အခန်း ၉၁၅
Vol. 65 Ch. 915
အပိုင်း (၉၁၅) သတ်
ဖြစ်နိုင်သည်က ကံကြမ္မာသစ်ပင်သည် ကောင်းမင်ထက်အရင် သူ့နာမည်အစစ်ကို ရှာတွေ့သွားပေလိမ့်မည်။ ကောင်းမင်လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနှောင့်အယှက်အားလုံးကို ရှင်းလင်းပြီး ကံကြမ္မာသစ်ပင်ကို အရင်ဆုံးဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားဖို့သာ ဖြစ်သည်။ သူ့လက်ဖဝါးထဲရှိ ဖုန်းက ပြန်လည်တုန်ခါလာခဲ့သည်။ ခေါ်ဆိုသူအမည်တွင် အဘွားအို၏ ဖုန်းနံပါတ်ကို ပြသနေသော်လည်း ကောင်းမင် ဖုန်းမကိုင်ခဲ့ချေ။ ဖုန်းကို ပြန်ပေးပြီးနောက် သူ ဆေးရုံမှ ထွက်ခွာသွားခဲ့သည်။
“လူသားတိုင်းက ကံကြမ္မာသစ်ပင်ပေါ်က သွေးကြောတွေပဲ၊ ‘နတ်ဘုရားလို ဖြစ်တည်မှု’ တွေကို မွေးဖွားပေးတဲ့ လူသားကမ္ဘာတွေကတော့ ‘နတ်ဘုရားလို ဖြစ်တည်မှု’ တွေကို သတ်ပစ်ခြင်းအားဖြင့် ကံကြမ္မာရဲ့ လှည့်စားမှုကနေ ရုန်းထွက်နိုင်ကောင်း ရုန်းထွက်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ‘နတ်ဘုရားလို ဖြစ်တည်မှု’ တွေကို မွေးဖွားမပေးနိုင်ခဲ့တဲ့ လူသားကမ္ဘာတွေကျတော့ ကံကြမ္မာရဲ့ သွေးကြောတွေကို ဘယ်လိုလုပ် ဖြတ်တောက်နိုင်မှာလဲ”
ကောင်းမင် အပြောင်းအလဲကို လွှတ်ပေးခဲ့ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုအများအပြားမှာ အမှောင်ထုအတွင်း ကံကြမ္မာကိုသတ်ဖြတ်မည့် သော့ချက်များ ဖြစ်လာမည်ဖြစ်သော်လည်း ယင်းကို အတိအကျ မည်သို့လုပ်ဆောင်ရမည်မှန်း သူသေချာမသိသေးချေ။
လူသားကမ္ဘာ၏ လမ်းဘေးတွင် လျှောက်နေစဉ် ဤမြို့တော်ကို ရှင်းလုဟု ခေါ်ဆိုကြောင်း သိလိုက်ရသည်။ ထူးဆန်းသည်မှာ လူသားကမ္ဘာတိုင်းတွင် ရှင်းလုမြို့တစ်မြို့စီ ရှိနေပုံရပြီး နာမည်များ ကွဲပြားနေပါစေဦးတော့ မြို့၏ တည်နေရာမှာမူ အတူတူပင် ဖြစ်နေခဲ့သည်။
“အတွင်းကမ္ဘာနဲ့ လူသားလောကကြားက ဥမင်လိုဏ်ခေါင်းကလည်း ရှင်းလုသွေးမြို့တော်ထဲမှာပဲ ရှိတာ၊ ဒါက ပြန့်ကြဲနေတဲ့အချိန်တွေကို ချိတ်ဆက်ပေးထားတဲ့ ဝင်ရိုးတစ်ခုလိုပဲ”
