← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း (၃၂၄)

အမွေအနှစ်နှင့် စောင့်ရှောက်မှု၏ သင်္ကေတလော သို့မဟုတ် ဗျူရိုကရေစီစနစ်၏ မျိုးရိုးစဉ်ဆက် ဆင်းသက်လာမှုလော

ကြက်သားစွပ်ပြုတ်နှင့် ကြက်သားတို့မှာ ရှင်းလင်းလှသော တင်စားချက်များ ဖြစ်ပြီး နက်ရှိုင်းသော သရော် လှောင်ပြောင်မှုများ ပါဝင်နေလေသည်။

သို့သော် လျန်ထျန်း၏ သရော်မှုမှာ ဖုံးကွယ်ထားခြင်း မရှိသဖြင့် အဖွဲ့ခေါင်းဆောင်ချောင်နှင့် မန်နေဂျာရွှီတို့ကို အမျက်ဒေါသ ထွက်သွားစေမည်မှာ သေချာလှပေသည်။

ထင်ထားသည့်အတိုင်းပင် ထိုစကားများကို ကြားသောအခါ အဖွဲ့ခေါင်းဆောင်ချောင်နှင့် မန်နေဂျာရွှီတို့မှာ ချက် ချင်းပင် ဒေါသသူပုန်ထသွားကြပြီး လျန်ထျန်းအား ဒေါသမီးများ တောက်လောင်နေသော မျက်လုံးများဖြင့် စိုက် ကြည့်လိုက်ကြလေသည်။

"သေမင်းနှုတ်ခမ်းဝ ရောက်နေတာတောင် မင်းက သင်ခန်းစာ မရသေးဘူးပဲ...။”

"အဖွဲ့ခေါင်းဆောင်ချောင်...၊ သူ့ကို ဖမ်းသွားပြီး သင်ခန်းစာပေးလိုက်ပါ...။ သူ ဘယ်လောက်တောင် ခေါင်းမာနိုင် သေးလဲဆိုတာ ကြည့်ကြတာပေါ့...။”

ထိုစဉ် ပါဆယ်မှာယူခဲ့သော ရွှေ့ပြောင်းအလုပ်သမားမှာ လျန်ထျန်းကို အလောတကြီး ဖျောင်းဖျလိုက်လေသည်။

"လူလေး...၊ စကားနည်းနည်းလောက် လျှော့ပြောပါကွယ်...။ ဒုက္ခပါပဲ...၊ ဒီနေ့ ငါတို့ကြောင့် မင်း ဒုက္ခရောက်ရပြီ ထင်တယ်...။”

လျန်ထျန်းကမူ ဖိအားများအောက်တွင် အေးဆေးတည်ငြိမ်စွာပင် အပြုံးကို ထိန်းထားဆဲ ဖြစ်လေသည်။

"စိတ်မပူပါနဲ့...။ ကျွန်တော် ပြောခဲ့သလိုပဲ ဒီနေ့ ဒီနေရာမှာ ကျွန်တော် ရှိနေသရွေ့ ခင်ဗျားတို့အတွက် တရားမျှ တမှု ရအောင် သေချာပေါက် ကူညီပေးမှာပါ...။ အချိန်လည်း ကျလောက်ပြီ ထင်တယ်...။”

ထိုစဉ် အဝေးမှနေ၍ ရဲကားဥဩဆွဲသံများက နီးကပ်လာပြီး ယခင်ကထက်ပင် ပိုများပြားနေပုံ ရလေသည်။

ရဲကားဆယ်စီးကျော်ခန့် အရှိန်အဟုတ်ဖြင့် ဝင်ရောက်လာသည်ကို မြင်သောအခါ လူတိုင်းမှာ မှင်တက်သွားကြ လေသည်။

