← Chapters

အခန်း ၉၃၀

Vol. 66 Ch. 930

အခန်း ၉၃၀

Vol. 66 Ch. 930

အပိုင်း (၉၃၀) အရည်ပျော်နေသောအသား

“ကောင်းမင်…”

ကန်၏ အနက်ရှိုင်းဆုံးနေရာရှိ ဧရာမသတ္တဝါကြီးက နာမည်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။ ၎င်း၏ အသိစိတ်မှာ ဝေဝါးနေပြီး အရာများစွာကို မမှတ်မိနိုင်တော့သော်လည်း ထိုမျက်နှာကိုတော့ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်း၏ ဧရာမခန္ဓာကိုယ်ပေါ်တွင် ကပ်ပါးကောင်မျိုးစုံ တွားသွားနေခဲ့ကြသည်။ ၎င်း၏ နက်မှောင်နေသော မျက်လုံးများက ဖြည်းညင်းစွာ လှုပ်ရှားလာ၏။ ၎င်းသည် ယခင်က ဤကဲ့သို့သောအသွင်မျိုး မဟုတ်ခဲ့ဖူးကြောင်း ထိုမကောင်းဆိုးဝါးကြီး မှတ်မိနေခဲ့သည်။ ၎င်းသည် တစ်ချိန်က မြင့်မားသောနေရာတွင် ရပ်လျက် သတ္တဝါအားလုံးကို ငုံ့ကြည့်ခဲ့ဖူးသလို သူ့ရှေ့မှောက်တွင် ရှိနေသော သူကိုလည်း အထက်စီးမှ ကြည့်ခဲ့ဖူးလေသည်။

သို့သော်လည်း ယခုတွင်မူ ၎င်းကိုယ်တိုင် အမှောင်ထုအတွင်း နစ်မြုပ်လျက် ကြိုးများဖြင့် ချည်နှောင်ခံထားရပြီ ဖြစ်သည်။ ၎င်း၏ ဖောင်းပွနေသောခန္ဓာကိုယ်မှာ ကပ်ပါးကောင်များ၏ ဝါးမြိုမှုကြောင့် အတွင်း၌ ဟောင်းလောင်းဖြစ်နေခဲ့ချေပြီ။ ၎င်း၏ မျက်စိသူငယ်အိမ်များအတွင်း၌ပင် ကြိုးမျှင်ကဲ့သို့သော သွေးကြောများ တွားသွားနေခဲ့ကြသည်။ ၎င်းသည် ၎င်းဖြစ်နေဆဲ ဖြစ်သော်လည်း... တစ်ချိန်တည်းမှာပင် ၎င်းနှင့် မတူတော့သကဲ့သို့ ဖြစ်နေပေသည်။ ထက်မြက်သော ဓားသွားတစ်စင်းက ထိုငါးကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းလျက် အသားတုံးကြီးတစ်တုံးကို ဆုတ်ဖြဲပစ်လိုက်သည်။ ၎င်းတွင် မည်သည့်နာကျင်မှုမျှ မရှိသလို ယခင်ကထက်ပင် ပိုပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်း၏ ဒဏ်ရာအတွင်းမှ မီးခိုးရောင်ကြိုးမျှင်များ ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ ကန်အတွင်းရှိ ကြောက်စရာအကောင်းဆုံး အရာများဖြစ်ကြပြီး ငါးတိုင်း၏ ခန္ဓာကိုယ်အတွင်း၌ ကပ်ပါးပြုနေကြခြင်း ဖြစ်သည်။

“ကံကြမ္မာ... တကယ်ကို ခန့်မှန်းမရပါလား...”

