← Chapters

အခန်း ၉၁၇

Vol. 65 Ch. 917

အခန်း ၉၁၇

Vol. 65 Ch. 917

အပိုင်း (၉၁၇) နည်းလမ်းတစ်ခုပဲ ရှိတယ်

“နောက်ထပ် စက္ကူမျက်နှာဖုံးတစ်ခုလား... ဒီအခန်းနဲ့ ဟင်းလင်းပြင်သွေးမြို့တော်ကြားမှာ ဘာပတ်သက်မှု ရှိတာလဲ”

ယုတ္တိဗေဒအရ ဟင်းလင်းပြင်သွေးမြို့တော်မှ သရဲများသည် အတွင်းကမ္ဘာမှတစ်ဆင့် အဆုံးမဲ့လူသားလောကအတွင်းသို့ မဝင်ရောက်နိုင်သင့်ချေ။ သို့သော်လည်း ယခုနေရာတွင် ဟင်းလင်းပြင်သွေးမြို့တော်၏ ဧရာမဂူသင်္ချိုင်းအတွင်းရှိ သရဲများ ဝတ်ဆင်ထားသည့် စက္ကူမျက်နှာဖုံးမျိုး ပေါ်လာနေပြီ ဖြစ်သည်။

“တစ်ယောက်ယောက်က ဒီစက္ကူမျက်နှာဖုံးတွေကို အဆုံးမဲ့လူသားလောကကနေ ယူလာခဲ့တာ ဖြစ်နိုင်မလား”

အဆုံးမဲ့လူသားလောကမှ အတွင်းကမ္ဘာသို့ ဝင်ရောက်ရန်မှာ အတော်လေး လွယ်ကူကြောင်း ကောင်းမင် သိထားသည်။ အနည်းဆုံးတော့ လုဇန်က ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်။

သူ၏ အိပ်မက်ချည်မျှင်များသည် တစ်ခဏချင်းအတွင်း အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားရာ ကောင်းမင်၏ မျက်စိအောက်မှ မည်သည့်အရာမျှ လွတ်မြောက်သွားခြင်း မရှိချေ။ သူ နားမလည်နိုင်သည့် တစ်ခုတည်းသောအရာမှာ ယဇ်ပလ္လင်ပေါ်မှ မျက်နှာဖုံးပင် ဖြစ်သည်။ စက္ကူသည် အလွန်ပါးလွှာလှသဖြင့် မျက်နှာဖုံးတစ်ခုအဖြစ် အသုံးပြုရန် လုံးဝမသင့်တော်ပေ။ ၎င်းက နူးညံ့ပြီး မီးလောင်လွယ်ကာ ရေစိုလွယ်သည်။ ၎င်းသည် မီး၊ ရေ၊ စုတ်ပြဲခြင်းနှင့် ဖြတ်တောက်ခံရခြင်းတို့ကို ကြောက်ရွံ့သည်။ ၎င်းမှာ ကံကြမ္မာကို ကိုယ်တိုင်မစီမံနိုင်ဘဲ ကံကြမ္မာ၏ စိတ်တိုင်းကျ နှိပ်စက်ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည့် အဆုံးမဲ့လူသားလောကရှိ သနားစရာကောင်းသော လူသားများနှင့် တူလှသည်။ တော်လှန်ပုန်ကန်ရန် ရုန်းကြွလာသည့် တဒင်္ဂမှာပင် ၎င်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ယဇ်ပလ္လင်ပေါ်မှ မျက်နှာဖုံးကို ကောက်ကိုင်လိုက်ရင်း ကောင်းမင် စိုက်ကြည့်နေမိရာ ၎င်းအတွင်း၌ သူ့ကိုယ်သူ ပြန်လည်မြင်တွေ့နေရသည့်အလား ခံစားလိုက်ရသည်။

သူသည် သားစားကြူးနတ်ဘုရားနှင့် မဆုံတွေ့ရသေးမီက ဥမင်လိုဏ်ခေါင်းအတွင်းမှ ထွက်လာပြီးနောက် တစ်ကြိမ်ပြီးတစ်ကြိမ် အသတ်ခံခဲ့ရသည်။ သူ၏ ရုန်းကန်မှုအားလုံးသည် ရယ်မောစရာဟာသမျှသာ ဖြစ်ခဲ့ပြီး သူ့အသက်မှာ စက္ကူတစ်ရွက်ထက်ပင် တန်ဖိုးမရှိခဲ့ချေ။

“အသက်က စက္ကူထက် ပါးတယ်... ငါ ဒီလောက်အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရတာဟာ တချိုအနက်အဓိပ္ပာယ်ကို ရဖို့အတွက်ပဲ”

