← Chapters

အခန်း ၉၁၉

Vol. 65 Ch. 919

အခန်း ၉၁၉

Vol. 65 Ch. 919

အပိုင်း (၉၁၉) ကံကြမ္မာ မင်းငါ့ကို ပြောပြနိုင်မလား

ကောင်းမင် အနိုင်ရရှိပါက ကံကြမ္မာသစ်ပင်ကို တစ်ချို့အခြေအနေထိ အားနည်းသွားစေမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက အရာအားလုံးကို ဆုံးရှုံးရပေလိမ့်မည်။

ကံကြမ္မာသည် မည်သည့်အခါမျှ တရားမျှတမှု မရှိခဲ့ချေ။ ယင်းက ၎င်းကို တော်လှန်ပစ်ရမည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်ပေသည်။

မနေ့ကအချိန်သည် ကောင်းမင်အတွက် ထွက်ပြေးလွတ်မြောက်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်ခဲ့သော်လည်း ယခုအခါ သူသည် ကစားပွဲထဲသို့ ကံကြမ္မာ၏ အတင်းအကျပ် ဆွဲသွင်းခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ သူသည် ထိုအရာ၏ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကိုင်တွယ်ဖြေရှင်းခံရသည့် ပထမဆုံးလူသား ဖြစ်လာတော့သည်။

သူ့အခြေအနေကို သဘောပေါက်ပြီးနောက် ကောင်းမင်သည် သရဲများ၏ စွမ်းအားနှင့် အိပ်မက်ဆိုးနဂါးကင်းခြေများ၏ စွမ်းအားကို အသုံးပြု၍ လျိုယီကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ထူးဆန်းသည်မှာ စိတ်ဖောက်ပြန်မှုမှလွဲ၍ သူ့စွမ်းအားအားလုံး လျိုယီအပေါ် လုံးဝ မသက်ရောက်ချေ။

အိပ်မက်စည်းမျဉ်းများနှင့် ရူးသွပ်မှုစည်းမျဉ်းများပင် ကန့်သတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဥမင်လိုဏ်ခေါင်းအတွင်းမှ ထွက်လာသော လျိုယီမှာ သာမန်လူသားတစ်ဦးသာ ဖြစ်သော်လည်း သူမသည် အဆုံးမဲ့လူသားလောက၏ စည်းမျဉ်းအားလုံး၏ ကောင်းချီးပေးမှုကို ခံထားရသည့်အလား ဖြစ်နေပေသည်။

ကောင်းမင်သည် အဝေးမှသာ စောင့်ကြည့်နေနိုင်ခဲ့ပြီး လျိုယီ၏ ရောဂါအခြေအနေ တည်ငြိမ်လာသည်ကိုလည်းကောင်း၊ သူနှင့် သက်ဆိုင်သည့် အရာအားလုံး မေ့လျော့ခံရပြီး ပျောက်ကွယ်သွားသည်ကိုလည်းကောင်း ကြည့်နေခဲ့ရသည်။ ကံကြမ္မာသစ်ပင်၏ စွမ်းအားသည် အလွန် ထူးဆန်းလွန်းပြီး သူ့ကိုယ်တိုင် ဖျောက်ဖျက်ခံနေရသည်ကို စောင့်ကြည့်နေရသည့် ခံစားချက်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“သွားကြစို့... လျိုယီကို သွားရှာပြီး ငါတို့ရဲ့ ကံကြမ္မာကို ရင်ဆိုင်ကြတာပေါ့”

ရှင်းလုမြို့တော်၏ ညအချိန်သည် မူးယစ်ရီဝေစေသော ဝိုင်တစ်ခွက်ကဲ့သို့ဖြစ်ပြီး လူများကို ဝေဝေဝါးဝါးနှင့် လမ်းပျောက်စေပေသည်။ မရေမတွက်နိုင်သော ဆုံတွေ့မှုများစွာမှာ ဤနေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

