← Chapters

အခန်း ၁၁၈၇

Vol. 99 Ch. 1187

အခန်း ၁၁၈၇

Vol. 99 Ch. 1187

အခန်း ၁၁၈၇ –

ငရဲဘုံကိုးပါး အနန္တဓားစကြာဝဠာ ဖန်တီးခြင်း။

“ စီနီယာ ... ဘယ်သွားမလို့လဲ။ ”

“ နှင်းတွေဖုံးလွှမ်းနေတဲ့ ညဉ့်ယံအချိန်အခါမှာ လမ်းလျှောက်ရတာအရမ်း ကောင်းတယ် မင်းဒီမှာပဲ စောင့်နေပါ။ ”

စုရီမှ လက်နှစ်ဖက်ကို နောက်ပို့ပြီး နှင်းတောထဲ ဖြည်းဖြည်းချင်း လျှောက်လှမ်း ပျောက်ကွယ်သွားလေသည်။

“ နှင်းတွေက ဘာလို့ ဒီလောက်တောင် လှနေရတာလဲ။ ”

ဖန်ဟန်က တံခါးဝအထိ လိုက်ပါ ပို့‌ဆောင်လျက်မှ နှင်းများကျဆင်းနေသော မြင်ကွင်းထံ မှင်သပ်စွာငေးကြည့်နေမိ၏။

သူနှင့် စုရီ၏ အမြင်သည် ထိုနှင်းများအပေါ်မြင်ရာတွင် မတူညီလှချေ။ စုရီ အတွက် နှင်းသည် လေးနက်ပြီး ငြိမ်သက်ကာ အရာအားလုံးဖြစ်နိုင်၏။

သူ့အတွက်မူ ဤသဘာဝတရားကြီးကို ပထမဆုံးအကြိမ် သတိထားမိခဲ့ခြင်းဖြစ်သည်။ ဘဝတလျှောက် ခက်ခဲကြမ်းတမ်းပြီး ခွေးအဖြစ် ရှင်သန်နေခဲ့ရချိန်တွင်လည်း နှင်းများသည် ဤသို့သာလှပခဲ့ချေသည်။

ထိုစဉ် ကောင်းကင်ကြီးထံ မော့ကြည့် ရလောက်အောင် သူ့တွင် မျှော်လင့်ချက်များ မရှိခဲ့ချေ။ မြေပြင်ကို မျက်နှာချင်းဆိုင်ကာ မသေအောင် ရုန်းကန်ခဲ့ရသည်။

ယနေ့တွင်မူ ကောင်းကင်ပေါ် မော့ကြည့်ပြီးနောက် သူ့ဘိုးဘေးအချို့ကိုပင် မှုန်ဝါးဝါး ပုံဖော်နေမိသည်။ နှလုံးသားသည် အသစ်တဖန်မွေးဖွားလာသလိုပေပင်။

ကျယ်ပြန့်လှသော တောင်တန်းများနှင့် နှင်းလွင်ပြင်ကျယ်ကြီးထဲတွင် စုရီသည်ပေါ့ပေါ့ ပါးပါး လမ်းလျှောက်နေခဲ့သည်။

သူ့စိတ်အခြေအနေသည် အနည်းငယ် မူးဝေနေပြီး လွန်စွာပြေလျော့အနားရနေဟန် ရှိ၏။ နှင်းပွင့်များ၏အထိအတွေ့သည် နှလုံးသားထိတိုင် စိမ့်ဝင်လာသည်။

မြင်ကွင်းများသည်လည်း ညအချိန် ဖြစ်သော်မှ နှင်းဖြူရောင်ပိုးပဝါကြီးတစ်ထည် အလားပေပင်။

ဤကဲ့သို့သော ဆိတ်ငြိမ်လှသည့် နှင်းကျသောညအချိန်ကို တစ်ယောက်တည်း အေးအေးလူလူ မခံစားရသည်မှာ ကြာချေပြီ။

လောကကြီး၏ ရှုပ်ထွေးလှသော ကိစ္စရပ်များ၊ ရန်ငြိုးများနှင့် ကျင့်ကြံခြင်းဆိုင်ရာ အရှုပ်အထွေးများသည် သူ့ကို ရစ်ပတ်ထား၏။

ထိုအသိက ရုတ်တရက် သူ့ကို ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ ငြိမ့်ခနဲခံစားလိုက်ရတော့သည်။

တစ်ဝက်မူးပြီး တစ်ဝက်နိုးထနေသော စိတ်အခြေအနေကိုခံစားလျက် စကြဝဠာကြီး၏ ကျယ်ပြောလှသော ရှုခင်းများထံ မြင်လိုက်ရ သည့်အလား ငြိမ်သက်သွား၏။

