← Chapters

အခန်း ၉၄၄

Vol. 67 Ch. 944

အခန်း ၉၄၄

Vol. 67 Ch. 944

အပိုင်း (၉၄၄) စတင်ခြင်း

"ကောင်းမင်"

ဟန်ဖေးက နောက်မှ အပြေးအလွှား လိုက်ပါလာခဲ့သည်။ ထိန်းချုပ်မှုမဲ့နေသော ကံကြမ္မာကြိုးမျှင်များသည် ကံကြမ္မာ၏ စိတ်ဆန္ဒအောက်တွင် မရှိတော့သော်လည်း ၎င်းတို့သည် အနားသို့ ချဉ်းကပ်လာသူများကို ဗီဇအရ ရစ်ပတ်နှောင်ဖွဲ့၍ နာကျင်မှုများကို ပေးစွမ်းကာ အဆိုးရွားဆုံးအခိုက်အတန့်များကို ပြန်လည်ခံစားရအောင် ပြုလုပ်နေကြသည်။ ထို့ပြင် အတိတ် သို့မဟုတ် အနာဂတ်၏ အခိုက်အတန့်တစ်ခုခုတွင် သူတို့ကို သတ်ဖြတ်ရန် အခွင့်အရေးကိုပါ ရှာဖွေနေကြခြင်းဖြစ်သည်။

အန္တရာယ်များလှသော်လည်း ဟန်ဖေးသည် ကောင်းမင်နောက်သို့ မမီနိုင်သဖြင့် သူ၏ 'ပြန်လည်မွေးဖွားခြင်း သတ်ဖြတ်ခြင်းဓား' အတွင်းရှိ အပေါင်းအဖော်များကို ခေါ်ယူလိုက်ရသည်။

သူ့လက်ထဲရှိ ဓားကြောင့် ကောင်းမင်အရှိန်လျော့သွားပြီးနောက် ဟန်ဖေးသည် ချက်ချင်း အနားသို့ တိုးကပ်သွား၏။

"ကောင်းမင်၊ ငါတို့ အခုလုပ်နေတဲ့အရာက အရင်က ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အရာပဲ၊ တကယ်တော့ ကံကြမ္မာသစ်ပင်က ကံကြမ္မာကို ဘယ်အချိန် သတ်ပစ်လိုက်လဲဆိုတာ ဘယ်သူမှ မသိကြသလိုပဲ၊ ငါတို့လည်း ကံကြမ္မာကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ တကယ်မသိကြဘူး၊ ဒါဟာ အတိတ်ရဲ့ တစ်ချိန်ချိန်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်သလို၊ အနာဂတ်မှာ ဖြစ်ပျက်မှာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲဒါ ဖြစ်ပျက်လာတာနဲ့ အတိတ်နဲ့ အနာဂတ်ရဲ့ ကံကြမ္မာတွေဟာ ကံကြမ္မာရဲ့ အစားထိုးတာကို ခံရလိမ့်မယ်"

ကောင်းမင်က သူ့စကားကို နားထောင်ရန် ဆန္ဒရှိသည်ကို မြင်လိုက်ရသဖြင့် ဟန်ဖေးသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွား၏။ သူသည် သူ့လက်ဖဝါးကို လှီးဖြတ်လိုက်ပြီး ရှင်းလုသွေးမြို့တော်တွင် သူ့ကို ကာကွယ်ထားသည့် သရဲတက်တူးအထပ်ထပ်ကြားမှ အနက်ရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်လေသည်။

"ဒီအရာမှာ နာမည်မရှိဘူး၊ ငါတို့အားလုံးကတော့ 'သေတ္တာနက်' လို့ပဲ ခေါ်ကြတယ်၊ အထဲမှာ ဘာရှိလဲဆိုတာကို ငါအမြဲတမ်း သိချင်နေခဲ့တာ၊ ငါ အဲဒါကို တစ်လွှာပြီးတစ်လွှာ ဖွင့်ကြည့်ခဲ့ရာကနေ တစ်နေ့ကျတော့ သေတ္တာထဲကနေ ငါ့ရဲ့ ကိုယ်ပိုင်အသံ ထွက်လာတာကို ကြားလိုက်ရတယ်"