မီးပွိုင့်များစွာကို ဖြတ်ကျော်ပြီးနောက် ကောင်းမင်သည် ရှင်းလုစိတ်ကျန်းမာရေးဆေးရုံ၏ လူနာဆောင်အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ သံတံခါး၏ အဟကြားမှတစ်ဆင့် ဧရာမ ပန်းခင်းကြီးတစ်ခုကို သူတွေ့လိုက်ရသည်။ ဤနေရာမှာ စိတ်ရောဂါများကို ကုသရန်အတွက် ရှင်းလုမြို့တော်၏ အကောင်းဆုံးဆေးရုံဖြစ်ပြီး ၎င်း၏ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များနှင့် ပြန်လည်ထူထောင်ရေးပတ်ဝန်းကျင်မှာ နိုင်ငံအတွင်း အကောင်းဆုံးစာရင်းဝင် ဖြစ်သည်။ သက်လတ်ပိုင်းဇနီးမောင်နှံသည်လည်း သူတို့၏ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို အသုံးပြုခဲ့ကြပြီး ဘာပဲဖြစ်ဖြစ် လျိုယီကို ကုသပေးရန် သန္နိဋ္ဌာန်ချထားကြသည်။ သူတို့သည် အဆက်အသွယ်များကို အသုံးပြု၍ ငွေအမြောက်အမြား အကုန်အကျခံကာ လျိုယီအတွက် အကောင်းဆုံးကုသရေးအဖွဲ့ကို စီစဉ်ပေးခဲ့ကြခြင်းဖြစ်သည်။

တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် လျိုယီ၏ အခြေအနေမှာ အမှန်တကယ်ပင် သိသိသာသာ တည်ငြိမ်လာခဲ့သည်။ ထိုဇနီးမောင်နှံမှာ ငွေသုံးရကျိုးနပ်သည်ဟု ခံစားနေရသည်။

“ယီယီ... မှောင်တော့မယ်နော်၊ အပြင်မှာ အေးတယ်... အခန်းထဲ ပြန်ကြရအောင်လေ”

လူနာဆောင်အပြင်ဘက်ရှိ ပန်းခြံထဲတွင် အခြားလူနာများ မရှိချေ။ လျိုယီတစ်ယောက်တည်းသာ သူမ၏ဝှီးချဲပေါ်တွင် ကြောင်အမ်းစွာ ထိုင်နေခဲ့ပြီး မျက်ဝန်းများက ဗလာကျင်းလျက် ပန်းတစ်ပွင့်ကို စိုက်ကြည့်နေခဲ့သည်။

လျိုယီ၏ ဖခင်ဖြစ်သူမှာ အဝေးတစ်နေရာရှိ ဆေးလိပ်သောက်သည့်နေရာ၌ ဖုန်းပြောနေခဲ့ပြီး ငွေချေးနေပုံရသည်။ လျိုယီ၏ မိခင်ဖြစ်သူမှာ ဝှီးချဲဘေးတွင် စောင်တစ်ထည်နှင့် အိတ်တစ်လုံးကို ကိုင်လျက် ရပ်နေပြီး လျိုယီ၏ ဆံပင်များကို သပ်တင်ပေးနေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ပြင်ပလောကအပေါ် မည်သည့် စိတ်ခံစားချက်အရိပ်အယောင်မျှ မပြသသော လျိုယီသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး လူနာဆောင်၏ ပင်မဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ပိန်ပိန်ပါးပါး လူရိပ်တစ်ခု ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။ သူ့အရိပ်သည် သာမန်လူများထက် ပိုမို နက်မှောင်ကာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။

လျိုယီသည် သူမပါးစပ်ကို ဟလိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။ သူမစိတ်လှုပ်ရှားသွားကြောင်း ထင်ရှားပေသည်။

“ကောင်းမင်...”

“ငါပါ...”

ကောင်းမင် လျိုယီနှင့် နီးကပ်လာလေလေ သူ့အရိပ်မှာ ပို၍ ပုံမှန်ဖြစ်လာလေလေဖြစ်ပြီး နက်မှောင်သောအရောင်က မှေးမှိန်သွားရသည်။ သူမရှေ့တွင် ရပ်လိုက်ချိန်၌ သာမန်လူတစ်ယောက်၏ အရိပ်နှင့် ခွဲခြားမရလောက်အောင် ဖြစ်သွားတော့သည်။

လျိုယီ၏ အနီးတွင် ကောင်းမင်၏ စွမ်းအားအားလုံးသည် မဖော်ပြနိုင်သောအရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး အရာအားလုံးကို ‘ပုံမှန်’ အခြေအနေသို့ ပြန်လည်ရောက်ရှိစေသည့် စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

“လိမ္မော်သီး စားမလား... ရှောင်ကောင်း”

လျိုယီ၏ မိခင်သည် ကြင်နာတတ်သူဖြစ်ပြီး အိတ်ကြီးထဲမှ သစ်သီးများကို ထုတ်ယူကာ ကောင်းမင်အား မျှပေးလိုက်သည်။

“သားလည်း ဘာလို့ ဆေးရုံကို ရောက်နေတာလဲ...”

