အခန်း ၁၂၄၄
Vol. 125 Ch. 1244
အခန်း (၁၂၄၄) မင်းနဲ့ ဗောဓိသတ္တ ဘယ်သူက ပိုသန်မာလဲဆိုတာကို
၂
ဘာဖြစ်သွားသနည်း။ လင်းရွှီဂူကို ယုံကြည်စိတ်ချရမှုမရှိဟုယူဆကာ အခြားနေရာတစ်ခုကို ရှာဖွေရန် စီစဉ်နေခြင်းလော။
“နင် ဒီအတိုင်း ထွက်သွားရင် ကောင်းကင်မျှော်စင်တောင်ကတော့...”
“ဂရုစိုက်ချင်တဲ့သူကိုသာ စီမံခိုင်းလိုက်ပါ၊ ဒါက ညီမလေးရဲ့နယ်မြေမှ မဟုတ်တာ၊ အတင်းအကျပ် ယူထားလို့လည်းမြဲမှာ မဟုတ်ဘူးလေ။”
လင်းစုက သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး တောင်အောက်သို့ဆင်းရန် လှည့်ထွက်သွားလေသည်။
အစစ်အမှန်အရှင် ယွင်မြောင်၏ မျက်နှာက နီတစ်ခါ စိမ်းတစ်လှည့် ဖြစ်သွားပြီး သူ၏ အမူအရာကလည်း အလားတူ မှောင်မိုက်သွားချေ၏။
“သဘောပဲ၊ မင်းရဲ့ အတောင်ပံတွေ သန်မာလာပြီဆိုတော့ ငါလည်း မင်းကို မထိန်းချုပ်နိုင်တော့ဘူး။”
အနောက်ဘက်မှ တိုးညှင်းသော ကြိမ်းမောင်းသံကို နားထောင်ရင်း...
လင်းစုက လုံးဝ ဒေါသမထွက်သည့်အပြင် ခြေလှမ်းများကို ပိုမိုသွက်လက်စေကာ လှောင်ပြောင်မှုများဖြင့် တိတ်တဆိတ် ပြုံးလိုက်လေ၏။
“စီနီယာအစ်ကိုက မြောက်ပိုင်းတိုက်ကြီးမှာ လက်ရှိ အခြေအနေကိုရောက်နေတာက သူ့မှာ ရက်စက်မှု မရှိသလို သတ္တိလည်း မရှိလို့ပဲ။ ငါသာ သူလမ်းအတိုင်းဆက်လျှောက်နေရင် မဟာကပ်ဘေးကြီး ပြီးဆုံးသွားတဲ့အခါ ကျန်နေတဲ့အရိုးလေးတောင်ကိုက်ရမှာမဟုတ်ဘူး။”
“အခု လင်းရွှီဂူကနေ ထွက်သွားဖို့ အကြောင်းပြချက်တစ်ခု ရပြီ။ အဲဒီ ပိုးကောင်နတ်ဆိုးတပည့်က ပြဿနာတက်ပြီး ချင်းကွမ်းဂူက မေးမြန်းလာရင်တောင် သူတို့က စီနီယာအစ်ကိုကိုပဲ ဒုက္ခပေးကြမှာ၊ လင်းစုနဲ့ ဘာမှမဆိုင်တော့ဘူး။”
“ဂျူနီယာမောင်လေး မော်ဖုန်း၊ အခု ကျွန်မ လာနေပြီ။”
သူမက ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူကာ မှော်ရတနာလက်နက်တစ်ခုကို အသက်သွင်းလိုက်ပြီးသဘောတူထားသော နေရာဆီသို့ အလျင်စလို ပျံသန်းသွားလေသည်။
ကောင်းကင်မျှော်စင်တောင်နှင့် သိပ်မဝေးလှသော နေရာတွင်..
အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပါသည်။
လင်းစု ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် သူမက အစစ်အမှန်အရှင် မော်ဖုန်းကို အရင်ဆုံး နှုတ်ဆက်လိုက်ပြီးနောက်ရိုသေစွာဖြင့် ပြောလိုက်၏။
“ဂျူနီယာညီမလေး လင်းစုက စီနီယာအစ်မ ယွဲ့ရှင်းနဲ့ စီနီယာအစ်ကို မုစုန့်တို့ကို ဂါရဝပြုပါတယ်။”
ထိုနှစ်ဦးက တုံ့ပြန်သည့်အနေဖြင့် ခေါင်းအနည်းငယ်ညိတ်ပြလိုက်ကြပြီး မော်ဖုန်းဘက်သို့ ကြည့်လိုက်၏။
“အဲဒီ တောင်ပိုင်းတိုက်ကြီးက ကျင့်ကြံသူကရော ဘယ်လိုလဲ။” သူတို့သုံးဦးစလုံးက ချီယွင်ဂူမှ ဂိုဏ်းတူတပည့်များဖြစ်ကြပေသည်။
ဤအကူအညီလေးက ကြီးကြီးမားမား မဟုတ်ချေ။
ဂိုဏ်းဝင်အချင်းချင်း ကိုင်တွယ်ဖြေရှင်းခြင်းမျိုး မဟုတ်ဘဲ ပြင်ပသီးခြားကျင့်ကြံသူ တစ်ယောက်သာဖြစ်ပြီး သူ၏ကျင့်ကြံခြင်းကလည်း မမြင့်မားပေ။ မော်ဖုန်းက သူတို့ကိုကူညီပေးရန် တောင်းဆိုလာခြင်းမှာ အနည်းငယ်လွန်ကဲနေသလို ရှိလေ၏။
သို့သော် ဥပမာတစ်ခုတော့ ချမှတ်ထားရန် လိုအပ်ပါသည်။
ယခု တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူတစ်ယောက် ရောက်လာပြီဖြစ်ပေသည်။ အကယ်၍ သူတို့ကို အောင်မြင်မှုအရသာလေးမြည်းစမ်းခွင့် ပေးလိုက်ပါက အရှေ့တိုက်ကြီးနှင့် အနောက်တိုက်ကြီးမှ လူများပါ အားလုံး စုပြုံရောက်လာနိုင်၏။
မိမိတို့လူ အချင်းချင်းတံခါးပိတ်ပြီး တိုက်ခိုက်ခြင်းက အဆင်ပြေနိုင်သော်လည်း ဤသို့သော အချိန်မျိုးတွင် ပြင်ပလူများကို ဆန့်ကျင်ရန်အတွက် မိမိတို့ စည်းလုံးသင့်ပေသည်။
“စီနီယာအစ်ကိုနဲ့ အစ်မ၊ စိတ်မပူပါနဲ့။ သူ့ကို မျှားခေါ်လာဖို့ ကျွန်မမှာ နည်းလမ်းရှိပါတယ်။”
လင်းစုက ယုံကြည်မှု အပြည့်ဖြင့် စကားဝိုင်းကို လွှဲယူလိုက်လေ၏။
သူမ အစီအစဉ်များ ချမှတ်ပြီးပြီဖြစ်သည်။
ထိုကောင်လေးက ကောင်းကင်မျှော်စင်တောင်တွင် သူ၏မသေမျိုးဘွဲ့အမည်ကို ယခုလေးတင် တည်ဆောက်ထားခဲ့ပြီး သူ၏စရိုက်လက္ခဏာကို သိထားသောကြောင့် ယုံကြည်မှုစွမ်းအင်များကို တစ်ဦးတည်းရယူရန် အခွင့်အရေးတိုင်းကို သူ သေချာပေါက် ဆုပ်ကိုင်လိမ့်မည်။
“ဒါပေမယ့် ဘာမတော်တဆမှုမှဖြစ်လို့မရဘူးနော်။” လင်းစုအနေဖြင့် ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး သူမ အနည်းငယ် စိုးရိမ်မကင်း ဖြစ်နေမိချေ၏။
အကယ်၍ သူလွတ်မြောက်သွားပြီး သတင်းပြန့်သွားပါက စီနီယာအစ်ကို၏အပြုအမူအရ သူက တာဝန်ယူမည်မဟုတ်ဘဲ သူမ တစ်ဦးတည်းသာ ချင်းကွမ်းဂူ၏မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရပါလိမ့်မည်။
“စီနီယာအစ်ကိုရဲ့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့။” မော်ဖုန်းက ရယ်မောလိုက်ပြီး သူ၏ညာလက်ကိုဆန့်ထုတ်လိုက်ရာ လက်ဖဝါးထဲတွင် ကျောက်စိမ်းကြေးမုံငယ် တစ်ခု ရှိနေလေ၏။
“ဒီကိစ္စအတွက် ဒီကြယ်တာရာ ကြေးမုံကို ဂူထဲကနေ အထူးတလည် ယူလာခဲ့တာပါ။ အထဲရောက်သွားတာနဲ့ သူ့ရဲ့ရှန်းရွှီ တာအိုအသီးအပွင့်ကို လုံးဝ စွမ်းအင်မဲ့သွားစေပြီး မြေလျှိုးဖို့ရောမိုးပျံဖို့ပါမစွမ်းနိုင်အောင် လုပ်ပစ်လိမ့်မယ်။”
“ငါ့ရဲ့ကျားနတ်ဆိုးကို ထိရဲတဲ့အတွက် သူ့ရဲ့ တာအို ပျောက်ကွယ်ပြီးသေသွားတာက အရမ်းပေါ့ပါးနေသေးတယ်။”
“ဟူး။”
ဤစကားကို ကြားသောအခါ လင်းစုက သက်သာရာရသွားပြီး နောက်ဆုံးတွင်အပြုံးတစ်ခု ပေါ်လာကာ နောက်ထပ် ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်လေ၏။
...
