အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇)
'ရွေးချယ်' ခံရခြင်း
ဤခေတ်ကြီးတွင် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ရပါက တကယ်ကို မယုံကြည်နိုင်စရာ ကောင်းသော အရာအချို့ ရှိနေပေသည်။
အစားအသောက်ပို့ဆောင်နေစဉ် လျန်ထျန်းသည် လုပ်အားခများ အကြွေးထားခံရပြီး အကူအညီတောင်းစရာ နေရာမရှိဖြစ်နေသော ရွှေ့ပြောင်းအလုပ်သမားအချို့နှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရလေသည်။
သူတို့၏ လုပ်အားခများကို တောင်းခံရန် ကြိုးစားသောအခါ လုပ်အားခ မပေးသူများက သူတို့ကို သံတုတ်များ ဖြင့် ရိုက်နှက်ခဲ့သည့်အပြင် မသမာသော ရည်ရွယ်ချက်ဖြင့် လုပ်အားခ တောင်းဆိုသည်ဟုပင် မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြလေသည်။
အကယ်၍သာ လျန်ထျန်းက ရှေ့ထွက် မရပ်တည်ပေးခဲ့ပါက ထိုရွှေ့ပြောင်းအလုပ်သမားများ၏ ကံကြမ္မာမှာ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။ သို့သော် ဤကဲ့သို့သော ကိစ္စမျိုးက ဤတစ်ကြိမ်တည်းသာ ဖြစ်ပျက်ခဲ့ခြင်း တော့ မဟုတ်ပေ။
ဤကျယ်ဝန်းလှသော ကမ္ဘာကြီးတွင် မတရား ဆက်ဆံခံရသူများအတွက် ဘာကိုမှ မမျှော်လင့်ဘဲ မားမားမတ် မတ် ရပ်တည်ပေးမည့် လျန်ထျန်းကဲ့သို့သော လူမျိုးကို အခြားမည်သည့် နေရာများတွင် ရှာတွေ့နိုင်ပါမည်နည်း။
ဤအကြောင်းကို တွေးမိရင်း လျန်ထျန်းမှာ ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် ညအတော်များများ အိပ်မပျော်နိုင် ဖြစ်ခဲ့ရလေသည်။
ထို့ကြောင့် ထိုနေ့တွင် သူသည် ဖြစ်ရပ်တစ်ခုလုံး၏ အသေးစိတ် မှတ်တမ်းကို ပြုစုခဲ့လေသည်။
ထို့နောက် ဘီမြို့တော်တွင် ရောက်ရှိနေပြီး အစိုးရရှေ့နေရုံး၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော တန်ကော်ဟွာထံသို့ ဖုန်းဆက်ကာ အရာအားလုံးကို အသေးစိတ် ပြောပြခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ စိုးရိမ်ပူပန်မှုများစွာကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဏာရှိသော နေရာတွင် ရှိနေ သည့် တစ်ဖက်လူအနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ခဲ့လေသည်။
တန်ကော်ဟွာကလည်း သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ မကြာမီမှာပင် နိုင်ငံတစ်ဝန်း အလွန်ကြီးမားသော အတိုင်းအတာဖြင့် စာရင်းစစ်ဆေးမှုကြီး တစ်ခုကို စတင်ခဲ့လေသည်။
ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်အားခ မပေးသည့် ဖြစ်ရပ်ပေါင်း မည်မျှ ဆက်လက် ဖြစ်ပွားနေဆဲ ဆိုသည်ကို အသေးစိတ် စုံစမ်းစစ်ဆေးရန် ဖြစ်ပေသည်။
သို့သော် ရှာဖွေတွေ့ရှိလိုက်ရသည့် အရာများကြောင့် သူ အလွန် တုန်လှုပ်သွားခဲ့ရလေသည်။
ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်အားခ မပေးသည့် ပြဿနာများသာမက လယ်သမားများနှင့် ကျေး လက်ဒေသများသို့ သွားရောက် စာသင်ကြားပေးသော ဆရာ၊ ဆရာမများ၏ လုပ်အားခများကိုပါ မပေးဘဲထား သည့် ပြဿနာများလည်း ရှိနေကြောင်း တွေ့ရှိခဲ့ရလေသည်။
အလုပ်လက်မဲ့ ခံစားခွင့်များ အလွဲသုံးစားလုပ်ခံရခြင်း၊ ကျောင်းများက တရားမဝင် ငွေကြေးကောက်ခံခြင်းနှင့် ထောက်ပံ့ကြေးများ ပိုမိုရရှိရန် ကျောင်းအဆောက်အအုံ ဧရိယာကို လိမ်လည်တင်ပြခြင်းစသည့် အခြားသော ပြဿနာများစွာလည်း ရှိနေသေးလေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် လူ့အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များနှင့် ငွေကြေးများ လုံးဝ မရှားပါးသော အာဏာရှိပြီး ဩဇာလွှမ်းမိုးမှုရှိသူ အများအပြားကို ရည်ညွှန်းနေခြင်း ဖြစ်ပေသည်။
သို့တိုင် သူတို့သည် အာဏာမရှိသော အားနည်းသူများကို ရက်ရက်စက်စက် ခေါင်းပုံဖြတ်နေဆဲဖြစ်ပြီး သူတို့၏ ဆာလောင်မှုကို ဖြေဖျောက်ရန် ထိုသူတို့၏ အရိုးများထဲမှ ခြင်ဆီကိုပင် စုပ်ယူကာ သွေးများ ခန်းခြောက်သွား သည်အထိ ပြုလုပ်ချင်နေကြလေသည်။
ပြည်သူလူထုထံမှ နောက်ဆုံး သွေးတစ်စက်အထိ ညှစ်ထုတ်ပြီးသည်အထိ သူတို့ ရပ်တန့်မည် မဟုတ်သည့် အလားပင် ဖြစ်လေသည်။
သူတို့ အသုံးပြုသော နည်းလမ်းများမှာ အလွန် ရက်စက်ကြမ်းကြုတ်လှသဖြင့် အသားစိမ်းကိုစားပြီး သွေးကို သောက်နေကြသည်ဟုပင် တင်စားနိုင်ပေသည်။
ဤကဲ့သို့ မတရားသော ဆက်ဆံမှုများနှင့် ရင်ဆိုင်ရသောအခါ အဘယ်ကြောင့် အယူခံမဝင်သနည်းဟု အချို့က မေးကောင်း မေးနိုင်ပေသည်။
သမိုင်းတစ်လျှောက်တွင် ပုန်ကန်ထကြွခဲ့သူများက အဘယ်ကြောင့် အာဏာပိုင်များထံ တိုင်ကြားခြင်း မပြုခဲ့ ကြပါသနည်း။
ယနေ့ခေတ်တွင်ပင် အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းသော ပြောဆိုမှုများစွာ ရှိနေဆဲ ဖြစ်လေသည်။
ဥပမာအားဖြင့် - “ငါ ဗိုက်ဆာနေတဲ့အချိန်မှာ ဘာလို့ အသားမစားရတာလဲ။ ငါက အသားမကြိုက်လို့လား။”
“နေစရာ နေရာမရှိရင် ဘာလို့ အိမ်မဝယ်တာလဲ။ တိုက်ခန်း ဖွဲ့စည်းပုံကို မကြိုက်လို့လား။”
“ဝင်ငွေနည်းနေရင် ဘာလို့ ပိုနေတဲ့ အခန်းတွေကို ငှားမစားတာလဲ ဒါမှမဟုတ် ကားကို အငှားလိုက်တာမျိုးတွေ မလုပ်တာလဲ။”
ထူးဆန်းအံ့ဩဖွယ်ကောင်းသော မှတ်ချက်များက များပြားလွန်းလှသဖြင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် တကယ် မသိတော့ပေ။
တရားမျှတမှုနှင့် မျှတမှုတို့ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေပါက ကမ္ဘာကြီးသည် အမှန်တကယ် ကမောက်ကမ ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း လျန်ထျန်း သဘောပေါက်သွားခဲ့လေသည်။
ထို့ကြောင့် သူသည် မတရားမှုများကို ဖျက်ဆီးပြီး တရားမျှတမှုကို ထိန်းသိမ်းရန် အမြဲတမ်း အစွမ်းကုန် ကြိုးစား ခဲ့လေသည်။
သို့သော် ထိုသို့ လုပ်ဆောင်ခြင်းက အချို့သော လူများ၏ အကျိုးစီးပွားကို မလွှဲမရှောင်သာ ထိခိုက်စေမည် ဖြစ်ပေသည်။
