← Chapters

အခန်း ၉၄၅

Vol. 67 Ch. 945

အခန်း ၉၄၅

Vol. 67 Ch. 945

အပိုင်း (၉၄၅) ငါလက်ဆောင်အားလုံးကို မြင်လိုက်ရတာပဲ

"ကံကြမ္မာသစ်ပင်က ကံကြမ္မာကို သတ်ပစ်ခဲ့လို့သာ အတွင်းကမ္ဘာကြီး ပေါ်ပေါက်လာခဲ့တာ၊ အဲဒါက အကြောင်းတရားပဲ၊ ငါတို့က အကျိုးတရားပဲ၊ အခု ကောင်းမင်က သေတ္တာနက်ကို ဖွင့်လိုက်တဲ့ နောက်ဆက်တွဲဒဏ်ကို တစ်ယောက်တည်း ရင်ဆိုင်နေရတယ်၊ မင်းတို့ ဘာကို တွန့်ဆုတ်နေသေးတာလဲ"

ဟန်ဖေးသည် ရှင်းလုသွေးမြို့တော်၏ နတ်ဘုရားပုံစံကွက်များကို ကောင်းမင်၏ ရုပ်တုပေါ်သို့ မချွင်းမချန် ထွင်းထုလိုက်ပြီး အခြားသရဲများနှင့် နတ်ဘုရားများကို အေးစက်စွာ အော်ဟစ်လိုက်သည်။ မိစ္ဆာနတ်ဘုရားများသည် တစ်ဦးပြီးတစ်ဦး ကောင်းမင်၏ စွဲလမ်းမှုကို သူတို့၏ စွဲလမ်းမှုများအဖြစ်သို့ ပြောင်းလဲထွင်းထုလိုက်ကြသည်။ ခုနတင်ကပင် ကောင်းမင်သည် ကံကြမ္မာ၏ မျက်လုံးကို ကွယ်အောင်လုပ်ခဲ့ပြီး လူတိုင်းကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ချန်ဂီက စကားတစ်ခွန်းမှ ပြောရန်မလိုဘဲ ထိုရက်စက်၊ အာဏာရှင်ဆန်ပြီး ကြမ်းတမ်းလှသော နတ်ဘုရားများသည် ကောင်းမင်ထံသို့ သူတို့နည်း သူတို့ဟန်ဖြင့် စွမ်းအားများ စတင်ပေးအပ်နေကြပြီ ဖြစ်သည်။

မေ့လျော့ခံရခြင်းသည် သေဆုံးခြင်းပင်ဖြစ်သော်လည်း ဤမိစ္ဆာနတ်ဘုရားများသည် ကောင်းမင်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို အတင်းအကျပ် ဆုပ်ကိုင်ထားကြလေသည်။

"ဒီလူက ငါ့ဝန်ထမ်းတွေထဲက တစ်ယောက်ပဲ၊ ဘယ်သူမှ သူ့အသက်ကို ယူသွားလို့မရဘူး"

ချန်ဂီက ဗဟိုသွေးမြို့တော်၏ သရဲပုံစံကွက်များကို တောက်လောင်စေလိုက်သည်။ ရုပ်တု၏ ရင်ဘတ်ထဲတွင် ဝှက်ထားသော နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့ပြီး ကောင်းမင်၏ မှတ်ဉာဏ်များကို ဗဟိုသွေးမြို့တော်၏ အနှစ်သာရထဲသို့ ပေါင်းစပ်လိုက်လေသည်။ အကယ်၍ ကံကြမ္မာက ကောင်းမင်၏ ဝိညာဉ်ကို တစ်စစီကြေမွသွားစေချင်လျှင် ဗဟိုသွေးမြို့တော်ကို အရင်ဆုံး မြေလှန်ရပေလိမ့်မည်။ ချန်ဂီသည် ဗဟိုသွေးမြို့တော်တွင် အကျိုးအကြောင်းအကျဆုံးလူ ဖြစ်သော်လည်း သူရူးသွပ်သွားချိန်တွင်မူ အတွင်းကမ္ဘာ၌ သူ့ကို တားဆီးနိုင်သူ ဘယ်သူမှ မရှိချေ။ "အဆိုးယုတ်ဆုံးမိစ္ဆာ" ဟူသော ဘွဲ့အမည်သည် သူကိုယ်တိုင်ပေးခဲ့သော အမည်မဟုတ်ပေ။

