← Chapters

အခန်း ၁၂၄၃

Vol. 125 Ch. 1243

အခန်း ၁၂၄၃

Vol. 125 Ch. 1243

အခန်း (၁၂၄၃) မင်းနဲ့ ဗောဓိသတ္တ ဘယ်သူက ပိုသန်မာလဲဆိုတာကို

"..."

ကျောက်စိမ်းပြားက အချိန်အတော်ကြာ ထပ်မံ တိတ်ဆိတ်သွားပြီးနောက် "မင်းရဲ့ စီနီယာအစ်ကို ယွင်မြောင်က သဘောတူမလား" ဟု မေးလာ၏။

ဤမျှ သိသာထင်ရှားသော စကားရှောင်လွှဲမှုအရ တစ်ဖက်လူ ဘာကို စိုးရိမ်နေသလဲဆိုသည်ကို လင်းစု နားမလည်ဘဲ မနေပေ။

တတိယအဆင့် နယ်ပယ်သို့ ဝင်ရောက်ပြီးသော ကျင့်ကြံသူတစ်ဦးက ထာဝရရှင်သန်ခြင်းနှင့် တစ်လှမ်းသာကွာဝေးပြီး အမုန်းပွားတိုက်ခိုက်မှုများကို ရှောင်ရှားလိမ့်မည်။ အထူးသဖြင့် မသေမျိုးသုံးပါးဂိုဏ်း လွှမ်းမိုးထားသော မြောက်ပိုင်းတိုက်ကြီးတွင် ဖြစ်၏။

"စီနီယာအစ်ကိုနဲ့ ကျွန်မကိုယ်တိုင် စကားပြောမယ်"

လင်းစုသည် သူမ၏ နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်၏။ စီနီယာအစ်ကိုက သူမအား ထိုပိုးကောင်နတ်ဆိုး တပည့်နှင့် တာအိုနယ်မြေကို မျှဝေခိုင်းချိန်တွင်ပင် သူမသည် သူ့ကို တိုက်ခိုက်ရန် မစဉ်းစားခဲ့ပေ။ သို့သော် ယခုအခါ သူက လွန်လွန်းသွားပြီး အလွန်အမင်း ထင်ပေါ်လွန်းကာ သူ၏ လောဘကို တွန့်ဆုတ်မှုမရှိ ပြသနေကြောင်း ရှင်းလင်းနေသည်။

စဉ်းစားပြီးနောက် သူမသည် ရှန်းယီ၏ လျှို့ဝှက်ချက်အားလုံးကို ပြတ်သားစွာ ဖွင့်ချလိုက်ပြီး စီနီယာအစ်ကို ယွင်မြောင်က ချင်းကွမ်း၏ မျက်နှာကို ထောက်ထားရုံသာ ဖြစ်ကြောင်း ရှင်းပြလိုက်၏။ သူမသည် ထိုက်ရွှီဆေးဧကရာဇ် အပေါ် ကြိုးကြာကလေး၏ချီးကျူးစကားများကို တမင်တကာ ချန်လှပ်ထားခဲ့သည်။

"တကယ်လို့ သူသာ လင်းရွှီဂူမှာ ငြိမ်ငြိမ်နေခဲ့ရင် တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မတို့တာဝန်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူက သူ့ဘာသာ ထွက်လာတာဆိုတော့ တောထဲမှာ သေသွားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး"

ဤစကားကို ကြားသောအခါ အစစ်အမှန်အရှင် မော်ဖုန်းက တစ်ခဏမျှစဉ်းစားသွား၏။ သူက ချက်ချင်း တုံ့ပြန်မလာဘဲ ၎င်း၏မဟာနတ်ဆိုးကြီး မည်သို့ အသတ်ခံလိုက်ရသနည်း ဆိုသည့် အသေးစိတ် အချက်အလက်များကို မေးမြန်းလာသည်။

ဇာတ်လမ်းတစ်ပုဒ်လုံးကို ကြားပြီးနောက် သူ မကြာမီကမှ ဖိနှိပ်ထားနိုင်ခဲ့သော ဒေါသများက တစ်ဖန် ပြန်လည် ထွက်ပေါ်လာ၏။

