← Chapters

အခန်း ၁၁၂၇

Vol. 75 Ch. 1127

အခန်း ၁၁၂၇

Vol. 75 Ch. 1127

အခန်း ( ၁၁၂၇ ) မင်းကို ကာကွယ်ပေးမယ်။

ဟောက်ချန်ဟွမ်းရဲ့ ခန္ဓာကိုယ်က တုန်ခနဲ ဖြစ်သွားကာ စုယန်ယန်ကို ထိတ်လန့်စွာ ၊ ကိုးရိုးကားရားနိုင်စွာ ကြည့်လိုက်သည်။ “ မင်း သိနေတာလား။ ဘယ်အချိန်ကတည်းကလဲ။ ”

“ ရှင် ကျွန်မဆီကို ရောက်လာကတည်းက။ ”

“ အစောကြီးပါပဲလား။ ဒါပေမဲ့ အဲ့အချိန်တုန်းက … ” ကိုယ် ဘယ်သူလဲ ဆိုတာ မပြောခဲ့ပါဘူး … ။

“ အလိုလို သိစိတ်ပဲ ဆိုပါတော့။ ” စုယန်ယန်သည် သူမကို စကားလာပြောသူဟာ ဟောက်ချန်ဟွမ်းလို့ ဘာလို့ အဲ့လောက် သေချာနေရတာလဲ ဆိုတာကို ရှင်းမပြနိုင်ပေ။ ဒီလူက သူမအပေါ် ရင်းနှီးကျွမ်းဝင်လွန်းနေသည်ဟု ခံစားရတာမို့ သူ့သရုပ်မှန်ကို အတည်ပြုနိုင်ဖို့ သူ့အကြောင်း စုံစမ်းစစ်ဆေးစရာတောင် မလိုခဲ့ပါ။

“ အဲ့အချိန်တုန်းက ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ လူတွေ အများကြီး မရှိဘူးလေ … အဲ့ဒီလူတွေက ကျွန်မကို အရမ်း သဘောကျသလို ပြုမူပေမဲ့လည်းပေါ့။ ဒါပေမဲ့ ရှင်က သူတို့နဲ့ မတူဘူးလို့ ကျွန်မ အမြဲတမ်း ခံစားခဲ့ရတယ်။ ရှင် ဘယ်လို မျက်နှာဖုံးမျိုးကိုပဲ တပ်ထားပါစေ ၊ ဘယ်လို ပုံစံမျိုးပဲ ဝတ်စားဆင်ယင်ထားပါစေ … ရှင့်ရဲ့ စကားပြောပုံကို ကြည့်ရုံနဲ့ ရှင်မှန်း တန်းသိတယ်။ အဲ့ဒါက ကျွန်မရဲ့ ပြိုင်ဖက်ကင်းတဲ့ စွမ်းရည်လို့ပဲ ဆိုပါတော့။ ကျွန်မ ဘယ်လို အကြောင်းပြချက်မျိုးမှ မလိုအပ်ဘူး။ ”

ဟောက်ချန်ဟွမ်းသည် ထိုစကားကို ကြားတော့ ကြည်လည်းကြည်နူး ၊ ရယ်လည်းရယ်ချင်သွား၏။

“ မင်းက ကိုယ့်ကို ဘယ်သူမှန်း သိရက်သားနဲ့ ညီမလေးလို့ ဆက်ခေါ်နေတာပေါ့။ ”

“ ရှင်ကလည်း ညီမလေးလို့ အခေါ်ခံရတာကို ကျေနပ်နေမှန်း ကျွန်မ သိတယ်လေ။ ကျွန်မက ပရိသတ်တွေရဲ့ ဆန္ဒကို စဉ်းစားချင့်ချိန်ပြီး အလိုလိုက်သင့်တာဆို အလိုလိုက်ပေးနိုင်ပါတယ်။ ပရိသတ်တွေရဲ့ အသေးအဖွဲ ဝါသနာလေးကိုတော့ ကျွန်မ ဖြည့်‌ဆည်းပေးနိုင်ပါသေးတယ်။ ”

သူ့ဇနီးက သူ့ကို တမင်သက်သက် စနောက်နေတယ် ဆိုတာ ဟောက်ချန်ဟွမ်း ပြောနိုင်သည်။ အကြာကြီး ထိန်းချုပ်ပြီးတဲ့နောက် သူ စိတ်ပျက်လက်ပျက် သက်ပြင်းချရုံသာ တတ်နိုင်ပါတော့သည်။ “ မင်း … အဲ့ဒီ ပလက်ဖောင်းကို သဘောကျရင် ကိုယ် ကျစ်ယန်ကို မင်းနာမည်နဲ့ လွှဲပြောင်းပေးခိုင်းလိုက်ပါ့မယ်။ ”

သူက သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကာကွယ်ဖို့အတွက် ဒီပလက်ဖောင်းကို ထိန်းသိမ်းထားတာ ဖြစ်သည်။ အခုတော့ သူ့အကာအကွယ်တွေ တစ်လွှာမကျန် ကွာကျသွားပြီမို့ ဒီပလက်ဖောင်းကို ဆက်သိမ်းထားလည်း အသုံးမဝင်တော့ပါ။

