← Chapters

ထျန်သုံး

Vol. 006 Ch. 284

ထျန်သုံး

Vol. 006 Ch. 284

ထျန်သုံးကသိပ်တော့မငယ်တော့ပေ။ သူ့ဆံပင်များကဖြူဖွေးနေပြီးသူကအသက်(၄၀)၊(၅၀)လောက်ရှိနေသည့်ပုံပင်။ အနီးကပ်ကြည့်မည်ဆိုပါကသူကဝမ်ကျောက်ဇနီးနှင့်ရုပ်ရည်ဆင်တူနေသည်ကိုတွေ့ရပေမည်။

သူကအလွန်ကြည့်ကောင်းလှ၏။ သူ့ချေမောသည့်မျက်နှာပေါ်တွင်မျက်လုံးတစ်စုံကအနက်ရောင်ကျောက်တုံးအလားမည်းနက်တောက်ပလျက်ရှိသည်။

ထျန်သုံးကညင်သာစွာပြောလိုက်သည်။ “ရှုရှု…အခုချိန်မှာထျန်မိသားစုကစွမ်းအားကောင်းတဲ့ရန်သူနဲ့ရင်ဆိုင်နေရတာ။ ဘိုးဘေးကလည်းထွက်မလာသေးဘူး။ အရာအားလုံးကထူးဆန်းလို့နေတယ်။ မင်းထျန်မိသားစုကိုလုံလုံခြုံခြုံရောက်သွားတဲ့အချိန်ကျရင်အဲဒီမှာမင်းညီမနဲ့နေပါ…”

ထျန်ရှုရှုကထျန်သုံး၏သမီးဖြစ်သည်။ သူလျှို့ဝှက်ခန်းမှထွက်လာရသည့်အကြောင်းမှာသူ့သမီးကိုထျန်မြို့သို့စောင့်ကြပ်ပို့ဆောင်ပေးရန်ဖြစ်၏။

ထျန်ရှုရှုကခေါင်းညိတ်လိုက်သည်။

ထျန်သုံးကအနည်းငယ်ချီတုံချတုံဖြစ်သွားပြီးပြောလိုက်၏။ “တကယ်လို့…ငါ..ငါကဒီချိန်မှာသေသွားခဲ့ရင်ထျန်မြို့ကိုသွားပြီးသမီးညီမကိုရှာဖို့မမေ့ပါနဲ့။ ပြီးရင်ကျောက်နိုင်ငံကချက်ချင်းထွက်ခွာသွားတော့။ တက်နိုင်သမျှဝေးဝေးသာထွက်သွားချေတော့…”

ဝမ်ကျောက်ကဘေးနားမှာတိတ်ဆိတ်စွာရပ်၍နားထောင်လျက်ရှိသည်။ သူ့အသွင်ကတည်ငြိမ်နေသော်လည်းစိတ်ထဲတွင်တော့အေးစက်စွာရယ်မောလိုက်သည်။

ထျန်သုံးကဝမ်ကျောက်ကိုကြည့်လိုက်ရင်းသူ့စိတ်ထဲတွင်ရှိနေသည့်အရာများကိုထွင်းဖောက်မြင်လိုက်သည်။ သူ့အသွင်ကပြောင်းလဲခြင်းတော့မရှိပေ။ ထို့ကြောင့်မည်သူကမှသူပျော်နေသလား၊ဝမ်းနည်းနေသလားကိုမသိနိုင်ဖြစ်ရ၏။

