← Chapters

ထူးဆန်းသော အဘိုးအို

Vol. 006 Ch. 296

ထူးဆန်းသော အဘိုးအို

Vol. 006 Ch. 296

လူတစ်ယောက်က အဘိုးအိုကို အကြိမ် ခပ်များများ ရိုက်နှက်ပြီးနောက် သူက ရပ်တန့်လိုက်ပြီး ဆဲရေးတော့သည်။ “လူအိုကြီး… ငါ့ဆိုင်ထဲ ထပ်ဝင်မလာတော့နဲ့။ ဝင်လာတာနဲ့ ငါရိုက်နှက်တာ ခံရလိမ့်မယ်။ မင်းက အသက်သာကြီးနေရာ အချိန်မစီးသေးဘူး…” သူက ထိုသို့ ပြောပြီးနောက် အဘိုးအိုကို တံတွေးဖြင့် ထွေးလိုက်ပြန်သည်။

ဝမ်လင်းဘေးနားရှိ သက်လတ်ပိုင်းလူကြီးက သက်ပြင်းချ၍ ပြောလိုက်သည်။ “ဒီအဘိုးအိုက ‌ မိန်းကလေး အစေခံတွေ အဝတ်အစား လဲတာကို ချောင်းကြည့်ပြီး နေ့တိုင်း အရိုက်ခံနေရတာ။ ဒါက တန်တယ်မလား… ဟား…”

ဝမ်လင်းက မှင်တက် သွားမိသည်။ သူက ပြန်လှည့်မလို့ လုပ်လိုက်ပြီးမှ အဘိုးအိုကို လှမ်းကြည့်လိုက်သည်။ ထို့နောက်သူက ပြန်လှည့်ထွက်လာခဲ့ပြီး ခြေလှမ်း အနည်းငယ် အရောက်တွင် သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးလာနေသော အဘိုးအိုကို တွေ့လိုက်ရသည်။

ဝမ်လင်းက ဘေးသို့ ရှောင်လိုက်ပြီး သူ့အကြည့်ကလည်း အေးစက် သွားသည်။

အဘိုးအိုက ဝမ်လင်းက ဖြတ်ကျော်သွား၏။ သူက ရပ်တန့်ခြင်း မပြုဘဲ ဆက်သွားနေ၏။ သို့သော် ရုတ်တရက် ခေါင်းပြန်လှည့် လိုက်သည်။ သူ့မျက်နှာက အံ့အားသင့်မှုများ ပြည့်နေပြီး ဝမ်လင်းကို သေချာ စူးစမ်းကြည့်၍ ပြောလိုက်သည်။ ညီငယ်။ “မင်းက စွမ်းအားကောင်းပြီး သန်မာတဲ့ပုံပဲ။ သေမျိုးတစ်ယောက်နဲ့ မတူဘူး…”

ဝမ်လင်း မျက်မှောင်ကြုတ် သွားမိသည်။ သူ့နတ်ဘုရား အာရုံဖြင့် သည်အဘိုးအိုက သေမျိုး တစ်ယောက်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ သိနေခဲ့သည်။ သည်အဘိုးအို ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ရှိနေခဲ့သည်။ ဒါက စောနကတုန်းက အရိုက်ခံရသောကြောင့် ဒဏ်ရာများ ရှိနေခြင်းပင်။

ဝမ်လင်းက သည်အဘိုးအိုကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူက ပြန်လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။ သည်အဘိုးအိုက သူ့ကို ဆက်ပြီး နှောင့်ယှက်နေမည် ဆိုပါက သူ့ကို ငရဲသို့သွားရန် ကူညီပေးလိုက်မည် ဖြစ်၏။

သည်အဘိုးအိုကြီးက ခေါင်းယမ်း၍ ဆက်ပြော လိုက်ပြန်သည်။ “သင့်ကို ညွှန်ကြား ပြသပေးမယ့်လူ မရှိရင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ဘူး…”

ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး ဖိအားများ ထုတ်ဖော်လိုက်၏။ ထို့နောက် သူက ပြန်လှည့်လာပြီး အဘိုးကို စူးစိုက်ကြည့်၍ မေးလိုက်၏။ “သင် ဘယ်သူလဲ…”