မြောက်ပိုင်းတိုက်ကြီးတွင် မဟာနတ်ဆိုးကြီး တစ်ကောင်ကို ဖမ်းဆီးနှိမ်နင်းရန် ကြိုးစားခြင်းမှာ အလွန် ခက်ခဲသည်။ မည်သို့ပင်ဆိုစေ တာအိုနယ်မြေများကို သိမ်းပိုက်ရာတွင်ဖြစ်စေ၊ ဧကရာဇ်ချီ ထုတ်ယူရာတွင်ဖြစ်စေ သူတို့၏အကူအညီအား မရှိမဖြစ် လိုအပ်၏။

ကျင့်ကြံခြင်း ကိစ္စရပ်များအတွက် သူတို့က မသေမျိုး ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များထက် ပို၍ အသုံးဝင်နိုင်သည်။

ဤကျားနတ်ဆိုးက အစစ်အမှန်အရှင် မော်ဖုန်း နှင့် အကြိမ်များစွာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။ သူက ၎င်းနှင့် အလွန်ဟန်ချက်ညီပြီး ၎င်းက သူ၏ အဖိုးတန် ပိုင်ဆိုင်မှုတစ်ခုလိုဖြစ်နေကာ ကောင်းကင်မျှော်စင်တောင်ပေါ်တွင် အချည်းနှီး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပေ၏။

"အံ့သြစရာ မရှိဘူး။ စည်းကမ်းတွေကို နားမလည်တဲ့ နိမ့်ကျတဲ့ တိရစ္ဆာန်ပိုးကောင်နတ်ဆိုး ဆီက သင်ယူထားတာကိုး"

မြောက်ပိုင်းတိုက်ကြီးတွင် ၎င်း၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိ၏။ ဂိုဏ်းဝင်များ အချင်းချင်း ယှဉ်ပြိုင်ကြလျှင်ပင် အနိုင်ရသောဘက်က ဤကဲ့သို့သော မဟာနတ်ဆိုးကြီးကို လုံးဝ သတ်ပစ်လေ့ရှိသည်မှာ ရှားပါးသည်။ သူတို့က ၎င်းကို ဖမ်းဆီးထားခြင်း သို့မဟုတ် လက်ထဲတွင် သိမ်းထားပြီး ရှုံးနိမ့်သူက ရွေးယူရန် စောင့်ဆိုင်းကြမည်။

ဤမဟာနတ်ဆိုးကြီး အသတ်ခံရခြင်းမှာ အဆင်အခြင်မဲ့ ဖျက်ဆီးခြင်းလုပ်ရပ်တစ်ခုသာ ဖြစ်၏။

"အစ်မ၊ စိုးရိမ်မနေနဲ့။ သူက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ တန်ဖိုးတစ်ခု ပေးဆပ်ရမှာ။ ဒါပေမယ့် သူက သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားပုံ ရတယ်ည်။ ဂိုဏ်းတူတပည့် နှစ်ယောက်ကို ကူညီဖို့ ကျုပ် ခေါ်လိုက်မယ်။ ပြီးတော့ သူ့ရဲ့တာအိုအသီးအပွင့်ကို ပစ်မှတ်ထားဖို့ ပြင်ဆင်ထားလိုက်"

နောက်ဆုံးတွင် မော်ဖုန်း သဘောတူလိုက်၏။

လင်းရွှီဂူသို့ မဝင်ရောက်ခင်တွင် ထိုက်ရွှီ ဆေးဧကရာဇ်ဆိုသူသည် မြောက်ပိုင်းတိုက်ကြီးမှ လူတစ်ဦးအဖြစ် မသတ်မှတ်ခံရသေးသကဲ့သို့ မသေမျိုးသုံးပါးဂိုဏ်း အဖွဲ့ဝင် တစ်ဦး၏အဆင့်အတန်းလည်း မရှိခဲ့ပေ။ သူ့ကို ဆန့်ကျင် လှုပ်ရှားလိုပါက ပြဿနာများကို လျှော့ချရန်အတွက် သူ အမှန်တကယ်မပေါင်းစည်းမီသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။

"ကျေးဇူးတင်သည် ဂျူနီယာမောင်လေး"

