← Chapters

အခန်း ၁၁၇၉

Vol. 99 Ch. 1179

အခန်း ၁၁၇၉

Vol. 99 Ch. 1179

အခန်း ၁၁၇၉ -

ကူညီရန် ရောက်ရှိလာကြခြင်း။

ခန်းမကြီးအတွင်း သွေးရနံ့များ ပြည့်လျှံနေကာ အလောင်းများ​ ပြန့်ကျဲနေသော မြင်ကွင်းကြောင့် ဟွာလျူဟန်နှင့် ဖူယွမ်ကျုံး တို့၏ မျက်နှာများ မည်းမှောင်သွားလေသည်။

အထူးသဖြင့် ဟွာရှင်းချန်အပေါ် ခြေထောက်အောက်တွင် နင်းခြေခံနေရသည်ကို မြင်သောအခါ ဟွာလျူဟန် မျက်နှာအိုကြီးသည် အလွန်အမင်းရုပ်ဆိုးသွားတော့၏။

“ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ”

ဟွာလျူဟန်တစ်ယောက် ဒေါသများ ပြည့်နှက်လာကာ ရောင်ဝါကို ဖွင့်ထုတ်လိုက် လေသည်။ ဆံပင်နှင့် မုတ်ဆိတ်များ ချက်ချင်း လှိုင်းထလာ၏။ ခန်းမတစ်ခုလုံး အသက်ရှူကြပ် သွားလေသည်။

“ အစ်ကိုဟွာ၊ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ ... ။ ”

ဖူယွမ်ကျုံးမှ ဖျောင်းဖျစကားဆိုပြီး စုရီထံလှည့်ကြည့်လိုက်ကာ၊

“ သူ့ကို လွှတ်လိုက်စမ်း ... ငါမင်းကို ရှင်းပြဖို့ အခွင့်အရေးပေးမယ်။ ”

-ဟု အော်ငေါက်တော့၏။ သို့သော် စုရီမှသူ့ကို လျစ်လျူရှုထားကာ ဟွာရှင်းချန်ကို ငုံ့ကြည့်လျက်၊

“ မင်းကယ်တင်ခံရပြီလို့ ထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်သည်။

ဟွာရှင်းချန်ခမျာ ထိုမေးခွန်းကြောင့် ကျောရိုးတစ်လျှောက် အေးစက်လာလေသည်။ သို့တိုင် အံကြိတ်လျက်၊

“ မင်း အခုရပ်လိုက်ရင် ... အရာအားလုံး အဆင်ပြေသွားလိမ့်မယ် မဟုတ်ရင် ... ။ ”

-ဟု ထပ်မံသတိပေး ပြောကြားလိုက်၏။

“ ငါက အမြဲတမ်း ငါ့စကားအပေါ် အလေးထားတယ် မင်းကိုဒီနေ့သေရမယ်လို့ ပြောခဲ့တာမို့ သေချာပေါက် အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ”

“ ဟမ့် ... ဝံ့သလား။ ”

“ မင်း ဘယ်လိုထင်လဲ။ ”

စုရီက ပြုံးလျက် ပြန်မေးသည်။ ဟွာလျူဟန်နှင့် ဖူယွင်ကျုံးတို့နှစ်ဦးသည် စုရီ၏ လျစ်လျူရှုခြင်းခံနေရသောကြောင့် မျက်နှာများ အေးစက်သွားကြ၏။

“ ဟမ့် ... ။ ”

သေမျိုးတစ်ယောက်သည် ဤမျှ မောက်မာလွန်းသည်လော။ ဒေါသဖြင့် စုရီကို ရိုက်နှက်ရန် လှမ်းတက်တော့မည့် အချိန်တွင် ခန်းမထဲ လူတစ်ယောက် ပြေးဝင်လာခဲ့၏။

ထိုသူသည် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှုပ်ပွကာ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော သာမန်အဘိုးကြီးတစ်ယောက်ပေပင်။

သို့သော် သူ ပေါ်လာသောအခါ ဟွာလျူဟန်နှင့်ဖူယွင်ကျုံးတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး၊

“ တာအိုအစ်ကို၊ မင်းဘာလို့ ဒီကို ရောက်လာတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင်ထားသော အဘိုးကြီးက သူတို့နှစ်ဦးကို လျစ်လျူရှုလျက် အကြည့်များက စုရီဆီသို့ရောက်ရှိသွားပြီး၊

“ တာအိုစု တကယ်ပဲ မင်းကိုး။ ”

