← Chapters

အခန်း ၈၉၆

Vol. 63 Ch. 896

အခန်း ၈၉၆

Vol. 63 Ch. 896

အပိုင်း (၈၉၆) ခြောက်ခြားဂိမ်းဒီဇိုင်းနာ

စိတ်ဆန္ဒသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထက်ပင် သိသိသာသာ သာလွန်သွားခဲ့ချေပြီ။ ကောင်းမင်၏ တဒိန်းဒိန်းခုန်နေသော နှလုံးသားပင် သူ့အတွက် အနှောင်အဖွဲ့တစ်ခု ဖြစ်လာတော့သည်။ အားနည်းနေသော သားစားကြူးနတ်ဘုရားနှင့် ပုပ်သိုးခြင်းတို့သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြပြီး ဖြစ်သည်။ ၎င်းမှာ ကောင်းမင်အနေဖြင့် သားစားကြူးနတ်ဘုရားကို သတ်ဖြတ်နိုင်စွမ်းရှိသည့် အခြေအနေမျိုးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းပင် ဖြစ်သည်။

ကောင်းမင်အတွက် အမှန်တကယ် ပျော်ရွှင်ပေးနေသော မျက်နှာတစ်ခုမှလွဲ၍ ကျန်သရဲမျက်နှာ သုံးခုမှာ သိသိသာသာ ငြိမ်သက်သွားကြသည်။ သားစားကြူးနတ်ဘုရားသည် ၎င်း၏ အကောင်းဆုံး အခြေအနေတွင် ရှိနေပါက ကောင်းမင်ကို လုံးဝကြောက်ရွံ့မည်မဟုတ်သော်လည်း ယခုတွင်မူ ပေါင်းစည်းခြင်း၏ အရေးကြီးသောအချိန်သို့ ရောက်ရှိနေသဖြင့် ပြန်လည်ခုခံရန် အင်အား မရှိပါပေ။

အကယ်၍ ကောင်းမင်သာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပါက သူသည် ချက်ချင်းပင် ကောင်းယန်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အိပ်မက်သရဲတစ်ကောင် ဖြစ်လာပေလိမ့်မည်။ သို့သော် သားစားကြူးနတ်ဘုရားမှာမူ စွမ်းအားအများစုနှင့် ဟန်ဟိုင်းသွေးမြို့တော်ကြီးအပေါ် ထိန်းချုပ်ထားသော စည်းမျဉ်းများကို ဆုံးရှုံးသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမင်နှင့် ကောင်းယန်တို့သည် ဟန်ဟိုင်းသွေးမြို့တော်ကြီး၏ အစစ်အမှန် အရှင်သခင်များ ဖြစ်သောကြောင့်ပင်။

"ဒါက မပြောသင့်သူတွေ မြင်ရတဲ့ကမ္ဘာလား"

သူ၏စိတ်ဆန္ဒမှာ ပြန်လည်မွေးဖွားခဲ့ပြီ ဖြစ်ပြီး ကောင်းမင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သော်လည်း သူ၏အမြင်အာရုံမှာမူ အဆုံးအစမရှိ ပြန့်ကားသွားသကဲ့သို့ ခံစားရသည်။ တအိအိလှုပ်ခတ်နေသော အနက်ရောင်မြူများသည် သူ့ကို သက်ရောက်နိုင်စွမ်းမရှိတော့ပေ။ မြူပင်လယ်အတွင်း၌ သူ့အတွက် အမှန်တကယ် အန္တရာယ်ရှိနိုင်သည်မှာ မရေအတွက်နိုင်သည့် မမြင်ရသောကြိုးမျှင်များသာ ဖြစ်သည်။ မေ့လျော့ခံမှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသည့် ပုတ်သိုးနေသောမြေပြင်တွင် အမြစ်တွယ်နေသော ထိုကြိုးမျှင်သည် အရောင်အမျိုးမျိုး တောက်ပနေကြပြီး ခံစားချက်မျိုးစုံ ကိန်းအောင်းနေကြသည်။ ၎င်းတို့သည် အတွင်းကမ္ဘာ၏ စည်းမျဉ်းများဖြစ်ပုံရပြီး အဆုံးမဲ့လူသားလောကအတွက်မူ အဆိပ်အတောက်များသာ ဖြစ်ပေသည်။

