← Chapters

အိပ်ရာပေါ်က စကားများ

Vol. 15 Ch. 145

အိပ်ရာပေါ်က စကားများ

Vol. 15 Ch. 145

ထို ကြင်ရာတော်ဝေ့ သည်လည်း အတော်လေး မျက်နှာပန်း လှသူပင်။ သူမက သာမန် အစေခံကောင်မလေး တစ်ယောက်မျှသာ ဖြစ်သော်လည်း အခြေအနေ အချိန်အခါကို သုံးသပ်ရာတွင် အလွန် ကျွမ်းကျင်လှပေသည်။

ကျန်းမင်းသား ၏ နှလုံးသားကို ဆုပ်ကိုင်ထားနိုင်ရုံသာမက သားသုံးယောက်ကိုပါ ဆက်တိုက် မွေးဖွားပေးနိုင်ခဲ့သည်။ ယခုအခါ သားအကြီးဆုံးမှာ ကျန်းနန်စစ်သူကြီး ၏ တရားဝင်သမီး ကိုပင် လက်ထပ်ထားပြီး သားသမီးများ ရရှိကာ အနာဂတ်လည်း တောက်ပနေလေပြီ။ ဝေ့မိသားစု တစ်ခုလုံးလည်း အကျိုးခံစားခွင့် ရရှိနေသည်မှာ ပြောစရာပင် မလိုတော့ပေ။

ယခုအခါ သူမ ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှာ နန်းတွင်း အရာရှိများ ဖြစ်နေကြပြီး ပဉ္စမအဆင့် စာရေးရာထူးမျှသာ ဖြစ်သော်လည်း ဤသည်မှာ အလွန် ကံကောင်းသော အခြေအနေပင် ဖြစ်တော့သည်။

ကြင်ရာတော်ဝေ့ သည် ထိုစကားကို ကြားပြီးနောက် ခေတ္တမျှ သေချာ စဉ်းစားလိုက်လေသည်။ ထို့နောက် သူမ၏ ကိုယ်ပိုင် အမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာကာ ပြောလာလေ၏။

"မင်းသား စိတ်မပူပါနဲ့… ဒီကိစ္စကို ခဏလောက် လွှတ်ထားလိုက်တာ ပိုကောင်းမယ်"

"ဘာကြောင့်လဲ" ဟု မင်းသားက မေးလိုက်သည်။

ကျန်းမင်းသား က နားမလည်စွာဖြင့် သူမကို ကြည့်လိုက်ရာ ကြင်ရာတော်ဝေ့ က ပြုံးလိုက်လေသည်။ ထိုအမူအရာကြောင့် ကျန်းမင်းသား သည်လည်း မနေနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ သူမကို အချစ်မျက်ဝန်းများဖြင့် ကြည့်လိုက်မိ၏။ သူမမှာ အသက် ငါးဆယ် ကျော်နေပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ အလွန် နုပျိုနေသေးသယောင်။ သားသုံးယောက်နှင့် အတူ ရပ်နေမည်ဆိုလျှင် အစ်မကြီးဟုပင် ထင်မှတ်ခံရနိုင်ပေသည်။

"တကယ်လို့ အရှင်မင်းကြီး က လင်မိသားစု ပထမသခင်ကြီး အိမ်တော် ကိစ္စကြောင့် ကွေ့ဖေးမယ်မယ် ကို အပြစ်ပေးလိုက်တာဆိုရင်… လင်မိသားစုက ပို့လိုက်တဲ့ ဒုတိယကောင်မလေးက သာမန် မဟုတ်ဘူးဆိုတာ သေချာသွားပြီ… မိန်းမတွေရဲ့ ခေါင်းအုံးပေါ်က သွေးထိုးစကားက အတော်လေး အစွမ်းထက်တာမို့ အခုလို အချိန်မှာ အရှင်မင်းကြီး ကို သွားပြီး ထိပ်တိုက် ရင်ဆိုင်တာက အကျိုးမရှိနိုင်ဘူး"

"ဒါ့အပြင် ကွေ့ဖေးမယ်မယ် က အကျယ်ချုပ် ကျနေရုံတင်ပါ… နန်းတွင်းကနေ ရာထူးချတယ်လို့ ဒါမှမဟုတ် အပြစ်ပေးတယ်လို့ တရားဝင် အမိန့် မထွက်သေးဘူးဆိုတော့ ကျွန်မတို့လည်း စိတ်မပူပါနဲ့ဦး… ပြဿနာရဲ့ အရင်းအမြစ်ကို သေချာ ရှာပြီးမှ ဖြေရှင်းတာက ရုတ်တရက် နန်းတော်ထဲဝင်ပြီး အသနားခံတာထက် ပိုပြီး သင့်လျော်ပါတယ်"

