← Chapters

အခန်း ၉၃၆

Vol. 67 Ch. 936

အခန်း ၉၃၆

Vol. 67 Ch. 936

အပိုင်း (၉၃၆) မနိုးထနိုင်တဲ့အိပ်မက်ထဲက အိပ်မက်တစ်ခု

တောက်ပနေသော အဆောင်အလင်းတန်းထဲတွင် ကံကြမ္မာသခင်ကိုးဦး ပိုင်ဆိုင်သမျှ အရာအားလုံး ပါဝင်နေခဲ့သည်။ သူတို့က ကံကြမ္မာသစ်ပင်ကြီးကို ခုတ်ပိုင်းလိုက်ကြသဖြင့် ရွှေရောင်ချိန်းကြိုးများမှာ ရုတ်ချည်းပင် အစအနမကျန် ပျက်စီးသွားရသည်။ သာမန်လူသားများအပေါ် ကျရောက်နေသည့် မဖောက်ဖျက်နိုင်သော ကံကြမ္မာနှင့် အဆုံးမဲ့လူသားလောက၏ တားမြစ်ချက်များသည် ဤအခိုက်အတန့်တွင် ချိုးဖျက်ခံလိုက်ရချေပြီ။

သင်္ကေတများအားဖြင့် အဆောင်စာရွက်များသည် ကောင်းကင်ဘုံနှင့် လူသားလောက ပေါင်းစည်းခြင်းအတွက် ကြားခံတစ်ခုအဖြစ်လည်းကောင်း၊ သက်ရှိအားလုံး၏ စိတ်ဆန္ဒများကို သယ်ဆောင်ထားသည့် အိုးတစ်လုံးအဖြစ်လည်းကောင်း အသုံးတော်ခံနေခဲ့သည်။ မိုးကြိုးပုံစံကွက်များက ဒေါသအမျက်ကို ကိုယ်စားပြုပြီး၊ သရဲစာလုံးများက ရိုသေလေးမြတ်ခြင်းကို ဖော်ညွှန်းကာ၊ ကြယ်တာရာများကမူ ကြီးမားလှသော ရည်မှန်းချက်များကို ပုံဖော်နေခဲ့ကြသည်။ ကန့်သတ်ချက်မှန်သမျှကို ချိုးဖျက်ထားသည့် အဆိုပါအဆောင်ကိုးခုထဲတွင် လူသားတို့၏ မရေမတွက်နိုင်သော ဆုတောင်းမှုများနှင့် စွဲလမ်းမှုများ ပါဝင်နေပြီး ယင်းမှာ ကျွန်ပြုခံရခြင်းနှင့် အချုပ်အနှောင်ခံရခြင်းတို့အပေါ် တော်လှန်ပုန်ကန်ခြင်းပင် ဖြစ်တော့သည်။ သူတို့သည် မိမိတို့၏ စွမ်းအားများကို သွန်းလောင်းလိုက်ကြရာ အဆောင်ကိုးခုမှာ ဖော်ပြရန်ခက်ခဲပြီး မမြင်နိုင်သော ကံကြမ္မာသစ်ပင်ကြီးကို တည့်တည့်မတ်မတ် ထိမှန်သွားလေသည်။ လူသားတို့အထက်ရှိ ကောင်းကင်ကြီးမှာ အက်ကွဲသွားပုံရပြီး ကံကောင်းခြင်းများနှင့် သက်ရှည်ခြင်းတို့ကို ရွာသွန်းဖြန့်ကျက်ပေးခဲ့သဖြင့် ခြောက်သွေ့နေသော လောကကြီး၊ ခက်ထန်နေသော နှလုံးသားများနှင့် ဖြူဖျော့ထုံထိုင်းနေသော မျက်လုံးများကို ပြန်လည်အဟာရဖြစ်စေတော့သည်။

“ပျက်စီးသွားပြီ...”

ကံကြမ္မာသစ်ပင်၏ ကိုယ်ထည်ပေါ်တွင် ရှည်လျားလှသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်အသက်စွမ်းအားများ စီးကျလာကာ ကမ္ဘာသစ်တစ်ခုဆီသို့ ဦးတည်မည့် တံခါးချပ်ကြီးတစ်ခုအလား နှစ်ရစ်ကွင်းများက ယင်း၏ ဘေးပတ်ပတ်လည်တွင် ရစ်ပတ်နေခဲ့ကြသည်။

“ကံကြမ္မာရဲ့ ဒဏ်ရာတွေက ပြန်ကျက်နေပြီ၊ မြန်မြန်လုပ်ကြ...”