နေငါးကြီးနှင့် တူသော ထိုမကောင်းဆိုးဝါးသည် မည်သည့် ရုန်းကန်မှုမျှ မလုပ်ဆောင်ခဲ့ချေ... သို့မဟုတ် ရုန်းကန်နိုင်စွမ်း ကင်းမဲ့နေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ၎င်းသည် ကောင်းမင်အား စိုက်ကြည့်နေပြီး ၎င်း၏ ငါးဦးနှောက်ဖြင့် တစ်စုံတစ်ခုကို တွေးတောဆင်ခြင်နေပုံရသည်။

ငါးပြတိုက်၏ အပြင်ဘက်တွင် ရှရန်သည် ဝှီးချဲကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ နောက်သို့ ဆုတ်သွား၏။

“ထပ်မကြည့်နဲ့တော့... လူကြီးတွေရဲ့ ကမ္ဘာက အရမ်းအန္တရာယ်များလွန်းတယ်...”

“ခဏစောင့်ပါဦး”

ကောင်လေးသည် အသက် ၁၀နှစ်ပင် ပြည့်သေးပုံမရသော်လည်း သူ့လေသံမှာမူ လူအိုကြီးတစ်ဦးအလား ဖြစ်နေလေသည်။

“မင်းက ဒါကိုလည်း စိုးရိမ်၊ ဟိုဟာကိုလည်း ပူပန်နဲ့... ဒီဘဝမှာ ဘယ်တော့မှ ကလေးတစ်ယောက်လို နေရမှာ မဟုတ်ဘူး... စပ်စုတဲ့လူပဲ ဖြစ်နေတော့မှာ...”

ရှရန်သည် သူ့ခန္ဓာကိုယ်အား ဝှီးချဲကို ဖိထားလိုက်သည်။သူသည် လုံးဝအရူးစစ်စစ် တစ်ယောက်အဖြစ်သာ နေထိုင်လိုခြင်းဖြစ်သည်။ ကမ္ဘာကြီး ပေါက်ကွဲသွားပါစေဦးတော့... သူ ဂရုစိုက်မည် မဟုတ်ချေ။ ထိုကဲ့သို့သော ခံစားချက်မျိုးကသာလျှင် အကောင်းဆုံး ဖြစ်သည်။ စိတ်ဖောက်ပြန်မှုသည် လူသားကမ္ဘာအပေါ် ထားရှိသည့် သူ၏ လှပသော မျှော်လင့်ချက်အားလုံးကို ဖြည့်ဆည်းပေးနေခဲ့သည်။ ရှရန်အား လျစ်လျူရှုရင်း နံပါတ် ၂၏ မျက်လုံးများမှ သွေးများ ထပ်မံစီးကျလာပြန်သည်။ သူသည် အံတင်းတင်းကြိတ်၍ ဇွဲနဘဲကြီးစွာဖြင့် ကြိုးစားနေပြီး ကောင်းမင်အား တစ်စုံတစ်ခုကို မြင်တွေ့နိုင်ရန် ကူညီပေးနေခြင်းဖြစ်သည်။

“ဖေဖေက လုံးဝရူးသွပ်သွားပြီ... ငါတို့က အခုအချိန်မှာ သူ့ရဲ့ ဦးနှောက်နဲ့ မျက်လုံးတွေ ဖြစ်ပေးရမယ်...”

လူသားအရေပြားမှတစ်ဆင့်... နံပါတ် ၂ သည် လက်ရှစ်ဖက်ရှိသော မိစ္ဆာနတ်ဘုရားက အိပ်မက်ဆိုးအတွင်းမှ ထူးဆန်းသော လက်နက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး စီတုအန်းအား စကားပြောခွင့်ပင် မပေးတော့ဘဲ သူ့ဦးခေါင်းထက်သို့ လွှဲရိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဤရိုက်ချက်က ပြင်းထန်လွန်းလှသဖြင့် စီတုအန်း သေချာပေါက် အမှုန့်ကြေသွားရပေလိမ့်မည်။