တတိယမြောက်အဖြစ် စတင်လှုပ်ရှားလိုက်သော မိစ္ဆာနတ်ဘုရားကြောင့် လူအများစုမှာ အံ့အားသင့်သွားကြသည်။ သွေးနီရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဒေါက်တာကောင်းသည် သူ၏ချိန်းကြိုးများမှ ရုန်းထွက်လိုက်ပြီး အတွင်းကမ္ဘာတွင် တစ်ခါမှ မမြင်ဖူးသေးသော သရဲပုံစံကွက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။ ဤပုံစံကွက်သည် သူ့အရေပြားပေါ်တွင် ရှင်သန်ကြီးထွားလာသော်လည်း ကောင်းမင်၏ ဝိညာဉ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ မိစ္ဆာဝိညာဉ်ကို အခြားတစ်ဦး၏ ဝိညာဉ်နှင့် ပူးကပ်နှောင်ဖွဲ့လိုက်ရာ ချက်ချင်းဆိုသလိုပင် သူအသွင်ပြောင်းထားသော သွေးပင်လယ်ကြီးသည် သိသိသာသာ ခန်းခြောက်သွားခဲ့ပြီး ကောင်းမင်၏ ဝိညာဉ်မှာမူ ပြန်လည်တည်ငြိမ် ခိုင်မာလာတော့သည်။

သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတွင်းကမ္ဘာရှိ သွေးမြို့တော် ၁၃ ခု၏ အရှင်သခင်များတွင် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ အကွဲကွဲအပြားပြား ဖြစ်နေခဲ့သော အတွင်းကမ္ဘာ၏ စည်းမျဉ်း ၁၃ ခုသည် ကောင်းမင်ထံတွင် လာရောက်စုဆုံကြပြီး အချို့သော အပြောင်းအလဲများကို နိုးဆွလိုက်တော့သည်။

ကောင်းမင် ခံစားခဲ့ရသော ဒဏ်ရာများက သူ့ဝိညာဉ်ပေါ်တွင် ပြန်လည်ထင်ဟပ်လာလေသည်။ စည်းမျဉ်း ၁၃ ခုနှင့် အမျိုးမျိုးသော ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသည့် သူ့ခန္ဓာကိုယ်သည် ပုံပျက်ပန်းပျက်နှင့် အရုပ်ဆိုးအကျည်းတန်လာပြီး ဧရာမကင်းခြေများနဂါးထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

အတွင်းကမ္ဘာတစ်ခုလုံးက ထောက်ပံ့ထားသည့် စွမ်းအားများနှင့်အတူ ကောင်းမင်သည် အနက်ရောင်သေတ္တာထဲက စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်များကို ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်တော့သည်။

ကံကြမ္မာသည် မိမိကသာ လူတိုင်း၏ ကံကြမ္မာကို အမြဲတမ်း ထိန်းချုပ်ထားသည်ဟု ထင်မှတ်နေပြီး မပေါ်ပေါက်လာသင့်သော စိတ်ပျက်အားငယ်မှုအားလုံး စုပြုံနေသည်ကိုလည်းကောင်း တစ်ခါမှ မပေါ်လာဖူးသေးသော မျှော်လင့်ချက်အားလုံးက စောင့်ဆိုင်းနေသည်ကိုလည်းကောင်း မသိရှိခဲ့ပေ။

အနက်ရောင်သေတ္တာထဲမှ ထွက်ပေါ်လာသော အသံသည် ထိုနေရာတွင် ရှိနေသူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်လှပြီး ကံကြမ္မာသစ်ပင်ကြီးပင် တစ်စုံတစ်ခု ပြန်လည်ရောက်ရှိလာသည်ကို အာရုံခံမိသကဲ့သို့ အနည်းငယ် တုန်ခါသွားရသည်။

လွန်ကဲစွာသန္ဓေပြောင်းနေသော လက်များသည် အနက်ရောင်သေတ္တာ၏ အရှေ့နှင့် အနောက်မျက်နှာပြင်များကို တစ်ပြိုင်နက်တည်း ထပ်မံဖွင့်လှစ်လိုက်ပြန်သည်။ ကောင်းမင်သည် တဒုန်းဒုန်းနှင့် ခုန်နေသော နှလုံးခုန်သံကို ကြားလိုက်ရသည်။ သူသည် ဗီဇအရ အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုအသံသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သူ့ဝိညာဉ်ဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ့လက်ထဲရှိ အနက်ရောင်သေတ္တာထဲမှ ထွက်ပေါ်လာခြင်း ဖြစ်နေလေသည်။

"ဒါက နောက်ဆုံးအလွှာ ဖြစ်ပုံရတယ်"

