← Chapters

အခန်း ၉၁၆

Vol. 65 Ch. 916

အခန်း ၉၁၆

Vol. 65 Ch. 916

အပိုင်း (၉၁၆) ငါတို့က မိစ္ဆာဝိညာဉ်တွေမဟုတ်ဘူး

တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲခြင်းသည် ကြောက်မက်ဖွယ် ပေးဆပ်မှုတစ်ခုနှင့်အတူ အမြဲတမ်း လိုက်ပါလာလေ့ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးက ထိုပေးဆပ်မှုကို မခံနိုင်ပါက ကပ်ဘေးသည် သူ၏ သွေးသားရင်းချာများ သို့မဟုတ် သူနှင့် ဆက်စပ်နေသော အခြားသူများထံသို့ ကူးပြောင်းသွားပေလိမ့်မည်။

ကောင်းမင်သည် အရေးအကြောင်းများ ဆုတ်ဖြဲခံထားရသည့် အဘွားအိုကိုလည်းကောင်း၊ ဓားသွားဖြင့် အထိုးခံထားရသည့် သူမ၏ လက်ကိုလည်းကောင်း၊ သူမ၏ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့ ဆိုးယုတ်မှုများကို ထုတ်လွှတ်နေသည့် အရိပ်ကိုလည်းကောင်း စိုက်ကြည့်လိုက်သည်။

“သူ့ကို ဘာလို့ ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေ ခံစားစေရတာလဲ... ဘာလို့ ငါ့ကို ရွေးချယ်ခဲ့တာလဲ”

ဓားသွား၏ စူးရှရှအလင်းတန်းအတွင်းမှ ဖော်မပြနိုင်သော နောင်တရိပ်များ ထွက်ပေါ်လာသည်။ အနီရောင်ကြိုးမျှင်ပြတ်တောက်သွားပြီး ခေါင်းလောင်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ ကောင်းမင် စကားပြောလိုက်သည့် တစ်ချိန်တည်းမှာပင် သူ့ဓားကို အရှိန်ပြင်းပြင်းဖြင့် ခုတ်ချလိုက်ပြီ ဖြစ်သည်။ သူသည် လုဇန်ကို သတ်ပစ်ချင်နေပြီး အသည်းအသန် သေစေချင်နေခဲ့သည်။

အဘွားအို၏ ခန္ဓာကိုယ်ပေါ်မှ အရိပ်သည် စကားပင်မပြောရသေးမီ နှစ်ခြမ်းကွဲသွားပြီး စတင်လောင်ကျွမ်းလာရာ ကောင်းမင်က ထိုအရိပ်၏ ဦးခေါင်းကို လှမ်းဆွဲလိုက်သည်။

“မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ငါကူညီပေးခဲ့တာ၊ အဲဒီအတွက်ကြောင့် လူအများကြီး သေခဲ့ရတယ်... မင်းငါ့ကို ကျေးဇူးတင်သင့်တယ်”

အရိပ်များထဲမှ လုဇန်၏ အသံ ထွက်ပေါ်လာ၏။

“ငါမင်းကို ပွန်းရုပ်တစ်ကောင်လို အသုံးချခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ မင်းက ငါ့အစီအစဉ်အတိုင်း မလုပ်ခဲ့ဘူး... ငါ ဒီလောက်အကြာကြီး စီစဉ်ခဲ့ရတာ၊ မူလက ဟန်ဟိုင်းနဲ့ ရှင်းလုသွေးမြို့တော် နှစ်ခုလုံး ငါ့အပိုင် ဖြစ်ရမှာ... အနာဂတ်မှာ ကံကြမ္မာသစ်ပင်ကို အစားထိုးဖို့ ငါ့မှာ အခွင့်အရေးအရှိဆုံးပဲ၊ အခု မင်းက အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ”

