အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း (၃၂၂)
သတ္တိကြောင်ခြင်း၏ မြစ်ဖျားခံရာ
လျန်ထျန်း၏ စကားကို ကြားသောအခါ သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီဝတ်ဆင်ထားသည့် လူများက လှောင် ပြောင်ရယ်မောလိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူမှာ လျန်ထျန်းကို လက်ညှိုးထိုးကာ ခါးကိုင်းသည်အထိ ရယ်မော နေလေတော့သည်။
"မင်းလို အောက်ခြေက အစားအသောက်ပို့တဲ့ကောင်က ဘာပိုက်ဆံများ ရှိမှာမို့လို့လဲ...၊ ဘာအဆက်အသွယ် တွေများ ရှိနေလို့လဲ...။”
"တကယ်လို့ မင်းမှာ ပိုက်ဆံတွေ၊ အဆက်အသွယ်တွေ ရှိနေရင် အစားအသောက်ပို့တဲ့ အောက်တန်းစား အလုပ် ကို လုပ်နေပါ့မလား...။ ကြွားရင်တောင် ဦးနှောက်လေး ဘာလေး သုံးပြီးမှ ကြွားစမ်းပါကွာ...။”
အခြားသူများကလည်း ချက်ချင်းပင် ထောက်ခံပြောဆိုလိုက်ကြလေသည်။
"ဒါပေါ့...၊ ငါတို့ မျက်လုံးထဲမှာတော့ မင်းလို ပို့ဆောင်ရေးသမားက ဟိုတောသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဘာမှမကွာပါဘူးကွာ...။”
"ဟုတ်တယ်...။ သူတို့အကုန်လုံးက အသေအလဲ ပင်ပန်းခံလုပ်နေရတဲ့ ကုမ္ပဏီရဲ့ ကျွန်တွေပဲ...။ ဘယ်လောက်ပဲ ပင်ပန်းခံလုပ်လုပ် ပိုက်ဆံအများကြီး မရနိုင်တဲ့သူတွေချည်းပဲ...၊ အဲ့ဒါကိုများ ငါတို့ကို လာစိန်ခေါ် ရဲသေးတယ်...။”
"ရဲခေါ်ကြည့်လိုက်လေ...။ ဒီတောသားတွေကို မသမာတဲ့ရည်ရွယ်ချက်နဲ့ လုပ်အားခ လာတောင်းတယ်ဆိုပြီး ငါတို့က ဘယ်လို တရားစွဲမလဲဆိုတာ စောင့်ကြည့်လိုက်...။ အဲ့ဒီအချိန်ကျရင် မင်းကိုပါ ရမ်းကားနှောင့်ယှက်မှုနဲ့ တရားစွဲပစ်မယ်...။”
မောက်မာလွန်းလှသည်၊ လုံးဝကို မောက်မာလွန်းလှပေသည်။
လျန်ထျန်းမှာ ကြားရလေလေ ဒေါသထွက်လာလေလေ ဖြစ်ပြီး နောက်တစ်စက္ကန့်တွင်မူ ဆက်လက် သည်းမခံနိုင် တော့ဘဲ သူ၏ဖုန်းကိုထုတ်ကာ ရဲစခန်းသို့ ဖုန်းခေါ်ဆိုလိုက်လေသည်။
သန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီဝတ်ဆင်ထားသူများမှာ အံ့သြစရာကောင်းလောက်အောင် အကြောက်အလန့် မရှိကြဘဲ သူတို့၏ဖုန်းများကိုထုတ်ကာ ဖုန်းခေါ်ဆိုလိုက်ကြလေသည်။
"ဟယ်လို...၊ အဖွဲ့ခေါင်းဆောင်ချောင်လား...။ ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြဿနာလာရှာတဲ့ သူ ရှိနေလို့...၊ အဲ့ဒါ လူနည်းနည်းလောက်ခေါ်ပြီး လာဖြေရှင်းပေးပါလား...။”
"တခြားတော့ မဟုတ်ပါဘူး...။ ရွှေ့ပြောင်းအလုပ်သမားအချို့က မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်အားခ လာ တောင်းတာပါ...။ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ နံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင် တစ်ကောင်ကပါ ဝင်ပြီး ပြဿနာရှာနေလို့ပါ...။”
"ဟုတ်ပါတယ်...၊ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော်တို့ ကုမ္ပဏီက အမြဲတမ်း ဥပဒေကို အလေးစားဆုံး ပါပဲ...။ သူတို့ကစပြီး ပြဿနာရှာတာမို့လို့ ကျွန်တော်တို့ အလုပ်တွေ နှောင့်နှေးကုန်တာပါ...။”
