← Chapters

ပင်မသစ်ပင်ပြိုလဲရန်ဆန္ဒရှိခြင်း(၂)

Vol. 006 Ch. 283

ပင်မသစ်ပင်ပြိုလဲရန်ဆန္ဒရှိခြင်း(၂)

Vol. 006 Ch. 283

ထျန်ရှစ်ကလေထဲတွင်ပျံသန်းလျက်ရှိသည်။ သူ့မျက်လုံးများကတည်ငြိမ်လျက်ရှိပြီးမည်သည့်စိတ်ဖိတ်စီးမှုမှမရှိပေ။ တကယ်တော့သူကထျန်မြို့သို့ပြန်မသွားချင်ခဲ့ပေ။ သို့သော်လွန်ခဲ့သောရက်ပိုင်းအတွင်းသေဆုံးမှုများကထျန်မိသားစုတစ်ခုလုံးကိုကျီးလန့်စားစား၊ထိတ်ထိတ်ပျာပျာဖြစ်စေခဲ့သည်။

ပို၍အရေးကြီးသည်မှာထျန်မိသားစု၏ဘိုးဘေးသည်ထိုကိစ္စနှင့်ပတ်သက်၍ဘာမျှမထားခြားသလိုရှိနေ၏။ သူကထျန်မြို့မှထွက်လာခြင်းပင်မရှိပေ။ ထို့ကြောင့်သည်အရာကြီးကပို၍ထူးဆန်းလာခဲ့သည်။

ထို့ကြောင့်ထျန်ရှစ်ကထျန်မြို့သို့အခြေအနေစစ်ဆေးရန်ပြန်လာရခြင်းဖြစ်သည်။

သူကပျံသန်းနေရင်းနတ်ဘုရားအာရုံကိုဖြန့်ကြက်ထားရာမြက်ပင်လေးတစ်ပင်ယိမ်းနွဲ့နေသည်ကိုပင်သိရှိနေခဲ့၏။ သို့သော်ထျန်ရှစ်ကသည်လူသတ်သမားကသူ့ကိုများစွာအနှောင့်အယှက်လာပြုမည်ကိုမယုံကြည်ပေ။ တကယ်တော့သူကအသတ်ခံခဲ့ရသောထျန်မိသားစုဝင်များတွင်ကျင့်ကြံမှုအမြင့်ဆုံးကအမြုတေဖွဲ့တည်ခြင်းအဆင့်များသာဖြစ်ကြပေသည်။ ထျန်ရှစ်ကသူလည်းအခုလိုမျိုးကောင်းစွာသတ်နိုင်စွမ်းရှိကြောင်းသူ့ကိုယ်သူယုံကြည်လေသည်။ တကယ်တော့သူကစဦးစိတ်ဝိညာဉ်အလယ်အဆင့်သို့ရောက်နေခဲ့ပြီးကျောက်နိုင်ငံ၏မည်သည့်နေရာကိုမဆိုသွားလာနိုင်စွမ်းရှိပေသည်။

သူကစဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်မွန်းစတားအိုကြီးများ၏ပြိုင်ဘက်မဟုတ်သော်လည်းသူကထိုလူအချို့ကိုကြောက်ရွံ့ခြင်းမရှိပေ။ သူ့ဘဝတွင်ကြောက်သည့်သူကနှစ်ယောက်သာရှိ၏။

သည်နှစ်ယောက်တွင်သူကြောက်သည့်ပထမတစ်ယောက်မှာထျန်ဟွယွမ်မဟုတ်ပေ။ ထျန်ဝမ်းဖြစ်၏။ ထျန်ဟွယွမ်ကဒုတိယတစ်ယောက်သာဖြစ်သည်။ သူကထျန်ဝမ်းအကြောင်းတွေးမိတိုင်းသူ့တစ်ကိုယ်လုံးအေးစိမ့်သွားရသည်။