ထိုကြိုးမျှင်အများစုသည် ကောင်းမင်ကို ခြိမ်းခြောက်နေကြသော်လည်း တစ်ပိုင်းတစ်စ ကြည်လင်နေသော ကြိုးတစ်မျှင်နှင့် အစက်အပြောက်များပါသည့် ရောင်စုံကြိုးတစ်မျှင်တို့မူ သူ့ကို ခေါ်ယူနေသကဲ့သို့ ရှိနေသည်။ သူ့အကြည့်တို့ ထိုအရာများပေါ် ကျရောက်သွားချိန်တွင် ၎င်းတို့သည် လိုလိုလားလားပင် လိုက်လျောညီထွေ ဖြစ်သွားကြပြီး သူ့အား ထိန်းချုပ်ခွင့် ပေးလိုက်ကြသည်။

ထိတွေ့လိုက်သည်နှင့် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်လာသော သွေးမြို့တော်သရဲတက်တူးများက ထိုကြိုးနှစ်မျှင်နှင့် ပေါင်းစည်းသွားနိုင်သွားကြသည်။ တစ်ပိုင်းတစ်စ ကြည်လင်နေသော ကြိုးမျှင်သည် အတွင်းကမ္ဘာ၏ အိပ်မက်စည်းမျဉ်းများကို ကိုယ်စားပြုပြီး ၎င်းကို ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်အဖြစ် သူထိန်းချုပ်နိုင်ပေသည်။ အခြားရောင်စုံကြိုးမျှင်မှာမူ ကမ္ဘာကြီး၏ ဆန်းကြယ်မှုနှင့် ရူးသွပ်မှုများကို ကိုယ်စားပြုပြီး ကောင်းမင်ကိုယ်တိုင်၏ သီးခြားစည်းမျဉ်းများ ဖြစ်တော့သည်။

ဝေးကွာလှသော အနက်ရောင်မြူခိုးများကြားရှိ ပါးလွှာသော ကြိုးတစ်မျှင်ကို ခါယမ်းလိုက်သည်နှင့် ကောင်းမင်၏ နှလုံးသားထဲတွင် အသံတစ်ခုကို ချက်ချင်း ကြားလိုက်ရသည်။

'အချိန်တွေ ကုန်တော့မယ်၊ တစ်နေ့နေ့ကျရင် ငါဟန်ဟိုင်းကို ပြန်ပေးဆပ်ခိုင်းရမယ်၊ စိတ်ဖောက်ပြန်မှု ကမ္ဘာထဲက ရန်ငြိုးတွေကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး'

ထိုစကားလုံးများမှာ ထွက်ပြေးသွားသော ပုံရိပ်ယောင်သခင်ထံမှ လာခြင်းဖြစ်သည်။ သူ ဟန်ဟိုင်းအကြောင်းကို ပြောလိုက်သည်နှင့် ကောင်းမင်သည် သူပိုင်ဆိုင်ထားသော စည်းမျဉ်းနှစ်ခုမှတစ်ဆင့် ထိုသူရှိရာနေရာကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။ ဤသည်မှာ 'မပြောသင့်သူ' တို့၏ စွမ်းဆောင်ရည်ပင် ဖြစ်၏။

