အခန်း ၈၉၃
Vol. 63 Ch. 893
အပိုင်း (၈၉၃) အဆိုးယုတ်ဆုံးမိစ္ဆာ
ပုံရိပ်ယောင်တင်သာမက အချိန်၏ အကြည့်များကလည်း ထိုလူ၏နောက်ဘက် ပိုတိတိကျကျဆိုရလျှင် သူ့အရိပ်ကို စူးစမ်းကြည့်ရှုနေပေသည်။ ဗဟိုသွေးမြို့တော်၏ ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးမှာ သူ့အရိပ်ကို ဆုံးရှုံးထားရခြင်းဖြစ်သည်။ ထိုစွန့်ပစ်ခံထားရသောအရိပ်သည် ကမ္ဘာကြီးတွင် ယုံကြည်မှုအပိုင်းအစတစ်ခု ဖြစ်လာခဲ့ပြီး ကျိန်စာများ၏ စွမ်းအားကို ပိုင်စိုးထားခြင်းဖြစ်သည်။ ၎င်း၏ အထွတ်အထိပ်အချိန်တွင် မသိထိုက်သူအဆင့်တည်ရှိမှုများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနတ်ဘုရားမှာ ပြန်မလာနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဗဟိုသွေးမြို့တော်သခင်၏ အရိပ်ကို အခြားမိစ္ဆာတစ်ကောင်က သိမ်းပိုက်ထားသောကြောင့် ဖြစ်ပေသည်။
သွေးမြို့တော်သခင်များ တွန့်ဆုတ်နေကြစဉ် ရှုယင်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နေ့လယ်ခင်းတစ်ခုတွင် သူမချစ်ရသူအား တွေ့ဆုံရန် သူမကိုယ်တိုင် သီဆိုထားသော သီချင်းကတ်ဆက်လေးကို သယ်ဆောင်သွားခဲ့သကဲ့သို့ပင်။ သူမသည် တည်ငြိမ်စွာဖြင့် လက်ကိုမြှောက်ကာ အိမ်မက်၏ စည်းမျဉ်းများကို ခြေမွလိုက်ပြီး တောက်ပနေသော လိပ်ပြာကို ဖမ်းဆုပ်လိုက်တော့သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ သွေးပင်လယ်ထဲသို့ နစ်မြုပ်နေသဖြင့် အဆက်မပြတ် အားနည်းနေခဲ့ရသည်။ သူ၏ ယဇ်ပလ္လင်လည်း လုံးဝသိမ်းပိုက်ခံလိုက်ရပြီ ဖြစ်၏။ သူ၏ စိတ်ဆန္ဒမှာလည်း စိတ်ဖောက်ပြန်မှုကမ္ဘာထဲတွင် ရူးသွပ်လုနီးပါး အကြိမ်ကြိမ် နှိပ်စက်ခံခဲ့ရသည်။ လိပ်ပြာသည် ၎င်း၏တောင်ပံများကို ခတ်နေသော်လည်း စနစ်တကျရှိသော နိယာမမုန်တိုင်းများကို မဖန်တီးနိုင်တော့ချေ။ သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော နတ်ဘုရားပုံစံကွက်များအဖြစ် ပြောင်းလဲသွားသည့် စွဲလမ်းမှုများနှင့်အတူ ရှုယင်သည် ကောင်းမင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူမသည် တစ်ခုခုကို သတိရနေသည့်အလား လုံးဝပုပ်သိုးနေပြီး ကြောက်မက်ဖွယ်ကောင်းနေသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိသည်။
"အဲ့ဒါ နာလား"
ဒဏ်ရာတိုင်းသည် တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ပြိုလဲလုနီးပါး ဖြစ်နေသော သွေးမြို့တော်သခင်၏ နှလုံးသားသည် ကောင်းမင်ပြုလုပ်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြနေသကဲ့သို့ပင်။
