← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇) ဝါကတ်သတိပေးချက်

ထျန်းချုံးတန်ခိုးရှင်ဂိုဏ်း။

“မင်းတို့ ဘာလုပ်နေကြတာလဲ။”

“အာ... အကြီးအကဲဝမ်... ကျွန်တော်တို့ စောင့်ကြည့်နေကြတာပါ...”

“ဘာကို စောင့်ကြည့်နေကြတာလဲ။”

“မာဂျောင်ပြိုင်ပွဲကြီးကို စောင့်ကြည့်နေတာပါခင်ဗျာ။” တပည့်အချို့သည်

ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ခေါင်းများကို ပုလိုက်ကြ၏။

အကြီးအကဲဝမ်က မျက်မှောင်ကြုတ်လျက် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။ “ဒါက

လက်ကိုင်ဖုန်း မဟုတ်လား။”

“အကြီးအကဲဝမ်ကလည်း လက်ကိုင်ဖုန်းအကြောင်းကို သိနေတာလားခင်ဗျာ။”

အကြီးအကဲဝမ်က အဝေးသို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။ “ဒီကောင်လေးတွေက ဂိုဏ်းထဲကနေ

စကားတစ်ခွန်းမှ မပြောဘဲ ခိုးထွက်သွားကြပြီး သတင်းလည်း ဘာမှ ပြန်မပို့ကြဘူး။

သူတို့တွေ ဖုန်းမင်းဆက်နယ်မြေထဲက ဂိုဏ်းချုပ်ကြီးဆီ သွားရှာကြတာများလား...”

“အဲဒီဖုန်းကို ငါ့ကိုပေးစမ်း။”

“အကြီးအကဲ... ဒါက... သိပ်မသင့်တော်ဘူး ထင်ပါတယ်ခင်ဗျာ။”

“ဟင်...”

အကြီးအကဲဝမ်က စူးစိုက်ကြည့်လိုက်သဖြင့် ထိုတပည့်လည်း လိမ္မာပါးနပ်စွာဖြင့် အမြန်ပင်

လွှဲပြောင်းပေးအပ်လိုက်ရတော့သည်။

“တာဝန်ပေးအပ်ရေး ခန်းမဆောင်ကိုသွားပြီး ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်မှတ်

ငါးထောင် သွားထုတ်ယူလိုက်တော့။ ငါကိုယ်တိုင်

ထုတ်ပေးခိုင်းလိုက်တယ်လို့ပဲ

ပြောလိုက်။”

လင်ကျွင်းက ရိုသေစွာဖြင့် “ကျေးဇူးတင်ပါတယ် အကြီးအကဲ” ဟု ပြောလိုက်သော်လည်း

သူ၏စိတ်ထဲ၌မူ ငိုချင်သော်လည်း မျက်ရည်မကျနိုင်လောက်အောင်

ခံစားနေရသည်။ ဂုဏ်ထူးဆောင်မှတ် ငါးထောင်ဆိုသည်မှာ နည်းပါးသော

ပမာဏ မဟုတ်ပေ။ သို့သော်လည်း သူ၏ရင်ထဲ၌ ဤမှတ်များက လက်ကိုင်ဖုန်းတစ်လုံးလောက်

မည်သို့ အရေးပါနိုင်ပါမည်နည်း။

မကြာသေးမီက ထျန်းချုံးတန်ခိုးရှင်ဂိုဏ်းအတွင်း၌ လက်ကိုင်ဖုန်းများမှာ အလွန်အမင်း

ရေပန်းစားလာခဲ့ပြီး ယနေ့တွင်မူ ကြီးကျယ်ခမ်းနားလှသော

မာဂျောင်ပြိုင်ပွဲကြီးကိုပင်

ကျင်းပနေခဲ့ကြပြီ ဖြစ်သည်။ တပည့်များအားလုံးသည် အားကျစိတ်များကြောင့်

မျက်လုံးများပင် စိမ်းလုမတတ် ဖြစ်နေခဲ့ကြပြီး ကိုယ်တိုင်

သွားရောက်တွေ့ကြုံဖူးချင်စိတ်များ

ပြင်းထန်နေကြ၏။ သို့သော်လည်း ထိုနေရာမှာ သိုင်းလောကနယ်မြေ

ဖြစ်ပေသည်။ ထားလိုက်ပါတော့... ထိုနေရာက အလွန်အန္တရာယ်များလှသဖြင့် သူတို့အနေဖြင့်

ဆက်လက် ပုန်းအောင်းနေကြရုံသာ တတ်နိုင်ပေသည်။

စီနီယာအစ်ကိုကြီး ယွီမှာလည်း ပျောက်ကွယ်နေခဲ့သည်။ စီနီယာအစ်ကိုကြီးများနှင့်

စီနီယာအမကြီးများစွာမှာ လက်ကိုင်ဖုန်းများကို ဝယ်ယူလိုကြသော်လည်း

သူ့ကို ရှာမတွေ့ခဲ့ကြချေ။ သို့သော်လည်း ယခုလေးတင် ဖုန်းမျက်နှာပြင်ပေါ်၌

သူသည် စီနီယာအစ်ကိုကြီး ယွီ၏ ပုံရိပ်ကို တွေ့ရှိလိုက်ရသည်။ တစ်ခဏမျှသာ

ဖြတ်ပြေးသွားခြင်း ဖြစ်သော်လည်း သူ လုံးဝ မှားယွင်းစရာ မရှိချေ။

ထို့ကြောင့် စီနီယာအစ်ကိုကြီးသည် သိုင်းလောကနယ်မြေသို့ ရောက်ရှိနေပြီး

ဤမာဂျောင်ပြိုင်ပွဲကြီး၌ပင် ဝင်ရောက်ယှဉ်ပြိုင်နေခဲ့သည်တကား။

“စီနီယာအစ်ကိုကြီးလင်... ကျွန်တော်တို့လည်း သိုင်းလောကနယ်မြေဆီကို သွားကြရင်

ဘယ်လိုလဲ။”

“မင်း ရူးနေတာလား လျူထုံ... ငါတို့ ဝူမင်းဆက်နဲ့ တိုက်ခိုက်ခဲ့ကြတာ မကြာသေးဘူးလေ။

အဲဒီနေရာက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ မင်းစဉ်းစားဦး။”

“ဒါပေမဲ့ စီနီယာအစ်ကိုကြီး ယွီတောင် အဲဒီမှာ ရှိနေတာပဲဥစ္စာ။ သူ ဘာမှမဖြစ်တဲ့အပြင်

မာဂျောင်ပြိုင်ပွဲကြီးမှာတောင် ဝင်ကစားနေသေးတယ်။”