မရေမတွက်နိုင်သော မီးခိုးရောင် ကံကြမ္မာကြိုးမျှင်များ၏ ထိုးဖောက်ခံထားရသဖြင့် စီတုအန်း မလွတ်မြောက်နိုင်တော့ချေ။ သူ့တွင် သေခြင်းတရားအပေါ် မည်သည့်ရုန်းကန်မှုမျှ မရှိတော့သော်လည်း... ဝတ်ရုံနက်ပုံရိပ်များနှင့် သူတို့ ဖန်တီးထားခဲ့သော ရှင်ခြင်းသရဲများသည် သားစားကြူးနတ်ဘုရားဆီသို့ အရူးအမူး ပြေးဝင်လာကြတော့သည်။ ၎င်းမှာ စီတုအန်းသည် ၎င်းတို့၏ မိခင်ဖြစ်ပြီး... အကယ်၍ ၎င်းပျက်စီးသွားသည်ရှိသော ၎င်းတို့၏ကံကြမ္မာများလည်း အတူတူ ပျက်စီးသွားရတော့မည့်အလား ဖြစ်သည်။

ရှင်ခြင်းသရဲများသည် ၎င်းတို့၏ အိပ်မက်ဆိုးများအတွင်း တစ်ကောင်ပြီးတစ်ကောင် ကြေမွပျက်စီးသွားကြသည်။ ဝတ်ရုံနက်ပုံရိပ်များသည် ၎င်းတို့ တတ်မြောက်ထားသော နည်းလမ်းမျိုးစုံ ဖြစ်သည့် မန္တန်များ၊ ဖုန်းရွှေအစီအရင်များကို အသုံးပြုနေကြသည်။ ၎င်းတို့၏ မိစ္ဆာပညာရပ်နှင့် ရှင်သန်ခြင်းနှင့်ဆိုင်သော နည်းစနစ်များကို ဘဝသက်တမ်း၊ ကံဇာတာ၊ ဘေးဒုက္ခ၊ ကံကြမ္မာ၊ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စွမ်းအားဟူ၍ အကြမ်းဖျင်း ခွဲခြားနိုင်ပေသည်။ ၎င်းတို့အထဲတွင် ရှင်ခြင်းသရဲများကို ထိန်းချုပ်ခြင်းနှင့် မြေကြောများကို ပိတ်လှောင်ခြင်းတို့ ပါဝင်သဖြင့် သားစားကြူးနတ်ဘုရားကို ရက်စက်ကြမ်းကြုတ်စွာ ကြေမွသွားစေခဲ့သည်။ အသားများ၏ မွှေးပျံ့သောရနံ့မှာ ပြင်းထန်သော အနံ့ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သားစားကြူးနတ်ဘုရားခြေဖဝါးအောက်ရှိ အသွေးအသားမြို့တော်ထံမှ သိပ်သည်းလှသော သေခြင်းအငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့မှာ သားစားကြူးနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် မြင်တွေ့ရသမျှ အရာအားလုံးပေါ်သို့ ဒီလှိုင်းတစ်ခုလို ပြင်းထန်စွာ လွှမ်းမိုးသွားတော့သည်။

မည်သည့် ပစ်မှတ်ကိုမျှ ချိန်ရွယ်ခြင်း မရှိချေ။လမ်းကြောင်းတွင် ရှိနေသမျှ အရာအားလုံးမှာ ရန်သူများသာ ဖြစ်သည်။

“မကောင်းတော့ဘူး...”

နံပါတ် ၂ သည် ကောင်းမင်၏ ‘ကြည်လင်နေသော အသိစိတ်’ မှတစ်ဆင့် ဝတ်ရုံနက်ပုံရိပ်များ၏ သေးငယ်လှသော ကွဲပြားမှုများကို သတိပြုမိလိုက်သည်။

“မင်း ရန်သူရဲ့ စိတ်ထဲကို ဝင်ခဲ့ဖူးတာပဲ... ဝတ်ရုံနက်တွေပေါ်က သက်ရှည်ပုံစံကွက်တွေက ဘာကို ကိုယ်စားပြုလဲဆိုတာ သိလား...”