“ ဂျိန်း ... ။ ”

ထိုစဉ် ကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ ရုတ်ချည်း ထွက်ပေါ်လာသည်။

နှင်းလွင်ပြင်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားကာ ကပ်ဘေးအရှိန်အဝါကြီး တစ်ခု ထိုးဆင်းလာတော့သည်။

မိုင်သုံးထောင်ခန့် ကျယ်ပြောလှသော တောင်တန်းများနှင့် မြစ်ကြီးများသည်လည်း ကြောက်မက်ဖွယ်ရာ ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားအောက်သို့ ကျဆင်းသွား၏။

ဝေ့ဝဲကျဆင်းနေသော နှင်းပွင့်များပင်လျှင် လန့်ဖျပ်သွားကြသည့်အလား လေထုအလယ် ရုတ်ခြည်းအေးခဲရပ်တန့်သွားကြသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

ပျက်စီးယိုယွင်းနေသော တာအိုဘုံကျောင်းလေးအတွင်းရှိ ဖန်ဟန်ခမျာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးစက်သွားပြီး အသက်ရှူပင် မဝတော့သလို ရုတ်ချည်း လန့်နိုးသွားလေသည်။

တောင်တန်းကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော သတ္တဝါအားလုံးသည် တုန်လှုပ်ချောက်ချားစွာဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းသွားကြတော့၏။

ကောင်းကင်ဘုံ၏ တားမြစ်ကပ်ဘေးကြီးပေပင်။ မိုင်သုံးထောင် ပတ်လည်ရှိ တာအိုစည်းမျဉ်းများမှာ ပြင်းထန်စွာ ဖိနှိပ်ခြင်းခံလိုက်ရ၏။

စုရီက မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ အင်မော်တယ်လမ်းပေါ်တက်ရန် သူ ကျော်ဖြတ်ရမည့် ကပ်ဘေးပေပင်။

မည်သူမဆို ဤအခြေအနေမျိုးတွင် ကျေနပ်မိပေမည်။ သူ့အတွက်မူ အနည်းငယ် မကျေမနပ် ဖြစ်သွားရ၏။ ယနေ့ညသည် ရှားရှားပါးပါး အချိန်အခါဖြစ်သည်။

သဘာဝအလှတရားကို ခံစားလိုသော ဆန္ဒများဖြင့် လမ်းလျှောက်ထွက်လာခဲ့ခြင်း ဖြစ်၏။

“ ထွက်သွားစမ်း ... ။ ”

ဤကပ်ဘေးသည့် ထိုအခြေအနေကို နှောက်ယှက်ကာ အကြည်ဓါတ်များ ပျက်စီးစေ နိုင်သောကြောင့် လက်ဝှေ့ရမ်း လိုက်ရသည်။

“ ရွှပ် ... ။ ”

ချက်ချင်းပင် ဓားအလင်းတစ်လက် ကောင်းကင်ပေါ်ထိုးတက်သွားပြီး မိုးတိမ်များကို ဖြိုခွင်းလိုက်တော့၏။

“ ဝုန်း ... ။ ”

တစ်ချက်တည်းဖြင့်ပင် ကောင်းကင်၌ စုဝေးနေသော တားမြစ်မိုးတိမ်ကြီးတစ်ခုလုံးမှာ တစ်စစီလွင့်ပြယ်သွားချေပြီ။

ထိုနောက် နှင်းလွင်ပြင်အတွင်း အဖော်မဲ့စွာလျှောက်လှမ်းနေခဲ့သော လူငယ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

မိုင်သုံးထောင်ကျယ်ပြောသော ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

အဆုံးမရှိ တောက်ပလွန်းလှသော အလင်းတန်းများသည် ကောင်းကင်ယံအတွင်းမှ ရေတံခွန်ကြီးတစ်ခုကဲ့သို့ ရွာသွန်းဖြာကျလာ လေသည်။

ဦးတည်ရာသည် စုရီထံသို့ဖြစ်၏။ စုရီမှ ဂရုမစိုက်ဘဲ နှင်းများကြားတွင် ဖြည်းဖြည်းချင်း ဆက်လက်လျှောက်လှမ်းနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ကပ်ဘေးကြောင့် အနှောင့်အယှက်ဖြစ်မှုသည် လောကနှင့်လူသား တစ်သားတည်း ဖြစ်တည်မှုထံသို့ ပြန်မရတော့ချေ။

ခေါင်းရမ်းလျက် နောက်သို့ လှည့်ပြန်ခဲ့လိုက်သည်။ အပြန်ခရီးတွင် လမ်းမှာ လုံးဝ စိတ်ဝင်စားမှု မရှိတော့ချေ။ ခံစားချက် ဟူသည် အတွေးတစ်ခုတည်းအပေါ်၌သာ တည်မှီနေခြင်း ဖြစ်ချေ၏။

