အခန်း ၁၂၄၆
Vol. 125 Ch. 1246
အခန်း (၁၂၄၆) အောင်ပွဲလားရှုံးနိမ့်မှုလား၊ သေခြင်းလားရှင်ခြင်းလား ၂
ဓားသွားက တိုက်ရိုက်ခုတ်ချလိုက်သည်။ သလင်းကျောက်များဖြင့် အလှဆင်ထားသော သစ်သားငှက် ရုပ်သေးရုပ်၏ မျက်လုံးများထဲတွင် လူသားဆန်သောကြောက်ရွံ့မှု အနည်းငယ်ပင် ထွက်ပေါ်လာ၏။
ဂျွတ်ခနဲ အသံနှင့်အတူ ၎င်းက ပုဆိန်ဖြင့် သစ်ခုတ်လိုက်သကဲ့သို့ ပြတ်သားစွာ ကွဲထွက်သွားလေသည်။
ထည်ဝါသော သစ်သားငှက် ရုပ်သေးရုပ်က အားစိုက်ထုတ်စရာမလိုဘဲ အက်ကွဲသွားပြီးနောက် နီရဲတောက်ပသော ရွှေရောင် မီးတောက်များ၏ဝါးမျိုခြင်းကို ခံလိုက်ရ၏။
"..."
အစစ်အမှန်အရှင် မုစုန့်က ကောင်းကင်ကို မှင်တက်စွာ စိုက်ကြည့်နေလေသည်။ ဤအဖိုးတန် မှော်ရတနာလက်နက် ဆုံးရှုံးသွားမည့်အရေးကို သူ အမှန်တကယ်ပြင်ဆင်ထားခဲ့သော်လည်း၊ ၎င်းက ဆွေးမြေ့နေသော သစ်သားတုံးလို ခွဲခြမ်းခံလိုက်ရပြီး လုံးဝအသုံးမဝင်တော့သည်အထိတော့ မဖြစ်သင့်ပေ။
နောက်တစ်ခဏတွင် သူ၏မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ရုတ်တရက် လင်းလက်သွား၏။
"အစီအရင်တည်ဆောက်တာ ရပ်လိုက်။"
အစစ်အမှန်အရှင်မ ယွဲ့ရှင်းက တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး၊ တုံ့ဆိုင်းမှုမရှိဘဲ သူမ၏လက်ထဲရှိ နွေးထွေးသောကျောက်စိမ်းပြားကို လွှင့်ပစ်လိုက်ကာ သူမ၏သိုလှောင်ရတနာထဲမှ ပိုးသား အဖုံးတစ်ခုကို လျင်မြန်စွာ ဆွဲထုတ်၍ ကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်၏။
ထိုစဉ် ဓမ္မကိုယ်ထည်ကလည ၎င်း၏လက်ထဲရှိ ရတနာခေါင်းလောင်းကို လှုပ်ခါနေပြီဖြစ်၏။
နောက်တစ်ခဏတွင် နှလုံးသားကို တုန်လှုပ်စေသော ခေါင်းလောင်းသံက ထွက်ပေါ်လာပြီး ဧရာမ လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူတို့ဆီသို့ တိုက်ခတ်လာလေသည်။
အစစ်အမှန်အရှင်မ ယွဲ့ရှင်း၏ခန္ဓာကိုယ်ပေါ်ရှိ ပါးလွှာသောပဝါက စိတ်ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပလာပြီးပြင်းထန်သော မုန်တိုင်းထဲရှိ သက်ကယ်မိုးတဲလေးပမာ သူမကိုကာကွယ်ပေးထား၏။ အစစ်အမှန်အရှင် မော်ဖုန်း၏တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားကာ သူ၏မှော်ရတနာလက်နက်ကို ထုတ်ယူရန် အချိန်မရလိုက်သဖြင့်၊ ကပ်ဘေးစွမ်းအားဖြင့်သာ ထိုအင်အားကို ခုခံနိုင်ရန်အောင်ကြိုးစားရင်း ဖရိုဖရဲဖြင့် နောက်သို့ ဆုတ်ခွာသွားရလေသည်။