သွေးနီရောင်ဒီရေလှိုင်းကြီးသည် ညယံကို ဖြတ်သန်း၍ စင်ထွက်လာ၏။ ဒဏ်ရာမရသေးသော အချိန်သွေးမြို့တော်၏ အခြားသခင်တစ်ဦးသည် အချိန်ကို ထိန်းချုပ်နိုင်ရန်အတွက် ကံကြမ္မာနှင့်အတူ အသည်းအသန် လုံးထွေးတိုက်ခိုက်နေခဲ့၏။ အတိတ်၏ ကံကြမ္မာနှင့် အနာဂတ်၏ ကံကြမ္မာတို့မှာ ပြီးပြည့်စုံနေသော်လည်း ပစ္စုပ္ပန်၏ ကံကြမ္မာတွင်မူ ပြဿနာတစ်ခု ရှိနေလေသည်။ သူသည် အချိန်ကို ယခုအခိုက်အတန့်တွင်သာ အေးခဲရပ်တန့်ထားလိုခြင်း ဖြစ်သည်။

ကံကြမ္မာ၏ ဟင်းလင်းပြင်သင်္ချိုင်းဂူမှ မွေးဖွားလာခဲ့သည့် ဝိညာဉ်သည် လျင်မြန်စွာ ချဉ်းကပ်လာကြပြီး ဆူပွက်နေသော သွေးပင်လယ်ကြီးက ကံကြမ္မာသစ်ပင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်လေသည်။

နတ်ဘုရားအမိန့်ချိန်းကြိုးများနှင့် သွေးများစွန်းထင်နေသည့် အပြစ်ချိန်းကြိုးများမှာ ရောယှက်ရှုပ်ထွေးနေကြသည်။ သွေးမြို့တော်သခင် ၁၃ပါးလုံး သည် တစ်ခုတည်းသော အက်ကွဲကြောင်းဆီသို့ တစ်ပြိုင်နက်တည်း ချဉ်းကပ်သွားကြသည်။ ယင်းမှာ လူသားလောကဆီသို့ ဦးတည်မည့် နောက်ဆုံးတံခါးချပ်ဖြစ်ပြီး သက်ရှိအားလုံး၏ အချုပ်အနှောင်များကို ဖွင့်ပေးနိုင်မည့် သော့ချက် ပါဝင်နေခြင်း ဖြစ်ပေ၏။

“ကောင်းမင်... ဒါကို သေချာမှတ်ထား၊ ကံကြမ္မာကို ဖျက်ဆီးမယ့်တာဝန်ကို တခြားသူတွေဆီပဲ လွှဲထားလိုက်၊ မင်းက ကံကြမ္မာသစ်ပင်ရဲ့ ကျန်နေသေးတဲ့ စိတ်ဝိညာဉ်အဆီအနှစ်ကို ရှာရမယ်... ပြီးရင် အဲဒါကို ဖျက်ဆီးပစ်လိုက်...”

လုအန်းက သူ့ဝိညာဉ်အတွင်းဝှက်ထားသော သန့်စင်သည့် အနက်ရောင်မျက်လုံးတစ်လုံးကို ကောင်းမင်ထံ ပေးအပ်လိုက်သည်။

“ကံကြမ္မာမရှိတဲ့သူတွေပဲ ကံကြမ္မာရဲ့ ချေမှုန်းခံရတာကနေ အမှန်တကယ် ရှောင်လွှဲနိုင်မှာ၊ မင်းတစ်ယောက်တည်းပဲ ဒါကို လုပ်နိုင်လိမ့်မယ်”

“ဟုတ်တယ်... နေ့သစ်တစ်ခုကတော့ သေချာပေါက် ရောက်လာမှာပါ”

အိပ်မက်ပုံစံကွက်များက သူ့ဝိညာဉ်ပေါ်တွင် ထင်ကျန်နေပြီး ခန္ဓာကိုယ်ပျက်စီးသွားရသည့် ကောင်းမင်သည် ရှေ့တန်းသို့ ပြေးဝင်သွားတော့သည်။

