← Chapters

အခန်း ၆၇၀

Vol. 48 Ch. 670

အခန်း ၆၇၀

Vol. 48 Ch. 670

အခန်း ၆၇၀ - ယွမ်ယင်းကို အောင်မြင်စွာ ဖွဲ့စည်းခြင်းနှင့် ဘေးဒုက္ခကို အလွယ်တကူ ကျော်ဖြတ်ခြင်း

"ဆရာ... အရင်တုန်းက အကြီးအကဲ သွေးဓားနဲ့ တခြားလူတွေလည်း သွားပြီး စုံစမ်းခဲ့ကြသေးတယ်လေ။"

"ကောင်းကင်ထင်းရူး တောင်တန်း ပတ်ပတ်လည်မှာရှိတဲ့ မိစ္ဆာမျိုးနွယ်တွေက အုပ်စုလိုက်ကြီး ရွှေပြောင်းသွားကြတာကို သူတို့ ရှာတွေ့ခဲ့ကြတယ်။"

"ကျွန်မယောကျ်ား ယွမ်ယင်းမဖွဲ့စည်းခင်လေးမှာတင် သူတို့တွေ ဧရာမ ကပ်ဘေးကြီးတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရသလိုမျိုး မျိုးနွယ်စုတစ်ခုလုံး အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တာ။"

"အရင်က မိစ္ဆာမျိုးနွယ်တွေရဲ့ အမာခံစခန်းကြီးက အခုတော့ ဟာလာဟင်းလင်း ဖြစ်နေပြီလေ။"

"ဒါကြောင့်မလို့ ဘာယွမ်ယင်းမိစ္ဆာကျင့်ကြံသူမှ ဒီကို ရောက်မလာကြတာပေါ့။"

လုယိုယိုက ရှင်းပြလိုက်၏။

သူမယောကျ်ား၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် အတွက် သွေးဓားတာအိုမိတ်ဆွေနှင့် အခြားသူများကို ကောင်းကင်ထင်းရူး တောင်တန်း ပတ်ဝန်းကျင်အား စောင့်ကြည့်ရန် သူမ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မည်သည့် အဆင့် ၄ မိစ္ဆာကျင့်ကြံသူမဆို ဤနေရာသို့ ရောက်ရှိလာပြီး သူမယောကျ်ား၏ ယွမ်ယင်းဖွဲ့စည်းခြင်းကို နှောင့်ယှက်မည်ကို သူမ စိုးရိမ်ခဲ့မိသည်။

သို့သော် သူတို့ သွားရောက်စုံစမ်းပြီးနောက်မှသာ လန့်ဖျပ်သွားခဲ့ကြရ၏။

မူလက ဤနေရာတွင် နေထိုင်ခဲ့ကြသော သွေးပင့်ကူမျိုးနွယ်၊ မိစ္ဆာဝက်မျိုးနွယ်၊ ရိုင်းစိုင်းသောနွားမျိုးနွယ်၊ ဝက်ဝံနီမျိုးနွယ်နှင့် အခြားသော အဆင့် ၄ မျိုးနွယ်စုများသည် အချိန်အတော်ကြာကတည်းက ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။

ဝိညာဉ်မြက်တစ်ပင်မျှပင် သူတို့ ချန်မထားခဲ့ကြချေ။

မည်သည့်ရတနာကိုမျှလည်း သူတို့ ထားရစ်ခဲ့ခြင်း မရှိပါချေ။

"သူတို့ ထွက်ပြေးသွားကြတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"ဒီကောင်တွေက ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားကြတာလဲ။ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲဟ။"

မိုးတိမ်နတ်သမီး အနည်းငယ် ဆောက်တည်ရာမရ ဖြစ်သွားခဲ့၏။

သူမသည် အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့သော်လည်း ဤကဲ့သို့သောအဖြစ်အပျက်မျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ချေ။

အဆင့် ၄ မိစ္ဆာမျိုးနွယ်စုများအနေဖြင့် သူတို့သည် ကောင်းကင်ထင်းရူးတောင်တန်းအနီးတွင် အချိန်မည်မျှကြာအောင် နေထိုင်ခဲ့ကြသည်ကို မသိနိုင်ဘဲ ၎င်းကို သူတို့၏ ဘိုးဘေးဘီဘင်ပိုင်မြေ အဖြစ် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