သူ အတွေးလွန်နေစဉ် ကောင်းမင်လက်ထဲရှိ စက္ကူမျက်နှာဖုံးအောက်မှ ဖောက်ထားသော အပေါက်နှစ်ခုအတွင်း၌ လူသားတစ်ယောက်၏ မျက်လုံးတစ်စုံက ရုတ်တရက် ပုတ်ခတ်လှုပ်ရှားလာလေသည်။

ကောင်းမင် သူ မျက်စိမမှားကြောင်း သေချာပေသည်။ အတွင်းကမ္ဘာမှ ကြီးမြတ်သော မိစ္ဆာဝိညာဉ်တစ်ကောင်အနေဖြင့် မည်သည့်သရဲမျှ သူ့ကို လှည့်စားနိုင်မည်ဟု သူမယုံကြည်ချေ။

“ဒါ ဘယ်သူ့မျက်လုံးတွေလဲ... ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ”

အတွင်းကမ္ဘာနှင့် အဆုံးမဲ့လူသားလောက၏ စွမ်းအားစနစ်များမှာ လုံးဝကွဲပြားခြားနားလှသဖြင့် ကောင်းမင် နားမလည်နိုင်ချေ။ တစ်စုံတစ်ဦးက ထိုမျက်နှာဖုံးမှတစ်ဆင့် သူ့ကို လှမ်းကြည့်နေပြီး ထိုသူမှာ ရန်လိုမုန်းတီးစိတ် မရှိကြောင်းကိုသာ သူခံစားရသည်။

“သူက ဘယ်သူ ဖြစ်နိုင်မလဲ...”

“ဒီငရဲလိုနေရာကို တည်ဆောက်ပြီး စက္ကူမျက်နှာဖုံးကို ချန်ထားခဲ့တဲ့သူလား...”

“ဒါမှမဟုတ် ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုလား...”

“ဒါမှမဟုတ် အတိတ်က သေဆုံးသွားခဲ့တဲ့ ငါ့ရဲ့ အနာဂတ်ငါက တစ်ဖက်ကနေ ငါ့ကို လှမ်းကြည့်နေတာလား...”

ယခုတွင် စက္ကူမျက်နှာဖုံး၌ အဓိပ္ပာယ်များစွာ ရှိနေကြောင်း ကောင်းမင် သိသွားခဲ့ပြီဖြစ်ရာ အဓိပ္ပာယ်ကောက်ယူချက်အားလုံးမှာ မှန်ကန်နိုင်ခြေ ရှိပေသည်။

သူ့ခန့်မှန်းချက်များကို ထပ်မံအတည်ပြုရန်အတွက် ခဏမျှ စဉ်းစားပြီးနောက် ကောင်းမင်သည် ထိုမျက်နှာဖုံးကို သူ့မျက်နှာပေါ်သို့ ဖြည်းညင်းစွာ စွပ်လိုက်တော့သည်။

ဟင်းလင်းပြင်သွေးမြို့တော်အတွင်း စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသည့် သရဲများနှင့် မကောင်းဆိုးဝါးများကို သူမြင်တွေ့ခဲ့စဉ်ကတည်းက စမ်းသပ်ဝတ်ဆင်ကြည့်ရန် စဉ်းစားခဲ့ဖူးသည်။ အခုတော့ နောက်ဆုံး၌ သူဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ထိုပါးလွှာသော စက္ကူမျက်နှာဖုံးမှာ အစကတည်းက သူ့အပိုင် ဖြစ်နေခဲ့သည့်အလား သို့မဟုတ် သူ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့်အလား ဖြစ်နေလေသည်။ ၎င်းသည် သေဆုံးသွားသော သူ့အလောင်းမှ အရေပြားကို ခွာယူထားသည့်အလား သူ့မျက်နှာနှင့် အံကိုက် ဖြစ်နေခဲ့သည်။

မည်သည့်မသက်မသာဖြစ်မှု သို့မဟုတ် မည်သည့်နာကျင်မှုမျှ မရှိဘဲ လူသေအလောင်းတစ်ခုနှင့် ဖိကပ်ထားသကဲ့သို့ အေးစက်စက် ခံစားချက်တစ်ခုကိုသာ ပေးစွမ်းနေသည်။ အံ့ဩစရာကောင်းသည်မှာ ၎င်းက ရွံရှာဖွယ်မကောင်းဘဲ ထိုထူးဆန်းသော ခံစားချက်အား ရင်းနှီးနေခြင်းပင် ဖြစ်သည်။

