အခန်း ၃၂၁
Vol. 33 Ch. 321
အခန်း (၃၂၁)
မင်းတို့တွေ အရမ်းလွန်နေပြီ
ဤနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အစားအသောက်များ ပို့ဆောင်နေစဉ် အလွန် ထူးဆန်းသော အမှာစာ တစ်ခုကို လက်ခံရရှိခဲ့လေသည်။
ထိုအမှာစာ၏ ထူးခြားချက်မှာ ထမင်း ဆယ်ပွဲကျော် ပါဝင်သော်လည်း ဟင်းလျာ တစ်ပွဲမျှ မပါဝင် ခြင်းပင် ဖြစ် သည်။
ဤအခြေအနေမျိုးမှာ အမှန်တကယ်ပင် ရှားပါးလှသော်လည်း ပို့ဆောင်ရမည့် လိပ်စာမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၏ အဝင်ဝဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ အနည်းငယ် စိတ်အေးသွားခဲ့ လေသည်။
*ဆောက်လုပ်ရေးလုပ်ငန်းခွင်က စားသောက်ဆောင်က ထမင်းချက်ဖို့ မေ့သွားပြီး လူလွှတ်ဝယ်ဖို့လည်း မအား တာမို့လို့ အခုလို လှမ်းမှာလိုက်တာ ဖြစ်ရမယ်...။*
*ဒါဆိုရင်လည်း တခြားအမှာစာတွေကို ခဏရပ်ထားပြီး သူတို့ဆီကို အမြန်ဆုံး သွားပို့ပေးမှပါလေ…။ အလုပ် သမားတွေ ထမင်းမစားရဘဲ စောင့်နေရတာမျိုး မဖြစ်ရအောင်ပေါ့...။*
ထိုသို့ တွေးတောပြီးနောက် လျန်ထျန်းသည် အလုပ်ကို အမြန်စတင်လိုက်ကာ ဆိုင်မှ ပေါက်စီ၊ ထမင်းနှင့် အခြားသော အစားအသောက်များပါဝင်သည့် အိတ်ကြီးတစ်လုံးကို ယူဆောင်၍ လိပ်စာရှိရာသို့ အပြေးအလွှား သွားရောက်ခဲ့လေသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမှန်တကယ်ပင် ခေါင်သော နေရာတွင်ရှိပြီး အနီးအနား၌ ဈေးများလည်း သိပ်မ ရှိပေ။ အကယ်၍ ကြိုတင် ချက်ပြုတ်ထားခြင်း မရှိပါက အပြင်မှ မှာယူစားသောက်ခြင်းသည်သာ အကောင်းဆုံး နှင့် အမြန်ဆန်ဆုံး နည်းလမ်း ဖြစ်ပေမည်။
သို့သော် လျန်ထျန်း ရောက်ရှိသွားသောအခါ လာရောက်ယူဆောင်သူများမှာ စားသောက်ဆောင်မှ အလုပ်သမား များ မဟုတ်ဘဲ အဝတ်အစားများ တွန့်ကြေပေရေနေသည့် နယ်ဝေးမှ လာရောက်လုပ်ကိုင်ကြသော အလုပ် သမားတစ်စု ဖြစ်နေခဲ့လေသည်။
သူတို့သည် အစားအသောက်များကို လက်ခံရရှိပြီးနောက် တစ်ဦးလျှင် ထမင်းတစ်ဘူး သို့မဟုတ် ပေါက်စီ နှစ်လုံးစီ ယူကာ အငမ်းမရ စားသောက်ကြတော့သည်။
ဟင်းလျာများ မပါဝင်သော်လည်း သူတို့သည် အလွန်လျင်မြန်စွာ စားသောက်လိုက်ကြပြီးနောက် မဝသေးသည့် အလား ထပ်မံစားလိုသော မျက်နှာထားများ ဖြစ်နေကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လျန်ထျန်းက အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။
"ဦးလေးတို့က ဒီလုပ်ငန်းခွင်က အလုပ်သမားတွေ မဟုတ်ဘူးလား…၊ လုပ်ငန်းခွင်မှာ ထမင်းကျွေးတဲ့ စားသောက်ဆောင် မရှိဘူးလား…။ ဘာဖြစ်လို့ အပြင်ကနေ ထမင်းချည်းသက်သက် မှာစားနေရတာလဲ...။"