ဤကဲ့သို့သောနေရာကို ဤမျှလောက် လွယ်လွယ်ကူကူ စွန့်ခွာသွားကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ၎င်းမှာ သာမန် အသိတရားများနှင့် ဆန့်ကျင်နေပေသည်။

သို့သော် ဤကဲ့သို့သော အစဉ်အလာ မဟုတ်သည့် အဖြစ်အပျက်မှာ အမှန်တကယ်ပင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

"ကျွန်မတို့လည်း မသိဘူး ဆရာ။"

"အကြီးအကဲ သွေးဓားနဲ့ တခြားလူတွေ ထင်တာကတော့ သူတို့တွေ ကြောက်စရာကောင်းတဲ့ ကပ်ဘေးတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရလို့ ဖြစ်မယ်တဲ့။"

"ဒါကြောင့်မလို့ သွေးပင့်ကူမျိုးနွယ်နဲ့ တခြားကောင်တွေက သူတို့ရဲ့ ဘိုးဘေးပိုင်မြေကို စွန့်ခွာပြီး ထွက်သွားဖို့ ရွေးချယ်ခဲ့ကြတာပေါ့။"

လုယိုယိုလည်း အတော်လေး စိတ်ရှုပ်ထွေးနေမိ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤမိစ္ဆာမျိုးနွယ်များနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိသဖြင့် သူတို့ မည်သည့်ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်ကို သဘာဝကျကျပင် မသိရှိနိုင်ချေ။

ဤမိစ္ဆာမျိုးနွယ်များက အဘယ်ကြောင့် ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့ကြသည်ကိုလည်း သူတို့ မသိရှိကြပါချေ။

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မယောကျ်ား အတွက်တော့ တကယ့်ကို ကြီးမားတဲ့ ကောင်းချီးတစ်ခုပါပဲ။"

"ဘာလို့လဲဆိုတော့ ဒီမိစ္ဆာမျိုးနွယ်တွေအကုန်လုံး ထွက်ပြေးသွားကြလို့ အနီးအနားမှာ ဘာအဆင့် ၄ မိစ္ဆာကျင့်ကြံသူမှ မရှိတော့ဘူးလေ။"

"ယွမ်ယင်းဖွဲ့စည်းခြင်း ကောင်းကင်ဖြစ်စဉ်တွေ ရှိနေရင်တောင်မှ ဘာမိစ္ဆာကျင့်ကြံသူမှ လာပြီး စစ်ဆေးမှာမဟုတ်ဘူး။"

"ကြည့်ရတာ ကျွန်မယောကျ်ား ယွမ်ယင်း လူသားဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ထင်တယ်။"

လုယိုယိုသည် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြုံးလိုက်၏။

ထိုမိစ္ဆာမျိုးနွယ်များ၏ အတွေးအမြင်များကို သူမ နားမလည်နိုင်သော်ငြားလည်း ဤလောကကြီးတွင် နားမလည်နိုင်သော အရာများစွာ ရှိနေပြီးဖြစ်ရာ နောက်ထပ်တစ်ခု တိုးလာခြင်းက ကြီးကြီးမားမား အရေးမပါလှပေ။

သူမအတွက်မူ အရေးအကြီးဆုံးအရာမှာ သူမယောကျ်ား ယွမ်ယင်းဖွဲ့စည်းခြင်းကို အောင်မြင်စွာ ပြီးဆုံးနိုင်ရန်သာ ဖြစ်သည်။

"ဒီကောင်ရဲ့ ကံဇာတာကတော့ တကယ်ကို ကောင်းကင်ကျော်ပဲ။"

"ဒီလောက် ကြောက်စရာကောင်းတဲ့ ယွမ်ယင်း လူသားဘေးဒုက္ခကို ဘာအရိပ်အယောင်မှ မကျန်ဘဲ တိတ်တဆိတ် ကျော်ဖြတ်နိုင်ခဲ့တာ။"

"ဒါက ကမ္ဘာကြီးရဲ့ မျက်နှာသာပေးမှုကို ခံထားရတဲ့ တည်ရှိမှုတစ်ခုလို့ ဆိုလိုတာလား။"

မိုးတိမ်နတ်သမီး စကားလုံးများ ပျောက်ရှသွားခဲ့ရ၏။

ယခု ဖြစ်ပျက်နေသော အရာအားလုံးက ကမ္ဘာလောကအပေါ် သူမ၏အမြင်များကို စိန်ခေါ်နေသည်ဟု သူမ ခံစားလိုက်ရသည်။

သို့သော် ဤကဲ့သို့သော ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် ပါရမီရှင် တစ်ဦးအတွက်မူ ဘာပဲဖြစ်ပျက်ပါစေ အားလုံးက အကြောင်းပြချက် ခိုင်လုံနေပေသည်။

......