သူ့စိတ်ထဲတွင်စိတ်ခံစားချက်များဖြစ်ပေါ်လာပြီးသူကထျန်ရှုရှုဆံပင်လေးကိုသပ်လိုက်သည်။

လွန်ခဲ့သောနှစ်များစွာကဘိုးဘေးသည်သူ့ဇနီးနှင့်သူ့ကိုအတင်းအကျပ်ခွဲခဲ့ကြောင်းကိုကောင်းကောင်းကြီးသိနေခဲ့သည်။ သူကဘိုးဘေး၏အရိပ်အောက်တွင်တစ်သက်လုံးနေထိုင်လာရခြင်းဖြစ်သည်။ သည်လိုဖြစ်လာရခြင်းမှာလည်းသူ့ဇနီးကသေမျိုးတစ်ယောက်ဖြစ်နေပြီးသူကဘိုးဘေး၏မြစ်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။ ထျန်မိသားစု၏အရေးကြီးသောမိသားစုဝင်ကသေမျိုးတစ်ယောက်ကိုလက်ထပ်နိုင်ရန်မဖြစ်နိုင်ခဲ့ပေ။ အကြောင်းမှာသူ့မျိုးဆက်များကကျင့်ကြံရန်အရည်အချင်းများရှိရမည်ဖြစ်သောကြောင့်ပင်။

သူကသည်အရာများကိုပြောင်းလဲချင်လျင်စွမ်းအားရှိရပေမည်။ သူကဘိုးဘေးကိုဖိနှပ်နိုင်သောကျင့်ကြံမှုအဆင့်သို့ရောက်ရှိနေရမည်ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက်သူကကျင့်ကြံမှုတွင်အောင်မြင်မှုရခဲ့ပြီးသူ့သမီးနှစ်ယောက်ကိုလည်းကျင့်ကြံမှုလမ်းကြောင်းပေါ်သို့တင်ပေးနိုင်ခဲ့သည်။ သို့သော်သူ့ဇနီးကတော့သက်တမ်းအကန့်အသတ်ရှိခဲ့လေသည်။ ထိုနာကျင်မှုကနှစ်ပေါင်းများစွာကြာသည့်တိုင်အောင်သူ့နှလုံးသားထဲတွင်ပျောက်ကွယ်သွားခဲ့ခြင်းမရှိပေ။

သည်နှစ်များတွင်သူကကျင့်ကြံမှုတစ်ခုတွင်သာစစ်မှန်စွာအာရုံစိုက်ထားခဲ့၏။ ကျင့်ကြံမှုတစ်ခုကသာသူ့ဇနီးအကြောင်းတွေးနေမိသည်များကိုဖိနှိပ်ထားနိုင်ခဲ့၏။

ထျန်ရှုရှုကထျန်သုံးဇနီးနှင့်လွန်စွာတူလေသည်။ ထျန်ရှုရှုကသူ့သမီးဖြစ်ရုံသာမကသူ့ဇနီးထံမှရရှိလက်ခံထားသောချစ်ခြင်းလည်းဖြစ်နေခဲ့၏။ ထိုကြောင့်သူကထျန်ရှုရှုအပေါ်မည်သည့်ထိခိုက်မှုမှအဖြစ်မခံနိုင်ပေ။

သူကဝမ်ကျောက်ကိုအေးစက်စွာကြည့်၍ပြောလိုက်သည်။ “ဝမ်ကျောက်…ထျန်ရှုရှုကြောင့်ငါမင်းကိုအသက်ရှင်ခွင့်ပေးလိုက်မယ်။ အခု…အခုကစပြီးထျန်ရှုရှုနဲ့မင်းနဲ့ပတ်သက်မှုဘာမှမရှိတော့ဘူး…”

ဝမ်ကျောက်မျက်လုံးများကလက်ခနဲဖြစ်သွား၏။ သူကထျန်သုံးကိုကြည့်၍ပြောလိုက်သည်။ “ကောင်းပြီလေ…”သူကထိုသို့ပြောပြီးနောက်အနောက်သို့ခုန်ဆုတ်လိုက်ပြီးထွက်ခွာရန်ပြင်လိုက်သည်။