ဗဟိုသွေးမြို့တော်မှ မိစ္ဆာနတ်ဘုရားများသည် တိုက်ပွဲစတင်သည်နှင့် စိတ်လွတ်သွားတတ်ကြပြီး အသေအကြေ တိုက်ခိုက်တတ်ကြ၏။ အတွင်းကမ္ဘာထဲမှ များစွာသော မိစ္ဆာဝိညာဉ်များ၏ အမြင်တွင် ဟန်ဟိုင်းမှ အိမ်မက်သရဲများသည် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ထူးဆန်းသောနည်းလမ်းမျိုးစုံကို ကျွမ်းကျင်ကြပြီး မည်သည့်အခါမှ သူတို့ကိုသူတို့ စိတ်လွတ်သွားအောင် ခွင့်မပြုကြချေ။ ထိုသွေးမြို့တော်နှစ်ခုသည် ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်ကို ကိုယ်စားပြုနေသော်လည်း ကောင်းမင်၏ ပုံစံမှာ မိစ္ဆာနတ်ဘုရားများနှင့် ဆင်တူနေသည်ဟု ရှုယင်ခံစားလိုက်ရသည်။
ရှုယင်သည် အတွင်းကမ္ဘာမှ လက်ဆောင်တစ်ခုကို ရရှိလိုက်သကဲ့သို့ ပျက်စီးနေသော ထိုခန္ဓာကိုယ်ကို ပွေ့ချီ၍ လှည့်ထွက်သွားခဲ့သည်။
သူမ ဟင်းလင်းပြင်စည်းမျည်းထဲသို့ ပြန်လည်ဝင်ရောက်သွားချိန်တွင် စိတ်ဖောက်ပြန်မှုကမ္ဘာသည် လုံးဝကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုံပျက်ပန်းပျက်အလောင်းများ၏ အလယ်တွင် လက်တစ်ဖက်၊ မျက်လုံးတစ်ဖက်နှင့် ခန္ဓာကိုယ်တစ်ဝက်၌ ကျိန်စာများ စိုရွှဲနေသော လူငယ်လေးတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
"အလိုဆန္ဒလား"
ရှုယင်က ကောင်းမင်ကို ခေါ်ဆောင်သွားပြီး သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်ကို ကြည့်ရင်း ပန်ပန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
"ဒါဆို... ငါကရော"
သူ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသော မပြောသင့်သူစည်းမျဉ်းခုနစ်ခုကို မြင်လိုက်ရသည်။ နက်ရှိုင်းသော အတွင်းကမ္ဘာထဲတွင် ကောင်းမင်နှင့် ပန်ပန်နှစ်ယောက်တည်းသာ ထို "ဧည့်ခံမှု" မျိုး ရရှိဖူးခြင်း ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုစည်းမျဉ်းထဲမှ တစ်ခုကမှ ပန်ပန်ကို အာရုံမစိုက်ကြချေ။ စည်းမျဉ်းများ၏ အနက်ရှိုင်းဆုံးနေရာမှ အကြည့်အားလုံးသည် ရှုယင်နှင့် ကောင်းမင်တို့အပေါ်၌သာ အာရုံစိုက်နေကြသည်။
ပန်ပန်သည် အသံတစ်စက်မှ မထွက်ဝံ့ဘဲ ဖြည်းညင်းစွာ ဝပ်ချလိုက်ပြီး အလောင်းပုံကြီးပေါ်တွင် မှောက်နေလိုက်သည်။ သူသည် သေချင်ယောင်ဆောင်နေချင်သော်လည်း သူ့ခန္ဓာကိုယ်မှာမူ ထိန်းမရအောင် တုန်ရင်နေလေသည်။
ဟင်းလင်းပြင်၏ စည်းမျဉ်းများသည် အလွန်အန္တရာယ်များပြီး မမြင်ရသော သမုဒ္ဒရာနှင့် တူပေသည်။ လူများသတိပြုမိချိန်တွင် သူတို့သည် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဟင်းလင်းပြင်ကို ထိန်းချုပ်ထားသော သွေးမြို့တော်သခင်မှာ ယခုထက်တိုင် ပေါ်မလာသေးချေ။ ရှုယင် ထိုစည်းမျဉ်းများဖုံးလွှမ်းထားသော နေရာမှ ထွက်ခွာခါနီးတွင် လမ်းကြောင်းထဲ၌ ပုန်းအောင်းနေသော "သုည" အတုက သတိပေးချက်မရှိဘဲ တိုက်ခိုက်လိုက်တော့သည်။