“ဒါတွေက အတွင်းကမ္ဘာရဲ့ သရဲပုံစံကွက်တွေနဲ့ လုံးဝမတူဘူး... ဒီလူတွေက ရှင်ခြင်းကို ကျင့်ကြံတာဖြစ်ပြီး အကြမ်းဖျင်းတော့ အဆင့်တချို့ ခွဲခြားထားတယ်၊ ကံကြမ္မာကို လက်ခံခြင်း၊ ကံကြမ္မာကို မေးခွန်းထုတ်ခြင်း၊ ကံကြမ္မာကို ရက်လုပ်ခြင်း၊ ကံကြမ္မာကို ပြောင်းလဲခြင်းနဲ့ ကံကြမ္မာကို လုယူခြင်းဆိုပြီးတော့ပဲ... ကံကြမ္မာကို လုယူနိုင်တဲ့သူတွေပဲ ‘စာလုံးရှစ်လုံးနတ်ဘုရားကမ္မည်းပြား’ ကို ဝတ်ဆင်နိုင်ကြတာ...”

ရှရန်သည် လုဇန်၏ အမှတ်အသားများ ဖုံးလွှမ်းနေသော အရေပြားကို ဆုတ်ဖြဲပစ်လိုက်ပြီ ဖြစ်သည်။ သူ ပိုတွေးတောလေလေ... ပိုမေ့လျော့လေလေ ဖြစ်နေလေသည်။

“ဟုတ်သားပဲ... နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်... ကံကြမ္မာကို လုယူခြင်းအပြင်... ‘ကံကြမ္မာမဲ့သူ’ လို့ခေါ်တဲ့ အရမ်းထူးခြားတဲ့ အဆင့်တစ်ခု ရှိသေးတယ်... အဲ့ဒါက ကံကြမ္မာနဲ့ ဆက်စပ်မှုအားလုံးကို လုံးဝ ဖြတ်တောက်လိုက်တာပဲ... ဒီလိုလုပ်တာက ကံကြမ္မာရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်စေပေမဲ့ ကံကြမ္မာနဲ့ ဆက်စပ်တဲ့ စွမ်းရည်အားလုံးကိုတော့ ဆုံးရှုံးသွားမှာပဲ... လုဇန်ကတော့ ဒီလို မိုက်မဲတဲ့အရာကို သေချာပေါက် လုပ်မှာမဟုတ်ဘူး... ဒါပေမဲ့ ငါတို့ရဲ့ ချစ်လှစွာသောအဖေနဲ့ သူသတ်ချင်နေတဲ့ လူကတော့... ‘ကံကြမ္မာမဲ့သူ’ တွေ ဖြစ်နေပုံရတယ်...”

“စာလုံးရှစ်လုံးနတ်ဘုရားကမ္မည်းပြား ဟုတ်လား...”

နံပါတ်နှစ် အနည်းငယ် စိုးရိမ်သွားရသည်။ သူ၏ စိတ်မသက်မသာဖြစ်မှုများ မည်သည့်နေရာက လာသည်ကို သူသိလိုက်ပြီ ဖြစ်သည်။ စီတုအန်း၏ အရုပ်ဆိုးလှသော ခန္ဓာကိုယ်အနီးတွင် နတ်ဘုရားကမ္မည်းပြားများကို ဝတ်ဆင်ထားသော ဝတ်ရုံနက်ပုံရိပ်ကိုးခု ရပ်နေကြလေသည်။

သူတို့သည် အလင်းရောင်နှင့် ထိတွေ့၍မရချေ...။ ကံကြမ္မာ၏ ရှာတွေ့ခံရခြင်းမှ ရှောင်ရှားရန်အတွက် သူတို့တစ်ကိုယ်လုံးကို ဝတ်ရုံများအတွင်း၌ ဖုံးကွယ်ထားကြခြင်းဖြစ်သည်။ ဖြစ်နိုင်သည်က လုဇန်သည် သူတို့ကြားထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်ရပေမည်။