“ထူးဆန်းတယ်... ဒီစက္ကူမျက်နှာဖုံးက ငါသေပြီးနောက် ငါ့အရေပြားနဲ့ လုပ်ထားတာ ဖြစ်နိုင်မလား”

ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်အဖြစ် စည်းမျဉ်းနှစ်ခုကို ပိုင်ဆိုင်ထားပြီး အပြောင်းအလဲတစ်ခုကို ရရှိထားသော ကောင်းမင်၏ အာရုံခံစားနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ကောင်းမင်အား ပို၍အံ့ဩသွားစေသည်မှာ မျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက် သူ့အပေါ် ကျရောက်နေသည့် ကံကြမ္မာ၏ စောင့်ကြည့်မှုများမှာ သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။ ဤစက္ကူမျက်နှာဖုံးသည် ကံကြမ္မာကို လုယူချင်ကြသည့် အဆုံးမဲ့လူသားလောကရှိ သူများအတွက် အကာအကွယ်တစ်မျိုးကို ပေးစွမ်းနေလေသည်။

သူ့မျက်တောင်များကို ခတ်လိုက်သည့်နှင့် ကောင်းမင်သည် လူတိုင်း၏ ဝိညာဉ်များကို ဖောက်ထွင်းထားသည့် သေခြင်းနှင့် ရှင်ခြင်းကြားမှ မရေမတွက်နိုင်သော ကြိုးမျှင်များကို မြင်တွေ့လိုက်ရသည်။ ထိုမမြင်နိုင်သော ကြိုးမျှင်များသည် သက်ရှိလူတိုင်းကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲထားခဲ့သည်။

“ဘဝဆိုတာ ကြိုးမျှင်တစ်မျှင်လိုပဲ... တစ်ဖက်က စစ်မှန်တဲ့ ကိုယ်ကိုယ်တိုင်ဖြစ်ပြီး အခြားတစ်ဖက်ကတော့ ကံကြမ္မာပဲ”

ကောင်းမင်သည် လူတိုင်းကို ချည်နှောင်ထားသည့် ကြိုးမျှင်များကို မဖြတ်တောက်နိုင်ချေ။ ကံကြမ္မာသစ်ပင် မပျက်စီးသရွေ့ မည်သူမျှ ထိုသို့မလုပ်ဆောင်နိုင်ဘဲ ထိုသို့ဖြစ်မှသာ သက်ရှိအားလုံးထံ ဘဝကို စစ်မှန်စွာ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။

ကံကြမ္မာကြိုးမျှင်ကို တီးခတ်ရင်း ကောင်းမင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူကိုယ်တိုင်မှလွဲ၍ ဤလောကရှိ လူတိုင်းမှာ ချည်နှောင်ခံထားရပုံရသည်။

စက္ကူမျက်လုံးက သူ့လက်ဖဝါးထဲတွင် လှုပ်ရှားနေခဲ့သည်။ ၎င်း၏ လှုပ်ရှားမှုများအရ ကောင်းမင်သည် အခြားစက္ကူမျက်နှာဖုံးနှစ်ခုကို ထပ်မံကောက်ကိုင်လိုက်သည်။ တစ်ခုပြီးတစ်ခု စမ်းသပ်ပြီးနောက် မျက်နှာဖုံးသုံးလုံးမှာ အစကတည်းက သူ့အပိုင် ဖြစ်နေခဲ့သည့်အလား သူ့မျက်နှာနှင့် ကွက်တိ ထပ်တူကျနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

“ထူးဆန်းတယ်... အရမ်းထူးဆန်းတယ်”

ကောင်းမင်သည် သူ့အသိစိတ်ကို စက္ကူမျက်နှာဖုံးများအတွင်းသို့ ထိုးဖောက်ရန် ကြိုးစားလိုက်သည်။ အက်ကြောင်းများ ပေါ်ထွက်လာပြီး မျက်နှာဖုံးများ စတင်ပျက်စီးလာချိန်တွင် ဖျော့တော့သော သတင်းစကားတစ်ခုက ကောင်းမင်စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