သာမန် မပြောသင့်သူများနှင့် နှိုင်းယှဉ်ပါက အိပ်မက်သရဲတစ်ကောင်အဖြစ် ကောင်းမင်၏ စွမ်းရည်မှာ ပို၍ပင် ဆန်းကြယ်လှသည်။ သူသည် စည်းမျဉ်းနှစ်ခုကို မောင်းနှင်ရန် သူ့စိတ်ဆန္ဒကို အသုံးပြုပြီး အိပ်မက်များနှင့် ရူးသွပ်မှုများကို ရောယှက်ကာ သေမင်းဂိမ်းများကို ဖန်တီးလိုက်သည်။ ထိုနိယာမနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် ကောင်းမင်သည် ရူးသွပ်မှုများ ပြည့်နှက်နေသော အိပ်မက်ဆိုးများကို အလွယ်တကူ ဖန်တီးနိုင်တော့သည်။

"ငါ့ရဲ့ အစောပိုင်းက ဂိမ်းဒီဇိုင်းဆွဲတဲ့ပါရမီကို ဒီနေရာမှာ ထုတ်သုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ကောင်းမင်သည် ပုံရိပ်ယောင်သွေးမြို့တော်သခင်၏ ပတ်ဝန်းကျင်တွင် အသတ်အဖြတ်ဆန္ဒအလွှာများကို တိတ်တဆိတ် ခင်းကျင်းလိုက်သည်။ ပုံရိပ်ယောင်မြို့တော်သည် ပါးလွှာသော နိယာမကြိုးတစ်မျှင်ကို မတော်တဆ ထိမိလိုက်သည်နှင့် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာပြီး အဆုံးမဲ့အိပ်မက်ဆိုးထဲတွင် ချက်ချင်း ပိတ်မိသွားပေလိမ့်မည်။ ၎င်းကို မထိမိသည့်တိုင်အောင် ထိုစည်းမျဉ်းနှစ်ခု၏ အနီးအနားတွင် အချိန်အတော်ကြာ ရှိနေပါက တဖြည်းဖြည်း ဆွဲသွင်းခံရပေလိမ့်မည်။

သို့သော်လည်း ပုံရိပ်ယောင်သွေးမြို့တော်သခင်သည် မြို့တော်တစ်ခု၏ အရှင်သခင်ဖြစ်သဖြင့် အာရုံခံနိုင်စွမ်း အလွန် မြင့်မားလှသည်။ ကောင်းမင်က ထောင်ချောက်ကို ပြင်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် သူက ပြဿနာကို ရိပ်မိသွား၏။ သူ့ခန္ဓာကိုယ်သည် ထိုနေရာတွင် အေးခဲသွားပြီးနောက် နောက်တစ်စက္ကန့်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားကာ အတုအယောင် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာမူ အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"တော်တော် အပြေးမြန်တာပဲ"

ကောင်းမင် ထိုပုံရိပ်ယောင်ကို ခြေရာခံနေဆဲတွင် ရုတ်တရက် သူဖန်တီးထားသော အိပ်မက်ဆိုးထဲမှ မကောင်းဆိုးဝါးတစ်ကောင်၏ ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် လူသူကင်းမဲ့သော မြေပြင်ပေါ် ပြေးလွှားရင်း အနက်ရောင်မြူများကို စုပ်ယူနေပြီး နောက်ဆုံးတွင် မုန်းတီးမှုများ ပြည့်နှက်နေသော တစ်စုံတစ်ယောက်၏ ချေမှုန်းခြင်း ခံလိုက်ရလေသည်။

"ငါ့ရဲ့ အိပ်မက်ဆိုးကနေ မွေးဖွားလာတဲ့အရာက အတွင်းကမ္ဘာမှာ ပေါ်လာနိုင်တာလား"

ဖျက်ဆီးခြင်းနှင့် သက်ဆိုင်သော စွမ်းရည်များကို အတွင်းကမ္ဘာတွင် တွေ့ရလေ့ရှိသော်လည်း ဖန်တီးခြင်းနှင့် သက်ဆိုင်သော အရာများမှာမူ အလွန်ရှားပါးလှပေသည်။ ကောင်းမင်၏ အိပ်မက်ဆိုးထဲတွင် အရုပ်ဆိုးသော အရာတချို့သာ ပါဝင်သော်လည်း ထိုစွမ်းရည်မှာ အရာခပ်သိမ်းကို လုပ်ဆောင်နိုင်စွမ်း ရှိပုံရသည်။

