အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း။ ၁၈၁
ဤနဂါးနီတာအိုဆရာ၏ ကျင့်ကြံမှုအဆင့်နှင့် ပတ်သက်၍ ကုယွမ် သံသယဖြစ်မိသည်။
"နီရဲသော နဂါးမသေမျိုး နန်းတော် ပွင့်သွားပြီပဲ"
ဆရာကြီးဟယ်လင်း၏ ပုံရိပ်က ကုယွမ်ဘေးတွင် ပေါ်လာသည်။
သူသည် အဝေးရှိ မင်္ဂလာတိမ်တိုက်များနှင့် အလင်းရောင်များဖြင့် ပြည့်နှက်နေသော နီရဲသော နဂါးမသေမျိုး နန်းတော်ကို ကြည့်ရင်း အမူအရာ တည်ကြည်စွာဖြင့် ပြောလိုက်သည်။
"မင်းမှာ ဒီနန်းတော်ထဲ ဝင်ခွင့်မရှိဘူး။ ဒါကြောင့် ဝင်လို့မရဘူး။ အဲဒီအချိန်ကျရင် ငါ မင်းကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ အပြင်မှာပဲ နေခဲ့ပါ။ ပြီးတော့ သတိထားဖို့ မမေ့နဲ့"
"စိတ်ချပါ ဆရာ။ ကျွန်တော် သတိထားပါ့မယ်"
ဆရာကြီးဟယ်လင်း၏ ဆိုလိုရင်းကို နားလည်သဖြင့် ကုယွမ် ခေါင်းညိတ်လိုက်သည်။
ဆရာကြီးဟယ်လင်း၏ မျက်နှာပေါ်တွင် ပြတ်သားသည့် အရိပ်အယောင်များ ပေါ်နေပြီး ဘာမျှ ထပ်မပြောတော့ပေ။
သို့သော် သူ၏ စိတ်ထဲတွင်တော့ စိတ်ပျက်မှုများ ရှိနေသည်။
သူ၏ ဂုဏ်ဒြပ်နှင့် ကုယွမ်၏ ထူးချွန်သည့် အရည်အချင်းအရဆိုလျှင် ကုယွမ်အတွက် နန်းတော်ထဲဝင်ခွင့် လက်မှတ်ရအောင် လုပ်ပေးနိုင်သင့်သည်။
သို့သော်လည်း မိသားစု စုဖွဲ့မှုများမှာ အလွန်အားကောင်းလွန်းသဖြင့် နေရာ ၈၀ ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်ထားကြပြီး သူ ဘယ်လောက်ပင် ပြောပြော တစ်နေရာမျှ မပေးဘဲ ငြင်းဆန်ကြသည်။
ဤအချက်က ဆရာကြီးဟယ်လင်းကို အလွန်ဒေါသထွက်စေသည်။
လီချန်းရှင်းနှင့် ဘိုးဘေးကုမူတို့သာ သူတို့နှင့်အတူ မပါလာပါက သူသည် ထိုမိသားစုတပည့်အားလုံးကို နန်းတော်ထဲတွင် ပိတ်လှောင်ထားလိုက်ချင်မိသည်။
ဤအချိန်တွင် ကုယွမ်က ဘေးမှ မေးလိုက်သည်။
"ဆရာ ဒီနဂါးနီတာအိုဆရာက တကယ်ပဲ ယန်ဝိညာဉ်အဆင့် ကျင့်ကြံသူသက်သက်ပဲလား"
"မင်း ဘယ်လိုထင်လဲ"
ဆရာကြီးဟယ်လင်းက ပြန်မေးလိုက်ပြီး ကုယွမ် စကားမပြောနိုင်ခင်မှာပဲ သူ ဆက်ပြောသည်။
"တကယ်တော့ မင်းတစ်ယောက်တည်းတင် မဟုတ်ဘူး။ တခြားသူတော်တော်များများလည်း နဂါးနီတာအိုဆရာက မူလဝိညာဉ်လမ်းစဉ်ကို သက်သေပြပြီးသားဖြစ်ပြီး ဒီလောကရဲ့ တစ်နေရာရာမှာ ပုန်းအောင်းနေတယ်လို့ သံသယရှိကြတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့လို သေးငယ်တဲ့သူတွေနဲ့ သိပ်တော့ မဆိုင်ပါဘူး"