“အမှန်အတိုင်း ပြောရရင်... ကျွန်တော် စောစောက ဂိုဏ်းချုပ်ကြီးကိုတောင်

မြင်လိုက်ရသလိုပဲ။”

“ဂိုဏ်းချုပ်ကြီးက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား။”

“ငါက ဂိုဏ်းချုပ်ကြီးရဲ့ ခန့်ညားလှတဲ့ အရှိန်အဝါကို မှားပါ့မလား။”

လူအချို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် နောက်ဆုံး၌ သွားများကို

ကြိတ်ကာ ဆုံးဖြတ်လိုက်ကြတော့သည်။

“ကောင်းပြီ... ငါတို့ မနက်ဖြန် တောင်အောက်ဆင်းပြီး သိုင်းလောကနယ်မြေဆီ

ဦးတည်ကြတာပေါ့။”

ဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း၌။

အကြီးအကဲဝမ်သည် ဘေးပတ်ဝန်းကျင်ရှိ ဆိတ်ငြိမ်နေသော နေရာကို ကြည့်ရင်း ဒေါသများ

အပြင်းအထန် ထွက်နေခဲ့သည်။ ဂိုဏ်းချုပ်ကြီး ထွက်ပြေးသွားခဲ့ပြီး

အကြီးအကဲ ကိုးဦးအနက် ရှစ်ဦးအထိ ထွက်ပြေးသွားခဲ့ကြသဖြင့်

ဤကျယ်ပြောလှသော ထျန်းချုံးတန်ခိုးရှင်ဂိုဏ်းအတွင်းဝယ်

သတ္တမမြောက်အကြီးအကဲဖြစ်သော သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ဂိုဏ်းချုပ်ကြီးမှာမူ ထားလိုက်ပါတော့... သူက အမြဲတမ်း စိတ်ထင်တိုင်း

ပြုလုပ်တတ်သဖြင့် သူ မထိန်းချုပ်နိုင်ချေ။

ချန်ရွှမ်းကလည်း ဂိုဏ်းချုပ်ကြီး၏ အမိန့်အရ

ဆောင်ရွက်ခြင်းဖြစ်သဖြင့် ခိုင်လုံသော

အကြောင်းပြချက် ရှိပေသည်။ သို့သော်လည်း အခြားသော အကောင်ပေါက်လေးများကပါ

စကားတစ်ခွန်းမျှ မဟဘဲ တောင်အောက်သို့ ခိုးဆင်းသွားကြလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

တကယ့်ကို မိုက်ရိုင်းလှချည်လား။

အကယ်၍ အခြေအနေက ဤကဲ့သို့ဖြစ်နေပါက သူသည်လည်း ဤဂိုဏ်းအတွင်း ဆက်လက်နေထိုင်တော့မည်

မဟုတ်ပေ။ လူတိုင်းက သိုင်းလောကနယ်မြေဆီ သွားနေကြသည်ဖြစ်ရာ...

သတ္တမမြောက်အကြီးအကဲသည် ဝတ်ရုံစကို ခါယမ်းကာ

တောင်ခြေသို့ ဦးတည်လျက် မိုင်ပေါင်းများစွာအကွာသို့ ချက်ချင်းပင်

ပျံသန်းထွက်ခွာသွားတော့သည်။

ဆိုင်အတွင်း၌။

မာဂျောင်ပြိုင်ပွဲကြီးသည် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေခဲ့သည်။ လီယွဲ့သည်လည်း

တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တစ်ခုလုံးကို

စောင့်ကြည့်နေခဲ့သော်လည်း

ကိုယ်တိုင် ပါဝင်နေခြင်းမျိုး မဟုတ်ပေ။ ယခုအခါ သူသည် ကုတင်ထက်၌

လှဲလျောင်းနေခဲ့ပြီး သူ၏ ရှေ့မျက်နှာစာရှိ ကြီးမားလှသော ဖန်သားပြင်ကြီးပေါ်တွင်

ပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခြင်း ဖြစ်သည်။

ထိုဖန်သားပြင်ကြီးမှာ အလွန်တရာ ကြီးမားလှသဖြင့် မျက်နှာပြင်ငယ်များစွာအဖြစ်

ခွဲခြမ်းပြသနေသည့်တိုင် ပုံရိပ်များနှင့် အသေးစိတ်အချက်အလက်များမှာ

အလွန်ပင် ရှင်းလင်းထင်ရှားနေဆဲ ဖြစ်သည်။ ၎င်းမှာ ရုပ်ရှင်ရုံကြီးတစ်ခု သို့မဟုတ်

သီးသန့်ရုပ်ရှင်ခန်းမတစ်ခုအလားပင် ဖြစ်ပေါ်နေခဲ့ပေသည်။ ကြည့်ရှုရသည့်

ခံစားချက်မှာ အလွန်တရာ ကောင်းမွန်လှ၏။ ကြောင်လေးကို ပွေ့ဖက်ရင်း

ကိုလာ သောက်လိုက်ကာ သူသည် အလွန်တရာ အေးချမ်းပျော်ရွှင်နေခဲ့သည်။

လီယွဲ့သည် ပြိုင်ပွဲဝင်များ၏ မာဂျောင်စွမ်းရည်မှာ အလွန်တရာ ကွာခြားလွန်းနေသည်ကို

သတိပြုမိလိုက်သည်။ ဝယ်ယူသူအများစု၏ ကစားစွမ်းရည်မှာ အလွန်သာမန်မျှသာ ဖြစ်ပြီး

အနည်းငယ်မျှသာ သိရှိနားလည်ကြပေသည်။

၎င်းမှာ မဆန်းလှပေ။ မည်သို့ပင်ဖြစ်စေ ဆိုင်အတွင်းရှိ မာဂျောင်ကစားခန်းမဆောင်၏

နေရာများမှာ ကန့်သတ်ချက်ရှိသည့်အပြင် နေ့စဉ်နေ့တိုင်း စောစောစီးစီး

ရောက်ရှိလာလျက် ကစားသမား ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ

နေရာဦးထားတတ်ကြသော ရှီလုံရန်ကဲ့သို့

အဘိုးအိုကြီးများလည်း ရှိနေကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် ဝယ်ယူသူအများစုမှာ တစ်ကြိမ်တည်းသာ ကစားဖူးကြသူများ သို့မဟုတ်