တစ်ဖက်လူမှာ အလွန်အမင်းသတိကြီးလွန်းနေသည်ဟု လင်းစု ခံစားရသော်လည်း သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်းနယ်ပယ်ရှိ သူမနှင့် ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းရှိကျင့်ကြံသူတစ်ဦးအတွက် တတိယအဆင့်သို့ ယခုမှဝင်ရောက်လာသော ပိုးကောင်နတ်ဆိုး တပည့်တစ်ဦးကို ကိုင်တွယ်ရန်မှာ အလုပ်ကြီးတစ်ခုမဟုတ်ပေ။

လူအများအပြား ခေါ်ဆောင်လာခြင်းက ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ လိုအပ်မည်ဖြစ်ပြီး သူမဘက်မှ များပြားသော ကုန်ကျစရိတ်များလည်း ရှိလာနိုင်၏။ သို့သော် သူမက မော်ဖုန်းထံ အကူအညီတောင်းခံထားသဖြင့် ၎င်းကိုသည်းခံရန်သာ တတ်နိုင်၏။

...

လင်းရွှီဂူ၊ တစ်ပိုင်းပြိုကမ်းပါး

ခရမ်းရောင်တိမ်တိုက် တာအို ဝတ်ရုံ လွင့်ခါနေပြီး အစစ်အမှန်အရှင် ယွင်မြောင်က ကမ်းပါးစွန်းတွင် တင်ပျဉ်ခွေထိုင်ကာ ခရမ်းရောင် မြူခိုးမြူတန်းလေးတစ်ခုဖြင့် ကောင်းကင်နှင့် မြေပြင်၏ အနှစ်သာရကိုစုပ်ယူတရားထိုင်ကျင့်ကြံနေ၏။

သူ၏အနောက်တွင် ခြေသံများ တိုးညှင်းစွာ ထွက်ပေါ်လာသည်။

အစစ်အမှန်အရှင် ယွင်မြောင်က နောက်သို့ လှည့်မကြည့်ဘဲ သူ၏မျက်လုံးများကိုသာ ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ "ကောင်းကင်မျှော်စင်တောင်က ကိစ္စကို ငါ ကြားပြီးပြီ။ ဆေးဧကရာဇ် ဂျူနီယာညီလေးက အနည်းငယ်အသိဉာဏ်ကင်းမဲ့ကောင်း ကင်းမဲ့နိုင်မယ်။ ဒါပေမယ့် သူက မြောက်ပိုင်းတိုက်ကြီးကို အသစ်ရောက်လာတာဆိုတော့ ငါတို့ရဲ့ နည်းလမ်းတွေကို မသိသေးဘူး။ မဟာနတ်ဆိုးကြီး တစ်ကောင်ကျူးကျော်လာတယ်လို့ သူ တကယ်ထင်သွားလို့ အလျင်စလို လုပ်မိတာလည်း ဖြစ်နိုင်တယ်။ မင်း နားလည်သင့်တယ်"

လင်းစုက သူ၏အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အစ်ကိုကြီးက ယခုအချိန်ထိ ကျူးကျော်သူအတွက်အကြောင်းပြချက် ပေးနေဆဲဖြစ်သည်ကို ကြားသောအခါ လှောင်ပြုံးတစ်ခုကို မပြုံးဘဲ မနေနိုင်ခဲ့ပေ။

"..."

အစစ်အမှန်အရှင် ယွင်မြောင်သည် အချိန်အတော်ကြာ တုံ့ပြန်မှု မရရှိသောအခါ နောက်ဆုံးတွင် အနည်းငယ် လှည့်ကြည့်လိုက်၏။ "သူက မင်းရဲ့ တာအိုနယ်မြေကို တကယ်သိမ်းပိုက်ချင်နေရင်တောင် ဆရာက မင်းကို အချစ်ဆုံးပဲ။ မင်း အနိုင်ကျင့်ခံရတာကို သူက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ မင်းရဲ့ ဒေါသကြောင့် မင်းရဲ့ ကျင့်ကြံမှုကို မပျက်စီးစေနဲ့"

ရိုးရိုးသားသားပြောရလျှင် သေဘေးမှ ယခုလေးတင် လွတ်မြောက်လာသော ဤထိုက်ရွှီ ဆေးဧကရာဇ်က အချိန်အတိုင်းအတာ တစ်ခုအထိ ပိုမို သတိထားသင့်သည်ဟု သူကိုယ်တိုင်လဲ တွေးထားခဲ့၏။ မြောက်ပိုင်းတိုက်ကြီးသို့ ယခုမှရောက်ရှိလာပြီး နေရာနှင့်ပင်မရင်းနှီးသေးဘဲ ဤမျှ စိတ်အားထက်သန်နေကာ ဂုဏ်သိက္ခာတစ်စက်မျှဂရုမစိုက်ဘဲ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ရန် ကြိုးစားနေ၏။