"အခုတော့ အဲ့ဒီ ပြဿနာရှာတဲ့ ပို့ဆောင်ရေးသမားက ရဲခေါ်ထားတယ်ဆိုပြီး ကျွန်တော်တို့ကိုတောင် မဟုတ် မမှန် စွပ်စွဲနေသေးတယ်...။ ခင်ဗျားဆီကို ဖုန်းဝင်လာသေးလား...။”
"ကောင်းပါပြီ...၊ ကောင်းပါပြီ...။ ကျွန်တော်တို့ သူတို့ကို အရင်ထိန်းချုပ်ထားလိုက်ပါ့မယ်...။ အဖွဲ့ခေါင်းဆောင် ချောင် ရောက်လာမှပဲ ဆက်ရှင်းကြတာပေါ့...။ ဟုတ်ကဲ့...၊ ဟုတ်ကဲ့...၊ ကျွန်တော်တို့ စခန်းမှူးကိုလည်း နှုတ် ဆက်ပါတယ်လို့ ပြောပေးပါ့မယ်အုန်း...။ နောက်မှ ဆက်သွယ်လိုက်ပါ့မယ်...။”
ဖုန်းခေါ်ဆိုပြီးနောက် ထိုရှပ်အင်္ကျီဝတ်ဆင်ထားသူများမှာ ယုံကြည်မှု အပြည့်ဖြင့် ပို၍ပင် မောက်မာလာကြ လေတော့သည်။
"ဟေ့...၊ ပို့ဆောင်ရေးသမား...၊ မင်း ကြားလိုက်လား...။ ဒေသခံ ရဲစခန်းက အဖွဲ့ခေါင်းဆောင်ချောင် အခု ချက် ချင်း ရောက်လာတော့မှာ...။”
"အခု ထွက်သွားချင်နေပြီလား...။ အခွင့်အရေး မရှိတော့ဘူး...၊ မင်းကိုပါ ဖမ်းခိုင်းလိုက်မှာ...။ မင်း နောင်တရ လိမ့်မယ်...။ ဒါက သူများကိစ္စ ဝင်ပါတဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ...။”
"တကယ့် အရူးပဲ...။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ...၊ သူရဲကောင်းဝင်လုပ်ပြီး တရားမျှတမှုအတွက် ရပ် တည်ပေးမယ်လို့ တွေးနေတုန်းလား...။ သူ သေသွားရင်တောင် မြေမြှုပ်ပေးမယ့်သူ ရှိမှာ မဟုတ်ဘူး...၊ ဟားဟားဟား...။”
လျန်ထျန်းသည် ဤကဲ့သို့ လှောင်ပြောင်ရယ်မောမှုများရှေ့တွင် မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။
သို့သော် သူ့ကို နားလည်သူများသာလျှင် လျန်ထျန်း မျက်နှာသေ ဖြစ်နေလေလေ သူ၏ အတွင်းစိတ်ထဲမှ ဒေါသ များက အတိုင်းအတာတစ်ခုထက် ကျော်လွန်နေလေလေ ဖြစ်ကြောင်း သိကြပေသည်။
ဤသည်မှာ မုန်တိုင်းမလာမီ လေငြိမ်နေခြင်းသာ ဖြစ်သည်။ မကြာမီတွင် တစ်စုံတစ်ယောက်က သူ၏ ကြောက် မက်ဖွယ်အကောင်းဆုံး ဒေါသကို ခံစားရတော့မည် ဖြစ်ပေသည်။
သူသည် အသံမထွက်စေဘဲ စာတိုအချို့ကို ပေးပို့လိုက်ပြီးနောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်လေသည်။
သို့သော် လျန်ထျန်းမှာ ယုံကြည်မှုရှိနေပြီး အကြောက်အလန့် မရှိခဲ့ပေ။
ရွှေ့ပြောင်းအလုပ်သမားများမှာမူ စိုးရိမ်ထိတ်လန့်လာကြပြီး ဒဏ်ရာရထားသော သူတို့၏ ရွာသားများကို အချင်း ချင်း ကူညီဖေးမနေကြလေသည်။ သူတို့သည် အရိုက်ခံရသူများ ဖြစ်သော်လည်း သူတို့ကပင် တောင်းပန်နေကြ ရလေသည်။
"မန်နေဂျာတို့ခင်ဗျာ...၊ ကျွန်တော်တို့က မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်အားခ လာတောင်းတာ မဟုတ်ရပါဘူး... ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရဲနဲ့ မဖမ်းခိုင်းပါနဲ့လား...၊ ကျွန်တော်တို့ တောင်းပန်ပါတယ်...။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးကြပါ...။”
ရွှေ့ပြောင်းအလုပ်သမားများက သနားညှာတာရန် တောင်းပန်နေချိန်တွင် ခေါင်းဆောင်ဖြစ်သူက လှောင်ပြောင် လိုက်လေသည်။