အိပ်မက်ဆိုး ပျောက်ကွယ်သွားပြီးနောက် ကောင်းမင်၏ စိတ်ဆန္ဒက ပြန်လည်ရောက်ရှိလာခဲ့သည်။ ဗဟိုသွေးမြို့တော်က အချိန်ယဇ်ပလ္လင်ကို ယူဆောင်သွားခဲ့ပြီ ဖြစ်သဖြင့် ၎င်းမှာ သူတို့၏ မူလပစ်မှတ် ဖြစ်ပုံရသည်။

မိစ္ဆာနတ်ဘုရားတို့၏ ဒေါသကို အချိန်အပေါ်တွင် ပုံချလိုက်ကြသည်။ သူတို့၏ အသိစိတ် ပြန်လည်ရရှိလာပြီးနောက် အိုမင်းခြင်းသွေးမြို့တော်သခင်နှင့် စတင်၍ "စကားပြော" ကြတော့သည်။ ဖြစ်နိုင်သည်မှာ အိုမင်းခြင်းသွေးမြို့တော်အနေဖြင့် သွေးယဇ်ပူဇော်မှုကို သဘောတူရန် မျှော်လင့်နေခြင်း ဖြစ်ပေလိမ့်မည်။

ဗဟိုသွေးမြို့တော်သခင်သည် သွေးဆာနေသူတစ်ယောက် မဟုတ်ပေ။ ကောင်းမင်၏ အမြင်တွင်မူ ထိုသူကို အဆိုးယုတ်ဆုံးမိစ္ဆာဟု ခေါ်ဆိုကြသော်လည်း အမှန်စင်စစ် သူသည် ဗဟိုသွေးမြို့တော်၏ ငြိမ်းချမ်းရေးကို မြတ်နိုးသူတစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူ၏ထိန်းချုပ်မှုသာ မရှိပါက ထိုရက်စက်ကြမ်းကြုတ်သော မိစ္ဆာနတ်ဘုရားများသည် အချင်းချင်း အဆက်မပြတ် တိုက်ခိုက်ရင်း ရူးသွပ်သွားကြပြီး နောက်ဆုံးတွင် သူ့ကိုပါ သူတို့နှင့်အတူ မြှုပ်နှံလိုက်ကြပေလိမ့်မည်။

မှန်ပေသည် ယင်းက ကောင်းမင်၏ မိစ္ဆာနတ်ဘုရားများအပေါ် ထားရှိသော အစွဲအလမ်းတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

မိစ္ဆာနတ်ဘုရားအချို့၏ ကျွမ်းကျင်သော ညှိနှိုင်းမှုကြောင့် အိုမင်းခြင်းသွေးမြို့တော်သခင်သည် သူတို့၏ "တောင်းဆိုမှု" ကို သဘောတူလိုက်ရပြီး ဗဟိုသွေးမြို့တော်သို့ တခဏမျှ အလည်အပတ် သွားရောက်ရတော့မည် ဖြစ်သည်။

ရှင်းလုသွေးမြို့တော်အပေါ် စိတ်ဖောက်ပြန်မှုကမ္ဘာ၏ လွှမ်းမိုးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချလိုက်သည်။ မိစ္ဆာနတ်ဘုရားများသည် မြို့ထဲသို့ တရားဝင် ဝင်ရောက်လာကြပြီး ဆန်းကြယ်ကာ ပုံပျက်ပန်းပျက် ဖြစ်နေသော အလောင်းများကြားတွင် လျှောက်လှမ်းရင်း စိတ်ဖောက်ပြန်မှု၏ ဖျက်ဆီးနိုင်စွမ်းကို အံ့အားသင့်နေမိကြသည်။

