← Chapters

အခန်း ၁၂၅၀

Vol. 125 Ch. 1250

အခန်း ၁၂၅၀

Vol. 125 Ch. 1250

အခန်း (၁၂၅၀) တင်းမာလာသော အခြေအနေ

"သေသင့်တဲ့ ဒီဘုန်းကြီးတွေ၊ သူတို့ရဲ့လက်တွေကို မြောက်ပိုင်းတိုက်ကြီးဆီ ဆန့်တန်းလာရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။"

မဟာကပ်ဘေးကြီး မတိုင်မီက ဂိုဏ်းနှစ်ခုစလုံးက အတူတကွကျင့်ကြံခဲ့ကြပြီး အရာရှိများဖြစ်လာရန် ကောင်းကင်ဘုံသို့ တက်လှမ်းခဲ့ကြ၏။ သူတို့ တွေ့ဆုံသောအခါနှုတ်ဆက်စကားများ ဖလှယ်ခဲ့ကြပြီး အတော်လေး သင့်မြတ်ခဲ့ကြသည်။

သို့သော် အချိန်တိုလေးအတွင်းမှာပင် အဆင့်မြင့် တတိယအဆင့်ကျင့်ကြံသူများပင်လျှင် တစ်ဦးကိုတစ်ဦး ဤကဲ့သို့ရက်စက်စွာ သတ်ဖြတ်လာကြသည်။

တစ်ဖက်လူက မည်သည့်သနားကြင်နာမှုမျှ မပြသသဖြင့် မိမိတို့ဘက်မှ ရက်စက်သည်ဟု အပြစ်မတင်သင့်ပေ။

ထိုအခိုက်အတန့်တွင် ရှန်းတောင်ဘိုးဘေးက နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ပေ။ ကျောက်စိမ်းရေကန် ဘိုးဘေး၏ တည်ငြိမ်မှုအတွက်ကျေးဇူးတင်ကာ သူမကို ခိုးကြည့်ရုံသာ တတ်နိုင်တော့သည်။

ဤမျှတိုတောင်းသော အချိန်အတွင်း ဗောဓိဂိုဏ်းက မြောက်ပိုင်းတိုက်ကြီးသို့ ရမ်းကားဝင်ရောက်လာခဲ့ပြီ ဖြစ်၏။

တောင်ပိုင်းဍုမေဏုမှ ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တ မဟုတ်ရန်သာ မျှော်လင့်ရသည်။ အကယ်၍ ထိုရက်စက်သော နတ်ဘုရားသာ တကယ်ဖြစ်ခဲ့လျှင်... မိမိတို့ နှစ်ဦးစလုံး ပို၍ သတိထားရပေမည်။ ထိုက်ရွှီဆေးဧကရာဇ် က တာအိုနယ်မြေတစ်ခုကို အလျင်စလို သိမ်းပိုက်ကာ ကြွားဝါနေပုံကို ကြည့်ရလျှင်၊ အကယ်၍ သူသာ ထိုနတ်ဘုရား၏ပစ်မှတ်ထားခြင်းကို ခံရပါက ငိုနေလျှင်ပင် အကူအညီဖြစ်မည်မဟုတ်ပေ။

"ဟူး..."

အစစ်အမှန်အရှင် ယွင်မြောင်က ရှေ့သို့ တက်လာပြီး လင်းစုကို ပွေ့ချီလိုက်၏။ သို့သော် အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူ၏ရင်ထဲတွင် ဝမ်းနည်းမှုအစား လွှမ်းမိုးနေသော ကြောက်ရွံ့မှုများကသာ ကြီးစိုးနေသည်။

နည်းနည်းလေးသာ ထပ်ကြာသွားပါက သူလည်း ဤမဟာကပ်ဘေးကြီးထဲသို့ လွှမ်းခြုံခံရတော့မည် ဖြစ်၏။