မာဂျောင်ခန်းမဆောင်အတွင်း လုံးဝ မကစားဖူးကြသူများ

ဖြစ်ပေလိမ့်မည်။ လီယွဲ့သည် ဝယ်ယူသူအချို့က

လက်သမားများကို ကိုယ်တိုင် မာဂျောင်တုံးများ

အတုပြုလုပ်ခိုင်းနေကြကြောင်း ကြားသိထားခဲ့သည်။ သူသည် ၎င်းကို

ကန့်ကွက်ခြင်း မပြုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မာဂျောင်တုံးတစ်စု၏ တန်ဖိုးမှာ

ရွှေဒင်္ဂါး တစ်သောင်းအထိ ရှိသဖြင့် သာမန်လူများအတွက်

အလွန်ဈေးကြီးလှပေသည်။ ဝယ်ယူသူများက

ကိုယ်ပိုင် မာဂျောင်တုံးများ ပြုလုပ်လျက် အပြင်ဘက်၌

ကစားနေကြခြင်းကလည်း သူတို့အတွက် အတွေ့အကြုံအချို့

ရရှိစေသည် မဟုတ်ပါလော။ လီယွဲ့သည် ပြိုင်ပွဲဝင်များအနေဖြင့်

ဆိုင်အတွင်း၌သာ မာဂျောင်ကစားဖူးရမည်ဟု ကန့်သတ်မထားဘဲ

အတွေ့အကြုံရှိသူ မည်သူမဆို စစာရင်းပေးသွင်းခွင့် ပြုထားခဲ့သည်။

ညံ့ဖျင်းလှသော စွမ်းရည်ရှိသူများကို ဖယ်ထုတ်လိုက်ပါက စွမ်းရည်အလွန်ထက်မြက်လှသော

ပြိုင်ပွဲဝင်အချို့လည်း ရှိနေကြပေသည်။ ဥပမာအားဖြင့် ပိုင်လင်

ကို ကြည့်ပါဦး။ ဤပြိုင်ပွဲဝင်သည် သေချာပေါက် ဉာဏ်ရည်ဉာဏ်သွေးသုံး ကစားတတ်သော

ကစားသမားတစ်ဦး ဖြစ်သည်။ သူမ၏ ပြိုင်ဘက်များမှာ သာမန်ကျင့်ကြံသူ အမျိုးသား

သုံးဦးဖြစ်ပြီး အသက်အရွယ် များစွာ မကြီးကြသေးသကဲ့သို့

ကစားစွမ်းရည်မှာလည်း အလွန်ပင် သာမန်မျှသာ ဖြစ်ပေသည်။

ကစားပွဲတစ်လျှောက်လုံး၌ ပိုင်လင်သည် ဆက်တိုက်ဆိုသလို အနိုင်ရရှိနေခဲ့သည်။

သူမ၏ ရှေ့မှောက်ရှိ စက္ကူဒင်္ဂါးပြား အထပ်ကြီးမှာလည်း အတော်အတန်

မြင့်မားနေခဲ့ပြီဖြစ်ပြီး ရွှေဒင်္ဂါး နှစ်သောင်း၊

သုံးသောင်းခန့်အထိ ရှိနေမည်ဟု ခန့်မှန်းရ၏။ ထူးခြားသော မတော်တဆမှုတစ်စုံတစ်ရာ

မရှိခဲ့ပါက သူမသည် ဤစားပွဲဝိုင်းမှနေ၍ နောက်တစ်ဆင့်သို့ သေချာပေါက်

တက်လှမ်းနိုင်မည် ဖြစ်သည်။

ထို့ပြင် လော့ချာလည်း ရှိနေသေးသည်။

ဤလူ၏ ကစားစွမ်းရည်မှာ အတော်အတန် ကောင်းမွန်သော်လည်း သူသည် သူတစ်ပါးကို အကြည့်ဖြင့်

ခြိမ်းခြောက်တတ်သော အလေ့အထ ရှိနေခဲ့၏။ ပြိုင်ပွဲကွင်းအတွင်း၌

ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုရန်

မဝံ့ရဲသော်လည်း သူ၏ တစ်သက်တာလုံး သတ်ဖြတ်လိုစိတ်များ ပြင်းထန်ခဲ့သဖြင့် သူ၏

အေးစက်လှသော မျက်လုံးများဖြင့် စိုက်ကြည့်ရုံမျှဖြင့်ပင် လူများကို

ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု

မြင်ကွင်းအတွင်းဝယ် သူသည် ပုံမှန်အတိုင်းပင်

မျက်လုံးများကို ပြူးကျယ်လျက် ဒေါသတကြီး ကြည့်နေခဲ့ပြီး

မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကျင့်ကြံသူက ကတ်ချရန်

အလွန်နှောင့်နှေးနေသဖြင့် ဆဲဆိုရန်

ဟန်ပြင်နေခဲ့၏။

ထိုအမျိုးသမီးကျင့်ကြံသူမလေးမှာ တုန်လှုပ်နေခဲ့သည်။ သူမသည် မည်သည့်အတွက်ကြောင့်

ဤမျှအထိ ကံဆိုးလျက် ဤကဲ့သို့သော နတ်ဆိုးခေါင်းဆောင်ကြီးနှင့် တစ်ဝိုင်းတည်း

ကစားမိရပါသနည်း။ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။

“ဟေ့... ဟေ့... ဟေ့... အမြန်လုပ်စမ်းပါဦး မင်းကလည်း။”

“ကျွန်မ... ကျွန်မ...”

“ဘာကျွန်မလဲ။ အချိန်က ဆယ်စက္ကန့်ကျော်သွားပြီ။ ကတ်တစ်ချပ်ချဖို့က ဒီလောက်အောက်

ခက်ခဲနေလို့လား။ မကစားနိုင်ရင်လည်း အမြန်ဖယ်စမ်းပါ... ငါ့ရဲ့

အဆင့်တက်မယ့်လမ်းကို လာပြီး မနှောင့်ယှက်နဲ့။”

နတ်ဆိုးမျိုးနွယ်စုဝင်များသည် မွေးရာပါ ရုပ်ဆိုးလှပေသည်။ သူ၏ စိတ်မရှည်မှုများ၊

စူးစိုက်ကြည့်နေသော မျက်ဝန်းများနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသော

လေသံတို့ကြောင့်... ထိုအမျိုးသမီးကျင့်ကြံသူမလေးသည် “အား...” ဟု

အော်ဟစ်လိုက်ရင်း နောက်ဆုံးတွင် မခံမရပ်နိုင်တော့ဘဲ ဦးခေါင်းကို

ဆုပ်ကိုင်လျက် ထရပ်လိုက်တော့သည်။

“ကျွန်မ မကစားတော့ဘူး... မကစားတော့ဘူးရှင်။”