ကောင်းကင်မျှော်စင်တောင် ခြေရင်းတွင်..
ကယ်ဆယ်ရေးလုပ်ငန်းများကို မူလက တာဝန်ယူထားသော မသေမျိုးဆရာသခင်က မျှော်လင့်တကြီး စောင့်စားနေသော ဒုက္ခသည် အုပ်စုများကို အပြေးအလွှားဖြတ်သန်းသွားပြီး နောက်ဆုံးတွင် သစ်ပင်အောက်၌တိတ်ဆိတ်စွာ ထိုင်နေသော ပုံရိပ်ကို တွေ့ရှိသွားလေသည်။
“စီနီယာ၊ကျွန်တော့် ဆရာကို တွေ့မိသေးလား။”
“ငါ မတွေ့မိဘူး။”
ရှန်းယီက မော့ကြည့်လိုက်ပြီး သူ၏လက်များကို ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။
“ဒါက...”
လင်းရွှီဂူမှ တပည့်သည် စိုးရိမ်နေပုံရ၏။
“ကျွန်တော်တို့ရဲ့တိမ်စီးတာက အရမ်းနှေးလွန်းလို့ပါ။ စီနီယာက လင်းရွှီဂူကို တစ်ခေါက်လောက် သွားပြီး အစစ်အမှန်အရှင်ယွင်မြောင်ကို လာခဲ့ဖို့ တောင်းဆိုပေးလို့ ရမလား။”
“ဘာကိစ္စ ရှိလို့လဲ။”
ထိုတပည့်သည် တုံ့ဆိုင်းသွားပြီး ရှင်းပြရန် ဆန္ဒမရှိပုံရသော်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ သူ၏လက်သီးကို ဆုပ်၍ ပြောလိုက်လေ၏။
“မကြာသေးခင်က နတ်ဆိုးကပ်ဘေးက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးလို့ ထင်ရတယ်။ တခြား မသေမျိုးတွေက ကျွန်တော်တို့ ဆရာရဲ့ တာအိုနယ်မြေကို သိမ်းပိုက်ချင်နေပုံပဲ။ ကျားနတ်ဆိုးက စမ်းသပ်မှုသက်သက်ဖြစ်ပြီး ကျွန်တော်တို့ ညီအစ်ကိုတွေက အနီးအနားမှာ တခြား မဟာနတ်ဆိုးကြီးတွေရဲ့ ခြေရာတွေကို တွေ့ခဲ့တယ်။”
သူက ခါးသီးစွာ သက်ပြင်းချလိုက်၏။
“ဆရာက အကြောင်းပြချက် တစ်ခုခုကြောင့် ဒေါသထွက်ပြီး စိတ်ပြေလက်ပျောက်အပြင်ထွက်သွားတယ်။ သူ့ကို ဆက်သွယ်လို့ မရတော့ ဆရာဦးလေးဆီကပဲ အကူအညီ တောင်းရတော့မယ်။”
"..."
