အခန်း ၆၆၈
Vol. 48 Ch. 668
အခန်း ၆၆၈ - မူလမှော်စွမ်းအား၊ ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ်
နောက်ထပ်တစ်နေ့ ကုန်လွန်သွားခဲ့ပြီးနောက် ကျန်းဖန်သည် သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာခဲ့၏။
သေချာသည်မှာ ဖန်ဝေတုန်းနှင့် အခြား အဆင့် ၄ ကျင့်ကြံသူများကို သတ်ဖြတ်လိုက်ခြင်းဖြင့် ဤဒေသ၏ အခြေအနေကို သူ လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ကြောင်း သူ မသိရှိခဲ့ချေ။
ဤသည်က ရိုင်းစိုင်းသောနွားမျိုးနွယ်နှင့် အခြားမျိုးနွယ်စုများကို ဤနေရာမှ စုပေါင်းရွှေ့ပြောင်းသွားစေခဲ့သည်။
အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ရန်နှင့် အချိန်ဆွဲနိုင်ရန်အတွက် ကောင်းကင်ပန်ငှက်မျိုးနွယ်ထံမှ ဤကိစ္စကို ဖုံးကွယ်ထားရန်ပင် သူတို့ စီစဉ်ခဲ့ကြ၏။
ရလဒ်အနေဖြင့် ကာလတိုအတွင်း ကောင်းကင်ထင်းရူးတောင်တန်းဒေသ၌ အခြားမည်သည့် အင်အားစုကမျှ အခြေချနေထိုင်မည် မဟုတ်ပေ။
အခြားမည်သည့် အန္တရာယ်မျှလည်း ပေါ်ထွက်လာမည် မဟုတ်ချေ။
"ဒီတစ်ခေါက်တော့ အကျိုးအမြတ်တွေ တော်တော်လေးများတဲ့ပုံပဲ။"
ဤအချိန်တွင် ကျန်းဖန်သည် အသစ်ရရှိထားသော သိုလှောင်အိတ်အချို့ကို ဖွင့်လိုက်ရာ မျက်စိကျိန်းမတတ် ရတနာအမြောက်အမြားကို တွေ့လိုက်ရ၏။
ယွမ်ယင်းကျင့်ကြံသူများ အလွန်အမင်း ကြွယ်ဝချမ်းသာကြသည်မှာ အံ့သြစရာမဟုတ်တော့ဟုသာ ဆိုရပေမည်။
အတွင်းရှိ ရတနာများ၏ စုစုပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် အနည်းဆုံး ရှိပေသည်။
မည်သည့် ယွမ်ယင်းကျင့်ကြံသူမဆို ဤရတနာများကို ရရှိပါက ညတွင်းချင်း သူဌေးဖြစ်သွားခြင်းနှင့် တူညီလှပေသည်။
သို့သော် ထိုအရာများထဲတွင် တန်ဖိုးအကြီးဆုံးမှာ သဘာဝကျကျပင် အရပ်ငါးမျက်နှာ ဘေးဒုက္ခကျောက်တုံး သုံးတုံးပင်ဖြစ်သည်။
"အရပ်ငါးမျက်နှာ ဘေးဒုက္ခကျောက်တုံး သုံးတုံး ထပ်ရလိမ့်မယ်လို့ မယုံနိုင်ဘူးဟ။"
"ဒါကများ အဆင့်(၅) အခွင့်အရေး ဆိုတာလား။"
ကျန်းဖန်သည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အလွန်အမင်း ကျေနပ်ဝမ်းသာသွား၏။
ဤအရာများကို ကောင်းကင်ပန်ငှက်မျိုးနွယ် ယွမ်ယင်းကျင့်ကြံသူထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
အဆင့် ၅ မျိုးနွယ်စုများမှ ဤကဲ့သို့သော ကျင့်ကြံသူများသာ ဤမျှ အဖိုးတန်သော ရတနာများကို ရယူနိုင်စွမ်းရှိကြပေသည်။
သူ့၌ အရပ်ငါးမျက်နှာ ဘေးဒုက္ခကျောက်တုံး တစ်တုံး ရှိနှင့်ပြီးဖြစ်သော်ငြားလည်း ရတနာတွေ များလွန်းနေသည်ဟု မည်သူက ညည်းညူမည်နည်း။