မျက်နှာဖုံးစွပ်လူသားတစ်ဦး လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

“ဘာဖြစ်တာလဲ။”

“ကျွန်မ... ကျွန်မ ကြောက်လို့ပါ။ ကျွန်မ ပြိုင်ပွဲကနေ နုတ်ထွက်ပါတယ်ရှင်။”

မျက်နှာဖုံးစွပ်လူသားသည် လော့ချာအား အေးစက်စွာ လှမ်းကြည့်လိုက်ရာ လော့ချာသည်လည်း

မသိမသာပင် တံတွေးတစ်ချက် မြိုချလိုက်ရ၏။

“ဒါက ငါ့အပြစ် မဟုတ်ဘူးနော်... သူမရဲ့ စိတ်ဓာတ်က အရမ်းပျော့လွန်းလို့ ဖြစ်တာ။”

“ပြိုင်ပွဲကွင်းအတွင်း ဆူပူအောင် ဆောင်ရွက်မှုအတွက် ဝါကတ်သတိပေးချက်

ထုတ်ပြန်လိုက်တယ်။ ဝါကတ် သုံးကြိမ်ရရှိရင်

ပြိုင်ပွဲကနေ တိုက်ရိုက် ထုတ်ပယ်ခံရပါလိမ့်မယ်။”

“ငါ...”

“ဟင်...”

မျက်နှာဖုံးအောက်ရှိ ကျင့်ကြံသူမှာ အဆင့်(၆) နယ်ပယ်မျှသာ ရှိသော်လည်း သူဌေးကြီးက

ဒိုင်လူကြီးတစ်ဦးအနေဖြင့် ပြိုင်ဘက်က အဆင့်(၂) ထိပ်သီးစွမ်းအားရှင်ကြီး

ဖြစ်နေစေကာမူ လုံးဝ နောက်မဆုတ်ရဟု ညွှန်ကြားထားခဲ့ပေသည်။ သူဌေးကြီး

ရှိနေသရွေ့ မည်သည့်မတော်တဆမှုမျှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်

မျက်နှာဖုံးစွပ်လူသားတိုင်းသည် ယုံကြည်မှုအပြည့် ရှိနေကြသည်။

နတ်ဆိုးထိပ်သီးကြီး လော့ချာလား။

တောင်းပန်ပါတယ်... ငါက သူဌေးကြီးရဲ့ လူပဲ။

လော့ချာသည် ပါးစပ်ကို ဟလျက် ဒေါသထွက်ရန် ပြင်လိုက်သော်လည်း သူကိုယ်တိုင်

ပြန်လည်ထိန်းချုပ်လိုက်ရသည်။ သူဌေးကြီးသည် တစ်နေရာရာမှနေ၍

သေချာပေါက် စောင့်ကြည့်နေပေလိမ့်မည်။ သူသည် ပြိုင်ပွဲမှ လုံးဝ

အရှုံးမပေးနိုင်ပေ... မဟုတ်ပါက

သိက္ခာအလွန်ကျသွားပေလိမ့်မည်။

သူ၏ ရည်မှန်းချက်မှာ မာဂျောင်ပြိုင်ပွဲကြီး၏ ပထမဆု ဖြစ်သည်။ ဒါက ပထမဆုံးအဆင့်ပဲ

ရှိသေးသဖြင့် စိတ်အေးအေးထားရမည် ဖြစ်၏။ ကျိန်စာတိုက်စမ်း... တကယ့်ကို

ကံဆိုးလှစွာဖြင့် သတ္တိမရှိသော လူသားမျိုးနွယ်စုဝင်

အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံမိခဲ့ခြင်း

ဖြစ်သည်။

ရုတ်တရက် သူသည် ထိုအဘိုးကြီးနှစ်ဦးကို သတိရသွားမိသည်။ သူတို့သည် အိုမင်းပြီး

ရုပ်ဆိုးကြသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာမူ အတော်အတန်

ကောင်းမွန်ကြပေသည်။

မျက်နှာဖုံးစွပ်လူသားသည် ထွက်ခွာသွားခဲ့သည်။

ထိုအမျိုးသမီးကျင့်ကြံသူမလေး နုတ်ထွက်သွားသဖြင့် စားပွဲဝိုင်းထက်ဝယ် ပြိုင်ပွဲဝင်

သုံးဦးသာ ကျန်ရစ်တော့၏။ လော့ချာသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး

ကျန်ရှိနေသော အမျိုးသားကစားသမား နှစ်ဦးကို လှမ်းကြည့်ကာ ငိုနေသည်ထက်

ဆိုးရွားလှသော အပြုံးကြီးတစ်ခုကို မနည်းပင် ဖန်တီးလိုက်ရသည်။

“လူကြီးမင်းတို့... ဆက်ကစားကြတာပေါ့။”

အားနွဲ့ပြီး ကူညီမည့်သူကင်းမဲ့နေသော လူသားကျင့်ကြံသူ အမျိုးသားနှစ်ဦးမှာ

တုန်လှုပ်ချောက်ချားစွာဖြင့် ကတ်များကို စတင်ဆွဲယူကြတော့သည်။

ပြိုင်ပွဲမစတင်မီက မည်မျှပင် စိတ်လှုပ်ရှားခဲ့ကြစေကာမူ ယခုအခါတွင်မူ အလွန်ပင်

ကြောက်ရွံ့နေခဲ့ကြရပြီ ဖြစ်၏။

ဤကဲ့သို့သော ပြိုင်ဘက်နှင့် တွေ့ဆုံရခြင်းမှာ တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင်

ဖြစ်တော့သည်။

အခန်း (၁၉၈) မိန်းကလေး... မင်း မီးနဲ့ ဆော့နေတာပဲ

လင်ချိုးသည် တည်ငြိမ်အေးဆေးစွာဖြင့် မျက်နှာထက်၌ အပြုံးတစ်ခုကို ဆင်မြန်းထားရာ

တကယ့်ကို အကြံအဖန်ကောင်းလှသော စစ်ဗျူဟာမှူးကြီးတစ်ဦးအလားပင်။ သူ၏

ပြိုင်ဘက် သုံးဦးမှာမူ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းလျက်

လက်မောင်းများဖြင့် မိမိတို့၏ မာဂျောင်တုံးများကို

အကာအကွယ်ပြုထားကြပြီး သူ့အား သံသယမျက်ဝန်းများဖြင့်

စိုက်ကြည့်နေကြ၏။ သူတို့သည် ဤစီနီယာကြီးက သူတို့၏ ကတ်များကို

ကြိုတင်မြင်တွေ့နေရသည်ဟု အမြဲ

ခံစားနေကြရသောကြောင့် ဖြစ်သည်။

“အနီရောင်... နဂါးနီ။”