သည်နှစ်ယောက်အပြင်သူကမည်သူ့ကိုမျှမကြောက်ပေ။ အမှန်တော့သူကသည်ထူးဆန်းသည့်လူကိုသူ့ရှေ့တွင်ပေါ်လာစေချင်နေသည်။

သူကထျန်ရှစ်နာမည်ဆက်ခံနိုင်သည့်ငါးယောက်မြောက်လူဖြစ်သည်။ ဆိုလိုသည်ကသူကအချိန်အတော်ကြာကတည်းကသူ့ကိုထိုထျန်ရှစ်နာမည်အတွက်စိမ်ခေါ်ခဲ့သည့်လူတိုင်းကိုသတ်ပစ်နိုင်ခဲ့သည်ဟုဆိုလိုခြင်းပင်။

သူကပျံသန်းနေစဉ်မှာအနက်ရောင်တိမ်များစုဝေးလာသဖြင့်ထျန်ရှစ်မျက်လုံးများကအလေးအနက်ဖြစ်သွားခဲ့သည်။ သူကပို၍လျင်မြန်စွာပျံသန်းလိုက်စဉ်ဆံပင်အဖြူရောင်နှင့်လူငယ်တစ်ယောက်ကသူ့ရှေ့တွင်သူသတိမထားမိဘဲပေါ်လာခဲ့၏။

ထျန်ရှစ်ကစိတ်ထဲတွင်တုန်လှုပ်သွားသည်။ သူကတစ်ချိန်လုံးနတ်ဘုရားအာရုံကိုဖြန့်ကြက်ထားသော်လည်းသည်လူငယ်ကိုသတိပြုမိလိုက်ခြင်းမရှိပေ။ သည်အရာကသည်လူငယ်၏နတ်ဘုရားအာရုံကသူ့ထက်အဆင့်များစွာသာနေကြောင်းဆိုလိုနေ၏။

သို့သော်နတ်ဘုရားအာရုံတစ်ခုတည်းကလူတစ်ယောက်၏ကျင့်ကြံမှုအဆင့်သို့မဟုတ်နည်းစနစ်များတွင်အားကောင်းလှနေသည်ဟုဆိုလိုခြင်းမဟုတ်ပေ။ ထို့ကြောင့်သူကတုံ့ဆိုင်းခြင်းမရှိဘဲသိုလှောင်အိတ်ထဲမှဓားများကိုဆွဲထုတ်လိုက်သည်။ ဓားများကသိုလှောင်အိတ်ထဲမှအဆုံးမရှိထွက်ပေါ်လို့လာနေ၏။

ဓားများကတစ်ခုပြီးတစ်ခုပျံသန်းထွက်လာနေသော်လည်းလူငယ်ကဘာမျှပြုလုပ်ခြင်းမရှိသေးပေ။ လူငယ်မျက်လုံးများကထျန်ရှစ်ကိုမနှစ်မြို့မှုခံစားချက်များကိုပေးစွမ်းနေသည်။

ဝမ်လင်းကထျန်ရှစ်ကိုစူးစိုက်ကြည့်၍သူ့မျက်လုံးများကလက်ခနဲဖြစ်သွားသည်။ သည်လူ၏သတ်ဖြတ်လိုမှုစိတ်ဆန္ဒကထျန်နိုင်းထက်သာလွန်နေသည်။ သို့သော်သူကထိုအရာကိုဖုန်းကွယ်ထားပြီးထုတ်ဖော်ပြသခြင်းမရှိပေ။

ဝမ်လင်းကကျေနပ်စွာပြုံလိုက်ပြီးသူကရှေ့သို့တဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ ထျန်ရှစ်ကနှခေါင်းရှုံလိုက်ပြီးလက်လှုပ်ရှားလိုက်သည်။ သူ့မျက်လုံးထဲတွင်အေးစက်မှုများတောက်ပသွားပြီးသူကလက်ဟန်တချို့ကိုဖန်တီးလိုက်သည်။ ထို့နောက်သူကဝမ်လင်းထံသို့လက်ညွှန်လိုက်၏။ ဓားများစွာကဝမ်လင်းထံသို့ပျံသန်းသွားလေတော့သည်။