ထိုအချိန်တွင် ကုယွမ်နှင့် ဆရာကြီးဟယ်လင်းတင်မကဘဲ စစ်မှန်သောတပည့် လီချန်းရှင်း၊ ချူဟယ်၊ မူရုံဝူရွှမ်နှင့် အတွင်းစည်းတံခါး တပည့်များစွာတို့ပါ အပြင်ဘက်သို့ ရောက်ရှိလာပြီး အဝေးရှိ နန်းတော်ကို ကြည့်နေကြသည်။
ကုယွမ်သည် ထိုပထမဆုံး စစ်မှန်သောတပည့် လီချန်းရှင်းကို တစ်ဖန် ပြန်မြင်လိုက်ရသည်။ သူ၏ အာရုံခံမှုအရ လီချန်းရှင်း၏ အရှိန်အဝါမှာ အလွန်မှိန်ဖျော့ပြီး အတူမရှိသလို ဖြစ်နေသော်လည်း သူနေရာယူထားသည့် နေရာသည် လောကရှိ မြင်နိုင်၊ မမြင်နိုင်သောအရာအားလုံးကို မျိုချပစ်နိုင်မည့် နက်နဲဆန်းကြယ်သောတွင်းနက်ကြီးကဲ့သို့ပင်။
မည်သည့် အာရုံခံမှု သို့မဟုတ် နတ်ဘုရားစိတ်စွမ်းအားမျှ ထိုနေရာသို့ရောက်လျှင် လုံးဝပျောက်ကွယ်သွားသည်။
လီချန်းရှင်း၏ တည်ရှိမှုကို မည်သူမျှ လျစ်လျူရှု၍ မရနိုင်ပေ။
လီချန်းရှင်းသည် ကုယွမ်၏ အကြည့်ကို သတိပြုမိသွားပုံရပြီး သူ့ကို တစ်ချက်ကြည့်လိုက်
သည်။
ကုယွမ်၏ မျက်ဝန်းများ တောက်ပသွားပြီး အဆုံးမဲ့သော နေမင်း၏ စစ်မှန်သည့် မီးတောက်များကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
နေမင်းကြီးသည် ကောင်းကင်ထက်မှ မြေပြင်သို့ ရုတ်တရက် ပြုတ်ကျလာသကဲ့သို့ပင်။
ဒုန်း
မြေပြင်တစ်ခုလုံး ပြိုကျသွားပြီး ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
မြေကြီးမှာ ရေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ မြေသားလှိုင်းများ ဖြစ်ပေါ်လာပြီး တောင်ကုန်းများအားလုံး ပြိုကျပျက်စီးသွားသည်။
မြစ်များ၊ အိုင်များရှိ ရေများမှာ ချက်ချင်း အငွေ့ပျံသွားသည်။
အသက်ရှိသတ္တဝါများစွာမှာလည်း ပျက်စီးခြင်းနှင့် ကြုံတွေ့ရပြီး မသေခင်အချိန်တွင် ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်နေကြသည်။
လောကကြီးတစ်ခုလုံးမှာ ကြီးမားသော ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရသည်။
ကုယွမ်သည် ထိုအဖြစ်အပျက်ထဲသို့ ရောက်ရှိသွားပြီး သာမန်သတ္တဝါတစ်ဦးအဖြစ် ထိုကြောက်မက်ဖွယ်မြင်ကွင်းကို ရင်ဆိုင်နေရကာ အသက်ရှင်သန်ခြင်း၏ အလိုလိုသိစိတ်ကြောင့် ပြင်းထန်သော တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။
ဝုန်း….
