင်သောက ဖိစီးသွားသည်။ ထို့နောက် သူ့ဇနီးနှင့် သူ့သား ရှိတဲ့ နေရာကို ရောက်အောင် သွားဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။

ရုတ်ရုတ်သဲသဲ အခြေအနေတွေအလယ်မှာ အမာရွတ်နှင့်လူဘက်က လူတွေက သူ ဘယ်သူလဲ ဆိုတာ မသိသော်လည်း သူ့ဘေးက လူတွေက သူ့ကို ဂရုတစိုက် ကာကွယ်ပေးနေတာကိုတော့ သိသည်။

ယုတ်မာကောက်ကျစ်သော ထိုလူတွေဟာ ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ ပစ်မှတ်ကို ဟောက်ချန်ဟွမ်းတို့ဘက်သို့ ပြောင်းခဲ့သည်။

ကျည်ဆန်တွေ သူ့ဦးရေပြားကို အကြိမ်ပေါင်းများစွာ ပွတ်ကာသီကာ ရှပ်တိုက်သွားတာကို ဟောက်ချန်ဟွမ်း ခံစားနိုင်သည်။ ( ၁ ) စင်တီမီတာ‌တောင် မရှိတဲ့ အကွာအဝေးက သေခြင်းနှင့် ရှင်ခြင်းကြားက အကွာအဝေးလေး တစ်ခု ဖြစ်သည်။

သို့သော်လည်း ဟောက်ချန်ဟွမ်းသည် ဆံခြည်တစ်မျှင်တောင် မဆုံးရှုံးဘဲ စုယန်ယန်ဘေးကို ရောက်လာခဲ့သည်။ ဟောက်ချန်ဟွမ်းကို ကာကွယ်ပေးထားတဲ့ လူတွေက သူ့ကို အံ့ဩတကြီး ကြည့်ရင်း သူတို့ရဲ့ ကာကွယ်နိုင်စွမ်းကပဲ အရမ်း ကောင်းလာတာလားဟု တွေးတောနေခဲ့သည်။

“ ချန်ဟွမ်း … ” လှေကားဘေးက အလွယ်တကူ မမြင်နိုင်သော နေရာမှာ ပုန်းကွယ်နေသော စုယန်ယန်က လူတစ်စုရဲ့ အကာအကွယ်အောက်မှာ တိုက်ပွဲထဲကို ဟောက်ချန်ဟွမ်း ထိုးဖောက်ဝင်ရောက်လာတာကို ကြည့်နေခဲ့သည်။

စနစ်က ဟောက်ချန်ဟွမ်းအတွက်လည်း အကာအကွယ် လင်းရောင်ခြည်ကို ဖွင့်ပေးထားလို့ သူ မထိခိုက်နိုင်တာကို သိသော်လည်း စိတ်ချလက်ချ မနေနိုင်ပါ။ ကြယ်လေးကို ပွေ့ချီပြီး သူ့ဆီ ပြေးသွားချင်စိတ် မကြာခဏ ဝင်လာသည်။

သူမမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိလို့ တော်သေးသည်။ သူမ ဟောက်ချန်သွမ်းဆီ ပြေးသွားလည်း အကူအညီဖြစ်မှာ မဟုတ်ဘဲ ပြဿနာတွေသာ ဖြစ်ပေါ်လာစေမှာကို သိတာကြောင့်သာ ကိုယ့်ကိုယ်ကိုယ် မနည်း အနိုင်နိုင် ထိန်းချုပ်ထားနိုင်ခဲ့တာပင်။

သူမရဲ့ ရင်ခွင်ထဲမှာ ကလေးကိုသာ ပွေ့ချီမထားရင် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲကို ခုန်ဝင်ပြီးပါပြီ။

စုယန်ယန်အတွက် ကလေးတစ်ဖက်နှင့် သူ့ကို ဖက်ဖို့ အဆင်မပြေသော်လည်း ဟောက်ချန်ဟွမ်းမှာတော့ ထိုစိုးရိမ်မှုမျိုး မရှိပေ။ သူက ဘာမှ တွေးမနေတော့ဘဲ သူ့ဇနီးနှင့် သားကို ရင်ခွင်ထဲ ချက်ချင်း ဆွဲသွင်းလိုက်သည်။

“ ကိုယ် နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ”

စုယန်ယန်သည် သူ့ရင်ခွင်ထဲမဇာ မှေးစက်ရင်း သူမရှေ့က လူရဲ့ ရင်ခွင်ဟာ သံမဏိတံတိုင်းကြီးလိုပဲ သူမကို ကာကွယ်ပေးထားသည်ဟု ခံစားရသည်။ သူ ဒီမှာ ရှိနေသရွေ့ ကမ္ဘာပေါ်က ဘယ်သူကမှ သူမကို နာကျင်အောင် မလုပ်နိုင်ပေ။