အတွင်းကမ္ဘာ၏ ထိပ်ပိုင်းအလွှာတွင်ရှိသည့် ကြောက်မက်ဖွယ်ရာဖြစ်တည်မှုတစ်ခု အနေဖြင့် သွေးမြို့တော်သခင်တစ်ပါးသည် ယခုလိုအချိန်မျိုးတွင် ကောင်းမင်ကို လိမ်ညာမည်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။

"ဒါဟာ ပုံရိပ်ယောင်တစ်ခုမဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်၊ သွေးမြို့တော်ပိုင်ရှင်တစ်ယောက်ကို ဘယ်သူမှ မလှည့်စားနိုင်ဘူး၊ နည်းလမ်းအမျိုးမျိုး ကြိုးစားကြည့်ပြီးနောက်တော့ ဒီသေတ္တာထဲမှာ အတွင်းကမ္ဘာကိုယ်တိုင် ပါဝင်နေတာကို ငါရှာတွေ့ခဲ့တယ်"

"မင်းအနေနဲ့ နားလည်ရခက်လိမ့်မယ်ဆိုတာ ငါသိပါတယ်၊ ဒီသေတ္တာက ပထမဆုံးသရဲဖြစ်တဲ့ ကံကြမ္မာအလောင်းကနေ ဆင်းသက်လာတာပဲ၊ သူ့ရဲ့ အရှေ့မျက်နှာပြင်က ကယ်တင်ခြင်းနဲ့ ကုသခြင်းကို ကိုယ်စားပြုပြီး အနောက်မျက်နှာပြင်ကတော့ စိတ်ပျက်အားငယ်ခြင်းခြင်းနဲ့ ဖျက်ဆီးခြင်းကို ကိုယ်စားပြုတယ်၊ ဒါဟာ ပထမဆုံးသရဲရဲ့ မျက်လုံးနှစ်လုံးနဲ့ ကွက်တိ ကျနေတာပဲ"

"ရှုထောင့်အမြင်ကနေ ကမ္ဘာကြီးရဲ့ ပုံသဏ္ဌာန်ကို ဖြစ်ပေါ်စေတာ၊ သေတ္တာနက်ဆိုတာ ပထမဆုံးသရဲရဲ့ စောင့်ကြည့်တဲ့ ရှုထောင့်ပဲ၊ ကံကြမ္မာရဲ့ မျက်လုံးတွေကနေတစ်ဆင့် မြင်တွေ့ရတဲ့ အတွင်းကမ္ဘာဖြစ်သလို၊ အတွင်းကမ္ဘာရဲ့ မူလပုံစံလည်း ဖြစ်တယ်"

"နောက်ပိုင်းမှာ ကံကြမ္မာဟာ ကံကြမ္မာသစ်ပင်ရဲ့ အစားထိုးခံခဲ့ရပေမဲ့ ကံကြမ္မာရဲ့ ရှုထောင့်အမြင်ကတော့ သေတ္တာနက်ထဲမှာ ကျန်ရစ်ခဲ့တယ်၊ ကံကြမ္မာရဲ့ စောင့်ကြည့်မှုအောက်မှာ အတွင်းကမ္ဘာဟာ တဖြည်းဖြည်းနဲ့ အခုလို ကြောက်စရာကောင်းတဲ့ပုံစံမျိုးအဖြစ် ပြောင်းလဲသွားခဲ့တာပဲ"

“မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေနဲ့ သရဲတွေရဲ့ မျက်လုံးထဲက စိတ်ပျက်အားငယ်မှုတွေနှင့် မေ့လျော့ခံမှတ်ဉာဏ်တွေနဲ့ လုံးဝတည်ဆောက်ထားတဲ့ ကျယ်ပြောလှတဲ့ နက်ရှိုင်းတဲ့ အတွင်းကမ္ဘာကြီးဟာ တကယ်တော့ ကံကြမ္မာတောင် ခပ်ပေါ့ပေါ့မဖွင့်ချင်တဲ့ လက်ထဲက သေတ္တာငယ်လေးတစ်လုံးပဲ”