သူ၏အလိုလိုသိစိတ်ကြောင့်သာ ချင်းကွမ်းဂူသို့ ရောက်ရှိသွားပြီး စီနီယာအစ်မယိုယောင် နှင့် ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက ဤကိစ္စသည် သေချာပေါက် သူ၏အပေါ်သို့ ကျရောက်လာပါလိမ့်မည်။

အမည်မသိဘုန်းကြီးများကို လက်စားချေရန် ဦးဆောင်ရမည့်အရေးကို တွေးမိသောအခါ အစစ်အမှန်အရှင် ယွင်မြောင်က တုန်လှုပ်သွားပါသည်။

ဤတစ်ကြိမ် လှုပ်ရှားခဲ့သူများထဲတွင် အနည်းဆုံး သူနှင့် နယ်ပယ်တူဗောဓိသတ္တများ ပါဝင်နေသည်။ မြောက်ပိုင်းတိုက်ကြီး၏အတွင်းပိုင်းအထိ ရက်စက်ကြမ်းကြုတ်မှုများကိုရဲတင်းစွာ ကျူးလွန်ရဲသည်ဆိုလျှင် သူတို့၏နောက်ကွယ်တွင် မည်မျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။

တော်သေးတာပေါ့။ တော်သေးတာပေါ့။

"တခြားဂူတွေကို သတင်းပို့လိုက်။ ဗောဓိဂိုဏ်းက ငါတို့ မြောက်ပိုင်းတိုက်ကြီးကို စော်ကားလိုက်ပြီ။ အဆက်အသွယ်တွေကို အသက်သွင်းပြီး ဒီဘုန်းကြီးတွေကို အရင်ရှာကြ။" ယိုယောင်က အမိန့်ပေးလိုက်ရာ ချင်းကွမ်းဂူမှ တပည့်အချို့က သူတို့၏ကျောက်စိမ်းပြားများကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြ၏။

တူညီသော မျိုးဆက်၏စီနီယာ တပည့်တစ်ဦးအနေဖြင့် သူမပေးပို့လိုက်သော ကျောက်စိမ်းပြားအမိန့်များက အစစ်အမှန်အရှင် ယွင်မြောင်၏ ကျောက်စိမ်းပြားများထက် သိသာထင်ရှားစွာ ပို၍ ထိရောက်မှု ရှိပေသည်။

ရက်အနည်းငယ်အတွင်းမှာပင် ကျောက်စိမ်းပြားများစွာ ပြန်လည်ရောက်ရှိလာသည်။

ပြင်ပရန်သူကို ဆန့်ကျင်ရန်စည်းလုံးရာတွင် မြောက်ပိုင်းတိုက်ကြီး တစ်ခုလုံးက ထူးခြားသော စည်းလုံးညီညွတ်မှုကိုပြသခဲ့၏။

...

မြောက်ပိုင်းတိုက်ကြီး၏နယ်စပ်တွင်၊ နတ်ဘုရားမင်းဆက်၏မူလ နယ်နိမိတ်များသို့ မရောက်သေးသောနေရာဖြစ်သည်။

ကျင့်ကြံသူ အနည်းငယ်က ဓားပျံများကို စီးကာ တိမ်ဖြူများကြားတွင် လွတ်လပ်ပေါ့ပါးစွာ ခရီးသွားနေကြ၏။

သူတို့က အရှေ့သို့တည့်တည့် သွားနေကြသည်။

ရုတ်တရက်မျက်မြင်မရသော ဖိအားတစ်ခု သူတို့အပေါ် ကျရောက်လာသည်။ သူတို့၏မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူတိုကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းကာ အောက်ဘက်သို့ ဆင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သူတို့ မဆင်းသက်မီမှာပင် ကောင်းကင်ယံတွင် ကြည်လင်သော အလင်းတန်း ဒါဇင်ပေါင်းများစွာ ရောယှက်သွားပြီး ရောင်စုံ တောက်ပသော အလင်းရောင်ရှိ ဖန်သားတစ်ခုကို ဖွဲ့စည်းလိုက်၏။