-ဟု ဝမ်းသာအားရ နှုတ်ဆက်တော့၏။

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဟွာလျူဟန်နှင့် ဖူယွင်ကျုံးတို့ နှစ်ယောက်စလုံး အံ့အားသင့်ကာ တစ်ခုခု မှားယွင်းနေကြောင်း နားလည်လိုက်ကြ၏။

“ ဒါဆို မင်းပဲ။ ”

စုရီမှ မျက်ခုံးပင့်လိုက်သည်။ ယင်းသည် တာအိုကျောက်တိုင်တောအုပ်တွင် တွေ့ခဲ့သော အဖိုးကြီးတစ်ဦးပေပင်။ သို့သော် သူတို့သည် မရင်းနှီးသလို စကားလည်း မပြောဖြစ်ချေ။

“ ကံကောင်းထောက်မစွာနဲ့ ဒီမှာ ဘာမှမဖြစ်သေးဘူး။ ”

ဖျင်ကြမ်းအင်္ကျီနှင့် အဖိုးကြီးက သက်ပြင်းချလိုက်သည်။ စုရီမှ မကျေမနပ်ဖြင့် မျက်ခုံးပင့်လိုက်ကာ၊

“ မင်းလည်း သူတို့လို ငါ့ကို တားဆီးဖို့လာတာလား။ ”

-ဟု မေးမြန်းတော့၏။

“ တာအိုစု အထင်လွဲနေပြီ ... သူတို့ မှားနေတာမို့တားဆီးမို့လာတာပါ။ ”

ထို့နောက် အဖိုးကြီးက ဟွာလျူဟန်နှင့် ဖူယွင်ကျုံးတို့ကို လှည့်ကြည့်ကာ၊

“ အားလုံးပဲ ငါ့ကိုမျက်နှာသာပေးပြီး ဒီကိစ္စကို ရပ်ကြည့်နေလိုက်လို့ရမလား။ ”

-ဟု တောင်းပန်လိုက်သည်။ လူတိုင်း အံ့အားသင့်သွားကြ၏။ ဖူယွင်ကျုံးခမျာ ဝိညာဉ် တစ်ခုလုံးဗလာဖြစ်သွားသည်။

“ တာအိုအစ်ကို ... ဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မင်းသိဖို့အတွက် လိုနေသေးတယ် မဟုတ်လား။ ”

ဖူယွင်ကျုံးမှ ပြောကြားလိုက်သည်။ ဖျင်ကြမ်းအင်္ကျီနှင့်အဘိုးအိုက လက်ဝှေ့ရမ်းကာ၊

“ အခု ဘယ်နှစ်နာရီရှိပြီလဲ ဘာကြောင့် အမှားအမှန်ကိုတွေးနေရတာလဲ အားလုံးပဲ ငါ့ကို မျက်နှာပေးပါလား။ ”

-ဟု စကားဆို၏။ ဖူယွင်ကျုံးခမျာ တစ်ဖက်အဖိုးကြီး၏ အလွန်ပင်ကြီးစိုးနေသော အသွင်ကြောင့် မယုံနိုင်ဖြစ်သွားသည်။

အမှားနှင့်အမှန်သည်ပင် လျစ်လျူရှုလျက် ထိုလူငယ်အတွက်ရပ်တည်ကာ အတင်းအကျပ် တောင်းဆိုနေတော့၏။

ထိုမြင်ကွင်းကြောင့် လူငယ်၏ နောက်ခံသည် ရိုးရှင်းသောကိစ္စမဟုတ်ကြောင်း လူတိုင်းသဘောပေါက်သွားကြသည်။

“ ငါ သဘောမတူဘူး။ ”

ဟွာလျူဟန်မှ မျက်နှာဖြူဖျော့သွားပြီး အေးစက်စက် ငြင်းဆန်လိုက်၏။

“ ဒီကောင်လေးက ဒီမှာ လူတွေအများကြီးကိုသတ်ခဲ့ပြီး ငါ့ဂိုဏ်းရဲ့ ဆက်ခံသူကိုတောင် ခြေနဲ့နင်းထားတယ် ဘယ်လိုလုပ် ဒီအတိုင်းထားခဲ့ရမှာလဲ။ ”

သူ စကားပြောနေစဉ် မျက်ဝန်းများ၌ မိုးကြိုးမုန်တိုင်များ ဝုန်းဒိုင်းကျဲနေတော့၏။ ထို့နောက် အဖိုးကြီးထံ ပြန်ကြည့်ကာ၊