မန်နေဂျာရွှီက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်ချောင်...၊ ဒါတွေက ခင်ဗျား ထပ်ခေါ်လိုက်တဲ့ လူတွေလား...။ တောသား နည်းနည်းပါးပါးကို ဖမ်းဖို့အတွက် ဒီလောက်တောင် လူအများကြီး ခေါ်စရာ လိုလို့လား...။”

ယခုအချိန်တွင် အဖွဲ့ခေါင်းဆောင်ချောင်မှာ မည်သည့်အသံကိုမျှ မကြားနိုင်တော့ပေ။ သူ၏ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး မျက်လုံးအိမ်များပင် ပြုတ်ထွက်လာတော့မတတ် ဖြစ်နေလေသည်။

နောက်တစ်စက္ကန့်တွင် သူ၏ လည်စေ့က လှုပ်ရှားသွားပြီး စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောဆိုလိုက်လေ သည်။

"ဒါတွေက မြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုက ကားတွေချည်းပဲ...။ သူတို့က ဘယ်လိုလုပ် ရောက်လာကြတာ လဲ...။”

"ပြီးတော့ အလယ်ကကားရဲ့ နံပါတ်ပြား (၀၀၀၁) က ညွှန်ကြားရေးမှူးရဲ့ ကားပဲ...။”

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရဲကားများအားလုံး ရပ်တန့်သွားကာ တံခါးများ ပွင့်လာပြီး ရဲအရာရှိ အများအပြား ဆင်းလာကြလေသည်။

ထို့အပြင် ဤကင်းလှည့်ရဲအရာရှိများ အားလုံး၏ ပခုံးထက်တွင် အနည်းဆုံး အစင်းတစ်ကြောင်းနှင့် ကြယ်နှစ်ပွင့် ပါရှိကြရာ အဖွဲ့ခေါင်းဆောင်ချောင်နှင့် အဆင့်တူများ ဖြစ်နေကြပေသည်။

အစင်းတစ်ကြောင်းနှင့် ကြယ်သုံးပွင့်၊ အစင်းနှစ်ကြောင်းနှင့် ကြယ်တစ်ပွင့် စသည်ဖြင့် အစင်းနှစ်ကြောင်းနှင့် ကြယ်သုံးပွင့် အဆင့်အထိပင် ပါဝင်ကြလေသည်။

နောက်ဆုံး ပေါ်ထွက်လာသူမှာ ဂျုံနှံတစ်ခက်နှင့် ကြယ်တစ်ပွင့် ပါရှိသော ညွှန်ကြားရေးမှူးလီ ဖြစ်လေသည်။

အကယ်၍ အဖွဲ့ခေါင်းဆောင်ချောင်က ဤဒေသတွင် 'ဒေသခံ လူမိုက်' တစ်ဦး ဖြစ်မည်ဆိုလျှင် ညွှန်ကြားရေးမှူး လီ ပေါ်ထွက်လာမှုမှာ 'စစ်မှန်သော နဂါး' တစ်ကောင် ပေါ်လာခြင်းပင် ဖြစ်ပေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း "တန်ခိုးကြီးမားလှသော နဂါးတစ်ကောင်ပင်လျှင် ဒေသခံ မြွေတစ်ကောင်ကို မနှိမ် နင်းနိုင်" သော်လည်း နဂါးတစ်ကောင်၏ ရှေ့မှောက်တွင်မူ မြွေတစ်ကောင်မှာ တွားသွားရုံသာ တတ်နိုင်ပေသည်။ ယခုလက်ရှိ အဖွဲ့ခေါင်းဆောင်ချောင်ကဲ့သို့ပင် ဖြစ်လေသည်။

အဖွဲ့ခေါင်းဆောင်ချောင်သည် ညွှန်ကြားရေးမှူးလီ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ခြေထောက်များ ပျော့ခွေသွားပြီး မကောင်းသော ကြိုတင်ခံစားမှုဖြင့် သူ၏ နှလုံးခုန်သံများ မြန်ဆန်လာတော့ သည်။