ကံကြမ္မာဆရာ ကိုးဦး၏ အကာအကွယ်ပေးမှုကို ရရှိထားသဖြင့် ကောင်းမင်၏ မျက်ဝန်းများသည် ထိုတံခါးချပ်ဆီသို့သာ စူးစိုက်ကြည့်ရှုနေခဲ့သည်။ သူသည် မိမိ၏ အစွမ်းကုန်ကို အသုံးချရင်း တံခါးဆီသို့ တဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာခဲ့၏။ မနက်ဖြန်ဆီသို့ ဦးတည်မည့် ရထားပေါ်တွင် လုအန်းသည် ကောင်းမင်ကို တိတ်တဆိတ် ကြည့်ရှုနေလေသည်။ ကောင်းမင်သည် ထိုလူ သေချာပေါက် မဟုတ်ကြောင်း သူ သိနေခဲ့သော်လည်း သူတို့၏ ပုံရိပ်များမှာ ဝေဝါးစွာ ထပ်တူကျနေခဲ့ကြလေ၏။

“အပြောင်းအလဲက သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာပဲ...”

သူ၏ အနက်ရောင်နှင့် အဖြူရောင် မျက်လုံးများက ဖြည်းညင်းစွာ ပြောင်းလဲသွား၏။ ရထားပေါ်က ခရီးသည် အများအပြားသည် လုအန်းဘေးသို့ ချဉ်းကပ်လာကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသော ဒဏ်ရာအမာရွတ်များ ထွက်ပေါ်လာနေပြီး အရေပြားများလည်း တဖြည်းဖြည်းချင်း အက်ကွဲလာသလို အသက်စွမ်းအားများမှာလည်း မှေးမှိန်လျော့ပါးလာရသည်။ သူတို့၏ သူငယ်အိမ်များက တုန်ရင်လာကြကာ အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး လုအန်းက ကောင်းမင်ထံ ပေးအပ်ခဲ့သည့် အနက်ရောင်မျက်လုံးနှင့် ဝေဝါးစွာ ဆင်တူနေလေသည်။ သူတို့ထဲက တစ်ဦးချင်းစီတွင် မတူညီသော ဘဝများနှင့် မတူညီသော မှတ်ဉာဏ်များ ရှိခဲ့ကြပြီး သူတို့၏ သက်ရှိပုံစံဖြင့် ကံကြမ္မာ၏ ထိန်းချုပ်မှုအောက်တွင် ရုန်းကန်နေခဲ့ကြရခြင်း ဖြစ်သည်။ သူတို့အားလုံး ‘လု’ ဆိုသည့် မျိုးရိုးအမည်ကို ပိုင်ဆိုင်ထားကြပြီး အကျိုးအကြောင်းအကျိုးဆက်မှန်သမျှမှာလည်း နဂါးချိတ်ပိတ်ရွာအောက်ခြေက အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။ ဤဖုံးကွယ်မှုများနှင့် ပြင်ဆင်မှုမှန်သမျှမှာ ယခုအခိုက်အတန့်အတွက်သာ ဖြစ်တော့၏။

အရေပြားများ အက်ကွဲသွားပြီး ကိုယ်တွင်းအင်္ဂါများ သန့်စင်သွားကာ ကံကြမ္မာနှင့် သက်ဆိုင်သည့် အလွန်အမင်း ပြင်းထန်လှသော အငွေ့အသက်တစ်ခုက ရထားတွဲများအတွင်းသို့ လွှမ်းခြုံသွားသည်။

ခရီးသည်များက တစ်ဦးပြီးတစ်ဦး သူတို့၏ ပုံပျက်နေသောအရေပြားများကို ခွာချလိုက်ကြပြီး သူတို့နှလုံးသားထဲတွင် ဖုံးကွယ်ထားခဲ့ကြသည့် နတ်ဆိုးများကို ထုတ်ဖော်ပြသလိုက်ကြတော့သည်။ ကံကောင်းခြင်း၊ ကြီးပွားချမ်းသာခြင်း၊ အသက်ရှည်ခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ ဘေးအန္တရာယ်နှင့် ဆိုးယုတ်ခြင်း…ကံကြမ္မာကို ဖျက်ဆီးမည့် အဆိုပါသရဲများ၏ အပိုင်းပိုင်းကွဲအက်နေသော အပိုင်းအစများသည် မတူညီသော ခရီးသည်များ၏ နှလုံးသားအတွင်း၌ ဖုံးကွယ်နေခဲ့ကြရာမှ ယခုတွင် လုအန်းထံသို့ အလုအယက် စီးဆင်းသွားကြပြီ ဖြစ်သည်။