အဘိုးအိုက ဝမ်လင်းထံမှ ဖိအားကို မည်သို့မျှ ခံစားရသည့်ပုံ မရှိချေ။ သူက သူ့လက် နှစ်ဖက်လုံးကို နောက်ပစ်၍ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အိုမင်းသော အသံဖြင့် ပြောလိုက်၏။ “သင်က ငါ ဘယ်သူလဲ သိဖို့ မလိုပါဘူး။ ငါက သင့်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်အောင် ကူညီပေးနိုင်တယ် ဆိုတာ သိရင်ပဲ ရပါပြီ…”

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက သည်အဘိုးအိုကို ဘယ်လိုပဲကြည့်ကြည့် မည်သည့် ကျင့်ကြံမှုမှမရှိသော သေမျိုးတစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော် ထိုအဘိုးအိုက သူ့ကျင့်ကြံမှုအဆင့်ကို ချက်ချင်း ပြောနိုင်စွမ်း ရှိခဲ့၏။ ဖြစ်နိုင်တာက သည်အဘိုးအို၏ ကျင့်ကြံမှုအဆင့်က သူ့ထက်များစွာ မြင့်နေပြီး သူ မထောက်လှမ်းနိုင်တာ ဖြစ်ပေမည်။

ဝမ်လင်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “ငါ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဘယ်လိုလုပ်မှ ရောက်နိုင်မလဲ…”

လူအိုကြီးက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ငါက အတော်လေး အိုနေပြီ။ ဒီတော့ ဗိုက်ဆာတဲ့ အချိန်ဆိုရင် ငါ ဘာမှ မမှတ်မိတော့ဘူး။ ငါ စားသောက်ဆိုင် ကောင်းကောင်း တစ်ခု သိတယ်။ အဲဒီဆိုင်ကို သွားပြီး စားရင်းနဲ့ ပြောကြတာပေါ့…” အဘိုးအိုက ပြောနေရင်းနှင့် နှုတ်ခမ်း သပ်လိုက်၏။

ကံကောင်းခြင်း စားသောက်ဆိုင်က မြို့တော်၏ ဇိမ်ခံ စားသောက်ဆိုင်တွေထဲက တစ်ခု ဖြစ်သည်။ လူအိုကြီးက သည်ဆိုင်သို့ ဦးဆောင်၍ သွားလိုက်သည်။

သူက ဆိုင်ထဲ ဝင်လာပြီးနောက် သီးသန့်အခန်းသို့ တန်းသွားလိုက်သည်။ ဆိုင်ဝန်ထမ်းက အဘိုးအိုကို မြင်သည့်အခါ ထူးဆန်းသလို ဖြစ်သွားသည်။ သို့သော် သူက အဘိုးအိုနောက်မှ ဝမ်လင်းကို တွေ့လိုက်သည့် အခါမှာတော့ အလျင်အမြန် ဝန်ဆောင်မှု လာပေးလေ၏။

ဝမ်လင်း မျက်မှောင် တင်းကျပ်စွာ ကြုတ်နေမိသည်။ သူက တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရသည်။

အဘိုးအိုက သည်ဆိုင်နှင့် အလွန်ရင်းနှီးဟန် ရသည်။ သူက ဝမ်လင်းတစ်ခါမျှ မကြားဖူးသည့် ဟင်းပွဲများကို မှာလိုက်၏။ စားပွဲတစ်ခုလုံးကလည်း အစားအသောက်များဖြင့် ပြည့်နေပြီး အဘိုးအိုက စတင် စားသောက်တော့သည်။

ဝမ်လင်က ဝိုင်ကိုသာ သောက်နေပြီး စကားတစ်လုံးမှ မပြောပေ။ သူက လူအိုကြီးကို သိမ်းကျုံး ကြည့်လိုက်ပြီး သူ့အကြည့်က ပို၍ အေးစက် လာခဲ့သည်။

အဘိုးအိုက အတော်လေး စားသောက်ပြီး နောက်မှာ ဝမ်လင်းက အေးစက်စွာ ပြောလိုက်၏။ “ငါ စောင့်နေတယ်…”