"တောင်းပန်ရုံနဲ့သာ ရမယ်ဆိုရင် ရဲတွေ ရှိနေတာက ဘာအဓိပ္ပာယ်ရှိတော့မလဲ...။”
"ကုမ္ပဏီက ဒီနှစ်တွေအတွင်း ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး လူတွေ အများကြီးကို အလုပ်ခန့်ထားတာက အခုလိုအချိန်မှာ သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား...။”
ထိုစကားကို ကြားသောအခါ ရွှေ့ပြောင်းအလုပ်သမားများမှာ ပို၍ပင် ထိတ်လန့်သွားကြပြီး ငိုကြွေးကုန်ကြ တော့သည်။
"ကျွန်မယောက်ျားက ကျန်းမာရေးမကောင်းပါဘူး...။ ကလေးနှစ်ယောက်ကလည်း ကျောင်းတက်နေရတုန်းပါ...။ ကျွန်မသာ အဖမ်းခံရရင်တော့ ကောင်းကင်ကြီး ပြိုကျသွားသလို ဖြစ်သွားပါလိမ့်မယ်...။”
"ကျွန်တော့်သားက မိန်းမယူဖို့ အိမ်ဝယ်ရမယ်ဆိုလို့ ဝယ်လိုက်တာ…၊ အခုတော့ ဆောက်လက်စနဲ့ ရပ်ထားတဲ့ အဆောက်အအုံကို ဝယ်မိသလို ဖြစ်သွားတယ်..၊ ကျွန်တော်က အိမ်လခကို ကူဆပ်ပေးနေရတာပါ...၊ ကျွန်တော် အဖမ်းခံရလို့ မဖြစ်ပါဘူး...။”
"မန်နေဂျာတို့ခင်ဗျာ...၊ ကျေးဇူးပြုပြီး သနားပါဦး...။ ကျွန်တော်တို့ တကယ်ကို အခက်အခဲ မရှိဘူးဆိုရင် ဒီလောက်ဝေးတဲ့အထိ အလုပ်လာလုပ်မှာ မဟုတ်ပါဘူး...။ ဒီတစ်ခါတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ...။”
ထိုမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းသည် သူ၏ လက်သီးများကို ပို၍ တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး အံများကိုပါ ကြိတ်ထားမိလေသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ယခုကဲ့သို့ ပြုမူနေမှုအပေါ် အချို့က ဒေါသထွက်ကောင်း ထွက်နိုင်သော်လည်း လျန်ထျန်းကမူ သူတို့၏ အခက်အခဲများကို နားလည်ပေသည်။
အဘယ်ကြောင့်ဆိုသော် လျန်ထျန်းသည် ယခင်က အောက်ခြေလူတန်းစားတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် အာဏာ နှင့် ဩဇာလွှမ်းမိုးမှု မရှိသည့် သာမန်လူများ၏ သတ္တိကြောင်ခြင်း မြစ်ဖျားခံရာကို သူက ကောင်းစွာ နားလည် ထားသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ မိသားစု၏ တစ်ဦးတည်းသော ရှာဖွေကျွေးမွေးသူအနေဖြင့် မည်သည့် ထောက်ပံ့မှုမျှ မရှိဘဲ သူသာ လဲကျသွားပါက မိသားစုတစ်ခုလုံးလည်း လဲကျသွားမည်သာ ဖြစ်ပေသည်။
ထို့ကြောင့် မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် မည်မျှပင် နာကြည်းစရာ သို့မဟုတ် အခက်အခဲများနှင့် ရင်ဆိုင် ရပါစေ မိမိ၏ မာနကို မြိုသိပ်ကာ အားလုံးကို သည်းခံကြရပေသည်။
အခြား ဘာလုပ်နိုင်မည်နည်း။
စိတ်လိုက်မာန်ပါဖြင့် ခဏတာ ပုန်ကန်မိခြင်းက မိသားစုတစ်စု၏ ဘဝကို ဖျက်ဆီးပစ်နိုင်ပေသည်။
ယခုအခြေအနေကိုပင် ဥပမာအဖြစ် ကြည့်နိုင်ပေသည်။ ထိုသန့်ရှင်းသပ်ရပ်သော ရှပ်အင်္ကျီဝတ်ဆင်ထားသူ များသည် ရွှေ့ပြောင်းအလုပ်သမားများကို ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ရိုက်နှက်နိုင်ကြပေသည်။