ဝမ်လင်းကလှောင်ပြုံးပြုံးလိုက်ပြီးသူ့ရှိတိုးဝင်လာနေသောဓားများကိုကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးသူ့ဝိညာဉ်ဝါးမျိုသူကခန္ဓာကိုယ်ထဲမှထွက်ခွာသွားပြီးအမည်းရောင်မြူတစ်ခုဖြစ်ပေါ်သွား၏။ ပျံသန်းလာသောဓားများအားလုံးကသည်ဝိညာဉ်ကိုထိတွေ့မိလိုက်သည်နှင့်၎င်းတို့အထဲရှိနတ်ဘုရားအာရုံများဆုံးရှုံးသွားပြီးမြေပေါ်သို့ပြုတ်ကျသွားတော့သည်။

ထျန်ရှစ်ကကြောက်လန့်သွားပြီးနောက်သို့ဆုတ်မိသွားသည်။ သို့သော်သူကနောက်ကျသွားပြီဖြစ်သည်။ ဝမ်လင်းကသူကိုယ်တိုင်လည်းရှေ့သို့ဆက်တိုးသွားလိုက်သည်။ သူ့ဝိညာဉ်ဝါးမျိုသူနှင့်အမည်းရောင်မြူကလည်းထျန်ရှစ်ခန္ဓာကိုယ်ထဲသို့ကျူးကျော်သွားတော့၏။

ထျန်ရှစ်ကအာခေါင်ခြစ်၍ထိန့်လန့်စွာအော်ဟစ်လိုက်သည်။ ဒီအော်သံကလွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အတွက်လူတစ်ယောက်၏မျက်နှာကိုတောင်ဖြူရော်သွားစေနိုင်သည်။ ထျန်ရှစ်၏နဖူးပေါ်တွင်အမည်းရောင်သွေးကြောများဖြစ်ပေါ်သွား၏။ အခုလိုအမည်းရောင်များဖြစ်သွားရခြင်းမှာဝမ်လင်းဝိညာဉ်ဝါးမျိုသူကသူ့ကိုယ်ထဲရှိသွေးများတစ်လျှောက်စီးဝင်သွားသောကြောင့်ပင်။

ထိုအဖြစ်အပျက်မှာသိပ်ကြာခြင်းမရှိချေ။ ထျန်ရှစ်ကနာကျင်စွာဆက်၍အောက်ဟစ်လိုက်ပြန်သည်။ သူ့တစ်ကိုယ်လုံးတွင်လည်းချွေးများဖြင့်အေးစက်လို့နေ၏။ သိပ်မကြာလင်မှာသူ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်ခါသွားပြီးမြေပေါ်သို့ပြုတ်ကျသွားတော့သည်။

သူ့ခန္ဓာကိုယ်ကပြုတ်ကျသွားပြီးနောက်ဝမ်လင်း၏ဝိညာဉ်ဝါးမျိုသူကထျန်ရှစ်၏စဦးစိတ်ဝိညာဉ်နှင့်ဝိညာဉ်ကိုဝမ်လင်းထံသို့ယူဆောင်လာခဲ့တော့သည်။ ထျန်ရှစ်ဝိညာဉ်ကဝိညာဉ်အလံထဲတွင်ပိတ်လှောင်ခြင်းခံလိုက်ရပြီးသူ့ခန္ဓာကိုယ်ကတော့နဂါးတံခွန်နှင့်တွဲဆက်ထားခြင်းခံလိုက်ရတော့သည်။