လူအိုကြီးက ဝက်လက်တစ်ချောင်းကို လှမ်းဆွဲ၍ အားပါးတရ ကိုက်၍ ပြောလိုက်သည်။ “ဒါ… ငါဒါကိုစားပြီးတဲ့ အထိစောင့်ဦး…”

ထိုနောက် အဘိုးအိုက တစ်ကိုက် နှစ်ကိုက်ဖြင့်ပင် ဝက်လက် တစ်ချောင်းလုံး ကုန်အောင် စားလိုက်၏။ သူက နှုတ်ခမ်းကို လက်ဖြင့်သပ်လိုက်ပြီး ပြောလိုက်၏။ “စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်က ကောင်းကင်နဲ့မြေကြီးကို နားလည်ရမယ်။ ဒါပေမဲ့ ငါ ယုံကြည်တာကတော့ မင်းက ဒါကို သိပြီးသားမလား။ ထပ်ပြောရရင်တော့ မင်းက နယ်ပယ် တစ်ခု ဖြစ်ပေါ်အောင် လုပ်ရမယ်။ နယ်ပယ်က ဘာလဲဆိုတာ သိလား။ ကောင်လေး မင်းက နယ်ပယ်ဆိုတာ ဘာလဲသိရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး။ နယ်ပယ် အတွက်ကတော့…”

အဘိုးအိုက သူ့ဗိုက်ကို ပုတ်၍ ရုတ်တရက် ထရပ်လိုက်သည်။ သူက ဝမ်လင်း သူ့ကို သွားခွင့်မပြုမှာ ကြောက်သည့်ဟန်ဖြင့် အီးတစ်လုံးကို ကျယ်လောင်စွာ ပေါက်ချ လိုက်သည်။ အော့အန်စရာ အနံ့အသက်ကြီးက အခန်းတစ်ခုလုံး ပြည့်သွား၏။

လူအိုကြီးက ရှက်ရွံ့ဟန်လုပ်၍ လျင်မြန်စွာ ထွက်သွားတော့သည်။

ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ သည်အီးနံ့ဆိုးများက အခန်းအပြင်သို့ လွင့်သွားတော့၏။ တစ်ချိန်တည်းမှာ သူက နတ်ဘုရားအာရုံကို အဘိုးအိုအပေါ်မှာ ခတ်နှိပ် ထားလိုက်သည်။ သည်အဘိုးအို၏ လုပ်ဆောင်ချက်များက အလွန်သံသယ ဖြစ်စရာ ကောင်း၏။ သို့သော် သူက ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လို့နေသည်ကို ပြောခဲ့ပေ၏။ သည်အရာက သေမျိုးများ မလုပ်နိုင်သော အရာပင်။

သံသယ အကြည့်နှင့် ဝမ်လင်း မျက်လုံးထဲတွင် အေးစက်သွားပြီး သူက မတ်တတ် ထရပ်လိုက်သည်။ သူက အဘိုးအိုက စားသောက်ဆိုင်နောက်မှ ထွက်သွားပြီး လူအုပ်ထဲသို့ ရောနှော သွားသည်ကို သတိပြုမိလိုက်သည်။

ဝမ်လင်းက စားသောက်ဆိုင် အခန်းထဲမှ ဖျတ်ခနဲ ပျောက်သွားပြီး အပြင်တွင် ပြန်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများက အေးစက်နေပြီး လူအိုကြီးနောက်သို့ လိုက်လေတော့၏။

အဘိုးအိုက လူအုပ်ထဲတွင် လမ်းလျှောက်နေပြီး ရုတ်တရက် ရပ်တန့်၍ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်၏။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် ပြုံး၍ ထိုလူကြီးနောက်သို့ အမြန် လိုက်သွားတော့သည်။

သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ်၍ အဘိုးအိုကို လှည့်ကြည့် လိုက်သည်။ ထို့နောက်သူက အဘိုးအိုကို လျစ်လျူရှု လိုက်သည်။