“ တာအိုအစ်ကို ငါမင်းကို မျက်နှာသာပေးနိုင်တယ် ဒါပေမယ့် သူ့ဆီက ငါ ရှင်းပြချက်လိုချင်တယ်။ ”

-ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။ သို့သော် ဖျင်ကြမ်းအင်္ကျီဝင်ထားသော အဖိုးအိုမှ မျက်ခုံးပင့်လျက် လှောင်ပြုံးဖြင့်၊

“ ဟွာလျူ၊ ငါမင်းကိုကယ်တင်နေတာ မင်းဆက်ပြီး ... ခေါင်းမာနေရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။ ”

-ဟု သတိပေးလိုက်၏။

“ ဟားဟားဟား ... တာအိုအစ်ကို မင်းတစ်ယောက်တည်းနဲ့ ... ငါ့ကိုတားဆီးဖို့ မလုံလောက်သေးပါဘူး။ ”

ဟွာလျူယန်မှ ကျယ်လောင်စွာဖြင့် ဒေသတကြီး အော်ဟစ်ရယ်မောလိုက်သည်။

“ ဒါဆို ငါ့ကိုရေတွက်ရင်ရော။ ”

ထိုစဉ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ခဏအတွင်း စာပေသမား ဝတ်စုံနှင့် လူတစ်ယောက် ခန်းမထဲ ဝင်ရောက်လာသည်။

ဟွာလျူဟန်၏ ရယ်သံများ ရုတ်တရက်ရပ်သွားပြီး မယုံနိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားလေသည်။

“ အစ်ကိုဖန်း၊ ဘယ်လိုလုပ် ... ။ ”

စာပေသမားက သူ့ထံလျစ်လျူရှုလျက် စုရီထံသို့လှည့်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။

“ တာအိုစု ... ငါတို့ ပြန်ဆုံကြပြီ။ ”

စုရီမှ မျက်ခုံးပင့်ပြီး၊

“ တကယ့်ပဲ တိုက်ဆိုင်ပါတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဟားဟားဟား ... ဒါကို ကံကြမ္မာလို့ခေါ်နိုင်တယ် မဟုတ်လား။ ”

စာပေသမားက ရယ်မောတော့သည်။ ဖူယွင်ကျုံးတစ်ယောက် လုံးဝမျက်မှောင်ကြုတ် သွားလေသည်။

ဟွာလျူဟန်အတွက်မူ သာ၍ဆိုးချေ၏။ သူတစ်ခုခုပြောရန်ပြင်နေစဉ်မှာပင် နောက်ထပ် ခြေသံများ ထွက်ပေါ်လာသည်။

“ အဖိုးကြီးမိုနဲ့ အဖိုးကြီးဖန်း ... မင်းတို့ အရင်ရောက်နေတာလား ငါ့ကိုလည်း ရေတွက် ပေးပါဦး။ ”

“ ဟေး ... ငါလည်းပါဝင်ပါရစေ။ ”

“ ဟမ့် ... ဒီလိုကိစ္စမျိုးမှာ ငါဘယ်လိုများ လွတ်သွားနိုင်မှာလဲ ငါ့ကိုလည်း ထည့်တွက်ပေး ထားပါ။ ”

သည့်နောက် ခန်းမအတွင်း သူတော်စင်အင်မော်တယ်များ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကာ စုရီအ‌ပေါ် ဦးညွှတ်နှုတ်ဆက်လာကြသည်။

အရေအတွက်အားဖြင့် ကိုးယောက်ဖြစ်၏။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အသက်ရှူကြပ် ကုန်တော့သည်။ ယွဲ့ဟောင်ဖန်းတစ်ယောက် နှလုံးသားတုန်ခါသွားပြီး သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

ဤသည်မှာ သူတော်စင် အင်မော်တယ်ကိုးပါးပေပင်။ မည်သူသည် ထိုမျှ နောက်ခံမျိုးရှိသော် မဝံ့ဘဲနေမည်နည်း။

စုရီခြေထောက်အောက်တွင် နင်းခြေခံနေရသော ဟွာရှင်းချန်အတွက်လည်း သနားကြင်နာစိတ်များ ဝင်ရောက်လာ၏။

သူတော်စင် အင်မော်တယ် ကိုးပါးကို ကျောထောက်နောက်ခံပြုထားသော လူငယ် အပေါ် စော်ကားလိုက်ခြင်းပေပင်။