ရုတ်တရက် ကုယွမ်၏ အတွင်းစိတ်ရှိ ဓားအရှိန်အဝါက ဟိန်းထွက်လာပြီး ကုယွမ်ကို ထိုစိတ်အာရုံမှ ဆွဲထုတ်လိုက်သည်။
သူသည် ဝဲပျံနဂါးလှေပေါ်တွင်သာ ရှိနေသေးပြီး နေမင်းပြုတ်ကျခြင်းလည်း မရှိသလို လောကပျက်စီးခြင်းလည်း မရှိပေ။
ဤအချိန်တွင် လီချန်းရှင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကုယွမ်ကို ဂရုမစိုက်တော့ပေ။
ကုယွမ်သည် ဘာမျှမပြောသော်လည်း ခုနက မြင်ကွင်းသည် အခြားသူ၏ နတ်ဘုရားစိတ်စွမ်းအား၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်ကြောင်း သူကောင်းကောင်း သိလိုက်သည်။
ရွှေအမြုတေ ကျင့်ကြံသူများသည် အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်တို့ကို ပေါင်းစပ်ကာ ရွှေအမြုတေထဲတွင် အသက်ကို ချုပ်နှောင်ထားပြီး နတ်ဘုရားအတတ်ပညာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကာ အတွင်း၌ ယင်ဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်သည်။
ယင်ဝိညာဉ်အဆင့်ဆိုသည်မှာ ကျင့်ကြံသူတို့၏ ဝိညာဉ်ကို ထင်ရှားစွာ ပုံဖော်နိုင်ပြီး မူလစွမ်းအင်ဖြင့် ပေါင်းစပ်ကာ ရုပ်ခန္ဓာမလိုဘဲ မိုင်ထောင်ချီ ပျံသန်းနိုင်ခြင်း၊ နတ်ဘုရားအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်ခြင်းနှင့် ရုပ်ခန္ဓာပျက်စီးလျှင်ပင် အခြားသူ၏ ခန္ဓာကိုယ်ကို ဝင်ရောက်ကာ ပြန်လည်မွေးဖွားနိုင်ခြင်းတို့ပင်။
သို့ဆိုလျှင် ကုယွမ် ခုနကမြင်လိုက်ရသည့် မြင်ကွင်းမှာ လီချန်းရှင်း၏ နတ်ဘုရားစိတ်ဆန္ဒ အနည်းငယ် ထွက်ပေါ်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုနတ်ဘုရားစိတ်ဆန္ဒမှာ လီချန်းရှင်း၏ ရွှေအမြုတေအတွင်း ပြုစုပျိုးထောင်ထားသော နတ်ဘုရားအတတ်ပညာတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်နိုင်ခြေများသည်။
ခုနက မြင်ကွင်းအရဆိုလျှင် အနည်းဆုံး ထိပ်တန်းအဆင့်ရှိ နတ်ဘုရားအတတ်ပညာ သို့မဟုတ် အလွန်ကြီးမားသည့် နတ်ဘုရားအတတ်ပညာ၏ အစပျိုးပုံစံပင် ဖြစ်နိုင်သည်။
သို့သော် မည်သည့်အတတ်ပညာဖြစ်သည်ကိုမူ ကုယွမ် အဖြေရှာ၍ မရပေ။
သို့သော် ဤအဖြစ်အပျက်က ကုယွမ်အား ပထမဆုံး စစ်မှန်သောတပည့် ဖြစ်သူနှင့် သူအကြားရှိ ကွာဟချက်ကို နားလည်စေသည်။
သူ၏ လက်ရှိကျင့်ကြံမှုဖြင့် တစ်ချက်မျှ ကြည့်ရုံကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
မူလဝိညာဉ်မျိုးစေ့ဟု ချီးကျူးခံရသော ဤပထမဆုံး စစ်မှန်သောတပည့်သည် နာမည်
နှင့်အညီ တကယ်ပင် ထူးချွန်လွန်းသည်။
သူလျှောက်လှမ်းရမည့် လမ်းစဉ်မှာ ရှည်လျားဦးမည်ပင်။
သို့သော် လီချန်းရှင်းဘေးရှိ လီချန်းရှင်း၏ အစ်ကိုဖြစ်သူ လီချန်းချင်းကမူ ကုယွမ်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်နေသည်။
ကုယွမ်ကမူ သူ့ကို လျစ်လျူရှုလိုက်သည်။
ကျင့်ကြံခြင်းလောကတွင် တစ်လှမ်းနောက်ကျလျှင် အမြဲနောက်ကျနေတတ်သည်။
