← Chapters

အခန်း ၁၁၁၆

Vol. 75 Ch. 1116

အခန်း ၁၁၁၆

Vol. 75 Ch. 1116

အခန်း ( ၁၁၁၆ ) မင်းရဲ့ စနစ်က သူ့လောက် အသုံးမကျဘူးပဲ။

သို့ထျန်းယီက မျက်မှောင်ကြုတ်ကာ သူ့ဝှီးချဲကို သူမနှင့် မျက်နှာချင်းဆိုင်ဘက်သို့ လှည့်ပြီး အေးစက်စက် မေးလိုက်သည်။ “ မင်း ခုနတုန်းက ပြောတဲ့ စနစ် ဆိုတာ ဘာလဲ။ ”

ဝမ်ကျင့်ဖျင် ထိတ်လန့်သွားသည်။ သူမရဲ့ မျက်နှာကို ခပ်ကြာကြာ ထိန်းချုပ်မထားနိုင်ဘဲ ခဏအကြာမှာတော့ မလုံမလဲ အမူအရာလေး ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမဆီက အရာအားလုံးကို လုယူသွားတဲ့ စုယန်ယန်အား ပိုလို့တောင် မုန်းတီးမိသည်။

“ ဟင့်အင်း … ဘာမှ မဟုတ်ပါဘူး … ”

“ မင်း ငါ့စိတ်ကို သိပါတယ်။ ငါက မေးခွန်း တစ်ခုတည်းကို နှစ်ခါ မေးရတာ မကြိုက်ဘူး။ ”

ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီရဲ့ မျက်လုံးတွေကို မကြည့်ရဲတော့ဘဲ တုန်လှုပ်စွာ ခေါင်းငုံ့ချလိုက်သည်။ ဘေးတစ်ဖက်တစ်ချက်မှာ ချထားတဲ့ သူမရဲ့ လက်တွေကိုလည်း လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ “ တကယ် ဘာမှ မဟုတ်ပါဘူး။ ”

သို့ထျန်းယီက လှောင်ပြုံး ပြုံးလိုက်သည်။ “ ဘာမှ မဟုတ်ဘူး ဆိုရင် မင်း ရုတ်တရက် အသိစိတ်လွတ်သွားစရာ အကြောင်းမရှိဘူး။ ဘာမှ မဟုတ်ဘူး ဆိုရင် မင်း ငါနဲ့ လူတွေ အများကြီးရှေ့မှာ စုယန်ယန်အပေါ် စိတ်လိုက်မာန်ပါ ခုန်အုပ်ခဲ့မှာ မဟုတ်ဘူး။ ”

သို့ထျန်းယီက စကား ခဏ ရပ်ကာ မျက်ခုံးပင့်လိုက်သည်။ “ ဒီလို ဆိုတော့မှ မင်း စုယန်ယန်ကို မခုန်အုပ်ဘဲနဲ့ အပြင်က ဟိုလူတွေကို အခွင့်အရေးမပေးခဲ့ရင် အခြေအနေတွေက အခုလို ပြောင်းလဲသွားမှာ မဟုတ်ဘူးပဲ။ ”

ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက ထပ်မံပြောင်းလဲသွားကာ သူမ ပြဿနာတက်ပြီ ဖြစ်ကြောင်း နားလည်သွားသည်။ ဒီနေရာမှာ စုယန်ယန် မရှိတာမို့ သူမရဲ့ နှလုံးသားထဲက အမုန်းတရားတွေကို ခဏ ဖိနှိပ်ထားနိုင်သည်။

“ ရှင် … ရှင် ကျွန်မကိုတော့ မခေါ်ဘဲနဲ့ သူ့ကို နိုင်ငံခြားကို ခေါ်သွားမယ်လို့ ပြောနေတာ ကြားလို့ ကျွန်မ အဲ့လို ပြောလိုက်တာပါ။ ”

“ ဟုတ်လား။ ” သို့ထျန်းယီရဲ့ မျက်လုံးထဲက အေးစက်မှုတွေက ပိုစူးရှလာသည်။ “ ငါ စိတ်ရှည်တာက အကန့်အသတ်ရှိတယ်။ မင်း ငါ့ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောပြီး အချိန်မဖြုန်းတာ ပိုကောင်းမယ်။ မဟုတ်ရင် … ”

သို့ထျန်းယီက အပြင်ဘက်က မြင်ကွင်းကို စောင်းငဲ့ကြည့်လိုက်သည်။ “ အခု အပြင်မှာ အရမ်း ပွက်လောရိုက်နေတာ။ ဒီအချိန်မှာ လူတစ်ယောက် ၊ နှစ်ယောက် သေတာက မထူးဆန်းဘူး။ ”

ဝမ်ကျင့်ဖျင်က သို့ထျန်းယီရဲ့ စကားထဲက ခြိမ်းခြောက်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။ တစ်နေ့မှာ သူမ ဒီလို အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးတာမို့ စိတ်ထဲမှာ ဗလာဖြစ်သွားကာ ဘယ်လို တုံ့ပြန်ရမှန်း မသိတော့ပေ။