သူ၏လက်ချောင်းငါးချောင်းသည် စိတ်ပျက်အားငယ်ခြင်းခြင်း၏ အနားစွန်းကို ဆုပ်ကိုင်ထားပြီး မျှော်လင့်ချက်၏ ထောင့်စွန်းတစ်ခုကိုလည်း ဖမ်းဆုပ်ထား၏။ ကောင်းမင်၏ အစွမ်းကုန်မောင်းနှင်ခံထားရသော ဝိညာဉ်သည် ပြိုလဲပျက်စီးမှုများကြားမှ အနက်ရောင်သေတ္တာ၏ နောက်ဆုံးအလွှာကို ဖွင့်လှစ်လိုက်တော့သည်။ ကြယ်ပွင့်များ ပြည့်နှက်နေသော ကောင်းကင်ယံမှ စီးဆင်းလာသည့် ရေတံခွန်ကြီးပမာ အဆုံးမဲ့လှသော ကြင်လင်နေသည့် အသိစိတ်များသည် ကံကြမ္မာက ပြုပြင်ပြောင်းလဲထားသော ကမ္ဘာကြီးထဲသို့ တိုးဝင်သွားကြသည်။ ကောင်းမင်၏ ကျန်ရှိနေသေးသော အသိစိတ်အပိုင်းအစများသည် ၎င်းနှင့် ပေါင်းစပ်သွားပြီး ကံကြမ္မာ၏ ခုန်ပေါက်နေသော နှလုံးသားကို လျှံတက်သွားစေကာ ထိန်းချုပ်မှုမဲ့နေသော ကံကြမ္မာကြိုးမျှင်တိုင်းဆီသို့ စီးဆင်းသွားကြလေသည်။

"ဒါက ကံကြမ္မာပဲ၊ ကံကြမ္မာဆိုတာ အနက်ရှိုင်းဆုံး စိတ်ပျက်အားငယ်ခြင်းနဲ့ အဆုံးစွန်ဆုံး မျှော်လင့်ချက်တို့ကြားမှာပဲ ပွင့်လန်းလာတာ"

ထိန်းချုပ်၍မရ၊ ထာဝရနှောင်ဖွဲ့၍မရဘဲ ၎င်းသည် ထာဝရတည်ရှိသော ကြယ်တာရာကောင်းကင်ကြီး ဖြစ်သလို အင်းဆက်ပိုးမွှားကောင်လေးများ ရှင်သန်ရသည့် မိနစ်တိုင်းလည်း ဖြစ်သည်။ ထိုစွမ်းအားသည် စကားလုံးဖြင့် ဖော်ပြမရနိုင်ဘဲ ကံကြမ္မာ၏ ဒြပ်ရှိပုံသဏ္ဌာန်ထက်ပင် ပိုမိုနက်နဲဆန်းကြယ်ပြီး ခန့်ညားထည်ဝါလှပေသည်။

ကောင်းမင်၏ ကံကြမ္မာ၏ ကြည်လင်ပြတ်သားမှုကို ငြှိမ်းသတ်လိုက်ခြင်းနှင့် စိတ်ဝိညာဉ်အဆီအနှစ်များ မွေးဖွားလာခြင်းတို့ကြားက ကာလအပိုင်းအခြားတွင် ကောင်းမင်သည် သွေးမြို့တော်သခင် ၁၃ ပါးနှင့် အဆုံးမဲ့လူသားလောကရှိ မရေမတွက်နိုင်သော ကံကြမ္မာသခင်များ၏ ကူညီမှုဖြင့် ကံကြမ္မာထံမှ သေတ္တာနက်ကို ဖွင့်လှစ်နိုင်ခဲ့လေသည်။

"ငါ့ရဲ့ စောင့်ကြည့်မှုကပဲ ကမ္ဘာကြီးရဲ့ မျက်နှာပြင်ကို ပုံဖော်ပေးခဲ့တာ"

ကောင်းမင်၏ အသံနှင့် ဆင်တူသော အသံတစ်ခုသည် ကံကြမ္မာသစ်ပင်အတွင်း၌ ပဲ့တင်ထပ်သွား၏။ ထိုအခိုက်အတန့်တွင် တွန့်လိမ်နေသော အမာရွတ်များသည် ကံကြမ္မာသစ်ပင်၏ အတွင်းနံရံပေါ်တွင် ကြီးထွားလာပြီး ထိုအမာရွတ်လေးများမှာ တဖြည်းဖြည်းနှင့် ကံကြမ္မာ၏ အလေးချိန်အောက်တွင် ဖုန်မှုန့်ကဲ့သို့ အရေးမပါဘဲ သေဆုံးသွားခဲ့ကြသည့် ဝိညာဉ်များနှင့် အလောင်းများအဖြစ်သို့ ကြီးထွားလာကြတော့သည်။

အတွင်းကမ္ဘာကြီးသည် ကံကြမ္မာသစ်ပင်အတွင်း၌ ပေါ်လွင်ထင်ရှားလာပုံရပြီး ထူးဆန်းသော နည်းလမ်းအချို့ဖြင့် ကံကြမ္မာကို လွှဲပြောင်းရယူလိုက်သည်။

