← Chapters

မင်းနာမည်က ထျန်ဖြစ်နေလို့ပဲ (၂)

Vol. 006 Ch. 276

မင်းနာမည်က ထျန်ဖြစ်နေလို့ပဲ (၂)

Vol. 006 Ch. 276

တကယ်တော့ ထိုနေရာတွင် ထျန်ရွှမ်က ကျင့်ကြံမှု အမြင့်ဆုံးပင်။ ကျန်သည့် လူများကတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသည်။

ထျန်ရွှမ်က ထိုအနေအထားကို အလွန် ကျေနပ်လို့နေ၏။ တကယ်တော့ သူက ထျန်မိသားစု၏ အဓိက အဖွဲ့ဝင်များနှင့် နှိုင်းလို့မရပေ။

မရေမတွက် နိုင်သော ထျန်မိသားစုဝင် များတွင် အမှန်အကန် ပါရမီရှိသူများ မည်မျှများ ရှိနေမည်နည်း။ ထျန်ရွှမ်ကတော့ သူမသေခင် အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရန် ဆန္ဒ ရှိပေသည်။

ယနေ့ သူ့ညီမလေး ထျန်ယူက သူ့ဆီလာလည်မည် ဖြစ်သည်။ သူက သူ့ညီမလေး အကြောင်း တွေးလိုက်သည်နှင့် သူ့အောက် တစ်ခြမ်းလုံးက အပူတက်လာခဲ့၏။ သူနှင့်သူ့ညီမလေး ကြားတွင် လျှို့ဝှက်ချက် တချို့ရှိနေခဲ့၏။

သူတို့ နှစ်ယောက်လုံးက ငယ်ရွယ်ချိန်တုန်းက အတူအိပ်စက် ကြခဲ့ဖူး၏။ သည်လျှို့ဝှက်ချက်ကို သူတို့ နှစ်ယောက်လုံးက ထိန်းသိမ်းထား ခဲ့ကြသည်။ ထျန်ရွမ်က သူ့ညီမ ထန်ကြောင်းကို သိသည်။ သူတို့ ကြီးပျင်းလာသည့် အချိန်တုန်းက ထျန်မိသားစုဝင် မျိုးဆက်တူ တော်တော်များများက သူမနှင့် မြည်းစမ်းဖူး ကြပါသည်။ ထိုအထဲတွင် မျိုးဆက်ဟောင်း အချို့ပင် ပါသေး၏။ သို့သော် သူက သည်အရာတွေကို ဂရုမစိုက်လှပေ။ သူက သူ့ညီမ ဟီဟွမ် ကလန်ကနေ မည်သို့သော အိပ်ရာပေါ်က နည်းစနစ်တွေကို သင်ယူလာမလဲကို တွေးမိသည့် အချိန်တိုင်း မစောင့်နိုင် ဖြစ်နေရ၏။

သူက တောင်အနောက် သူ့နေရာသို့ ရောက်လာသည့်အခါ ညစ်ညမ်းသည့် အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး အခန်းထဲ ဝင်လိုက်သည်။ ရုတ်တရက် မွှေးရနံ့ သင်းသင်းလေး ထွက်ပေါ်နေသည့် ခန္ဓာကိုယ် အိအိလေးက သူ့လက်မောင်းကို လာခိုတွဲ လိုက်သည်ကို ခံစားလိုက်ရသည်။

ဝမ်လင်းက တောင်ပေါ်သို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ သူက တောင်ထိပ်တွင် ထန်တောက်ကလန် ဟု ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ကလန်ထဲသို့ ဆက်ဝင်လာ ခဲ့သည်။ ရုတ်တရက် ကလန်ကို ကာကွယ်ထားသော အစီအရင် ထွက်ပေါ်လာခဲ့ပြီး ဝမ်လင်းကို တားဆီးလိုက်သည်။ ဝမ်လင်းက သိုလှောင်အိတ် ထဲကနေ အတားအဆီး အလံကို ထုတ်လိုက်သည်။ သူက အလံကို လှုပ်ယမ်းလိုက်ရာ အတားအဆီး များစွာက အကာအကွယ် အစီအရင်ကို ထိမှန်သွား၏။

အကာအကွယ် မျက်နှာက ချက်ချင်း ပျက်စီးသွားပြီး ပေါက်ကွဲသံများက ထန်တောက် ကလန် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ကျောက်တုံး ကျောက်စများက နေရာတိုင်းတွင် ပြန့်ကြဲကုန်သည်။

ချက်ချင်းပင် စဦးစိတ်ဝိညာဉ် အနည်းငယ်က တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်ကို တုန်လှုပ်မှု ကြီးစွာဖြင့် မော့ကြည့်လိုက် ကြသည်။