ဤအခိုက်အတန့်တွင် ဂူအတွင်း၌။

ကျန်းဖန်သည် အခြားသူများ၏ အတွေးအမြင်များကို သဘာဝကျကျပင် မသိရှိချေ။ သူသည် သူ၏ ယွမ်ယင်းဖွဲ့စည်းခြင်း လုပ်ငန်းစဉ်အတွင်းသို့ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သည်။

တစ်လခန့် အချိန်ကုန်လွန်သွားပြီးနောက် သူ၏ ဒန်တျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ မူလရွှေအမြုတေမှာ ပို၍ပို၍ ကြီးမားလာခဲ့၏။

၎င်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်အလား လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။

မူလရွှေအမြုတေ အတွင်းရှိ ကလေးငယ်မှာ ပိုမိုရှင်းလင်းလာပြီး သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။

မူလရွှေအမြုတေ၏ အပြင်ဘက်အခွံမှာ တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

ရှင်းလင်းလှသည်မှာ ဤတစ်လအတွင်း ကလေးငယ်၏ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ နောက်ပိုင်းတွင် ယွမ်ယင်းအဖြစ်သို့ အသွင်ပြောင်းလဲခြင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

ဝုန်း~~~

အတွေးတစ်ခုနှင့်အတူ ကျန်းဖန်သည် သူ၏ခန္ဓာကိုယ် အတွင်းရှိ ယွမ်ယင်းကို ချက်ချင်း သက်ဝင်လှုပ်ရှားစေလိုက်၏။

နောက်တစ်စက္ကန့်တွင် မူလရွှေအမြုတေအတွင်း ပုန်းကွယ်နေသော ယွမ်ယင်းသည် ၎င်း၏ လက်မောင်းများနှင့် ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး ဥခွံထဲမှ ပေါက်ဖွားလာသော ကြက်ပေါက်လေး တစ်ကောင်အလား မူလရွှေအမြုတေ၏ အပြင်ဘက်အခွံကို မျက်တောင်တစ်ခတ်အတွင်း ခွဲထွက်လိုက်၏။

ရိုက်ခတ်မှု တစ်ချက်တည်းဖြင့်ပင် မူလရွှေအမြုတေမှာ လုံးလုံးလျားလျား ပြိုကွဲပျက်စီးသွားခဲ့သည်။

ဒန်တျန်နှင့် ချီပင်လယ်အတွင်းသို့ ယွမ်ယင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး မူလရွှေအမြုတေ၏ မရေမတွက်နိုင်သော အပိုင်းအစများသည် ယွမ်ယင်းအတွင်းသို့ ပေါင်းစပ်သွားကာ ၎င်း၏ ဝါးမျိုစုပ်ယူခြင်းကို ခံလိုက်ရ၏။ ဤသည်က အတွင်းရှိ မူလမှော်စွမ်းအားများကို လျင်မြန်စွာ တိုးပွားလာစေခဲ့သည်။

သေးငယ်သော ကလေးငယ်တစ်ဦးသည် လျင်မြန်စွာ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

"ဒါက ယွမ်ယင်းဆိုတာလား။ တကယ်ကို အံ့သြစရာကောင်းတာပဲ။"

မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကျန်းဖန်သည် သူ၏ ဒန်တျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ ယွမ်ယင်းကို ဂရုတစိုက် အာရုံခံလိုက်မိ၏။ ထိုယွမ်ယင်းမှာ သူ၏ ဒုတိယကိုယ်ပွားအလား၊ ဒုတိယအသက် တစ်ခုအလားပင် ဖြစ်နေကြောင်း သူ ခံစားလိုက်ရသည်။

ရှင်းလင်းလှသည်မှာ ဤခြေလှမ်းသို့ ရောက်ရှိခြင်းက သူ ယွမ်ယင်းဖွဲ့စည်းခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။

"ယွမ်ယင်းအဆင့်ကို တက်လှမ်းပြီးရင် ချက်ချင်း နေရာရွှေ့ပြောင်းခြင်းကို လုပ်ဆောင်နိုင်တယ်လို့ ပြောကြတယ်။"