အကြောင်းရင်းမှာ သူတို့တွင် ခိုင်မာသော ကျောထောက်နောက်ခံများနှင့် အဆက်အသွယ်များ ရှိနေကြောင်းကို သူတို့ကိုယ်တိုင် သိရှိထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြီးမားသော ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာ လျှင်ပင် ၎င်းတို့သည် ငွေအနည်းငယ် ပေးလိုက်ရုံဖြင့် ဖြေရှင်းနိုင်ကြပေသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်မူ တစ်ကြိမ်တစ်ခါ ပြန်လည်ခုခံလိုက်သည်နှင့် သူတို့၏ မသမာသော ရည်ရွယ်ချက်ဖြင့် လုပ်အားခ တောင်းဆိုမှုမှာ အတည်ပြုခံရမည်မှာ သေချာနေပြီး ရာဇဝင်မှတ်တမ်း ဝင်သွား နိုင်ကာ နှစ်အတော်ကြာ ထောင်ဒဏ်ကျခံရနိုင်ပေသည်။
သို့သော် သူတို့၏ မိသားစုများသည် သူတို့မရှိဘဲ မရပ်တည်နိုင်ကြပေ။ မိသားစုဝင်များမှာ သူတို့ အလုပ်လုပ်၍ ငွေရှာကာ မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးရန် အားကိုးနေကြရလေသည်။
ထို့အပြင် ပြစ်မှုမှတ်တမ်း ရှိနေပါက အခြားနေရာများတွင် အလုပ်ရှာရန် ခက်ခဲသွားပေလိမ့်မည်။
ဤသည်မှာ လူမှုအဆင့်အတန်းတွင် ကြီးမားလှသော မညီမျှမှုတစ်ခု ဖြစ်ပြီး ဤလူ့အဖွဲ့အစည်းအတွင်းရှိ အဆိုး ရွားဆုံးသော မတရားမှုတစ်ခုလည်း ဖြစ်ပေသည်။
လျန်ထျန်းသည် ဤကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို ကြည့်မနေနိုင်တော့သဖြင့် ရွှေ့ပြောင်းအလုပ် သမားများ၏ အလယ်သို့ ချက်ချင်း ဝင်ရပ်ကာ ပြောလိုက်လေသည်။
"သူတို့ကို တောင်းပန်စရာ မလိုဘူး...။ ဘာလို့လဲဆိုတော့ သူတို့က မှားနေတဲ့သူတွေ ဖြစ်နေလို့ပဲ...။”
"ဒီတစ်ခါ ခင်ဗျားတို့က သူတို့ကို အရှုံးပေးလိုက်မယ်ဆိုရင် အကြမ်းဖက်မှုကို သည်းခံပေးလိုက်တာနဲ့ အတူ တူပဲ...။ ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဆက်ပြီး လျစ်လျူရှုဖို့ သူတို့ကို အားပေး အားမြှောက် လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ်...။”
"လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ခင်ဗျားတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားက မြို့ပြ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေခဲ့တယ်...။ ဒါကြောင့် ခင်ဗျားတို့က လေးစားမှုနဲ့ ကာကွယ်ပေးမှုကို ခံထိုက်တယ်...။”
"ဒါကြောင့် စိတ်မပူကြပါနဲ့...။ ဒီနေ့ ခင်ဗျားတို့အတွက် တရားမျှတမှုကို ကျွန်တော် မဖြစ်မနေ ရယူပေးမယ်...။ ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိစေရမယ်လို့လည်း အာမခံတယ်...။”
ထိုစကားများကို ကြားပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများမှာ အလွန်ပင် စိတ်ထိခိုက်လှုပ်ရှား သွားခဲ့သော် လည်း သူတို့၏ မျက်နှာများထက်တွင်မူ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လွင်နေလေသည်။
ပါဆယ်မှာယူခဲ့သော လယ်သမားအဘိုးအိုသည် လျန်ထျန်းအနီးသို့ ရောက်လာပြီး မျက်ရည်ကျလုနီးပါး ဖြစ်နေ လေသည်။
"လူလေး...၊ မင်းက ငါတို့အတွက် မားမားမတ်မတ် ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ငါတို့ကို ဒုက္ခတွေ ထပ်မပေးပါနဲ့တော့...။”