သူ့လက်ဖဝါးထဲရှိ စက္ကူမျက်လုံးက ရုတ်တရက် တုန်ခါသွား၏။ သဘာဝလွန်ကမ္ဘာဟု ထင်ရသော ဤနေရာတွင် ထိုမျက်လုံးသည် ကောင်းမင်ကဲ့သို့ပင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေပုံမရချေ။ တစ်စုံတစ်ခုကို အာရုံခံမိပြီးနောက် ကောင်းမင် မော့ကြည့်လိုက်ရာ တိတ်ဆိတ်နေသော လမ်းမကြီးနှင့် ပျက်စီးယိုယွင်းနေသည့် အိမ်ရာအဆောက်အဦးများကို မြင်တွေ့လိုက်ရသည်။
ဝေဝါးနေသော ကောက်ကြောင်းများမှာ ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။ ထိုအိမ်ရာအဆောက်အဦးများသည် ကောင်းမင်၏ ဘဝမှတ်ဉာဏ်များနှင့် ထပ်တူကျနေခဲ့သည်။ သူသည် စွမ်းအားတစ်ခု၏ ဆွဲငင်ခံလိုက်ရပုံရပြီး သူငယ်စဉ်က နေထိုင်ခဲ့ဖူးသော အိမ်ဆီသို့ အကြောင်းရင်းမရှိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ အပြင်ပန်းအားဖြင့် အလွန်တူညီနေခြင်းဖြစ်သည်။
“ဒါ ငါငယ်ငယ်တုန်းက နေခဲ့တဲ့နေရာပဲ၊ အရာအားလုံးက ငါ့မှတ်ဉာဏ်တွေနဲ့ ကိုက်ညီနေတယ်”
ကောင်းမင် လှည့်ထွက်ရန် ပြင်လိုက်သည်။ သူသည် ဤကမ္ဘာရှိ သူ့အတိတ်ဘဝနှင့် မည်သို့မျှ မပတ်သက်ချေ။ သို့သော်လည်း သူ လှည့်လိုက်သည်နှင့် ဂလောက်ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရသည်။
သူ့နှလုံးခုန်သံ မြန်ဆန်သွားပြီး အကြည့်များလည်း ထိုဦးတည်ရာဆီသို့ အလိုအလျောက် ရောက်ရှိသွားလေသည်။ ဖြူဖွေးနေသော ဆံပင်များရှိသည့် အဘွားအိုတစ်ဦးသည် လက်တွန်းလှည်းအသေးစားလေးတစ်ခုကို ဆွဲလျက် အမှိုက်ပုံးဘေးတွင် တစ်စုံတစ်ခုကို ရှာဖွေနေခြင်းဖြစ်သည်။
သူမ၏ လက်တွန်းလှည်းပေါ်တွင် အလွန်အမင်းညစ်ပေနေသော ပါဆယ်ဘူးအချို့နှင့် ပြန့်ကြဲနေသည့် ဖျော်ရည်ပုလင်းများ ရှိနေခဲ့သည်။
အဘွားအိုသည် လမ်းလျှောက်ရန်ပင် ခက်ခဲနေသော်လည်း သူမခါးကို ကိုင်းညွတ်လျက် ပုလင်းများကို တစ်လုံးချင်းစီ ခက်ခက်ခဲခဲ ကောက်ယူနေခြင်းဖြစ်သည်။
သူမှတ်မိသလောက် ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ်ဆန်သော အဘွားအိုကြီးသည် အချိန်ကာလ၏ ပြုပြင်ပြောင်းလဲမှုကြောင့် ယခုလိုအခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူမ၏ အရေးအကြောင်းတိုင်းတွင် အထီးကျန်မှုများ ပြည့်နှက်နေသကဲ့သို့ ရှိနေလေသည်။
“ကောင်းယန်ရဲ့ အဘွားပဲ...”