အစကတည်းက သူ၏နောက်တွင် ပုန်းအောင်းနေခဲ့သော လင်းစုက ယခုအချိန်တွင် သူမကိုယ်သူမ ကာကွယ်ရန် သူ၏လက်ကို အသုံးပြုခဲ့၏။
တုန်လှုပ်ချောက်ချားစွာဖြင့် နွေးထွေးသော ကျောက်စိမ်းပြားအနည်းငယ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော အစစ်အမှန်အရှင် မုစုန့်မှာမူ ဧရာမ လှိုင်းလုံးကြီး၏ဝါးမျိုခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။ သာမန်ရေလှိုင်းဟု ထင်ရသော ထိုအရာက အလွန်အေးစက်လွန်းသဖြင့် သူ၏နတ်ဝိညာဉ်ပင်လျှင် ၎င်းအတွင်းတဖြည်းဖြည်း နစ်မြုပ်သွားခဲ့၏။
"သူ့ကို မကယ်နဲ့၊ ပြေးတော့။" အစစ်အမှန်အရှင်မ ယွဲ့ရှင်း၏မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေသည်။ လက်ရှိအချိန်မှာတော့ မော်ဖုန်းက သူတို့အပေါ် ပြဿနာမည်မျှသယ်ဆောင်လာခဲ့ကြောင်း သူမအတွက် ရှင်းလင်းသွားပြီဖြစ်သည်။
အသွင်ပြောင်းလဲခြင်း ပြီးပြည့်စုံနေသော ဤဗောဓိသတ္တက မြောက်ပိုင်းတိုက်ကြီး၏ရွယ်တူများထဲတွင် သေချာပေါက် အကောင်းဆုံးများထဲမှ တစ်ပါး ဖြစ်ပေသည်။
နောက်ဆုံးတွင် လှိုင်းလုံးများထဲမှ လွတ်မြောက်သွားသော မော်ဖုန်းက သူ၏သိုလှောင်ရတနာကို ကမန်းကတန်းပုတ်လိုက်ပြီး ၎င်းအတွင်းရှိ အရာအားလုံးကိုရန်သူဆီသို့ မကြည့်ဘဲ ပစ်ပေါက်လိုက်၏။
မီးနဂါး ရထားလုံးထက် တန်ဖိုးမနည်းသော ပစ္စည်း လေးငါးခု ရှိလေသည်။
မှော်ရတနာလက်နက်များကို ပစ်ပေါက်ပြီးနောက် သူက ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် သူ အနောက်သို့ လှည့်လိုက်သောအခါ နေရာတွင်ပင် အေးခဲသွားပါသည်။
ယခင်က လွတ်ဟာနေသောနေရာဖြစ်သည့် သူ၏အနောက်ဘက်တွင် ကောင်းကင်နှင့် မြေပြင်ကိုဆက်သွယ်နေသော မီးခိုးရောင်အသားတောင်ကြီးတစ်ခုက အဆုံးမရှိသောတောင်တန်းကြီးတစ်ခုအလား ထွက်ပေါ်လာပြီး သူ၏အမြင်အာရုံကို တိတ်ဆိတ်စွာ ပိတ်ဆို့ထားသည်ကို သူ မြင်လိုက်ရ၏။
"..."