ဝမ်လင်းစတင်ပေါ်လာသည့်အချိန်နှင့်အခုထိကသိပ်ကြာခြင်းမရှိပေ။ အချိန်အများစုကထျန်ရှစ်၏အော်ဟစ်သံများနှင့်သာပြည့်နေခဲ့သည်။ ဝမ်လင်းဝိညာဉ်ကသူ့ခန္ဓာကိုယ်ထဲသို့ပြန်ဝင်ရောက်သွား၏။ သူကအချိန်ဆွဲခြင်းမရှိဘဲနောက်ပစ်မှတ်ရှိရာသို့ပျံသန်းသွားတော့သည်။

ထျန်စစ်ကအရမ်းတော့မငယ်တော့ပေ။ လွန်ခဲ့သောနှစ်(၂၀၀)ကတည်းကသူကပင်မထျန်မိသားစုဝင်ဖြစ်ခဲ့သည်။ သို့သော်သူကစိတ်ခေါ်သူတစ်ယောက်ကိုရှုံးနိမ့်ခဲ့ရ၏။ ကံကောင်းစွာနှင့်ပင်သူကအသက်မသေဆုံးခဲ့ဘဲနှစ်ပေါင်းများစွာတံခါးပိတ်လေ့ကျင့်ခဲ့တော့သည်။ သူတံခါးပိတ်လေ့ကျင့်ရာမှထွက်လာပြီးနောက်ထျန်စစ်ကသူ့ကိုအနိုင်ယူသွားခဲ့သောကျင့်ကြံသူကိုပြန်၍သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအရာများအားလုံးကိုသူကထျန်ဟွယွမ်၏ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သူကထျန်ဟွယွမ်၏အပြစ်ပေးခြင်းကိုခံရသော်လည်းသူကထျန်စစ်နာမည်နေရာကိုရယူနိုင်ခဲ့ပေသည်။

သူ့ကျင့်ကြံမှုအဆင့်ကစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်းသူ့နည်းလမ်းကြောင့်သူကသတ်ဖြတ်မှုအော်ရာအဖြစ်ပြောင်းလဲနိုင်သည်။

ထျန်စစ်ကလေထဲတွင်လျင်မြန်စွာပျံသန်းလျက်ရှိသည်။ သူကထျန်ရှစ်နှင့်ဆန့်ကျင်ဘက်အရပ်ဆီသို့ထွက်သွားနေခြင်းဖြစ်သည်။ သူကသူ့လျှို့ဝှက်ခန်းကိုထားခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာအန္တရာယ်အငွေ့အသက်ရသောကြောင့်ပင်။

သူကသူ့ကိုယ်ထဲရှိသတ်ဖြတ်လိုမှုအော်ရာများကိုပြောင်းလဲလိုက်သဖြင့်သူကစွမ်းရည်အသစ်တစ်ခုရရှိလာခဲ့၏။ သည်စွမ်းရည်ကသူ့အသက်ကိုအကြိမ်များစွာကယ်ဆယ်ပေးခဲ့ပြီးလည်းဖြစ်သည်။

သူကအန္တရာယ်အငွေ့အသက်ကိုယုံကြည်ခဲ့သည့်အတွက်ထျန်မြို့သို့လျင်မြန်စွာပျံသန်းသွားတော့သည်။

သူကသူ့ဒီခရီးစဉ်ကအေးချမ်းမည်ဟုမယုံကြည်ပေ။ ထျန်မိသားစုကငါးရက်လောက်သွားရန်ကြာမြင့်ဦးမည်ဖြစ်သည်။ ဒီခရီးစဉ်အတွင်းသူကအန္တရာယ်အငွေ့အသက်ကိုပို၍ရရလာခဲ့သည်။

ဝမ်လင်းနတ်ဘုရားအာရုံကထိုလူ့ပေါ်တွင်ရိုက်နှိပ်ပြီးဖြစ်သည့်အတွက်သူ့လူ၏ကျင့်ကြံမှုအဆင့်ကစဦးစိတ်ဝိညာဉ်အလယ်အဆင့်မှန်းသိလေသည်။ သူကထိုလူနှင့်ပို၍နီးကပ်သွားအောင်ပျံသန်းလိုက်လေ၏။