ထျန်ရှုရှုကထိုစကားကိုကြားလိုက်သည့်အခါသူကရှေ့သို့တိုး၍ဝမ်ကျောက်လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။ သူကပြန်လှည့်ပြီးသူမအဖေကိုမျက်ရည်ဝဲစွာကြည့်လိုက်သည်။ ထို့နောက်သူမကနှုတ်ခမ်းကိုက်၍စကားတစ်လုံးမှမပြောပေ။

ထျန်သုံးမျက်လုံးများကအေးစက်နေဆဲပင်။ သို့သော်သူကသက်ပြင်းချလိုက်ပြီးနောက်သို့ပြန်လှည့်လိုက်သည်။ အခုချိန်တွင်ထျန်ရှုရှုအသွင်ကသူ့အမေနှင့်တစ်ပုံစံတည်းဖြစ်နေခဲ့သည်။ သူကထျန်ရှုရှုကိုမည်သည့်နာကျင်မှုမှမခံစားစေချင်သောကြောင့်ဝမ်ကျောက်ကိုမသတ်လိုတော့ခြင်းဖြစ်သည်။

“ဝမ်ကျောက်...ထျန်မိသားစုကမင်းမိသားစုတစ်ခုလုံးကိုသတ်ပစ်ခဲ့ပေမဲ့လည်းမင်းကငါ့သမီးအပေါ်မှာနာကျင်အောင်မလုပ်ဖို့မျှော်လင့်ပါတယ်။ မင်းတို့နှစ်ယောက်…တကယ်တော့တာအိုလက်တွဲဖော်ပဲ။ မင်းမိဘနှစ်ပါးကမင်းနဲ့အတူမရှိနိုင်တော့ပေမဲ့မင်းဇနီးကတော့မင်းနဲ့တစ်ဘဝလုံးရှိနေမှာ။ ဝမ်ကျောက်ဘာကအကောင်းဆုံးလည်းဆိုတာမင်းသိပါစေ…”

ဝမ်ကျောက်ကအနည်းငယ်စဉ်းစားလိုက်သည်။ သူကထျန်ရှုရှုကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ဒီနေ့ပြီးသွားခဲ့ရင်သူကဘာဆက်လုပ်မိမည်ကိုသူကိုယ်တိုင်မသိဖြစ်နေခဲ့သည်။

ထျန်ရှုရှုကသူမဘဝအတွက်အရေးကြီးဆုံးယောက်ျားနှစ်ယောက်ကိုကြည့်၍ပြောလိုက်သည်။ “အဖေ…ဝမ်ကျောက်လုပ်မှာမဟုတ်ဘူး…သူလုပ်မှာမဟုတ်ဘူး…”

နောက်ဆုံးမှာသူ့အသံကဆုံးဖြတ်ချက်များနှင့်ပြည့်နှက်လို့နေသည်။ သည်အမျိုးသမီးကနောက်ဆုံးချိန်ထိတိုင်အောင်ဝမ်ကျောက်ကသူမကိုနာကျင်အောင်လုပ်လိမ့်မည်မဟုတ်လို့ယုံကြည်ပေသည်။

ထျန်သုံးအသွင်ကမပြောင်းမလဲရှိနေဆဲဖြစ်သော်လည်းသူ့သတ်ဖြတ်လိုမှုဆန္ဒကတော့ပို၍တိုးလာခဲ့၏။ ထျန်မိသားစုကတည်တည်ငြိမ်ငြိမ်ရှိနေခဲ့လျင်ဝမ်ကျောက်သေသည်ရှင်သည်ကဘာမျှအရေးမကြီးပေ။ အကြောင်းမှာဝမ်ကျောက်ကအလျင်စလိုလုပ်ဆောင်လိမ့်မည်မဟုတ်လို့ယုံကြည်ပေ၏။