အစားအသောက် မှာယူခဲ့သည့် အလုပ်သမားက ရှေ့သို့ထွက်လာကာ လျန်ထျန်းအား ခါးသီးစွာ ပြုံးလျက် ပြော လိုက်လေသည်။
"ကျွန်တော်တို့က ဒီလုပ်ငန်းခွင်က အလုပ်သမားတွေပါပဲ…။ ဒါပေမဲ့ ကန်ထရိုက်တာက ကျွန်တော်တို့ကို ထမင်း မကျွေးပါဘူး...။"
"ဒါတင်မကသေးဘူး ကန်ထရိုက်တာက ကျွန်တော်တို့ရဲ့ လုပ်အားခတွေကို လပေါင်းများစွာ မပေးဘဲ ထားတာ ကြောင့် အခုဆိုရင် စားစရာ ပိုက်ဆံတောင် မရှိတော့ဘူး...။"
"အခု ကျွန်တော်တို့တွေ လုပ်အားခရဖို့ မျှော်လင့်ချက်နဲ့ အပေါက်ဝမှာ စောင့်နေကြတာ လဝက်ကျော်နေပြီ ဘာမှအကြောင်းမှ မထူးသေးဘူး...။”
"မနေ့ကဆိုရင် ကျွန်တော်တို့ ဆယ်ယောက်ကျော်လောက်မှာ တစ်ပြားတစ်ချပ်မှ မကျန်တော့ဘူးလေ…။ ဒါပေမဲ့ လည်း ထမင်းမစား ရေမသောက်ဘဲတော့ နေလို့မရဘူးလေ...။”
"တခြားသူတွေ ပြောတာကြားဖူးတယ်…၊ အယ်လာမာမှာ အကြွေးဝယ်လို့ရတဲ့ ဝန်ဆောင်မှု ရှိတယ်ဆိုလို့ စမ်းပြီး ထမင်းလေး နည်းနည်း မှာကြည့်တာ…။ တကယ် လာပို့ပေးမယ်လို့ မထင်ထားခဲ့ဘူး...။”
"လူလေးရယ် ကျွန်တော်တို့ လုပ်အားခရတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်…။ ဒါပေမဲ့ နောက်ရက်အနည်းငယ် လောက်တော့ အကြွေးယူထားရဦးမယ်…။ အဆင်ပြေနိုင်ပါ့မလား...။”
ဤအသက်ကြီးပိုင်း အလုပ်သမားမှာ သူတို့အုပ်စုထဲတွင် အသက်အငယ်ဆုံးသူများထဲမှ တစ်ဦးဖြစ်သောကြောင့် အစားအသောက်မှာယူရန် စမတ်ဖုန်း တစ်လုံး ရှိနေခြင်းဖြစ်သည်။
သို့သော် သူက သေချာနားမလည်ဘဲ အစားအသောက် လာပို့သူတိုင်းက သူတို့ထံမှ ငွေလာတောင်းသည်ဟု ထင် မှတ်နေကာ ပို့ဆောင်သူနှင့် အကြွေးဝယ်ယူခြင်း အတွက် ညှိနှိုင်းရန် ကြိုးစားနေခြင်းပင် ဖြစ်လေသည်။
ဤသည်ကပင် နယ်ဝေးအလုပ်သမားများ၏ ရိုးသားဖြူစင်မှုကို ပြသနေပေသည်။ သူတို့သည် ဤမျှ အခက်အခဲ များနှင့် ရင်ဆိုင်နေရသော်လည်း အခြားသူများကို ဒုက္ခပေးမိမည်ကို အမြဲတမ်း စိုးရိမ်နေတတ်ကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားသလို ခံစားလိုက်ရပြီး ခေတ္တမျှ စဉ်းစားကာ ပြန်ဖြေလိုက်လေသည်။
"ရပါတယ်…၊ အခုလောလောဆယ် အကြွေးယူထားလို့ ရပါတယ်…။ စိတ်မပူပါနဲ့…၊ ကျွန်တော်တို့ရဲ့ အကြွေး ဝန်ဆောင်မှုက ဒီလဝယ်ပြီး နောက်လမှ ပြန်ဆပ်လို့ရအောင် လုပ်ပေးထားတာပါ...။”
"ဦးလေးတို့ အခြေအနေက ထူးခြားနေတော့ နည်းနည်း နောက်ကျမှ ဆပ်လည်း ရပါတယ်…။ ကျွန်တော် ကတိ ပေးပါတယ်….။ စားချင်တာရှိရင် အားမနာဘဲ မှာကြပါ…၊ ထမင်းချည်းသက်သက် မဟုတ်ဘဲ ဟင်းလေး ဘာ လေးလည်း မှာစားကြပါဦး...။”