"ဘယ်က တာအိုမိတ်ဆွေလဲ၊ ဒါက ဘာသဘောလဲ။" ထိုလူအနည်းငယ်က မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤနေရာရှိ သူတို့၏ကျင့်ကြံမှုမှာ ပဉ္စမအဆင့်သာရှိကြောင်း ရှင်းလင်းနေပြီး မြောက်ပိုင်းတိုက်ကြီးတွင်အားကောင်းသည်ဟု မသတ်မှတ်နိုင်သော်လည်း ရုတ်တရက် အပြောင်းအလဲကို ကြုံရသည့်တိုင် သူတို့ ထိတ်လန့်မသွားကြပေ။

"တာအိုမိတ်ဆွေ ဟုတ်လား။"

ရယ်မောသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

နောက်တစ်ခဏတွင် ကွဲပြားစွာဝတ်ဆင်ထားသော ကျင့်ကြံသူမြောက်မြားစွာ ဖြည်းညှင်းစွာ ထွက်ပေါ်လာကြသည်။ သူတို့က မတူညီသောမသေမျိုး မျိုးဆက်များမှ ဖြစ်ကြသော်လည်း သူတို့အနက် အနိမ့်ဆုံးကျင့်ကြံမှုမှာ တတိယအဆင့် တာလော့ မသေမျိုး ဖြစ်ပေသည်။

ဦးဆောင်လာသူက လှောင်ပြောင်သော အမူအရာဖြင့်ကောင်းကင်ရှိ ဖန်သားကို ညွှန်ပြလိုက်၏။ "မင်းတို့က ဘယ်လို တာအိုမိတ်ဆွေမျိုးလဲ။"

ဓားပျံများဖြင့်ခရီးသွားနေသူများက မသိစိတ်အရ အပေါ်သို့ မော့ကြည့်လိုက်ရာ တောက်ပနေသော မှန်ပြင်ပေါ်တွင် သီးခြားကျင့်ကြံသူများအဖြစ် မဟုတ်ဘဲ သင်္ကန်းဝတ်ထားသော ဘုန်းကြီးများအဖြစ် သူတို့၏ပုံရိပ်များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

"..."

သူတို့၏အစီအစဉ် ပေါက်ကြားသွားသည်ကို မြင်သောအခါ ထိုလူအနည်းငယ်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ စစ်မှန်သော ပုံစံများကို ထုတ်ဖော်ပြသလိုက်ကြ၏။

ရုပ်ဖျက်ထားသော ဗောဓိသတ္တငါးပါးက မြောက်ပိုင်းတိုက်ကြီးသို့ ခိုးဝင်လာခဲ့ကြခြင်း ဖြစ်၏။

သူတို့ထဲမှ တစ်ဦးက သက်ပြင်းချလိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။ "အားလုံးပဲ၊ ငါတို့က ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘဲ တောင်ပိုင်းဍုမေဏုက လာတာပါ။ ငါတို့က ကိစ္စတချို့ကို စုံစမ်းစစ်ဆေးဖို့ ငါတို့ဂိုဏ်းရဲ့အမိန့်ကို လိုက်နာရုံပါပဲ။ ကျေးဇူးပြုပြီး သနားညှာတာမှု ပြသပြီး ငါတို့ကို ဖြတ်သွားခွင့်ပြုပါ။"

သူ စကားပြောနေစဉ်တွင် အလွန် ဇဝေဇဝါ ဖြစ်နေခဲ့၏။

ဤသို့ မဖြစ်သင့်ပေ။ မြောက်ပိုင်းတိုက်ကြီးရှိ မသေမျိုးသုံးပါးဂိုဏ်း၏အင်အားဖြင့် ဤမျှ သတိထားရန် အဘယ်ကြောင့် လိုအပ်သနည်း။

"မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး ဟုတ်လား။" မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များ အားလုံးက ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်ကြသည်။

"အဲဒါကို ချီယွင်ဂူမှာ သေဆုံးသွားတဲ့ စီနီယာညီအစ်ကို မောင်နှမတွေကို သွားပြောလိုက်လေ။"