ယိုယွင်းပျက်စီးနေသော တာအိုဘုံကျောင်းအတွင်းတွင် မီးပုံကြီးသည် တဖြည်းဖြည်း ငြိမ်းလုနီးပါး ဖြစ်နေချေပြီ။

ဖန်ဟန်က မီးပုံဘေးတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ စုရီ ပြန်ရောက်ရှိလာ သည်ကို မြင်သောအခါ သူက အလျင်အမြန် ထရပ်၍၊

“ စီနီယာ ... ခုနတင်ပဲ ဒီကမ္ဘာကြီးတစ်ခုလုံးက ဘာလို့ အဲဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ကျဆင်းလာရတာလဲ။ ”

- ဟု စူးစမ်းလေသည်။

“ ငါ့အတွက် ကပ်ဘေးပါ။ ”

စုရီမှ ပြန်ဖြေလိုက်၏။

( ဟမ့် ... ကပ်ဘေးကျော်ဖြတ်တာကို ... ဒီလောက်တောင် ပေါ့ပေါ့ပါးပါးနဲ့ အရေးမကြီး သလို ပြောလို့ရတာလား။ )

ဖန်ဟန်မှ အံ့အားသင့်သွားသည်။ ထို့နောက်တွင် တစ်ခုခုကိုသဘောပေါက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်၊

“ ဒါဆို ... စီနီယာ အင်မော်တယ် ဖြစ်ပြီပေါ့။”

-ဟု အော်ဟစ်လိုက်တော့၏။

စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ပြန်လည် လှဲလျောင်းလိုက်ကာ၊

“ ကောင်းကောင်း အနားယူပါ။ ”

- ဟု တုန့်ပြန်ပြီး မျက်လုံးများ မှိတ်လိုက်တော့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုများအပေါ် စစ်ဆေးကြည့်ရန် ဇာတိဓမ္မပုံရိပ်ကို ဖန်တီးလိုက်၏။

အမည်ခံအင်မော်တယ်သည် အင်မော်တယ်နယ်ပယ်၏ ပထမဆုံးသော စတင်ရာဖြစ်သည်။ တနည်းအားဖြင့် ယွီကျင်းအဆင့်ဟုလည်းခေါ်၏။

ယွီဟူသည် အာကာသဟင်းလင်းပြင် ဟုအဓိပ္ပါယ်ရကာ ကျင့်ကြံသူများ၏ အမြင်အရ ဤနယ်ပယ်သည် ဖရိုဖရဲစကြာဝဠာတစ်ခုကို ခန္ဓာကိုယ်အတွင်း၌ ဖန်တီးခြင်းပေပင်။

ဤနည်းဖြင့် အင်မော်တယ်ချီအတွက် သိမ်းဆည်းရာ နေရာလွတ်တစ်ခုကိုရရှိပေမည်။ ဖရိုဖရဲစကြာဝဠာ ပိုမိုနက်ရှိုင်းလေလေ ချီကို ပိုမိုသိမ်းဆည်းနိုင်လေဖြစ်၏။

ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်လမ်းပေါ်သို့ ခြေချလိုက်သည်နှင့် စွမ်းအင်သည် သာမန်မူလစွမ်းအင်အဆင့်မှ အင်မော်တယ်စွမ်းအင် အဖြစ်သို့ အရည်အသွေး ပြောင်းလဲသွားတတ်သည်။

ရိုးရှင်းသည်ဟု ထင်ရသော်လည်း... အမည်ခံအဆင့် အင်မော်တယ်တစ်ပါးသည် နေ၊လ၊တောင်နှင့်မြစ်များပါဝင်သော ကိုယ်ပိုင် စကြာဝဠာတစ်ခုကို တည်ဆောက်ခြင်း ဖြစ်၏။

၎င်းသည် ရာသီဥတု အပြောင်းအလဲနှင့် သက်ရှိသက်မဲ့ အရာအားလုံး၏ ရှင်သန်ဖွံ့ဖြိုးမှု၊ ညှိုးနွမ်းပျက်စီးမှု လောကဖြစ်စဉ်များကိုပါ ကိုယ်စားပြုနိုင်၏။

ထို့ကြောင့် အမည်ခံ အင်မော်တယ် အဆင့်ကို စကြာဝဠာအင်မော်တယ်အဖြစ်လည်း ခေါ်ဆိုကြလေသည်။