သို့သော်အခုချိန်မှာတော့ထျန်မိသားစုကဘေးကျပ်နံကျပ်ဖြင့်အန္တရာယ်ထဲရောက်နေသဖြင့်အရာအားလုံးကကွာခြားလို့သွားပြီဖြစ်သည်။ ထျန်သုံးကသူ့စိတ်ကိုပြန်ပြုပြင်လိုက်သည်။ ထျန်မြို့ကိုပြန်ရောက်သည့်အချိန်ကျမှသူကဝမ်ကျောက်ကိုသတ်ရန်အခွင့်အရေးတစ်ခုရှာဖွေရပေတော့မည်။ အကြောင်းမှာသူကဝမ်ကျောက်မသေခဲ့ဘူးဆိုလျင်ထျန်ရှုရှုအတွက်ပို၍အန္တရာယ်ထဲရောက်သွားပေလိမ့်မည်လို့ခံစားနေရသောကြောင့်ပင်။ သို့ရာတွင်အခုချိန်၌သူ့မှာဝမ်ကျောက်ကိုသတ်ရန်အခွင့်အရေးမရှိတော့ပေ။

အမည်းရောင်တိမ်များကကောင်းကင်တစ်ခုလုံးဖုံးလွှမ်းလို့လာသည်။ အမည်းရောင်တိမ်များကအချိန်မရွေးပြိုကျတော့မည်ဟန်ရှိနေ၏။

ထျန်သုံးအကြည့်ကရုတ်တရက်အလေးအနက်ဖြစ်သွား၏။ သူကတုံ့ဆိုင်းခြင်းမရှိဘဲသူ့ရင်ဘက်ကိုလက်ဖြင့်ထိုးလိုက်ပြီးသွေးအဆီအနှစ်အချို့အန်ထွက်စေလိုက်သည်။ တစ်ချိန်တည်းမှာသိုလှောင်အိတ်ထဲကနေအလင်းစက်တစ်ခုကိုထုတ်ယူလိုက်ပြီးသူ့သွေးနှင့်ရောနှောပေါင်းစပ်လိုက်သည်။ ထိုအခါဘဲဥပုံအလင်းစက်ဝိုင်းတစ်ခုကသူ့ရှေ့တွင်ပေါ်လာခဲ့၏။

ထျန်သုံးကလက်ဆန့်ထုတ်၍ဖမ်းဆုပ်လိုက်သည်။ ထျန်ရှုရှုကအံအားသင့်စွာအော်ဟစ်လိုက်မိသည်။ အကြောင်းမှာသူမကထိုဘဲဥပုံအလင်းထဲသို့ထျန်သုံး၏ပစ်သွင်းခြင်းခံလိုက်ရသောကြောင့်ပင်။ ထျန်ရှုရှုကသူမအဖေကိုမျှော်လင့်ချက်မဲ့ဟန်အကြည့်နှင့်ကြည့်၍လှမ်းအော်လိုက်သည်။

“အဖေ…”

သူမအသံထွက်ပေါ်လာသည်နှင့်ထျန်သုံးကမရက်စက်နိုင်ပဲနောက်တစ်ကြိမ်ဖမ်းဆုပ်လိုက်ပြန်သည်။ သည်တစ်ကြိမ်တော့ဝမ်ကျောက်ကိုဖမ်းဆုပ်၍ဘဲဥပုံအလင်းစက်ဝန်းထဲသို့ကြမ်းတမ်းစွာပစ်ထည့်လိုက်တော့၏။

သည်နှစ်ယောက်လုံးကအလင်းစက်ဝန်းထဲသို့ဝင်ရောက်သွားပြီးနောက်ပျောက်ကွယ်သွားတော့သည်။ သည်အရာအားလုံကလျင်မြန်စွာဖြစ်ပျက်ခဲ့ခြင်းပင်။ အမည်းရောင်တိမ်များဖြစ်ပေါ်လာသည့်အခိုက်တွင်ထျန်သုံးကသူ့ကျင့်ကြံမှုအဆင့်ကိုလျော့နည်းခံ၍သွေးအဆီအနှစ်တချို့ကိုအသုံးပြုကာထျန်ရှုရှုနှင့်ဝမ်ကျောက်တို့ကိုတည်နေရာရွှေပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ပြီးနောက်သူကမည်သည့်အရာကိုမျှနောင်တရခြင်းမရှိတော့ချေ။ ထို့နောက်သူ့ဘေးတွင်အဝါရောင်ဓားတစ်ချောင်းပေါ်လာခဲ့တော့၏။ သည်ဓားကသူကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းပင်။ ၎င်းဓား၏နာမည်ကတောက်ယွမ်ဖြစ်သည်။ အကြောင်းမှာသူ့ဇနီး၏နာမည်တွင်ယွမ်ပါသောကြောင့်ဖြစ်၏။