ဤလောကကြီးထဲတွင် ပုံသဏ္ဌာန်မရှိဘဲ အတည်မပြုနိုင်သည့် သရဲတစ်မျိုးရှိပြီး ယင်းမှာ ကံကြမ္မာအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားခြင်းကြောင့် မွေးဖွားလာရသည့် ကမ္မအကျိုးဆက်တစ်ခု ဖြစ်ပေသည်။ အကယ်၍ ဟန်ဟိုင်းသွေးမြို့တော်၏ အိပ်မက်သရဲများသည် အိပ်မက်စည်းမျဉ်းများ၏ ပုံဖော်မှု ဖြစ်မည်ဆိုလျှင် ကံကြမ္မာကို ဖျက်ဆီးမည့် သရဲများမှာမူ ကံကြမ္မာသေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာရသည့် နာကျည်းမှုအတွေးများ ဖြစ်ကြသည်။ သူတို့သည် ကံကြမ္မာကို စီမံခန့်ခွဲရာတွင် သဘာဝအလျောက် ကျွမ်းကျင်ကြပြီး ကံကြမ္မာကိုယ်တိုင်ကိုပင် ဝါးမြိုနိုင်စွမ်း ရှိကြသလို ကံကြမ္မာမဲ့သူများအဖြစ် ပြန်လည်မွေးဖွားလာနိုင်မည့် အခွင့်အရေးပင် ရှိခဲ့ကြသည်။ အပြည့်အဝ ဖြစ်တည်နေသော ကံကြမ္မာဖျက်ဆီးမည့် သရဲတစ်ကောင်အနေဖြင့် လူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲကျင့်ကြံနိုင်ရန်အတွက် ပထမဦးစွာ ယင်သုံးပါးနှင့် ယန်ငါးပါးကို ဖြတ်တောက်ရမည်ဖြစ်သည်။ ကံကြမ္မာသခင်တစ်ဦးက ၎င်း၏ ဘဝမီးအိမ်ကို ထွန်းညှိပေးရန်၊ အခြားသူများ၏ ဇာတာခွင်များကို လုယူပေးရန်နှင့် နှလုံးသားမီးတောက်ဖြင့် ချက်ပြုတ်ပေးရန်လည်း လိုအပ်ပေသည်။ ဤအရာများကို လုပ်ဆောင်နိုင်ရန်အတွက် စိတ်စွမ်းအားများကို အသုံးချခြင်းဖြင့်သာ ကံကြမ္မာ၏ အကြည့်မှ ရှောင်လွှဲနိုင်မည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာဖျက်ဆီးမည့် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သလို ထို့ထက်ပို၍ အရေးကြီးသော အရာတစ်ခုကိုလည်း လုပ်ဆောင်နိုင်မည် ဖြစ်၏။

ခရီးသည်များကြားတွင် ရောနှောနေကြသည့် ကံကြမ္မာဖျက်ဆီးမည့် သရဲအပိုင်းအစများသည် လုအန်းနှင့် ပေါင်းစည်းသွားကြသည်။ အနက်ရောင်သွေးများက သူ့သွေးကြောမှတ်များအတွင်း စီးဆင်းသွားခဲ့သည်။ နှစ်ပေါင်းများစွာ သူနှင့်အတူ ရှိနေခဲ့သည့် အရေပြားမှာ ဆုတ်ဖြဲခံလိုက်ရပြီး ယင်း၏ အောက်ခြေတွင်တော့ ကမ္မအကျိုးဆက် သို့မဟုတ် ကံကြမ္မာ၏ သက်ရောက်မှုကို မခံရသည့် ခန္ဓာကိုယ်ဝက်ခန့်ကို ထုတ်ဖော်ပြသနေလေသည်။

ကံကြမ္မာမရှိဘဲ မွေးဖွားလာသူဆိုသည်မှာ လုံးဝတိုက်ဆိုင်မှုတစ်ခု ဖြစ်ပြီး ထိုအစီအစဉ်မှန်သမျှကို ကံကြမ္မာ၏ အကြည့်အောက်မှ လုံးဝဖုံးကွယ်ထားရမည် ဖြစ်သည်။ လုအန်းကတော့ ကျရှုံးသူတစ်ဦး ဖြစ်ခဲ့ရသည်။ သူသည် နောက်ဆုံးတွင် ပတ်သက်မှုမှန်သမျှကို မဖြတ်တောက်နိုင်ခဲ့ဘဲ မပြောပြနိုင်သော သူ့အတိတ်ကိုလည်း မစွန့်လွှတ်နိုင်ခဲ့ချေ။