ထပ်မံအတည်ပြုရန် မလိုအပ်တော့ချေ။ သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ကောင်းမင် သူမကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
အတိတ်က သေဆုံးသွားကြသည့် မရေမတွက်နိုင်သောသူ့ဝိညာဉ်များသည် သူမအနားသို့ ချဉ်းကပ်ရန် တောင့်တနေကြပြီး ၎င်းတို့အားလုံး ပေါင်းစပ်လျက် ကောင်းမင်၏ စိတ်တွင်းကမ္ဘာကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကောင်းမင် သတိပြုမိချိန်တွင် သူသည် အဘွားအိုနှင့်အတူ အတော်ဝေးဝေးသို့ လျှောက်လှမ်းလာခဲ့မိပြီ ဖြစ်သည်။
တစ်ချိန်က ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် ပြည့်နှက်နေခဲ့သည့် တိုက်ခန်းတွဲကြီးမှာ ယခုတွင် ပျက်စီးယိုယွင်းနေခဲ့ချေပြီ။ လူအများအပြား ပြောင်းရွှေ့သွားကြပြီး ဥယျာဉ်ငယ်လေးမှာလည်း ဖျက်ဆီးခံထားရသဖြင့် ကျောက်ခင်းလမ်းဘေးတွင် ပေါင်းမြက်များ တောထနေခဲ့သည်။
အဘွားအို ဖြတ်လျှောက်သွားချိန်တွင် သူမသည် တွေ့သမျှအမှိုက်များကို သူမ၏ တွန်းလှည်းထဲသို့ အမှုမဲ့အမှတ်မဲ့ ပစ်ထည့်လိုက်ပြီးနောက် တံမြက်စည်းကို ထုတ်၍ သစ်ရွက်ခြောက်များကို လှည်းကျင်းနေလေသည်။
သူမသည် သမီးဖြစ်သူက မြေးဖြစ်သူကို အိမ်သို့ ပြန်ခေါ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသဖြင့် သမီးဖြစ်သူတို့ မိသားစု ပြန်လာချိန်တွင် ပတ်ဝန်းကျင်ကြီး ညစ်ပတ်ပေရေပြီး ရှုပ်ပွနေမည်ကို အလိုမရှိချေ။ ကောင်းမင်သည် လှေကားထစ်အောက်တွင် ရပ်လျက် အဘွားအို အိမ်ထဲသို့ ပြန်ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ပထမထပ်၏ ဘယ်ဘက်တိုက်ခန်းရှိ လိုက်ကာများကို ပိတ်ထားခြင်းဖြစ်သည်။ အဘွားအိုသည် မီးမဖွင့်လိုသဖြင့် မှောင်မည်းနေသော အခန်းအတွင်း ပြန်လည်အသုံးပြုနိုင်သည့် အမှိုက်များကို အလုပ်ရှုပ်သော်လည်း ဓားဖြင့် လှီးဖြတ်နေလေသည်။ ပြီးစီးသွားချိန်တွင် သူမသည် အိမ်တွင်းရှိ နေရာတစ်ခုတွင် ဒူးထောက်ချလိုက်သည်။
လှေကားအောက်တွင် ကောင်းမင်မှာ မျက်မှောင် အနည်းငယ်ကြုတ်သွားရသည်။ သူ့မျက်လုံးထဲတွင် အဘွားအိုသည် အရေပြားများ ကွာကျနေသလို ရှိနေပြီး သူမ၏ အရေးအကြောင်းများအောက်မှ တစ်စုံတစ်ခု တိုးထွက်လာနေလေသည်။ ဝင်ရောက်စွက်ဖက်လိုသည့် အတွေးက သူ့ထံ ထွက်ပေါ်လာခဲ့သည်။ ပတ်တီးစည်းထားသော သူ့ဒဏ်ရာမှာ ချက်ချင်းပင် ပိုမိုဆိုးရွားလာသည့် လက္ခဏာများ ပြသလာတော့သည်။ ကောင်းမင်သည် အဘွားအိုနှင့် အလွန်အကျွံ ထိတွေ့ဆက်ဆံမှု မရှိသင့်ချေ။ သို့သော်လည်း အတိတ်က သေဆုံးသွားခဲ့ကြသည့် အဆုံးမဲ့သော သူ့ဗားရှင်းများက သူ့ကို ပြန်လာရန် အော်ဟစ်တောင်းဆိုနေကြလေသည်။ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ဆောင်ဘဲ တစ်ချက်ကြည့်စေချင်ရုံ၊ အတည်ပြုစေချင်ရုံမျှသာ ဖြစ်သည်။