အရိပ်ဦးခေါင်း၏ စကားများသည် သူကိုယ်တိုင် သုညအတုဖြစ်ကြောင်း သွယ်ဝိုက်ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဟန်ဖေး ပြောခဲ့သည်မှာ သုညအတုသည် အဆုံးမဲ့လူသားလောကသို့ ထွက်ပြေးသွားခဲ့သည် ဟူ၏။ အတွင်းကမ္ဘာမှ သရဲများနှင့် မကောင်းဆိုးဝါးအားလုံးသည် အဆုံးမဲ့လူသားလောက၏ ငြင်းပယ်ခံရမည်ဖြစ်သော်လည်း နဂါးချိတ်ပိတ်ရွာမှလာသော လုဇန်တစ်ယောက်တည်းသာ အဆုံးမဲ့လူသားလောကနှင့် အတွင်းကမ္ဘာကြားသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး ကံကြမ္မာ၏ အကြည့်ကို ပယ်ဖျောက်ထားနိုင်ခြင်း ဖြစ်သည်။

“အခု မင်းရဲ့ အကြီးမားဆုံးရန်သူက ကံကြမ္မာပဲ၊ ငါ့အပေါ်မှာ အချိန်မဖြုန်းစမ်းပါနဲ့... တကယ်လို့ မင်း ငါနဲ့အတူ သေချင်တယ်ဆိုရင်လည်း ကံကြမ္မာက မင်းကို စောစောစီးစီး ရှာတွေ့သွားစေဖို့ ငါလည်း မတတ်နိုင်တော့ဘူး”

ကောင်းမင်သည် ဘာစကားကိုမှ နားမထောင်ပဲ သူ့ရင်ဘတ်ကို ဆုတ်ဖြဲ၍ ထိုအရိပ်ဦးခေါင်းကို ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ နှိပ်စက်ကိရိယာများ ပြည့်နှက်နေသည့် နက်ရှိုင်းသော အမှောင်ထုထဲသို့ အတင်းအကျပ် ထိုးထည့်လိုက်တော့သည်။

“အတွင်းကမ္ဘာရဲ့ သွေးယဇ်ပူဇော်မှုက ပြီးဆုံးသွားပြီ... ငါ့ရည်မှန်းချက် အောင်မြင်သွားပြီကွ”

လုဇန်က ဆက်လက်အော်ဟစ်နေသော်လည်း ကောင်းမင်က မတုန်မလှုပ်ပင်။ အတိတ်က သေဆုံးသွားခဲ့သည့် မရေမတွက်နိုင်သော သူ့ကိုယ်ပိုင်ဗားရှင်းများသည် ထိုအရိပ်ဦးခေါင်းကို စိုက်ကြည့်နေကြပြီး အားလုံးက ၎င်းကို သေစေချင်နေကြသည်။

“မင်း ငါ့ကို သတ်လို့မရဘူးကွ... မင်းငါ့ကို မရှာတွေ့ခင် ကံကြမ္မာက မင်းရဲ့ နာမည်အစစ်ကို အရင်ရှာတွေ့သွားလိမ့်မယ်၊ ကံကြမ္မာသစ်ပင် ပြိုလဲသွားလိမ့်မယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းအဲဒါကို ဘယ်တော့မှ မြင်တွေ့ရမှာမဟုတ်ဘူး”

ချိန်းကြိုးများက အရိပ်ဦးခေါင်းကို တင်းကျပ်စွာ ချည်နှောင်ထားပြီး သားစားကြူးနတ်ဘုရား၏ စွမ်းအားက ၎င်းကို ဝန်းရံထားသဖြင့် ‘သတ်သေခြင်း’ ကို တားဆီးပေးထား၏။ ညှဉ်းပန်းနှိပ်စက်သံများမှာ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းမှ ပဲ့တင်ထွက်ပေါ်လာပြီး ကောင်းမင်သည် တိုက်ခန်းအတွင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူ့ကလေးဘဝက အိမ်တွင်းအမှတ်တရများသည် နွေးထွေးပြီး လှပခဲ့ဖူးသည်။ သူ့အဘိုးမှာ အလုပ်သမားတစ်ဦးဖြစ်ပြီး အဘွားမှာ ဆရာမတစ်ဦး ဖြစ်ကာ မိဘများတွင်လည်း ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များ ရှိကြသည်။ အိမ်၏ ထောင့်တိုင်းတွင် ကောင်းမင်နှင့် သူချစ်ရသူများ၏ အမှတ်တရများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ထိုအခန်းမှာ ကြောက်မက်ဖွယ်ကောင်းသော အသုံးအဆောင်ပစ္စည်းများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