"မင်းသား ပြောခဲ့သလိုပဲ အရှင်မင်းကြီး က ကျန်းမင်းသားအိမ်တော် နဲ့ မင်းသား အပေါ် တဖြည်းဖြည်း အေးစက်လာပြီဆို… ဒါဆို အခုလို အချိန်မှာ မီးလောင်ရာ လေမပင့်တာ အကောင်းဆုံးပဲ… သူတစ်ပါး လက်ကို ငှားပြီး ကွေ့ဖေး ရဲ့ အခက်အခဲကို ဖြေရှင်းတာက အကောင်းဆုံး နည်းလမ်းပါပဲ"

ကြင်ရာတော်ဝေ့ ၏ အကြံပေးစကားမှာ အကြောင်းပြချက် ခိုင်လုံလှသဖြင့် ကျန်းမင်းသား သည်လည်း ယခုအချိန်တွင် သူမ ပြောသည်ကို အလွန် သဘောကျသွားတော့သည်။ သို့သော် သူတစ်ပါး လက်ကို ငှားရမည်ဆိုရာတွင် မည်သူက အသင့်တော်ဆုံး ဖြစ်မည်နည်း။

သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ အကြည့်ထဲမှ အဓိပ္ပါယ်ကို နားလည်သွားကြလေ၏။

"သုန်မိသားစုအိမ်တော်"

သူမ ပါးစပ်မှ ထွက်လာသော စကားက 'ခေါင်းလောင်းကို ဖြုတ်ဖို့ ခေါင်းလောင်း တပ်တဲ့သူ ကိုယ်တိုင် လာမှ ရမယ်' ဆိုသည့် စကားနှင့် အတိအကျ ကိုက်ညီနေလေသည်။ ဤကိစ္စက လင်မိသားစု ပထမသခင်ကြီး အိမ်တော်နှင့် လင်ဝမ်ယိ တို့ကြောင့် ဖြစ်လာရသည်ဆိုမှတော့ သူတို့ဆီကနေ စတင် လှုပ်ရှားသည်က အကောင်းဆုံးပင် ဖြစ်သည်။ လင်မိသားစု၏ ကိစ္စရပ်များကို နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီဖြစ်ရာ သူတို့ အသေအချာ သိရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် အိမ်ခွဲပြီးနောက် လင်မိသားစု ပထမသခင်ကြီး အိမ်တော် အားကိုးစရာဆိုလို့ သုန်မိသားစုအိမ်တော် သာ ကျန်တော့သည်။ သို့ဖြစ်၍ သုန်မိသားစုအိမ်တော် မှ စတင်၍ ထိုးဖောက်ဝင်ရောက်ခြင်းက အမြန်ဆုံး နည်းလမ်းပင် ဖြစ်တော့သည်။

"ကျန်းအာလေး က ဒီမင်းသားရဲ့ စိတ်ကို အသိဆုံးပဲ"

သူက ပြောပြီးသည်နှင့် ကြင်ရာတော်ဝေ့ ၏ လည်ပင်းကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။ ရင်းနှီးနေသော ရနံ့လေးက နှာခေါင်းထဲ တိုးဝင်လာသဖြင့် ကျန်းမင်းသား ၏ စိတ်နှလုံးများ လှုပ်ရှားလာတော့၏။

နန်းတော် အပြင်ဘက်တွင် လူတိုင်းက ကိုယ့်အကြံနှင့်ကိုယ် ရှိနေကြသလို နန်းတော် အတွင်းမှ လူများလည်း အားမနေကြပေ။ ချီချောင်ပွဲတော် ပြီးနောက် အရှင်မင်းကြီး ၏ မျက်နှာသာပေးမှုကို ရရှိသွားသော မင်ချန်ကျိုက် သည် မျှော်လင့်ထားသည့်အတိုင်း ချီချင်းဆောင် သို့ ဆက်တိုက် ခေါ်ယူခံနေရပြီး အနီးကပ် ခစားခွင့် ရနေလေသည်။