“ကံကြမ္မာရဲ့ထိန်းချုပ်မှုအောက်တွင် ငါတို့တစ်ယောက်ချင်းစီဟာ တကယ်တော့ သေတ္တာနက်တစ်လုံးစီ ဖြစ်နေကြတာ၊ ငါတို့ရဲ့ မျက်လုံးတွေက အပြင်ကမ္ဘာကြီးကို စောင့်ကြည့်ရတဲ့ အပေါက်တွေပဲ၊ ငါတို့ရဲ့ ဝိညာဉ်တွေကတော့ ခန္ဓာကိုယ်ထဲမှာပဲ ကိန်းအောင်းနေကြပြီး အပြင်ဘက်ကမ္ဘာကို တကယ် မထိတွေ့နိုင်ကြဘူး၊ လူတစ်ယောက်ချင်းစီဟာ ကျွန်းတစ်ကျွန်းစီလိုဖြစ်ပြီး ဆက်နွှယ်မှုအားလုံးကို ကံကြမ္မာကပဲ စီမံပေးထားတာ”

“ကံကြမ္မာက အရာအားလုံးကို နှောင်ဖွဲ့ထားတယ်၊ ဒါပေမဲ့ သူကိုယ်တိုင်လည်း သူကိုယ်တိုင် ရက်လုပ်ထားတဲ့ ဧရာမသေတ္တာနက်ကြီးထဲမှာ ပိတ်မိနေတာ မဟုတ်ဘူးလား”

သူ့ရဲ့ စိတ်ဆန္ဒဟာ သက်ရှိအားလုံးနဲ့ ဘယ်တုန်းကမှ တကယ် နီးစပ်မနေခဲ့ဘူး၊ အဲဒီအစား သူဟာ အရာအားလုံးရဲ့ အထက်မှာ အမြဲတမ်း ရှိနေခဲ့ပြီး စိတ်ဝိညာဉ်အဆီအနှစ်တွေနဲ့ ကြည်လင်ပြတ်သားမှုတွေကို အသုံးချပြီး စစ်မှန်တဲ့ လူသားတစ်ယောက်ချင်းစီကို နှောင်ဖွဲ့ထားတဲ့ မရေမတွက်နိုင်တဲ့ ကံကြမ္မာကြိုးမျှင်တွေကို ခြယ်လှယ်နေခဲ့တာပဲ”

“ဒါဟာလည်း သူအခုလို အခြေအနေမျိုး ရောက်လာရတဲ့ အဓိကအကြောင်းရင်းပဲ၊ သူ့ရဲ့ စိတ်ဝိညာဉ် အဆီအနှစ်နဲ့ ကြည်လင်ပြတ်သားမှုတွေ ပျက်စီးသွားတာနဲ့ အဆုံးမဲ့လူသားလောကကော နက်ရှိုင်းတဲ့ အတွင်းကမ္ဘာကပါ သူ့ကို ကူညီကြတော့မှာ မဟုတ်ဘူး"

ဟန်ဖေးသည် လူပေါင်းများစွာ အလုအယက် လိုချင်နေကြသော အနက်ရောင်သေတ္တာကို သာမန်ပစ္စည်းတစ်ခုကို ပေးအပ်သကဲ့သို့ ကောင်းမင်ထံသို့ ကမ်းပေးလိုက်သည်။

"မင်း ကံကြမ္မာရဲ့ အဆီအနှစ်ကို သတ်ပစ်ခဲ့ပြီးပြီ၊ ဒါပေမဲ့ သက်ရှိအားလုံးမှာ အမြစ်တွယ်နေတဲ့ ဒီဧရာမသစ်ပင်ကြီး မညှိုးနွမ်းသရွေ့တော့ အဆီအနှစ်အသစ်တွေနဲ့ ကြည်လင်ပြတ်သားမှုတွေဟာ စတင်ပေါ်ပေါက်လာဦးမှာပဲ၊ ဒါက သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်၊ ဖြစ်နိုင်ရင် မင်း ဒီရှားပါးတဲ့ အခွင့်အရေးကို အသုံးချပြီး ကံကြမ္မာရဲ့ ရှုထောင့်အမြင်ကို ကံကြမ္မာရဲ့ မျက်လုံးတွေနေရာမှာ အစားထိုးလိုက်သင့်တယ်"