စာလုံးရှစ်လုံး နတ်ဘုရားကမ္မည်းပြား မရှိတော့သော်လည်း လုအန်းက ဂရုမစိုက်တော့ချေ။ သူသည် သူ့ကံကြမ္မာကို သတ်မှတ်ပေးခဲ့သည့် ကံကြမ္မာသခင်က ချန်ရစ်ပေးခဲ့သော နောက်ဆုံးမှတ်ဉာဏ်ဖြစ်သည့် သူ့ခန္ဓာကိုယ်ပေါ်မှ မသေမျိုးအရိုးကို အသာအယာ ထိတွေ့လိုက်သည်။

“ကျွန်တော်က အဖေ့ရဲ့ ကလေးပါ၊ ကျွန်တော်တို့ လိုဏ်ခေါင်းရဲ့ ဟိုဘက်က ဧရာမသင်္ချိုင်းဂူကြီးကို မြင်ခဲ့ကြတယ်၊ အဖေက ကျွန်တော့်ကို နောက်လှည့်မကြည့်ဖို့နဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ရှာဖွေဖို့ ပြောခဲ့တယ်... ဒါပေမဲ့ ဒါကပဲ ကျွန်တော့်ရဲ့ ကံကြမ္မာလို့ ကျွန်တော် ခံစားရတယ်”

ကောင်းမင်၏ ပုံရိပ်သည် မှောင်မိုက်နေသော မျက်ဝန်းများအတွင်း ပေါ်ထွက်လာနေ၏။ လုအန်းသည် ယင်နှင့်ယန်ကြားက ခရီးသည်များနှင့်အတူ ထိုင်နေပြီး အခြားကံကြမ္မာသရဲများသည်လည်း အဆက်မပြတ် ချဉ်းကပ်လာကြကာ သူတို့၏ မျက်ဝန်းများအတွင်း၌ ထိုလူတစ်ဦးတည်း၏ ပုံရိပ်ကိုသာ ခတ်နှိပ်ထားကြလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းမင် ယူဆောင်သွားခဲ့သည့် မျက်လုံးအတွင်း၌လည်း သူ့ကိုယ်ပိုင်ပုံရိပ် ပေါ်ထွက်လာခဲ့လေသည်။

ကံကြမ္မာသရဲများ၏ ကောင်းချီးပေးမှုနှင့် ကာကွယ်စောင့်ရှောက်မှုဆိုသည်မှာ အမှန်တကယ်တော့ အလွန်ပင် ရိုးရှင်းလှသည်။ ယင်းမှာ အသက်တစ်ခုအတွက် အခြားအသက်တစ်ခုဖြင့် လဲလှယ်ခြင်း ဖြစ်၏။

ကောင်းမင်သည် ယင်နှင့်ယန်ကြားက ရထားပေါ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သတိမပြုမိချေ။ သူသည် ကံကြမ္မာ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အဆောင်ကိုးခုက ကောင်းကင်ဘုံတံခါးချပ်တစ်ခုကို ခုတ်ပိုင်းဖွင့်လှစ်ပေးလိုက်သဖြင့် ပျက်စီးသွားသော ရွှေရောင်အမိန့်ချိန်းကြိုးများမှာ အောက်သို့ တွဲလောင်းကျနေခဲ့သည်။ ဧရာမသစ်ပင်ကြီးအတွင်းက သက်ရှည်ခြင်းစွမ်းအားများမှာလည်း ပင်လယ်ကြီးတစ်ခုအလား ကျယ်ပြောလှသလို ကံကောင်းခြင်းများမှာလည်း ကောင်းကင်တစ်ခုလုံးက တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲနေခဲ့ကြသည်။

“သက်ရှိအားလုံး ဒုက္ခရောက်နေကြတာ မဆန်းတော့ပါဘူး ၊ မင်းက လောကကြီးရဲ့ ကံကောင်းခြင်းအားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ထားပြီး သာမန်လူသားတွေကိုတော့ အချင်းချင်း လုယက်ယူဖို့အတွက် အပိုင်းအစလေးတွေပဲ ပေးထားတာကိုး”