သို့သော် အစစ်အမှန်အရှင် ယွင်မြောင်က ဆေးဧကရာဇ်က ကျားနတ်ဆိုးကိုပြတ်သား အလွယ်တကူသတ်ဖြတ်ခဲ့ကြောင်း တပည့်ဖြစ်သူ သတင်းပို့သည်ကို ပြန်လည်သတိရမိပြီး အခြားအတွေးများ ရှိနေခဲ့သည်။

ကြိုးကြာကလေး ပြောတာ မမှားပေ။ ဤသူက အမှန်တကယ်ပင် မျိုးစေ့ကောင်းတစ်ခုဖြစ်ပြီး သူ့၏လောဘများက သူ၏ဂိုဏ်း ဖျက်ဆီးခံလိုက်ရသဖြင့်နာကြည်းမှု ခံစားရကာ မြောက်ပိုင်းတိုက်ကြီးတွင် လက်စားချေလိုသော ရလဒ်တစ်ခုမျှသာ ဖြစ်နိုင်၏။

အစစ်အမှန်အရှင် ယွင်မြောင် ကိုယ်တိုင်ကလည်း ယုံကြည်မှုစွမ်းအင်အတွက် ကိုယ်တိုင်ကိုယ်ကျ ယှဉ်ပြိုင်ရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူ၏ဂျူနီယာညီလေးများက သူ့ကို လေးစားမှုသိပ်မပေးကြဘဲ သူ၏ဂျူနီယာညီမလေး တစ်ဦးတည်းသာ သူ့အပေါ် အနည်းငယ် ရင်းနှီးပေသည်။

အကယ်၍ သူက ထိုက်ရွှီ ဆေးဧကရာဇ်၏ မကျေနပ်မှုများကို ဖြေလျှော့ပေးနိုင်ပြီး သူ့ကို သိမ်းသွင်းနိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ သူက အသုံးဝင်သော မဟာမိတ်တစ်ဦး ဖြစ်လာနိုင်၏။ ၎င်းက လောလောဆယ်တွင် သူ၏ဂျူနီယာညီမလေးအတွက် မတရားလုပ်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"စီနီယာအစ်ကို၊ ကျွန်မ ဒီနေ့ ဒီအကြောင်း ဆွေးနွေးဖို့ လာတာ မဟုတ်ဘူး" လင်းစုက သူ၏ စကားချီးကို ဖြတ်ကာ တိုက်ရိုက် ပြောလိုက်၏။

သူမ၏ မျက်နှာသည် အေးစက်နေပြီး ရိုသေစွာဖြင့် "မကြာသေးခင်က ကျွန်မရဲ့ အတွေးတွေက မပြေလည်သေးဘူး၊ အဲဒါကြောင့် စိတ်အပန်းဖြေဖို့ ချီယွင်ဂူက ဂျူနီယာမောင်လေးနဲ့အတူ အပြင်ထွက်ဖို့ စီစဉ်ထားတယ်။ လောလောဆယ် ဂိုဏ်းကို ပြန်မလာနိုင်သေးဘူး၊ စိုးရိမ်မနေဖို့ပြောချင်ပါတယ်" ဟု ပြောလိုက်သည်။

"မင်း..."

အစစ်အမှန်အရှင် ယွင်မြောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ မျက်လုံးထောင့်များ အနည်းငယ် တုန်လှုပ်သွား၏။ သူ၏ ဂျူနီယာညီမလေးက ချီယွင်ဂူ မှ တပည့်များနှင့် ဆက်ဆံရေးကောင်း ရှိကြောင်းနှင့် ကောင်းကင်မျှော်စင်တောင် ကိစ္စတွင် သူတို့ကူညီပေးခဲ့ကြောင်း သူ သိထားသည်။

သို့သော် ယခုအခါ သူမက ထိုရပ်တည်ချက်ကို အတည်ပြုနေပြီဖြစ်၏။

All Chapters