ထျန်စစ်ကပျံသန်းနေစဉ်မှာအသတ်အဖြတ်စိတ်ဆန္ဒကသူ့အားလွှမ်းမိုးလာသည်လို့ခံစားနေရသည်။ သူကအခုလိုမျိုးသာမခံစားရဘူးဆိုပါကထိုလူကိုသွားရောက်တိုက်ခိုက်ပစ်မည်ဖြစ်သည်။ သို့သော်အခုချိန်မှာအံကြိတ်လိုက်ပြီးသူ့ခြေထောက်ကိုပေါက်ကွဲစေလိုက်သည်။ သည်ပေါက်ကွဲမှုကြောင့်သွေးမြူများဖြစ်ပေါ်သွားပြီးသူ့ကိုလွှမ်းခြုံသွားသည်။

ထိုသို့သောနာကျင်မှုကိုအံကြိတ်ခံရင်းသူ့အမြန်နှုန်းကလည်းအဆများစွာတိုးတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်းသွေးကြယ်ပျံတစ်စင်းအလားဖြစ်ပေါ်သွားပြီးပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းကမျက်မှောင်ကြုတ်လိုက်သည်။ သည်လူကအလွန်ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ပြီးအခုလိုပျောက်ကွယ်နေသည့်နည်းစနစ်တစ်ခုကိုပါအသုံးပြုခဲ့ပေသည်။ သူ့စိတ်ဝိညာဉ်ကိုလောင်ကျွမ်းစေလိုက်ခြင်းကြောင့်သူ့အမြန်နှုန်းကများစွာထိုးတက်ခဲ့ပြီးဝမ်လင်းပင်လိုက်မမီနိုင်ဖြစ်ခဲ့ရသည်။

ဝမ်လင်းကတစ်နေရာတွင်ရပ်နေခဲ့ပြီးထျန်စစ်လွတ်မြောက်သွားရာသို့ကြည့်နေ၏။ သူကအနည်းငယ်စဉ်းစားလိုက်ပြီးအတားအဆီးအလံကိုကီလိုမီတာတစ်ခုလုံးအားဖုံးအုပ်စေလိုက်၏။

ခဏအကြာမှာဝမ်လင်းကသူ့မျက်ခုံးကိုလက်ညှိုးဖြင့်ထောက်လိုက်ရာမကောင်းဆိုးဝါးရှုလီကောနှင့်တတိယမကောင်းဆိုးဝါးတို့ထွက်ပေါ်လာခဲ့ကြသည်။ ဝမ်လင်းကထိုနှစ်ကောင်ကိုသူ့အားကာကွယ်ရန်အမိန့်ပေးလိုက်ပြီးကြေးမှန်ကိုထုတ်ယူလိုက်၏။ ကြေးမှန်ကဝမ်လင်းခေါင်းပေါ်တွင်ပျံဝဲလျက်ရှိပြီးတဖြည်းဖြည်းတုန်ခါလို့လာသည်။

ထိုသို့ပြုလုပ်ပြီးနောက်ဝမ်လင်းကအသက်ဝဝရှူလိုက်ပြီးမျက်လုံးမှိတ်လိုက်သည်။ သိပ်မကြာခင်မှာအမည်းရောင်မြူများကဝမ်လင်းခေါင်းပေါ်တွင်ဖြစ်ပေါ်လာတော့သည်။ သည်အမည်းရောင်မြူများကတဖြည်းဖြည်းကြီးထွားလာပြီးအမည်းရောင်တိမ်တိုက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