ထို့အပြင် တစ်တုံးတည်း ရှိနေခြင်းက ကောင်းကင်ဘေးဒုက္ခကို တောင့်ခံရန် လုံလောက်မည်မဟုတ်ချေ။
ယခု ယွမ်ယင်း မိုးကြိုးဘေးဒုက္ခအတွက် ၎င်းကို မလိုအပ်လျှင်တောင်မှ သူ၏ အနာဂတ် တာအိုလက်တွဲဖော်များက အသုံးပြုနိုင်သေးသည်။
အကယ်၍ သူသည် အနာဂတ်တွင် ဟွာရှန်အဆင့်သို့ တက်လှမ်းမည်ဆိုပါက ဟွာရှန် မိုးကြိုးဘေးဒုက္ခနှင့်လည်း ကြုံတွေ့ရနိုင်ပေသည်။
ကောင်းကင်ဘေးဒုက္ခများကို ခုခံနိုင်သော ဤကဲ့သို့ အံ့မခန်းပစ္စည်းမျိုးသည် များလေလေ ကောင်းလေလေသာဖြစ်ကြောင်း ဆိုရပေမည်။
"ယွမ်ယင်း လူသားဘေးဒုက္ခကို ကြိုတင်ဖြေရှင်းပြီးသွားပြီဆိုတော့ ယွမ်ယင်းဖွဲ့စည်းတာကို ငါ စတင်လို့ရပြီ။"
ကျန်းဖန်သည် သူ၏ ရည်ရွယ်ချက်ကို မေ့ပျောက်မသွားခဲ့ချေ။ အရေးအကြီးဆုံး အလုပ်မှာ ယွမ်ယင်းဖွဲ့စည်းခြင်းပင် ဖြစ်သည်။
သူသည် ယွမ်ယင်းဖွဲ့စည်းရန် နေရာကို ရွေးချယ်ပြီးဖြစ်ရာ ၎င်းမှာ ကောင်းကင်ထင်းရူး တောင်တန်း၏ ဗဟိုချက်၌ ဖြစ်သည်။
ထိုနေရာတွင် အဆင့် ၄ ဝိညာဉ်ကြောတစ်ခု ရှိနေသည်။ ၎င်းသည် နဂါးကြောအိမ်ရာအင်းနှင့် ပေါင်းစပ်ထားပြီးဖြစ်ကာ သူ၏ ဉာဏ်အလင်းပေးခြင်းကို ခံထားရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ဤကဲ့သို့သော နဂါးကြောတစ်ခုတွင် ကြိုးစားအားထုတ်မှု၏ နှစ်ဆသောရလဒ်များကို သေချာပေါက် ရရှိမည်ဖြစ်သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်။
ကျန်းဖန်သည် သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာခဲ့ပြီး ကောင်းကင်ထင်းရူးတောင်တန်းရှိ ဂူတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့၏။
ဤသည်မှာ ကောင်းကင်ထင်းရူးတောင်တန်းရှိ ဝိညာဉ်ကြောများ၏ အဓိကနေရာဖြစ်ပြီး ထူထပ်သော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေပေသည်။
ဝိညာဉ်ချီ သိပ်သည်းမှုနှင့် ပတ်သက်၍ဆိုရလျှင် ၎င်းမှာ သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေထက် လုံးဝမလျော့နည်းချေ။
"စိတ်ဝင်စားစရာပဲ၊ နဂါးကြောတော်တော်များများက ပေါင်းစပ်မယ့် အရိပ်အယောင်တွေ ပြသနေကြပြီ။"
"ဒီအတိုင်းသာ ဆက်သွားရင် အဆင့် ၅ ဝိညာဉ်ကြောတစ်ခုကို တကယ်ပဲ မွေးဖွားပေးနိုင်လိမ့်မယ်။"
ကျန်းဖန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။
ကောင်းကင်ထင်းရူး တောင်တန်း၏ မြေကြီးအောက် နက်ရှိုင်းသောနေရာ၌ ဝိညာဉ်ကြောအမြောက်အမြား ပုန်းကွယ်နေကြောင်းကို သူ အာရုံခံမိလိုက်သည်။
သေချာသည်မှာ ဤဝိညာဉ်ကြောများသည် အရွယ်အစား ကွဲပြားကြ၏။
သို့သော် ချွင်းချက်မရှိ အားလုံးသည် သူ၏ ဉာဏ်အလင်းပေးခြင်းကို ခံထားရပြီး နဂါးကြောများ အဖြစ်သို့ အသွင်ပြောင်းနေကြပြီ ဖြစ်သည်။