ကောင်းမင်သည် မည်သို့သော နာကျည်းမှုများနှင့် စိတ်ပျက်အားငယ်မှုများ ပေါင်းစည်းသွားခြင်းကြောင့် ဤမျှအထိ နက်ရှိုင်းသော အတွင်းကမ္ဘာကြီးကို ဖန်တီးနိုင်ခဲ့သလဲကို အမြဲတစေ တွေးတောနေခဲ့မိခြင်း ဖြစ်သည်။ ကံကြမ္မာသစ်ပင်၏ အတွင်းပိုင်းသို့ ရောက်ရှိချိန်တွင်မူ သူသည် အကြောင်းရင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းခြင်းနှင့် သက်ရှည်ခြင်း တိမ်ပင်လယ်ကြီးအတွင်း၌ အလင်းရောင်နှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုနေပုံရသည့် နေမင်းကြီးထက်ပင် ပိုမိုတောက်ပသော ဧရာမမျက်လုံးကြီးတစ်လုံး ပွင့်လာလေသည်။

ထိုမျက်လုံးကြီးအတွင်း၌ မည်သည့် မစင်ကြယ်မှုတစ်ခုမှ ရှာမတွေ့နိုင်ချေ။ အမှုန်အမွှားလေးတစ်ခုပင် ကပ်ညှိမနေသလို ဘယ်သောအခါကမှ အမှောင်ထု သို့မဟုတ် မြူခိုးများ ဖုံးလွှမ်းခြင်းလည်း မခံခဲ့ရချေ။ သို့သော်ငြား ယင်းသည် လူသားတို့၏ ဒုက္ခဆင်းရဲများကိုတော့ မြင်တွေ့နိုင်စွမ်း မရှိခဲ့ပါချေ။ ကောင်းမင် ထိုမျက်လုံးကြီး၏ စူးစိုက်ကြည့်ရှုမှုကို ခံလိုက်ရသည့် အခိုက်အတန့်တွင် တိမ်ပင်လယ်ကြီးအတွင်းမှ မရေမတွက်နိုင်သော ကံကြမ္မာကြိုးမျှင်များ ထွက်ပေါ်လာကြပြီး သူ့အား ပုန်းစရာ နေရာမရှိအောင် လုပ်ဆောင်လိုက်ကြသည်။ သို့သော် ထူးဆန်းသည်မှာ အဆိုပါ သိပ်သည်းများပြားလှသော ကံကြမ္မာကြိုးမျှင်များသည် သူ့ဖြစ်တည်မှုကို အာရုံမရနိုင်ကြပုံရကာ သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ဖြတ်သန်းသွားခဲ့ကြခြင်းပင်။

“ကံကြမ္မာမဲ့သူ...”

ကောင်းမင်နောက်သို့ လိုက်ပါ၍ ကံကြမ္မာသစ်ပင်အတွင်းသို့ ဝင်ရောက်လာကြသည့် အတွင်းကမ္ဘာမှ မိစ္ဆာဝိညာဉ်များကတော့ သိပ်ကံကောင်းကြချေ။ သူတို့သည် သွေးမြို့တော်စည်းမျဉ်းများဖြင့် ကာကွယ်ခံထားရသော်ငြား ကံကြမ္မာကြိုးမျှင်များ၏ အချုပ်အနှောင်ကို ခံနေကြရဆဲ ဖြစ်သည်။ ကံကြမ္မာက ထိုကြိုးမျှင်များကို မြင်တွေ့လိုက်ရသည်နှင့် မကောင်းဆိုးဝါးများနှင့် ဝိညာဉ်များပေါ်တွင် နမိတ်ဆိုးသင်္ကေတများ ပြင်းထန်စွာ ပေါက်ကွဲထွက်တော့သည်။ အကောင်းဆုံး အခြေအနေတွင်ပင် သူတို့၏ စွမ်းအားများမှာ အပြင်းအထန် လျော့ကျသွားရပြီး အဆိုးဆုံးအခြေအနေတွင်မူ သူတို့၏ ဝိညာဉ်မီးတောက်များမှာ မတည်မငြိမ် ဖြစ်သွားရကာ အချိန်မရွေး ငြိမ်းသတ်ခံရနိုင်ခြေ ရှိနေတော့သည်။

“အဲဒီမျက်လုံးကြီးက ကံကြမ္မာကြိုးမျှင်အားလုံးကို ထိန်းချုပ်နေတာပဲ...”