ရှန်းယီက တစ်ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
“ပြဿနာကြီးကြီးမားမားလုပ်နေစရာ မလိုပါဘူး၊ လမ်းပြပါ။”
လင်းရွှီဂူမှ တပည့်သည် မှင်တက်သွားပြီးနောက် သတိထားဟန်ဖြင့် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြလိုက်သည်။
“စီနီယာ၊ ဒါက စည်းကမ်းတွေကို ချိုးဖောက်ရာ ကျနေတယ်။”
ငါးကတော့ ငါးစာမိသွားပြီဟု သူက ရင်ထဲတွင် အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။
သူတို့၏တာအိုနယ်မြေကို သိမ်းပိုက်ချင်သော ရည်ရွယ်ချက်က ၎င်းမျက်နှာပေါ်တွင် အထင်းသား ရေးသားထားသည်ဖြစ်ရာ ဆရာဖြစ်သူရက်စက်သည်ဟု အပြစ်မတင်သင့်ချေ။
“အကြောင်းပြချက် တစ်ခု ရှိပါတယ်၊ လင်းရွှီဂူကို ငါ ရှင်းပြလိုက်မယ်။” ရှန်းယီက ခေါင်းညိတ်လိုက်သည်။
၎င်းကို မြင်သောအခါ ထိုတပည့်သည် အံများကို တင်းတင်းကြိတ်လိုက်ပြီး နောက်ဆုံးတွင် လမ်းပြရန် လှည့်လိုက်၏။
“စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။”
“သခင်ကြီး၊လှည့်စားလိမ့်မယ် သတိထားပါ။”
နဂါးဖြူချန်ရဲ့က ကျင့်ကြံခြင်း မမြင့်မားသော်လည်း မသေမျိုးဌာန၏မိုးခေါ်တမန် တစ်ဦးအနေဖြင့် ကြီးမားသော ဘေးဒုက္ခများကို ကြုံတွေ့ခဲ့ဖူးသဖြင့် မသေမျိုးသုံးပါးဂိုဏ်းဝင်များကို ကောင်းစွာ သိရှိထားလေသည်။
သူတို့သည် လင်းစု၏တပည့်များဖြစ်ပြီး သူတို့၏အဓိက တာဝန်မှာ တာအိုနယ်မြေကို စောင့်ကြပ်ရန် ဖြစ်ပေသည်။ ဒုက္ခသည်များအတွက် ဤယုံကြည်စွမ်းအင်အခွင့်အရေးကို ပြင်ပလူတစ်ဦးအား သူတို့က မည်သို့ပေးအပ်နိုင်မည်နည်း။
သို့သော် ရှန်းယီက သတိမထားမိပုံရပြီး ထိုတပည့်နောက်သို့ လိုက်သွားလေသတည်း။
“ပါးစပ်ပိတ်ထားစမ်း။”
နတ်ဆိုးတစ်သောင်းခန်းမ အတွင်းတွင် ရှန်းရွှီ ဘိုးဘေးနှင့် တောင်ပိုင်းဧကရာဇ် နှစ်ဦးစလုံးက နဂါးငယ်လေးအားကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။
သူ၏သခင်နောက်သို့ ရက်ပေါင်းများစွာ လိုက်ပါလာခဲ့သော်လည်း မည်သူက မည်သူ့ကို လှည့်စားနေသည်ကို သူ နားမလည်သေးပေ။
မြောက်ပိုင်းတိုက်ကြီးက လွှမ်းမိုးလွန်းသဖြင့် ဤကျင့်ကြံသူများကို အလွန်ငြိမ်းချမ်းစွာ နေထိုင်စေခဲ့လေသည်။
သူတို့၏ နည်းလမ်းများသည် သခင်၏ရှေ့တွင် ကလေးဆန်လွန်းနေပုံရ၏။
"..."
