← Chapters

အခန်း ၉၃၂

Vol. 67 Ch. 932

အခန်း ၉၃၂

Vol. 67 Ch. 932

အပိုင်း (၉၃၂) ငါအရင်ကတည်းက ဒီမှာရှိခဲ့ဖူးသလိုမျိုး ခံစားရတယ်

ရူးသွပ်မှုစည်းမျဉ်းများနှင့် ပုပ်သိုးခြင်းစည်းမျဉ်းများသည် မျိုးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။ သားစားကြူးနတ်ဘုရား၏ သရဲမျက်နှာလေးခုလုံးလည်း အိပ်ပျော်သွားပြီဖြစ်သည်။ ကောင်းမင်သည် ကံကြမ္မာသစ်ပင်မှ ထွက်ပေါ်လာသမျှအရာအားလုံးကို အမြစ်ပြတ်သုတ်သင်ရန်အတွက် သူ့ရုပ်ခန္ဓာကို စတေးရင်း ကိုယ်ပိုင်ခန္ဓာကိုယ်ကိုပါ ဆုံးရှုံးလိုက်ရသည်။

သူသည် ကံကြမ္မာကို ပြောင်းပြန်မလှန်နိုင်ခဲ့သော်လည်း ဘယ်သူမှမလုပ်ဖူးခဲ့သည့် အရာတစ်ခုအဖြစ် ယင်း၏ အစိတ်အပိုင်းတစ်ခုကိုတော့ သူ သတ်ပစ်နိုင်ခဲ့သည်။

ညကောင်းကင်ကို လှမ်းကြည့်လိုက်သည့်အခါ ကံကြမ္မာ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီ ဖြစ်သည်။ ကောင်းမင်နှင့် လုဇန်တို့ စိတ်ဖောက်ပြန်မှုကမ္ဘာထဲတွင် တိုက်ခိုက်နေခဲ့စဉ်အတွင်း အဆုံးမဲ့လူသားလောက၌ ကမ္ဘာပျက်မတတ် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ အတွင်းကမ္ဘာရှိ သွေးမြို့တော် ၁၃ ခုမှ သရဲများနှင့် နတ်ဘုရားများ၊ အဆုံးမဲ့သွေးပင်လယ်ထဲမှ မကောင်းဆိုးဝါးများသည် လမ်းကြောင်းအပြင်သို့ အလုအယက် တိုးထွက်လာကြတော့သည်။ ကံကြမ္မာ၏ "နိုးထမှု" အသတ်ခံလိုက်ရသဖြင့် မရေမတွက်နိုင်သော မပြောသင့်သူ ဖြစ်တည်မှုများသည်လည်း အဆုံးမဲ့လူသားလောကထဲသို့ တစ်စတစ်စ ချဉ်းနင်းဝင်ရောက်လာကြတော့၏။