ရှင်းလုသွေးမြို့တော်သည် တစ်ချိန်က အတွင်းကမ္ဘာတွင် အစည်ကားဆုံးနှင့် အထူးခြားဆုံး မြို့တစ်မြို့ ဖြစ်ခဲ့ပြီး လက်တွေ့လောကနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုလည်း ရှိခဲ့သည်။ လူသားတို့၏ ဘဝများမှာ ဤနေရာတွင် စုဆုံခဲ့ကြသည်။ ရှင်းလုသွေးမြို့တော်သခင်သည် လူတစ်ဦးတစ်ယောက်ချင်းစီကို ကုသပေးချင်ခဲ့ခြင်း မဟုတ်ဘဲ မေ့လျော့ခံထားရသော အတွင်းကမ္ဘာတစ်ခုလုံးကို ကုသပေးချင်ခဲ့ခြင်းဖြစ်ပြီး စိတ်ပျက်အားငယ်မှု ဒဏ်ရာအားလုံးကို ကုစားပေးချင်ခဲ့ခြင်း ဖြစ်သည်။(TL note- My Healing Game (ဟန်ဖေး) တွင် ရှုပါ)

ရှင်းလုသွေးမြို့တော်သခင်၏ ကြီးမြတ်မှုကို ဘယ်သူမှ မငြင်းဆန်နိုင်သော်လည်း သူသည် ကျရှုံးရန်သာ ကံပါလာသူ ဖြစ်သည်။ အတွင်းကမ္ဘာသည် အဆုံးမဲ့စိတ်ပျက်အားငယ်မှုများနှင့် စွန့်ပစ်ခံထားရသော လူသားတို့၏ မှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသဖြင့် လက်တွေ့လောကတစ်ခုတည်းနှင့် ကယ်တင်ရန် မဖြစ်နိုင်ပေ။

ရှင်းလုသွေးမြို့တော်သခင်သည်လည်း ယင်းကို နားလည်ထားပုံရသဖြင့် အဖြေရှာရန်အတွက် သွေးပင်လယ်အတွင်းသို့ စွန့်စားဝင်ရောက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မိစ္ဆာနတ်ဘုရား၏ ပွေ့ချီခံထားရသော ကောင်းမင်သည် ရှင်းလုသွေးမြို့တော်အလယ်ဗဟိုသို့ ရောက်ရှိလာစဉ် အသိစိတ်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း ရှန်းလော်၏ ပုံရိပ်ကို မတွေ့ရပေ။

"အရင်က ဒီမှာရှိနေခဲ့တဲ့ လူငယ်လေးရော ဘယ်ရောက်သွားတာလဲ၊ သူ့ခန္ဓာကိုယ်တစ်ဝက်က ကျိန်စာသင့်နေပြီ၊ သူ့အခြေအနေက တော်တော် ဆိုးရွားနေတာ"

"ငါတို့ အချိန်နဲ့ တိုက်ခိုက်နေတုန်းက မြို့လယ်ခေါင်ကို တမင် ရှောင်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်လိုပြောရမလဲ၊ သူက အတော်လေးကံမကောင်းဘူးလို့ပဲ ပြောရမယ်၊ သူက ထိခိုက်မိမှာ ကြောက်ပုံရပြီး မယုံနိုင်စရာ စိတ်ဓာတ်ခွန်အားနဲ့ သူ့ကိုယ်သူ အားတင်းပြီး လက်တွေ့လောကဆီ သွားတဲ့ လမ်းကြောင်းထဲ ခုန်ဝင်သွားခဲ့တယ်၊ သူက သုညအတုနောက်ကို လိုက်ပြီး လက်တွေ့လောကဆီ ပြန်သွားလောက်ပြီ"

ချန်ဂီ၏ အမူအရာက ထူးဆန်းနေလေသည်။ သူသည် ရှန်းလော်ထံတွင် သူငယ်ချင်းဟောင်းတစ်ဦး၏ အရိပ်အယောင်ကို မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုးနှင့် ခပ်ဝေးဝေးနေထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"သုညအတု"