“လူသေကို လူရှင်လို ဆက်ဆံပါ” ဆိုသည်မှာ မူလက သေဆုံးသွားသော မိသားစုဝင်များကို အသက်ရှင်နေသေးသကဲ့သို့ ပြုမူခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စက္ကူမျက်နှာဖုံးက ၎င်းအတွက် ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေး၏။ ကောင်းမင်သည် စက္ကူမျက်နှာဖုံးမှတစ်ဆင့် သေခြင်းတရား၏ အနက်ရှိုင်းဆုံးနေရာမှ သတင်းအချက်အလက်များကို အာရုံခံမိလိုက်သည်။ ဤသတင်းအချက်အလက်များကို ဂရုတစိုက် ဖုံးကွယ်ထားခြင်းဖြစ်ပြီး အနည်းငယ်မျှပင် ထုတ်ဖော်ပြသခြင်း မရှိချေ။ ၎င်းသည် စက္ကူမျက်နှာဖုံး ပျက်စီးသွားပြီးနောက်မှသာ ပြန့်ကျဲသွားပြီး လူအများအပြားကို အသိပေးလိမ့်မည်ဖြစ်ရာ ပုံမှန်အားဖြင့် ဝတ်ဆင်သူ သေဆုံးပြီးနောက်မှသာ ဖြစ်ပေလိမ့်မည်။

ကောင်းမင်ည် မျက်လုံးများ မှိတ်လိုက်ရင်း အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ စက္ကူမျက်နှာဖုံးကို မည်သူချန်ထားခဲ့မှန်း သူမသိသော်လည်း ၎င်းအတွင်း၌ ကံကြမ္မာသစ်ပင်ကို ဖျက်ဆီးမည့်နည်းလမ်းတစ်ခု ပါဝင်နေလေသည်။

“လူတစ်ဦးတစ်ယောက်တည်းက ကံကြမ္မာကို လုယူဖို့ဆိုတာ ငါလိုချင်တဲ့အရာ မဟုတ်ဘူး... ဒါပေမဲ့ သက်ရှိတွေအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ပိုင်ဆိုင်ပြီး လူတိုင်း နဂါးတစ်ကောင်လို ဖြစ်လာဖို့ ငါမျှော်လင့်တယ်”

မျက်နှာဖုံးပျက်စီးသွားပြီးနောက် စာလုံးတစ်လုံးချင်းစီက ကောင်းမင်၏ စိတ်ထဲသို့ ဝင်ရောက်လာလေသည်။ ကံကြမ္မာသစ်ပင်သည် အဆုံးမဲ့လူသားလောကတွင် အမြစ်တွယ်နေခြင်းဖြစ်သည်။ ရံဖန်ရံခါတွင် တစ်စုံတစ်ဦးက သူတို့၏ ကံကြမ္မာမှ လွတ်မြောက်သွားနိုင်သော်လည်း ကံကြမ္မာသစ်ပင် တည်ရှိနေသရွေ့ ကံကြမ္မာကို လုယူထားသူများသည် ကြွက်များကဲ့သို့သာ ပုန်းအောင်းနေကြရပေလိမ့်မည်။

ကံကြမ္မာသစ်ပင်သည် အဆုံးမဲ့လူသားလောကရှိ အရာအားလုံးကို ထိန်းချုပ်ထားခဲ့သည်။ ၎င်းကို သတ်ပစ်ရန်အတွက် စွန့်ပစ်ခံထားရသည့် ပိုမိုနက်ရှိုင်းသော အတွင်းကမ္ဘာမှသာ စတင်ရပေလိမ့်မည်။

ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားလျှင်ပင်၊ ဝိညာဉ် ချေမှုန်းခံရလျှင်ပင်... ကံကြမ္မာ၏ စောင့်ကြည့်မှုမှ လွတ်မြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ကာ အိပ်မက်၏ အနက်ရှိုင်းဆုံးနေရာမှတစ်ဆင့် သွေးပင်လယ်အတွင်းသို့ ငုပ်လျှိုးရင်း စိတ်ပျက်အားငယ်မှုများနှင့် နာကျင်မှုများ ဖုံးလွှမ်းနေသော ထိုနေရာသို့ လုံးဝ ဝင်ရောက်သွားရမည်ဖြစ်သည်။