ဝမ်လင်း အောက်ရှိ ခြင်သားရဲက သူ့ဆရာ၏ သတ်ဖြတ်လိုမှု စိတ်ဆန္ဒကို သတိပြုမိလိုက်သည်။ သူက စဦးစိတ်ဝိညာဉ်များ ထံသို့ တဟုန်ထိုး တိုးဝင်သွား လိုက်သည်။ သည်ကျင့်ကြံသူ များက သူတို့၏ လက်နက် ရတနာများကို တိုက်ခိုက်ရန် ထုတ်ဖော် လိုက်ကြသည်။ ဝမ်လင်းက စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်ရာ နတ်ဘုရား ပြစ်ဒဏ်အလား ကလန်တစ်ခုလုံး ပေါ်သို့ ဆင်းသက်သွား တော့သည်။

“ငါ ထျန်မိသားစုရဲ့ မျိုးဆက်တွေကို လက်စားချေမလို့ပဲ။ ငါ့လမ်းမှာ လာတားတဲ့လူ အကုန်လုံး သေရလိမ့်မယ်…”

ဝမ်လင်းက နတ်ဘုရား အာရုံဖြင့်သည် စကားများကို ပို့လွှတ်လိုက်သည်။ သည်အသံက ထန်တောက် ကလန်တစ်ခုလုံးကို ကျယ်လောင်စွာ ဖြတ်သန်း သွားသည်။ အသံကို ကြားလိုက်သော စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အကုန်လုံး သွေးအန် လိုက်ရသည်။ သူတို့ မျက်နှာ ပေါ်တွင်လည်း ထိန့်လန့် ကြောက်ရွံ့ဟန်များ ထွက်ပေါ်နေခဲ့၏။

တစ်ချိန်တည်းမှာ ဝမ်လင်းက ခြင်သားရဲ အပေါ်မှ ခုန်ဆင်းလိုက်ပြီး ထန်တောက် ကလန်ရှိ တပည့် တစ်ယောက်ထံသို့ အကြည့် ရောက်သွားသည်။ လူငယ်က ကြောက်ရွံ့လို့ သွား၏။

ဝမ်လင်းက ရက်စက်စွာ ပြုံးလိုက်သည်။ သူက လက်လှုပ်လိုက်ရာ လူငယ်က သူ့ရှိ လွင့်ပျံလာ၏။ သူက လူငယ်က တစ်ခုခုကို အသည်းအသန် ပြောရန် ကြိုးစားလိုက်သည်။ သို့သော် သူက ကံဆိုးခဲ့သည်။ သူ့မျိုးရိုး နာမည်က ထျန်ဖြစ်နေ သောကြောင့်ပင် ဖြစ်၏။ ဝမ်လင်းက လူငယ်ကို လည်ပင်း ညှစ်လိုက်ရာ ချက်ချင်းသေဆုံး ခဲ့ပေသည်။ ဝမ်လင်းက သည်လူငယ် ဝိညာဉ်ကို စိတ်ဝိညာဉ် အလံထဲသို့ ဆွဲသွင်းလိုက် ပြန်သည်။

သည်အဖြစ်အပျက်က ထန်တောက် ကလန်တစ်ခုလုံး ရှေ့တွင် ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်းက သည်လူငယ်ကို လျင်မြန် ရှင်းလင်းစွာ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက နောက်တစ်ယောက်ကို ထိုနည်းလည်းကောင်း သတ်ပစ်လိုက် ပြန်သည်။ အသတ်ခံရသူတွင် ငြင်းဆန်ခွင့်လုံးဝ မရှိလိုက်ပေ။ အကြောင်းမှာ သူ့နာမည်က ထျန်ဖြစ်နေ သောကြောင့်ပင်။

ဝမ်လင်း မျက်လုံးထဲတွင် မြူမှုန်လောက်သော ခွင့်လွှတ်ခြင်းပင် မရှိပေ။ သူက ဆက်လှုပ်ရှား လိုက်ပြန်သည်။ ထိုအခိုက်တွင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ များက ဝမ်လင်းကို မီလာခဲ့သည်။ မျက်နှာနီနှင့် လူကြီးက ဝမ်လင်းရှေ့သို့ ရောက်လာခဲ့သည်။ သူက ကြောက်လန့် နေသော်လည်း ခပ်မြန်မြန် ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ … ကျေးဇူးပြု၍ ရပ်ပေးပါ။ ပြ ဿနာရှိရင် ငါတို့ စကားနဲ့ပြောလို့ ရပါတယ်…”