နေ့တိုင်းသူကသည်ဓားကိုသူစိတ်ဝိညာဉ်စွမ်းအင်ဖြင့်သန့်ရှင်းရေးလုပ်လေ့ရှိသည်။ သူကထိုဓားကိုထျန်ဟွယွမ်အပါအဝင်မည်သူ့ကိုမျှထိခွင့်မပေးချေ။

သူကအခြားသူများနှင့်တိုက်ခိုက်လျှင်လည်းထိုဓားကိုဘယ်တော့မှအသုံးပြုခြင်းမရှိပေ။ သည်ဓားအပေါ်ချစ်ခင်မြတ်နှိုးမှုသည်သူ့သမီးအပေါ်တွင်ချစ်ခင်မှုထက်နိမ့်ကျခြင်းမရှိပေ။ အကြောင်းမှာသည်ဓားကိုသူ့ဇနီးချန်ထားခဲ့သောသွေးတစ်စက်နှင့်ပြုလုပ်ထားသောကြောင့်ပင်။

သေမျိုးတစ်ယောက်၏သွေးဖြစ်သဖြင့်သည်ဓားကကျိုးကြေလွယ်ပြီးစွမ်းအားနည်းလှသည်။ သို့သော်ထျန်သုံးကဂရုစိုက်ခြင်းမရှိပေ။ အကြောင်းမှာသည်ဓားရှိနေသ၍သူ့ဇနီးရှိနေခြင်းကြောင့်ပင်။ သည်ဓားမရှိတော့လျင်သူ့ဇနီးလည်းသေပြီဖြစ်သည်။

ထိုအခိုက်တွင်ထျန်သုံးစိတ်ထဲ၌တိုက်ပွဲဆာလောင်စိတ်များနှင့်ပြည့်နှက်လို့နေသည်။ အကြောင်းမှာသူကသည်နေ့တွင်သေဆုံးတော့မည်ဖြစ်သောကြောင့်ပင်။

သူကသေရမည်ဆိုရင်ပင်သည်ဓားနှင့်အတူသေဆုံးသွားရန်မျှော်လင့်မိပေသည်။

သူကဓားကိုညင်သာစွာထိတွေ့လိုက်၏။ သည်တစ်ခါကသည်ဓားကိုနောက်ဆုံးအကြိမ်စိတ်ဝိညာဉ်စွမ်းအင်ဖြင့်သန့်ရှင်းရေးလုပ်ပေးခြင်းဖြစ်သည်။ သူကဆုံးဖြတ်ချက်ချပြီးဟန်ဖြင့်သူ့ဓားကိုတဝီဝီမြည်စေလျက်ကောင်းကင်ထက်ရှိအမည်းရောင်တိမ်များဆီသို့ပျံသန်းတိုးဝင်၏။

ထျန်သုံးကဓားနှင့်အတူသူ့ခန္ဓာကိုယ်ထဲရှိစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကိုအသုံးပြု၍ကြယ်တစ်စင်းအလားအမည်းရောင်တိမ်များဆီသို့တိုးဝင်လာနေခဲ့သည်။