ထိုသို့ ပြောနေစဉ်မှာပင် လျန်ထျန်းသည် မစ္စတာဝမ်ထံသို့ စာတိုတစ်စောင် ပေးပို့လိုက်ပြီး အလုပ်သမားများ ရှေ့ဆက်၍ လုံလောက်စွာ စားသောက်နိုင်စေရန် သူတို့၏ အကောင့်များရှိ လစဉ်သုံးစွဲခွင့် ကန့်သတ်ချက်ကို တိုးမြှင့်ပေးရန် တောင်းဆိုလိုက်လေသည်။
သို့သော် အလုပ်သမားက ရိုးရိုးလေးပြုံးကာ ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး…၊ ဗိုက်မဆာဘဲ စားစရာတစ်ခုခု ရှိနေရင်ကို လုံလောက်ပါပြီ…။ လုပ်အားခလည်း မရသေးဘဲ ပိုက်ဆံလည်း မဝင်သေးတာဆိုတော့ ဟင်းတွေ ဘာတွေ စားဖို့ဆိုတာ မစဉ်းစားရဲပါဘူး...။”
ထိုအခိုက်တွင် လျန်ထျန်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"အခုလို အခြေအနေမျိုးနဲ့ ကြုံနေရတာ ဦးလေးတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ တခြားနည်းလမ်းတွေ မစဉ်းစားကြည့်ဘူးလား...။”
"ဥပမာ အလုပ်သမားရေးရာ ဌာနကို တိုင်ကြားတာမျိုး ဒါမှမဟုတ် တိုင်ကြားရေး ဖုန်းနံပါတ်ကို ဆက်တာမျိုး တွေ လုပ်လို့ရတယ်လေ...။”
အလုပ်သမားက ခါးသီးစွာ ထပ်ပြုံးလိုက်ပြန်သည်။
"ကျွန်တော်တို့ ကြိုးစားကြည့်ပြီးပါပြီ…။ သက်ဆိုင်ရာတွေကို သွားတိုင်ခဲ့ပေမဲ့ သူတို့ကလည်း တခြား အစိုးရရုံး တွေလိုပါပဲ…၊ ကျွန်တော်တို့လို သာမန်လူတွေက ဘယ်လိုလုပ် စကားပြောခွင့် ရနိုင်မှာလဲ...။”
"သွားမေးတိုင်း ဟိုစာရွက်စာတမ်းလိုတယ်၊ ဟိုအထောက်အထားလိုတယ်နဲ့ တောင်းကြတယ်…။ ကျွန်တော်တို့ က အဲ့ဒီလို ကိစ္စတွေကို ဘာမှ နားလည်တာ မဟုတ်ဘူးလေ…။ စာရွက်စာတမ်း အပြည့်အစုံ မပြနိုင်ရင် သူတို့က နားတောင် မထောင်ကြဘူးလေ...။”
"တကယ်လို့ တခြားနည်းလမ်း မရှိတော့လို့သာပေါ့…၊ မဟုတ်ရင် ဘယ်သူက အခုလို နေပူကျဲကျဲထဲမှာ နေ့တိုင်း လာထိုင်စောင့်နေချင်မှာလဲ...။”
"ကျွန်တော်တို့ ရွာက လူအချို့ရဲ့ မိသားစုဝင်တွေဆို ဖျားနာနေကြလို့ ငွေအရေးပေါ် လိုအပ်နေကြတာ…။ အခု လေးတင် သူတို့ အထဲကို ဝင်သွားကြတယ်…။ အခြေအနေ ဘယ်လိုရှိနေလဲ မသိသေးဘူး...။”
ထိုစဉ် ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်းမှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံကို ကြားလိုက်ရသောအခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အလုပ်သမားများမှာ မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ဘာဖြစ်သနည်းဟု သိရှိနိုင်ရန် အတွင်းသို့ ပြေးဝင်သွားကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ ရွာတစ်ရွာတည်းမှ အတူတကွ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြ ပေသည်။ တစ်ယောက်ယောက် ဒုက္ခရောက်နေပါက အခြားသူများက လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။