အတွင်းရေးပဋိပက္ခဆိုသည်မှာ မိသားစု ကိစ္စဖြစ်သည်။

ဘုန်းကြီးတစ်စုက မြောက်ပိုင်းတိုက်ကြီးရဲ့ယုံကြည်မှုစွမ်းအင်ကို တပ်မက်ရဲတယ်ပေါ့။ သေချင်နေတာပဲ။

သူတို့ ဆက်မပြောတော့ဘဲ သူတို့၏မှော်ရတနာလက်နက်များကို ချက်ချင်းခေါ်ယူကာ ကျယ်ပြန့်သော ကပ်ဘေးစွမ်းအားများကို အသက်သွင်းလိုက်ကြ၏။ ကောင်းကင်ရှိ ဖန်သားက ဖြည်းညှင်းစွာ စတင်လည်ပတ်လာပြီး ထက်မြက်သော အလင်းတန်းများကို ထုတ်လွှတ်ကာ ဗောဓိသတ္တငါးပါးကို အတွင်းတွင် ပိတ်လှောင်လိုက်၏။

သူတို့၏ကျင့်ကြံခြင်းများမှာ ဆင်တူသော်လည်း တစ်ဖက်က မဟာအစီအရင်၏အကူအညီဖြင့် ပြင်ဆင်ထားပြီးအခြားတစ်ဖက်မှာမူ မမျှော်လင့်ဘဲ အလစ်အငိုက် ခံလိုက်ရခြင်း ဖြစ်သည်။

ဗောဓိသတ္တ အချို့က မှော်ရတနာလက်နက်များ၏ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူတို့၏ဓမ္မကိုယ်ထည်များကို ထုတ်ဖော်ပြသရန်ပင် အခွင့်အရေး မရလိုက်ပေ။

"အားလုံးပဲ။ဘာလို့ ဒီလောက်အထိ လုပ်ရတာလဲ။"

နောက်ဆုံးတွင် သူတို့ စတင် ထိတ်လန့်လာကြပြီ ဖြစ်၏။

ရုပ်ဖျက်ထားသည်ဖြစ်စေ၊ မဖျက်ထားသည်ဖြစ်စေ သူတို့က မြောက်ပိုင်းတိုက်ကြီးသို့ ယခုလေးတင် ရောက်ရှိလာခြင်းသာ ဖြစ်သည်။ လျော်ကြေးပေးရမည် ဆိုလျှင်ပင် အဘယ်ကြောင့် တစ်ဖက်လူကသတ်ဖြတ်ရန် ဤမျှစိတ်အားထက်သန်နေရသနည်း။

ထို့အပြင် ချီယွင်ဂူ မှ တပည့်များ သေဆုံးမှုက သူတို့နှင့် ဘာဆိုင်သနည်း။

"ကျေးဇူးပြုပြီး ငါတို့ ရှင်းပြတာကို နားထောင်ပါဦး..." မှော်ရတနာလက်နက်များ၏တောက်ပသော အလင်းရောင်များအောက်တွင် သူတို့၏စကားများမှာ အလွန် အင်အားမဲ့နေပုံရ၏။

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များက သူတို့၏ ဆင်ခြေများကို နားထောင်ရန် ရည်ရွယ်ချက် မရှိပေ။ ယခု မြောက်ပိုင်းတိုက်ကြီးတွင် လူများ သေဆုံးသွားပြီဖြစ်ပြီး ဗောဓိဂိုဏ်းက တရားခံများဖြစ်ရာ၊ မည်သည့် ဘုန်းကြီး၏ခေါင်းမဆို ဂိုဏ်းအတွင်း သူတို့၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး ချီယွင်ဂူ နှင့် လင်းရွှီဂူ တို့ထံမှ ဆုလာဘ်များပင် ရရှိနိုင်ပါသည်။

သူတို့က ဤနေရာရှိဘုန်းကြီးတိုင်းကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားကာ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

"..."