အပြောင်းအလဲများက လွတ်မြောက်သွားကြပြီးဖြစ်သလို ကံကြမ္မာ၏ ရုပ်အလောင်းမှာလည်း လူသားလောကသစ်ရွက်များစွာထဲသို့ ရောနှောပျော်ဝင်သွားပြီဖြစ်သည်။ ယင်ယန်နယ်ပယ်ထဲမှ "နတ်ဘုရားသဖွယ် ဖြစ်တည်မှုများ" သည်လည်း ပိုမိုလှုပ်ရှားရုန်းကန်လာကြလေသည်။ ပိုမိုရဲတင်းသူများကမူ ကံကြမ္မာသစ်ရွက်များ၏ ရွက်ကြောများကို ဖြတ်တောက်ပစ်ပြီး လူသားကမ္ဘာသစ်ရွက်တစ်ခုလုံးကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြသလို ထို့ထက်ရဲတင်းသူအချို့ကမူ နောက်ထပ်ကံကြမ္မာ ဖြစ်လာရန်အတွက် ကံကြမ္မာသစ်ပင်ကြီးကိုပါ စတင်တိုက်ခိုက်လာကြတော့သည်။ ထိုအရာများအပြင် ကောင်းမင်၏ အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်သည့် အခြားစွမ်းအားတစ်ခုမှာ လူသားလောက၏ မရေမတွက်နိုင်သော သစ်ရွက်များထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့တွင် "နတ်ဘုရားများ၏ ကြားဝင်စွက်ဖက်မှု" စွမ်းအားမရှိသလို အတွင်းကမ္ဘာ၏ စည်းမျဉ်းများကိုလည်း မပိုင်ဆိုင်ထားကြချေ။ ၎င်းတို့သည် ပိုးစုန်းကြူးလေးများကဲ့သို့ သေးငယ်လှသော်ငြား ညကောင်းကင်ယံ၌ ပြည့်နှက်သွားချိန်တွင်မူ ဂလက်ဆီတစ်ခုအလား ထင်မှတ်ရပေသည်။ ကံကြမ္မာဖုံးလွှမ်းခြင်းခံထားရသည့် သစ်ရွက်တိုင်း၏ အောက်တွင်မူ တွန်းလှန်အံတုနေကြသူများ ရှိနေကြပြီး မည်သို့သောစွမ်းအားက ပေါင်းစည်းချည်နှောင်ပေးထားသည်မသိ ထိုသူများအားလုံး တစ်သားတည်း ဖြစ်နေခဲ့ကြသည်။

ထိုစွမ်းအားသည် အတွင်းကမ္ဘာ၏ လမ်းကြောင်းပွင့်မလာခင်အထိ၊ ကံကြမ္မာ၏ ရုပ်အလောင်းက အဆုံးမဲ့လူသားလောကထဲသို့ ရောက်မလာခင်အထိနှင့် သစ်ရွက်များစွာပေါ် သွေးနီရောင် မစွန်းထင်ခင်အထိ မထင်မရှား ပုန်းအောင်းနေခြင်းဖြစ်ပြီး ထိုအရာများ ဖြစ်ပျက်ပြီးနောက်မှသာ စိတ်ပျက်အားငယ်မှုများ၏ ထောင့်များမှ ရုတ်ချည်းထွက်ပေါ်လာခြင်း ဖြစ်သည်။

“သူတို့က ဘယ်သူတွေလဲ”

ကောင်းမင်သည် ဟင်းလင်းပြင်းသွေးမြို့တော်ထဲရှိ စက္ကူမျက်နှာဖုံးများကို ပြန်လည်သတိရသွားမိသည်။ ထိုသို့ တွေးလိုက်မိရုံရုံရှိသေးသည် မြို့တော်အစွန်နားမှ ပျက်စီးယိုယွင်းနေသော အပျက်အစီးများကြားထဲမှ ဒဏ်ရာများပြည့်နှက်နေသည့် လက်တစ်ဖက်က ကျောက်တုံးများကို ဖယ်ရှားရင်း ခက်ခက်ခဲခဲ တိုးထွက်လာလေသည်။

သူ့အဝတ်အစားများသည် စုတ်ပြဲနေပြီး မြေပြင်ပေါ်တွင်လည်း အဆောင်စာရွက်ပြာများ ပြည့်နှက်နေကာ ခါးတွင်ချိတ်ဆွဲထားရမည့် စာလုံးရှစ်လုံးကမ္မည်းပြားမှာလည်း ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူက ဂရုမစိုက်ဟန်ဖြင့် ဒဏ်ရာရနေသော သူ့ခန္ဓာကိုယ်ကို ဆွဲခေါ်ရင်း ကောင်းမင်ရှိရာဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာလေသည်။

ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် ထိုကံကြမ္မာသခင်နှင့်ပတ်သက်၍ မည်သည့်အမှတ်သညာမျှ မရှိချေ။ ထို့ပြင် သူ့အငွေ့အသက်မှာ စီတုအန်း၏ ဘေးနားတွင် ဝန်းရံနေခဲ့ကြသည့် ဝတ်ရုံနက်ဝတ် ပုံရိပ်ကိုးခုနှင့် လုံးဝကွဲပြားနေခဲ့သည်။