( ဒီကောင် ဘယ်သူလဲ ဘယ်လိုလုပ် ဒီလောက်ကြီးမားလှတဲ့ သြဇာလွှမ်းမိုးမှုမျိုး ရှိနေရတာလဲ။ )

ဟွာလျူဟန်ပင် အတွေးများ ရှုပ်ထွေးလျက်ဖြင့် မျက်နှာဖြူဖျော့သွားခဲ့၏။ ယနေ့ သူရှုံးနိမ့်သွားမှန်း မြင်သာနေသည်။

“ အဘိုးကြီးဖူ၊ မင်းရဲ့ ကျောက်စိမ်းအင်မော်တယ်ဂိုဏ်းက ဒီကိစ္စမှာ ဝင်ပါချင်သေးလား။ ”

ဖျင်ကြမ်းအင်္ကျီနှင့် အဖိုးကြီးက မေးမြန်းလိုက်၏။ ဖူယွင်ကျုံးတစ်ယောက် ခါးသီးစွာပြုံးပြီး သက်ပြင်းချလျက်၊

“ လူတိုင်း ... ဒီနေ့အတွက် ငါ့ကို လမ်းသွားလမ်းလာလေး တစ်ယောက်လို့ပဲ မှတ်ယူပေးပါ။”

-ဟု ဖြေကြားလိုက်လေသည်။

သူ မည်သို့ ပါဝင်ဝံ့မည်နည်း။ သူ့ရှေ့ရှိ သူ‌တော်စင်အင်မော်တယ် ကိုးပါးတို့အနက်မှ မည်သူမဆို ဒေသကြီးတစ်ခုကို ခြိမ်းခြောက် နိုင်လောက်အောင် ဒဏ္ဍာရီဆန်ချေပြီ။

ထိုသို့သော မြေခွေးအိုကြီးများသည် လူငယ်တစ်ယောက်တည်းအတွက် ထွက်လာ ကြသည်မှာ အခြေအနေကို နားလည်စေ၏။

“ ဟွာလျူ၊ မင်းကော။ ”

ဖျင်ကြမ်းအင်္ကျီနှင့် အဘိုးကြီးက မေးမြန်းလိုက်သည်။ ရှင်းပြချက်တောင်းရန် ကြံရွယ်ထားသည့် ဟွာလျူဟန်သည်ပင် စိတ်ရှုပ်ထွေးလာပြီး မရေမရာဖြစ်သွား၏။

အချိန်အတော်ကြာမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ၊

“ ကောင်းပြီ၊ သူ ငါ့ဂိုဏ်းရဲ့ဆက်ခံသူကို လွှတ်ပေးရင် ဒီကိစ္စက ဒီမှာတင် ပြီးလိမ့်မယ်။ ”

-ဟု အလျော့ပေးလိုက်တော့၏။ လူတိုင်း၏အကြည့်များက စုရီထံ ကျဆင်းသွား ကြလေသည်။ စုရီမှ ပြုံးပြီး၊

“ ဘယ်သူက သူ့အသက်ကို ကယ်တင်နိုင်မလဲဆိုတာ ငါစောင့်နေတာ နောက်ဆုံးတော့ သူ သေရတော့မယ်။”

-ဟု ပြောကြားလိုက်၏။

“ ဘောင်း ... ။ ”

စကားဆုံးသည်နှင့် ခြေထောက်ကို အားစိုက်လိုက်ရာ ရုတ်ချည်းသွေးမြူများမှာ ဘန်းခနဲ ပေါက်ကွဲသွားတော့သည်။

ဟွာရှင်းချန်တစ်ယောက် ထာဝရပျောက်ကွယ်သွား၏။ လေထုအလယ် သွေးသား အပိုင်းအစများသည် ပြာအဖြစ်သို့ လောင်မြိုက်ပျက်ပြယ်ကုန်သည်။

လူတိုင်း အံ့အားသင့်သွား၏။ စုရီသည် ဆုတ်ခွာရန်လမ်းကို လုံးဝ ချန်ထားပုံမရချေ။ သူတော်စင်အင်မော်တယ်များရှေ့တွင် ဆန္ဒ ရှိသည့်အတိုင်း ပြုမူနေ၏။

ရုတ်တရက် ဤသေဆုံးမှုသည် ဟွာလျူဟန်ကိုပင် အံ့အားသင့်စေပြီး နေရာ၌ ရပ်တန့်သွားစေတော့၏။ ဖူယွင်ကျုံးသည်လည်း မျက်ဝန်းများ ပြူးကျယ်သွားသည်။