ထင်ထားသည့်အတိုင်းပင် သူ၏ ကြိုတင်ခံစားမှုမှာ မကြာမီမှာပင် တကယ်ဖြစ်လာခဲ့လေသည်။

လူတိုင်း၏ မယုံကြည်နိုင်သော အမူအရာများကြားတွင် ညွှန်ကြားရေးမှူးလီသည် ဤနေရာ၌ ရှိနေသော တစ်ဦး တည်းသော ပို့ဆောင်ရေးသမားထံသို့ ချဉ်းကပ်လာကာ နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။

"ညီလေးလျန်...၊ မင်းရဲ့ စာကို ရရချင်းပဲ ကိုယ် ချက်ချင်း ပြေးလာခဲ့တာ...။ ဒါပေမဲ့ ဒီနေရာက တော်တော်လေး ခေါင်တာပဲ...။ ကိုယ် ရောက်လာတာ နောက်မကျဘူး မဟုတ်လား...။”

လျန်ထျန်းက အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

"နောက်မကျပါဘူး...၊ အချိန်ကိုက်ပါပဲ...။ အစောကြီး ရောက်လာခဲ့ရင် သူတို့ရဲ့ အရုပ်ဆိုးတဲ့ မျက်နှာစစ်တွေကို အပြည့်အဝ မြင်ရဦးမှာ မဟုတ်ဘူး...။”

"အခုတော့ အကုန်လုံးကို မှတ်တမ်းတင်ထားလိုက်ပြီ...။ သူတို့ ပူးပေါင်းကြံစည်နေကြတယ်ဆိုတဲ့ သက်သေ အဖြစ် အသုံးပြုလို့ရမယ့် အပိုင်းအချို့လည်း ပါတယ်လို့ ထင်တယ်...။”

ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးလီမှာ လေးနက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။

"မကြာသေးခင်က မြို့ထဲနဲ့ ဝေးတဲ့နေရာတွေမှာ အကျင့်ပျက် ဝန်ထမ်းတချို့က အာဏာကို အလွဲသုံးစားလုပ် နေကြတယ်ဆိုတဲ့ ကောလာဟလတချို့ကို ကိုယ် တကယ်ပဲ ကြားထားတယ်...။”

"ဒါပေမဲ့ သူတို့က တော်တော်လေး ပုန်းကွယ်နေနိုင်ကြတယ်...။ ပြီးတော့ ငါတို့ မြို့တော်ဗျူရိုကလည်း အရမ်း အလုပ်များနေတော့ သူတို့ကို စောင့်ကြည့်ဖို့ အချိန်မရခဲ့ဘူး...။”

"ညီလေးလျန်...၊ ဒီနေ့တော့ မင်းနဲ့ ကြုံလိုက်ရပြီပဲ...။ အဖြစ်အပျက်တွေက အမှန်တကယ်ဆိုရင်တော့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်...။ ဒီအခွင့်အရေးကို ယူပြီး စည်းကမ်းတွေကိုလည်း သေချာ တင်းကျပ် ရမယ်...။”

လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးလီတို့ စကားပြောဆိုနေချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ် နေခဲ့လေသည်။

အဖွဲ့ခေါင်းဆောင်ချောင်၊ မန်နေဂျာရွှီနှင့် ရွှေ့ပြောင်းအလုပ်သမားများ အားလုံးမှာ သရဲတစ္ဆေကို မြင်လိုက်ရ သကဲ့သို့ သူတို့နှစ်ဦးကို ပြူးကျယ်စွာ စိုက်ကြည့်နေကြလေသည်။

လူတိုင်းက မယုံကြည်နိုင်သော အမူအရာများ ဖြစ်နေကြသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေ မြို့တော်ဗျူရိုမှ ရဲညွှန်ကြားရေးမှူး တစ်ဦးက ပါဆယ်ပို့ဆောင်ရေး ယူနီဖောင်းဝတ်ထားသည့် ပို့ဆောင်ရေးသမား တစ်ဦးနှင့် ပျော်ရွှင်စွာ စကားပြောဆိုနေသည်ကို မြင်ရခြင်းမှာ မည်သူမဆို ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