ထျန်သုံးကကောင်းကင်ရှိအမည်းရောင်တိမ်များကိုဖြတ်၍ကီလိုမီတာ(၁၀၀)သို့ရောက်လာခဲ့သည်။

အမည်းရောင်တိမ်များကစုဝေးသွားပြီးဝမ်လင်း၏မျက်နှာအသွင်ကဲ့သို့ဖြစ်ပေါ်လာခဲ့၏။ သူကသူ့ရှိတိုးဝင်လာသောကြယ်တစ်စင်းအလားပုံရိပ်ကိုကြည့်၍တွေးမိလိုက်သည်။

သက်လတ်ပိုင်းလူကြီးကဝမ်လင်းဆီသို့မည်သည့်ကြောက်လန့်မှုမှမရှိဘဲသေဆုံးရန်တိုးဝင်လာနေခဲ့သည်။ ထျန်သုံးသေဆုံးခါနီးအခိုက်တွင်ဝမ်လင်းကသူ့ထံမှဝမ်းနည်းပူဆွေးမှုခံစားချက်ကိုခံစားမိလိုက်၏။

ဝမ်လင်းကအချိန်အတော်ကြာစဉ်းစားနေလိုက်သည်။ ဒီလူမှာအလွန်တော်သောမကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာနိုင်သော်လည်းသူကထိုလူ၏ဝိညာဉ်ကိုယူဆောင်ခြင်းမရှိပေ။ သူကထျန်မိသားစုတွင်အခုလိုချစ်ခြင်းမေတ္တာကိုဂရုစိုက်သည့်လူမျိုးရှိနေလိမ့်မည်လို့မထင်ထားမိချေ။ သို့ရာတွင်သူကသေတော့သေရပေမည်။ သူကထျန်မိသားစုတွင်လူမဖြစ်လာသင့်ခဲ့ပေ။ ထျန်သုံးက(၁၀၀)ကီလိုမီတာအကွာတွင်ခြေချလိုက်ပြီးနောက်သူ့ကိုယ်တွင်မည်သည့်ဒဏ်ရာမှမရဘဲသေဆုံးသွားခဲ့တော့သည်။

သူ့လက်ထဲရှိတောက်ယွမ်ဓားကလည်းနောက်ဆုံးအကြိမ်အဖြစ်တောက်ပသွားပြီးကွဲကြေသွားလေတော့သည်။

ထျန်မိသားစုမြို့တွင်ထျန်မိသားစုဘိုးဘေးအိမ်ရှိအပေါ်ဆုံးထပ်တွင်ထျန်ဟွယွမ်ကကျောက်စိမ်းပြားကိုးခုကိုစူးစိုက်ကြည့်လို့နေသည်။ သည်ကိုးခုထဲမှငါးခုကတော့ကွဲကြေသွားပြီဖြစ်သည်။ ထျန်ဟွယွမ်ကသက်ပြင်းချလိုက်စဉ်မှာပင်ထျန်သုံးကိုကိုယ်စားပြုသောကျောက်စိမ်းပြားကလည်းကွဲကြေသွားပြီဖြစ်သည်။

ထျန်ဟွယွမ်ခန္ဓာကိုယ်ကတုန်ခါသွားသည်။ သူ့မျက်နှာကလည်းများစွာပိုအိုစာသွားသလိုပင်။ သူကကွဲကြေသွားသောကျောက်စိမ်းပြားများကိုထိတွေ့၍သူ့လက်ကထျန်သုံးကျောက်စိမ်းပြားပေါသို့လက်လှမ်းမိသွားစဉ်နှစ်ပေါင်းလေးရာအတွင်းတစ်ခါမျှမကျခဲ့ဖူးသောမျက်ရည်များကျလာခဲ့သည်။

ထျန်ဟွယွမ်ကခပ်တိုးတိုးပြောလိုက်သည်။ “ဟိုင်းအာ…”