ကောင်းမင် အနက်ရောင်သေတ္တာကို ထိတွေ့လိုက်သည်ကို မြင်သောအခါ ဟန်ဖေး၏ မျက်နှာအမူအရာက အလွန်အမင်း တည်ကြည်လေးနက်သွား၏။ သူသည် ထိုအနက်ရောင်သေတ္တာထဲတွင် ကံကြမ္မာ၏ အသိစိတ်အကြွင်းအကျန်များ သို့မဟုတ် ကံကြမ္မာ၏ ကြည်လင်ပြတ်သားမှုများ ရှိနေနိုင်သည်ဟု တွေးမိသည်။

အနက်ရောင်သေတ္တာလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ကောင်းမင်သည် အထက်သို့ ဆက်လက်တက်လှမ်းသွားလိုက်သည်။ သူသည် ကံကြမ္မာကြိုးမျှင်များကို နင်းလျှောက်သွားလေရာ ခြေလှမ်းတိုင်းသည် ဘဝ၏ မတူညီသောဇာတ်ခုံတစ်ခုစီသို့ ရောက်ရှိသွားသကဲ့သို့ ရှိနေလေသည်။ ထိုကံကြမ္မာကြိုးမျှင်များသည် သူ့ကို ချေမှုန်းဖျက်ဆီးရန် ရူးသွပ်စွာ တိုက်ခိုက်နေကြသော်လည်း ကောင်းမင်တွင်မူ ဆုံးရှုံးစရာ ဘာမှမရှိတော့ပေ။ ကံကြမ္မာသည် သူ့ကို အကြိမ်ကြိမ် ခြေချော်အောင်သာ ပြုလုပ်နိုင်ပြီး ဘယ်တော့မှ သတ်ပစ်နိုင်ခြင်း မရှိခဲ့ချေ။

သူ့မျက်လုံးများသည် အရာခပ်သိမ်းကိန်းအောင်းနေပြီး အစဉ်မပြတ်ပြောင်းလဲတိုးတက်နေသော နှလုံးသားဆီသို့ စိုက်ကြည့်နေခဲ့သည်။ ပုရစ်တောင်ပံကဲ့သို့ ပါးလွှာလှသော သူ့ဝိညာဉ်က မည်သည့် မသိထိုက်သူ ဖြစ်တည်မှုမျိုးထက်မဆို ပိုမိုခံနိုင်ရည် ရှိနေလေသည်။ သူသည် ဧရာမကံကြမ္မာသစ်ပင်ကြီး၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားပြီး တစ်ဆင့်ပြီးတစ်ဆင့် မော့ကြည့်နေရာမှ တည့်တည့်စိုက်ကြည့်သည့် အနေအထားသို့ ပြောင်းလဲသွားတော့သည်။

ဟန်ဟိုင်းဥမင်လိုဏ်ခေါင်းထဲတွင် သူပထမဆုံးအကြိမ် နိုးထလာစဉ်က ကောင်းမင်သည် အရိပ်ကမ္ဘာ စတင်ကျူးကျော်လာသည့် ထိုနေ့၌ပင် သူ့အိမ်နီးနားချင်း၏ ကြိုးဖြင့် လည်ပင်းညှစ်သတ်ခြင်းကို ခံခဲ့ရသည်။ သူ့လည်ပင်း၊ ကော်ရစ်ဒါထဲတွင် တွဲလောင်းကျနေသော သူ့အလောင်း...။

သူ သတ္တမအကြိမ်မြောက် နိုးထလာစဉ်က သူ့ဂိမ်းသည် လက်တွေ့ဘဝ ဖြစ်လာခဲ့သည်ကို ခံစားလိုက်ရသည်။ သူသည် သရဲဆရာဝန်တစ်ယောက်ထံ သွားပြခဲ့ရာ ဓားတစ်လက်က သူ့လည်ပင်းကို ထိုးစိုက်သွားပြီး ဆေးမှတ်တမ်းစာအုပ်ပေါ်တွင် သွေးများ စွန်းထင်သွားခဲ့ရသည်။