လင်ချိုးက သာသာလေး ပြုံးလိုက်ပြီး သူ၏ ကတ်များကို လှန်ပြလိုက်တော့သည်။

“အချိန်ကိုက်ပဲ ညီလေးရေ... ‘ဆရာကြီးသုံးပါး’ ပဲ။”

“ကျိန်စာတိုက်စမ်း။”

ဆုပေါက်မည့်ကတ်ကို မှားယွင်းချမိသွားသော ကစားသမားမှာ မျက်လုံးများ

ပြူးကျယ်သွားပြီးနောက်

သတိလစ်မေ့မြောသွားတော့သည်။

သူက ဆုပေါက်ကတ်များကို ဆက်တိုက် ချပေးနေမိပြီး ထိုအဘိုးကြီးကလည်း တစ်ချိန်လုံး

အနိုင်ရရှိနေခဲ့သည်။ ၎င်းမှာ အလွန်အမင်း အနိုင်ကျင့်ခံရခြင်းပင်။

လင်ချိုးသည် စားပွဲထက်ရှိ နောက်ဆုံးကျန်ရှိနေသော

အနီရောင်စက္ကူဒင်္ဂါးများကို သဘာဝကျကျပင်

သိမ်းယူလိုက်ပြီး ထိုကျင့်ကြံသူလည်း ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရတော့သည်။

“ဆက်ရအောင်။”

“ဆ... ဆက်ရအောင်ဗျာ။” ကျန်ရှိနေသော ကစားသမားနှစ်ဦးမှာ သူတို့၏ နည်းပါးလှသော

ကစားဒင်္ဂါးပြားများကို ကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ

မြိုချလိုက်ကြရ၏။

သူတို့ ကစားနေသည်မှာ ဤအဘိုးကြီးနှင့် တစ်ဂိမ်းတည်း ဟုတ်ပါလေစဟုပင်

သံသယဖြစ်မိကြတော့သည်။

ရှီလုံရန်နှင့် ယွီရှောင်ရှန်းတို့မှာ တစ်ဝိုင်းတည်းတွင် ကျရောက်နေခဲ့သည်။ ယခုအခါ

ရှီလုံရန်၏ မျက်နှာမှာ ခါးသက်နေပြီး သူ၏ ကစားဒင်္ဂါးပြား တစ်ဝက်ခန့်သာ

ကျန်ရှိတော့သဖြင့် ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေခဲ့၏။ အကယ်၍

ဘေးနား၌ မျက်နှာဖုံးစွပ်လူသားသာ မရှိပါက သူသည် ထိုင်ခုံပေါ်သို့ ခုန်တက်လျက်

ဆဲဆိုမိလောက်ပြီ ဖြစ်သည်။

ယွီရှောင်ရှန်းသည် ပုံမှန်အားဖြင့် မာဂျောင်ကစားလေ့မရှိသော်လည်း ယနေ့တွင်မူ သူသည်

အလွန်ပါးနပ်ပြီး ကံကောင်းနေခဲ့သဖြင့် အခြားပြိုင်ဘက် သုံးဦးထက် များစွာ

သာလွန်နေခဲ့ပေသည်။

“ယဉ်ကျေးမှုမရှိတဲ့ အဘိုးကြီး... အိမ်ပြန်ပြီး သွားအိပ်လိုက်တော့။” ယွီရှောင်ရှန်းက

စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။

အားကစားစိတ်ဓာတ် မရှိသောသူသည် ကရုဏာသက်ရန် မထိုက်တန်ပေ။

ရှောင်ကျွယ်၊ ယွန်းယီ၊ မုရုန်ပိုင်ချွမ်းနှင့် အခြားသူများသည် မာဂျောင်နှင့်

ပထမဆုံး စတင်ထိတွေ့ခဲ့ကြသော အုပ်စုဝင်များ ဖြစ်ကြသည်။ သူတို့၏

စွမ်းရည်မှာ သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်သဖြင့်

နောက်တစ်ဆင့်သို့ တက်လှမ်းရန်မှာ မည်သို့မျှ အခက်အခဲ

မရှိခဲ့ချေ။

ပြိုင်ပွဲအတွင်း၌ ဝူဧကရီမင်းမြတ်သည် သူ၏ နှုတ်ခမ်းဖျားတွင် “ဟွာကျီ”

စီးကရက်တစ်လိပ်ကို အမြဲတမ်း ကိုက်ထားသော်လည်း

မီးညှိမထားပေ။ ပြိုင်ပွဲကွင်းအတွင်း၌ ဆေးလိပ်သောက်ခြင်းကို

ခွင့်မပြုသဖြင့် သူသည် ထိုနည်းလမ်းဖြင့်သာ သူ၏ စိတ်အာရုံကို

ဖြေဖျောက်နေခဲ့ရသည်။ နန်းတော်တွင်း၌ နေ့စဉ်ရက်ဆက် လေ့ကျင့်ထားခဲ့သော သူ၏

မာဂျောင်စွမ်းရည်မှာ ပြိုင်ပွဲဝင် ကိုးဆယ်ရာခိုင်နှုန်းကျော်ထက်

သာလွန်လှပေသည်။ သူက တည်ငြိမ်စွာ ပြုံးလျက် ပြိုင်ဘက်များကို

မထေမဲ့မြင် ပြုနေခဲ့ပြီး ကိစ္စရပ်အားလုံးကို အသာလေး

ကိုင်တွယ်ဖြေရှင်းနေခဲ့၏။

၎င်းတို့အားလုံးမှာ ချန်ပီယံဆုအတွက် ရေပန်းစားနေကြသော စံပြကစားသမားများနှင့်

နာမည်ကျော်များ ဖြစ်ကြသော်လည်း လူထုကြားထဲမှ လူမသိသူမသိ

စွမ်းအားရှင်များလည်း ရှိနေကြသေးသည်။

ဥပမာအားဖြင့် စားပွဲဝိုင်းတစ်ခု၌ ဖန်ထုံအမည်ရှိ

အမျိုးသမီးကျင့်ကြံသူမလေးသည်

ဆယ်ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့သည်။ သူမသည် တည်ငြိမ်စွာ

ကစားတတ်ပြီး သူမ၏ လှပသော မျက်ဝန်းများထဲ၌ ပါးနပ်မှုများ

သန်းနေခဲ့၏။ သူမသည် အခြေအနေအရပ်ရပ်ကို သေချာစွာ

တွက်ချက်တတ်သည်။ သူမ၏ ပြိုင်ဘက်များထဲ၌

မိစ္ဆာမျိုးနွယ်စုဝင် “ကျားတောင်တန်းသခင်” လည်း ပါဝင်နေခဲ့သည်။ ထိုမိစ္ဆာဘုရင်မှာ အနည်းငယ်