ယခုတွင် ကောင်းမင်၌ သူ့စိတ်ဆန္ဒနှင့် ဝိညာဉ်သာ ကျန်ရှိတော့သော်လည်း အိပ်မက်ကမ္ဘာ၏ စည်းမျဉ်းများ ရှိနေသေးသဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားသော ကံကြမ္မာသခင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ သူ့အတွက် အခက်အခဲမရှိလှချေ။

“တစ်ယောက် လွတ်သွားတာလား”

ဖြည်းညင်းစွာ ချဉ်းကပ်လာသည့် ထိုကံကြမ္မာသခင်သည် စက္ကူရုပ်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ့အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ကောင်းမင်နှင့် အတော်လေး ဆင်တူပြီး သူ့ထံတွင် မည်သည့် ရန်လိုမုန်းတီးမှုမျှ မရှိချေ။ ကောင်းမင်အပေါ် ကြောက်ရွံ့သာ ရှိသည်။ ကျုံ့ဝင်သွားသည့် သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ဘေးနားသို့ ရောက်ရှိလာချိန်တွင်မူ ထိုကံကြမ္မာသခင်သည် အတန်ကြာ တွေဝေနေပြီးနောက် ကောင်းမင်ကို သူ့ကျောပေါ်သို့ ပိုးလိုက်လေသည်။

“ငါတို့က ရန်သူတွေမဟုတ်ပါဘူး၊ မင်းက ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာပဲ၊ ငါမင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်”

“ဒီလူသားကမ္ဘာထဲမှာ လုဇန်ကို အံတုဝံ့တဲ့သူ ရှိသေးလို့လား”

ကောင်းမင်၏ စိတ်ဆန္ဒသည် ထိုလူ၏ စိတ်ထဲသို့ တိုးဝင်သွားပြီး အိပ်မက်ကြိုးမျှင်များသည်လည်း သူ့မှတ်ဉာဏ်များဆီသို့ ရုတ်ချည်း ထိုးဖောက်ဝင်ရောက်သွား၏။ ခဏမျှ အံ့အားသင့်သွားပြီးနောက် စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသူက ခါးသက်စွာ ပြုံးလိုက်မိသော်လည်း ကောင်းမင်ကို မတားဆီးခဲ့ချေ။

အသွေးအသားများ၏ ပုံသဏ္ဌာန်ကို အတန်ကြာစစ်ဆေးပြီးနောက် ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူ၏ မှတ်ဉာဏ်မှာ မရဏကမ္ဘာထဲမှ တွားထွက်လာသည့် စက္ကူရုပ်တစ်ခုကဲ့သို့ လုံးဝဗလာဖြစ်နေသည်ကို သူတွေ့ရှိလိုက်ရခြင်းကြောင့်ပင်။

“ကံကြမ္မာနဲ့ လုဇန်တို့ ဒါကို ရိပ်မိမသွားစေဖို့အတွက် ငါ အတိတ်ကို စွန့်လွှတ်ခဲ့ရတာ”

ထိုလူက ကောင်းမင်အား အပျက်အစီးများကြားမှ ခေါ်ထုတ်သွားခဲ့သည်။

“မသံသယဝင်ပါနဲ့၊ လူသားလောကရဲ့ သစ်ရွက်တိုင်းမှာ ငါတို့လူတွေ ရှိနေပါတယ်၊ ကံကြမ္မာက အခိုက်အတန့်တိုင်းကို ထိန်းချုပ်ထားတယ်၊ စက္ကန့်တိုင်းမှာ ငါတို့ သေဆုံးနေရသလို စက္ကန့်တိုင်းမှာလည်း ငါတို့ တည်ရှိနေကြတာပဲ၊ ကောင်းကင်ပေါ်က နေမင်းကြီးလိုပေါ့... စက္ကန့်တိုင်းက နေဝင်ချိန်ဖြစ်နိုင်သလို စက္ကန့်တိုင်းကလည်း နေထွက်ချိန် ဖြစ်နိုင်တာပဲလေ”