ရုတ်တရက်အမည်းရောင်တိမ်များကလျင်မြန်စွာရွေ့လျားပျံ့နှံ့သွားပြီးကျောက်နိုင်ငံတစ်ခုလုံးအားဖုံးလွှမ်းလို့သွားသည်။ တစ်နည်းအားဖြင့်ဒီအမည်းရောင်တိမ်ကဝမ်လင်း၏ဝိညာဉ်ဝါးမျိုသူပင်ဖြစ်သည်။ သည်အချိန်တွင်သူ့ဝိညာဉ်ဝါးမျိုသူကခန္ဓာကိုယ်ထဲမှအပြည့်အဝထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထျန်ငါးကအလွန်ကြည့်ကောင်းလှသောသက်လတ်ပိုင်းလူကြီးဖြစ်သည်။ သူကထျန်လီနှင့်လွန်စွာတူလှသည်ဟုပြော၍ရ၏။ သူ့ဘေးတွင်တော့အလွန်လှပသောအမျိုးသမီးကျင့်ကြံသူနှစ်ယောက်ရှိပေသည်။ သူတို့သုံးယောက်ကထျန်မြို့သို့လျင်မြန်စွာပျံသန်းနေကြသည်။

သူတို့ကထျန်မြို၏ကီလိုမီတာတစ်သောင်းအတွင်းသို့ရောက်လာခဲ့ပြီဖြစ်သည်။ အခုမှထျန်ငါးကစိတ်သက်သာသွာပြီးသက်ပြင်းချလိုက်မိသည်။ သို့သော်ထိုအခိုက်တွင်ကောင်းကင်ကနက်မှောင်သွားပြီးအနက်ရောင်တိမ်များကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းလို့လာသည်။

ထျန်ငါးကမှင်သက်စွာနှင့်အမည်းရောင်တိမ်များသူ့ဝန်းကျင်သို့ဆင်းသက်လာနေသည်ကိုကြည့်မိနေသည်။ ထို့နောက်အမည်းရောင်တိမ်ကထျန်ငါး၏ဝိညာဉ်နှင့်စဦးစိတ်ဝိညာဉ်ကိုယူဆောင်သွားတော့လေသည်။

ထျန်မြို့တွင်းမှထျန်ဟွယွမ်ကဒေါသကြီးစွာဖြင့်လျှပ်စီးတစ်ခုအလားပျံသန်းလာနေသည်။ အခုသူကထျန်ငါး၏တည်ရှိမှုကိုခံစားမိ၏။ ထို့နောက်ထိုတည်ရှိမှုကရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ထိုအခိုက်တွင်သူကသူ့နှလုံးကိုပင်ခုန်ပေါက်စေနိုင်သည့်အားကောင်းလှသောစွမ်းအင်တစ်ခုကိုခံစားမိလိုက်သည်။

ထျန်ဟွယွမ်ရောက်လာသည့်အခိုက်တွင်အမည်းရောင်တိမ်များကရွေ့လျားသွားပြီးမျက်နှာတစ်ခုဖြစ်ပေါ်လာသည်။ ထိုမျက်နှာမှာဝမ်းလင်း၏မျက်နှာဖြစ်နေ၏။

သူကထျန်ဟွယွမ်ကိုအေးစက်စွာကြည့်လိုက်သည်။ ထို့နောက်သူကရက်စက်စွာပြုံးပြ၍ပြန်ပျောက်ကွယ်သွားတော့သည်။

ထျန်လေးကျင့်ကြံမှုအဆင့်ကသိပ်မြင့်မားခြင်းမရှိပေ။ သူကစဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်သာရှိသေး၏။ တကယ်တော့သူကပင်မထျန်မိသားစုဖြစ်လာသည်မှာနှစ်ပေါင်း(၂၀)သာရှိသေးသည်။

အခုလက်ရှိတွင်သူကဓားပျံတစ်ခုပေါ်တွင်ရပ်၍လျင်မြန်စွာပျံသန်းလျက်ရှိသည်။ သူကထျန်မိသားစုဝင်များသေဆုံးသည့်အတွက်စိတ်ဖိစီးနေရသည်။ သေဆုံးသွားခဲသည်လူတွေထဲကတစ်ယောက်သူ့ညီတစ်ယောက်ဖြစ်နေသည်။