တောင်ပိုင်းဧကရာဇ်က မတရားရှုံးနိမ့်ခဲ့ရသည်ဟု ခံစားရကာရှုပ်ထွေးသော အမူအရာဖြင့် အောက်ဘက်ရှိသေးငယ်သော သက်ရှိများကို ငုံ့ကြည့်နေလေသည်။
အကယ်၍ ဤကျင့်ကြံသူများသည်သာဖြစ်ခဲ့ပြီး သူတို့၏အလင်းကိုးသွယ်ကြယ်တာရာ အလံ နှင့် မီးနဂါးရထားလုံးကို အသုံးပြုသည့် နည်းလမ်းများဖြင့်ဆိုလျှင် အလားတူမှော်ရတနာလက်နက် သုံးခုမှ ငါးခုအထိရှိနေလျှင်ပင် ပြိုင်ဘက်ကင်း တောင်ပိုင်းဧကရာဇ်ဖြစ်သော သူက သေမျိုးလောကကို အပေါ်စီးမှ ငုံ့ကြည့်နေနိုင်ဆဲဖြစ်ကြောင်း အမှန်တရားကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
သူက သက်ပြင်းချလိုက်ပြီး ကောင်းကင်ထောက်တိုင်တစ်ခုနှင့်တူသော လက်ချောင်းငါးချောင်းဖြင့် မော်ဖုန်းကို လွှမ်းခြုံကာ ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
"အား.." လင်းစုက အသားနံရံကြီးကို တည့်တည့် စိုက်ကြည့်နေပြီး သူမ၏အသက်ရှူနှုန်းများ မြန်ဆန်လာကာရင်ဘတ်က သိသိသာသာနိမ့်ချီမြင့်ချီ ဖြစ်လာပြီးနောက်နောက်ဆုံးတွင် စူးရှသော နားကွဲမတတ်အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေသည်။
"ငါ့ကို ပိုးကောင်နတ်ဆိုးလို့ ဆက်ခေါ်နေလိုက်စမ်း။" ပိုးသားဝတ်ရုံနှင့် အဘိုးအိုက ထိုက်ရွှီထဲမှ ထွက်လာပြီး သူမ၏ဆံပင်များကို ဆွဲကိုင်ကာ မြေကြီးပေါ်သို့ယမ်းချလိုက်ပြီး သူမ၏ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"နင့်လို အသုံးမကျတဲ့ သတ္တဝါက ဒီဘိုးဘေးထက် ဘယ်လိုလုပ်ပိုကောင်းနေမှာလဲ။ ငါ ပြောမယ်၊ ဒီဘိုးဘေးက နင့်ကိုသည်းခံနေတာ လုံလောက်ပြီ။"
ပါးရိုက်ခံရမှုများကြောင့် လင်းစု၏စိတ်များ ဗလာဖြစ်သွားပြီး သူမ၏မျက်လုံးများထဲတွင် သွေးများ နှင့်မျက်ရည်များရောနှောပြည့်နှက်သွားသည်။
သူမက သူမကိုယ်သူမဖက်ကာ မြေကြီးပေါ်တွင် တုန်ရီနေပြီး ဤအဘိုးအို၏ကျင့်ကြံခြင်းက သူမထက်နိမ့်ကျနေကြောင်းကိုပင် သတိမထားမိတော့ပေ။
"ဗိမာန်တည်ဆောက်မလို့လား၊ ဟက်။"
ရှန်းရွှီဘိုးဘေးက မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်၏။ "တောင်ပိုင်းတိုက်ကြီးမှာ ကိုယ်ပိုင် တာအိုကိုရရှိပြီး မျိုးဆက်တစ်ခုကို တည်ထောင်ခဲ့တာတောင် မင်းက ငါ့ကို အထင်သေးရဲသေးတယ်ပေါ့။"
"ဟက်။"
သူမ၏ နားထဲတွင် ဆူညံသော ငိုကြွေးသံများနှင့် အော်ဟစ်သံများ ကြားနေရသော်လည်း အစစ်အမှန်အရှင်မ ယွဲ့ရှင်းကလေထဲတွင် ခပ်ကင်းကင်း ရပ်နေပြီး သူမ၏မျက်လုံးများက အရှေ့သို့ စူးစိုက်ကြည့်နေ၏။