“မဟုတ်ဘူး... လုဇန်က ဝတ်ရုံနက်တွေထဲမှာ မရှိဘူး”

နံပါတ်နှစ်၏ မျက်ဆံများ ကျုံ့ဝင်သွား၏။

“ကန်ထဲက အန္တရာယ်အစစ်က ငါးတွေ မဟုတ်သလို... နောက်ကျိနေတဲ့ ရေတွေလည်း မဟုတ်ဘူး... ငါးတွေပေါ်က ကပ်ပါးပိုးကောင်တွေပဲ... လုဇန်က ဒီကမ္ဘာကြီးနဲ့ တစ်သားတည်း ဖြစ်နေတာ... သူက ငါးတွေအားလုံးရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်နေတဲ့ ကြိုးမျှင်ပဲ၊ ငါတို့ အဖေ့ကို ကန်ထဲဝင်ဖို့ ပြင်နေပြီဆိုတဲ့အကြောင်း ပြောနိုင်မယ့် နည်းလမ်းတစ်ခု ရှာရမယ်”

သူ၏ အစစ်အမှန်ကမ္ဘာ အမြင်အာရုံအတွင်း၌... နံပါတ် ၂ သည် စီတုအန်း၏ ခန္ဓာကိုယ်ပေါ်တွင် အတွင်းကမ္ဘာမှ သွေးမြို့တော်တက်တူးများ ထွင်းထုထားသည်ကို မြင်တွေ့လိုက်ရသည်။ လုဇန် စီတုအန်းကို အတွင်းကမ္ဘာမှ ခေါ်ထုတ်လာခဲ့ခြင်းမှာ သူ့အား နောက်ထပ် ကောင်းမင်တစ်ယောက် ဖြစ်လာစေရန် မဟုတ်ဘဲ... အတွင်းကမ္ဘာတွင် ပါဝင်သော ‘အဆိပ်၁၃မျိုး’ ကို ရှာဖွေတွက်ချက်ရန်အတွက် အသုံးချရန်သာ ဖြစ်ပေသည်။

“ဒီကမ္ဘာကြီးထဲမှာ စီတုအန်းအပါအဝင်... လူတိုင်း လုဇန်ရဲ့ ကျွန်ပြုခံထားရတာပဲ...”

ရေနက်ပိုင်းထဲတွင် ကောင်းမင်သည် ငါးကြီးကို တစ်ချက်ပြီးတစ်ချက် ဆုတ်ဖြဲနေခဲ့သည်။ အသုံးမဝင်သော အဆီတုံးများ ကြေမွပျက်စီးသွားပြီး ထိုကြောက်စရာကောင်းသော ပိုးလောက်ကောင်များက ထူးဆန်းသောငါးကြီးထံမှ ထွက်ပေါ်လာနေကြသည်။၎င်းတို့က ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ စတင်၍ ထိုးဖောက်ဝင်ရောက်လာကြတော့သည်။

ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ရေငုပ်ဝတ်စုံက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေခဲ့သည်။ မျက်လုံးများနီရဲနေသော ကောင်းမင်သည် သားသတ်ဓားကို အသုံးပြုကာ ထိုမိစ္ဆာငါးကြီး၏ ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်တော့သည်။ ၎င်းကို မသတ်ဖြတ်မိမည်ကို စိုးရိမ်နေသည့်အလား ကောင်းမင်သည် ငါးအလောင်း၏ ကြီးမားသော အစိတ်အပိုင်းအားလုံးကို ထပ်မံ၍ အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ပြန်သည်။