လီချန်းချင်းမှာ ယခုထိ မွေးရာပါ မွေးရာပါကိုယ်ခံပညာရှင်အဆင့်သာ ရှိသေးသည်။ သူသည် ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းနိုင်ရန် တာအိုအခြေခံ တည်ဆောက်ဖို့ အချိန်မည်မျှ လိုအပ်ဦးမည်ကို မသိနိုင်ပေ။
သူ ကောင်းကင်ဘုံလူသားအဆင့်သို့ ရောက်လာချိန်တွင် ကုယွမ်သည် မည်သည့်အဆင့်သို့ ရောက်နေပြီလဲဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
ထိုကဲ့သို့သော သူမျိုးကို ဂရုစိုက်သင့်သော်လည်း သူ၏ အချိန်နှင့် အားထုတ်မှုကို အလဟသ မဖြစ်စေသင့်ပေ။
"တပည့်အားလုံး ပြင်ဆင်ထားကြပါ။ မကြာခင် ထွက်ခွါကြမယ်"
ဤအချိန်တွင် ဝဲပျံနဂါးလှေပေါ်ရှိ လူအားလုံး၏ နားထဲသို့ ဘိုးဘေးကုမူ၏ အသံ ပဲ့တင်ထပ်သွားသည်။
ထို့နောက် ဝဲပျံနဂါးလှေသည် ယွင်မုန်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည် ရွေ့လျားသွားသည်။
ကုယွမ်သည် လှေထိပ်တွင် ရပ်လျက် အောက်ဘက်ကို ငေးကြည့်နေသည်။
သူသည် ယွင်မုန်တောင်တန်းသို့ အကြိမ်အနည်းငယ် ရောက်ဖူးသည်။
သူ၏ သူငယ်ချင်းများ ဖြစ်သည့် အားဝူ၊ အားဟွမ်၊ ပါးစပ်ကြီး၊ အောင်းကြီးတို့လည်း ထိုနေရာမှာပင် ရှိကြသည်။
သို့သော် ယွင်မုန်တောင်တန်းမှာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပြီး တောင်ဘက်နယ်စပ် ပြည်နယ် ခြောက်ခုအထိ ဖြန့်ကျက်ထားသည်။
ဆေးဘုရင်တောင်၏ ဂိုဏ်းတံခါးမှာပင် ဤတောင်တန်း၏ နက်ရှိုင်းသောနေရာရှိ မင်္ဂလာမြေနေရာတွင် တည်ရှိသည်။
ကုယွမ် ရောက်ဖူးသမျှ နေရာများမှာ တောင်တန်း၏ အပြင်ဘက်ပိုင်းသာ ဖြစ်သည်။
ယခုတွင် ဝဲပျံနဂါးလှေသည် တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားသောအခါ ကုယွမ်သည် ထိုနေရာ၏ အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
အောက်ဘက်ရှိ တောင်များနှင့် မြစ်များတွင် ရှေးဟောင်းသစ်ပင်ကြီးများ ထီးထီးမားမား ရှိနေပြီး အိမ်တစ်လုံးစာ အထူရှိသော သစ်ပင်များမှာ နေရာတိုင်းတွင် ရှိသည်။
ရေစည်ကဲ့သို့ အထူရှိသော ရှေးဟောင်းနွယ်ပင်များမှာ နဂါးများကဲ့သို့ သန်မာပြီး အရွက်များမှာလည်း ကြိတ်ဆုံကြီးများကဲ့သို့ ကြီးမားသည်။
တစ်ခါတစ်ရံတွင် မိစ္ဆာသားရဲများနှင့် သားရဲငှက်များ၏ အရိပ်များကိုလည်း မြင်နေရသည်။
ဤသည်မှာ တကယ့်ကို မူလ သဘာဝအတိုင်းပင်။
ကုယွမ်၏ စူးရှသော မျက်ဝန်းများဖြင့် အောက်ဘက်ရှိ သစ်တောများ၊ ရွှံ့နွံများ၊ ချောက်ကမ်းပါးများနှင့် ရေကန်များထဲတွင် ဝိညာဉ်ဆေးပင်များစွာကို မြင်တွေ့လိုက်ရသည်။ အများစုမှာ သာမန် နဝမအဆင့်နှင့် အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြသော်လည်း ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး အရည်အသွေးမြင့်မားသော ဆေးပင်များလည်း ရှိနေသည်။ သို့သော် ထိုဆေးပင်များအနီးတွင် အမြဲလိုလို မမျှော်လင့်ထားသော အန္တရာယ်များ ရှိနေတတ်သည်။