လျန်ထျန်းလည်း များစွာ မတွေဝေနေတော့ဘဲ သူတို့နောက်သို့ လိုက်ဝင်သွားခဲ့လေသည်။ မကြာမီပင် ရုံးခန်း အဖြစ် အသုံးပြုသော တစ်ထပ်အဆောက်အအုံတန်းရှေ့၌ သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထား သူ အချို့က ညစ်ပတ်ပေရေနေသော အလုပ်သမားအချို့ကို သံပိုက်လုံးများဖြင့် ရိုက်နှက်နေသည်ကို မြင်တွေ့ လိုက်ရလေတော့သည်။
ထိုသန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများ ဝတ်ဆင်ထားသူများမှာ လက်ကောက်ဝတ်တွင် တန်ဖိုးကြီး နာရီများ ပတ် ထားကြပြီး တွန့်ကြေမှုမရှိသော ဘောင်းဘီများနှင့် ပြောင်လက်နေသော သားရေဖိနပ်များကို စီးနင်းထားကာ အလွန် ခန့်ညားသော အသွင်အပြင် ရှိကြလေသည်။
ညစ်ပတ်ပေရေပြီး အဝတ်အစားများ တွန့်ကြေနေသော အလုပ်သမားများနှင့် ယှဉ်ရပ်လိုက်သောအခါ များစွာ ကွာခြားလှပေသည်။
ထို့အပြင် သူတို့သည် အလုပ်သမားများကို ရိုက်နှက်ရင်း အော်ဟစ်နေကြလေသည်။
"မင်းတို့တွေ အရမ်းလွန်နေပြီ မင်းတို့ကောင်တွေ အလျှော့ပေးမှာလား မပေးဘူးလား...။”
"မင်းအမေ@#$/သေစမ်း…။ မင်းတို့က ငါတို့ လုပ်ငန်းခွင်က မင်းတို့ကို မထိန်းနိုင်ဘူး ထင်နေလား…၊ မယုံရင် မင်းတို့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်လိုက်မယ်...။”
ဤလူများမှာ အလွန် ရက်စက်လှပေသည်။ သူတို့၏ လက်ထဲရှိ သံပိုက်လုံးများပင် အားကုန်လွှဲရိုက်ထားသဖြင့် ကောက်ကွေးနေလေပြီဖြစ်၏။
ရက်စက်ကြမ်းကြုတ်သော ရိုက်နှက်မှုများကြောင့် အလုပ်သမားများမှာ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဘဲ လက် များဖြင့်သာ ကာကွယ်ထားနိုင်ကြသော်လည်း မျက်နှာနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများစွာ ရရှိနေကြလေသည်။
ထိုအဖြစ်အပျက်တစ်ခုလုံးတွင် မည်သည့် အလုပ်သမားကမျှ ပြန်လည်မခုခံရဲကြပေ။ သူတို့သည် နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ ထွက်လာသည်အထိ အရိုက်ခံရသော်လည်း ဒဏ်ရာများကိုသာ ဖုံးအုပ်ကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေကြရလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ မိသားစု အခြေအနေများကြောင့် သူတစ်ပါးနှင့် ရန်ဖြစ်ရန် မည်သို့မျှ မဖြစ်နိုင် ကြောင်းကို သူတို့ကိုယ်တိုင် အသိဆုံးပင် ဖြစ်လေသည်။
သူတို့သည် ငွေရှာရန် ထွက်လာကြသူများဖြစ်ရာ သေအောင် အရိုက်ခံရလျှင်ပင် ပြန်လည်ခုခံရဲကြမည် မဟုတ် ပေ။
ကံကောင်းထောက်မစွာဖြင့် အခြားအလုပ်သမားများ အချိန်မီ ရောက်ရှိလာပြီး ရိုက်နှက်မှုကို ဝင်ရောက် တားဆီး ပေးခဲ့ကြလေသည်။ ထိုသို့ တားဆီးရာတွင် အချို့မှာ လက်သီးဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရလေသည်။