ဗောဓိသတ္တ အနည်းငယ် တောင့်ခံထားရန် ရုန်းကန်နေစဉ်..

ကောင်းကင်ရှိဖန်သားပေါ်တွင် အပြစ်အနာအဆာကင်းသော ဖြူစင်သည့် လက်တစ်ဖက် ရုတ်တရက်ထွက်ပေါ်လာပြီး မှန်ပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ချက်ချင်းပင် ဗောဓိသတ္တမြောက်မြားစွာကို ပိတ်လှောင်သတ်ဖြတ်ရန် ဖန်တီးထားသော မဟာအစီအရင်၏နေရာအနှံ့အပြားတွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

ဂျွတ်..

မဟာအစီအရင် ပျက်ပြယ်သွားခြင်းက နောက်ဆုံးတွင် ဗောဓိသတ္တများကို အသက်ရှူချောင်သွားစေသည်။

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များက တစ်ခဏမျှ မှင်တက်သွားကြပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ၊ သူတို့အားလုံး၏မျက်လုံးများက ထိုလက်ဆီသို့ တစ်ပြိုင်နက်တည်း အာရုံစိုက်သွားကြ၏။

နောက်တစ်ခဏတွင် ဖြူဖွေးသန့်ရှင်းသော ထိုလက်က နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်သည်။

နေရာအနှံ့ပျံသန်းနေသော မှော်ရတနာလက်နက်များ ရုတ်တရက်ဦးတည်ချက် ပြောင်းသွားပြီး ထိတ်လန့်နေသော မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များဆီသို့ အဆတစ်ရာ ပိုမိုပြင်းထန်သော အင်အားဖြင့် ဝင်တိုက်သွားလေတော့သည်။

"မဟာလွတ်လပ်ခြင်း... ဂျူနီယာတွေရဲ့ကိစ္စကို ဝင်စွက်ဖက်တာ... ဂိုဏ်းချုပ်ကို မကြောက်ဘူးလား..."

သူတို့ စကားမဆုံးမီမှာပင် မျက်တောင်တစ်ခတ်အတွင်းသူတို့ ချေမှုန်းခံလိုက်ရသည်။

ကြွက်သားများကျစ်လျစ်သန်မာသော ရင်ဘတ်ကို ဖော်ထုတ်ထားသည့် အဖြူရောင် သင်္ကန်းဖြင့်ဘုန်းကြီးက ခြေဗလာဖြင့်မြေကြီးပေါ်သို့ ညင်သာစွာခြေချကာ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့၏။

"မဟာလွတ်လပ်ခြင်း သန့်စင်သောကမ္ဘာ ဗောဓိသတ္တကို ဂါရဝပြုပါတယ်။"

သေဘေးမှ သီသီလေး လွတ်မြောက်လာသော အရှင်များက ရောက်ရှိလာသူကို ရိုသေစွာ နှုတ်ဆက်ရန် အသက်ရှူဖို့ပင် အချိန်မရလိုက်ပေ။

"ဆက်လက် စုံစမ်းစစ်ဆေးပါ။" သန့်စင်သောကမ္ဘာ ဗောဓိသတ္တက သူ၏မျက်လုံးများကို အဝေးသို့ မော့ကြည့်လိုက်၏။

တောင်ပိုင်းတိုက်ကြီးမှ နတ်ဆိုး ကျဆင်းသွားခြင်း၊ ဗောဓိသတ္တများစွာ ပျောက်ဆုံးသွားခြင်းနှင့် အနာဂတ်ကမ္ဘာအရှင်၏တပည့်များ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသည်ကို အဖြေတစ်ခု လိုအပ်နေပါသည်။

သေမျိုးလောကတွင် သူ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးမှုအရ တောင်ပိုင်းတိုက်ကြီးရှိ မသေမျိုးသုံးပါးဂိုဏ်းမှ တတိယအဆင့်ကျင့်ကြံသူ အချို့က သူတို့၏ဂိုဏ်းများမှ ထွက်ခွာသွားပြီး ပျောက်ဆုံးသွားခဲ့ရာ၊ သူတို့သည် လျှို့ဝှက်ချက်အချို့ကို သိရှိနေကြောင်းညွှန်ပြနေ၏။