ရှုယင်၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော လွှရာကြီးတစ်ခု ပေါ်လာလေသည်။ မိစ္ဆာနတ်ဘုရား၏ စွမ်းအားအရ ဤလောကရှိ မည်သည့်လွှကမျှ သူမ၏အနီရောင်ဝတ်ရုံကို ဖြတ်တောက်နိုင်မည်မဟုတ်သော်လည်း ထိုဒဏ်ရာသည် အသက်ရှင်စဉ်မှ သေဆုံးသည်အထိ ပါလာခဲ့သကဲ့သို့ တဖြည်းဖြည်း ကျယ်ပြန့်လာတော့သည်။
သူမ၏ ဖုံးကွယ်ထားသော မှတ်ဉာဏ်များသည် နှောင့်ယှက်ခံလိုက်ရပြီး သုညအတု၏ တိုက်ခိုက်မှုက မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို လျစ်လျူရှုကာ နှလုံးသားကို တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်သည်။
ပြန့်ကားလာနေသော အသားကို ထိတွေ့ကြည့်ရင်း ရှုယင်သည် အင်အားတစ်ခုကြောင့် နှစ်ပိုင်းကွဲတော့မည့်အလား ခံစားလိုက်ရသည်။ ကြမ်းတမ်းသောလွှသွားကို အမျိုးသမီးနှစ်ယောက်က ကိုင်ထားကြပြီး ကံကြမ္မာက သူမအား လမ်းကြောင်းနှစ်ခုဆီသို့ ဖြတ်တောက်နေပေသည်။ ထိုနေ့ကို သူမ မှတ်မိနေသေးသည်။ လွှသွားက ငါးပုံတစ်ပုံခန့် ရောက်ရှိချိန်တွင် ထုံဆေးပြယ်သွားခဲ့သည်။ သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အစွန်းရောက်အချစ်နှင့် အစွန်းရောက်နာကျင်မှု။
"မင်း သေချင်နေတာပဲ"
ရှုယင်ထက် ပိုဒေါသထွက်သွားသူမှာ မိစ္ဆာနတ်ဘုရားရှေ့တွင် ရပ်နေသော ထိုလူပင် ဖြစ်၏။ သူ၏ ကြမ်းကြုတ်မှုသည် အတိုင်းအဆမရှိဘဲ ကမ္ဘာမြေပြင်ကို သွေးရောင်လွှမ်းသွားစေခဲ့သည်။ မိစ္ဆာနတ်ဘုရားများက စီးဆင်းလာသော သွေးဒီရေနှင့်အတူ သွေးမြို့တော်သခင်တို့၏ စည်းမျဉ်းများကို ဝင်တိုက်လိုက်ကြတော့သည်။
အချိန်နှင့် ပုံရိပ်ယောင်တို့က ဆက်တိုက် တိုက်ခိုက်လာကြသော်လည်း အစွမ်းထက်ဆုံးဖြစ်သော သွေးနီရောင်နှင့် ထိခိုက်မှုမရှိသော ဟင်းလင်းပြင်တို့ကမူ ရှုယင်နှင့် ကောင်းမင်တို့ကို မတိုက်ခိုက်ဘဲ ထူးဆန်းစွာ နေနေကြသည်။ ၎င်းမှာ သုညအတု၏ အစီအစဉ်နှင့် လုံးဝ ကွဲပြားနေပေသည်။ သူ ရှုယင်ကို ဟင်းလင်းပြင်စည်းမျဉ်းများမှ မထွက်မီ တိုက်ခိုက်ခဲ့ခြင်းမှာ ဟင်းလင်းပြင်ကို ကြားဝင်စေရန် ဖြစ်သော်လည်း အံ့ဩစရာကောင်းသည်မှာ ဟင်းလင်းပြင်သည် သူ၏ ထိန်းချုပ်မှုများကို လွှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ထိုဟင်းလင်းပြင်သွေးမြို့တော်သည် အချိန်ထက်ပင် ပို၍ ခန့်မှန်းရခက်ပေသည်။ ၎င်းသည် နှစ်ပေါင်းများစွာအတွင်း ဟန်ဟိုင်းကို လိုက်လံရှာဖွေစဉ်က တစ်ကြိမ်သာ လှုပ်ရှားခဲ့ဖူးသည်။ ၎င်းသည် နက်ရှိုင်းသော အတွင်းကမ္ဘာ၏ အလွန်ဝေးလံသော နေရာတွင် ရှိနေပြီး ထိုမြို့တော်အတွင်းရှိ သရဲများကို ဘယ်သူမှ မမြင်ဖူးကြချေ။
