← Chapters

အခန်း ၁၁၂၄

Vol. 75 Ch. 1124

အခန်း ၁၁၂၄

Vol. 75 Ch. 1124

အခန်း ( ၁၁၂၄ ) အငိုက်မိသွားခြင်း။

မနာလိုတဲ့ လူက အသေအချာပဲ သူတစ်ယောက်တည်း မဟုတ်ပါ။ မကြာခင်မှာပဲ လူများစွာက ထိုကွန်းမန့်အတိုင်း သံယောင်လိုက်ကာ အရင်ဘဝတုန်းက စကြဝဠာကြီးကို ကယ်တင်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကြောင့် ဒီဘဝမှာ တင်ဆက်သူကို ပိုင်ဆိုင်ခွင့်ရတဲ့ ကံထူးရှင် ဟောက်ချန်ဟွမ်းကို စတင် အပြစ်တင် ဝေဖန်ခဲ့ကြသည်။

[ အစ်ကိုကြီးက ငါ ပြောချင်နေပေမဲ့ မပြောနိုင်တဲ့ စကားကို ပြောပေးသွားတာပဲ။ တင်ဆက်သူကို ကလေးရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်မှန်း သိပေမဲ့ သူ့ကို လူကိုယ်တိုင် တွေ့လိုက်ရတော့ ငါ ထိတ်လန့်သွားမိတယ်။ အဟင့် အဟင့် … ငါ့ဂေါ်ဖီထုပ်လေးကို တစ်ယောက်ယောက်က စားသွားသလို ခံစားရတယ်။ ရင်နာတယ်။ ]

[ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ၊ ငါလည်း အဲ့လိုပဲ ခံစားရတယ်။ တင်ဆက်သူရဲ့ ယောက်ျားက အရပ်ရှည် ၊ ရုပ်ချောပြီး ချမ်းသာတာကို သိပေမဲ့လည်း ငါ ကြေး(ဂျီး)များချင်နေတုန်းပဲ။ ]

အဲ့ဒီလို ခံစားရတဲ့ အများစုက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူဟောင်းတွေ ဖြစ်ပြီး အတော်များများက ချန်ရှို့ချင် ၊ အမျိုးသမီးစုတို့နှင့် သက်တူရွယ်တူ ဖြစ်သည်။ သူတို့ရဲ့ သမီးတွေနှင့် ရွယ်‌တူလောက် ရှိတဲ့ စုယန်ယန်ကို ကြည့်ကာ သမီးအရင်းထက် စုယန်ယန်ကို ပိုသဘောကျမိမှာ မလွဲဧကန်ပင်။

သူတို့က စုယန်ယန်ရဲ့ ယောက်ျားကို အပြစ်ရှာသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့ရဲ့ တင်ဆက်သူလေးက ဒီလောက် လှလည်းလှ ၊ တော်လည်းတော်တာ ၊ ဒီအမျိုးအသားက ဘာအရည်အချင်းရှိလို့ သူမနဲ့ ထိုက်တန်မှာလဲ … ။

ဒါပေမဲ့ လူတိုင်းကတော့ အဲ့လို မထင်ပါ။ စုယန်ယန်ရဲ့ သရုပ်မှန် ထွက်ပေါ်လာပြီးကတည်းက သူတို့က သူမနှင့် ဟောက်ချန်ဟွမ်းတို့မိသားစုရဲ့ အခြေအနေကို ထုံးလိုမွှေ ၊ ရေလိုနှောက် ရှာဖွေဖတ်ရှုပြီးသား ဖြစ်သည်။

နောက်ဆုံး ကောက်ချက်ကတော့ တင်ဆက်သူရဲ့ ယောက်ျားရဲ့ ဆွေမျိုးတွေက ထူးဆန်းသော်လည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ အမှန်တကယ် ချစ်စရာကောင်းလွန်းပါသည်။

[ အဲ့လို တစ်ဖက်သက်ကြီး မပြောကြနဲ့လေ။ လင်မယားနှစ်ယောက်ရဲ့ စုပေါင်းအင်အား ရှိတာ မကောင်းဘူးလား။ မင်းတို့ တင်ဆက်သူရဲ့ ယောကျ်ားရဲ့ သရုပ်မှန်ကို အရင်တုန်းက မသိခဲ့လို့ ကိစ္စမရှိပေမဲ့ အခုတော့ သိသွားပြီပဲ။ မင်းတို့ တင်ဆက်သူရဲ့ ကုမ္ပဏီဥက္ကဌအကောင့်ကို သွားကြည့်ဖို့ ငါ အကြံပေးတယ်။ မင်းတို့ သူတို့အတွဲကို ကြည့်ပြီး အားကျရလိမ့်မယ်။ ]

[ ဟားဟားဟား … ငါ လူတိုင်းရဲ့ ခံစားချက်တွေကို နားလည်ပေမဲ့ တင်ဆက်သူရဲ့ ယောက်ျားက ငါတို့ အပြစ်ရှာလို့ ရတဲ့ လူမျိုး မဟုတ်ဘူး။ သူက ငယ်ရွယ်ချောမောရုံတင် မဟုတ်ဘူး ၊ အရမ်း ချမ်းသာပြီး အရည်အချင်းရှိတယ်။ တစ်ခုတည်းသော အားနည်းချက်ဆိုလို့ သူ့မှာ ထူးဆန်းတဲ့ ဆွေမျိုးတွေ ရှိနေတာလေးပဲ။ ဒါပေမဲ့ သူက သူ့ဆွေမျိုးတွေနဲ့ ဟိုးအရင်ကတည်းက ဆွေခန်းမျိုးခန်းဖြတ်ထားတာလို့ ပြောတယ်။ သူက သူ့ဆွေမျိုးတွေနဲ့ ဘယ်တော့မှ မဆက်သွယ်ဘဲ လမ်းမှာ တွေ့ရင်တောင် နှုတ်ဆက်မယ့် လူမျိုး မဟုတ်ဘူး။ ကားအက်ဆီးဒင့်ကြောင့် သူ အချိန်တစ်ခုထိ အကြောသေးပေမဲ့လည်း အခုတော့ ပြန်ကောင်းသွားပြီ။ ငါ သူ့ရဲ့ မကြာသေးမီတုန်းက ဓာတ်ပုံကို အခုလေးတင် သွားရှာကြည့်လာတာ။ အဲ့ဒီ ခြေထောက်ရှည်ရှည်တွေ … ငါ့စိတ်ကူးထဲက လွှမ်းမိုးနိုင်တဲ့ ဥက္ကဌကြီးရဲ့ ပုံရိပ်နဲ့ ကွက်တိပဲ။ ]