“လုဇန်က အဘွားအိုကို ပူးကပ်ပြီး မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့ ဒီအရာတွေကို အသုံးပြုခဲ့တာ၊ အိမ်မှာရှိ ငွေတွေအားလုံးကို သုံးစွဲခဲ့တယ်”

“ငါ့မိသားစုရဲ့ ကလေးဘဝအကြောင်း ဇာတ်လမ်းတွေကို ငါကြားဖူးတယ်၊ ငါ့အဘိုးအဘွားတွေပဲဖြစ်ဖြစ်၊ ငါ့အဖေ၊ ငါ့အမေပဲဖြစ်ဖြစ်... သူတို့အားလုံး ကောင်းမွန်တဲ့ ဘဝတွေ ရှိခဲ့ကြသူတွေပဲ... ငါ့ကြောင့်ပဲ သူတို့အားလုံး ဒီလိုအခြေအနေမျိုး ရောက်ကုန်ကြတာ”

ဒဏ်ရာမှ သွေးများ ဆက်လက်စိမ့်ထွက်နေခဲ့သည်။ အဘွားအို၏ ပါးစပ်မှတစ်ဆင့် လုဇန်ပြောခဲ့သော စကားများကြောင့် ကောင်းမင်၏ ကံကြမ္မာသည် ကံကြမ္မာသစ်ပင်နှင့် ထပ်မံ ငြိတွယ်သွားပေတော့မည်။

“ရှေ့မှာ အင်အားကြီးရန်သူရှိနေတာမို့ လုဇန်နဲ့ အချိန်အကြာကြီး မပတ်သက်သင့်ဘူး... ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် ပွန်းရုပ်တစ်ကောင်အနေနဲ့ ငါလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီးပြီပဲ... ငါသေရင်တောင် အတွင်းကမ္ဘာထဲမှာ တခြားသူတွေ ရှိနေသေးတာပဲ၊ သူတို့က ငါလို သာမန်လူတစ်ယောက်ထက် ပိုအစွမ်းထက်တယ်၊ ပိုကြီးမြတ်တယ်၊ ပိုဆွဲဆောင်မှုရှိတယ်... ဒါကြောင့် အခုငါရှင်သန်နေရတဲ့ စက္ကန့်တိုင်းဟာ ငါ့ကိုယ်ပိုင်အချိန်တွေပဲ... ငါလုပ်ချင်တာကို ငါလုပ်လို့ရတယ်၊ ဥပမာ လုဇန်ကို အရင်သတ်ပြီးမှ စီတုအန်းတွေအားလုံးကို သတ်ပစ်တာမျိုးပေါ့”

ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးကို အကျယ်ဆုံးအထိ ဖြည်းညင်းစွာ ဖွင့်လိုက်ရင်း ကောင်းမင်သည် ငိုကြွေးနေသလား ရယ်မောနေသလား မသိရချေ။ သူသည် ပြတင်းပေါက်နားတွင် ရပ်လျက် ဤကမ္ဘာကြီးဆီသို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လေသည်။

“ငါတို့က မိစ္ဆာဝိညာဉ်တွေမဟုတ်ဘူး... ငါတို့က လက်စားချေချင်ရုံသက်သက်ပဲ”

မရေမတွက်နိုင်သော ဝိညာဉ်များနှင့် အငြိုးကြီးသရဲများသည် ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းမှ တွားသွားထွက်လာကြပြီး ကြယ်စုံနေသော ကောင်းကင်နှင့် လမင်း၏အလင်းရောင်ကို ဖုံးလွှမ်းသွားကြသည်။ ယနေ့ညတွင် ဤမြို့ကြီးရှိ လူတိုင်းသည် တူညီသောအိပ်မက်ကို မက်ကြပေလိမ့်မည်။ ဟင်းလင်းပြင်သွေးမြို့တော်ပိုင်ရှင်၏ စွမ်းအားကို အသုံးပြုပြီးနောက် ကောင်းမင်သည် ပြင်းထန်သော ငြင်းပယ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤလူသားကမ္ဘာသည် သူ့ကို ဖိနှိပ်နေပြီး ဖယ်ရှားပစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