သူ သတိပြန်ဝင်လာချိန်တွင် ကောင်းမင်သည် တံခါးဝသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းတစ်ခုလုံးကို အနီရောင်ချည်ကြိုးများဖြင့် ရစ်ပတ်ထားပြီး တံခါးထိပ်တွင် မှန်တစ်ချပ် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ အိမ်သာမှာ အိမ်၏ အလယ်ဗဟိုနှင့် နီးကပ်စွာ တည်ရှိနေပြီး ကျဉ်းမြောင်းသောကော်ရစ်ဒါက ဧည့်ခန်းဆီသို့ ဦးတည်နေခဲ့သည်။ နေ့ခင်းဘက်ဖြစ်သော်လည်း အခန်းတွင်းသည် အလွန်မှောင်မည်းနေပြီး မီးဖွင့်ထားလျှင်ပင် အုံ့မှိုင်းနေဆဲ ဖြစ်သည်။ ၎င်းကို ဖြတ်လျှောက်သွားချိန်တွင် တစ်ခုတစ်ခု ပုတ်သိုးနေသကဲ့သို့ ထူးဆန်းပြီး အနည်းငယ် ပုပ်အက်နေသောအနံ့တစ်ခုကို အကြောင်းရင်းမရှိ ရရှိလိုက်သည်။ မှတ်ဉာဏ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာလေသည်။ ကောင်းမင်၏ အကြည့်က ဧည့်ခန်းအတွင်းရှိ ငါးသေများ ပေါလောပေါ်နေသည့် ငါးကန်၊ ခြောက်သွေ့နေသော ငွေပင်၊ စုတ်ပြဲနေသော ကော်ဇောအောက်ရှိ အနက်ရောင်မြေမှုန်များ၊ မီးဆိုင်းတွင် ချည်နှောင်ထားသည့် သံချေးတက်နေသော မီးဖိုချောင်သုံးဓားနှင့် အခန်းမြောက်ဘက်တွင် ရှိနေသည့် အသုဘငွေစက္ကူပြာများ ပြည့်နေသော မီးဖိုပေါ်သို့ ကျရောက်သွားခဲ့သည်။
“သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး... အရမ်းရင်းနှီးတဲ့ တည်ဆောက်ပုံပဲ၊ ငါဒါကို အတိတ်နဲ့ အနာဂတ် နတ်ဘုရားအိမ်ရာထဲမှာ မြင်ဖူးခဲ့တယ်၊ အဲဒီတုန်းက ကောင်းမင်တစ်ယောက်က ဒီလိုအခန်းထဲမှာ ပိတ်မိနေခဲ့တာ” (အပိုင်း ၃၅၆တွင် ရှုပါ)
“ငါ့ခန္ဓာကိုယ်တစ်ခုလုံး ဆုတောင်းစာသားတွေ ပြည့်နေခဲ့တာ ငါမှတ်မိတယ်၊ ငါ့အဘွားက ငါ့ကို မကောင်းဆိုးဝါးတွေ မောင်းထုတ်ဖို့အတွက် အိမ်ထဲမှာ ခုနစ်ရက်ကြာအောင် နေခိုင်းခဲ့ပေမဲ့ အမှန်တော့ သူက တစ်စုံတစ်ခုရဲ့ လှည့်စားတာ ခံခဲ့ရတာပဲ၊ ငါ့ခန္ဓာကိုယ်ပေါ်မှာ ရေးထားတဲ့ စာသားတွေက ဆုတောင်းစာတွေ မဟုတ်ဘဲ ကျိန်စာတစ်မျိုးပဲ”
ကောင်းမင်သည် အနာဂတ်နတ်ဘုရားအိမ်ရာတွင် သူမြင်တွေ့ခဲ့ရသည့်အရာမှာ အမှန်တကယ်တော့ သူကိုယ်တိုင် လူသားကမ္ဘာတစ်ခုတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ သူအဘွားသာလျှင် ဤနေရာတွင် အမေဘက်မှအဘွား ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။