ကန်အတွင်းရှိ ရေများမှာ ပိုမိုနောက်ကျိလာပြီး အဆီများ၊ အရိုးစများနှင့် သွေးများ ရောနှောသွားသဖြင့် ကောင်းမင်အတွက် အလင်းရောင်အားလုံး ကွယ်ပျောက်သွားရတော့သည်။

ငါးများ သေဆုံးလေလေ... ရေက ပိုမိုနောက်ကျိလာလေဖြစ်ပြီး ကြိုးမျှင်ကဲ့သို့သော ကပ်ပါးပိုးကောင်များလည်း ပို၍ ပို၍ ထွက်ပေါ်လာကြသည်။ တခဏအတွင်းမှာပင် ကောင်းမင်သည် ထာဝရ အမှောင်ထုအတွင်း ပိတ်မိသွားရသည့်အလား အထက်အောက်၊ ဝဲယာတို့ကို ခွဲခြားနိုင်စွမ်း မရှိတော့ချေ။ ၎င်းမှာ သူ၏ ဘဝကံကြမ္မာ ဖြစ်ပုံရပေသည်။

“မြန်မြန်၊ သူ့ကို အပေါ်ဆွဲတင်စမ်း”

နံပါတ် ၂ သည် ရှရန်အား ငါးပြတိုက်အတွင်းသို့ အတင်းအကြပ် ဝင်ရောက်စေလိုက်ပြီး ရှရန်၏ ကျောပြင်ကို ဖက်တွယ်၍ ကန်၏ အပေါ်တည့်တည့်တွင် နေရာယူလိုက်လေသည်။ ဤနေရာမှကြည့်လျှင် ကောင်းမင်အား မြင်တွေ့နိုင်ခြင်း မရှိတော့ချေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရေထဲသို့ ကယ်ဆယ်ရေးကြိုးများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်ချလိုက်ခြင်းနှင့် ငါးပြတိုက်၏ အရေးပေါ် ကယ်ဆယ်ရေးစနစ်ကို အသက်သွင်းခြင်းသာ ဖြစ်သည်။ နံပါတ် ၂သည် မသန်စွမ်းသူဖြစ်သဖြင့် သူရေထဲသို့ ဆင်းသွားမည်ဆိုပါက ကောင်းမင်အတွက် အနှောင့်အယှက်သာ ဖြစ်စေပေလိမ့်မည်။ ရှရန်တွင်မူ သူ့အား ကယ်တင်ရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိချေ။ သူ့မျက်လုံးများက နောက်ကျိနံစော်နေသော ရေပြင်ထက်သို့ စိတ်လှုပ်ရှားစွာ စူးစိုက်ကြည့်နေလေသည်။ ရေအောက်ခြေရှိ ထူးဆန်းသော ငါးကြီးကို သတ်ဖြတ်ပြီးသည့်တိုင် ကောင်းမင်သည် အဆက်မပြတ် စိတ်ဖောက်ပြန်နေသည့် အခြေအနေအတွင်း ရှိနေဆဲ ဖြစ်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များမှာ လျော့ပါးသွားခြင်းမရှိဘဲ ပိုမို ပြင်းထန်လာခဲ့သည်။ စီတုအန်းသည် အလွန်ဆုံးရှိလှ ကြံရာပါမျှသာဖြစ်ပြီး... အစစ်အမှန်တရားခံမှာမူ အပိုင်းထောင်ချီ ဖြတ်တောက်ခံရသင့်သည့် မိစ္ဆာကောင်လုဇန်ဖြစ်ကာ အသက်ရှင်လျက် ကန်အတွင်း၌ ပုန်းအောင်းနေဆဲ ဖြစ်သည်။