ကံကြမ္မာသစ်ပင်ကို အစိတ်အပိုင်း အများအပြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တိုက်ပွဲများမှာလည်း နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့သည်။ သစ်ကိုင်းများပေါ်က သစ်ရွက်တိုင်းသည် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြပြီး လူသားတို့၏ နှလုံးသားအတွင်း အမြစ်တွယ်နေသည့် အမြစ်များကိုလည်း ကံကြမ္မာသခင်များက ရှင်းလင်းဖယ်ရှားပစ်နေကြသလို အတွင်းကမ္ဘာ၏ ညကောင်းကင်ယံကို ဖိနှိပ်ထားသည့် ဧရာမပင်စည်ကြီးကိုလည်း ရူးသွပ်စွာ တိုက်ခိုက်နေခဲ့ကြသည်။

လူတိုင်းသည် ကောင်းမင်နှင့် သူ့အဖော်များအတွက် ဝန်ထုပ်ဝန်ပိုးများကို ခွဲဝေထမ်းဆောင်ပေးရန် ကြိုးစားနေကြခြင်း ဖြစ်သော်လည်း အကယ်၍ ထိုမျက်လုံးကြီးကို မဖျက်ဆီးနိုင်ပါက ကံကြမ္မာသစ်ပင်အတွင်းသို့ လူမည်မျှပင် ဝင်ရောက်လာပါစေ ယင်းကို အစစ်အမှန် ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။

ကံကြမ္မာသစ်ပင်က ကံကြမ္မာအလောင်းကို ဖယ်ရှားပစ်နိုင်သည်နှင့် အဆုံးမဲ့လူသားလောကကို ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်ကာ သက်ရှိအားလုံး၏ အထက်တွင် ဆွဲချိတ်ထားသည့် ကောင်းကင်ဘုံအဖြစ်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

အတွင်းကမ္ဘာ၏ သွေးနီရောင် စည်းမျဉ်း ၁၃ ခုစလုံးသည် ကံကြမ္မာသစ်ပင်အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်၏။ ကံကြမ္မာကြိုးမျှင်များ၏ သက်ရောက်မှုမှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်နေပြီး ခုခံကာကွယ်၍မရသလို တွန်းလှန်၍လည်းမရသည့် တိုက်ခိုက်မှုများက သူတို့အား စိတ်ပျက်အားငယ်မှုများကို ပေးစွမ်းနေခဲ့သည်။ ကံကြမ္မာ၏ ရှေ့မှောက်တွင် စွမ်းအားဆိုသည်မှာ လုံးဝအဓိပ္ပာယ်မဲ့နေရသည်။

“ကောင်းမင်... အဲဒီမျက်လုံးမှာ ပြဿနာတစ်ခု ရှိနေတယ်၊ ငါတို့ မင်းအတွက် ချဉ်းကပ်နိုင်မယ့် အခွင့်အရေးတစ်ခု ဖန်တီးပေးမယ်”

လုအန်းအသံက မျက်လုံးအတွင်းမှ ထွက်ပေါ်လာ၏။ နောက်အခိုက်အတန့်တွင် ကောင်းမင်သည် သူ့ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်ကို သတိပြုလိုက်သည်။ သတ်မှတ်ထားသော ကံကြမ္မာနှင့် မတူညီဘဲ ထိုစွမ်းအားက ကံကြမ္မာ၏ အပြောင်းအလဲနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။

အပြောင်းအလဲသည် ကောင်းမင်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ယခင်ကမူ သူသည် ယင်းကို မည်သို့အသုံးပြုရမည်ကို မသိသလို လုအန်း လုပ်ဆောင်နေသည်ကိုလည်း မသိချေ။ ထိုခဏချင်းတွင်ပင် ကံကြမ္မာကြိုးမျှင်အားလုံး ရှုပ်ထွေးပျက်စီးသွားရသည်။

“အခုပဲ...”

