← Chapters

အခန်း ၁၁၁၈

Vol. 75 Ch. 1118

အခန်း ၁၁၁၈

Vol. 75 Ch. 1118

အခန်း ( ၁၁၁၈ ) နောက်ဆုံး ကြောက်ရွံ့မှု။

[ ဟုတ်ပါတယ် … စနစ်ရဲ့ တာဝန်က ပြီးမြောက်သွားပါပြီ ၊ လဲလှယ်မှု စတိုးဆိုင်ကိုလည်း Hist အတွက် ဖွင့်ပေးထားခဲ့မှာပါ။ စနစ်က ဒီကမ္ဘာထဲမှာ ဆက်မနေနိုင်တော့ပါဘူး။ ]

စုယန်ယန် ခဏလောက် နှုတ်ဆိတ်သွားမိသည်။ သူမရဲ့ စိတ်ထဲမှာ တစ်စုံတစ်ခု ရှိနေတယ်လို့ ဟိုးအရင်ကတည်းက ခံစားမိခဲ့သော်လည်း စကားလုံးနှင့် ရှင်းပြလို့ မရသော ကြောက်ရွံ့မှုနှင့် သံသယ တချို့ကို ခံစားခဲ့ရသည်။

သို့သော်လည်း စနစ်က သူမကို ဒီအတောအတွင်း အများကြီး ကူညီပေးခဲ့သည်။ လူ့နှလုံးသားက အသွေးအသားနှင့် ဖွဲ့စည်းထားတာ ဖြစ်သည်။ ဒီတစ်ချိန်လုံး အတူ ရှိနေပြီးနောက် သူမက စနစ်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားနေခဲ့ပါပြီ။

အခု ထိုသူငယ်ချင်းက ထွက်သွားဖို့ လုပ်နေတဲ့အခါ သူတို့ ဒီတစ်သက်မှာ တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ပါ။

စနစ်က စုယန်ယန်ရဲ့ ခံစားချက်တွေကို အာရုံခံမိသကဲ့သို့ ရုတ်တရက် မေးသည်။

[ Host ရဲ့ ကျန်တဲ့ နှစ်လိုမှုရမှတ်တွေကို စနစ်ကို ပေးလို့ ရလား။ ]

“ နှစ်လိုမှုရမှတ်တွေလား … ” စုယန်ယန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားပေမဲ့ ထိုအကြောင်းကို ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါ။ ဘာပဲဖြစ်ဖြစ် စနစ်က ထွက်သွားတော့မှာမို့ သူမအနေဖြင့် ထိုအမှတ်တွေကို ဆက်သိမ်းထားလည်း အသုံးမဝင်တော့‌‌ပါ။

“ ရတယ်လေ။ ”

“ ဒါဆို နှုတ်ဆက်ပါတယ်။ ”

နောက်ဆုံး စက်ရုပ်သံလေးနှင့်အတူ ဘယ်သူမှ မမြင်နိုင်သော အလင်းရောင်ဟာ ရောင်ခြည်တန်း နှစ်ခုအဖြစ် ခွဲထွက်သွားပြီး စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းအပေါ် ကျရောက်သွားတာကို ဘယ်သူမှ သတိမပြုမိလိုက်ပါ။ မျက်စိကျိန်းစရာ အလင်းတန်းတွေ ဖြာထွက်လာပြီးနောက် မူလပကတိအတိုင်း ပြန်ငြိမ်သက်သွားသည်။

စုယန်ယန်က နှလုံးသားထဲကနေ ‘ နှုတ်ဆက်ပါတယ် ’ ဟု ရေရွတ်ရင်း တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

“ ဘာဖြစ်လို့လဲ။ ” ဟောက်ချန်ဟွမ်းက စုယန်ယန် ရုတ်တရက် ခြေလှမ်းရပ်သွားတာကို မြင်တော့ စိုးရိမ်တကြီး လာမေးသည်။ သူ့ပုံစံက နည်းနည်းလေးလည်း စိုးရိမ်နေပုံပေါ်သည်။

စုယန်ယန်က အိပ်မက်ကနေ လန့်နိုးလာပုံဖြင့် ဟန်ဆောင်အားယူထားသော အပြုံးလေးနှင့် ခေါင်းခါယမ်းပြကာ ရင်ခွင်ထဲမှာ ကြယ်လေးကို ပွေ့ချီလျက် ကားထဲကို ဝင်ခဲ့လိုက်သည်။

ထိုအချိန်မှာပဲ မလှမ်းမကမ်းက လူတချို့ရဲ့ အာမေဋိတ်အသံတွေကို ကြားလိုက်ရသည်။

“ သတိထား … ”

စုယန်ယန် ထိတ်လန့်သွားကာ နောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ အမာရွတ်နှင့်လူဟာ လူစုထဲကနေ တစ်နည်းတစ်ဖုံဖြင့် လွတ်မြောက်လာတာကို တွေ့လိုက်ရသည်။

သူက ခြံထောင့်ရှိ ခပ်ဝေးဝေး ခြုံပုတ်နားမှာ ရပ်နေပြီး ဟောက်ချန်ဟွမ်းကို သေနတ်ဖြင့် ချိန်ရွယ်ထားသည်။ သူ သေနတ်ခလုတ်ကို ဆွဲတော့မည့်ဆဲဆဲမှာ စုယန်ယန်က “ မလုပ်နဲ့ … ” ဟု အော်လိုက်ပေမဲ့ သူ့ကို ရပ်တန့်ဖို့ အချိန်မရှိပါ။