ငါးများ သေဆုံးလေလေ... ကြိုးမျှင်ကဲ့သို့သော ကပ်ပါးကောင်များ ပိုမိုထွက်ပေါ်လာလေလေ ဖြစ်ပြီး သူ၏ ရေငုပ်ဝတ်စုံကို လာရောက်ရစ်ပတ်လိုက်ကြသည်။ သားသတ်ဓားက ၎င်းတို့ကို လုံးဝကြီး ဖြတ်တောက်နိုင်ခြင်း မရှိချေ။ ကောင်းမင် အချိန်ကြာကြာ ရုန်းကန်ရလေလေ... သူ့အတွက် ပိုမိုဆိုးရွားလာလေလေ ဖြစ်နေတော့သည်။

စီတုအန်းကို ကိုယ်စားပြုသော ထူးဆန်းသည့်ငါးကြီးသည် ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် ကြိုးမျှင်အားလုံး ကောင်းမင်၏ ပတ်ဝန်းကျင်သို့ စုစည်းလာကြလေသည်။ လုဇန်သည် ကောင်းမင်၏ ခန္ဓာကိုယ်ကို လုယူချင်နေပြီး စီတုအန်းကဲ့သို့ပင် သူ့အား သူ့ကိုယ်ပိုင်ကမ္ဘာအတွင်း၌ ပိတ်လှောင်ထားလိုခြင်း ဖြစ်သည်။

ကပ်ပါးကောင်များသည် ယခင်ငါးများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေငုပ်ဝတ်စုံ၏ အက်ကြောင်းများကို ရှာဖွေတွေ့ရှိသွားကြပြီး ကြိုးမျှင်များက ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ စတင်၍ ထိုးဖောက်ဝင်ရောက်လာကြတော့သည်။

ပြင်းထန်လှသော နာကျင်မှုများက ကောင်းမင်၏ မျက်လုံးများအတွင်းရှိ ရူးသွပ်မှုများကို ပိုမိုတောက်လောင်လာစေပြီး သူ၏ ကျန်ရှိနေသော မှတ်ဉာဏ်များနှင့် ဆင်ခြင်တုံတရားများကို လောင်ကျွမ်းသွားစေခဲ့သည်။ သူ့စိတ်ထဲရှိ မရေမတွက်နိုင်သော ကိုယ်ပိုင်အသိစိတ်များသည် အချင်းချင်းတိုက်မိနေကြပြီး သူတို့၏ အဆုံးမဲ့ကွဲပြားမှုများကြားမှ ဘုံဦးတည်ချက်တစ်ခုကို ရှာတွေ့သွားကြတော့သည်။

အထက်မှ တွဲလောင်းကျနေသော ကယ်ဆယ်ရေးကြိုးကို လှမ်းဆုပ်ကိုင်ရင်း သူ့လက်တွင် ရစ်ပတ်ကာ ကောင်းမင် အပေါ်သို့ ဆွဲတက်ခဲ့တော့သည်။

ထိုကြိုးမျှင်ပိုးလောက်ကောင်များသည် သူ့အား မည်သို့ လွှတ်ပေးပါမည်နည်း။ သူတို့သည် ရေငုပ်ဝတ်စုံ၏ အက်ကွဲကြောင်းတိုင်းမှတစ်ဆင့် ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နေကြသည်။ သူသည် စီတုအန်း ခံစားခဲ့ရသော နာကျင်မှုမျိုးကို စတင်သည်းခံနေရပြီသည်။

ပြင်ပမှလာသော ဤမီးခိုးရောင်ကြိုးမျှင်များတွင် အတိုင်းအတာတစ်ခုထိ အသိစိတ်များ ရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် သူ့ကိုယ်တွင်း၌ အမြစ်တွယ်၍ သူ့အသွေးအသားများကို စုပ်ယူလျက် ကိုယ်တွင်းအင်္ဂါများအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေခဲ့ကြသည်။

ကောင်းမင် တရွေ့ရွေ့နှင့် အထက်သို့ ဆက်တက်လာရာ ကန်အထက်တွင် ရှိနေသော ရှရန်နှင့် နံပါတ် ၂ တို့ကို လှမ်း၍ မြင်တွေ့နိုင်သည့်အချိန်အထိ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ ကွဲထက်ခဲ့ဖူးသော ကိုယ်ပိုင်ဗားရှင်းအားလုံးသည် ရူးသွပ်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြတော့သည်။