မြေကြီးအောက် နက်ရှိုင်းသောနေရာတွင် နဂါးငယ်လေးများကို ပြုစုပျိုးထောင်နေသကဲ့သို့ နက်ရှိုင်းရာ၌ ကူးခတ်သွားလာနေကြ၏။
သူတို့သည် မှေးမှိန်သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး သူတို့၏ နက်ရှိုင်းသောနေရာ၌ အင်းစာလုံးများ ပေါ်ထွက်နေကာ အလွန်အမင်း နက်နဲလှပေသည်။
တစ်ချိန်တည်းမှာပင် ဤဝိညာဉ်ချီ နဂါးငယ်လေးများသည် တစ်ကောင်နှင့်တစ်ကောင် ထိတွေ့ကာ အပြန်အလှန် ဝါးမျိုနေကြ၏။
နဂါးကြီးများက နဂါးငယ်များကို စားသောက်ကြသည်။
ပေါင်းစပ်ခြင်း ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ကြောများအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားမည်ဖြစ်ပြီး အဆင့် ၅ ဝိညာဉ်ကြောတစ်ခုကို မွေးဖွားပေးမည်ဖြစ်သည်။
ထိုအချိန်ကျလျှင် ဤနေရာသည် သေချာပေါက် သန့်စင်သော မြေမြတ်ဒေသတစ်ခု ဖြစ်လာပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ပန်ငှက်မျိုးနွယ်၊ နတ်မြေခွေးမျိုးနွယ်၊ ကျောင်နဂါးမျိုးနွယ်နှင့် အခြားသော အဆင့် ၅ မျိုးနွယ်စုများ၏ မြေမြတ်ဒေသများကဲ့သို့ပင် သူတို့၌လည်း များသောအားဖြင့် အဆင့် ၅ ဝိညာဉ်ကြော တစ်ခုသာ ရှိကြပေသည်။
အနောက်ပိုင်းတိုက်ကြီးတွင် အဆင့် ၅ ဝိညာဉ်ကြောများ၏ အရေအတွက်မှာ အလွန်အမင်း ရှားပါးလှပြီး အလွယ်တကူ ရှာတွေ့နိုင်လေ့မရှိချေ။
"စလိုက်ကြစို့။"
သို့သော် ကျန်းဖန်သည် ဤကိစ္စများကို ဆက်လက် အာရုံစိုက်မနေတော့ပေ။
ဤဝိညာဉ်ကြောများ၏ ပေါင်းစပ်ခြင်းသည် အချိန်ကြာမြင့်စွာ လိုအပ်ပြီး ညတွင်းချင်း ပြီးမြောက်နိုင်မည့် ကိစ္စရပ်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။
လောလောဆယ်တွင် အရေးအကြီးဆုံးအလုပ်မှာ ယွမ်ယင်းဖွဲ့စည်းခြင်းပင်ဘဖြစ်ပြီး အခြားကိစ္စများကို ရွှေ့ဆိုင်းထားရမည် ဖြစ်သည်။
သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရောနှောစွမ်းအင် အင်းကျမ်းကို လည်ပတ်ကျင့်ကြံနေခဲ့၏။
ဝုန်း~~ ဂျိန်း~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများကို စုပ်ယူနေသည့် ဧရာမ တွင်းနက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ပင်။
အဆုံးအစမရှိသော ဝိညာဉ်ချီများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ခန္ဓာကိုယ်၏ ဝါးမျိုစုပ်ယူခြင်းကို ခံလိုက်ရ၏။
ထို့နောက် ဤဝိညာဉ်ချီသည် သူ၏ သွေးကြောလမ်းကြောင်းတိုင်း၊ သွေးကြောဆုံချက်တိုင်းကို ဖြတ်သန်းလှည့်ပတ်သွားပြီး သံသရာလည်ပတ်မှုများကို ဖန်တီးပေးနေ၏။