အချုပ်အားဖြင့်ဆိုရသော် သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထားသူများမှာ အလွန် မောက်မာလွန်း လှပြီး အလုပ်သမားများကို လူဟုပင် မထင်ကြပေ။
လူများကို ရိုက်နှက်ပြီးနောက် သူသည် လက်ခုပ်တီးကာ ရုံးခန်းတွင်းသို့ ပြန်ဝင်၍ အဲယားကွန်းလေခံရင်း လက်ဖက်ရည်သောက်ရန် ပြင်ဆင်လိုက်လေသည်။
ဒဏ်ရာရရှိသွားသော အလုပ်သမားများကိုမူ သူတို့က ဂရုစိုက်မည့်ပုံ မပေါ်ဘဲ ထိုအထဲမှ တစ်ယောက်က ခြိမ်းခြောက်စကားပင် ဆိုလိုက်သေးသည်။
"ငါ မင်းတို့ကို သတိပေးလိုက်မယ်…။ ရဲကိုတိုင်ရဲတဲ့ကောင် ဘယ်တော့မှ လုပ်အားခ ပြန်မရစေရဘူး...။”
"ပြီးတော့ ပြောလိုက်ဦးမယ်…။ ရဲကိုသွားတိုင်လည်း ဘာမှထူးမှာ မဟုတ်ဘူး…၊ အဲ့ဒီအစား ငါတို့က မင်းတို့ကို လုပ်အားခ အတင်းအဓမ္မ တောင်းဆိုမှုနဲ့ ပြန်တရားစွဲလို့ရတယ်...။”
"တောသားကောင်တွေ ဘာမှလည်း နားမလည်ဘဲ အလုပ်ထွက်လုပ်ပြီး လုပ်အားခ လိုချင်သေးတယ် ဟုတ်လား လူမိုက်တွေ၊ အရူးတွေ သွားပြီး တည်သီးပဲ သွားစားကြ...။”
အလုပ်သမားများကို ရည်ရွယ်၍ စော်ကားသော ထိုစကားများကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး လက်ခုံပေါ်မှ သွေးကြောများပင် ထောင်ထလာလေသည်။
နောက်တစ်စက္ကန့်တွင် သူသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်လေသည်။
"မင်းတို့က အလုပ်သမားတွေရဲ့ လုပ်အားခကို မပေးဘဲ ထားပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား...။”
"လုပ်ငန်းခွင်မှာ တကယ်တမ်း ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကို ဘယ်သူတွေ လုပ်နေရတာလဲဆိုတာ မင်း တို့ စဉ်းစားမကြည့်ကြဘူးလား...။”
"မင်းတို့တွေ ရုံးခန်းထဲမှာ အဲယားကွန်းလေခံပြီး လက်ဖက်ရည် သောက်နေတဲ့ အချိန်မှာ ဒီအလုပ်သမားတွေက နေပူကျဲကျဲထဲက လုပ်ငန်းခွင်မှာ သွေးထွက်သံယိုဖြစ်တဲ့အထိ အလုပ်လုပ်နေကြရတာ...။”
"ဒါပေမဲ့…၊ အခု အလုပ်လည်း ပြီးရော မင်းတို့က သူတို့ရဲ့ လုပ်အားခတွေကို ခေါင်းပုံဖြတ်ထားလို့ သူတို့တွေ ထမင်းတောင် မစားရဘဲ အိမ်မပြန်ရဲ ဖြစ်နေကြရပြီ...။”
"လုပ်အားခ မရတော့ အိမ်ပြန်ရောက်ရင် မိသားစု မျက်နှာကို ဘယ်လို ကြည့်ရဲပါ့မလဲ…။ သူတို့ တစ်မိသားစုလုံး က သူတို့ ပြန်လာပြီး ကျွေးမွေးမယ့်အချိန်ကို စောင့်နေကြတာ...။”
"သူတို့ အပြင်မှာ နေတုန်းကဆို တစ်ယောက်ကို ပေါက်စီ နှစ်လုံးပဲ စားရပြီး ဟင်းတစ်ဖတ်တောင် မပါဘူး...။”