[ ဟုတ်တယ် ဟုတ်တယ်။ တင်ဆက်သူရဲ့ ယောက်ျားက ရုပ်ချောရုံတင် မဟုတ်ဘူး ၊ ခန္ဓာကိုယ် အချိုးအစားလည်း မိုက်တယ်။ သူ့အရည်အချင်းတွေနဲ့ မိသားစုနောက်ခံကလည်း အပျံစားပဲ။ ဟောက်ကော်ပိုရေးရှင်းကို အုပ်ချုပ်နေတဲ့ ဥက္ကဌအကြောင်း အတင်းအဖျင်းတွေကို လူဘယ်နှယောက် တွေ့ထားလဲ ဆိုတာ ငါ မသိဘူး ၊ အထူးသဖြင့် ဥက္ကဌ လူပြောင်းသွားတဲ့ အချိန်အတွင်းမှာပေါ့။ အဲ့အချိန်တုန်းက တော်တော်များများက သူ့ကို ချမ်းသာကြွယ်ဝမှုနဲ့ အာဏာရဖို့အတွက် အစ်ကိုနဲ့ တိုက်ခိုက်နေတဲ့ ညီတစ်ယောက်ပါပဲလို့ မြင်ခဲ့ကြတာ။ ငါ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ နောက်ခံကို လေ့လာပြီးသွားတော့ သူ့ကို ဝေဖန်နေတဲ့ လူတွေကို ရူးနေလားလို့ပဲ ပြောလိုက်ချင်တော့တယ်။ မီဒီယာတွေက လူတွေကို အထင်အမြင်လွဲမှားအောင် လုပ်နေတာ။ တင်ဆက်သူရဲ့ ယောက်ျားက ဟောက်ကော်ပိုရေးရှင်းလို လုပ်ငန်းသေးသေးလေးကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူ့ရဲ့ Endless Fantasy အုပ်စုအောက်မှာ ရှိတဲ့ ကုမ္ပဏီတွေက ရွှေဥ,ဥပေးတဲ့ ငန်းတွေချည်းပဲ။ သူက ဟောက်ကော်ပိုရေးရှင်းလို အရှုံးပေါ်စပြုနေတဲ့ ကုမ္ပဏီလေးအတွက် ဘာလို့ တိုက်ခိုက်နေမှာလဲ။ ]

[ သောက်ကျိုးနည်း … တင်ဆက်သူရဲ့ ယောက်ျားက Endless Fantasy အုပ်စုရဲ့ ဘော့စ်လား။ Endless Fantasy အုပ်စုက ပုံရိပ်ယောင် အရသာခံစက် ၊ ဉာဏ်ရည်မြင့် စက်ရုပ်နဲ့ ဟိုလိုဂရပ်ဖစ်ဂိမ်းတွေကို တီထွင်ထားတာ။ တင်ဆက်သူရဲ့ ယောက်ျားက သာမန် လူချမ်းသာ ဒုတိယမျိုးဆက် သခင်လေး မဟုတ်ဘူးပဲ။ သူက လူချမ်းသာ ဒုတိယမျိုးဆက်တွေထဲမှာ အတော်ဆုံးပဲ။ ]

[ ဒါက ဒုတိယမျိုးဆက် လူချမ်းသာ သခင်လေးတဲ့လား။ သူ့ကို ပထမမျိုးဆက် လူချမ်းသာသခင်လေးလို့တောင် သတ်မှတ်လို့ ရနေပြီ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒီလို ပြောတော့မှ ပွဲကြည့်သူ ပလက်ဖောင်းကိုလည်း သူ့အုပ်စုထဲက ကုမ္ပဏီတွေက တည်ထောင်ထားတာ ထင်တယ်။ တင်ဆက်သူရဲ့ ယောက်ျားက တကယ်ပဲ Endless Fantasy အုပ်စုရဲ့ ဘော့စ်ဆိုရင် တင်ဆက်သူက လေဒီဘော့စ် မဟုတ်ဘူးလား။ ငါ ဘာလို့ ရုတ်တရက်ကြီး နည်းနည်းလေး စိတ်လှုပ်ရှားလာတာလဲ။ အရှိန်အဝါကြီးပြီး လွှမ်းမိုးနိုင်တဲ့ ဘယ်လို ဘော့စ်မျိုးက သူ့မိန်းမကို သည်းသည်းလှုပ် ချစ်တာလဲ။ ]

စုယန်ယန်သည် ကွန်းမန့်ဆက်ရှင်ထဲမှာ လူတစ်ယောက်က သူမရဲ့ ခင်ပွန်းအကြောင်း ဆွေးနွေးနေတာကို မြင်လိုက်ရ၏။ ပထမတော့ သူမလည်း ထိုကွန်းမန့်ကို သိပ်အာရုံမစိုက်မိပါ။

All Chapters