ကံကောင်းခြင်းနှင့် သက်ရှည်ခြင်း တိမ်ပင်လယ်ကြီးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကောင်းမင်၏ အိပ်မက်ပုံစံကွက်များသည် တောက်ပစွာ လောင်ကျွမ်းလာလေသည်။ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော သူသည် သက်ရှိအားလုံးကို ငုံ့မိုးကြည့်ရှုနေသည့် မျက်လုံးကြီးဆီသို့ တည့်တည့်ကြီး ပြေးဝင်သွားတော့သည်။

ကံကြမ္မာသစ်ပင်၏ ဝိညာဉ်စွမ်းအားအများစုမှာ ကောင်းမင်၏ သတ်ဖြတ်ခံထားရပြီး ဖြစ်သဖြင့် ယင်းက စိတ်ဖောက်ပြန်မှုကမ္ဘာကြီးက ၎င်း၏ ကြည်လင်မှုကို ဆုံးရှုံးသွားရသကဲ့သို့ပင် ဖြစ်သည်။ သို့သော်ငြား ယင်းသည် လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ကြိုးစားနေဆဲ ဖြစ်သည်။

၎င်း၏ မျက်လုံးက လှုပ်ခတ်သွားပြီး ပြန့်ကြဲသွားသော ကံကြမ္မာကြိုးမျှင်များသည် အဆုံးမဲ့လူသားလောကနှင့် ချိတ်ဆက်သွား၏။ ကံကြမ္မာ၏ တိုက်ခိုက်မှုများသည် ဘယ်သောအခါမှ ၎င်းလမ်းကြောင်းအတိုင်း မရှိဘဲ ကောင်းမင်၏ ကံကြမ္မာနှင့် ပတ်သက်ဆက်နွှယ်နေသူများကိုသာ ရှာဖွေနေခြင်း ဖြစ်သည်။

ရှင်းလုမြို့တော်တွင် ကောင်းမင်ကို မှီခိုအားထားခဲ့သည့် မိန်းကလေးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သလို၊ သူ့အား အကြိမ်ကြိမ် သတ်ဖြတ်ခဲ့သည့် ရန်သူတော်ကြီးလည်း မရှိတော့ချေ။ သူ့အား ရှာဖွေရန်အတွက် အတွင်းကမ္ဘာထဲသို့ ဝင်ရောက်လာကြသည့် သူ့မိဘများနှင့် သွေးသားတော်စပ်သူများကိုလည်း ကောင်းမင်က ညှဉ်းပန်းနှိပ်စက်ခန်းဆီသို့ ပို့ဆောင်ထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ကံကြမ္မာ၏ အပြောင်းအလဲများနှင့် ပတ်သက်နေသူကသာ ကံကြမ္မာကို အစစ်အမှန် ခြိမ်းခြောက်နိုင်ခြင်း ဖြစ်သည်။ ကံကြမ္မာကြိုးမျှင်များက ဆက်တိုက်ဆိုသလို ပြတ်တောက်နေကြပြီး ကောင်းမင်ထံသို့ မချဉ်းကပ်နိုင်ကြပါချေ။ သို့သော် ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ အိပ်မက်ပုံစံကွက်များက အတွင်းကမ္ဘာ၏ စိတ်ပျက်အားငယ်မှုမီးတောက်များနှင့်အတူ တောက်လောင်လာချိန်တွင်မူ ကံကြမ္မာ၏ မျက်လုံးများအတွင်း၌ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

ထိုသူသည် ကံကြမ္မာရှာတွေ့နိုင်သည့် တစ်ဦးတည်းသောလူဖြစ်ပြီး ကောင်းမင်၏ ကံကြမ္မာနှင့် အနက်ရှိုင်းဆုံး ပတ်သက်မှုနှင့် ကမ္မအကျိုးဆက်များ ရှိနေခဲ့သည်။ ထိုသူသည် ကောင်းမင်၏ ပြန်လည်မွေးဖွားခြင်းများကို အကြိမ်ကြိမ် ကြိုဆိုခဲ့ဖူးသလို ညများ ဖုံးလွှမ်းနေသည့် မြို့တော်ကြီးအတွင်း၌လည်း သူ့အား အမြဲတစေ အဖော်ပြုပေးခဲ့သူ ဖြစ်သည်။

ကံကြမ္မာကြိုးမျှင်များသည် ဘယ်သောအခါမှ ဆုံတွေ့ခွင့်ရလိမ့်မည်မဟုတ်သည့် ဝိညာဉ်နှစ်ခုကို ချိတ်ဆက်ပေးထားခဲ့သည်။ သူသည် သူမ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့် သရဲတစ်ကောင် ဖြစ်ခဲ့ပြီး သူမသည်လည်း သူ ဘယ်တော့မှ နိုးထနိုင်မည်မဟုတ်သည့် အိပ်မက်တစ်ခု ဖြစ်ခဲ့ရသည်။

“ရွှမ်ဝမ်...”

All Chapters