ကောင်းမင်၏ စိတ်ဆန္ဒက ရှင်းလုမြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။ သူ စကားပြောရန် မလိုအပ်သော်လည်း လူတိုင်းက သူ့အသံကို ကြားနိုင်ကြသည်။

"အဲ့ဒါ ဘယ်သွေးမြို့တော်ကလဲ"

"အိပ်မက်လိုပဲ၊ အဲ့ဒါက ဘယ်သွေးမြို့တော်နဲ့မှ မသက်ဆိုင်ဘူး၊ အဲ့ဒါက လှည့်လည်သွားလာနေတဲ့ 'မသိထိုက်သူ' တစ်ယောက်ပဲ၊ ငါတို့မှာလည်း အဲ့ဒါနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အများကြီး မရှိဘူး၊ ငါတို့ သိသလောက်ကတော့ အဲ့ဒါက လက်တွေ့ကမ္ဘာအကြောင်းကို ကောင်းကောင်း နားလည်ထားပြီး သက်ရှိတွေရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်တွေရဲ့ အလားအလာကို အသုံးချပြီး ရှင်သန်ဖို့ ပိုထိုက်တန်တဲ့ ကမ္ဘာတွေကို ပြန်ပုံဖော်နိုင်တယ်ဆိုတာပဲ"

"ခင်ဗျားပြောတာ ကျွန်တော်သိပ်နားမလည်ဘူး"

"ရှင်းလုသွေးမြို့တော်ကို တခြားသွေးမြို့တော်ပိုင်ရှင်တွေ ဘာကြောင့် ဒီလောက်တောင် မက်မောနေကြလဲဆိုတာ မင်းသိလား"

ချန်ဂီက လက်တွေ့လောကသို့ ဦးတည်နေသော လမ်းကြောင်းကို ကြည့်လိုက်သည်။

"ရှင်းလုသွေးမြို့တော်က လက်တွေ့လောကနဲ့ ဆက်သွယ်ထားလို့လား၊ အဲ့ဒါက အတွင်းကမ္ဘာနဲ့ လက်တွေ့ကမ္ဘာကြားက ဝင်ပေါက်ထွက်ပေါက် ဖြစ်နေလို့လား"

"လက်တွေ့လောကကို သွားတဲ့ ဝင်ပေါက်တစ်ခုတည်း မဟုတ်ဘူး"

ချန်ဂီသည် ညကောင်းကင်ယံရှိ ဧရာမသစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။

"အဲ့ဒါက အဆုံးမဲ့ လူသားလောကနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုကိုလည်း ဝှက်ထားသေးတယ်၊ ရှင်းလုကို သိမ်းပိုက်နိုင်တာက ငါတို့ကို အတွင်းကမ္ဘာကနေ လုံးဝ လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ပေးနိုင်တယ်၊ အဲ့ဒီ သုညအတုဆိုတာက လွတ်မြောက်လုနီးပါး ဖြစ်ခဲ့တဲ့သူတစ်ယောက်ပဲ"

ချန်ဂီ၏ စကားများကြောင့် ကောင်းမင်မှာ အလေးအနက် စဉ်းစားခန်း ဝင်သွားရသည်။ သူ့စိတ်ထဲတွင် လုဇန်ဟူသော အမည်တစ်ခု ပေါ်လာခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ စီတုအန်း၏ အငွေ့အသက်များက မှေးမှိန်နေခဲ့သည်။ ကောင်းမင်၏ ယခင်ခန့်မှန်းချက်အရ လုဇန်သည် စီတုအန်းကို အခြားလူသားကမ္ဘာများသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ပေလိမ့်မည်။ ဤနေရာမှ ထွက်ခွာသွားနိုင်မှသာ စီတုအန်းသည် ညှဉ်းပန်းနှိပ်စက်ခန်း၏ သက်ရောက်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

All Chapters