အူကြောင်ကြောင် ဖြစ်နေခဲ့ပြီး ပထမဆုံးအကြိမ်မှာပင်

ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရရာ သူသည် ပျော်ရွှင်ချင်ရုံသက်သက်ဖြင့်

လာရောက်ကစားခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထို့ပြင် ဖျောင်မြောင်ကျင့်ကြံခြင်းဂိုဏ်း မှ

အသက်ကြီးပိုင်း အမျိုးသမီး အကြီးအကဲတစ်ဦးလည်း ရှိနေခဲ့သည်။

သူမ၏ ပြိုင်ဘက်တစ်ဦးမှာ နတ်ဆိုးမျိုးနွယ်စုဝင် ဖြစ်၏။ ထိုလူသန်ကြီးသည်

မာဂျောင်တုံးများကို စိုက်ကြည့်လျက်

စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို

ကုတ်နေခဲ့ရာ သူ၏ စွမ်းရည်နှင့် ဉာဏ်ရည်မှာ အလွန်တရာ

အားနည်းနေကြောင်း သိသာလှသည်။ အမျိုးသမီးအကြီးအကဲကမူ

မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ကစားဒင်္ဂါးပြားများကိုသာ ဆက်တိုက်

စုဆောင်းနေခဲ့သဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် သေချာသလောက် ရှိနေခဲ့ပြီ

ဖြစ်သည်။

လီယွဲ့ကို အံ့အားသင့်စေသည်မှာ ဗီဒီယိုကြည့်သော app ပေါ်၌ Follower အများဆုံးရှိသော နတ်သမီး

မြောင်ယင်းသည်လည်း ကံကောင်းနေပုံရခြင်း ဖြစ်သည်။ ကတ်ဆွဲရုံတင်

ကောင်းမွန်သည်မဟုတ်ဘဲ သူမ၏ ပြိုင်ဘက်များလည်း

တိုက်ဆိုင်နေခဲ့ပေသည်။ သူမ၏ အမျိုးသားပြိုင်ဘက်

သုံးဦးစလုံးသည် တစ်ချိန်လုံး ရှက်သွေးဖြာနေကြပြီး သူမအား

တည့်တည့်မကြည့်ဝံ့ကြချေ။ သူတို့၏ စိတ်အာရုံများ ပျံ့လွင့်နေသဖြင့် အကြိမ်ကြိမ်

မှားယွင်းကစားမိကြတော့သည်။ ထူးခြားသော ဘေးအန္တရာယ်မရှိပါက နတ်သမီး

မြောင်ယင်းသည် အလွယ်တကူပင် နောက်တစ်ဆင့်သို့

တက်လှမ်းနိုင်ပေလိမ့်မည်။ သူမသည်

ပုံမှန်အားဖြင့် မာဂျောင်သိပ်မကစားဖူးသကဲ့သို့ ဆိုင်သို့လည်း လာခဲပြီး

မာဂျောင်ခန်းမဆောင်သို့ တစ်ကြိမ်တည်းသာ ရောက်ဖူးသည်ကို

ထည့်သွင်းစဉ်းစားပါက ဤရလဒ်မှာ အလွန်တရာ အံ့ဩစရာကောင်းလှပေသည်။

ထို့ပြင် လျူချင်းလီ လည်း ရှိနေခဲ့သည်။ သူမသည် ဆိုင်၏ အစောဆုံး

ဝယ်ယူသူများထဲမှ တစ်ဦးဖြစ်သဖြင့် ဤမာဂျောင်ပြိုင်ပွဲကြီးကို

သေချာပေါက် လွဲချော်မည် မဟုတ်ပေ။ သူမသည် မိမိဂိုဏ်းအတွင်း

ကျင့်ကြံခြင်းတာဝန်များပြားလှသဖြင့် ဆိုင်သို့ မကြာခဏ

မလာရောက်နိုင်သော်လည်း

ငယ်ရွယ်သူတစ်ဦးဖြစ်သည့်အားလျော်စွာ

အစွမ်းကုန် ကြိုးစားရမည့် အချိန်ဖြစ်ပေသည်။

သူမ၏ ကံတရားမှာလည်း ကောင်းမွန်လှပြီး အလွန်ညံ့ဖျင်းသော ပြိုင်ဘက် သုံးဦးနှင့်

တွေ့ဆုံခဲ့ရသည်။ လျူမုချင်းသည် လွန်ခဲ့သော တစ်လခန့်က ကိုယ်ပိုင်သစ်သား

မာဂျောင်တုံးများကို ပြုလုပ်ခိုင်းထားခဲ့သဖြင့် လျူချင်းလီသည် အိမ်ပြန်သည့်

အချိန်များတွင် မိသားစုဝင်များနှင့် ကစားလေ့ရှိရာ သူမ၏ စွမ်းရည်မှာလည်း

မဆိုးလှချေ။

ပြိုင်ပွဲကွင်းအတွင်း တိတ်ဆိတ်နေသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌မူ

မရေမတွက်နိုင်သော မှတ်ချက်များနှင့် လက်ဆောင်ပစ္စည်းများမှာ

ပျံသန်းလျက် ပြင်းထန်လှပေသည်။ အွန်လိုင်းမှ စောင့်ကြည့်သူဦးရေမှာ

လေးသောင်း (၄၀,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်၏။

မကြာမီ ပထမအဆင့် ပြီးဆုံးသွားခဲ့သည်။ အဆင့်တက်လှမ်းသူများကို သတ်မှတ်ပြီးနောက်

ရှုံးနိမ့်သွားသောသူများသည် သက်ပြင်းအရှည်ကြီးများ ချလျက် စည်းကမ်းတကျ

ထွက်ခွာသွားကြတော့သည်။

လက်ဖက်ရည်တစ်ခွက်သောက်စာခန့် အနားယူခွင့် ပေးထားခဲ့သည်။ လီယွဲ့သည် ဝယ်ယူသူများအတွက်

တကယ့်ကို အဆင်ပြေစေရန် စတိုးဆိုင်ငယ်လေးမှ မုန့်များနှင့် အချိုရည်များကို အခမဲ့

ပံ့ပိုးပေးထားခဲ့၏။

ဆေးလိပ်သောက်တတ်သော လူအုပ်ကြီးမှာ ဆေးလိပ်သောက်သည့် ဇုန်အတွင်းသို့ သွားရောက်ကာ

စီးကရက်ငွေ့များကို မှုတ်ထုတ်လျက် မိမိတို့၏ ပထမဆုံးပွဲစဉ်

အတွေ့အကြုံများကို စကားကြီးစကားကျယ်ဖြင့်

ဖော်ညွှန်းပြောဆိုနေကြတော့သည်။ သေချာတာပေါ့... လူတိုင်းသည်

အနည်းနှင့်အများ ကြွားဝါတတ်ကြသည် မဟုတ်ပါလော။

လူလေးထောင်လေးရာ (၄,၄၀၀) သည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ပွဲစဉ်များ