ခမ်းနားထည်ဝါသော ဓမ္မကိုယ်ထည်က မလှုပ်မယှက် ရှိနေပြီး ၎င်း၏အနောက်ရှိ ရွှေရောင် စက်ဝန်းက မျက်စိကျိန်းမတတ် အလင်းရောင်များ ထုတ်လွှတ်နေကာ ၎င်းက သူတို့ကိုငုံ့ကြည့်နေစဉ် ၎င်း၏လျစ်လျူရှုမှုက ထင်ရှားနေလေသည်။
မော်ဖုန်း ပစ်ပေါက်လိုက်သော မှော်ရတနာလက်နက်များ အားလုံးက ရွှေရောင် အလင်းတန်းအောက်တွင် လေထဲ၌ဆိုင်းငံ့နေကြ၏။
သူတို့က မည်သည့်ဒဏ်ရာမျှ မပေးနိုင်ခြင်းကို အသာထား၊ အနီးသို့ပင် မကပ်နိုင်ခဲ့ဘဲ အရုပ်လေးတသ်စုလိုသာ ဖြစ်နေလေသည်။
ဤကဲ့သို့မျှော်လင့်ချက်မဲ့နေသော မြင်ကွင်းကို မြင်သောအခါ အစစ်အမှန်အရှင်မ ယွဲ့ရှင်း၏မျက်နှာတွင် ခါးသီးမှုအရိပ်အယောင်တစ်ခုမပြဘဲ မနေနိုင်ခဲ့ပေ။
သူမ၏လျင်မြန်သော တုံ့ပြန်မှုများကြောင့် သူမ ပြင်းထန်စွာဒဏ်ရာမရခဲ့ဘဲ သူမ၏ပါးလွှာသော ပဝါရှိ စိတ်ဝိညာဉ်အလင်းရောင်သာ အနည်းငယ် မှေးမှိန်သွားခဲ့ပြီး သူမက တန်ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်နေကာ သူမ၏မသေမျိုး ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
သို့သော် တစ်ခဏအကြာတွင် ဖမ်းဆီးခံရသူ သုံးဦးကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏လက်ချောင်းများ ဖြည်းညှင်းစွာလျော့ရဲသွားကာ သူမလက်ထဲရှိ ဓားရှည်က မြေကြီးပေါ်သို့ အသံမြည်လျက်ကျသွားခဲ့၏။
"ကျွန်မတို့ လက်နက်ချပါတယ်။" အစစ်အမှန်အရှင်မ ယွဲ့ရှင်းက သက်ပြင်းချလိုက်ပြီး အစအဆုံး မလှုပ်မယှက်ရပ်နေခဲ့သော အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးကို ကြည့်လိုက်သည်။
သူက အမှန်တကယ် အားအင်မစိုက်ထုတ်ခဲ့ကြောင်း ရှင်းလင်းနေသော်လည်း သူတို့က မျှော်လင့်ချက်မဲ့မှု၏အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
ဆက်လက် တိုက်ခိုက်ခြင်းက ပို၍ အရှက်ရစရာသာ ဖြစ်လာပေလိမ့်မည်။
သို့သော် သူက သူတို့ကို သတ်ဖြတ်ခြင်း မရှိဘဲ ဖမ်းဆီးရုံသာ ဖမ်းဆီးခဲ့သောကြောင့် အခြား ရည်ရွယ်ချက် တစ်ခု ရှိရမည်။
သတိပြန်ဝင်လာသော လင်းစုက သူမ၏မျက်နှာ စူးရှနာကျင်နေသည်ကို ခံစားလိုက်ရပြီး လူငယ်လေးကို တည့်တည့်မကြည့်ရဲဘဲ မျက်ရည်များဖြင့် ဒူးထောက်ကာ အကြိမ်ကြိမ်ဦးချကန်တော့နေတော့၏။
အသက်ရှင်နိုင်သရွေ့ မည်သည့်အရာပင် ဖြစ်ပါစေ။။
ဤကဲ့သို့သော မျှော်လင့်ချက်မဲ့ အခြေအနေမျိုးတွင်သာ ဤမျှအစွမ်းထက်သော ဗောဓိသတ္တ၏လက်မှ အသက်ရှင်လျက် လွတ်မြောက်လာခြင်း၏ အဓိပ္ပာယ်ကို သဘောပေါက်နိုင်ပါသည်။
သူက ကြိုးကြာကလေး ဖော်ပြခဲ့သည်ထက်ပင် ပို၍ စွမ်းအားကြီးမားသည်။
"..."