“ ဟမ်။ ”

ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီရဲ့ အပြုံးကို မြင်ချိန်မှာ သူမရဲ့ ကျောရိုးတစ်လျှောက် ကြက်သီးစိမ့်ဖြာသွားကာ သူမကို ဝိုင်းထားတဲ့ အရပ်ရှည်ရှည် သက်တော်စောင့်တွေကို ကြည့်ပြီး နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ နောက်ဆုံးမှာတော့ သူမရဲ့ လျှို့ဝှက်ချက်ကြီးကို မပြောချင်ဘဲ ပြောလိုက်ရပါတော့သည်။

သို့ထျန်းယီက အဲ့ဒါကို ခန့်မှန်းပြီးသား ဖြစ်သော်လည်း နားနှင့် ဆက်ဆက်ကြားလိုက်ရချိန်မှာ မယုံကြည်နိုင်အောင် ဖြစ်မိသည်။ “ မင်းဆီမှာ စနစ်တစ်ခု အမှတ်မထင် ရှိနေတယ်လို့ ပြောတာလား။ အဲ့ဒီစနစ်က ရှင်းပြလို့ မရတဲ့ အထူးနည်းလမ်း တချို့ကနေတစ်ဆင့် ငါ့ရောဂါကို သက်သာအောင် လုပ်ပေးနိုင်တယ်ပေါ့။ စုယန်ယန်မှာလည်း အဲ့လို စနစ် ရှိနေတာလား။ ”

“ အင်း။ ”

သို့ထျန်းယီက တွေးတွေးဆဆ ပြောလိုက်သည်။ “ မင်း ပြောပုံအရဆို စနစ်က မင်းရဲ့ အသိိစိတ်ထဲမှာ ရှိနေတာပေါ့။ တခြားလူတွေက အဲ့ဒါကို မြင်လည်း မမြင်နိုင် ၊ ထိလည်း မထိနိုင်ဘူးပေါ့။ တကယ်ပဲ အဲ့လိုသာ ဆိုရင် စုယန်ယန်မှာ စနစ် ရှိနေတယ်လို့ မင်း ဘာလို့ အရမ်း သေချာနေတာလဲ။ ”

“ သူ့မှာ ရှိတယ် … သူ့မှာ ရှိတာ သေချာတယ်။ ” ဒီအနေအထားထိ ရောက်နေပြီ ဆိုမှတော့ ဝမ်ကျင့်ဖျင် ဆက်ဖုံးကွယ်မထားချင်တော့ပါ။ သူမ မရနိုင်တာကို စုယန်ယန်လည်း မရစေရဘူး … ။

“ ရှင်လည်း သူ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ဖူးတယ်မလား။ သူ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ သုံးတဲ့ တရုတ် တိုင်းရင်းဆေးပင်တွေက ဒီကမ္ဘာမှာ မရှိဘူး။ သူ့စနစ်က သူ့ကို ပေးထားတာ … ပြီးတော့ သူ့ရဲ့ မသန်စွမ်း ယောက်ျားကလည်း မတ်တပ်ပြန်ရပ်နိုင်သွားတယ် မဟုတ်လား။ စနစ်က သူ့ကို ကူညီပေးခဲ့တာပဲ။ မဟုတ်ရင် သူ့လို မိန်းမတစ်ယောက်က ဒီလောက် စွမ်းအားကြီးလာမလား။ လုံးဝ မဖြစ်နိုင်ဘူး။ ”

သူ့လူတွေအား စုယန်ယန်အကြောင်းကို နှံ့နှံ့စပ်စပ် စုံစမ်းဖို့ အမျန့်ပေးထားတဲ့ သို့ထျန်းယီက ဝမ်ကျင့်ဖျင်ရဲ့ စကားကို ကြားသောအခါ သူ့မျက်လုံးထဲမှာ မကျေမနပ် အရိပ်အယောင်တွေ ယှက်သန်းသွားသည်။ သူမရဲ့ မူလ အရည်အချင်းနှင့် ဆိုလျှင် သူမလို မိန်းမတစ်ယောက်က ဒီလောက် စွမ်းအားကြီးလာမလား ဆိုတဲ့ စကားကို ထည့်ပြောနေစရာတောင် မလိုပေ။

ဒါပေမဲ့ အဲ့ဒီစနစ် ဆိုတဲ့ အရာက …

“ ဒါဆို တစ်နည်းအားဖြင့် ပြောရရင် ငါ စုယန်ယန်ရဲ့ စနစ်ကို ရအောင် ယူနိုင်ရင် ငါ့ရောဂါကိုလည်း ပျောက်ကင်းအောင် ကုသနိုင်မှာလား။ ”

“ ဟုတ်တယ်။ ”

“ မင်းစနစ်ကို သူက ဝါးမျိုသွားတယ် ဆိုတော့ မင်းရဲ့ စနစ်က သူ့လောက် အသုံးမကျဘူးပဲ။ ”

All Chapters