ကျင့်ကြံမှု အခြေခံ ခိုင်မာလွန်းလှသော ပါရမီရှင်အချို့သည် ၎င်းတို့၏စကြာဝဠာအပေါ် ပုံသဏ္ဍာန်မျိုးမျိုး ဖန်တီးနိုင်ကြသည်။

ဥပမာအားဖြင့် ရှေးဟောင်း နတ်ဆိုးစကြာဝဠာ၊ အနောက်ဘက် ဗုဒ္ဓဘာသာ စကြာဝဠာ၊ ကျယ်ပြောလှသော ကမ္ဘာဦး စကြာဝဠာ စသည်တို့ဖြစ်သည်။

ဤနည်းဖြင့် ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလာ ပြီးနောက် နိယာမများ ပိုမိုအားကောင်းလာကာ ထိုစကြာဝဠာအတွင်းရှိ ဆန်းကြယ်သော ဖြစ်စဉ်များသည်လည်း ပိုမို၍ လက်တွေ့ဆန် ထင်ရှားလာတတ်ချေသည်။

ဝမ်ယဲ့ဘဝတွင် စကြဝဠာကို တည်ဆောက်စဉ်က ဓားဒိုမိန်း(၃၃)ပါရှိသော ဓားစကြာဝဠာကို တည်ဆောက်ခဲ့သည်။

အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အခါ ထိုဓားဒိုမိန်းများသည် စစ်မှန်သောကမ္ဘာကြီး(၃၃)ခုအလား စကြာဝဠာ တစ်ခုအဖြစ် ထွက်ပေါ်လာစေသည်။

ထို့ကြောင့်ပင် ထာဝရညတိုက်ပွဲ၌ ပြိုင်ဘက် အင်မော်တယ်ဘုရင်အထွတ်အထိပ် (၂၀)ခန့်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ချေတော့၏။

ယခုအခါတွင်မူ သူ ခြေချပြီးနောက် မိမိမသိလိုက်ဘဲ ဖန်တီးတည်ဆောက်ခဲ့သော စကြာဝဠာကိုပြန်ကြည့်ကာ အံ့အားသင့် သွားရတော့သည်။

ဤသည်မှာ အကန့်အသတ်မဲ့ပြီး၊ အဆုံးအစမဲ့၊ အတိုင်းအဆမဲ့ နတ်ဘုရားဆန် လွန်းသည့် ရောင်ဝါများ ပြည့်နှက်နေသော အမှောင်တွင်းနက်ကြီးတစ်ခုဖြစ်၏။

ဆိုလိုသည်မှာ လောက၌ တည်ရှိသမျှ အရာအားလုံးကို ဝါးမြိုလွှမ်းခြုံထားနိုင်သည့် ပုံစံမျိုးပေပင်။ အနန္တစကြာဝဠာဖြစ်၏။

၎င်းအတွင်း သူနားလည်သော မဟာတာအိုနိယာမ ဥပဒေစည်းမျဉ်းအမျိုးမျိုး တို့သည် ထာဝရတည်သောနိယာမများအဖြစ် ပြောင်းလဲနေကုန်သည်။

ထူးဆန်းစွာပင် ထိုနိယာမများသည် ငရဲဘုံကိုးပါးဓားပုံသဏ္ဍာန်ငယ် ကိုးခုအဖြစ်သို့ ကူးပြောင်းလျက် လွင့်မျောနေ၏။

သို့သော် အလွန်မှုန်ဝါးနေပြီး တိတ်ဆိတ်နေချေ၏။ ကောင်းကင်ဘုံနယ်ပယ်၌ သမိုင်းတစ်လျှောက် မည်သူမျှ မရောက်ဖူးသည့် နယ်ပယ်ကို စတင်နိုင်ခဲ့သည်။

ထိုစဉ်က သူ့တာအိုသည် ငရဲဘုံကိုးပါးဓားအသွင် အမြစ်တွယ်ခဲ့ချေ၏။ ယခုတွင်လည်း အင်မော်တယ်ဥပဒေများမှာ ဓားကိုးလက်အဖြစ် လွင်မျောနေပြန်သည်။

ဝမ်ယဲ့ အတွေ့အကြုံနှင့် မှတ်ဉာဏ်များ ရှိနေသဖြင့် သူ့နားလည်သဘောပေါက်မှုသည် လူတိုင်းထက် များစွာ သာလွန်မြင့်မားသည်။

သို့သော် ယခု သူ လျှောက်လှမ်းနေသော လမ်းစဉ်မှာမူ ဝမ်ယဲ့ပင် တစ်ခါမျှ မဖြတ်သန်းဖူး၊ မကြားဖူးသော လမ်းသစ်ဖြစ်နေခဲ့ချေပြီ။

***

All Chapters