‘ ဟင့်အင်း … ရှင် နောက်မကျပါဘူး။ ကြယ်လေးရော ၊ ကျွန်မရော အဆင်ပြေပါတယ်။ ”

ဟောက်ချန်ဟွမ်းက ထိုအချိန်ကျမှ စုယန်ယန်ရဲ့ ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ ကြယ်လေးကို သတိရသွားကာ ငုံ့ကြည့်လိုက်သည်။ သည်းသည်းထန်ထန် ငိုထားတဲ့အတွက် သူ့သားရဲ့ မျက်နှာလေးရော ၊ မျက်လုံးတွေရော နီရဲမို့အစ်နေကာ အလွန် သနားစရာကောင်းသည်။

ဒီကလေးလေးက သူ့ဇနီးရဲ့ အာရုံစိုက်မှုကို ရဖို့ သူနှင့် ပြိုင်ဆိုင်တိုက်ခိုက်ရတာကို ကြိုက်တဲ့ အရှုပ်ထုပ်လေး ဆိုသော်လည်း သူ့သား ဖြစ်နေပါသေးသည်။ သူ့သားကို ဒီလို ပုံစံလေးနှင့် မြင်တွေ့ရတာက ဟောက်ချန်ဟွမ်းရဲ့ ကရုဏာစိတ်တွေကို ချူယူသွားသည်။

“ ဟိုမိန်းမက မင်းနဲ့ ကလေးအပေါ်ကို ရုတ်တရက်ကြီး ခုန်အုပ်ခဲ့တာလား။ ”

စုယန်ယန် အံ့ဩသွားကာ လှေကားအောက်ကို ပြုတ်ကျသွားတဲ့ ဝမ်ကျင့်ဖျင်ကို သတိရသွားသည်။ အခု ဝမ်ကျင့်ဖျင်တစ်ယောက် ဘာဖြစ်နေပြီလဲ မသိပါ။ စုယန်ယန်သည် ခုနတုန်းက ဝမ်ကျင့်ဖျင် ပြုတ်ကျသွားတဲ့ နေရာကို လှမ်းကြည့်လိုက်ပေမဲ့ ထိုနေရာမှာ တခြား လူတစ်စုက နေရာယူထားတာကို တွေ့လိုက်ရသည်။

ဝမ်ကျင့်ဖျင်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါပြီ။ သူမ ဖမ်းခေါ်ခံသွားရတာလား … ဒါမှမဟုတ် … ။

“ ဘာမှ မဖြစ်ပါဘူး ၊ ကျွန်မ သူ့ကို တမင်သက်သက် လိမ့်ကျအောင် လုပ်လိုက်တာလေ။ သူက ကျွန်မအပေါ် ခုန်အုပ်တဲ့ အချိန်မှာ စွမ်းရည်တချို့ကို အသုံးပြုထားတယ်။ ကြည့်တော့သာ သူက ကျွန်မကို ခုန်အုပ်တာနဲ့ တူနေပေမဲ့ တကယ်တော့ ကျွန်မက ကိုယ့်ဘာသာ လှဲချခဲ့တာ။ ကျွန်မပေါ်ကို ပြုတ်ကျခါနီး ဖြစ်နေတဲ့ သူ့ကိုတောင် တွန်းထုတ်လိုက်သေးတယ်။ ခုနတုန်းက သူ လှေကားအောက်ကို ပြုတ်ကျသွားတာကို ရှင် မမြင်လိုက်တာ။ ”

စုယန်ယန်သည် မကြာသေးခင်တုန်းက ဖြစ်ပျက်သွားသော ထိုမြင်ကွင်းကို ကြည့်ရှုသူ ဘယ်နှယောက် မြင်သွားလဲ ဆိုတာ မသေချာသော်လည်း သံသယတွေကို ရှောင်ရှားဖို့အတွက် ပိပိရိရိ ဖုံးဖိထားခဲ့သည်။

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားကို အမြဲတမ်း ယုံကြည်မြဲ ယုံကြည်ဆဲ ဖြစ်ကာ သူမရဲ့ ပထမ စကားကို အစိုးရိမ်ပိုသွားလေသည်။

“ မင်းက သူ့ကို တမင်သက်သက် မင်းအပေါ် ခုန်အုပ်ခွင့် ပေးလိုက်တာလား။ ”

“ ကျွန်မက ရှင်နဲ့ တယ်လီပသီ ဆက်နွှယ်မှုရှိတော့ ရှင် ကျွန်မကို ကယ်ဖို့ အပြင်မှာ စောင့်နေတာကို သိလို့ သူ တွန်းချတာ ခံရသလို ဟန်ဆောင်ပြီး ရှင့်အတွက် အခွင့်အရေး ဖန်တီးပေးခဲ့တာလို့ ပြောရင် ရှင် ကျွန်မကို ယုံမှာလား။ ”

All Chapters