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ရွာသားတွေနဲ့ အလုပ်သမားတွေလည်း အခုလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူး တယ်...။ သူတို့ရဲ့ တောင်းဆိုမှုတွေကို ဘယ်သူမှ နားမထောင်တဲ့အခါကျတော့ အစွန်းရောက်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြတယ်...။”
"မရသေးတဲ့ လုပ်အားခတွေ ရဖို့အတွက် ဆိုင်းဘုတ်တွေထောင်ပြီး တောင်းဆိုကြတယ်...။ ဒူးထောက်ပြီး အစာ ငတ်ခံ ဆန္ဒပြကြတယ်...။ တိုက်ပေါ်ကနေ ခုန်ချမယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်...။ နောက်ဆုံး လုပ်အားခ မပေး တဲ့သူတွေကို ဓားစာခံအဖြစ်တောင် ဖမ်းဆီးခဲ့ကြတယ်...။”
"အဲ့ဒီနည်းလမ်းတွေကို သုံးခဲ့ရင်တောင် ငါတို့က ပိုက်ဆံမရတဲ့အပြင် အပြစ်ပါ ပေးခံခဲ့ရတယ်...။ အကုန်လုံးက ရှုံးကျန်ရစ်တဲ့ ကိစ္စတွေချည်းပါပဲ...။”
"ဒါကြောင့် ငါတို့အကုန်လုံး သဘောပေါက်သွားပြီ...။ ငါတို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တိုင်တန်းစရာ နေရာဆိုတာ လုံးဝ မရှိဘူး...။”
"ဌာနအသီးသီးကြားမှာ အငြင်းပွားမှုတွေအတွက် ဟိုပြေးဒီလွှားနဲ့ အချိန်တွေ အများကြီး ကုန်ဆုံးရတာကလည်း အချိန်ဖြုန်းတာ သက်သက်ပါပဲ...။”
"ငါတို့ လုပ်နိုင်တာဆိုလို့ ငါတို့ကို လုပ်အားခ ပေးရမယ့်သူတွေဆီကနေ စွန့်ကြဲလာမယ့် အချိန်ကို စောင့်နေဖို့ပဲ ရှိတယ်...။”
"တကယ်လို့ စကားချိုချိုလေးတွေပြောပြီး ကိုယ့်အမှားကိုယ် ဝန်ခံလိုက်မယ်ဆိုရင်တော့ ငါ့ရဲ့ လုပ်အားခ နည်း နည်းပါးပါး ပြန်ရနိုင်ကောင်းပါရဲ့...။ တကယ်တော့ အဲ့ဒါကပဲ ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါ...။”
ရွှေ့ပြောင်းအလုပ်သမား ပြောသည်ကို ကြားသောအခါ လျန်ထျန်းသည် အံကို ကြိတ်ကာ စကားလုံးများကို တစ်လုံးချင်း ဂရုတစိုက် ပြောဆိုလိုက်လေသည်။
"မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်အားခ တောင်းတယ်ဆိုတဲ့ စကားကို စပြောခဲ့တဲ့သူက သေကို သေသင့် တယ်...။”
"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း...၊ အကြွေးအတွက် အကြွေး...၊ ဆိုတာ သဘာဝတရားနဲ့ ကိုယ်ကျင့်တရားအရ တရားမျှတတဲ့ အရာတွေပဲ...။”
"လုပ်အားခ မပေးတဲ့သူတွေသာ မရှိခဲ့ရင် လုပ်အားခ တောင်းတဲ့သူဆိုတာလည်း သဘာဝကျကျကို ရှိလာမှာ မဟုတ်ဘူး...။ အလားတူပဲ...၊ မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်အားခ မပေးတာသာ မရှိရင် မသမာတဲ့ ရည်ရွယ် ချက်နဲ့ လုပ်အားခ တောင်းဆိုတာတွေလည်း ရှိလာမှာ မဟုတ်ဘူး...။”
"အဆုံးစွန်ပြောရရင် မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်အားခတွေကို သိမ်းဆည်းထားတာက အရာအားလုံးရဲ့ အဓိက အကြောင်းရင်းပဲ...။ အဲ့ဒါကိုများ လုပ်အားခ လာတောင်းတဲ့သူတွေအပေါ် အပြစ်တွေ အကုန်ပုံချရက် လေတယ်...။ တရားမျှတမှု ဆိုတာကော မရှိတော့ဘူးလား...။”