ထင်ထားသည့်အတိုင်းပင် မကြာမီမှာပင် အွန်လိုင်းပေါ်တွင် အသံအချို့ ထွက်ပေါ်လာခဲ့လေသည်။
ထိုနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အစားအသောက်များကို ကြိုးကြိုးစားစား ပို့ဆောင်နေခဲ့လေသည်။ အခြားသူများကို မကူညီမီ မိမိကိုယ်တိုင် အရင်ဆုံး အင်အားကြီးမားလာရန် လိုအပ်ကြောင်း သူ နားလည် ထားလေသည်။
ထို့အပြင် အစားအသောက် ပို့ဆောင်ခြင်းမှ သူရရှိသော ကော်မရှင်ခမှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ကျဆင်းသွားခြင်း၏ သက်ရောက်မှုကို မခံရသော တစ်ခုတည်းသောအရာ ဖြစ်သဖြင့် အစားအသောက် ပို့ဆောင် ခြင်းက သူ အင်အားကြီးမားလာစေရန် အမြန်ဆန်ဆုံး နည်းလမ်း ဖြစ်ပေသည်။
မွန်းလွဲပိုင်းတွင် နောက်ဆုံး၌ အနားယူရန် အချိန်အနည်းငယ် ရရှိခဲ့ပြီး လမ်းဘေး စားသောက်ဆိုင် တစ်ဆိုင်တွင် အမြန် ဝင်စားလိုက်လေသည်။
အစားစားနေစဉ် သူ၏ ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့လေသည်။ ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက် ကြည့် လိုက်သောအခါ မစ္စတာဝမ် ခေါ်ဆိုနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
လျန်ထျန်းက အစားစားရင်း ဖုန်းကို ဖြေကြားလိုက်လေသည်။
"လောင်ဝမ်...၊ ဘာကိစ္စရှိလို့လဲ...။ ဟူး...၊ ရွှတ်...။”
မစ္စတာဝမ်၏ အသံမှာ ယခင်တစ်ခေါက်ကကဲ့သို့ပင် အလောတကြီး ဖြစ်နေပြီး မဟုတ်သေး၊ ယခင်တစ်ခေါက် ကထက်ပင် ပို၍ အလောတကြီး ဖြစ်နေလေသည်။
"အယ်လာမာ ရဲ့ နောက်ကွယ်က အဓိက အစုရှယ်ယာရှင်ကြီး စတင်ခဲ့တဲ့ နိုင်ငံတစ်ဝန်း စစ်ဆေးမှုကြီးကြောင့် ဒီလောက် ပြဿနာတွေ အများကြီး ဖြစ်ရတာလို့ အွန်လိုင်းပေါ်က လူအချို့က ပြောနေကြတယ်...။”
"ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကျေးလက်ဒေသတွေမှာ စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေ လို အားနည်းတဲ့ အုပ်စုတွေအတွက် ငါတို့က စကားပြောပေးလို့ ငါတို့ ပစ်မှတ်ထား ခံနေရတယ်လို့ ငါ သံသယ ရှိတယ်...။”
"ငါ မင်းကို ပေးခဲ့တဲ့ အပြစ်မှတ်တမ်းကြောင့် မင်းကို ဒုက္ခပေးတော့မယ်ဆိုတဲ့ ကောလာဟလ တချို့ ထွက်နေ တယ်...။ မင်းကို ကာကွယ်ပေးဖို့ လူတစ်ယောက်ကို ငါ ချက်ချင်း လွှတ်ပေးရမလား…၊ ဒါမှမဟုတ် မင်း ခဏ လောက် ပုန်းနေဖို့ လုံခြုံတဲ့ နေရာတစ်ခုခုကို သွားမလား...။”
မစ္စတာဝမ်၏ စိုးရိမ်တကြီး ပြောဆိုနေသော စကားများကို ကြားသောအခါ လျန်ထျန်းမှာ အစပိုင်းတွင် အံ့အား သင့်သွားခဲ့ပြီးနောက် သူ၏ ပါးစပ်ထဲရှိ ခေါက်ဆွဲများကို အမြန် မျိုချလိုက်လေသည်။
"မစ္စတာဝမ်...၊ စိတ်မပူပါနဲ့...။ ကျွန်တော် အရင် ကြည့်လိုက်ပါဦးမယ်...။”
လျန်ထျန်းက အင်တာနက်ကို ပေါ့ပေါ့ပါးပါး ဝင်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် သူ့အတွက် အကျိုး မပေးသော မှတ်ချက်များစွာကို တွေ့လိုက်ရလေသည်။ ဥပမာအားဖြင့် -