“မင်းတို့ ‘စက္ကူရုပ်တွေ’ က ဘယ်ဘက်ကလဲ၊ မင်းတို့ကို ဘယ်သူက စုစည်းပေးခဲ့တာလဲ”

ကောင်းမင် အမှန်တကယ် အံ့အားသင့်သွားရသည်။ အတွင်းကမ္ဘာထဲတွင် ကံကြမ္မာကို ဆန့်ကျင်ဝံ့သူများသည် စည်းမျဉ်း ၁၃ ခုကို အသုံးပြုပြီးမှသာ ထိုသို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသည့် ထိုလူများသည် သာမန်လူသားများနှင့် တူသော်ငြား ကံကြမ္မာကိုတော့ ဓားဦးလှည့်ဝံ့ကြသည်။ ယင်းသည် ခဏတာသတ္တိမျိုးတင်မကဘဲ မတုန်မလှုပ်သော ပြတ်သားမှုမျိုးပါ လိုအပ်ပေသည်။

“ငါတို့ကို စုစည်းပေးခဲ့တဲ့လူကို ငါတို့ကိုယ်တိုင်တောင် မရှာနိုင်ဘူး၊ သူက မင်းနဲ့ အတော်လေး တူတယ်၊ မင်းတို့နှစ်ယောက်လုံးက နည်းလမ်းတစ်ခုကို မတွေ့ခင်အထိ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြတာ၊ တကယ်လို့ မင်းတို့ရဲ့ နည်းလမ်းတွေအားလုံး လုံးဝကွဲပြားမနေဘူးဆိုရင် မင်းက သူပဲလို့တောင် ငါ သံသယဝင်မိမှာ”

ထိုလူက ညကောင်းကင်နောက်ခံနှင့် ဧရာမသစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။ ကောင်းမင်က ကံကြမ္မာ၏ “နိုးထမှု” ကို သတ်ဖြတ်လိုက်ပြီးနောက်တွင်မူ အနက်ရောင်အမှတ်အသားနှစ်ခုမှာ ကြမ်းတမ်းစွာ ပြန့်နှံ့သွားသဖြင့် သွေးနီရောင်သစ်ရွက်များလည်း ပိုမိုများပြားလာခဲ့သည်။

“အဖြေက အရေးမကြီးပါဘူး”

“ငါ့အတွက်တော့ အရမ်းအရေးကြီးတယ်လို့ ထင်တယ်”

ကောင်းမင်၏ အသိစိတ်သည် ထိုကံကြမ္မာသခင်၏ စိတ်ထဲမှ မထွက်ခွာသေးချေ။

“မင်း ငါ့ကို ဘယ်ခေါ်သွားမလို့လဲ”

“အိမ်ပြန်မလို့”

ထိုလူက ထပ်လောင်းပြောကြားလိုက်သည်။

“ငါတို့မှာ အိမ်နှစ်လုံး ရှိတယ်၊ တစ်လုံးက ယင်နဲ့ယန် ကြားထဲမှာ ပုန်းကွယ်နေပြီး နောက်တစ်လုံးကတော့ နက်ရှိုင်းတဲ့ အိပ်မက်ကမ္ဘာထဲမှာ၊ အိမ်ရောက်သွားပြီဆိုရင်တော့ ကံကြမ္မာရဲ့ စောင့်ကြည့်ခံရမှာ စိုးရိမ်စရာ မလိုတော့ဘူး”

“အတွင်းကမ္ဘာထဲက ဟင်းလင်းပြင်သွေးမြို့တော်မှာတောင် မင်းတို့ရဲ့ စက္ကူမျက်နှာဖုံးတွေ ရှိနေတာပဲ၊ မင်းတို့မှာ အသိုက်နှစ်ခုပဲ ရှိတာလား”

ကောင်းမင် သံသယဝင်သွား၏။ ထိုလူ ပြသခဲ့သည့် စွမ်းဆောင်ရည်များအရ သူတို့သည် လူသားလောက၏ သစ်ရွက်တိုင်းပေါ်တွင် အဖွဲ့ခွဲများ ရှိနေနိုင်ချေ ရှိသည်။