သူ ၁၉ ကြိမ်မြောက် နိုးထလာစဉ်က သူသည် သူ့မိသားစုဝင်များကို အော်ဟစ်ကာ သူတို့အိမ်ထဲတွင် သရဲများ ပုန်းအောင်းနေကြကြောင်း ၎င်းတို့က မြို့တော်ကို ဖျက်ဆီးချင်နေကြကြောင်း ပြောခဲ့သည်။ သို့သော် ရုပ်ချင်းတူပြီး အသံချင်းတူရုံမျှဖြင့် ၎င်းတို့သည် သရဲများ အယောင်ဆောင်ထားခြင်း မဟုတ်ဟု မဆိုနိုင်ပေ။

သူ ၈၆ ကြိမ်မြောက် နိုးထလာစဉ်ကမူ ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး ဖြစ်နေခဲ့ပြီး သားစားကြူးနတ်ဘုရား၏ အကြွင်းအကျန်များကို ပထမဆုံးအကြိမ် ထိတွေ့ခဲ့ရသည်။ အသားနံ့သင်းသင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲ ပျံ့လွင့်သွားပြီးနောက် နောက်တစ်ခဏ၌ပင် အကြီးအကဲ၏ ဓားကြီး ကျဆင်းလာကာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။

တစ်ကြိမ်ပြီးတစ်ကြိမ်ဖြင့် သူသည် သေခြင်းတရားကို ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရပြီး နောက်ကြောင်းပြန်လှည့်ကြည့်လျှင် သူနင်းဖြတ်ခဲ့သော ကံကြမ္မာကြိုးမျှင်တိုင်းသည် သူ၏ ကိုယ်ပိုင်နာကျင်မှုများဖြင့် စွန်းထင်နေခဲ့လေသည်။

ထိုသို့သော အကြောင်းရင်းများကြောင့်ပင် သူသည် မည်သူမျှ မရောက်ဖူးသေးသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ကံကြမ္မာ၏ အနှောင်အဖွဲ့အားလုံးမှ ရုန်းထွက်လျက် ကောင်းမင်သည် အနက်ရောင်သေတ္တာကို လှမ်းကိုင်ကာ စေးကပ်သော... ပျားရည်ကဲ့သို့ ချိုမြိန်သော သုခချမ်းသာများနှင့် မရေမတွက်နိုင်သော ပျော်ရွှင်မှုများ၏ ဖျားယောင်းမှုများကို ဖြတ်ကျော်ကာ ကံကြမ္မာသစ်ပင်ထိပ်ဖျားရှိ အစဉ်မပြတ်ပြောင်းလဲနေသော ကမ္ဘာကြီးကို ဆုတ်ဖြဲ၍ စိတ်ဝိညာဉ်အဆီအနှစ်များ မွေးဖွားရာ နှလုံးသားအတွင်းပိုင်းသို့ ဝင်ရောက်သွားတော့သည်။

သူသည် အနက်ရောင်သေတ္တာ၏ ဘေးနှစ်ဖက်ကို ဆုပ်ကိုင်၍ သူ့အသိစိတ် အနက်ရှိုင်းဆုံးနေရာတွင် ကံကြမ္မာ၏ လက်ဆောင်ကို ဖွင့်လှစ်လိုက်တော့သည်။

အနက်ရှိုင်းဆုံးသော စိတ်ပျက်အားငယ်မှုနှင့် အလှပဆုံးသော မျှော်လင့်ချက်တို့သည် အစွန်းရောက် အင်အားနှစ်ခုအဖြစ် ပေါင်းစပ်သွားပြီး အစဉ်ပြောင်းလဲနေသော နှလုံးသားထဲသို့ လှိုင်းလုံးပမာ တိုးဝင်သွားကာ မရေမတွက်နိုင်သော သွေးကြောငယ်လေးများထဲသို့ စိမ့်ဝင်သွားလေသည်။

ကောင်းမင်၏ ဝိညာဉ်သည် ပိုမို ကြည်လင်လာနေသော်လည်း သူသည် သူ့ကိုယ်သူ လုံးဝမေ့လျော့သွားပုံရပြီး အနက်ရောင်သေတ္တာကို ထပ်ခါတလဲလဲ ဆက်တိုက် ဖွင့်နေလေသည်။