ဥပမာအားဖြင့် ရွှံ့နွံတစ်ခုအတွင်းတွင် ထူးဆန်းသော အေးစက်စက် ရေကန်တစ်ခု ရှိပြီး မျက်နှာပြင်ပေါ်တွင် အေးစက်စက် အငွေ့များ တက်နေသည်။
ထိုရေကန်၏ အလယ်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် လက်တစ်ဝါးစာအထူရှိသော အနက်ရောင်နှင့် အပြာရောင် ရောစပ်နေသည့် သစ်ပင်ငယ်လေးတစ်ပင် ပေါက်နေပြီး အကိုင်းအခက်များမှာ ထူထပ်ကာ အေးစက်စက် အပြာရောင်အသီးများဖြင့် ပြည့်နှက်နေသည်။
ကုယွမ်၏ အမြင်အရ ထိုအသီးတစ်ခုစီတိုင်းက ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေပြီး အနည်းဆုံး သတ္တမအဆင့် ဝိညာဉ်ဆေးပင်ထက် မနိမ့်ကျသည့် ခံစားချက်ကို ပေးသည်။ အပြင်လောကတွင်သာဆိုလျှင် ကုယွမ်သည် သေချာပေါက် အစီအစဉ်ဆွဲကာ ရယူရန် ကြိုးစားပေလိမ့်မည်။
ထိုသို့သော ဝိညာဉ်ပင်မျိုး၏ အကျိုးသက်ရောက်မှုကို မသိရသော်လည်း ၎င်း၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားမည်မှာ အသေအချာပင်။
အခန်း။ ၁၈၂
ဆေးဘုရင်တောင်ကဲ့သို့ ကျင့်ကြံခြင်း မိသားစုများ သို့မဟုတ် အဓိကဂိုဏ်းကြီးများအတွက် အထက်ပါ ဝိညာဉ်အသီးများမှာ သိပ်ပြီး အရေးမပါလှပေ။
အရေးကြီးသည်မှာ ဆက်တိုက် ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်အသီးများကို ထုတ်လုပ်ပေးနိုင်သည့် ဝိညာဉ်အမြစ်များသာ ဖြစ်သည်။ သူတို့၏ တန်ဖိုးမှာ အကြီးမားဆုံးပင်။
သို့သော်လည်း ယခုအခိုက်အတန့်တွင် ကုယွမ်သာမက အခြားသူများစွာတို့လည်း ဤဝိညာဉ်အမြစ်ကို မြင်တွေ့လိုက်ကြသည်။
စိတ်လှုပ်ရှားမိကြသော်လည်း မည်သူမျှ ဆင်းကောက်ရန် သတ္တိမရှိကြပေ။
ဘိုးဘေးကုမူက ဝဲပျံနဂါးလှေကို ထိန်းချုပ်နေသဖြင့် မည်သူမျှ သဘောထားကွဲလွဲရန် မရဲဝံ့ခြင်းမှာ တစ်ကြောင်းဖြစ်သော်လည်း၊ အဓိကအကြောင်းရင်းမှာ ထိုဝိညာဉ်အမြစ်အနီး ရေအောက်တွင် ပုန်းအောင်းနေသည့် ကြီးမားလှသော အရိပ်မည်းကြီးကြောင့်ပင်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ဆရာကြီးဟယ်လင်းကဲ့သို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် တူညီသည့်ဖိအားကို ခံစားလိုက်ရသည်။
ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန်ရတနာများ ရှိသည့်နေရာတိုင်းတွင် အစောင့်အရှောက်အဖြစ် ထူးခြားဆန်းကြယ်သော သားရဲများ ရှိမြဲပင်။
ယွင်မုန်တောင်တန်းတွင် ဝိညာဉ်ဆေးပင်များ ပေါများသော်လည်း ၎င်းတို့ကို ရယူရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
"သေစမ်း"
မကြာခင်မှာပင် ကုယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဘာကြောင့်လဲဆိုတော့ သူ၏ ရှေ့တွင် တောင်ကုန်းတစ်ခု၏ အလယ်ဗဟိုကို ရစ်ပတ်ထားသည့် အလျားမသိရသော ကြီးမားသည့် မြွေဖြူကြီးတစ်ကောင်ကို မြင်လိုက်ရသောကြောင့်ပင်။
ထိုမြွေဖြူကြီးသည် တောင်စောင်းကို အထပ်ထပ် ရစ်ပတ်ထားပြီး ကိုယ်ခန္ဓာပေါ်ရှိ အကြေးခွံတစ်ခုစီမှာ ရေချိုးကန်အရွယ်အစားခန့် ရှိကာ နေရောင်အောက်တွင် တောက်ပနေသည်။