တစ်ဖက်လူငယ်သည် ဤအရပ်၌ သွေးချောင်းစီးစေခဲ့ပြီး ဟွာရှင်းချန်ကိုပင် သနားကြင်နာမှုမရှိ သတ်ပစ်လိုက်၏။

အထိန်းအကွပ်မဲ့ လွန်းပြီး လွှမ်းမိုး လွန်းနေသည်။ ယနေ့ခတ်တွင် ထိုကဲ့သို့သော လူငယ်မျိုး မည်သည့်အချိန်မှစကာ မွေးဖွား လာသည်ကို မတွက်ဆနိုင်တော့ချေ။

သို့သော် နောက်ဆုံးတွင် သူသည်လည်း အံကြိတ်လျက် သည်းခံနေလိုက်ရသည်။ ယနေ့ ဝင်ရောက်ပြောကြားဝံ့ခြင်း မရှိသေးချေ။

ဤဖြစ်စဉ်အရ ထိုလူငယ်သည် သူစော်ကားနိုင်သော တစ်စုံတစ်ယောက် မဟုတ်ကြောင်း ပိုမိုနားလည်လာသည်။

“ မင်း ... ။ ”

ဟွာလျူဟန်တစ်ယောက် မျက်ဝန်းများ နီရဲလာကာ ဒေါသများ တောက်လောင်လာ၏။ နောက်ဆုတ်ပေးရန် ရွေးချယ်ပြီးနောက်မှာပင် ဟွာရှင်းချန် အသတ်ခံလိုက်ရသည်။

ဤသည်မှာ သူ့ကို အလေးအနက် မထားကြောင်း ထင်ရှားနေ၏။ မည်သို့သော သေမျိုးတစ်ဦးသည် သူတော်စင်အင်မော်တယ် တစ်ပါးအပေါ် သတ္တိရှိရှိစိန်ခေါ်ဝံ့သနည်း။

အဖူးသဖြင့် ငရဲသွေးနတ်ဆိုးဂိုဏ်းကို ဂရုမစိုက်သည်လော။ လုံးဝ အဓိပ္ပါယ် မရှိချေ။ လူငယ်က သူ့ထံ မော့ကြည့်လျက်၊

“ မင်း မပျော်ရင် ငါ့ဆီ အခုလာလို့ရတယ် သူတို့တွေ တစ်ယောက်မှ ဝင်မစွက်ဖက်ဘူးလို့ ငါအာမခံတယ်။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

သည့်နောက် သူ့အဝတ်အစားများကို ဖုန်သုတ်လိုက်ပြီး ဖြည်းဖြည်းချင်းလျှောက်လှမ်း လာတော့၏။ ထိုအပြုအမူသည် လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။

ဟွာလျူဟန်ခမျာ နဖူးရှိသွေးကြောများ ဖောင်းကားလာပြီး မျက်ဝန်းများနီရဲလာခဲ့ကာ စုရီထံ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေ၏။

သို့သော် မီးကို ရေနှင့် ငြိမ်းလိုက်သကဲ့သို့ သူ့အတွေးများ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အဆုံး၌ အံကြိတ်လိုက်ပြီး၊

“ မင်းရဲ့နည်းလမ်းတွေကို ဒီနေ့မြင်လိုက်ရတော့ အရမ်းလေးစားမိတယ် အနာဂတ်မှာ အခွင့်အရေးရရင် မင်းရဲ့ လမ်းညွှန်မှုကို ငါတောင်းမယ်။ ”

-ဟုဆိုကာ အသက်ပြင်းပြင်းရှူလျက် လှည့်ထွက်သွားရန် ပြင်လိုက်တော့၏။ သို့သော် မိုကန်ချိုက တားဆီးလိုက်သည်။

“ ပညာရှိတစ်ယောက်က အခြေအနေတွေအပေါ် နားလည်နိုင်စွမ်းရှိတယ် ဟွာလျူ ... မင်းမှာရိုးသားတဲ့ အတွေးမရှိဘူး။ ”

သည့်နောက် မိုကန်ချို၏ မျက်လုံးများ လေးနက်လာကာ၊

“ မင်းတကယ်ပဲ ဒီနေ့ကိစ္စကို ရပ်တန့်လိုက်ဖို့အတွက် ရွေးချယ်လိုက်မယ်လို့ ငါမျှော်လင့်တယ် မဟုတ်ရင် မင်းရဲ့ ငရဲသွေး နတ်ဆိုးဂိုဏ်းကို ကပ်ဘေးတစ်ခု ယူဆောင် သွားမိလိမ့်မယ်။ ”