ဖိနှိပ်ထားခံသည့် နာကျင်ဖွယ်ငိုကြွေးသံတစ်ခုက အိပ်ခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ကောင်းမင်သည် ခေါင်းလောင်းပါသည့် အနီရောင်ချည်ကြိုးကို ရှောင်ရှား၍ ပင်မအိပ်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။
နံရံများပေါ်တွင် သိပ်သည်းသော အနီရောင်မျဉ်းကြောင်းများ ပြည့်နှက်နေပြီး မျက်နှာကြက်တွင် ဧရာမမျက်လုံးကြီးများကို ရေးဆွဲထားကာ နံရံများပေါ်တွင်လည်း ထောင်မတ်စွင့်ကားနေသည့် နားရွက်အမြောက်အမြားကို ရေးဆွဲထား၏။
အဘွားအိုသည် အိပ်ခန်းအလယ်ရှိ နှလုံးသားတစ်ခုဘေးတွင် ဒူးထောက်နေပြီး ထိုနှလုံးပေါ်တွင် ဘလိတ်ဓားများနှင့် ကျိန်စာအဆောင်စာရွက်မျိုးစုံ စိုက်ထားခဲ့သည်။
သူမ၏ အရေးအကြောင်းများသည် ကွဲအက်နေပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ဧရာမအရိပ်ကြီးတစ်ခု ပုန်းအောင်းနေပုံရသည်။ ကောင်းမင် ရောက်လာသည်ကို အာရုံခံမိလိုက်ချိန်တွင် ၎င်းက သူမ၏ လက်ကို ဘလိတ်ဓားများ စိုက်ထားသည့် နှလုံးပေါ်သို့ တင်းကျပ်စွာ ဆုပ်ကိုင်ခိုင်းလိုက်သည်။
အဘွားအို၏ လက်တွင် ဓားရှရာများ ထွက်ပေါ်လာပြီး သွေးများက နှလုံးပေါ်သို့ စီးကျသွားသည်။ သူမ၏ မျက်လုံးများသည် ကောင်းမင်ကို စိုက်ကြည့်နေပြီး သူမ၏ပါးစပ်မှ လုံးဝကွဲပြားသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းမှာ ကောင်းမင် ရင်းနှီးနေသည့် အသံပင်။
“ပြစ်ဒဏ်သုံးပါးနဲ့ နာကျင်စေတဲ့အရာတစ်ခုတို့ ယန်ဓားနှင့်တွေ့ဆုံခြင်း။ကောင်းကင်ဘုံက သားသမီးမပေးသော တိုင်လေးတိုင်ဇာတာခွင်။ ဒီလောကထဲက အရာအားလုံးဟာ ကံကြမ္မာပဲဖြစ်ပြီး ဘာကမှ ငါတို့အလိုအတိုင်း ဖြစ်မလာနိုင်ဘူး၊ ကမ္ဘာပေါ်က အရာအားလုံးဟာ ကံကြမ္မာပဲ”
“မင်း ငါ့ကို သတ်ဖို့ လာလိမ့်မယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒီလောက်မြန်လိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး၊ ဒါဟာ ကံကြမ္မာသစ်ပင်က မင်းကို ဒီကို ဆွဲခေါ်လာတာပဲ၊ ကံကြမ္မာက မင်းကို ငါ့ဆီကို တမင်လမ်းညွှန်ခဲ့တာ၊ အခုချိန်မှာ ဘာပြောပြော နောက်ကျသွားပြီ၊ ငါမင်းကို တစ်ခုပဲ ပြောချင်တယ်၊ မင်းဟာ အထီးကျန်တဲ့ကံကြမ္မာနဲ့ မွေးဖွားလာတာဖြစ်ပြီး မင်းတစ်ဘဝလုံး အိမ်ထောင်ဖက်ကင်းမဲ့ပြီး သားသမီးမရှိဘဲ ဘေးဒုက္ခတွေနဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်နေရမှာ၊ ဒါက မင်းရဲ့ ကံကြမ္မာပဲ၊ ဒါက မင်းရဲ့ မူလကံကြမ္မာပဲ”