ထိုလူက ပြုံးလိုက်သော်လည်း ပြန်မဖြေချေ။ ကောင်းမင်အား ဘေးကင်းရာနေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် သူသည် သူ့ခန္ဓာကိုယ်ပေါ်သို့ အဆောင်မျိုးစုံကပ်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

“ဒါက ထုံစန်းအဆောင်ပဲ၊ သာမန်လူတွေကို အိပ်မက်ထဲဝင်နိုင်အောင် ကူညီပေးနိုင်တယ်၊ ဒါပေမဲ့ မင်းအတွက်တော့ လိုမယ်မထင်ပါဘူး၊ ခဏနေရင် မင်းငါ့အိပ်မက်ထဲကို ဝင်လာလို့ ရပြီ”

ထိုလူသည် သူ့ဒဏ်ရာများကို ဂရုမစိုက်ဘဲ နှစ်ခြိုက်စွာ အိပ်မောကျသွား၏။ ကောင်းမင်သည် အိပ်မက်ကြိုးမျှင်များကို စီမံလိုက်ရင်း သူ့အသိစိတ်ကို ထိုလူ၏ အိပ်မက်ထဲသို့ နစ်မြုပ်စေလိုက်သည်။

ဗလာဖြစ်နေသော အိပ်မက်၏ တိမ်သောအလွှာမှ သွေးရောင်လွှမ်းနေပြီး ဝမ်းနည်းဖွယ်ကောင်းသော အလယ်အလွှာအထိ ဖြတ်သန်းရင်း ကောင်းမင်သည် ထိုလူ၏ အတိတ်ကို တဖြည်းဖြည်း သိရှိလာရသည်။ ဤကံကြမ္မာသခင်၏ အမည်မှာ လုအန်းဖြစ်ပြီး နဂါးချိတ်ပိတ်ရွာ၏ အသန်မာဆုံး ကံကြမ္မာသခင်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် ရွာတွင် မွေးဖွားခဲ့ခြင်း မဟုတ်ဘဲ သူ ပြန်မမှတ်မိချင်တော့သည့် မတော်တဆမှုတစ်ခုကြောင့် သေခြင်းရှင်ခြင်းကြားနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မူ သူသည် စက္ကူရုပ်မျက်နှာဖုံး ဝတ်ဆင်ထားသည့် ကံကြမ္မာသခင်တစ်ဦး၏ ပို့ဆောင်မှုကြောင့် နဂါးချိတ်ပိတ်ရွာသို့ ရောက်ရှိလာကာ အမည်ကိုပြောင်းလဲပြီး အတိတ်ကို ဖြတ်တောက်ပစ်ခဲ့သည်။

“ငါတို့က လုဇန်ကို အမြဲတမ်း သတ်ချင်နေခဲ့တာ၊ ဒါပေမဲ့ သူက ဒီလူသားကမ္ဘာသစ်ရွက်နဲ့ တစ်သားတည်း ပေါင်းစည်းနေတာလေ၊ ဘယ်သူမှ ဒီလောက်ကြီးမားတဲ့ ကမ္မအကျိုးဆက်ကို မခံယူဝံ့ကြဘူး”

လုအန်းသည် ကောင်းမင်က သူ့မှတ်ဉာဏ်များကို ရှာဖွေနေခြင်းအား ဂရုမစိုက်ချေ။ အဓိကမှာ သူသည် သူ့စွမ်းရည်များဖြင့် အိပ်မက်စည်းမျဉ်းများကို တတ်မြောက်ထားသည့် ကောင်းမင်ကို တားဆီးနိုင်စွမ်း မရှိသောကြောင့်ပင် ဖြစ်သည်။

အိပ်မက်၏ အလယ်အလွှာရှိ မီးဖိုကို ဖွင့်လိုက်ရင်း လုအန်းသည် အပိုင်းပိုင်းဖြတ်ခံထားရသော ရုပ်အလောင်းကို ဆွဲထုတ်လိုက်သည်။ မီးဖိုအောက်ခြေတွင် ရှိနေသည်မှာ မီးတောက်များ မဟုတ်ဘဲ ဘယ်သောအခါမှ ပြန်လည်သက်သာလာမည်မဟုတ်သည့် ပိန်းပိတ်အောင်မှောင်မိုက်နေသော ဒဏ်ရာကြီးတစ်ခု ဖြစ်နေလေသည်။