-ဟု သတိပေးလိုက်သည်။ ဟွာလျူဟန်တစ်ယောက် ခဏမျှရပ်တန့် သွားပြီးနောက် ခေါင်းညိတ်လိုက်၏။

ယနေ့သူ့သည်းခံမှုသည် မိုကန်ချို စကားများ၏နောက်ကွယ်ရှိ အဓိပ္ပာယ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။

လူငယ်တစ်ယောက်သည် အင်အားစုကိုးစုထံမှ သူတော်စင်အင်မော်တယ် ကိုးပါး၏ တညီတညွှတ်တည်း ထောက်ခံမှု ရရှိထားသည့်အပေါ် မည်သူမဆို နားလည်၏။

သာမန်မဟုတ်ချေ။ ဒေါသတကြီးနှင့် ဂိုဏ်းထံအကူအညီတောင်းသော်မှ ဂိုဏ်းသည် ဤသို့သောအကျိုးဆက်များကို သေချာပေါက် စဉ်းစားရပေမည်။

“ ငါ မသွားခင် သတိပေးစရာ တစ်ခုတော့ရှိတယ် အခု သူသတ်ပစ်လိုက်တဲ့ ဟွာရှင်းချန်ဟာ အထွတ်အထိပ်ကိုးပါး ...

... တောင်တန်းမှာရှိတဲ့ ရှေးဟောင်း ဟွာမျိုးနွယ်စုရဲ့ တိုက်ရိုက်ဆင်းသက်လာသူပဲ ... သူ့အဘိုးက အင်မော်တယ်ဘုရင်ဟွာချင်းတု။ ”

“ အထွတ်အထိပ်ကိုးပါး တောင်တန်းက ရှေးဟောင်းဟွာမျိုးနွယ်စု။ ”

ဤသည်မှာ လက်ရှိ အင်မော်တယ် နယ်မြေတွင် ထိပ်တန်းအင်မော်တယ်ဘုရင် အဆင့် အင်အားစုတစ်ခုပေပင်။

ဟွာချင်းတုသည် အင်မော်တယ် ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်၏။ သို့သော် တစ်ဖက်တွင် စုရီသည် တစ်စုံတစ်ရာ အပေါ် ပြန်သတိရလာပြီး၊

“ ထိုက်ချင်းဂိုဏ်းက ရွှယ်ရှောင်ကျိရဲ့ နောက်လိုက်ခွေးတစ်ကောင်လား။ ”

-ဟု မေးမြန်းလိုက်သည်။

သူ့မေးခွန်းကြောင့် ဟွာလျူဟန်မှ ကျောခိုင်းလျက်မှ မျက်မှောင်ကြုတ်သွား၏။ မိုကန်ချူက ခေါင်းညိတ်ပြပြီး၊

“ ဟုတ်တယ်။ ”

-ဟု အတည်ပြုပေးလိုက်သည်။

“ ဟားဟားဟား ... ဒါဆို ဒီနေ့တော့ ငါတကယ်ပဲ လူမှန်ကို သတ်ပစ်လိုက်တာပဲ ဟွာ မျိုးနွယ်စုမျိုးဆက်က အားနည်းလွန်းတယ်။ ”

စုရီမှ ကျေနပ်စွာ မှတ်ချက်ပေး၏။ လူတိုင်းစကားမဆိုနိုင်တော့ချေ။ ဟွာလျူဟန်မှ အံကြိတ်လျက် တိတ်ဆိတ်သွား၏။

ထိုအရိုင်းအစိုင်းသည် အင်‌မော်တယ်ဘုရင်တစ်ပါးကိုပင် လုံးဝ ဂရုစိုက်ပုံမပြချေ။

တစ်ဖက်တွင် မိုကန်ချူမှ ပြုံးလျက်၊

“ တာအိုစု ဒီနေ့ကိစ္စပြီးသွားပြီဆိုတော့ ငါတို့အတူတူ အရက်သွားသောက်ကြမလား။ ”

-ဟု အဆိုပြုလိုက်သည်။

အခြားသော ဘီလူးအိုကြီးများသည်လည်း မျှော်လင့်ချက်အနည်းငယ်ဖြင့် စုရီကိုကြည့်လာ ကြလေသည်။ စုရီက ငြင်းဆန်ရန် ပြင်နေရာမှ အဆုံး၌ သဘောတူလိုက်တော့၏။

“ ကောင်းပြီ ငါတို့ သောက်ရအောင်။ ”

***

All Chapters