ပြန်လည်စတင်ပြီး ပြိုင်ပွဲဝင်များ နေရာယူကြတော့၏။

သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လော့ချာ ကြောင်အသွားသည်။

အမျိုးသမီး သုံးဦးတောင်လား။ ဘုရားရေ... တကယ့်ကို မထင်မှတ်ထားစရာ ကံတရားပါပဲလား။

“နင် ဘာကို စိုက်ကြည့်နေတာလဲ။”

“ငါ...”

လော့ချာ ဆွံ့အသွားရတော့သည်။ ဤမိန်းမ၏ ဒေါသမှာ အလွန်တရာ ပြင်းထန်လှပေသည်။ သူက

ခိုးကြည့်ရုံမျှသာ ကြည့်ခဲ့ခြင်း ဖြစ်ရာ ဤမျှအထိ ပြုလုပ်ရန်

လိုအပ်ပါသလော။

‘ငါက အဆင့်(၂) ထိပ်သီးစွမ်းအားရှင်ကြီး ဖြစ်တယ်နော်။ မင်းက ငါ့ကို ဒီလို လေသံနဲ့

အော်ဟစ်ရဲတယ်ပေါ့လေ။’

ထိုအမျိုးသမီး၏ အမည်မှာ လူရှင်းယွဲ့ဖြစ်ပြီး ချန်းကျိုးနယ်မြေရှိ

လူမိသားစုဝင် ဖြစ်သည်။ ချန်းကျိုးသည် ချင်းပြည်နယ်နှင့် များစွာ

ဝေးကွာလှပေသည်။ သူမသည် ပုံမှန်အားဖြင့် အိမ်၌ ဘိုးဘေးကြီး

လူယွမ်နှင့်အတူ မာဂျောင်ကစားလေ့ ရှိသူ ဖြစ်၏။ သူမသည် ဆိုင်သို့

တစ်ကြိမ်တည်းသာ ရောက်ဖူးသဖြင့် လော့ချာကို မမြင်ဖူးချေ။ ဆိုင်အတွင်း၌

နတ်ဆိုးမျိုးနွယ်စုဝင် ဝယ်ယူသူများ ရှိနေကြောင်း သူမ သိရှိသော်လည်း မည်သို့မျှ

ကြောက်ရွံ့ခြင်း မရှိချေ။

အသက်တစ်ရာမပြည့်သေးမီ အဆင့်(၅) ကျင့်ကြံဆင့်သို့ ရောက်ရှိနေသော

ပါရမီရှင်တစ်ဦးဖြစ်သဖြင့် သူမသည် အနည်းငယ်

မောက်မာနေခဲ့သည်။ ငယ်စဉ်ကတည်းကပင် အလိုလိုက်ခြင်း ခံခဲ့ရသဖြင့် တက်ကြွလှသော

စရိုက်ရှိပြီး ဆိုင်အတွင်း၌ ဘေးကင်းမည်ဖြစ်ကြောင်း သိရှိသဖြင့်

ပိုမို ရဲတင်းနေခဲ့ခြင်း ဖြစ်၏။ သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက်

မျက်နှာချင်းဆိုင်ရှိ မျက်ခုံးထူထူ မျက်လုံးပြူးပြူးနှင့် နတ်ဆိုးကြီးက

သူမအား စိုက်ကြည့်နေသည်ကို မြင်ရသဖြင့် သူမက သေချာပေါက် ကောင်းသော

မျက်နှာသွင်ပြင်ကို ပြသလိမ့်မည် မဟုတ်ပေ။

လော့ချာ စကားပင် မပြောနိုင်တော့ပေ။ သူသည် နောက်ထပ် ဝါကတ်တစ်ကတ် မရရှိလိုသဖြင့်

ဒေါသကို မြိုသိပ်လိုက်ပြီး မိမိကိုယ်ကိုယ် ဤမိန်းမပျက်နှင့်

အတန်းအစားချင်း မယှဉ်ရန်သာ ဖျောင်းဖျလိုက်တော့သည်။

“တစ်လုံးတန် စာလုံးကတ်။”

“ပေါင် (Pong)။”

“သုံးလုံးတန် ဝါးကတ်။”

“ပေါင်။”

“စိမ်းလန်းသော နဂါးစိမ်းကတ်။”

“ပေါင်။”

လော့ချာ၏ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည်။ သူ၏ ကံတရားက ပြောင်းလဲသွားပြီလော။ သူ

လိုအပ်သော ကတ်များကိုသာ ဆက်တိုက် ရရှိနေခဲ့ပြီး အကြိမ်အနည်းငယ်

ပေါင်ပြီးနောက်တွင် သူသည် အနိုင်ရရှိရန်သာ

စောင့်ဆိုင်းနေခဲ့ရတော့သည်။

ရုတ်တရက် သူသည် အေးစက်လှသော သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရ၏။ လော့ချာ

မျက်မှောင်ကြုတ်လျက် မော့ကြည့်လိုက်ရာ... မျက်နှာချင်းဆိုင်ရှိ

ထိုမိန်းမ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤမိန်းမ ရူးနေတာလား။

“ကိုးလုံးတန် စက်ဝိုင်းကတ်။”

“ဝူး ပြီဟေ့... ပေါင်ပေါင်ဝူး (တွဲလုံးသီးသန့်) ပဲ... ဟားဟား။”

လူရှင်းယွဲ့သည် သူ၏ မောက်မာလှသော မျက်နှာကို ကြည့်ရင်း ဝတ်ရုံစအတွင်းရှိ သူမ၏

လက်သီးများကို တင်းတင်းဆုပ်ထားခဲ့သည်။

ဒုတိယပွဲစဉ်၌ လော့ချာ ထပ်မံ အနိုင်ရပြန်သည်။

တတိယပွဲစဉ်၌ လော့ချာသည် “ချင်းယီစိန့်” (တစ်မျိုးတည်းသီးသန့်) ဖြင့်

အနိုင်ရခဲ့၏။

ခဏအကြာတွင် လူရှင်းယွဲ့၏ ကစားဒင်္ဂါးပြားများအားလုံး ကုန်ဆုံးလုနီးပါး

ဖြစ်သွားခဲ့ရပြီး သူမ၏ လှပသော မျက်နှာလေးမှာလည်း

ဒေါသကြောင့် မည်းမှောင်နေခဲ့သည်။

“ကော်ရှီဝူရွှမ်း (ထောင့်တစ်ဆယ့်သုံးလုံး) ပဲ... ဟဲဟဲ...

ကစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။” လော့ချာက

အောင်နိုင်သူအပြုံးဖြင့် ကျယ်လောင်စွာ

ရယ်မောလိုက်တော့သည်။

မမျှော်လင့်ဘဲ လူရှင်းယွဲ့သည် စားပွဲကို ရိုက်လျက် ဝုန်းခနဲ မတ်တပ်ရပ်လိုက်တော့သည်။

“နင် တကယ်ပဲ လိမ်လည်ကစားနေတာ မဟုတ်လား။ ဟင်... ပွဲတိုင်းကို အနိုင်ရနေရအောင်

အကုန်လုံးကို ပေါင်နေတာပဲ။ ငါ စောစောကတည်းက သတိထားမိတယ်။

နင့်မျက်လုံးတွေက ဟိုဟိုဒီဒီ ကြည့်နေတာ။ သူတို့တွေနဲ့

အချိတ်အဆက် လုပ်နေတာလား။ ပြီးတော့ နင်တို့နှစ်ယောက်ကော... သူက

နင်တို့အဖေမို့လို့ ကတ်တွေကို တစ်ချပ်ပြီးတစ်ချပ်

လွှတ်ပေးနေကြတာလား။ နင်တို့သုံးယောက်လုံး ပူးပေါင်းပြီး

ငါ့ကို လာကစားနေကြတာမလား။”

လူရှင်းယွဲ့သည် လော့ချာကိုသာမက ကျန်ရှိနေသော ကစားသမားနှစ်ဦးကိုပါ ကျယ်လောင်စွာ

ဆဲဆိုလိုက်သည်။ သူမသည် သွယ်လျသော ခါးကိုထောက်လျက် လက်ညှိုးထိုးကာ

စူးရှလှသော ဆဲရေးတိုင်းထွာမှုများကို ဆက်တိုက် ပြုလုပ်နေခဲ့ရာ သူမ၏

အမူအရာနှင့် စရိုက်မှာ အလွန်တရာ ကြောက်စရာကောင်းလှ၏... လော့ချာ ဆွံ့အသွားရတော့သည်။

‘ကျိန်စာတိုက်စမ်း... ဒီမိန်းမက တကယ့်ကို ကြမ်းလှချည်လား။ ငါ့နှာခေါင်းကို

လက်ညှိုးထိုးပြီး ဆဲဆိုတာ ကြုံဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒါပေမဲ့

ဒီလိုခံစားချက်မျိုးက... ငါ့ကို ဘာဖြစ်လို့ ထူးဆန်းစွာနဲ့ စိတ်လှုပ်ရှားစေရတာလဲ။’

အခြားသော အမျိုးသမီးကစားသမားနှစ်ဦးမှာမူ ဆဲဆိုခံရသဖြင့် ခေါင်းပင် မဖော်ဝံ့ကြဘဲ

မျက်နှာများ နီမြန်းလျက် တိတ်ဆိတ်နေခဲ့ကြရသည်။

“ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ။” မျက်နှာဖုံးစွပ်လူသားသည် အပြေးအလွှား ရောက်ရှိလာခဲ့၏။

“သူတို့တွေ လိမ်ကစားနေကြတာ။ နင်တို့ ပွဲစီစဉ်သူတွေက ဘာမှ မလုပ်ကြတော့ဘူးလား။”

“ဟေး... မင်းလို မိန်းမပျက်... ပေါက်ကရတွေ လာမပြောနဲ့။ သတိထားပါ... မဟုတ်ရင် ငါ

မင်းကို သိက္ခာချမှုနဲ့ တရားစွဲလိုက်မယ်” ဟု လော့ချာက မတ်တပ်ရပ်လျက်

ပြန်လည်အော်ဟစ်လိုက်တော့သည်။

“နင်...” လူရှင်းယွဲ့က ထပ်မံပြောဆိုရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ ပါးစပ်မှာ

လှုပ်ရှားနေသော်လည်း မည်သည့်အသံမျှ ထွက်မလာတော့ပေ။

“ဆူပူသောင်းကျန်းခြင်း မပြုလုပ်ပါနဲ့။ သူတို့တွေ လိမ်လည်ကစားခြင်း မရှိပါဘူး။ အကယ်၍

ရှိခဲ့ပါက ပြိုင်ပွဲကွင်းအတွင်းမှာ သတိပေးချက် ထုတ်ပြန်ပြီးသား ဖြစ်ပါလိမ့်မယ်။

ခင်ဗျားဟာ ပြိုင်ပွဲရဲ့ စည်းစနစ်ကို ပြင်းထန်စွာ ဖျက်ဆီးခဲ့တဲ့အတွက်

အခုကစပြီး ပြိုင်ပွဲဝင်ခွင့်ကို ပယ်ဖျက်လိုက်ပါတယ်။”

မျက်နှာဖုံးစွပ်လူသားက လူရှင်းယွဲ့ကို အတင်းအကျပ် ဆွဲထုတ်သွားတော့သည်။ သူမ၏

ပါးစပ်မှ အသံမထွက်သော်လည်း ဆဲဆိုခြင်းကို မရပ်တန့်သေးပေ... သူမ၏

နှုတ်ခမ်းလှုပ်ရှားမှုအရ “နင် စောင့်နေလိုက်တော့” ဟု ပြောနေခြင်းဖြစ်ကြောင်း

လော့ချာ သိရှိလိုက်သည်။

လော့ချာ၏ နှုတ်ခမ်းထောင့်စွန်းများမှာ ပိုမိုကျယ်ပြန့်စွာ ကွေးညွတ်သွားပြီး

ဆိုးသွမ်းလှသောအပြုံးတစ်ခုကို ဖန်တီးလိုက်မိ၏။

“စိတ်ဝင်စားစရာပဲ... မိန်းကလေး... မင်း ငါ့ရဲ့ အာရုံစိုက်မှုကို ရရှိအောင်

သေချာပေါက် စွမ်းဆောင်နိုင်ခဲ့တာပဲ။”

All Chapters