"အဲ့ဒါနဲ့ ဆန့်ကျင်ဘက် မင်းတို့ကို ကြည့်လိုက်တော့ တစ်ယောက်ချင်းစီက ဝဖြိုးပြီး ဖောသွပ်နေတာပဲ…။ မင်းတို့ တွေ လူသွေးတွေစွန်းနေတဲ့ မုန့်တွေကို စားနေကြတာ မဟုတ်ဘူးလား...။”
"ငါ မင်းတို့ကို တကယ် မေးချင်တယ်…။ မင်းတို့မှာ ကိုယ်ချင်းစာတရားဆိုတာ နည်းနည်းလေးတောင် မရှိကြ တော့ဘူးလား…၊ ဒါမှမဟုတ် ခွေးကျွေးပစ်လိုက်ကြပြီလား...။”
ထိုစကားများကို ကြားလိုက်ရသောအခါ သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထားသူများမှာ အစ ပိုင်းတွင် အံ့အားသင့်သွားကြပြီးနောက် သူတို့အားလုံး လှမ်းကြည့်လာကြလေသည်။
သူတို့သည် အလုပ်သမားများကို ရိုက်နှက်ရာတွင် အလွန် အာရုံစိုက်နေခဲ့ကြသဖြင့် သူတို့၏ အနောက်တွင် အစားအသောက်ပို့ဆောင်သူ တစ်ဦး ရပ်နေသည်ကိုပင် သတိမထားမိခဲ့ကြပေ။
ယခု တွေ့ရှိသွားပြီး ထိုစကားများကိုပါ ကြားလိုက်ရသောအခါ လူတစ်ဦးက လျန်ထျန်းကို ချက်ချင်း လက်ညှိုး ထိုးကာ ကြမ်းတမ်းသော စကားများကို ဆိုလာလေသည်။
"ဒီ အနံ့အသက်ဆိုးတဲ့ ပို့ဆောင်ရေးသမားက ဘယ်က ရောက်လာတာလဲ…၊ မင်းနဲ့ ဘာဆိုင်လို့လဲ...။”
"ငါတို့ ယီကျန်း ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ထဲကို မင်းလိုလူမျိုးက ဝင်ခွင့်ရှိတယ်လို့ ထင်နေတာ လား…၊ အခုချက်ချင်း ထွက်သွားစမ်း...။”
"အခု ထွက်သွား…။ မဟုတ်ရင် မင်းကိုပါ ရိုက်ပစ်မယ်...။”
သူတို့သည် လျန်ထျန်းကို အစားအသောက် ပို့ဆောင်သူ တစ်ဦးအဖြစ်သာ မြင်ကြပြီး သူ၏ အပေါ်ထားရှိသော သဘောထားမှာ အလုပ်သမားများကို ဆက်ဆံပုံနှင့် ဘာမျှ ကွာခြားမှု မရှိကြောင်း သိသာလှပေသည်။
သို့သော် လျန်ထျန်းက ဤမျှ သေးငယ်သော ခြိမ်းခြောက်မှုကို မည်သို့လျှင် ကြောက်ရွံ့နေမည်နည်း။ သူက မတ် မတ်ရပ်ကာ စကားလုံးများကို တစ်လုံးချင်းစီ တိကျစွာ ဆိုလိုက်လေသည်။
"မင်းတို့ လူတွေကို ရိုက်နှက်နေတဲ့ လုပ်ရပ်တွေ အားလုံးကို ငါ့ဦးထုပ်ပေါ်က ကင်မရာကနေ မှတ်တမ်းတင်ထား ပြီးပြီ...။”
"အရိုက်ခံရတဲ့ အလုပ်သမားတွေအတွက် တရားမျှတမှု ရအောင် ဒီဗီဒီယို မှတ်တမ်းကို သက်သေအဖြစ် အသုံး ပြုသွားမယ်...။”
ထိုစကားကို ကြားသောအခါ သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထားသူများမှာ နောက်ဆုံးတွင် အနည်းငယ် ထိတ်လန့်သွားကြလေသည်။
သူတို့သည် အလုပ်သမားများကို ဤမျှ ရိုင်းစိုင်းစွာ ဆက်ဆံရဲခြင်းမှာ အလုပ်သမားများက ဗီဒီယိုမှတ်တမ်းတင် ကာ သက်သေအဖြစ် အသုံးပြုရမည်ကို နားမလည်ကြခြင်းကို အခွင့်ကောင်းယူထားခြင်းကြောင့် ပင်ဖြစ်သည်။
လျန်ထျန်း၏ ပေါ်ပေါက်လာမှုမှာ အမှန်တကယ်ပင် မျှော်လင့်မထားသော အရာဖြစ်ပြီး အထူးသဖြင့် အရာအား လုံးကို မှတ်တမ်းတင်ထားကြောင်း ကြားလိုက်ရသောအခါ ပို၍ပင် ဆိုးရွားသွားခဲ့လေသည်။