နာကျင်မှုထဲတွင် နစ်မြုပ်နေသော ရှုယင်က ဟင်းလင်းပြင်စည်းမျဉ်းများထဲမှ ထွက်ခွာလာခဲ့သည်။ သူမသည် လက်တွေ့ကမ္ဘာသို့ ဦးတည်သော လမ်းကြောင်းဘက်သို့ ကြည့်လိုက်သည်။၊ ထိုနေရာတွင် သုညအတုသည် အချင်းချင်း ပွေ့ဖက်နေသော မိစ္ဆာမနှစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရသည်။
အကယ်၍ ယခင်ကဆိုပါက ရှုယင် စိတ်လွတ်သွားနိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ ပြန်လည်မတိုက်ခိုက်ဘဲ ကောင်းမင်ကို ပွေ့ချီကာ ဆက်လက်ထွက်ခွာသွားလိုက်သည်။
လွှရာများက သူမ၏ခန္ဓာကိုယ်ကို ဆွဲဖြဲလုနီးပါး ဖြစ်နေသော်လည်း သူမ၏ ကြမ်းကြုတ်သော နှလုံးသားကိုတော့ မထိခိုက်နိုင်ချေ။ ရှုယင်သည် ထိုလူနှင့် ဌာနမှူးစွန်းတို့၏ အကူအညီဖြင့် လင်းလက်တောက်ပသော နှလုံးသားအသစ်တစ်ခု ရရှိထားပြီး ၎င်းမှာ အစွန်းရောက်သော စွဲလမ်းမှုနှစ်ခုကို ထိန်းချုပ်ထားပေးသည်။
ရှုယင်ကို သာမန်သာ တစ်ချက်ကြည့်ပြီးနောက် ထိုလူက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ရှုယင်သည် မိစ္ဆာနတ်ဘုရား၏ စွမ်းအားကို အသုံးပြုလိုက်ပါက ရူးသွပ်မှုနှင့် ဖျက်ဆီးမှုများထဲသို့ ကျရောက်သွားမည် ဖြစ်ပြီး သေလုနီးပါးဖြစ်နေသော ကောင်းမင်လည်း ထိုသက်ရောက်မှုဒဏ်ကို ခံနိုင်မည်မဟုတ်ချေ။ ယင်းသည် သူမ မထိန်းချုပ်နိုင်သော အရာဖြစ်သကဲ့သို့ ထိုလူမမြင်ချင်သော အရာလည်း ဖြစ်သဖြင့် သူမ ပြန်မတိုက်ခိုက်ခြင်း ဖြစ်သည်။
ဟင်းလင်းပြင်ထဲမှတဆင့် သက်ပြင်းချသံကဲ့သို့သော လေပြင်းတစ်ချက် ဖြစ်ပေါ်လာပြီး ကိုယ်ထင်မပြသော သွေးမြို့တော်အရှင်မှာ တိတ်ဆိတ်စွာ ဆုတ်ခွာသွားတော့သည်။ သွေးနီးရောင် သွေးမြို့တော်သခင်မှာမူ မျက်မှောင်ကြုတ်လျက် အဝေးမှကြည့်နေပြီး ကြားဝင်ရန် စိတ်ကူးမရှိချေ။
ထိုမြင်ကွင်းကို မြင်သောအခါ သုညအတုမှာလည်း မိစ္ဆာနတ်ဘုရားများ၏ ဦးစားပေးပစ်မှတ် မဖြစ်လိုတော့ချေ။ ပန်းချီဆရာက သူ့စုတ်တံကို ပြန်လည်ကိုင်မြှောက်လိုက်သည်ကို မြင်သောအခါ ၎င်းသည် လက်တွေ့ကမ္ဘာသို့ ဦးတည်သော လမ်းကြောင်းထဲသို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
၎င်းတိုက်ခိုက်ဝံ့ခြင်း၏ အဓိကအကြောင်းရင်းမှာ အချိန်မရွေး ပြန်လည်ထွက်ခွာနိုင်သောကြောင့် ဖြစ်သော်လည်း ထိုလုပ်ရပ်က ပုံရိပ်ယောင်နှင့် အချိန်တို့ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် စိတ်ဖောက်ပြန်မှုကမ္ဘာမှ လွတ်မြောက်လာသော မသိထိုက်သူ တည်ရှိမှုများသည် ပြင်းထန်စွာ ဒဏ်ရာရနေကြ သို့မဟုတ် အလွန်အမင်း အားနည်းနေကြခြင်းဖြစ်သည်။ သို့သော်လည်း သွေးနီရောင်နှင့်ဟင်းလင်းပြင်တို့သာ ပူးပေါင်းလိုက်ပါက ဗဟိုသွေးမြို့တော်မှ ဤမိစ္ဆာနတ်ဘုရားများသည် ပေးဆပ်မှုမရှိဘဲ ကောင်းမင်ကို ခေါ်ဆောင်သွားနိုင်မည် မဟုတ်ချေ။ သို့သော် ဤသွေးမြို့တော်သခင်များသည် တွက်ကိန်းကိုယ်စီရှိနေကြပြီး တစ်စိတ်တစ်ဝမ်းထဲ မရှိကြချေ။