လူအများ၏ အမြင်တွင် သူတို့၏ အဆင့်အတန်းများမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

သို့သော် အမှန်တရားမှာ မျက်မှောက်တွင် ရှိနေပြီး မယုံကြည်ချင်သော်လည်း လက်ခံရုံမှလွဲ၍ အခြား ရွေးချယ် စရာ မရှိတော့ပေ။

“ဖြန်း…။”

ရုတ်တရက် စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး အဖွဲ့ခေါင်းဆောင်ချောင်က သတိပေးခြင်း မရှိဘဲ သူ့ ကိုယ်သူ ပါးချလိုက်ကာ မျက်နှာကို အုပ်၍ မျက်နှာရှုံ့မဲ့သွားလေသည်။

"နာလိုက်တာ...၊ ဒါ အိပ်မက် မဟုတ်ဘူး...။”

အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် အလျင်အမြန် ပြေးသွားခဲ့သော်လည်း ကြယ်သုံးပွင့် အဆင့်ရှိသော ရဲအရာရှိတစ်ဦးက လမ်းခုလတ်တွင် တားဆီးလိုက်လေသည်။

အစင်းတစ်ကြောင်းနှင့် ကြယ်သုံးပွင့် အဆင့်ရှိသော ကင်းလှည့်ရဲအရာရှိမှာ အဖွဲ့ခေါင်းဆောင်ချောင်ထက် တစ်ဆင့် သာ မြင့်ပြီး သူ့အား အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။

"ဘာလုပ်နေတာလဲ...၊ ညွှန်ကြားရေးမှူးလီက တခြားတစ်ယောက်နဲ့ စကားပြောနေတာကို မမြင်ဘူးလား...။ ဘေးမှာ ရပ်ပြီး ခဏလောက် စောင့်နေလိုက်...။”

အဖွဲ့ခေါင်းဆောင်ချောင်သည် ညွှန်ကြားရေးမှူးလီကို ကြောက်ရွံ့သော်လည်း သူ့ထက် တစ်ဆင့်သာ မြင့်သော ဤကင်းလှည့်ရဲအရာရှိကိုမူ မကြောက်ရွံ့ပေ။ သူက ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ပြန်လည် ချေပလိုက် လေသည်။

"ငါ့အဘိုးက ဒုတိယတပ်မှူးအဖြစ် အငြိမ်းစားယူတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့တာ...။ ငါ့အဖေကလည်း အရင် တုန်းက ဒုတိယညွှန်ကြားရေးမှူးပဲ...။ အဲ့ဒါကိုများ မင်းက ငါ့ကို တားရဲတယ်ပေါ့...။”

ထိုစကားကို ကြားသောအခါ ကြယ်သုံးပွင့် အဆင့်ရှိသော ရဲအရာရှိမှာ အမှန်တကယ်ပင် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ လေသည်။

ရှောင်လွှဲ၍ မရနိုင်သော အမှန်တရားတစ်ခုမှာ မိသားစုတစ်စုမှ မျိုးဆက်သုံးဆက်တိုင်တိုင် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နိုင်ခြင်းက သူတို့တွင် ခိုင်မာသော အဆက်အသွယ်များနှင့် ဩဇာလွှမ်းမိုးမှု ရှိနေကြောင်း ဖော်ပြနေ ခြင်းပင် ဖြစ်ပေသည်။

ထိုသို့ တုံ့ဆိုင်းသွားသည့် တိုတောင်းသော အချိန်လေးအတွင်း အဖွဲ့ခေါင်းဆောင်ချောင်က သူ့ကို ဘေးသို့ တွန်း ဖယ်ကာ ညွှန်ကြားရေးမှူးလီ၏ ရှေ့တွင် အလျင်အမြန် ဝင်ရပ်လိုက်လေသည်။

သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် အဖွဲ့ခေါင်းဆောင်ချောင်က မြှောက်ပင့်ဖားယားသည့် အပြုံးကို တပ်ဆင် ကာ ခါးကိုင်း၍ ရိုသေစွာ ပြောဆိုလိုက်လေသည်။

"ညွှန်ကြားရေးမှူးလီ...၊ ကျွန်တော်က အရင် ဒုတိယညွှန်ကြားရေးမှူးဟောင်း လောင်ချောင်ရဲ့သား ရှောင်ချောင် ပါ...။ မနှစ်က ကျွန်တော့်အဖေ မြို့တော်ဗျူရိုမှာ ရှိနေတုန်းက ခင်ဗျားအကြောင်းကို မကြာခဏ ပြောပြဖူးပါ တယ်...။”

"ညွှန်ကြားရေးမှူးက ဒီပို့ဆောင်ရေးသမား လူငယ်လေးကို သိနေတာလား...။ အာ...၊ ဒီနေ့ကိစ္စက အထင်လွဲမှု တစ်ခုပါ...။ နဂါးမင်းရဲ့ ဗိမာန်ကို ရေလွှမ်းသွားသလိုမျိုး လုံးဝကို အထင်လွဲသွားတာပါ...။”

ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးလီက သူ့ကို လှည့်ကြည့်ကာ "အို" ဟု ရေရွတ်လိုက်လေသည်။

"မင်းက လောင်ချောင်ရဲ့သားကိုး...။ မင်းအဖေက ဟိုနေ့က ငါ့ဆီ ဖုန်းဆက်ပြီး မင်းကို မြို့တော်ဗျူရိုဆီ ပြောင်း ပေးဖို့ အကူအညီ တောင်းထားသေးတယ်...။”

အဖွဲ့ခေါင်းဆောင်ချောင်က ခေါင်းကို ပို၍ ခပ်မြန်မြန် ညိတ်ပြလိုက်ပြီး သူ၏ အပြုံးမှာလည်း ပို၍ပင် မြှောက်ပင့် ဖားယားနိုင်လာလေသည်။

"ဟုတ်ပါတယ်...၊ ဟုတ်ပါတယ်...။ ကျွန်တော်တို့ မိသားစုက မျိုးဆက်သုံးဆက်တိုင်တိုင် တာဝန်ထမ်းဆောင် လာခဲ့တာပါ...။ ပြည်သူ့ရဲတပ်ဖွဲ့အတွက် ဆက်လက်ပြီး အထောက်အကူ ပြုချင်လို့ပါ...။”

"မကြာသေးခင်က မြို့တော်ဗျူရိုမှာ အရမ်း အလုပ်များနေတယ်လို့ ကြားရလို့ ကျွန်တော်က မြို့တော်ဗျူရိုကို ပြောင်းရွှေ့ပြီး ပိုပြီး အထောက်အကူ ပြုချင်တယ်လို့ အဖေ့ကို ပြောလိုက်တာပါ...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မိသားစုရဲ့ အစဉ်အလာက ဆက်ကပ်အပ်နှံလိုစိတ် ရှိတာပဲလေ...။”

"ဒါနဲ့ ညွှန်ကြားရေးမှူးလီ...၊ ကျွန်တော်တို့ မိသားစုရဲ့ အကြောင်းကို ခင်ဗျား သိမှာပါ...။ မကြာသေးခင်က သတင်းထဲမှာတောင် ပါလာသေးတယ်လေ...။ ခေါင်းစဉ်က 'ရဲအရာရှိ မျိုးဆက်သုံးဆက်၏ အမွေအနှစ်နှင့် စောင့်ရှောက်မှု' တဲ့လေ...။”