အဘိုးအိုက ရုတ်တရက် လှမ်းပြောလိုက်သည်။ “ညီငယ်။ မင်းက စွမ်းအားကောင်းပြီး အရည်အချင်း ရှိတဲ့ပုံပဲ။ သေမျိုး တစ်ယောက်နဲ့ မတူဘူး…”

သက်လတ်ပိုင်း လူကြီးက မှင်တက်လို့သွား၏။ သူက လှည့်၍ အဘိုးအိုကို အေးစက်စွာ ကြည့်လိုက်သည်။

အဘိုးအိုက သနားသည့်ဟန်ဖြင့် ခေါင်ယမ်း၍ ပြောလိုက်သည်။ “ကံမကောင်းစွာနဲ့ မင်းက လမ်းညွှန်ပေးမယ့်လူ မရှိတော့ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်မှာ မဟုတ်တော့ဘူး…”

သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက မေးလိုက်သည်။ “သင်က ဘယ်လို လူစားမျိုးလဲ…”

အဘိုးအိုက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ငါ ဘယ်သူလဲက အရေးမကြီးပါဘူး။ ငါတို့ အေးဆေးတဲ့နေရာလေး ရှာပြီး စကားပြောကြတာပေါ့…”

ဝမ်လင်းမျက်နှာက ပို၍ နက်မှောင်လို့ လာသည်။ သက်လတ်ပိုင်း လူကြီးက ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသေးသည်။ သည်အဘိုးအိုက ကျင့်ကြံသူတွေကို နှပ်ချဖို့ ကြိုးစားနေသည်မှာ ရှင်းလင်းလို့နေသည်။ သို့သော် အဘိုးအိုက အခုထိ အသက်ရှင် နေသေးသည်။ သည်အရာက မရိုးရှင်းပေ။

ကျင့်ကြံသူတစ်ယောက်က သေမျိုးတစ်ယောက်၏ ကစားခြင်းကို ခံရလျှင် သူက မည်သူပဲဖြစ်ဖြစ် အဘိုးအိုကို လွယ်ကူစွာ ထွက်သွားခွင့် ပေးလိမ့်မည် မဟုတ်ချေ။

သူအသိချင်ဆုံး အရာမှာ အဘိုးအိုက သူတို့၏ကျင့်ကြံမှု အဆင့်များကို မည်သို့များ သိနိုင်စွမ်း ရှိသနည်းပင် ဖြစ်သည်။ လူတစ်ယောက်က အခြေခံ တည်ဆောက်ခြင်း အဆင့်ဖြစ်လျှင် သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို မည်သို့ရောက်အောင် လုပ်ရမည်ဟု ပြောပေလိမ့်မည်။ လူတစ်ယောက်က အမြုတေ ဖွဲ့တည်ခြင်းဆိုလျှင် သူက စဦးစိတ်ဝိညာဉ် အဆင့်အကြောင်း ပြောပေမည်။ လူတစ်ယောက်က ဝမ်လင်းလိုဆိုလျှင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် အကြောင်း ပြောပေမည်။

ဝမ်လင်းက တစ်နေ့ခင်းလုံး အဘိုးအိုနောက်မှာ လိုက်လာခဲ့၏။ သူက အဘိုးအို၏ လျှို့ဝှက်ချက် တိတိကျကျကို သိချင်နေ၏။

တစ်နေ့ခင်း ကုန်သွားပြီးနောက် အဘိုးအိုက ဝမ်လင်း အပါအဝင် လူလေးယောက်ကို လှည့်ဖြားပြီးသွားပြီ ဖြစ်သည်။ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ သူက အစားအသောက်ကိုသာ တောင်းဆိုနေခြင်းပင်။ အဆိုးဆုံး တောင်းဆိုတာ ကတော့ ပြည့်တန်ဆာအိမ်ပင် ဖြစ်၏။

သို့သော် ခရမ်းရောင်လူကြီးနှင့် အခြားနှစ်ယောက်က သူ့ကို လက်စားချေရန် လိုက်ရှာခြင်း မရှိချေ။ ကြည့်ရသည်မှာ အဘိုးအို၏ စကားများက သူတို့အပေါ် အကျိုးကျေးဇူး တချို့ ရှိသည့်ပုံရသည်။

