← Chapters

အခန်း ၁၁၂၉

Vol. 75 Ch. 1129

အခန်း ၁၁၂၉

Vol. 75 Ch. 1129

အခန်း ( ၁၁၂၉ ) အဆင့်မြှင့်တင်ခြင်း။

အရာအားလုံးကို ကြိုးကိုင်ခဲ့တဲ့ သို့ထျန်းယီကတော့ ဝမ်ကျင့်ဖျင် သေဆုံးပြီးနောက်ပိုင်းမှာ သူ့ကျန်းမာရေးက လျင်မြန်စွာ ဆုတ်ယုတ်လာ၏။

အထူး ဆေးကုသဆောင်ထဲမှာ အသက်ရှူနိုင်စေရန် ကူညီပေးသည့် ကိရိယာကို တပ်ဆင်လျက်သားဖြင့် နှစ်သစ်ကူးချိန်အထိ နေခဲ့ရသည်။ နောက်ဆုံးထွက်သက်ကိုတောင် သိက္ခာမဲ့သော ၊ ခါးသီးသော ခံစားချက်များဖြင့် ရှိုက်ထုတ်ခဲ့ရပြီး သူ အသက် ( ၃၀ ) ကို ကျော်လွန်၍ အသက်မရှင်နိုင်ကြောင်း သေချာသွားခဲ့သည်။

စုယန်ယန်ကတော့ ထိုကိစ္စကို သို့ထျန်းယီ သေဆုံးအပြီး တစ်ပတ်ကြာမှ တခြားလူတွေဆီက သတင်းကြားခဲ့ရသည်။ သူမရဲ့ နှလုံးသားထဲမှာ ဘယ်လို ခံစားချက်ကိုမှ မခံစားရပေ။

စနစ်သာ ရှိနေသေးလျှင် ကမ္ဘာ့အမျိုးသားဇာတ်လိုက် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူမကို သတင်းပေးလိမ့်မည် ဟူ၍သာ နှမြောတသ ဖြစ်မိသည်။ ဒီအချိန်ထိ စောင့်နေစရာ လိုမှာ မဟုတ်။

စုယန်ယန်ရဲ့ သရုပ်မှန် ထွက်ပေါ်လာပြီးနောက် သူမ စိုးရိမ်ထားတဲ့အတိုင်း ပြဿနာ အနည်းငယ်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ရှုပ်ထွေးသော ရောဂါတွေကို ခံစားနေရသည့် လူတချို့က သူမရဲ့ ကုသမှုကို ခံယူဖို့ အပြေးအလွှား ရောက်လာကြသည်။

ထိုလူတွေက စုယန်ယန် သူတို့ကို ဆေးကုပေးစေရန်အတွက် သူမရဲ့ ဆွေမျိုး ၊ သူငယ်ချင်းတွေနှင့်တောင် ရင်နှီးအောင် ကြိုးစားခဲ့သည်။ စုယန်ယန်ကတော့ အဲ့ဒါကို သေချာပေါက် သဘောတူ လက်ခံမှာ မဟုတ်ပေ။

တစ်ကြိမ် အစပျိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူမဆီကို သွေးစုပ်ကောင်လို လူတွေ တစ်ယောက်ပြီး တစ်ယောက် လာရောက်တွယ်ကပ်လိမ့်မည် ဖြစ်ပြီး ဘယ်တစ်ယောက်ကိုမှ ခွာချလို့ ရတော့မှာ မဟုတ်။

စုယန်ယန်သည် ထိုအခြေအနေတွေကြောင့် အချိန်တစ်ခုထိ လူအာရုံစိုက်မှုကို‌ ရှောင်ရှားရန်အတွက် ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ ချန်ရစ်ခဲ့သည့် အပန်းဖြေစံအိမ်လေးမှာ ခဏတာ သွားရောက်နေထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာပဲ သုတေသနဌာနရှိ ယဲ့ချီလျန့်နှင့် တခြား နာမည်ကျော် ဆေးဝါးပညာရှင်တွေက စုယန်ယန်အား သူမရဲ့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြသည့် သတင်းဆောင်းပါးတွေကို ဖြန့်ဝေဖို့ ချိန်းဆိုခဲ့သည်။

သူတို့က တရုတ် တိုင်းရင်းဆေးပင်တွေဟာ ကုသဖို့ မလွယ်ကူသော ရောဂါ တချို့ကို ဝေဒနာ သက်‌သာစေအောင် ၊ အရှင်း ပျောက်ကင်းအောင်ပင် ကုသပေးနိုင်ကြောင်းလည်း အတည်ပြုပေးခဲ့သည်။ မဝေးတော့သည့် အနာဂတ်မှာ ထိုတိုင်းရင်းဆေးပင်တွေကို လက်တွေ့ကမ္ဘာက ရောဂါတွေကို ကုသဖို့အတွက် ဆေးဝါးအဖြစ် အသုံးပြုနိုင်လိမ့်မည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ရှုခဲ့သော ပရိသတ်တွေဟာ နောက်ဆုံးတော့ စုယန်ယန်က သက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းတွေ အားလုံးကို ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ပညာရှင်တွေ လေ့လာဖို့အတွက် သုတေသနဌနာနှင့် ဌာနအသီးသီးသို့ ပေးပို့ခဲ့တယ်လို့ ပြောခဲ့တာက မှန်ကန်ကြောင်း နားလည်သွားကြသည်။ သူမက ထိုဆေးပင်တွေကို မှန်ကန်သော နယ်ပယ် ၊ မှန်ကန်သော အချိန်မှာ အသုံးပြုစေချင်ခဲ့တာ ဖြစ်သည်။