သွေးပင်လယ်သည် ဤလောကရှိ နာကြည်းမုန်းတီးမှုများကဲ့သို့ နက်ရှိုင်းလှသည်။ ကံကြမ္မာ၏ ရုပ်အလောင်းကို ယူဆောင်လာနိုင်ရန်အတွက် တစ်သန်းပုံတစ်ပုံမျှသာရှိသော အခွင့်အရေးကို ရှာဖွေရင်း ဆင်းရဲဒုက္ခများနှင့် မကျေနပ်ချက်အားလုံးကို အံတုရပေလိမ့်မည်။ ကံကြမ္မာ၏ ရုပ်အလောင်းကို အဆုံးမဲ့လူသားလောကသို့ ပြန်လည်ယူဆောင်လာပြီး လူသားလောက၏ သစ်ရွက်များကို အနီရောင်ဆိုးလိုက်နိုင်မှသာ သတ္တဝါအားလုံးသည် ကံကြမ္မာကို သတ်ပစ်ရန် မျှော်လင့်ချက် အလင်းတန်းတစ်ခု ရရှိလိမ့်မည် ဖြစ်သည်။ ယခုတွင် အရေးကြီးဆုံးအပိုင်းကို ရောက်လာပြီ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ကံကြမ္မာ၏ ရုပ်အလောင်းကို အမှန်တကယ် ပြန်လည်ယူဆောင်လာနိုင်ပါက ကံကြမ္မာသစ်ပင်သည် အရာခပ်သိမ်းကို သိမြင်နိုင်စွမ်းနှင့် မရှုံးနိမ့်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ ၎င်းသည် ကံကြမ္မာရုပ်အလောင်းကို ယူဆောင်လာသူကို သတ်ပစ်ရန်နှင့် အရာအားလုံးကို မူလလမ်းကြောင်းအတိုင်း ပြန်လည်ရောက်ရှိစေရန် နည်းလမ်းမျိုးစုံဖြင့် သေချာပေါက် ကြိုးစားလာပေလိမ့်မည်။

ထိုအချိန်တွင် ကံကြမ္မာသစ်ပင်အတွင်း ပုန်းကွယ်နေသောအရာ ဆင်းသက်လာသည်အထိ စောင့်ဆိုင်းရန်အတွက် ကံကြမ္မာရုပ်အလောင်းကို ယူဆောင်လာသူ၏ စိတ်ဆန္ဒ၊ မှတ်ဉာဏ်များနှင့် ဝိညာဉ်တို့ကို အသုံးပြု၍ ထောင်ချောက်တစ်ခု ဆင်ထားရပေလိမ့်မည်။

ထိုအရာက ဘာလဲဆိုတာကို မည်သူမျှ မသိကြသလို မည်သူမျှလည်း တစ်ခါမှ မမြင်ဖူးကြချေ။

ကံကြမ္မာရုပ်အလောင်းကို ယူဆောင်လာသူသည် ကံကြမ္မာသစ်ပင်အတွင်း ပုန်းကွယ်နေသောအရာက ကိုယ်တိုင်လှုပ်ရှားလာပြီး ပေါ်ထွက်လာသည်အထိ ကံကြမ္မာ၏ အကြိမ်ကြိမ်တိုက်ခိုက်မှုများကို အရင်ဆုံး ရှောင်တိမ်းရမည် ဖြစ်သည်။

၎င်းကို လူသားများ နားလည်ထားသည့် စွမ်းအားများ၊ စွမ်းရည်များဖြင့် သတ်ပစ်၍မရနိုင်ချေ။ ကံကြမ္မာမှတစ်ဆင့်လည်းကောင်း၊ ၎င်းသတ်မှတ်ထားသော ကံကြမ္မာကို အကြိမ်ကြိမ် ပြောင်းလဲခြင်းဖြင့်လည်းကောင်း အားနည်းသွားအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်း၏ ကံကြမ္မာကို ဖျောက်ဖျက်ပစ်ရမည် ဖြစ်သည်။

သတ်ပစ်ခြင်း မဟုတ်ဘဲ ဖျောက်ဖျက်ပစ်ခြင်းဖြစ်ကာ အစကတည်းက မတည်ရှိခဲ့ဖူးသည့်အရာတစ်ခုအဖြစ် ပြောင်းလဲပစ်ရခြင်း ဖြစ်သည်။

စက္ကူမျက်နှာဖုံးအတွင်း ချန်ထားခဲ့သော သတင်းအချက်အလက်များက ကောင်းမင်၏ ရင်ကို တဒိန်းဒိန်း ခုန်သွားစေခဲ့သည်။ မည်သူချန်ထားခဲ့မှန်း သူ မသိသော်လည်း ၎င်းမှာ သူ့အတွက် ရည်ရွယ်ချက်ရှိရှိ ရည်ညွှန်းထားပုံရသည်။

လွန်ခဲ့သော အချိန်များစွာကတည်းက စက္ကူပေါ်တွင် ရေးသားထားခဲ့ပြီး စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသည့် သရဲတိုင်းသည် သူ့ကို ဤသတင်းအချက်အလက်များထံသို့ မသိမသာ နီးကပ်လာစေခြင်း ဖြစ်သည်။

“အခုအချိန်မှာ ကံကြမ္မာသစ်ပင် အသတ်ချင်ဆုံးသူက ငါဖြစ်မနေဘူးလား”

All Chapters