ထျန်ဟိုင်းကထျန်သုံး၏နာမည်ရင်းဖြစ်သည်။

တစ်စုံတစ်ယောက်ကပင်မထျန်မိသားစုဝင်ဖြစ်လာသည့်အခါသူတို့ဝိညာဉ်အပိုင်းအစတစ်ခုကိုအထူးကျောက်စိမ်းပြားတစ်ခုတွင်သိမ်းထားလေ၏။ နှစ်ရက်တာအချိန်လေးမှာပင်ကျောက်စိမ်းပြားအများအပြားကကွဲကြေသွားခဲ့ရပြီးတစ်ခုကွဲကြေတိုင်းထျန်ဟွယွမ်နှလုံးသားကနာကျင်နေခဲ့ရ၏။

အထူးသဖြင့်ထျန်ငါးပင်။ သူကထျန်ငါးကိုသူ့ရှေ့တွင်သေသွားခဲ့သည်ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကပေ(၁၀၀)လောက်သာကွာတော့သော်လည်းထျန်ဟွယွမ်ကထျန်ငါးဆီမသွားရောက်နိုင်ခဲ့ပေ။

ထျန်ငါးကထျန်လီနှင့်ဆင်တူလှသဖြင့်ထျန်ဟွယွမ်၏ဂရုစိုက်မှုများစွာကိုရရှိခဲ့ပေသည်။

ထျန်နိုင်းကကလေးဘဝကအတွေ့အကြုံကြောင့်သူ့ကိုယ်ရွေးကိုယ်သွေးကတစ်မျိုးတစ်ဘာသာဖြစ်သွားခဲ့သည်။ သူ့လမ်းကြောင်းကအစွန်းရောက်သွားခဲ့ပြီးသူ့သက်တမ်းကိုလျော့နည်းစေခဲ့၏။ ထျန်ဟွယွမ်ကသူ့အတွက်အရည်အသွေးမြင့်ဆေးလုံးများစွာပြင်ဆင်ပေးခဲ့သော်လည်းအခုတော့အသုံးမဝင်နိုင်တော့ပေ။

ထျန်ရှစ်၊ထျန်စစ်နှင့်ထျန်လေးတို့ကလည်းထျန်ဟွယွမ်၏စိတ်ထဲတွင်ရှိသည်သာဖြစ်သည်။ သို့ရာတွင်ထျန်သုံးကသူ့အတွက်ခုထိအရေးကြီးဆုံးဖြစ်နေခဲ့၏။

ထျန်ဟွယွမ်ကထျန်သုံးသည်ထျန်မိသားစု၏မျက်နှာကိုအိုးမဲသုတ်သည့်ကောင်လို့အမြဲယူဆခဲ့ပေသည်။ သူကပင်မတပည့်အဖြစ်မွေးဖွားခဲ့သော်လည်းကျင့်ကြံရမည့်အစားသေမျိုးမိန်းမတစ်ယောက်နှင့်ချစ်ကြိုက်နေခဲ့သည်။ ထျန်ဟွယွမ်ကသူတို့နှစ်ယောက်ကိုအတင်းကွဲစေခဲ့သည်။ ထျန်ဟွယွမ်သည်ထျန်သုံးကသူ့အားမုန်းနေမှန်းသိပေ၏။

သို့ရာတွင်သည်အရာကသူထျန်သုံးအပေါ်ဂရုစိုက်မှုကိုလုံးဝအကျိုးသက်ရောက်ခြင်းမရှိပေ။ တကယ်တော့သူကသူတို့နှစ်ယောက်ကိုအတင်းခွဲစေလိုက်သည့်အတွက်နောင်တရခဲ့ပေသည်။ သို့သော်အခချိန်မှာသူကထျန်သံးကိုသူ့နောင်တရသည့်အကြောင်းပြောရန်မည်သို့မျှအခွင့်မရှိနိုင်တော့ပေ။ အကြောင်းမှာထျန်သုံးကသေဆုံးသွားခဲ့ပြီဖြစ်သောကြောင့်ပင်။

***

All Chapters