ဤမြောက်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ၏ထူးဆန်းသော လုပ်ရပ်များနှင့် ပတ်သက်၍မူ နောက်မှထားနိုင်သည်။

"ကျားနဂါးဖိနှိပ်ခြင်း၊ ဘာလို့ မင်းတစ်ယောက်တည်း အသက်ရှင်နေတာလဲ။"

"ပြီးတော့ အခု မင်း ဘယ်မှာလဲ။"

ကျောက်စိမ်းရေကန် ဘိုးဘေး နှင့် ရှန်းရွှီ တို့ကဲ့သို့ ထွက်ပြေးလွတ်မြောက်သူများအပြင်၊ သူတို့ထဲမှ တစ်ဦးကလည်း လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေပုံရ၏။

သန့်စင်သောကမ္ဘာဗောဓိသတ္တက မျက်လွှာကို အနည်းငယ်ချကာ သူ၏လက်ဖဝါးကို ကြည့်လိုက်ပြီးနောက် လက်သီးကိုဖြည်းညှင်းစွာ တင်းကျပ်စွာ ဆုပ်လိုက်သည်။

သူ၏မျက်လုံးများတွင် လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေ၏။

...

ခိုင်ယွမ် စီရင်စု၊ ကောင်းကင်မျှော်စင်တောင်

ထိုနေရာတွင် အမည်းရောင်ဂါဝန်နှင့် ပုံရိပ်တစ်ခုက လက်နောက်ပစ်လျက်ရပ်နေပြီး အောက်ဘက်ကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေ၏။

"စီနီယာအစ်မ ယိုယောင်၊ ဒီမှာ ဘာထူးခြားတာများ ရှိလို့လဲ။" အစစ်အမှန်အရှင် ယွင်မြောင်က မထွက်ခွာမီ ထိုက်ရွှီဆေးဧကရာဇ်အား အကြံပြုကာသူပြောခဲ့သော စကားများကို ပြန်လည်သတိရမိပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။

ယခုအခါ ဤနေရာနှင့် ပတ်သက်၍ သူ၏စကားများက ဩဇာမသက်ရောက်တော့ပေ။

"သိပ်မရှိပါဘူး။"

ယိုယောင်က ကောင်းကင်မျှော်စင်တောင် အတွင်းရှိ လူငယ်လေးကို စိုက်ကြည့်လိုက်၏။

လင်းစု ထွက်ခွာသွားခြင်းမှာ သူ၏တာအိုနယ်မြေ သိမ်းပိုက်ခံရခြင်းကြောင့် ဖြစ်သည်။ လင်းစုကို သူမကောင်းကောင်း မသိသော်လည်း စဉ်းစားကြည့်ပါက မြောက်ပိုင်းတိုက်ကြီးမှ မာနကြီးသော တပည့်တစ်ဦးက တောင်ပိုင်းမှ ဒုက္ခသည် ကျင့်ကြံသူတစ်ဦးကို ဤမျှအထိရှောင်ဖယ်နေမည် မဟုတ်ပေ။

တစ်ဖက်လူ၏စိတ်ပြေလက်ပျောက် အနားယူသည်ဆိုခြင်းမှာ လျှို့ဝှက်လုပ်ဆောင်မှုအချို့အတွက် ဟန်ပြတစ်ခုဖြစ်နိုင်ပြီး၊ တိုက်ဆိုင်စွာပင် ချီယွင်ဂူ မှ မော်ဖုန် နှင့် ဆက်ဆံရေး တည်ဆောက်ခဲ့ကာ၊ ထိုမော်ဖုန်းက ဤလူငယ်လေးထံတွင် မဟာနတ်ဆိုးကြီး တစ်ကောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အခြေအနေအား ပိုမိုလေ့လာစောင့်ကြည့်ရန်လိုအပ်နေသေး၏။

All Chapters