သူ့နှလုံးသားကို ထိုးဖောက်လိုက်သည့် ဓားသွားက အဘွားအို၏ လက်ဖဝါးကိုပါ ထိုးဖောက်သွားခဲ့သည်။ သူမ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေပြီး ကောင်းမင်ကို သေချာစွာ စိုက်ကြည့်နေခဲ့သည်။
သူမစကားပြောပြီးနောက် ကောင်းမင်၏ အရေပြားပေါ်တွင် အနက်ရောင်ကံကြမ္မာအမှတ်အသားများ ပေါ်ထွက်လာပြီး ၎င်းမှာ အစောပိုင်းက ကံကြမ္မာမဲ့နေသော သူ့ကို မှတ်သားလိုက်ခြင်း ဖြစ်သည်။ ကောင်းမင် အာရုံခံမိသည်မှာ အကယ်၍ သူမသာ ဤဝတ်ပြုဓလေ့အခမ်းအနားတစ်ခုလုံးကို ပြီးမြောက်အောင် လုပ်ဆောင်သွားပါက သူသည် ကံကြမ္မာသစ်ပင်နှင့် ထပ်မံ ငြိတွယ်သွားရပေလိမ့်မည်။ ရှင်းလုသွေးမြို့တော်သခင်ထံမှ ငှားရမ်းလာခဲ့သည့် ပြန်လည်မွေးဖွားခြင်း သားသတ်ဓားကို တိတ်ဆိတ်စွာ ဆွဲထုတ်လိုက်ချိန်တွင် ကောင်းမင်၏ မျက်နှာမှာ ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူ့ဒေါသမှာ သူ့မိသားစု၏ သစ္စာဖောက်ခြင်း ခံရ၍ မဟုတ်ဘဲ အဘွားအို၏ ပါးစပ်မှ ထွက်ပေါ်လာသော အသံကို မှတ်မိသွားခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ လုဇန်၏ အသံပင် ဖြစ်သည်။
အတိတ်က အနာဂတ်နတ်ဘုရား၏ ရပ်ကွက်တွင် ကောင်းမင်မှတ်မိသည်မှာ သူ့အဘွားသည် မျှော်လင့်ချက်မဲ့နေစဉ်အတွင်း ပယောဂဆရာတစ်ယောက်၏ စကားကို ယုံကြည်ခဲ့ပြီး အိမ်ရှိ ငွေကြေးအားလုံးကို သုံးစွဲ၍ ကောင်းမင်အား လူမဆန်အောင် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုပယောဂဆရာမှာ မည်သူဖြစ်ကြောင်း အမြဲတမ်း သိချင်နေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကောင်းမင် နောက်ဆုံး၌ အဖြေရသွားခဲ့ပြီ ဖြစ်သည်။
ဖြစ်နိုင်သည်က သူ့ကိုယ်ပိုင်အစီအစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်နှင့် ကောင်းမင်အား ပြီးပြည့်စုံသောပွန်းရုပ်တစ်ကောင်အဖြစ် မွေးမြူရန် သို့မဟုတ် ကောင်းမင်ကို ထိန်းချုပ်မည့် နည်းလမ်းတစ်ခု ချန်ထားရန်အတွက် လုဇန်သည် အဆုံးမဲ့လူသားလောကအတွင်း ဤအရာအားလုံးကို စီစဥ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
“ဖြစ်နိုင်တာက ဒါက ဒီကမ္ဘာတစ်ခုတည်းတင် မဟုတ်ဘူး၊ ငါ့ တခြားဗားရှင်းတွေ၊ ငါ့မိသားစုတွေ၊ ငါနဲ့ ဆက်နွှယ်နေတဲ့သူအားလုံး... ဖြစ်နိုင်တာက ငါ့ကို ဒီလိုမျိုး နာကျင်အောင်လုပ်ခဲ့တာက မင်းပဲ”
သားသတ်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ရာ သွေးများက ကောင်းမင်၏ မျက်လုံးထဲသို့ စိမ့်ဝင်သွားခဲ့သည်။ သူ၏ ရယ်မောသံမှာ ပုံပျက်နေပြီး ငိုကြွေးမြည်တမ်းသံတစ်ခုနှင့် တူနေလေသည်။
“မင်း...”
“တကယ်ကြီးကိုး...”