ထို့အပြင် မြွေ၏ ခေါင်းပေါ်တွင် ဝိညာဉ်အလင်းတန်းများ လျှပ်စီးကြောင်းကဲ့သို့ လည်ပတ်နေသည့် စိမ်းလဲ့လဲ့ နဖူးပေါက် ဦးချိုတစ်ချောင်း ရှိနေသည်။
ထိုအချိန်တွင် မြွေဖြူကြီးမှာ အိပ်ပျော်နေပြီး အလွန်အမင်း ဖိနှိပ်အားကောင်းသည့် ကြောက်မက်ဖွယ် အရှိန်အဝါများ ပျံ့နှံ့နေသည်။
မိုင်ရာပေါင်းများစွာ ပတ်လည်တွင် မည်သည့်သားရဲ၊ မည်သည့်ငှက်မျှ အသံမထွက်ရဲကြပေ။ ဤသည်မှာ ထူးခြားဆန်းကြယ်သည့် မြွေကြီးတစ်ကောင်ဖြစ်ကြောင်း ထင်ရှားသည်။
၎င်း၏ ကိုယ်ခန္ဓာမှာ ကြီးမားလွန်းသော်လည်း နဂါးပျံအဆင့်သို့ မပြောင်းလဲသေးသည်ကို ကြည့်လျှင် ရှေးဟောင်းအစွမ်းထက်မြွေမျိုးနွယ်၏ သွေးစက်ကို ပိုင်ဆိုင်ထားသူ ဖြစ်နိုင်ချေများသည်။
ဤလောကရှိ မြွေအများစုမှာ နဂါးပျံနှင့် နဂါးစစ် ဖြစ်လာရန် ကြိုးစားကြသော်လည်း အားလုံးတော့ မဟုတ်ပေ။
ဥပမာ ဘာမြွေ၊ ကောင်းကင်ပျံမြွေ၊ ဖယောင်းတိုင်ကိုးယင်မြွေ၊ ခေါင်းကိုးလုံးရှိ ရှန်းလျိုမြွေ၊ ကောင်းကင်ကိုမျိုနိုင်သော နတ်မြွေ စသည်တို့မှာ စစ်မှန်သောနဂါးများနှင့် မယုတ်မလွန် စွမ်းအားရှိကြသည်။
ဝဲပျံနဂါးလှေ ရောက်ရှိလာခြင်းက မြွေဖြူကြီးကို နိုးကြားသွားစေသည်။
၎င်း၏ ကိုယ်ခန္ဓာ တုန်ယင်သွားပြီး မျက်လုံးနှစ်လုံး ပွင့်လာသည်။
မျက်လုံးထဲမှ ထွက်ပေါ်လာသည့် မီးတောက်ကဲ့သို့ အလင်းတန်းများမှာ နတ်ဘုရားလှံများကဲ့သို့ မြေပြင်ကို ထိုးဖောက်လိုက်ရာ မြေကြီးနှင့် ကျောက်တုံးများ လွင့်စင်သွားသည်။
မြွေဖြူကြီးသည် ၎င်း၏ ကြီးမားသော ပါးစပ်ကို ဟကာ ချွန်ထက်သော စွယ်များဖြင့် အော်ဟစ်လိုက်သည်။
ရွှီး…....
ထိုအသံမှာ အလွန်စူးရှပြီး ရွှေကိုပင် ဖောက်ထွင်းနိုင်ကာ မိုင်ပေါင်းထောင်ချီ ပဲ့တင်ထပ်သွားသဖြင့် ပတ်ဝန်းကျင်ရှိ တောင်များ တုန်ခါပြီး ကျောက်တုံးကြီးများ ပြိုကျလာသည်။
ဝဲပျံနဂါးလှေပေါ်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာကာ စစ်သည်အချို့၊ အစေခံများနှင့် ကျင့်ကြံမှုနည်းပါးသူများမှာ အသံမထွက်ဘဲ လှေပေါ်သို့ လဲကျသွားသည်။
သူတို့၏ နားနှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေသည်။
ကံကောင်းစွာဖြင့် ဝဲပျံနဂါးလှေ၏ အစီအရင်မှာ အသက်ဝင်နေသဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ၉၀ ရာခိုင်နှုန်းကို ပျံ့နှံ့စေနိုင်ခဲ့သည်။ မဟုတ်ပါက ဤသူတို့မှာ ဒဏ်ရာရရုံသာမက ဦးခေါင်းများ ပေါက်ကွဲသည်အထိ ဖြစ်သွားနိုင်သည်။
ကုယွမ်ကိုယ်တိုင်ပင် ဦးခေါင်းထဲတွင် အူသွားပြီး မေ့လျော့သွားမတတ် ဖြစ်သွားသည်။
သူ၏ မူလစွမ်းအင်များ လည်ပတ်သွားပြီး ဓားအရှိန်အဝါက ပဲ့တင်ထပ်လိုက်မှသာ သတိပြန်လည်လာသည်။
သူတင်မကဘဲ လှေပေါ်ရှိ တပည့်များစွာလည်း ထိုနည်းတူပင် ထိခိုက်ခံလိုက်ရသည်။