[ ဒီကိစ္စကြီး တစ်ခုလုံးက ပြီးရော ပြီးပါတော့မလား...။ သူတို့ဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိက အစုရှယ်ယာ ရှင်ကြီး အသစ် ရောက်လာကတည်းက အဆုံးမရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာပဲ...။ ]
[ ဟုတ်တယ်...၊ အရင်ဆုံး သူတို့က ယေဘုယျ လက်ခံထားတဲ့ အလုပ်သမား အနည်းဆုံး လုပ်အားခကို က မောက်ကမ လုပ်ပစ်တယ်...၊ ပြီးတော့ စျေးကွက် တရားမျှတမှု၊ မျှတမှုနဲ့ လိမ်လည်လှည့်ဖြားမှုတွေကို ဖော်ထုတ်တာတွေ စတဲ့ အကြောင်းပြချက် အမျိုးမျိုးကို ဖန်တီးခဲ့ကြတယ်...။ ]
[ အခုက ပိုတောင် ဆိုးသေးတယ်...။ နိုင်ငံတစ်ဝန်း စာရင်းစစ်ဆေးမှုကို သူတို့က သွေးထိုးလှုံ့ဆော်နေတာ...၊ ဒါက ငါတို့ လုပ်ငန်းရဲ့ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးနေတာပဲ မဟုတ်ဘူးလား...။ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းထဲက လူတစ်ယောက်နဲ့ ဒိကိစ္စက ဘာဆိုင်လို့လဲ...။ သူတို့မှာ တခြား အလုပ်မရှိလို့ နေမှာပါ...။ ]
[ ငါတို့ရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် ဒီကိစ္စကို ဆက်ဖြစ်ခွင့် ပေးလို့ မရဘူး...။ ငါတို့ ရန်ပုံငွေ ကောက်ပြီး ရွေးချယ်လိုက်ရင်ကော...၊ ငါ ဘာပြောချင်လဲဆိုတာ မင်းတို့ သိပါတယ်...။ အစကတည်းက အမြစ်ပြတ် ရှင်းထုတ်ပစ်လိုက်ကြစို့...။ တစ်ခါတည်းနဲ့ ပြီးသွားအောင် သူ့ကို ရှင်းပစ်ဖို့ လူတစ်ယောက် ငှားလိုက် ရအောင်... ]
[ ဒါ ကောင်းတဲ့ အကြံပဲ...။ ငါတို့ လုပ်ငန်းမှာ ပြောစရာတောင် မလိုဘူး...၊ လုပ်ငန်းတစ်ခုကို ဖန် ရှစ်သောင်း ဒါမှမဟုတ် တစ်သိန်းလောက် ထည့်ဝင်လိုက်ရင် သူက ငွေရှင်ကြေးရှင်ကြီး တစ်ယောက် ဖြစ်နေရင်တောင် သူ့ ကို ဒုက္ခပေးဖို့ လူတစ်ယောက် ငှားလို့ရတယ်...။ သူတို့က သူ့ကို သတ်ချင်မှ သတ်လိမ့်မယ်…၊ ဒါပေမဲ့ သူ့ခြေ ထောက်ကို ချိုးပြီး သေချာပေါက် သင်ခန်းစာ ပေးလိမ့်မယ်...။ ]
ဤကဲ့သို့သော ခြိမ်းခြောက်သည့် စကားလုံးများ များစွာ ရှိနေသေးပြီး 'ရွေးချယ်ခံရသည်' ကဲ့သို့သော လျှို့ဝှက် စကားလုံးများစွာပင် ပါဝင်နေကာ ၎င်းမှာ ဆုငွေထုတ်ထားသည်ဟု အဓိပ္ပာယ်ရပေမည်။
ဤသည်မှာ သူတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်နေသည့် အရာဖြစ်ကြောင်း ရှင်းလင်းနေပေသည်။ သူတို့သည် လျန်ထျန်းအပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် စီစဉ်နေကြခြင်း ဖြစ်ပေသည်။
အားလုံးကို ကြည့်ပြီးနောက် လျန်ထျန်းမှာ စကားပင် မပြောနိုင်တော့ပေ။ တစ်ဝက်သာ စားရသေးသော
ခေါက်ဆွဲကို ဆက်စားချင်စိတ် ပျောက်သွားကာ သူ့ဘာသာ ရေရွတ်လိုက်လေသည်။
"ဒီလူတွေကတော့...၊ တကယ်ကို မယုံနိုင်စရာပဲ...။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် လို့တောင် ပြောနေကြသေးတယ်...။”