တစ်ခါတရံတွင် အရှင်မင်းကြီး အတွက် မင်သွေးပေးရုံသာ ဖြစ်ပြီး တစ်ခါတရံတွင်တော့ အရှေ့ဘက် နန်းဆောင်သို့ အပို့ခံရကာ နှစ်နာရီခန့် ထိုင်နေပြီးမှ ပြန်ပို့ခံရခြင်းမျိုး ဖြစ်သော်လည်း... အပြင်ဘက်မှ သတင်းအပြောင်းအလဲများကိုတော့ မတားဆီးနိုင်ခဲ့ပေ။ လူတိုင်းက သူမကို ယခုအချိန်တွင် မျက်နှာသာ အပေးခံရဆုံး လူသစ်လေးဟု ပြောဆိုနေကြပြီး နွေရာသီအပန်းဖြေနန်းတော် မှ အစေခံများကလည်း လမ်းတွင် မတော်တဆ တွေ့ဆုံနိုင်ရန် အလုအယက် ကြိုးစားနေကြတော့သည်။

အကယ်၍ မင်ချန်ကျိုက် ၏ မျက်စိကျခြင်း ခံရပြီး သူမ၏ ခြံဝင်းထဲတွင် ခစားခွင့် ရမည်ဆိုလျှင် တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့ ရောက်သွားသလို ဖြစ်မည် မဟုတ်လား။ သူမ၏ ခြံဝင်းထဲသို့လည်း နေရာအနှံ့မှ ဂုဏ်ပြုလက်ဆောင်များ တဖွဲဖွဲ ရောက်ရှိလာလေသည်။

စားပွဲပေါ်တွင် ပုံနေအောင် တင်ထားသော ပိုးထည်များကို ကြည့်ရင်း မင်ချန်ကျိုက် ကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေလေသည်။

"ဖေ့အာ… အကုန် သိမ်းလိုက်တော့"

"ဟုတ်ကဲ့ပါ သခင်မလေး"

သူမ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အသေအချာ ဖတ်ရှုနေလေသည်။ သို့သော် သေချာ ကြည့်မည်ဆိုလျှင် ထိုစာမျက်နှာပေါ်တွင် ရပ်နေသည်မှာ အတော်လေး ကြာနေပြီဖြစ်ကြောင်း တွေ့နိုင်ပေသည်။ သူမမှာ အရှင်မင်းကြီး မည်သို့ လုပ်ချင်နေသည်ကို နားမလည်နိုင် ဖြစ်‌ေနရသည်။

အပေါ်ယံတွင်တော့ သူမကို အဆုံးအစမရှိ မျက်နှာသာပေးနေသလို ပြသကာ လူအများရှေ့သို့ တွန်းပို့နေသည်။ သို့သော် လက်တွေ့တွင်တော့ သူမကို ထိဖို့နေနေသာသာ စကားတောင် သေချာ မပြောဖူးပေ။ အချိန်အများစုတွင် သူမ လုပ်ရသည်မှာ နန်းဆောင်ရှေ့တွင် ခစားရသော နန်းတွင်းသူများနှင့် တူညီသော အလုပ်များသာ ဖြစ်သည်။ လက်ဖက်ရည် ကမ်းပေးခြင်း၊ ရေခပ်ပေးခြင်း၊ မင်သွေးပေးခြင်း စသည်တို့သာ။

တကယ့်ကို ပျင်းစရာ ကောင်းလှပေသည်။ သူမ၏ စိတ်သဘောထားကို စမ်းသပ်ချင်နေခြင်းပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် တမင်တကာ ဤကဲ့သို့ အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်မည်ဟု သူမ တွေးမိသည်။ မင်ချန်ကျိုက် တစ်ယောက် အလွန်အမင်း နားမလည်နိုင် ဖြစ်နေတော့၏။

သူမ တုန်းကျိုး တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများစွာကို ပြန်လည် သတိရလိုက်သောအခါ ရင်ထဲမှ ကျောက်တုံးကြီးမှာ အခုထိ အောက်မကျနိုင်သေးပေ။

"မိဖုရားခေါင်ကြီးရွှီ က သေချာပေါက် သူများ လုပ်ကြံလို့ သေရတာ… မင်း ဒီတစ်ခေါက် နန်းတော်ထဲ ဝင်ရင် သေချာပေါက် လုပ်ရမှာက…"