“လျိုယီကို လာကြည့်တာပါ”

ကောင်းမင်သည် လျိုယီကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းများနှင့် ဆံပင်များက သူမ၏ မျက်နှာကို စူးစမ်းလိုက်သည်။

သူ့ရှေ့မှ အမျိုးသမီးမှာ အမှန်တကယ်ပင် လျိုယီ ဖြစ်သည်။ သူမထံတွင် ကံကြမ္မာ၏ မည်သည့်အငွေ့အသက်မှ မရှိဘဲ သူမသည်လည်း အတွင်းကမ္ဘာမှ အဆုံးမဲ့လူသားလောကအတွင်းသို့ အမှန်တကယ် ပြန်လည်ရောက်ရှိလာသည့်အလား ဖြစ်နေခဲ့သည်။

“သားတို့နှစ်ယောက်က အရင်က အတန်းဖော် သူငယ်ချင်းကောင်းတွေပဲ... စကားကောင်းကောင်း ပြောကြပါ”

လျိုယီ၏ မိခင်မှာ အလွန် ကြင်နာတတ်ရှာသည်။

“ယီယီက လိုဏ်ခေါင်းထဲမှာ နည်းနည်း လန့်သွားတာပါ၊ အခုတော့ အဆင်ပြေသွားပါပြီ”

ယခင်က ထိုအမျိုးသမီး ဘာပြောပြော လျိုယီ မတုံ့ပြန်ခဲ့သော်လည်း ယခုအခါ ကောင်းမင် ရောက်ရှိလာသဖြင့် လျိုယီ၏ စိတ်ခံစားချက်များ ချက်ချင်းပြောင်းလဲသွားရာ ကောင်းမင်သည် လျိုယီအတွက် အလွန်အရေးပါကြောင်း ပြသနေခြင်းဖြစ်သည်။ လျိုယီ၏ မိခင်သည် ထိုအရာအားလုံးကို မြင်တွေ့လိုက်ပြီး ကလေးနှစ်ယောက်မှာ အတော်လေး လိုက်ဖက်သည်ဟုပင် တွေးတောနေခဲ့သည်။

ဝှီးချဲဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကောင်းမင် စကားပင် မပြောရသေးမီ အဝေးတစ်နေရာမှ ခြေသံများ ထွက်ပေါ်လာပြီး ချောမောသော ဆရာဝန်တစ်ဦး လျှောက်လာလေသည်။ သူသည် အသက်လေးဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး မျက်မှန်တပ်ထားကာ သူ့နောက်တွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦး လိုက်ပါလာ၏။

“သူက အားနည်းနေသေးတာမို့ အပြင်မှာ အကြာကြီး မထားပါနဲ့”

ဆရာဝန်၏ အသံမှာ အလွန်နားထောင် ကောင်းလှသည်။ သူသည် လျိုယီ၏ ဝှီးချဲကို လှမ်းကိုင်လိုက်ပြီး ကောင်းမင်အား ကြည့်လိုက်သည်။

“ဒါက ဘယ်သူလဲ...”

“ဒေါက်တာပိုင်... သူက လျိုယီရဲ့ အထက်တန်းကျောင်းက အတန်းဖော်ပါ၊ အရင်က လျိုယီရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ပေါ့”

လျိုယီ၏ မိခင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ကုသမှုခံနေတဲ့ကာလမှာ လျိုယီကို တခြားသူတွေနဲ့ အဝေးမှာ ထားတာက အကောင်းဆုံးပဲ... စည်းမျဉ်းတွေအရဆိုရင် သူ့မိဘတွေနဲ့ အနီးကပ်ဆွေမျိုးတွေတောင် ပါဝင်ပတ်သက်လို့ မရဘူး... ကျွန်တော် ခင်ဗျားတို့ကို အများကြီး စဉ်းစားပေးပြီးသားပါ”