“ငါ ကလေးဘဝတုန်းက လူသတ်မှုတစ်ခုကို မျက်မြင်ကြုံခဲ့ဖူးတယ်”

လုအန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီးနောက် ကောင်းမင်၏ စိတ်ဆန္ဒကို သယ်ဆောင်ရင်း ထိုဒဏ်ရာထဲသို့ ခုန်ဆင်းကာ ဆန်းကြယ်လှသော အဆုံးမဲ့နက်ရှိုင်းသည့် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလိုက်သည်။

အတွေးများက လေထုထဲတွင် ပျံဝဲနေကြပြီး ပုံပျက်ပန်းပျက်ဖြင့် လည်ပတ်နေသည့် အဆောက်အအုံများထဲတွင်မူ စိတ်ကူးယဉ်မှုထဲ၌သာ တည်ရှိနိုင်မည့် မကောင်းဆိုးဝါးများကို နေရာအနှံ့ တွေ့မြင်နိုင်ပေသည်။ ဤနေရာသည် အခြားသူများအတွက် အန္တရာယ်များလှသော်လည်း ကောင်းမင်အတွက်မူ ထူးဆန်းစွာ ရင်းနှီးနေလေသည်။

သူတို့သည် ဖြစ်ကတတ်ဆန်းရေးဆွဲထားသည့် မြေပုံတစ်ခုအတိုင်း အချိန်အတော်ကြာ လျှောက်ခဲ့ကြပြီးနောက် ရောယှက်နေသည့် အဆောက်အအုံများကြားမှ ဓာတ်လှေကားများကို စီးနင်းကာ အမြဲတမ်းပြောင်းလဲနေသည့် ကော်ရစ်ဒါလမ်းများအတိုင်း လျှောက်လာခဲ့ကြရင်း နောက်ဆုံးတွင်မူ နက်ရှိုင်းသောအိပ်မက်ကမ္ဘာထဲတွင် ပုန်းကွယ်နေသည့် တံခါးအသေးလေးတစ်ချပ် ပွင့်လာခဲ့တော့သည်။

“ငါတို့ ရောက်ပြီ”

တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မှိန်ဖျော့နေသော လက်ရေးလှစာသားများ ချိတ်ဆွဲထားပြီး အဝင်ဝတွင်မူ လွန်ခဲ့သော နှစ်ပေါင်းများစွာက အသုံးပြုခဲ့သည့် ပရိဘောဂဟောင်းများ ရှိနေခဲ့သည်။ အတွင်းဘက်သို့ ဆက်ကြည့်လိုက်သောအခါ ထိုတံခါးအသေးလေး၏ နောက်ကွယ်ရှိ နေရာလွတ်မှာ မြို့တော်တစ်ခုလုံး ပါဝင်နေသကဲ့သို့ အံ့ဩစရာကောင်းလောက်အောင် ကြီးမားနေလေသည်။ကောင်းမင်တစ်ယောက် မှေးမှိန်စွာ ထွက်ပေါ်လာသည့် သွေးနီရောင်များကို ကြည့်ရင်း သူ့နှလုံးသားထဲမှ ရင်းနှီးသောခံစားချက်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ သူနှင့် လုအန်းတို့ တံခါးထဲသို့ ဝင်လိုက်ချိန်တွင်မူ ကံကြမ္မာကို တိုက်ခိုက်ရန်အတွက် အိပ်မက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာ၌ စုစည်းနေကြသည့် လူသားလောက၏ မတူညီသော သစ်ရွက်များမှ ရောက်ရှိလာကြသော စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသူများကို မြင်တွေ့လိုက်ရလေသည်။

“ငါ အရင်ကတည်းက ဒီမှာရှိခဲ့ဖူးသလိုမျိုး ခံစားရတယ်”

All Chapters