ဝမ်လင်းက ထိုအရာများကို ပိုမြင်လေလေ ပို၍ နှာခေါင်းရှုံ့မိလေလေ ဖြစ်သည်။ လူအိုကြီးက နောက်နယ်ပယ် အဆင့်တစ်ခုကို မည်သို့ ချိုးဖျက်ရမည်ကို ကောင်းစွာ နားလည်နေပုံ ရ၏။ သူက အနည်းငယ် ပြောလိုက်ရုံဖြင့် သူတို့က ဉာဏ်အလင်း ရသွားခဲ့ကြ၏။

ရလဒ်အနေဖြင့် သူက နှပ်စားသည့်လူဟု မည်သူမျှ မယုံကြတော့ပေ။ ထိုအစား သူတို့က သူတို့စီနီယာ တစ်ယောက်နှင့် တွေ့ရသလိုမျိုး အလွန်ပင် လေးစားလို့ နေကြသေးသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ ထို့နောက် သူက နတ်ဘုရား အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး အဘိုးအိုနောက်သို့ ဆက်မလိုက်တော့ပေ။ အဘိုးအိုက အလွန် ထူးဆန်းလှပြီး ဝမ်လင်းက ထိုအဘိုးအိုနှင့် ပတ်သက်၍ များစွာ သိနိုင်လိမ့်မည်မဟုတ်ဟု ခံစားမိလိုက်၏။

အဘိုးအိုက ပြည့်တန်ဆာအိမ်တွင် သူက မိန်းမတစ်ယောက်ကို ဖက်လျက်ရှိ၏။ ဝမ်လင်းက နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်း လိုက်သည့်အခါ အဘိုးအို မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်း ထွက်သွားသော နေရာသို့ ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “စဦးစိတ်ဝိညာဉ် အလယ်အလတ် အဆင့်။ ငါသူ့ကို ကူညီပေးသင့်လား…”

သူက တွေးနေစဉ်မှာပင် သူဖက်ထားသော မိန်းမက ပရောပရည်အသံဖြင့် ခေါ်လိုက်၏။ အဘိုးအိုက ဝမ်လင်းကို သူ့စိတ်ထဲက ထုတ်လိုက်ပြီး ပျော်ပါး လိုက်တော့သည်။

ဝမ်လင်းက အဘိုးအို အကြောင်းကို အနည်းငယ် တွေးမိနေသေးသည်။ သူက မြို့အနောက်ဘက်ရှိ အစွန်းအဖျား ဒေသသို့ သွားလိုက်ပြီး ရွှေတုံးဆယ်တုံးဖြင့် ဆိုင်တစ်ခန်း ငှားလိုက်သည်။ သူက ဆိုင်ကို အနည်းငယ် သန့်ရှင်းရေး လုပ်ပြီးနောက် အထဲသို့ ဝင်လိုက်သည်။

သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လိုလျှင် ပထမဆုံး သေမျိုးတစ်ယောက်၏ ဘဝ အတွေ့အကြုံကို ရှာဖွေရန်လို၏။ ထိုမှသာ သူက ကောင်းကင်နှင့်မြေကြီး အကြောင်းကို နားလည်ပေမည်။ ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ရန်အတွက် သည်နည်းလမ်းတစ်ခုသာ စဉ်းစားမိလေသည်။ သူက ဆိုင်ကို တည်ငြိမ်စွာ ကြည့်၍ ဆိုင်နောက်သို့ သွားပြီး ခြေချိတ်၍ထိုင်ကာ သေမျိုးကမ္ဘာ၏ အတွေ့အကြံရရန် စတင် လိုက်တော့သည်။

အခုလက်ရှိတွင် ဝမ်လင်းက လူဦးရေ ထူထပ်သော မြိုတော်တွင် တစ်သားတည်း ဖြစ်အောင် လုပ်နေပြီး ကောင်းကင်နှင့်မြေကြီး၊ သေခြင်းနှင့်ရှင်ခြင်းတို့ အကြောင်း နားလည်ရန် စတင်နေတော့၏။ သူက သူ့ကိုယ်သူအတွက် စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်လို့နေ၏။

***

All Chapters