ဝမ်လင်းက ထိုလူကို အဖက် မလုပ်ချေ။ သူ့ဂျိနယ်ပယ်က ချက်ချင်း လှုပ်ရှားလိုက်ပြီး လက်ခနဲ ဖြစ်သွားကာ မျက်နှာနီလူကြီး မျက်လုံးများက မှိန်ဖျော့သွား တော့သည်။ ဝမ်လင်းက ရှေ့သို့ ဆက်တိုးပြီး သူ့ကို ရိုက်လာရာ ဒီလူကြီး၏ ခန္ဓာကိုယ်နှင့် စဦးစိတ်ဝိညာဉ်က တစ်စစီပြန့်ကျဲ သွားတော့၏။

အလွန်တရာ အေးစက်လှသော အသံက ဝမ်လင်းထံမှ ထွက်ပေါ်လာခဲ့၏။

“ငါ့ကို ရပ်တန့်ဖို့ ကြိုးစားကြည့်တဲ့ လူမှန်သမျှ ထျန်မိသားစုတွေလို ဖြစ်သွားစေရမယ်…”

ပတ်ဝန်းကျင်တွင် ရှိနေသော စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများ၏ နှလုံးသားက တုန်ရင်လို့ သွားကြသည်။ သူတို့က အေးခဲသလို ဖြစ်သွားပြီး ဆက်၍ မလှုပ်ဝံ့တော့ပေ။

ဝမ်လင်းက အဓိက ခန်းမထဲက ထွက်လာခဲပြီး ကလန်အတွင်းသို့ ပျံသန်းလိုက်သည်။ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အားလုံးက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားကြသည်။ သူတို့ထဲက တစ်ယောက်က ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ဖော်လိုက်ပြီး ၎င်းအထဲသို့ မက်ဆေ့တစ်ခု ပို့လိုက်သည်။ ကျောက်စိမ်းပြားက အဝေးသို့ လွင့်သွားပြီး အကွာအဝေး တစ်ခုတွင် ပျောက်သွားခဲ့သည်။

ထို့နောက် စဦးစိတ်ဝိညာဉ် ကျင့်ကြံသူတွေက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက် ကြသည်။ သူတို့က ဆုံးဖြတ်ချက် ချဟန်ဖြင့် ဝမ်လင်းနောက်သို့ ထပ်လိုက် သွားကြသည်။ သူတို့က ဝမ်လင်းကို မနှောင့်ယှက် ရဲသော်လည်း သူ့နောက်က လိုက်သွားတာ လောက်ကို မပြုလုပ်ရဲပါက မည်သို့စဦး စိတ်ဝိညာဉ် ကျင့်ကြံသူ ဘိုးဘေးတွေလို့ ခေါ်ထိုက်တော့မည်နည်း။

ဝမ်လင်းနောက်မှ လိုက်လာသော စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများက အလွန်ထိတ်လန့် သွားမိသည်။ သူတို့စိတ်ထဲတွင် တူညီသော အတွေးတစ်ခုသာ ရှိနေခဲ့သည်။

“ဘယ်အချိန် တုန်းကများ ထျန်မိသားစုက အခုလို ရန်သူမျိုးကို စော်ကားခဲ့သနည်း…”

သည် မိစ္ဆာ၏ ကျင့်ကြံမှု အဆင့်က တိုင်းတာ၍ မရပေ။ သို့သော် သူက ထျန်ဟွယွမ်ကို ယှဉ်နိုင်သေးမည် မဟုတ်ပေ။ သို့သော် သူက ထျန်မိသားစု မျိုးဆက်များကို သတ်ဖြတ်ပစ် ခဲ့ပေသည်။ ရှင်းရှင်းလင်းလင်း ပြောရရင် သူက ထျန်မိသားစုနှင့် နက်ရှိုင်းလှသော ရန်ကြွေးရှိခဲ့ပြီး ထျန်မိသားစု တစ်မျိုးလုံးကို အမြစ်ဖြတ် မျိုးတုန်းပစ်ချင် နေပေသည်။

သည်စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများက နှလုံးသား ထဲကကို စိမ့်ကြောက် သွားမိသည်။

ဝမ်လင်း မျက်လုံးများက သတ်ဖြတ် လိုမှုများဖြင့် အေးစက်နေခဲ့ပြီး သူက ငါးယောက်မြောက် လူကို ရက်စက်စွာ ကြည့်လိုက်သည်။ သည်လူ၏ မျက်နှာပေါ်တွင် ကြောက်စိတ် မွှန်နေသည်ကို မတွေ့ရပေ။ သူက ထိုအစား အလေးအနက်ပင် ဖြစ်သွားသေးသည်။ သူက ပျံသန်းထွက်ပြေး လိုက်ပြီး ကျောက်စိမ်းပြား များကို ထုတ်၍ နတ်ဘုရား အာရုံအချို့ကို ထည့်လိုက်သည်။ ထို့နောက် သူက ၎င်းတို့ကို ပစ်လိုက်သည်။