“အတွင်းကမ္ဘာရဲ့ စွမ်းအားကို အသုံးပြုလိုက်တာနဲ့ လူသားကမ္ဘာရဲ့ စည်းမျဉ်းတွေရဲ့ ငြင်းပယ်တာကို ခံရလိမ့်မယ်... တကယ်လို့ ငါက ဒီလူသားကမ္ဘာကို အမြဲတမ်း ပျက်စီးနေအောင် မလုပ်ချင်ဘူးဆိုရင် အများဆုံး တစ်ရက်နဲ့ တစ်ညပဲ တောင့်ခံနိုင်လိမ့်မယ်၊ ဒါပေမဲ့ အဲဒီအချိန်က လုံလောက်ပါတယ်”

စက္ကူမျက်နှာဖုံး၏ မျက်လုံးနှင့် ပြန်လည်မွေးဖွားခြင်းဓား၏ လမ်းညွှန်မှုအရ ကောင်းမင်သည် လူသားလောက၏ သစ်ရွက်များကြားတွင် အရာနှစ်ခုကို ရှာဖွေနေခဲ့သည်။ တစ်ခုမှာ ကံကြမ္မာ၏ သွေးကြောများကို ဖြတ်တောက်မည့် နည်းလမ်းဖြစ်ပြီး အခြားတစ်ခုမှာ လုဇန်ပင် ဖြစ်သည်။

နဂါးချိတ်ပိတ်ရွာမှ ထွက်လာသော ထိုမိစ္ဆာကောင်သည် အစွမ်းထက်လှပြီး လူသားလောက၏ သစ်ရွက်များစွာတွင် သူ့ကိုယ်ပိုင်အစီအမံများကို ချန်ထားခဲ့ခြင်းဖြစ်သည်။ သူ၏ကိုယ်အစစ်အမှန်မှာလည်း အလွန်လျှို့ဝှက်စွာ ပုန်းကွယ်နေခဲ့သဖြင့် ကောင်းမင် သူ့ကို ရှာမတွေ့နိုင်ဟု သူထင်နေခြင်း ဖြစ်ပေလိမ့်မည်။

ညက စောစီးစွာ ကျရောက်လာပြီး ကောင်းမင်သည် အိပ်မက်ဆိုးများကို တစ်ခုပြီးတစ်ခု စူးစမ်းရှာဖွေရင်း ရှာဖွေတွေ့ရှိမှုများစွာ ရှိခဲ့သည်။

အလွန်လျှို့ဝှက်သော ထောင့်တစ်ခုတွင် အိပ်မက်ဆိုးအချို့သည် နေရာတစ်ခုတည်းဆီသို့ ညွှန်ပြနေကြသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုများသည် နေရာတစ်ခုတွင် စုစည်းနေပြီး စက္ကူမျက်လုံးက အလင်းရောင်မဲ့နေသော လမ်းကြားတစ်ခုကို တုံ့ပြန်နေသည့်အလား ကောင်းမင်အား ထိုနေရာသို့ သွားရန် မျှော်လင့်နေပုံရသည်။

တိုက်ခန်းတွဲမှ ထွက်ခွာပြီးနောက် ကောင်းမင်သည် ရင်းနှီးပြီးသားဖြစ်သလို မရင်းနှီးသော လမ်းများအတိုင်း လျှောက်လှမ်းနေခဲ့သည်။ သူသည် မည်သည့်ဦးတည်ချက်ကိုမျှ တမင်မရွေးချယ်ခဲ့ဘဲ သူ့စိတ်ဆန္ဒကို အိပ်မက်လောကအတွင်းသို့ ပြန့်ကျဲသွားစေခဲ့သည်။သို့ဖြစ်၍ သူနောက်ထပ် ဘယ်နေရာကိုသွားမည်ကို ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်တော့ချေ။

မြို့ပြမီးရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ သရဲများထံမှ သတင်းစကားများကို ဆက်လက်ရရှိနေခဲ့သည်။ လူသားဖြစ်တည်မှုသစ်ပင်ပေါ်ရှိ ပုံမှန်မဟုတ်သော ဖြစ်ရပ်များအားလုံးကို ချိတ်ပိတ်ထားသဖြင့် သာမန်လူများ မသိရှိကြဘဲ လူသားတို့၏ ဖြစ်တည်မှုမှာ သဘာဝအတိုင်း ဤသို့ပင် ရှိနေသည်ဟု အားလုံးက ယုံကြည်နေကြသည်။