သူ့ရေငုပ်ဝတ်စုံကို ဆုတ်ဖြဲပစ်လိုက်ရင်း... ကောင်းမင်သည် ပယောဂဝင်နေသည့်အလား ကန်အတွင်းရှိ ကြိုးမျှင်များအားလုံး သူ့ခန္ဓာကိုယ်အတွင်းသို့ အတင်းအကြပ် ထိုးဖောက်ဝင်ရောက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ ပုံပျက်နေသော အပြုံးကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

“လုဇန်... ငါမင်းကို သေချာပေါက် သတ်ပစ်မယ်...”

ရှရန်က ကောင်းမင်အား ကန်ထဲမှ ဆွဲတင်လိုက်သည်။ နံပါတ် ၂ သည် အကောင်းအတိုင်း ရှိနေဆဲဖြစ်သော လူသားအရေပြားကို ကောင်းမင်ထံသို့ ပြန်ပေးရန် ကြိုးစားလိုက်သည်။ ၎င်းမှာ ကောင်းမင် နောက်ဆုံးချန်ထားခဲ့သော ဆင်ခြင်တုံတရား ဖြစ်၏။ သို့သော်လည်း ကောင်းမင်က ၎င်းအား တွန်းဖယ်ပစ်လိုက်လေသည်။

“မီး၊ မီး သွားရှာကြစမ်း”

စက္ကန့်အနည်းငယ်အတွင်း ကောင်းမင်၏ ခန္ဓာကိုယ်သည် ကြိုးမျှင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ပုံပျက်လာတော့သည်။ သူသည် သူ့သွေးကြောတိုင်းအတွင်း၌ ပြင်ပဖြစ်တည်မှုများ တွားသွားနေသည်ကို ခံစားနေရပြီး ၎င်းတို့၏ ပစ်မှတ်မှာ သူ့နှလုံးသားပင် ဖြစ်သည်။

ကန်၏ အခြားတစ်ဖက်သို့ သူတွားသွားလိုက်ပြီး လှေကားထိပ်မှ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားရာ သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့်အလား ဖောင်းပွလာလေသည်။

နံပါတ် ၂ နှင့် ရှရန်တို့သည် ကောင်းမင် ဘာလုပ်ချင်နေသည်ဆိုသည်ကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။ သူတို့သည် အပြင်ဘက် လမ်းမပေါ်တွင် မီးကို ရှာတွေ့သွား၏။

“လုဇန်က ငါ့ခန္ဓာကိုယ်ထဲမှာ ရောက်နေပြီ... ဒီတစ်ကြိမ်တော့ သူဘယ်မှ မပြေးနိုင်တော့ဘူး၊ မီးကို သွားရှာကြစမ်း”

နံပါတ် ၂ သည် အစစ်အမှန်တွင် ဘာဖြစ်နေသည်ကို မြင်တွေ့ရန် သူ့ ‘အသိစိတ်’ ကို အသုံးမပြုဝံ့တော့ချေ။ သူတုံ့ဆိုင်းနေဆဲ အချိန်တွင် ဆရာရှက သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားအလွှာများကို ဆုတ်ဖြဲပစ်လိုက်ပြီ ဖြစ်သည်။ သူသည် စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်းမှ နားမလည်နိုင်သော မှတ်ဉာဏ်အကြွင်းအကျန်များနှင့် စည်းမျဉ်းအပိုင်းအစများကို လောင်စာအဖြစ် အသုံးပြုကာ ရေငုပ်ဝတ်စုံ ဝတ်ထားသော ကောင်းမင်ကို မီးရှို့လိုက်တော့သည်။

All Chapters