သို့ရာတွင် သူ့ကံကြမ္မာကလည်း သူ့နာမည်တွင် ထျန်စာလုံး ပါနေသ၍ သတ်မှတ်ပြီး ဖြစ်သည်။

ဝမ်လင်းက သူရှေ့တွင် ပေါ်လာခဲ့သည်နှင့် သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“စီနီယာ … ငါတို့ ထျန်မိသားစုနဲ့ ဘယ်လို ရန်ကြွေးမျိုး ရှိခဲ့လို့လဲ။ နားလည်မှု လွဲနေတာ ဖြစ်မှာပါ…”

ဝမ်လင်းက စကားတစ်လုံးမျှ ပြန်မပြောပေ။ သူက သည်လူ စကားဆုံးအောင် မပြောခင် သိုလှောင်အိတ်ထဲက အနက်ရောင်ဓားကို ထုတ်၍ ပစ်လွှတ်လိုက်သည်။ သည်ဓားက သည်လူ့ ရင်ဘတ်ကို ထွင်းဖောက်သွားပြီး သူ့တစ်ကိုယ်လုံးလည်း အနက်ရောင်သို့ ပြောင်းသွား၏။ သူက စကားဆုံးအောင် မပြောလိုက်ခင်မှာပင် သေဆုံးသွား ခဲ့ရပေသည်။

ဝမ်လင်းက သူ့ဝိညာဉ်ကို ပိတ်လှောင်လိုက်ပြီး တောင်ပေါ်သို့ ပြန်သွားလိုက်သည်။

ထျန်ရွမ်က သူ့ညီမနှင့် တွေ့ဆုံသည့် အချိန်တိုင်း သူက အစီအရင်တစ်ခု ထားထားတတ်သည်။ သူတို့ တည်ရှိမှုကို သည်အစီအရင်က ဖုန်းကွယ် ထားပေး၏။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည် ကိုလည်း မသိနိုင်တော့ချေ။

အခု ထျန်ဟယွမ် မျက်လုံးထဲတွင် ထျန်ယူ၏ ညှို့ငင်သော မျက်လုံးလေးနှင့် နူးညံသော ကိုယ်လုံးလေးသာ ရှိနေ၏။ ထျန်ယူက ဟီဟွမ်ကလန်၏ နည်းစနစ်ကို အသုံးပြု၍ အိပ်ရာပေါ်တွင် ပွဲကြမ်းခဲ့ရာ သူတို့ နှစ်ယောက်လုံးက သာယာမှု အထိတ်အထိပ်သို့ ရောက်ခဲ့ကြ လေသည်။

ထျန်ရွမ်နှင့် ထျန်ယူတို့က ကံကောင်း လှသည်ဟု ပြောလို့ရပေ၏။ သူတို့နှစ်ယောက်က မကြာခင် သေရတော့မည် ဖြစ်သော်လည်း နောက်ဆုံး အကြိမ်အဖြစ် သာယာမှုကို အတူတကွ ခံစားခဲ့ကြရ သေးသည်။

ထျန်ရွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး အိပ်ပျော်နေသော ထျန်ယူ ကိုယ်လုံးလေးကို လှုပ်နှိုးလိုက်သည်။ သို့ရာတွင် သူက အခန်းထဲတွင် လူတစ်ယောက်ယောက် နေသည်လို့ ခံစားလိုက်ရသည်။

သူက တုန်လှုပ်မိသွား၏။ သူက စကားပြောမလို လုပ်လိုက်စဉ် ထိုလူက ဖျတ်ခနဲ လှုပ်ရှားသွား သည်ကိုသာ တွေ့လိုက်ရသည်။ သည်မြင်ကွင်းက သူ့အတွက် နောက်ဆုံး ဖြစ်သွားလေ၏။ ထျန်ယူကတော့ သူမမျက်လုံး ဖွင့်ဖွင့်ချင်း သူမက ခုတင်အောင်တွင် ကျနေသော ထျန်ရွမ်၏ ဦးခေါင်းကိုသာ မြင်လိုက်ရသည်။ သူမက ထိန့်လန့်တကြား အော်လိုက်မိသည်။ သို့ရာတွင် ထိုအော်သံက သူမအတွက် နောက်ဆုံး ဖြစ်သွားရသည်။ သူတို့နှစ်ယောက်လုံး သေဆုံးသွားရခြင်းမှာ ထျန်နာမည် ကြောင့်ပင် ဖြစ်သည်။