ဒန်တျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ မူလရွှေအမြုတေသည်လည်း ၎င်းဘာသာ လည်ပတ်နေသော ဂြိုဟ်တစ်လုံးအလား ဖြည်းညင်းစွာ လည်ပတ်နေသည်။
သံသရာ ၁၀၈ ကြိမ် လည်ပတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားသည် ရွှေအမြုတေ ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး မူလဝိညာဉ်စွမ်းအား အမျှင်တန်းလေးတစ်ခုမျှပင် ထပ်မံထည့်သွင်း၍ မရနိုင်တော့ချေ။
ဤသည်မှာ စစ်မှန်သော ပြီးပြည့်စုံခြင်းပင် ဖြစ်သည်။
ဝုန်း~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤမူလဝိညာဉ်စွမ်းအားသည် အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းသွားပြီး မှေးမှိန်သော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ မူလဝိညာဉ်စွမ်းအားမှ မူလမှော်စွမ်းအား အဖြစ်သို့ စတင်ပြောင်းလဲလာခဲ့၏။
မှော်စွမ်းအား၊ ဤသည်မှာ ပိုမိုမြင့်မားသော စွမ်းအင်ပုံစံတစ်ခု ဖြစ်သည်။
အကယ်၍ ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြုတေ ဝိညာဉ်စွမ်းအားသာ မသန့်စင်ခဲ့ပါက ၎င်းကို မှော်စွမ်းအားအဖြစ်သို့ ပြောင်းလဲရန် လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။
အောင်မြင်စွာ အသွင်ပြောင်းနိုင်ရန် အညစ်အကြေးများကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။
သို့သော် ကျန်းဖန်မှာမူ ကွဲပြားခြားနားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားသည် လုံးလုံးလျားလျား သန့်စင်နေပြီး အသွင်ပြောင်းလဲခြင်းကို ရေစုန်မျောသကဲ့သို့ ချောမွေ့သဘာဝကျစွာ ဖြစ်ပေါ်စေခဲ့၏။
ချက်ချင်းဆိုသလိုပင် မူလဝိညာဉ်စွမ်းအား အမြောက်အမြားသည် မူလရွှေအမြုတေ၏ နက်ရှိုင်းသောနေရာသို့ စီးဝင်သွားပြီး အဆက်မပြတ် သန့်စင်မှုနှင့် အသွင်ပြောင်းလဲမှုများကို ဖြတ်သန်းကာ မူလမှော်စွမ်းအား အမျှင်တန်းလေးများကို ဖြစ်ပေါ်လာစေခဲ့သည်။
"ဒါက ယွမ်ယင်းကျင့်ကြံသူတွေ ပိုင်ဆိုင်ထားတဲ့ မှော်စွမ်းအားဆိုတာလား။"
"တကယ်ပဲ ရွှေအမြုတေ ဝိညာဉ်စွမ်းအားထက် အများကြီး သာလွန်တာပဲ။"
"အရင်တုန်းကနဲ့ ယှဉ်လိုက်ရင် လုံးဝ ယှဉ်လို့မရနိုင်လောက်အောင်ပဲ။"
ကျန်းဖန်သည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်၏။
သူ၏ ဒန်တျန်နှင့် ချီပင်လယ် နက်ရှိုင်းရာမှ ထွက်ပေါ်လာသော မူလမှော်စွမ်းအား အမျှင်တန်းလေးများကို သူ အာရုံခံမိလိုက်သည်။
အရည်အသွေးပိုင်းအရဆိုလျှင် ၎င်းမှာ ဝိညာဉ်စွမ်းအားထက် အနည်းဆုံး ဆယ်ဆခန့် သာလွန်ပြီး ရွှေအမြုတေ ဝိညာဉ်စွမ်းအား ယှဉ်ပြိုင်၍မရနိုင်သော မျိုးစုံသော ဝိသေသလက္ခဏာများ ပါဝင်နေပေသည်။
………..