သုညထွက်ပြေးသွားသည်ကို တွေ့လိုက်ရသောအခါ ပုံရိပ်ယောင်စည်းမျဉ်းများက ချက်ချင်း ပြိုလဲသွားတော့သည်။ အရှိတရားနှင့် ပုံရိပ်ယောင်များကြားတွင် မရေမတွက်နိုင်သော လူရိပ်များ လှုပ်ရှားနေကြသည်။ ထွက်ပြေးနိုင်သည့် စွမ်းရည်တစ်ခုတည်းအရ ပုံရိပ်ယောင်မှာ အလွန်အစွမ်းထက်သည်။
မိစ္ဆာနတ်ဘုရားများက ဝိုင်းရံမှုကို အဆုံးသတ်လိုက်ကြသည်။ သူတို့အလယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသော ရှည့်လျားလှသည့် ငွေရောင်အချိန်မြစ်ကြီး ကျန်ရှိနေပြီး ယဇ်ပလ္လင်တစ်ခုတိုင်းတွင် ကောင်းမင်း၏ အလောင်းများဖြင့် စွန်းထင်းနေခဲ့သည်။
စိတ်ဖောက်ပြန်မှုကမ္ဘာ၏ နောက်ဆုံးသုံးနှစ်အတွင်း အချိန်၏ အပိုင်းအစများသည် ပုံရိပ်ယောင်၏ ခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေခဲ့ပြီး ရှုဟွမ်အား လိုချင်သောအချိန်သို့ တိကျစွာ သွားရောက်နိုင်ရန် ကူညီပေးခဲ့ကာ နောက်ဆုံးတွင် သားစားကြူးနတ်ဘုရားများကို အကြမ်းဖက်နည်းလမ်းများ သုံးလာအောင် ဖိအားပေးခဲ့သည်။ ထိုသွေးမြို့တော်သခင်နှစ်ပါး ပူးပေါင်းလိုက်သောအခါ မယုံနိုင်ဖွယ်ကြောက်မက်ဖွယ်ကောင်းလှပြီး တစ်ဦး၏ ကြမ်းကြုတ်မှုကို တစ်ဦးက အံ့ဩကြရသည်။ ယခု စိတ်ဖောက်ပြန်မှုကမ္ဘာမှ လွတ်မြောက်လာချိန်တွင် ရှင်းလုသွေးမြို့တော်ကို အတူတကွ တည်ဆောက်ရန် ကြံစည်နေခဲ့ကြသော နှစ်ဦးအနက် ပုံရိပ်ယောင်မှုမှာ အရင်ဆုံး ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
စည်းမျဉ်းများအားလုံးမှ လွတ်မြောက်လာပြီးနောက် ရှုယင်သည် ကောင်းမင်ကို ပွေ့ချီကာ ထိုလူရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ငါတို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
ထိုလူက တောက်ပနေသောလိပ်ပြာကို လုံးဝချေမှုန်းပစ်ရန် ရှုယင်အား အချက်ပြလိုက်သည်။ ဟန်ဟိုင်းသွေးမြို့တော်ထံမှ အိပ်မက်ခိုးယူထားသော စွမ်းအားများကို ကောင်းမင်၏ နှလုံးသားထဲသို့ ပြန်ထည့်သွင်းပေးလိုက်သည်။
"အကောင်းမြတ်ဆုံးသူက ငါ့ကို ဟန်ဟိုင်းအကြောင်း အားလုံးပြောပြထားပြီးသားပါ"
အားနည်းနေသော သူ့နှလုံးခုန်သံမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။တဖြည်းဖြည်း တောက်ပလာသော ကောင်းမင်၏ မျက်လုံးများနှင့် ထိုမျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုကို ကြည့်ရင်း သူက ရှင်းပြလိုက်သည်။
"ငါ့နာမည်က ချန်ဂီပါ၊ တခြားသွေးမြို့တော်သခင်တွေကတော့ ငါ့ကို 'အဆိုးယုတ်ဆုံး မိစ္ဆာ' လို့လည်း ခေါ်ကြတယ်"