"မိဖုရားခေါင်ကြီး မယ်မယ်ရဲ့ ကျေးဇူးတွေ မင်းအပေါ် တောင်လောက် မြင့်တယ်… မင်း သူ့အတွက် သေချာပေါက် လက်စားချေပေးရမယ်"

"မင်း အရှင်မင်းကြီး နဲ့ နီးစပ်ခွင့် ရတာနဲ့ တစ်ပြိုင်နက် ဒီ မတရားတဲ့ အမှုကို သေချာပေါက် လျှောက်တင်ရမယ်"

သူမ ခေါင်းထဲတွင် ရွှီမိသားစု နှင့် ပြောခဲ့သော စကားများ ပြည့်နှက်နေလေသည်။ သူမမှာ ပိုပြီး စဉ်းစားလေလေ ခေါင်းပိုကိုက်လာလေလေ ဖြစ်တော့သည်။ နောက်ဆုံးတွင်တော့ အသက်ကို ပြင်းပြင်း ရှူနေရတော့သည်။ အစေခံ ဖေ့အာ က သူမ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိပြီး လှမ်းမေးမှ သူမ အိပ်မက်ဆိုးထဲမှ လန့်နိုးသွားတော့၏။

"သခင်မလေး… ဘာဖြစ်လို့လဲ"

သူမ ခေါင်းပေါ်တွင် ရုတ်တရက် ပေါ်လာသော ချွေးပေါက်များနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ဖေ့အာ ၏ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်လာမိသည်။ ကျုံးယွမ်ပွဲတော် ရောက်ဖို့လည်း ရက်အနည်းငယ်သာ လိုတော့ရာ မသန့်ရှင်းသော အရာတစ်ခုခုနှင့်များ တိုးမိလေသလားဟု တွေးပူမိသည်။

ထိုအကြောင်းကို တွေးမိသောအခါ သူမ မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။ သူမ၏ သခင်မလေး တကယ်ပဲ စိတ်လွတ်သွားပြီလား ဆိုသည့် စိုးရိမ်စိတ်ဖြင့် မျက်နှာရှေ့တွင် လက်ကိုပင် ဝှေ့ယမ်းကြည့်လိုက်သေးသည်။

"ဘာမှမဖြစ်ပါဘူး… ရာသီဥတုက အရမ်းပူနေလို့ ရုတ်တရက် အသက်ရှူကျပ်သွားတာ နေမယ်… ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ"

မင်ချန်ကျိုက် တုံ့ပြန်နိုင်သေးသည်ကို မြင်သောအခါမှ ဖေ့အာ ၏ စိုးရိမ်နေသော စိတ်လေးလည်း အနည်းငယ် သက်သာရာ ရသွားတော့သည်။ သို့သော် သူမ ရင်ထဲတွင်တော့ မသက်မသာ ဖြစ်နေဆဲမို့ ကျင့်ဟန်ဆောင် သို့ တစ်ခေါက်လောက် သွားပြီး ဘေးကင်းစေမည့် အဆောင်လက်ဖွဲ့လေးများ သွားရှာတာ ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

ကုတင်ပေါ်တွင် လှဲနေရင်း မင်ချန်ကျိုက် မှာ အိပ်ချင်နေသော်လည်း ကောင်းကောင်း အိပ်မပျော်နိုင် ဖြစ်နေသည်။ သူမက အပြင်ဘက်မှ နေရောင် သိပ်မပြင်းတော့သည်ကို မြင်သောအခါ ထပြီး လမ်းခဏလျှောက်ရန် ဆုံးဖြတ်လိုက်သည်။

ဤ နွေရာသီအပန်းဖြေနန်းတော် သို့ ရောက်လာပြီးကတည်းက သူမ အပြင်ထွက်သည်မှာ နှစ်ခေါက် သုံးခေါက်ခန့်သာ ရှိသေးသည်။ တစ်ခေါက်က ရှုခင်းကြည့်ရန် လမ်းလျှောက်ထွက်ခြင်း ဖြစ်ပြီး နောက်တစ်ခေါက်က လင်ကွေ့ဖေး က လျှို့ဝှက်စွာ ခေါ်ယူခြင်း ဖြစ်ကာ နောက်ထပ် တစ်ခေါက်ကတော့ ယနေ့ပင် ဖြစ်လေသည်။