ချက်ချင်းပင် မြွေဖြူကြီးသည် ကိုယ်ခန္ဓာကို လိမ်ခေါက်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး အမြီးကို မြင့်မြင့်မားမား မြှောက်လိုက်ကာ ဝဲပျံနဂါးလှေဆီသို့ ရုတ်တရက် ရိုက်ချလိုက်သည်။ တောင်ကြီးတစ်လုံးကဲ့သို့ ထူထဲသော ကိုယ်ခန္ဓာ၊ နတ်ဘုရားစွမ်းအားဖြင့် ထည့်သွင်းထားသော ကြီးမားသည့် အမြီးမှာ ဧရာမ ဝိညာဉ်နတ်ဘုရား၏ ကြိမ်လုံးကဲ့သို့ပင်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လှေပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထိုအမြီး ရိုက်ချလိုက်ချိန်တွင် ဝဲပျံနဂါးလှေအနီးရှိ လေထုမှာ လျင်မြန်စွာ ကင်းမဲ့သွားပြီး လူတိုင်း၏ ရင်ထဲတွင် အန္တရာယ်ကြီးမားသည့် ခံစားချက်များ ပေါ်ပေါက်လာသည်။
ကံကောင်းစွာပင် ထိုအချိန်တွင် ဝဲပျံနဂါးလှေပေါ်မှ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် နေရောင်ကို ဖုံးလွှမ်းသွားသည်။
ထိုလက်ဝါးကြီးမှာ နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားပြီး ခြောက်သွေ့နေသော်လည်း သစ်သားကဲ့သို့ တင်းမာကာ ပျက်စီးခြင်းနှင့် အသက်ရှင်ခြင်း အရိပ်အယောင်များ ရောထွေးနေသည်။ လက်မတစ်လက်စီတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေသည်။
ဘုန်း
ဧရာမ လက်ဝါးကြီးသည် မြွေအမြီးကို ရိုက်ချလိုက်ရာ ပေါက်ကွဲသံကြီးကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထိုလှိုင်းလုံးကြီးမှာ တောင်ကြီးတစ်ခုကဲ့သို့ လွင့်စဉ်သွားပြီး သစ်ပင်များ၊ တောင်များ၊ ကျောက်တုံးကြီးများအားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
မြွေအမြီး လွင့်စင်သွားပြီးမှသာ လက်ဝါးကြီးက ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းသွားသည်။
သို့သော် မြွေအမြီးပေါ်တွင် အကြေးခွံအချို့သာ ကြွေကျပြီး သွေးအနည်းငယ်သာ စီးကျသွားသည်။ ၎င်း၏ ကိုယ်ခန္ဓာကြီးနှင့် ယှဉ်လျှင် အနည်းငယ်မျှသာ ထိခိုက်မိခြင်းပင်။
မြွေဖြူကြီးသည် ဒေါသနှင့်အတူ ကြောက်ရွံ့မှုအရိပ်အယောင် ပါဝင်သည့် အသံမျိုးဖြင့် ရှည်လျားစွာ တရစပ် အော်ဟစ်လိုက်သည်။
၎င်းသည် အမြင့်တွင် ပျံသန်းနေသော ဝဲပျံနဂါးလှေကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်ထက်သို့ ထိုးတက်သွားရာ အတွင်းစည်းတပည့်အချို့မှာ ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်များ တောင့်ခဲသွားကြသည်။
စတင်စဉ်က သူတို့၏ ဂုဏ်ဒြပ်နှင့် ကျင့်ကြံမှုအဆင့်များကို အားကိုးကာ ဝဲပျံနဂါးလှေဖြင့် လောကကြီးကို လှည့်လည်နိုင်သည်ဟု ယုံကြည်ထားသူများမှာ ယခု ယွင်မုန်တောင်တန်း၏ အန္တရာယ်များကို မြင်လိုက်ရသောအခါ သူတို့၏ အသိအမြင်များ မှားယွင်းနေကြောင်း သဘောပေါက်သွားကြသည်။
နောက်ဆုံးတွင် မြွေဖြူကြီးမှာ လှုပ်ရှားခြင်း မပြုတော့ဘဲ ဝဲပျံနဂါးလှေကို ကျော်ဖြတ်ခွင့်ပေးလိုက်သည်။
"သတိထားကြပါ။ ယွင်မုန်တောင်တန်းထဲမှာ ရှေးဟောင်းမျိုးစိတ်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ အများကြီး ရှိတယ်။ ဝဲပျံနဂါးလှေက မင်းတို့ကို ကာကွယ်ပေးထားပေမဲ့ အကုန်လုံးကိုတော့ မကာကွယ်ပေးနိုင်ဘူး"