"အဲ့ဒီသတင်းထဲမှာ ဒီနေ့ခေတ် လူငယ်တွေကို အားပေးဖို့အတွက် ကျွန်တော်တို့ မိသားစုရဲ့ မြင့်မြတ်တဲ့ ဆက်ကပ် အပ်နှံမှု စိတ်ဓာတ်နဲ့ ရဲအရာရှိတွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ ပြီးမြောက်ခဲ့တဲ့ ဂုဏ်ယူဖွယ် လုပ်ရပ်အမျိုး မျိုးကို တော်တော်လေး ချီးကျူးထားပါတယ်...။”

သို့သော် အဖွဲ့ခေါင်းဆောင်ချောင်က သူ၏ ရှည်လျားလှသော ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းကို မဖွင့်ရသေးမီမှာ ပင် ညွှန်ကြားရေးမှူးလီနှင့်အတူ ရပ်နေသော လျန်ထျန်းက ဖြတ်ပြောလိုက်လေသည်။

"ဪ...၊ အဲ့ဒီ သတင်းလား...။ တိုက်ဆိုင်လိုက်တာ...၊ ကျွန်တော်လည်း အဲ့ဒါကို တွေ့ဖူးတယ်...။”

"အောက်က မှတ်ချက်ပေးတဲ့ နေရာမှာတော့ ဝေဖန်မှုတွေနဲ့ ပြည့်နေတာပဲ...။ တချို့ကလည်း 'ငါလည်း နိုင်ငံ အတွက် အထောက်အကူ ပြုချင်ပါတယ်...။ ဒါပေမဲ့ ငါ့မှာ အခွင့်အရေးမှ မရှိတာ' လို့ ပြောကြတယ်...။”

"တချို့ကလည်း 'ရဲတပ်ဖွဲ့မှာ မျိုးဆက်သုံးဆက်တိုင်တိုင် အလုပ်လုပ်နေကြတယ်ဆိုတော့ ငါတို့လို သာမန်လူတွေ အတွက်ကော ဘာအခွင့်အရေးတွေ ရှိနိုင်တော့မှာလဲ' လို့ ပြောကြတယ်...။”

"ပြီးတော့ တချို့ကလည်း 'ဒါက ဗျူရိုကရေစီ စနစ်ကို မိသားစု မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးနေတဲ့ ရှင်း လင်းတဲ့ သက်သေတစ်ခု မဟုတ်ဘူးလား...။ အရင်တုန်းက ဆင်းရဲတဲ့ မိသားစုက ကလေးတွေ အောင်မြင် ကြီးပွားနိုင်တယ်ဆိုပြီး ငါတို့ ကြွားဝါလေ့ရှိခဲ့ပေမဲ့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ လက်တွေ့ အခြေအနေတွေက ဆင်းရဲတဲ့ မိသားစုက ကလေးတွေ အောင်မြင်ကြီးပွားဖို့ ဆိုတာ ပိုပိုပြီး ခက်ခဲလာတယ်ဆိုတာကို ငါတို့ကို သိစေခဲ့ပြီ' လို့တောင် ပြောကြသေးတယ်...။”

"ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်တာက အဖွဲ့ခေါင်းဆောင်ချောင်...၊ သူတို့ ပြောတာတွေက မှန် တယ်လို့ ခင်ဗျား ထင်လား...။”

ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ အဖွဲ့ခေါင်းဆောင်ချောင်၏ နားထင်မှ ချွေးများ စီးကျလာတော့သည်။

ပို့ဆောင်ရေးသမားက ညွှန်ကြားရေးမှူးလီကို သိနေကြောင်း သိရှိသွားသဖြင့် သူက လျန်ထျန်းအား မောက်မာစွာ မပြောဆိုရဲတော့ဘဲ အထစ်ထစ်အငေ့ါငေါ့ ဖြင့်သာ ပြန်လည်ဖြေကြားနိုင်တော့သည်။

"အဲ့ဒီ စကားတွေက...၊ ပြဿနာရှာချင်တဲ့သူ အနည်းငယ်ရဲ့ မိုက်မဲတဲ့ အမြင်တွေ သက်သက်ပါ...။”

All Chapters