နွေရာသီအပန်းဖြေနန်းတော် ၏ အရှေ့ဘက်တွင် မောင်းမဆောင်မှ ကိုယ်လုပ်တော်များ နေထိုင်ရာ ခြံဝင်းများစွာ ရှိလေသည်။ ထို့ကြောင့် ဘယ်ကိုသွားသွား လူများနှင့် ဆုံတွေ့ရန် အလားအလာ များလှသည်။

ထို့ကြောင့်ပင် သူမ အပြင်ထွက်လာပြီး မကြာမီမှာပင် ယဲ့ကွေ့ရန် နှင့် တုချန်ကျိုက် တို့နှင့် ဆုံမိလေတော့သည်။ သူမတို့ နှစ်ဦးက ယခင်က သွမ့်ဝူပွဲတော် စားပွဲကို အတူတူ ကျင်းပခဲ့ဖူးသဖြင့် အခြားသူများထက် ပို၍ ရင်းနှီးကြသည်။ ရောက်လာသူမှာ မင်ချန်ကျိုက် ဖြစ်ကြောင်း မြင်လိုက်သောအခါ တုချန်ကျိုက် ၏ မျက်နှာထားမှာ ပျော်ရွှင်နေရာမှ ရုတ်တရက် အေးစက်သွားတော့သည်။

"အို… ဘယ်လို လေမျိုးကများ မျက်နှာသာပေးခံနေရတဲ့ မင်ချန်ကျိုက် ကို ဒီကို ခေါ်လာတာလဲ… ကျွန်မကတော့ ဘယ်သူမှ ဂရုမစိုက်တဲ့ ကျွန်မတို့လို လူတွေပဲ ဒီမှာ အားယားပြီး လမ်းလျှောက်နေမယ် ထင်နေတာ"

တုချန်ကျိုက် ဆိုသူက စကားပြောရာတွင် တစ်ခါမှ အားနာလေ့ မရှိပေ။ ရာထူးအဆင့် ပိုမြင့်သူများနှင့် ရင်ဆိုင်ရလျှင်တော့ နှိမ့်ချစွာ နေတတ်သည်။ သို့သော် သူမနှင့် ရာထူးတူသူများ သို့မဟုတ် သူမထက် ရာထူးနိမ့်သူများနှင့် တွေ့လျှင်တော့ ထိုမျှ သဘောမကောင်းတော့ပေ။ ထို့အပြင် ဤရက်ပိုင်းအတွင်း ရုတ်တရက် နာမည်ထွက်လာသော မင်ချန်ကျိုက် ဆိုလျှင် သူမထံမှ စကားကောင်း ကြားရဖို့ ခဲယဉ်းလှပေသည်။

တုချန်ကျိုက် ၏ ရွဲ့စောင်းပြောဆိုမှုများကို ကြားရသော်လည်း မင်ချန်ကျိုက် ကတော့ ဖော်ဖော်ရွေရွေသာ တုံ့ပြန်ပြလိုက်သည်။

"ညီမလေး အစ်မတို့ နှစ်ယောက်ကို ဂါရဝပြုပါတယ်"

ယဲ့ကွေ့ရန် ဆိုသူက လူတစ်ယောက်ကို အလွယ်တကူ ရန်သူဖွဲ့လေ့ မရှိပေ။ မောင်းမဆောင်တွင် နှစ်ပေါင်းများစွာ နေလာခဲ့ပြီး ကြီးမားသော မျက်နှာသာပေးမှုမျိုး မရခဲ့သော်လည်း သူမ၏ ဤကဲ့သို့ အေးချမ်းသော စိတ်နေသဘောထားကြောင့် လူအများ၏ ခင်မင်မှုကို ရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် သူမက မည်သူနှင့်မဆို အမြဲတမ်း သဘောကောင်းလေ့ ရှိသည်။

"မင်ချန်ကျိုက် ကလည်း အားနာစရာပါ… ညီမလေးက ဥယျာဉ်ထဲ လမ်းလျှောက်ထွက်လာတာလား"

"ဟုတ်… အခန်းထဲမှာပဲ အမြဲ အောင်းနေရတော့ မွန်းကြပ်လွန်းလို့… နေသိပ်မပြင်းတဲ့ အချိန်လေး ကြုံတုန်း အပြင်ထွက်ပြီး လမ်းလျှောက်မယ် စိတ်ကူးလိုက်တာ… မထင်မှတ်ဘဲ အစ်မတို့ နှစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး"

All Chapters