ရှင်းလုသွေးမြို့တော်သခင် ပြောခဲ့သည်မှာ မှန်ကန်ပေသည်။ ကောင်းမင်သည်လည်း အနက်ရောင်သေတ္တာထဲမှ သူ့ကိုယ်ပိုင်အသံကို ကြားလိုက်ရလေသည်။

အနက်ရောင်သေတ္တာကို တစ်ကြိမ်ဖွင့်လိုက်တိုင်း ကောင်းမင်၏ ဝိညာဉ်က ပိုမိုပေါ့ပါးသွား၏။ ဟန်ဖေးက စိုးရိမ်တကြီး လှမ်းပြောလိုက်ပြီး အခြားသွေးမြို့တော် အရှင်သခင်များသည်လည်း ၎င်းတို့လုပ်လက်စများကို ရပ်တန့်ကာ သူ့ထံသို့ လှမ်းကြည့်လိုက်ကြသည်။

သေတ္တာနက်ကို ဖွင့်ခြင်းတွင် ပေးဆပ်ရမည့် တန်ဖိုးရှိသည်၊ ဟန်... ကောင်းမင်သည် အချိန်အတော်ကြာမှ တစ်ကြိမ်သာ အနက်ရောင်သေတ္တာကို ဖွင့်ရန် ကြိုးစားခဲ့ဖူးသော်လည်း ယခုမူ သူ ဂရုမစိုက်တော့ပေ။ သူသည် အနာကျင်ရဆုံးသော တန်ဖိုးကို ပေးဆပ်ခဲ့ပြီးဖြစ်ရာ ထို့နောက်တွင် သူလုပ်သမျှ အရာအားလုံးသည် ဆုလာဘ်များကို ပြန်လည်သိမ်းဆည်းသည့် နည်းလမ်းတစ်ခုသာ ဖြစ်တော့သည်။

အနက်ရောင်သေတ္တာအတွင်းမှ သူ့အသံက ပိုမိုရှင်းလင်းလာလေသည်။ လက်တွေ့တွင်မူ သူ့ဝိညာဉ်သည် ဘာမှမရှိတော့သည့် အခြေအနေသို့ နီးကပ်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဆက်ဖွင့်နေမည်ဆိုပါက သူသည် လုံးဝဥဿုံ ပျက်စီးသွားနိုင်သော်လည်း ရပ်တန့်ခြင်းမရှိပေ။ သူသည် အနက်ရောင်သေတ္တာထဲတွင် စိတ်ပျက်အားငယ်ခြင်းနှင့် မျှော်လင့်ချက်တို့ ရောယှက်နေသည်ကို မြင်တွေ့ခဲ့ရပြီး ကံကြမ္မာက ပြုပြင်ပြောင်းလဲထားသော ကမ္ဘာကြီးကို ပြန်လည်ပုံဖော်နေခဲ့ခြင်းဖြစ်သည်။

အနက်ရောင်သေတ္တာကို တစ်ကြိမ်ဖွင့်လိုက်ခြင်းဖြင့် ထွက်ပေါ်လာသော စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်တို့သည် သွေးပင်လယ်ကြီးတစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်ပေသည်။ ကောင်းမင်သည် အနက်ရောင်သေတ္တာကိုပင် မမနိုင်တော့သည့် အခြေအနေအထိ အရာအားလုံးကို စတေးလုနီးပါး ဖြစ်သွားရသည်။

မလှမ်းမကမ်းတွင် ရှိနေသော ဟန်ဖေးသည် ရူးသွပ်စွာရယ်မောသူကို လှမ်းကြည့်လိုက်ပြီး ရှင်းလုသွေးမြို့တော်၏ သရဲတက်တူးထဲမှ သူ၏ယဇ်ပလ္လင်ကို ထုတ်ယူကာ ကုသခြင်းနှင့် လောဘတို့၏ စွမ်းအားကို အသုံးပြု၍ ကောင်းမင်အတွက် ရုပ်တုတစ်ခုကို သွန်းလုပ်တော့သည်။ ကောင်းမင်၏ ဝေဝါးနေသော မျက်နှာက ရုပ်တုပေါ်တွင် ပေါ်လာခဲ့သော်လည်း ထိုရုပ်တုသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေးကြေမွပျက်စီးသွားတော့မည့်ပမာ ရှိနေခဲ့သည်။

All Chapters