ဒေါက်တာပိုင်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် လျိုယီကို ခေါ်ဆောင်သွားရန် ဝှီးချဲကို တွန်းလိုက်သည်။

ဝှီးချဲပေါ်တွင် ထိုင်နေသော လျိုယီသည် အကြိမ်အနည်းငယ် ရုန်းကန်လိုက်ပြီးနောက် ရုတ်တရက် ကောင်းမင်၏ လက်မောင်းကို သူမ၏ ရှိသမျှအားဖြင့် ကျစ်ကျစ်ပါအောင် ဆွဲကိုင်လိုက်လေသည်။

“ကောင်းမင်... သူတို့က အဲဒါတွေအားလုံးက အတုအယောင်တွေလို့ ပြောကြတယ်၊ ဒါပေမဲ့... ဒါပေမဲ့ နင်ကတော့ အဲဒါတွေအားလုံးကို သေချာပေါက် မြင်ခဲ့ရမှာမလား...”

“ယီယီ... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့လေ”

လျိုယီ၏ မိခင်နှင့် ဒေါက်တာပိုင်တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

“ကုသမှုကို ဆက်လုပ်ရဦးမယ့်ပုံပဲ... သူက သက်သာလာတာမဟုတ်ဘူး၊ ခင်ဗျားတို့ကို စိတ်မပူစေချင်လို့ သူရဲ့ စိတ်ကူးယဉ်မှုတွေကို ဖုံးကွယ်ထားရုံပဲ”

ဒေါက်တာပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တိုင်ပင်ဆွေးနွေးမှုအပြီးတွင် လျိုယီမှာ အလွန်ခက်ခဲသော လူနာတစ်ဦးဖြစ်ကြောင်း ခံစားရသည်။ သူမတွင် စိတ်ကူးယဉ်မှုသက်သက်သာ ရှိနေခြင်းမဟုတ်ဘဲ စိတ်ကူးယဉ်ကမ္ဘာတစ်ခုလုံးကို တည်ဆောက်ထားခြင်း ဖြစ်သည်။

“ဘာဖြစ်လို့လဲ...”

လျိုယီ၏ ဖခင်က ဖုန်းကိုင်၍ လျှောက်လာပြီး သူ့မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။

“ကောင်းမင်... အဲဒီကမ္ဘာက အစစ်အမှန်ပါ၊ ဟုတ်တယ်မလား...”

လျိုယီက လက်ကို လွှတ်မပေးချေ။ သူမသည် လုံးဝပြိုလဲလုနီးပါး ဖြစ်နေပုံရပြီး သူမ၏ ဒဏ်ရာများမှာလည်း လုံးဝ မသက်သာသေးချေ။ သူမ၏ မျက်နှာက ဖြူလျော်နေသလို စိတ်ထဲတွင်လည်း ရှုပ်ထွေးနေရသည်။ ကိုယ်အလေးချိန်လည်း အများကြီး ကျဆင်းသွားခဲ့သည်။

ကောင်းမင်သည် အခြားလူများကို မကြည့်ဘဲ ဝှီးချဲဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း လျိုယီ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

“မင်းက... အတိအကျပြောရရင် ဘယ်သူလဲ...”

ကောင်းမင်၏ ကျပန်းမေးလိုက်ပုံရသော မေးခွန်းမှာ လျိုယီအတွက်သာမက ဆရာဝန်နှင့် သက်လတ်ပိုင်းဇနီးမောင်နှံအတွက်ပါ ထူးဆန်းနေလေသည်။

“နင်မေ့သွားပြီလား... ငါတို့ ရှင်းလုမှာ အကြာကြီး အတူတူ နေခဲ့ကြတာလေ... နင်က ကားအက်ဆီးဒင့်ဖြစ်ပြီး ကိုမာဝင်သွားခဲ့တာ၊ ငါ နင့်ကို စောင့်နေခဲ့ပြီး ငါ့ကိုယ်ငါ လုံးဝအားမလျှော့ဖို့၊ ငါတို့ အိမ်အသစ်ကို အတူတူပြောင်းရွှေ့ကြရမယ်ဆိုပြီး အမြဲတမ်းပြောခဲ့တာ... အဲဒီနောက် နင်နိုးလာတာကို ငါမြင်ခဲ့ရတယ်၊ အဲဒါက ငါ့ဘဝရဲ့ အပျော်ရွှင်ဆုံး အချိန်ပဲ... ငါတို့ အတူတူ ရယ်မောခဲ့ကြတယ်၊ အတူတူ စားသောက်ခဲ့ကြတယ်၊ ငါ နင့်ကို ဂိမ်းဦးထုပ်လေးတစ်ခုနဲ့ ကြောင်လေးတစ်ကောင်တောင် ပေးခဲ့သေးတယ်... ဒါပေမဲ့ အဲဒီနောက် နင်က ထပ်ပြီး ထွက်သွားခဲ့တယ်၊ ဒီလိုနဲ့ပဲ နင်က ငါ့ဘဝထဲကနေ ပျောက်ကွယ်သွားခဲ့တာ...” ( အပိုင်း ၄၆၅ ‘အိမ်’ ကို ကြည့်ပါ)