ရှန်းယီက အစစ်အမှန်အရှင်မ ယွဲ့ရှင်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်၏။ "ဒီမှာ အနိုင်ရရှိမှု ဒါမှမဟုတ် ရှုံးနိမ့်မှုဆိုတဲ့ သဘောတရား မရှိဘူး။"
ထိုသို့ပြောပြီးနောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ရွှေရောင် ကိုယ်ထည် ဓမ္မက ၎င်း၏လက်ဖဝါးကို တည်ငြိမ်စွာဖိချလိုက်ရာ ရွှေမြစ်များ စီးဆင်းလာပြီး ကျင့်ကြံသူများ၏ပုံရိပ်များကို လွှမ်းခြုံသွားခဲ့၏။
ရွှေမြစ်များဆုတ်ခွာသွားသည်နှင့် တပြိုင်နက် ကောင်းကင်ရှိ ဓမ္မကိုယ်ထည်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါသည်။
ရွှေမြစ်များထဲမှ ခန္ဓာကိုယ်အချို့ ကျဆင်းလာပြီး သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်မဲ့မှုများ ရေးထွင်းထားကာခန္ဓာကိုယ်များမှာ အက်ကွဲနေပြီး ထူထပ်သော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်၏။
အဆင့်နိမ့်သောကျင့်ကြံသူ တစ်ဦးပင်လျှင် သူတို့က ဗောဓိဂိုဏ်း၏လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိမြင်နိုင်ပေသည်။
"..."
ရှန်းယီက ကျဆင်းလာသော မှော်ရတနာလက်နက်များကို ပေါ့ပေါ့ပါးပါးစုဆောင်းလိုက်ပြီး ထိုက်ရွှီ နယ်ပယ်ထဲသို့ သိမ်းဆည်းရန် ရှန်းရွှီဘိုးဘေးထံသို့ ပစ်ပေးလိုက်၏။
သူတို့၏သေဆုံးမှုက မြောက်ပိုင်းတိုက်ကြီးတွင် မည်မျှ ရုတ်ရုတ်သဲသဲဖြစ်စေမည်ကို သူ သေချာ မသိသော်လည်း မည်သည့်အပြောင်းအလဲမဆို သူ့အတွက် အကျိုးရှိစေမည်ဖြစ်၏။
"နောက်မှ ဒီအလောင်းတွေကို စွန့်ပစ်ဖို့ ဝေးလံတဲ့ နေရာတစ်ခုကို ရှာလိုက်။ သူတို့ကို တွေ့ဖို့ အချိန်နည်းနည်း ဆွဲထား၊ ဒါပေမယ့် အရမ်းကြီးတော့ ဖုံးကွယ်မထားနဲ့။"
"အမိန့်အတိုင်းပါ"
ရှန်းရွှီ ဘိုးဘေးက ရိုသေစွာ ဦးညွှတ်လိုက်လေသည်။ သူတို့၏တပည့်များက ဗုဒ္ဓလမ်းစဉ်ဂိုဏ်းမှ ဗောဓိသတ္တ တစ်ပါး၏လက်ချက်ဖြင့် သေဆုံးသွားကြောင်း သိရသောအခါ မိမိကိုယ်ကို အထင်ကြီးနေကြသော မသေမျိုးသုံးပါးဂိုဏ်းဝင်များ မည်သို့ တုံ့ပြန်ကြမည်ကို ၎င်း စိတ်ကူးကြည့်၍ ရနိုင်လုနီးပါးပင်။
"ကျွန်တော်... ကျွန်တော် အခု နားလည်သွားပြီ။"
နဂါးဖြူ ချန်ရဲ့ သည် အစအဆုံးမှင်တက်စွာ တိတ်ဆိတ်ကြည့်နေခဲ့သည်။
ယခု ပြီးဆုံးသွားသောအခါ တောင်ပိုင်းတိုက်ကြီးက အဘယ်ကြောင့်ရပ်တည်နိုင်ခဲ့သနည်း ဆိုသည်ကို နောက်ဆုံးတွင် ၎င်း နားလည်သွားပုံရ၏။ ဤတောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ် က ပရမ်းပတာအခြေအနေများဖန်တီးနေခြင်းဖြင့် မိမိကိုယ်ကိုအထင်ကြီးနေကြသော ထိုမဟာဂိုဏ်းကြီး နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် သတ်ဖြတ်ကြမည်ဖြစ်သည်။
...