စီနီယာ နှစ်ဦး၏ကြိမ်းမောင်းမှုကို ရင်ဆိုင်ရချိန်တွင် ချန်ရဲ့က အလွန် စိုးရိမ်နေသော်လည်း တိတ်တိတ်နေရလေသည်။
ဤကဲ့သို့ပင် သူတို့သည် အပြင်ဘက်သို့ ထွက်လာခဲ့ကြပေသည်။
လင်းရွှီဂူမှ တပည့်က ရုတ်တရက် ရပ်တန့်သွားပြီး တောကန္တာရကို ညွှန်ပြလိုက်လေ၏။ “စီနီယာ၊မဟာနတ်ဆိုးကြီးရဲ့ခြေရာတွေက အရှေ့မှာ ရပ်သွားတယ်။”
ရှန်းယီက တစ်ခဏမျှတိတ်ဆိတ်စွာ စူးစမ်းကြည့်ပြီးနောက် ခြေတစ်လှမ်း လှမ်းလိုက်လေ၏။
ခြေတစ်လှမ်းတည်းဖြင့် သူ၏ပုံရိပ်က ပျောက်ကွယ်သွားပါသည်။
မူလက လှပသော တောကန္တာရက လှိုင်းထလာပြီး ကောင်းကင်တွင်လွင့်မျှောနေသော ကြည်လင်ပြတ်သားသည့် ကျောက်စိမ်းကြေးမုံ တစ်ခုအဖြစ်သို့ လျင်မြန်စွာကျုံ့ဝင်သွားလေ၏။
“မိုက်မဲတဲ့ကောင်။” လင်းရွှီဂူမှ တပည့်က သူ၏အပြုံးကို ဖယ်ရှားလိုက်ပြီး ကျောက်စိမ်းကြေးမုံကို သူ၏ရင်ဘက်ထဲတွင် ပိုက်ကာ ငြိမ်းချမ်းစွာ စောင့်ဆိုင်းနေလေသည်။
...
ကြေးမုံအတွင်းတွင် ယခင် လှပသော တောကန္တာရ အတိုင်းပင် ရှိနေသေးချေ၏။
ယခုအခါတော့ စောင့်ဆိုင်းနေခဲ့ကြသော ပုံရိပ်အချို့ ကောင်းကင်တွင် ထွက်ပေါ်လာသည်။
လင်းစုက မျက်ခုံးပင့်လိုက်လေသည်။ အရာအားလုံး ဤမျှချောမွေ့သွားမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
မကြာသေးခင်ကမှ ထွက်ပြေးလွတ်မြောက်လာသော ဤကျင့်ကြံသူက သတိထားသည့်အရိပ်အယောင်အနည်းငယ်မျှမထားခဲ့ပေ။
ယခု ကြယ်တာရာကြေးမုံ အတွင်းတွင် သူမက အောက်ဘက်ရှိအဖြူရောင် ဝတ်စုံနှင့် ပုံရိပ်ကို ငုံ့ကြည့်လိုက်ရာ ယခင်က နာကြည်းမှုများ အားလုံး ဤအခိုက်အတန့်တွင် ထွက်ပေါ်လာလေ၏။
“ဆေးဧကရာဇ် ဂျူနီယာမောင်လေး၊ လမ်းပျောက်နေတာလား။” လင်းစု၏ လှောင်ပြောင်သော စကားများကိုနားထောင်ရင်း အခြား ချီယွင်ဂူ တပည့် သုံးဦးသည် မရယ်ဘဲ မနေနိုင်ခဲ့ကြပေ။
မော်ဖုန်းက အလျင်စလို လှုပ်ရှားခြင်း မပြုခဲ့ချေ။ အရာအားလုံးအဆင်ပြေသွားပြီ ဖြစ်ရာ လင်းစုကို အနည်းငယ်ဒေါသထွက်ခွင့် ပြုလိုက်သည်က ပိုကောင်းပေလိမ့်မည်။
“ငါက ငယ်ငယ်ကတည်းက ဆရာ့လက်အောက်မှာ ကျင့်ကြံလာခဲ့ပြီး အများကြီးမြင်ဖူးပါတယ်။ ဒါပေမယ့်သူများဆီကနေ သေဘေးက လွတ်လာတာလေးကိုနာမည်ကြီးနေတဲ့ လူတစ်ယောက်ကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ရယ်စရာ ကောင်းလိုက်တာ။”
လင်းစုက ခေါင်းခါကာ နောက်ပြောင်လိုက်လေ၏။
“တိုက်ဆိုင်စွာပဲ၊ ငါ့ရဲ့ ဂျူနီယာမောင်လေး မော်ဖုန်းက ဒီကြယ်တာရာကြေးမုံကို ပိတ်ထားတဲ့ တံခါးတစ်ခုလိုထောင်ချောက်ဆင်ဖို့ ရည်ရွယ်ထားတာလို့ ပြောတယ်။ အထဲရောက်သွားတာနဲ့ လွတ်လမ်းမရှိဘူး။ နင်က လွတ်မြောက်ခြင်းစွမ်းရည်တွေနဲ့ နာမည်ကြီးတာဆိုတော့ ထွက်သွားဖို့ မကြိုးစားကြည့်ချင်ဘူးလား။”
"..."