ထိုအထဲမှ တစ်ယောက်က အခြားသူများကို အမြန် ညွှန်ကြားလိုက်လေသည်။
"အားလုံး အခုချက်ချင်း သူ့ဆီသွားပြီး ဦးထုပ်ပေါ်က ကင်မရာကို ရိုက်ခွဲပစ်ကြစမ်း...။”
ထိုလူများက အမိန့်ကို နာခံရန် ပြင်လိုက်ချိန်တွင် လျန်ထျန်းက ဩဇာပါသော အသံဖြင့် ချက်ချင်း ပြောလိုက် လေသည်။
"ဘာမှ အသုံးမဝင်တော့ဘူး…။ ငါတို့ ပို့ဆောင်ရေးသမားတွေရဲ့ ဦးထုပ်ပေါ်က ကင်မရာတွေက မှတ်တမ်းတင် ထားတဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်ကို အချိန်နဲ့ တစ်ပြေးညီ သိမ်းဆည်းဖို့ အပ်လုဒ်လုပ်ထားပြီးသားပဲ...။”
"မင်းတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီးပြီ…၊ ဖျက်လို့လည်း မရတော့ဘူး…။ အပြစ်ပေးခံရ ဖို့သာ စောင့်နေကြတော့…။ ဥပဒေက မင်းတို့ကို ဘယ်တော့မှ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး...။”
ထိုစကားကို ကြားလိုက်ရသောအခါ သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထားသူများမှာ မျက်မှောင် ကြုတ်သွားကြလေသည်။
သို့သော် ခေါင်းဆောင်ဖြစ်သူက လှောင်ပြုံး ပြုံးလိုက်လေသည်။
"မင်းလို အတွေ့အကြုံမရှိတဲ့ ပို့ဆောင်ရေးသမားလေး…။ ငါ ပြောပြမယ်…၊ ငါက ချမ်းသာတယ် ပြီးတော့ ရဲစခန်းမှာလည်း အဆက်အသွယ်တွေ ရှိတယ်...။”
အခြားသူများကလည်း ချက်ချင်းပင် ထောက်ခံလိုက်ကြလေသည်။
"ဟုတ်ပ…၊ သာမန် ပို့ဆောင်ရေးသမား တစ်ယောက်ကများ သူတစ်ပါးအတွက် ဝင်ပါချင်နေတာ တကယ်ကို ရယ်စရာကောင်းတယ်...။”
"ကိုယ်ရည်ကိုယ်သွေးကိုလည်း မှန်ထဲ ပြန်ကြည့်ဦး ဟိုစကားအတိုင်းပဲ ခွေးတိုင်း ကြောင်တိုင်းက သူတို့ကိုသူတို့ ထူးခြားတယ်လို့ ထင်နေကြတာ…၊ ဟားဟားဟား...။”
"ဒါပေါ့…၊ ငါတို့ ယီကျန်း ဆောက်လုပ်ရေး ကုမ္ပဏီက ဒီနေရာမှာ ခြေကုပ်ယူနိုင်ထားတာက လွယ်လွယ်လေးနဲ့ မဟုတ်ဘူး…။ ငါတို့ကသာ သူများတွေကို ခြိမ်းခြောက်တာ….၊ ပြောင်းပြန်တော့ မဟုတ်ဘူး...။”
ဤလူများ၏ အတားအဆီးမဲ့ လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်း၏ အသံမှာ ပို၍ တည်ကြည် လေးနက်လာခဲ့လေသည်။
"မင်းတို့တွေ အရမ်းလွန်နေပြီ...။”
"မင်းတို့မှာ ပိုက်ဆံရှိနိုင်တယ်…၊ ဒါပေမဲ့ ငါ့ထက် ပိုချမ်းသာနိုင်ပါ့မလား...။”
"မင်းတို့မှာ ရဲစခန်းက အဆက်အသွယ်တွေ ရှိနိုင်တယ် ဒါပေမဲ့ ငါ့လောက် ခိုင်မာပါ့မလား...။”
"မင်းတို့လို ဥပဒေမဲ့တဲ့ ကောင်တွေက ရွံရှာစရာကောင်းပြီး အပြစ်ပေးခံရဖို့ ထိုက်တန်တယ်...။”
"အရင်က ဝဋ်လည်တာ မရှိခဲ့တာ မဟုတ်ဘူး…၊ အချိန်မကျသေးလို့ပဲ…။ အခုတော့ အချိန်ကျလာပြီ...။”