တောရိုင်းတောင်တန်းများထဲတွင် လင်းရွှီဂူ မှ တပည့်တစ်ဦးသည် သူ၏လက်ထဲရှိ ကျောက်စိမ်း ကြေးမုံကို ဂရုတစိုက်ပွတ်သပ်နေ၏။
၎င်းက သူ၏တစ်သက်တာတွင် စိတ်ဝိညာဉ်ရတနာ တစ်ခုနှင့် အနီးစပ်ဆုံးရောက်ရှိဖူးခြင်း ဖြစ်နိုင်ပါသည်။
သူ၏ဆရာပင်လျှင် ဤမျှအဖိုးတန်သော ရတနာကို ကိုင်တွယ်ရန် အရည်အချင်း မပြည့်မီပါက သူဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ကံမကောင်းစွာဖြင့် သူက ၎င်းကိုအချိန်အနည်းငယ်မျှသာ ဆက်လက် သဘောကျနေနိုင်မည် ဖြစ်သည်။
သူက မလိုလားစွာ သက်ပြင်းချလိုက်ပြီး အချိန်ကို ခန့်မှန်းကြည့်ရာအတွင်းပိုင်းတွင် ပြီးလုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်၏။
သူ၏အတွေးကို အတည်ပြုသည့်အလားပင်။
နောက်တစ်ခဏတွင် သူ၏ရှေ့၌ မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေ၏။
ရှန်းယီက အနည်းငယ်ကွေးညွတ်လိုက်ပြီး ကျောက်စိမ်းကြေးမုံကို ယူရန် လက်လှမ်းလိုက်၏။
"..."
ထိုတပည့်၏အမူအရာက ဇဝေဇဝါ ဖြစ်မှုမှ ကြောက်ရွံ့မှုသို့ ပြောင်းလဲသွားပါသည်။ သူက မသိစိတ်အရအော်ဟစ်ချင်ခဲ့သော်လည်း လူငယ်လေးက သူ၏လက်ထဲမှ ကျောက်စိမ်း ကြေးမုံကို ယူသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့ပြီး သူ၏အမြင်အာရုံက မှုန်ဝါးသွား၏။
ဘုတ်ခနဲ အသံနှင့်အတူ နတ်ဝိညာဉ် အက်ကွဲသွားသော ထိုတပည့်သည် မြေကြီးပေါ်သို့ လဲကျသွားပြီး ထိုက်ရွှီ နယ်ပယ်၏လျင်မြန်စွာ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ရှန်းယီ သူ၏လက်ထဲရှိ ရတနာ ကြေးမုံကို သေချာစွာ စစ်ဆေးလိုက်၏။
ယခင်က အသုံးမဝင်သလောက်ဖြစ်နေသော ထိုမှော်ရတနာလက်နက်များနှင့် နှိုင်းယှဉ်ပါက ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော ဤကြေးမုံက ယခုအချိန်တွင် သူ အရေးတကြီး လိုအပ်နေသည့်အရာပင်။
၎င်းနှင့်အတူ သူ၏လှုပ်ရှားမှုများကများစွာ ပိုမို အဆင်ပြေလာပါလိမ့်မည်။