ရှန်းယီက တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေလေသည်။
သူက ထိုက်ရွှီနတ်ဘုရားအသီးအပွင့်ကို အသက်သွင်းလိုက်သော်လည်း သူ၏ကျယ်ပြန့်သော ကပ်ဘေးစွမ်းအားများက ရွှံ့နွံထဲနစ်မြုပ်သွားသကဲ့သို့ ထိုက်ရွှီနှင့် ဆက်သွယ်ရန်ပျက်ကွက်သွားသည်ကို တွေ့လိုက်ရချေ၏။
မှော်ရတနာလက်နက် တစ်ခုတည်းဖြင့်ပင် ဂိုဏ်းတစ်ခု၏အသက်သွေးကြောနည်းစနစ်ကို ပျက်ပြယ်သွားစေနိုင်သည်။ ဤသည်မှာ မြောက်ပိုင်းတိုက်ကြီး၏နက်ရှိုင်းမှုပင်။
သူ၏လုပ်ရပ်များကို မြင်သောအခါ လင်းစု၏ အပြုံးက ပို၍ တောက်ပလာလေသည်။
“နင်က ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တဆီကနေ လွတ်မြောက်လာနိုင်ပေမယ့် ငါ့လက်ထဲကနေတော့ မလွတ်နိုင်ဘူး။ဒီလို နှိုင်းယှဉ်ကြည့်ရင် ငါက အဲဒီ ဗောဓိသတ္တထက်ပိုသန်မာတယ် မဟုတ်လား။”
ဤစကားကို ကြားသောအခါ ရှန်းယီက နောက်ဆုံးတွင် ခေါင်းကို မော့ကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်၏။
“စမ်းကြည့်လိုက်ကြတာပေါ့။”
စကားဆုံးသည်နှင့် တပြိုင်နက်ရယ်မောနေသော ကျင့်ကြံသူများ အားလုံး မှင်တက်သွားကြပြီး တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူက ဘာတွေ ယောင်ယမ်းပြောနေမှန်း နားမလည်နိုင်အောင် ဖြစ်သွားကြ၏။
“ဘာကို စမ်းမှာလဲ။”
လင်းစုက မျက်မှောင်ကြုတ်လိုက်ပါသည်။ ဤလူငယ်လေး၏မျက်နှာပေါ်တွင် စိတ်ကူးထားသည့် ထိတ်လန့်မှုကိုမတွေ့ရဘဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရ၏။
“မင်းက ဗောဓိသတ္တထက်ပိုသန်မာသလား ဆိုတာ စမ်းကြည့်မလို့လေ။”
ရှန်းယီက လေးနက်စွာကြည့်လိုက်လေ၏။ သူတို့က တံခါးကိုပိတ်ထားပြီဖြစ်ရာ ခွေးကိုထောင်ချောက်ဆင်ရန်ပြဿနာရှိမည်မဟုတ်တော့ပေ။
စကားဆုံးသည်နှင့် တပြိုင်နက် အဆုံးမရှိသော အလင်းတန်းများက တောကန္တာရထဲတွင် တိတ်ဆိတ်စွာ ပြန့်နှံ့သွားလေ၏။
တောင်တန်း၏အနောက်ဘက်တွင် မြင့်မားခမ်းနားသောပုံရိပ်တစ်ခု စတင်စုစည်းလာပြီး စီးဆင်းနေသော ရွှေမြစ်အတွင်းနသ်မြုပ်နေကာ ထူထပ်သော တိမ်တိုက်များကြားတွင်ခမ်းနားသော မျက်နှာတစ်ခု၏ကောက်ကြောင်းကဖြည်းညှင်းစွာ ရှင်းလင်းလာခဲ့၏။
ဓမ္မကိုယ်ထည်က လောကကြီးကို လျစ်လျူရှုဟန်ဖြင့်ငုံ့ကြည့်နေပြီး မိုးခြိမ်းသံများကြားတွင် လက်ခြောက်ဖက်ကို ဆန့်ထုတ်လိုက်ကာ ၎င်း၏အနောက်တွင် စူးရှတောက်ပသော ရွှေရောင် အလင်းဝန်းတစ်ခုက မဟာနေမင်းကြီးအလား ဖြည်းညှင်းစွာ ထွက်ပေါ်လာလေ၏။