"အခုကြည့်ရတာ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်တာက ခန္ဓာကိုယ်မဟုတ်ဘဲ ယွမ်ယင်း ဖြစ်နေတာပဲ။"

ကျန်းဖန် မေးစေ့ကို ပွတ်သပ်လိုက်၏။

သူသည် ယွမ်ယင်းကျင့်ကြံသူများ၏ မျိုးစုံသော စွမ်းရည်များကိုလည်း ပြန်လည်သတိရလိုက်ရာ ထိုအရာများထဲတွင် အံ့မခန်းဆုံးမှာ ချက်ချင်းနေရာရွှေ့ပြောင်းခြင်း ဖြစ်ပေသည်။

ယွမ်ယင်းကျင့်ကြံသူတစ်ဦး သေမင်း၏ ဘေးဒုက္ခနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သူတို့၏ ယွမ်ယင်းကို ခန္ဓာကိုယ်ထဲမှ ချက်ချင်းထွက်ခွာစေပြီး မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောနေရာသို့ ထွက်ပြေးစေနိုင်၏။

ဤသို့ လုပ်ဆောင်နိုင်ရခြင်း၏ အကြောင်းရင်းမှာ ယွမ်ယင်းကိုယ်တိုင်က စွမ်းအင်စုဝေးမှုတစ်ခု ဖြစ်နေသောကြောင့်တည်း။

ဤနည်းအားဖြင့် ချက်ချင်းနေရာရွှေ့ပြောင်းခြင်း၏ အခက်အခဲမှာ ရုပ်ပိုင်းဆိုင်ရာ နေရာရွှေ့ပြောင်းခြင်းနှင့် နှိုင်းယှဉ်ပါက ယုံကြည်နိုင်စရာမရှိလောက်အောင် ပိုမိုရိုးရှင်းလှပေသည်။

ထို့အပြင် ယွမ်ယင်း ထွက်ခွာသွားပြီးနောက်တွင် ယွမ်ယင်းကျင့်ကြံသူတစ်ဦးသည် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကိုပင် သိမ်းပိုက်နိုင်စွမ်းရှိပြီး ၎င်းမှာ နောက်ထပ် အသက်တစ်ခုကို ရှင်သန်ခြင်းပင် ဖြစ်သည်။

သို့သော် ၎င်းမှာ မူလခန္ဓာကိုယ်မဟုတ်သဖြင့် ကန့်သတ်ချက်များစွာ သယ်ဆောင်လာပေလိမ့်မည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား ဤသည်က ယွမ်ယင်းကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် အလွန်အမင်း ခက်ခဲကြောင်း သက်သေပြရန် လုံလောက်ပေသည်။

သူသည် ယွမ်ယင်းကျင့်ကြံသူ အမြောက်အမြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုခဲ့ခြင်းကြောင့် အများကြီး သက်ဆိုင်နေပေသည်။

ဝိညာဉ်တိုက်ခိုက်မှု၏ စွမ်းအားကို အသုံးပြုခြင်းက ယွမ်ယင်းကို မျက်တောင်တစ်ခတ်အတွင်း ပြိုကွဲပျက်စီးသွားစေနိုင်၏။

ပြိုင်ဘက်က အန္တရာယ်ကို သတိပြုမိချိန်၌ အချိန်နှောင်းသွားခဲ့ပြီဖြစ်ပြီး သူတို့ ပျက်စီးသွားခဲ့ကြရသည်။

ဤသည်မှာ ဝိညာဉ်တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ပင် ဖြစ်၏။

"ဝိညာဉ်အာရုံနဲ့ မှော်စွမ်းအား တိုးတက်လာမှုကလည်း အတော်လေး များပြားတာပဲ။"

ဤအခိုက်အတန့်တွင် ကျန်းဖန်သည် ယခင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ ဝိညာဉ်အာရုံနှင့် မှော်စွမ်းအားတို့မှာ သိသိသာသာ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း သတိပြုမိလိုက်သည်။

အထူးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ မူလမှော်စွမ်းအားမှာ ရုတ်တရက် ဆယ်ဆကျော်ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခင်ကနှင့် နှိုင်းယှဉ်လိုက်ပါက လုံးလုံးလျားလျား ယှဉ်ပြိုင်၍ မရနိုင်တော့ချေ။

…………

All Chapters