"အဲ့ဒီ ထမင်းပန်းကန်တွေထဲမှာ ဘာတွေ ပါလဲဆိုတာ မင်းတို့ မသိကြဘူးလား...။ ဒါတွေ အကုန်လုံးက သာမန် ပြည်သူတွေရဲ့ သွေးတွေ၊ ချွေးတွေနဲ့ လုပ်ထားတာချည်းပဲ...။”
"အခုတော့ ငါ့ကို ရွေးချယ်ပြီး ငါ့ကို သတ်ဖို့ လုပ်ကြံသူတစ်ယောက်တောင် ငှားဖို့ ကြိုးစားနေကြပြီပေါ့...။ သူတို့က တကယ်ကို လုံးဝ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေကြပြီပဲ...။”
ဤကိစ္စနှင့် ပတ်သက်၍ လျန်ထျန်းမှာ ပို၍ ဒေါသထွက်လာသဖြင့် မှတ်ချက်တစ်ခုချင်းစီကို မျက်နှာပြင် မှတ်တမ်းတင် ယူထားလိုက်ပြီး သူ့ကို ခြိမ်းခြောက်သည့် မှတ်ချက်တိုင်း၏ အိုင်ဒီများကို မှတ်သားထားလိုက် လေသည်။
ယခုမူ တန်ပြန်တိုက်ခိုက်ရမည့် အချိန် ရောက်လာပြီ ဖြစ်ပေသည်။
ဤအထောက်အထားများ အားလုံးကို သက်သေအဖြစ် ညွှန်ကြားရေးမှူးလီနှင့် တန်ကော်ဟွာတို့ထံသို့ ပေးပို့လိုက်လေသည်။
ထို့နောက် သူတို့သည် ထိုအိုင်ဒီများ၏ မူလဇစ်မြစ်ကို ခြေရာခံရန်နှင့် ပစ်မှတ်တစ်ခုစီကို တိကျစွာ ရှာဖွေဖော် ထုတ်ရန် ထိပ်တန်း ဟက်ကာများကို ငွေပေး၍ ငှားရမ်းခဲ့လေသည်။
နောက်ဆုံးတွင် ရဲတပ်ဖွဲ့ကို စေလွှတ်လိုက်လေသည်။ သူတို့သည် ခြိမ်းခြောက်သည့် မှတ်ချက်များ ရေးသားခဲ့ သူများကို ဖမ်းဆီးလိုက်ကြလေသည်။
ဖမ်းဆီးခံရမှုနှင့် ရင်ဆိုင်ရသောအခါ ထိုသူတို့သည် ဆင်ခြေပေးကာ တစ်စုံတစ်ခု ပြောဆိုရန် ကြိုးစားနေကြဆဲ ဖြစ်လေသည်။
"ငါက ကီးဘုတ်စစ်သည် တစ်ယောက်အနေနဲ့ အွန်လိုင်းပေါ်မှာ ငါ့ရဲ့ ဒေါသတွေကို ထုတ်ဖော်ပြီး နောက်ပြောင်ရုံ သက်သက်ပါ...။ အဲ့ဒါက ဥပဒေနဲ့ မညီဘူးလား...။”
ရဲအရာရှိများက နောက်ဆုံးထုတ်ပြန်ထားသော စည်းမျဉ်းများကို ချက်ချင်း ပြသလိုက်လေသည်။
"ဟုတ်တယ်...၊ နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ အွန်လိုင်းပေါ်မှာ ဘယ်လို ထုတ်ဖော်ပြောဆိုမှု မျိုးကိုမဆို ရေးသားတဲ့သူတိုင်းက အခုဆိုရင် ဥပဒေအရ တာဝန်ရှိတယ်...။”
"မင်းတို့ ရေးသားခဲ့တဲ့ အကြောင်းအရာတွေက ခြိမ်းခြောက်မှု ရာဇဝတ်မှု မြောက်တယ်...။ ဒီကိစ္စက အလွန် ကြီးလေးပြီး လူ့အဖွဲ့အစည်းအပေါ် အလွန် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့တယ်...။”
"စုံစမ်းစစ်ဆေးဖို့အတွက် ငါတို့နဲ့အတူ လိမ္မာပါးနပ်စွာ လိုက်ခဲ့ကြစမ်းပါ.... အကယ်လို့ မင်းတို့က အွန်လိုင်းပေါ် မှာ ပြောဆိုရုံသာမက လက်တွေ့မှာပါ တိကျတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ရင်တော့ မင်းတို့ လက်ထိတ်ခတ်ခံရပြီး ပြစ်ဒဏ်ပေးခံရမယ့်အပြင် ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...။”
ရဲအရာရှိ ပြောသည်ကို ကြားပြီးနောက် ထိုသူများမှာ တကယ်ကို ထိတ်လန့်တုန်လှုပ်သွားကြပြီး အချို့မှာ ထိုနေရာတွင်ပင် ဘောင်းဘီထဲ သေးထွက်ကျသွားကြလေသည်။
ယခုမှစ၍ အင်တာနက်သည် ဥပဒေမဲ့ ဇုန်တစ်ခု ဖြစ်တော့မည် မဟုတ်ပေ။