သို့သော်လည်း သရဲများ၏ လိုက်လံစုံစမ်းစစ်ဆေးမှုအောက်တွင် ကောင်းမင်သည် လူသားတို့၏ ဖြစ်တည်မှုအတွင်း စွမ်းအားတစ်ခု ပုန်းကွယ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့သည် နည်းလမ်းမျိုးစုံကို သုံး၍ မူမမှန်မှုအချို့ကို လူအများအပြား မြင်တွေ့နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။ ထိုမူမမှန်မှုများကို မြင်တွေ့ရသူတိုင်းသည် သူတို့စိတ်ထဲတွင် သံသယမျိုးစေ့တစ်ခု စိုက်ပျိုးခံရမည်ဖြစ်ပြီး ထိုမျိုးစေ့ အမြစ်တွယ်အညှောက်ပေါက်လာသည်နှင့် သူတို့၏ ကံကြမ္မာသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားပေလိမ့်မည်။

ကောင်းမင်သည် ဤစွမ်းအားကို မည်သို့အမည်ပေးရမှန်း မသိချေ။ ၎င်းသည် တိကျသော မျှခြေတစ်ခုကို ထိန်းသိမ်းထားပြီး ကံကြမ္မာသစ်ပင်၏ ရှာဖွေတွေ့ရှိမှုကိုလည်း မခံရသလို လူအများအပြားကို အမှန်တရားထုတ်ဖော်ပြသရန်လည်း မပျက်ကွက်ခဲ့ချေ။

အချိန်အတော်ကြာ လျှောက်လှမ်းလာပြီးနောက် ကောင်းမင်ရှေ့ရှိ လမ်းမီးတိုင်များ တဖျတ်ဖျတ်ဖြစ်သွားပြီး ယခင်က သူတစ်ခါမှ မမြင်ဖူးသော လမ်းတစ်ခု ပေါ်ထွက်လာလေသည်။

“ဒါက အဲဒီလူတွေ သူတို့ရဲ့ အိပ်မက်ဆိုးတွေထဲမှာ မြင်ခဲ့ရတဲ့အရာနဲ့ တူတယ်”

လမ်းကြားအတိုင်း လျှောက်လှမ်းရင်း ကောင်းမင်၏ စိတ်မသက်မသာဖြစ်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ ဤနေရာမှာ ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေပြီး သရဲတစ်ကောင်တစ်လေပင် မတွေ့ရချေ။

“ရှင်းလုမြို့တော်မှာ ဒီလို ယိုယွင်းပျက်စီးနေတဲ့ လမ်းတွေ မရှိနိုင်ဘူး၊ ဒါပေမဲ့ ဒါက တကယ်ကြီး တည်ရှိနေတာ... ဒီစွမ်းအားက အတွင်းကမ္ဘာရဲ့ စည်းမျဉ်းတွေနဲ့ လုံးဝမတူဘူး၊ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ စွမ်းရည်တချို့ကို သုံးပြီး သူ့ကိုယ်သူ လုံးဝ ဖုံးကွယ်ထားပုံရတယ်”

စက္ကူမျက်လုံး၏ လမ်းညွှန်မှုအရ ကောင်းမင်သည် အိုဟောင်းစုတ်ပြတ်နေသော အိမ်ဟောင်းတစ်လုံးအတွင်းသို့ ဝင်ရောက်လိုက်သည်။ အတွင်းပိုင်းမှာ ရှုပ်ပွနေပြီး ပရိဘောဂအဟောင်းများဖြင့် ပြည့်နှက်နေလေသည်။

၎င်းကို ဖြတ်ကျော်၍ တစ်ဝက်ဟထားသော သစ်သားတံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ချိန်တွင် ကောင်းမင်သည် ထူးဆန်းသောအခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ကျိုးပဲ့နေသော ကြမ်းပြင်အုတ်ချပ်များအောက်တွင် တစ်စုံတစ်ခုက ပိုးကောင်များကဲ့သို့ တွားသွားနေပုံရသည်။ အခန်း၏ အလယ်ဗဟိုတွင် ဧရာမ အနက်ရောင်ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေပြီး ၎င်းအပေါ်တွင် စုတ်ပြဲနေသော စက္ကူမျက်နှာဖုံးသုံးခု လဲလျောင်းနေလေသည်။

All Chapters