ထို့ကြောင့်သူကလျှို့ဝှက်ခန်းမှထွက်လာခဲ့ခြင်းပင်။ သူကထျန်မြို့သို့မပြန်ဘဲသူ့ညီအတွက်လက်စားချေရန်ထွက်လာခဲ့ခြင်းဖြစ်နေ၏။

ကံမကောင်းစွာဖြင့်သည်အရာကသူလုံးဝမလုပ်နိုင်တော့မည်မရာဖြစ်နေသည်။ အကြောင်းမှာအခုချိန်ထိသူကသူ့အပေါ်ရှိတိမ်များကပို၍မည်းမှောင်လာသည်ကိုသတိပြုမိခြင်းမရှိသေးပေ။

တစ်ရက်တာအချိန်အတွင်းအပြင်ဘက်တွင်ရှိနေသောပင်မထျန်မိသားစုဝင်ခုနှစ်ယောက်တွင်ငါးယောက်သေဆုံးခဲ့ပြီဖြစ်သည်။ ကျန်နေသေးသောနှစ်ယောက်ထဲမှတစ်ယောက်ကတော့ခုထိသူ့လျှို့ဝှက်နေရာကနေထွက်ခွာခြင်းမရှိသေးပေ။ အခြားတစ်ယောက်ကတော့လျင်မြန်စွာလှုပ်ရှားနေပြီဖြစ်သည်။ သို့သော်ထိုလှုပ်ရှားပျံသန်းလာသည့်တစ်ယောက်ကသူတစ်ယောက်တည်းမဟုတ်ဘဲဘေးတွင်မိန်းမတစ်ယောက်နှင့်ယောက်ျားတစ်ယောက်ပါပါနေသေး၏။

ဝမ်လင်းကထိုနှစ်ယောက်ကိုမြင်လျှင်သူကထိုထဲကတစ်ယောက်ကိုချက်ချင်းသိလိုက်သည်။ အကြောင်းမှာသူတို့နှစ်ယောက်ထဲကတစ်ယောက်ကဝမ်ကျောက်ဖြစ်နေသောကြောင့်ပင်။

ဝမ်ကျောက်မျက်နှာကနက်မှောင်နေခြင်းမရှိပေ။ ထိုအစားသူ့မျက်နှာပေါ်တွင်တစ်စုံတစ်ယောက်ကထျန်မိသားစုကိုအမြစ်ဖျက်နေသည့်အတွက်ကျေနပ်နေသည့်အသွင်ပေါ်နေခဲ့သည်။

သူကထိုသို့လုပ်ဆောင်သူကမည်သူမှန်းမသိသော်လည်းစိတ်ထဲမထားပေ။ သူကထိုလူကိုထျန်မိသားစုတစ်ခုလုံးအားအမြစ်ဖျက်နိုင်ရန်သာမျှော်လင့်နေခဲ့၏။

သူကသူ့ဇနီးကိုကြည့်လိုက်သည့်အခိုက်မှာတော့စိတ်ရှုပ်ထွေးမှုကိုခံစားလိုက်ရသည်။ သူကအစတုန်းကသူ့မိန်းမနှင့်ပတ်သက်၍မည်သည့်ခံစားချက်မှမရှိခဲ့ပေ။ သို့သော်ထျန်ဟွယွမ်၏ဖိအားနှင့်သူ့ကိုယ်သူကာကွယ်ရန်အတွက်သာသည်မိန်းမကိုလက်ထပ်ခဲ့ခြင်းဖြစ်၏။

သို့သော်လူဆိုသည်မှာသစ်သားနှင့်ပြုလုပ်ထားခြင်းမဟုတ်ပေ။ သူကထျန်မိသားစုကိုမုန်းတီးလှသော်လည်းအခုသူ့မိန်းမနှင့်ပတ်သက်သည့်ခံစားချက်ကတော့မပြတ်မသား၊မဝေခွဲနိုင်ဖြစ်နေရသည်။

***

All Chapters