ဝမ်လင်းက သူတို့ နှစ်ယောက်လုံ၏ ဝိညာဉ်ကို ပိတ်လှောင်လိုက်ပြီး အခန်းထဲမှ ထွက်လာ လိုက်တော့သည်။ ကလန်၏ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများက အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ဝမ်လင်းက သူတို့ကို အရေးလုပ်ခြင်း မရှိဘဲ ခြင်သားရဲ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူ့နောက်တွင်လည်း နဂါးတံခွန် အလံခုနှစ်ခု ရှိနေ၏။ အလံတစ်ခုစီက အလောင်းကောင် ခုနစ်ယောက်ကို ကိုယ်စားပြု ပေသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ထန်တောက် ကလန်၏ အဝေးသို့ ဆက်၍ ပျံသန်းသွား နေလိုက်သည်။ အကွာအဝေး တစ်ခုမှ လှမ်းကြည့်မည် ဆိုပါက နဂါးတံခွန် အလံခုနစ်ခုက သွေးရောင် ထုတ်လွှတ်နေသော ဥဒေါင်း တစ်ကောင်၏ အမြီးနှင့်ပင် ဆင်တူနေသေး၏။

ဝမ်လင်း လုံးဝ ပျောက်ကွယ်သွားမှ သူတို့အားလုံးက အသက်ဝဝ ရှူနိုင်တော့သည်။ သူတို့ထဲက တစ်ယောက် ခပ်တိုးတိုး ပြောလိုက်သည်။

“ထျန်မိသားစုကတော့ အဆုံးသတ်ပြီ…”

အခြားတစ်ယောက်က ပြောလိုက်ပြန်သည်။ ထျန်မိသားစုတင် မဟုတ်ဘူး။ ကျောက်နိုင်ငံ တစ်ခုလုံး ဝရုန်းသုံးကား ဖြစ်တော့မယ်…”

ထို့နောက် သူက သက်ပြင်းချ၍ ထန်တောက် ကလန်၏ အကြီးအကဲ တစ်ယောက်ကို ပြောလိုက်သည်။

“အပြင်ဘက်မှ လေ့ကျင့်နေတဲ့ တပည့်တွေ အကုန်လုံးကို ပြန်ခေါ်လိုက်ပါ။ ထျန်မိသားစုနဲ့ ပတ်သက်နေတဲ့ စီးပွားရေး ကိစ္စဝိစ္စတွေ ကိုလည်း ဖြတ်တောက်လိုက်။ အပြင်ဘက်မှာ ရှိနေတဲ့ ထျန်မိသားစုက လူတွေနဲ့ တာအိုလက်တွဲဖော် ဖြစ်သွားတဲ့ လူတွေကိုလည်း ကလန်က ထုတ်ပယ် လိုက်တော့။ ဒီနေ့ကစပြီး ထျန်မိသားစုနဲ့ ဘာအဆက်အသွယ်မှ မလုပ်ရတော့ဘူး…”

ထျန်မိသားသူက လူခုနစ်ယောက်ကို သတ်ပြီးသွား သော်လည်း ဝမ်လင်းမျက်လုံး များကတော့ အေးစက် နေတုန်းပင်။ သူက သွေးမျိုးဆက် တစ်ခုလုံးကို အမြစ်ဖြတ်ချင်သူ ဖြစ်သည်။ တကယ်တော့ သွေးမျိုးဆက် တစ်ခုလုံးကို အမြစ်ဖြတ်ရန် မည်သူမျှ လုပ်နိုင်ခြင်း မရှိသေးပေ။

ဝမ်လင်းနောက် ပစ်မှတ်တစ်ခုက ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော နေရာတွင်ရှိသည့် ကလန်တစ်ခု ဖြစ်သည်။ ထိုကလန်တွင် ထျန်မိသားစုဝင် (၉၃) ယောက် ရှိလို့နေ၏။

ဝမ်လင်းက အလျင်မလိုပေ။ သူက ထျန်မိသားစု မျိုးဆက်များက စိမ်ပြေနပြေ တဖြည်းဖြည်း သတ်နေသည်ကို ထျန်ဟယွမ်က နာကျင်စွာ ထိုင်ကြည့် နေရမည့် အဖြစ်ကို လိုချင်ပေသည်။ သူက ထျန်ဟွယွမ်၏ နှလုံးသားတစ်စစီ ကွဲထွက်သလို နာကျင်ခံစားရမည့် အဖြစ်ကို လိုချင်ပေသည်။

***

All Chapters