လျိုယီ၏ အသံမှာ တုန်ရင်နေခဲ့သည်။ သူမသည် ယခင်ကထက် ပိုမို အားငယ်နေခြင်းဖြစ်သည်။ ကောင်းမင်က သူမအား မမှတ်မိတော့သည့်အလား သူမ ခံစားနေရသည်။

မှတ်ဉာဏ်များ ဆက်စပ်သွားခဲ့ပြီး ကောင်းမင်သည် သူ့ရှေ့မှ လျိုယီမှာ ဟန်ဟိုင်းမြို့မှ ပထမဆုံး ထွက်ပြေးလွတ်မြောက်ပြီး ရှင်းလုမြို့တော်သို့ ဝင်ရောက်လာစဉ်က ဆုံတွေ့ခဲ့ဖူးသော လျိုယီပင် ဖြစ်ကြောင်း သိလိုက်သည်။

“ငါ လူတွေအများကြီးကို လိုက်မေးခဲ့တယ်၊ အဲဒီသရဲတွေက နင်အတွင်းကမ္ဘာကို သွားပြီလို့ ပြောကြတယ်... ငါ နင့်ကို လိုက်ရှာချင်ခဲ့ပေမဲ့ နင့်ရဲ့ တာဝန်ခံဆရာဝန် ရွှမ်ဝမ်က ငါ့ကို တားခဲ့တယ်”

လျိုယီ၏ မိဘများ၊ ဆရာဝန်များနှင့် သူနာပြုများထဲမှ မည်သူမျှ သူမပြောသည်ကို မယုံကြည်ကြချေ၊ ကောင်းမင် သူမကို ယုံကြည်မလားဆိုသည်ကိုတော့ သူမ မသိသော်လည်း ထိုအကြောင်းအရာကို ဆက်လက်ပြောဆိုနေခဲ့သည်။

“အဲဒီနောက် ရှင်းလုမှာ သရဲတွေ ပေါ်လာခဲ့တယ်၊ သရဲတွေ အများကြီးပဲ... မသေဆေးကုမ္ပဏီရဲ့ မန်နေဂျာသုညက သူတို့ ဘေးကပ်ဆိုးတွေကို တားဆီးနိုင်တဲ့ ကိရိယာတစ်ခု တီထွင်ထားတယ်လို့ ပြောပြီး ငါ့ကိုရော၊ ဒေါက်တာရွှမ်နဲ့ တခြားသူတွေအများကြီးကိုပါ အထဲမှာ ပိတ်လှောင်ထားခဲ့တယ်... အဲဒီနောက် ကိရိယာက ချို့ယွင်းသွားပြီး အက်ဆီးဒင့်ကြောင့် လူတိုင်းသေကုန်ကြတယ်... ငါ ဘာလို့ ဒီကိုရောက်နေလဲဆိုတာတော့ ငါလည်း မသိဘူး...”

“မန်နေဂျာသုညလား...”

ကောင်းမင်သည် ဤအရာမှာ လုဇန်နှင့် ပတ်သက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ထိုလူယုတ်မာသည် ကံကြမ္မာသစ်ပင်၏ ကြိုးကိုင်ခြင်းခံလိုက်ရကြောင်း သေချာပေသည်။

လျိုယီက ကောင်းမင်၏ လက်ကို လှမ်းဆွဲလိုက်သည်။

“ကောင်းမင်... ငါ့ကို ပြောပြနိုင်မလား၊ ငါ တကယ်ကြီး ရူးသွားတာလား...”

All Chapters