သို့သော်လည်း စုယန်ယန်က ခေါင်းခါယမ်းကာ အပြုံးလေးဖြင့် ပြောသည်။ “ ကျွန်မက ကိုယ့်ယောက်ျားရဲ့ ကိုယ်ပိုင် ငွေကြေးကိုတောင် ထိန်းချုပ်ရလောက်တဲ့ထိ မထောင်လွှားတတ်ပါဘူး။ ရှင် အဲ့ဒီ ပလက်ဖောင်းကို ဆက်ထိန်းသိမ်းထားသင့်တယ်။ ရှင်က ကျွန်မရဲ့ စားသောက်ဆိုင်ရဲ့ VVV … IP ဖောက်သည်လေ ၊ ပြီးတော့ ကျွန်မက ရှင့်ဝက်ဆိုဒ်ရဲ့ နံပါတ်တစ် တင်ဆက်သူပဲ။ ဒီနေ့က စပြီး ကျွန်မက ဘော့စ်ကြီးရဲ့ ကာကွယ်မှုအောက်မှာ ရှိသွားပြီ။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန် ဒီပလက်ဖောင်းကို မလိုချင်ဘူး ဆိုတာ သိလိုက်ရသောအခါ တွန်းအားမပေးတော့ဘဲ “ ကောင်းပြီ။ ကိုယ် မင်းကို အမြဲတမ်း ကာကွယ်ပေးမယ်။ မင်းရှေ့မှာ ကိုယ် အမြဲတမ်း ရပ်တည်ပေးသွားမယ်။ ” ဟု အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောလိုက်သည်။

လူကြီးနှစ်ယောက်ဟာ တစ်ယောက်အပေါ် တစ်ယောက် ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ချိုမြိန်စွာ ထုတ်ဖော်ပြသနေခဲ့ကြသည်။ စုယန်ယန်ရဲ့ ရင်ခွင်ထဲမှာ ဆိုးဆိုးဝါးဝါး လျစ်လျူရှုခံထားရတဲ့ ကလေးလေးက လက်မခံနိုင်တော့ပုံဖြင့် သူ့အဖေရဲ့ မေးစေ့ကို လက်သေးသေးလေးနှင့် ရိုက်ကာ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့အတွက် တဝါးဝါး အော်ငိုခဲ့သည်။

စုယန်ယန်က ကောင်ကလေးကို ငုံ့နမ်းရင်း ရုတ်တရက်ပဲ တစ်စုံတစ်ခုကို တွေးမိသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။ “ ဟုတ်သားပဲ … ရှောက်ယန်ရော ဘယ်လိုလဲ။ သူ့ဒဏ်ရာတွေ … ”

“ သူ အဆင်ပြေပါတယ်။ မင်း သူ့ဒဏ်ရာတွေကို သွေးတိတ်အောင် လုပ်ပေးခဲ့တာ မဟုတ်လား။ ”

“ အင်း။ အချိန်က အကန့်အသတ်ရှိတယ်။ သို့ထျန်းယီရဲ့ လူတွေက ကျွန်မတို့ကို ဘေးကနေ ကြည့်နေတာ။ ကျွန်မ သူ့ဒဏ်ရာတွေကို သွေးတိတ်အောင် လုပ်ပေးပြီး ကယ်ဆယ်ရေးတွေ ရောက်လာမှာကို စောင့်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ ”

“ သူ့ကို တာဝန်ယူထားတဲ့ ဆရာဝန်က မင်း ကူညီပေးခဲ့တာ ကောင်းတယ်လို့ ပြောတယ်။ မင်းသာ သူ့ကို အချိန်မီ သွေးတိတ်အောင် မကူညီခဲ့ရင် ဆေးရုံကား ရောက်လာမယ့် အချိန်ထိ မခံလောက်ဘူးတဲ့။ မင်းကို ကယ်ထုတ်ခဲ့တဲ့ အချိန်မှာပဲ သူလည်း သတိလည်လာပြီ။ သူက မင်းနဲ့ ကလေးကို မကာကွယ်နိုင်ခဲ့လို့ ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေတာ။ ”

“ သူ့အမှား မဟုတ်ပါဘူး။ အဲ့ဒီ လူတွေရဲ့ လက်ထဲမှာ လက်နက်တွေ ရှိတယ် ၊ သူတို့က ကားတွေ အများကြီးကိုတောင် ယူလာပြီး ကျွန်မတို့ကို လမ်းကြောင်းပိတ်ခဲ့တာ။ ရှောက်ယန်က မထိုးဖောက်နိုင်တဲ့ ခံတပ် မဟုတ်ဘူးလေ။ သူတို့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။ ကျွန်မတို့ အားရင် သူ့ကို လူနာသတင်း သွားမေးကြတာပေါ့။ ”

“ ‌အင်း။ ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း အလွန် ပွင့်လင်းတာကို မြင်သောအခါ အင်တာနက်ပေါ်က ကြေညာချက်ကို သတိမရမိဘဲ မနေနိုင်ပါ။ တစ်ခုခု ပြောချင်၍ ပါးစပ်ဟလိုက်သော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်လိုက်သည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ အမူအရာကို ကြည့်ပြီး နားမလည်နိုင် ဖြစ်သွားသည်။ “ ဘာဖြစ်လို့လဲ။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး တိုးလျစွာ ပြောလိုက်သည်။ “ ရှင့်ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စနစ်နဲ့ ပတ်သက်တဲ့ ကြေညာစာကို ကျွန်မ မြင်ပြီးပြီ။ ”

All Chapters