ထိုသတင်းကြောင့် စုယန်ယန်ရဲ့ ဂုဏ်သတင်းဟာ အတားအဆီးမရှိ မြင့်တက်သွားခဲ့သည်။ မူလတုန်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေသော တချို့ဟာ ထိုသတင်းကို ဖတ်ပြီးသောအခါ လက်လွတ်စပယ် မပြုမူရဲတော့ပေ။ သင့်တော်မယ့် အချိန် ရောက်လာမှာကို အေးအေးချမ်းချမ်း စောင့်နေဖို့သာ တတ်နိုင်တော့သည်။

သို့ထျန်းယီနှင့် တခြားလူတွေ ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားပြီ ဖြစ်သလို စုယန်ယန်နှင့် သူမမိသားစုရဲ့ ဘဝတွေကလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေခဲ့သည်။ သို့သော် သူမ ရံဖန်ရံခါ မီးဖိုချောင်ဝင်တိုင်း နှလုံးသားထဲမှာ လစ်ဟာနေတဲ့ ခံစားချက်လေးကို ခံစားရလေ့ရှိသည်။

သူမ အဲ့လို ဖြစ်နေတာက မသိသာပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့ပေမဲ့ ဟောက်ချန်ဟွမ်းက သတိထားမိနေတာကို စုယန်ယန် မသိခဲ့ပေ။

“ မင်းကို ကြည့်ရတာ အခုတလော မရွှင်မလန်း ဖြစ်နေသလိုပဲ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မင်းစိတ်ထဲက ထုတ်လို့ မရသေးလို့လား။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်း သူမကို ထွင်းဖောက်မြင်နိုင်လိမ့်မည်ဟု ထင်မထားတာမို့ ခဏလောက် အံ့ဩသွားပြီးမှ “ အဲ့လို မဟုတ်ပါဘူး။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကျွန်မကို အများကြီး ကူညီပေးခဲ့တဲ့ သူငယ်ချင်းလေးပေါ့ … ၊ အခု သူက ရုတ်တရက် ထွက်ခွာသွားပြီ။ နည်းနည်းလေး … ဝမ်းနည်းစရာကောင်းလို့ပါ။ ” ဟု ပြောလိုက်သည်။

“ သူငယ်ချင်း … ဟုတ်လား။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ စုယန်ယန်ရဲ့ သူငယ်ချင်းတွေ အားလုံးနှင့် သူ ဆုံဖူးပါသည်။ သူ မှတ်မိသလောက်ဆို အခုတလော ထိုလူတွေထဲက ဘယ်သူမှ ခရီးရှည်မထွက်ပါ။

ဒါဆို အဲ့ဒီသူငယ်ချင်းက …

စုယန်ယန်က စကားဆုံးသောအခါ တိုးလျစွာ သက်ပြင်းရှိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ ဘာမှ မဖြစ်ပါဘူး ၊ ကျွန်မ အဆင်ပြေပါတယ်။ ခဏလောက် ဝမ်းနည်းနေတာပါ။ အဆင်ပြေသွားလိမ့်မယ်။ ဪ … ဒါနဲ့ ရိုလီပိုလီ ဘယ်မှာလဲ။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကလေးနဲ့ ရိုလီပိုလီနဲ့ ဆော့နေတာကို မတွေ့မိဘူး။ ”

“ ယန်ပိုင်ရဲ့ စက်ရုပ်စနစ်ရဲ့ လုပ်ဆောင်ချက်တွေက ပြီးသလောက် ရှိပြီလေ။ ကိုယ် လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရိုလီပိုလီ့ကို အဆင့်မြှင့်တင်ဖို့ ပြန်ခေါ်သွားခဲ့တာ။ ဒီနေ့ ပြန်ပို့ပေးလောက်မှာပါ။ ”

“ အဆင့်မြှင့်တင်ဖို့လား။ ” စုယန်ယန် သိပ်နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ ရှည်ရှည်ဝေးဝေးလည်း မတွေးမိပါ။ ရိုလိုပိုလီအား ကာကွယ်ရေး လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖို့အတွက် ပြန်ခေါ်သွားခြင်းဟုသာ ထင်မှတ်ခဲ့မိသည်။

အစကတည်းက ကျိုးယန်ပိုင်နှင့် တခြားလူတွေက လုံခြုံရေး စွမ်းဆောင်ရည်ကြောင့် ဒီစက်ရုပ်ကို ဒီဇိုင်းဆွဲခဲ့တာ မဟုတ်လား …။

ထိုအချိန်မှာပဲ မတိုးလွန်း ၊ မကျယ်လွန်းသော အသံလေးနှင့်အတူ အပြင်ဘက်က ကြယ်လေးရဲ့ ငိုသံလေးတွေလည်း ထွက်ပေါ်လာခဲ့သည်။

All Chapters