နှလုံးသားကို ကိုင်လှုပ်နိုင်သော သေနတ်သံ ဒိုင်းခနဲ ထွက်ပေါ်လာသော်လည်း လူတိုင်း မျှော်လင့်ထားတဲ့ အဖြစ်အပျက် ဖြစ်မလာခဲ့ပါ။

အမာရွတ်နှင့်လူက သွေးတွေ တရစပ် စီးကျနေသော သူ့ရင်ဘတ်က ဒဏ်ရာကို ကြောင်အမ်းအမ်း စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာပေါ်က မာနထောင်လွှားမှုတွေ ၊ ရက်စက်မှုတွေက ထိတ်လန့်မှုအဖြစ် အသွင်ပြောင်းလဲသွားကာ နောက်ကို လှည့်ကြည့်ပြီး မြေကြီးပေါ်ကို ဘုန်းခနဲ လဲကျသွားလေသည်။

ထိုလူရဲ့ နောက်မှာတော့ ကျန်းချန့်ယန်က မြင်ကွင်းကို အေးစက်သော အမူအရာနှင့် စိုက်ကြည့်နေပြီးမှ သူ့လက်ထဲက အငွေ့ထွက်နေတဲ့ သေနတ်ကို ပြန်သိမ်းလိုက်သည်။

စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုတွေ ပြည့်နှက်နေဆဲ ဖြစ်ကာ ကလေးကို ခပ်တင်းတင်း ပွေ့ဖက်ထားမိသည်။ ခဏကြာတော့ အရိပ်တစ်ခုက သူမကို အုပ်မိုးသွားပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်း၍ နူးညံ့စွာ နှစ်သိမ့်ပေးခဲ့သည်။ “ မစိုးရိမ်ပါနဲ့ … ကိုယ် ဘာမှ မဖြစ်ပါဘူး။ ”

သူမ ဒီနေ့ တစ်နေ့လုံး ကြုံတွေ့လာခဲ့ရတဲ့ ရန်ငြိုးတွေ ၊ အမုန်းတရားတွေ ၊ ကြောက်လန့်မှုတွေအားလုံးက ရုတ်ချည်းဆိုသလိုပဲ ပေါက်ကွဲထွက်လာခဲ့သည်။ ဟောက်ချန်ဟွမ်းရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ငိုချင်စိတ်အား သူမ မရပ်တန့်နိုင်တော့ပါ။

ရင်ခွင်ထဲမှာ ကြယ်လေးကို ပွေ့ချီထားလျက် ကားတိုက်ခံရချိန်တုန်းက မငိုခဲ့သလို ကျည်ဆန်တွေနှင့် ခြိမ်းခြောက်ခံရတုန်းကလည်း မငိုခဲ့ပါ။ ဝေးလံခေါင်ဖျားတဲ့ ဒီနေရာကို ခေါ်လာခံရတုန်းကလည်း မငိုဖြစ်ခဲ့။

ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်ယုတ်မာတဲ့ သို့ထျန်းယီနှင့်သာမက အကြင်နာတရားကင်းမဲ့ပြီး အသိစိတ်လွတ်နေတဲ့ ထိုလူတွေနှင့် ရင်ဆိုင်ရချိန်မှာ သူမရဲ့ လုံခြုံရေးကိုတောင် အာမ,မခံနိုင်ခဲ့ပါ။

သို့သော် ဟောက်ချန်ဟွမ်းကို သေနတ်နှင့် ချိန်ရွယ်ထားသော လူကို မြင်ချိန်မှည သူမရဲ့ သည်းခံနိုင်စွမ်းတွေအားလုံး ပြိုလဲသွားခဲ့သည်။ သူမ သန်မာချင်ယောင်မဆောင်နိုင်တော့ပါ။

တကယ်တော့ သူမလည်း ကြောက်ရွံ့ခဲ့သည်။ သေရမှာကို ကြောက်သည်။ သူမ ဂရုတစိုက် ချစ်မြတ်နိုးရတဲ့ အမျိုးသား သေဆုံးသွားမှာကိုတော့ ပိုကြောက်သည်။

စုယန်ယန် ငိုနေချိန်မှာ သူမရဲ့ ရင်ခွင်ထဲက ကလေးလေးကလည်း လိုက်ငိုနေခဲ့သည်။

ဟောက်ချန်ဟွမ်းက သူတို့ ငိုနေတာကို ကြည့်ပြီး ဘာမှ မပြောဘဲ တင်းကြပ်စွာ ပွေ့ဖက်ပေးထားခဲ့သည်။ စုယန်ယန်ရဲ့ ကြောက်ရွံ့မှုက သူ့ထက် မလျော့ဘူး ဆိုတာ သူ သိသည်။ သူလည်း တစ်နေ့လုံး စိုးရိမ်စိတ်တွေနှင့် ပူလောင်ကာ ပြာယာခတ်နေခဲ့တာပါ။

ကံကောင်းစွာဖြင့် အခုတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။

All Chapters