ဘိုးဘေးကုမူ၏ အသံမှာ တည်ကြည်လေးနက်စွာ ထွက်ပေါ်လာသည်။
"ရက်စက်တဲ့ သားရဲတွေက ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာ သဘာဝအတိုင်း သန်မာကြတယ်။ ရှေးဟောင်းမျိုးစိတ်တွေအကြောင်း ပြောစရာတောင် မလိုတော့ဘူး။ သူတို့ရဲ့ မွေးရာပါ ကိုယ်ခန္ဓာ ဒါမှမဟုတ် နတ်ဘုရားအတတ်ပညာတွေကို အသုံးပြုပြီး အဆင့်ကျော်ပြီးတော့ တိုက်ခိုက်နိုင်ကြတယ်။ ဒီမြွေက ယင်ဝိညာဉ်အဆင့် နတ်မိစ္ဆာကြီး မဟုတ်ရင်တောင်မှ အဲဒီအဆင့်နဲ့ အလှမ်းမဝေးတော့ဘူး မဟုတ်ရင် ဘိုးဘေးကုမူက လက်ဝါးတစ်ချက်တည်းနဲ့ အနာတရဖြစ်ရုံပဲ လုပ်မှာ မဟုတ်ဘဲ သတ်ပစ်လိုက်မှာပေါ့"
ကုယွမ်သည် ကျောရိုးများပင် တုန်ယင်သွားပြီး နောက်ကွယ်ရှိ တောင်စောင်းတွင် ရစ်ပတ်နေသော မြွေကြီးကို လေးနက်စွာ ကြည့်လိုက်သည်။
ဝဲပျံနဂါးလှေသည် ပိုမိုနက်ရှိုင်းသော နေရာသို့ ရောက်ရှိလာသည်နှင့်အမျှ ကုယွမ်သည် ထူးဆန်းသော သားရဲများကို အမျိုးမျိုး မြင်တွေ့ရသည်။
အထူးသဖြင့် ကျောက်ဆောင်တစ်ခုပေါ်တွင် နေထိုင်ကြသော နတ်မိစ္ဆာမျောက်အုပ်စုမှာ ထူးခြားလှသည်။
ထိုကျောက်ဆောင်တွင် သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး မျောက်များမှာ အကိုင်းအခက်များပေါ်တွင် ခုန်ပေါက်နေကြသည်။
တချို့သစ်ပင်များပေါ်တွင် အကိုင်းအခက်၊ ကျောက်တုံး၊ မြက်ခြောက်တို့ဖြင့် တဲအိမ်ငယ်များကဲ့သို့ အသိုက်များ တည်ဆောက်ထားကြသည်။
ကျောက်ဆောင်၏ အပေါက်များတွင်လည်း လိုဏ်ဂူများကို တူးဖော်ထားကြသည်။
ထိုတဲအိမ်များနှင့် လိုဏ်ဂူများအတွင်းတွင် နတ်မိစ္ဆာမျောက်များ နေထိုင်ကြသည်။
သူတို့သည် ဆေးပင်ကောက်ခြင်း၊ အမဲလိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ အသိုက်ဆောက်ခြင်း၊ ကျင့်ကြံခြင်းနှင့် မျိုးဆက်ပွားခြင်းတို့ကို အလွန်စနစ်တကျ လုပ်ဆောင်ကြသည်။
ဤအချက်က ကုယွမ်ကို ထိတ်လန့်သွားစေသည်။
အကြောင်းမှာ ဤနတ်မိစ္ဆာမျောက်အုပ်စုသည် အလွန်မြင့်မားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပြီး ကနဦးယဉ်ကျေးမှုပုံစံကို တည်ဆောက်ထားသောကြောင့်ပင်။
ထို့အပြင် ဤမျောက်များအားလုံးမှာ ထူးခြားသော သွေးမျိုးစက်ကို ပိုင်ဆိုင်ထားကြသည်။ အရွယ်ရောက်ပြီးသော မျောက်များ၏ အမွေးမှာ ဝါကျင့်ကျင့် အရောင်ရှိပြီး ဝိညာဉ်အလင်းများ ဖြာထွက်နေသည်။
သူတို့၏ ဆယ်ပေခန့်ရှိသော ကိုယ်ခန္ဓာမှာ သာမန် ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။
မျောက်အုပ်စုထဲတွင် ရွှေအမြုတေအဆင့်နှင့် ညီမျှသော အရှိန်အဝါရှိသည့် မျောက်အချို့လည်း ရှိနေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ကျောက်ဆောင်၏ အနက်ရှိုင်းဆုံး လိုဏ်ဂူတစ်ခုအတွင်းမှ ထွက်ပေါ်လာသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါပင်။