ကံကြမ္မာသစ်ပင်ကြီး ပုံပျက်သွားသည်နှင့်အမျှ ၎င်း၏ ထွင်းဖောက်ကြည်လင်နေသော စိတ်ဆန္ဒသည် မရေမတွက်နိုင်သော ကံကြမ္မာကြိုးမျှင်များထဲသို့ စိမ့်ဝင်သွားကြသည်။ ကြိုးမျှင်အများစုက ၎င်း၏ ထိန်းချုပ်မှုကို တွန်းလှန်ကြသော်လည်း အချို့ကမူ အတွင်းကမ္ဘာမှ မကောင်းဆိုးဝါးများနှင့် သရဲများကို တိတ်တဆိတ် ထိတွေ့နေကြသည်။

အတိုင်းအဆမဲ့သော အမုန်းတရားများသည် ၎င်း၏ ပြင်ပပုံသဏ္ဌာန်ကို သွေးနီရောင် စွန်းထင်သွားစေပြီး အလွန်အမင်းနာကျင်မှုများသည် နတ်ဆိုးနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် လောင်စာများ ဖြစ်လာကြတော့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများနှင့် နတ်ဘုရားများသည် ကံကြမ္မာသစ်ပင်နှင့်မတူဘဲ တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြလေသည်။

အကျိုးအကြောင်းဆင်ခြင်မှုက ကံကြမ္မာသစ်ပင်ကို ပုံဖော်ပေးခဲ့သော်လည်း သက်ရှိများသည် ၎င်း၏ ပြင်းထန်လှသော စည်းမျဉ်းများအောက်တွင် မယုံနိုင်စရာကောင်းလောက်အောင် ပုံပျက်ပန်းပျက် ဖြစ်ခဲ့ကြရသည်။

အနက်ရောင်သေတ္တာထဲတွင် ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်သည် ကံကြမ္မာ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာဖမ်းဆုပ်လိုက်ရာ ကံကြမ္မာသစ်ပင်က သက်ရှိသတ္တဝါအားလုံးထံမှ လုယူထားခဲ့သမျှအရာများသည် လူသားကမ္ဘာများဆီသို့ တဖြည်းဖြည်း ပြန်လည်ပျံ့လွင့်သွားလေသည်။

နောက်ဆုံးအဆင့်တွင်မူ ကံကြမ္မာသစ်ပင်သည် စိတ်ဝိညာဉ်စွမ်းအင်ကို မစုစည်းနိုင်သေးသော်လည်း အဆုံးမဲ့သော ၎င်း၏အမြစ်များမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အရာအားလုံးကို ချေမှုန်းရန် ကြိုးစားတော့သည်။ ၎င်းသည် မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် သူဆွဲထုတ်ခဲ့သည့် သက်ရှိသတ္တဝါအားလုံး၏ စိတ်ဆန္ဒစွမ်းအားပင် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် မလိုအပ်ဘဲ ထိုမျှကြီးမားလှသော စိတ်ဆန္ဒစွမ်းအားသည် လောကကြီးတစ်ခုလုံးကို ပြန်လည်ပုံဖော်ရန် အသင့်ဖြစ်နေပုံရသည်။

အဆုံးမဲ့လူသားလောကမှာ ကျယ်ပြောလှသည်။ အချို့က မတ်တပ်ထရပ်၍ တော်လှန်ပုန်ကန်ရန် လိုလားကြသော်လည်း အချို့ကမူ အမှန်တရားကို မသိရှိကြဘဲ ကံကြမ္မာကို ကိုးကွယ်ယုံကြည်သူများ ဖြစ်လာရန် ရွေးချယ်ခဲ့ကြသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ကံကောင်းစွာ မွေးဖွားလာခဲ့ကြခြင်း သို့မဟုတ် ကံကြမ္မာ၏ ကြံရာပါများသာ ဖြစ်ကြခြင်း ဖြစ်ပေလိမ့်မည်။

"အချိန်အတော်ကြာအောင် ပိတ်လှောင်ခံထားရတော့ မင်းတို့ရဲ့ မျက်လုံးတွေက အမှန်တရားကို မြင်နိုင်မှာ မဟုတ်တော့ဘူး၊ ငါ မင်းတို့ကို ကံကြမ္မာရဲ့ မျက်နှာအစစ်ကို ပြပေးမယ်"

ကောင်းမင်၏ အသံသည် ထိုကြင်လင်နေသော စိတ်ဆန္ဒအတွင်း၌ ပဲ့တင်ထပ်သွား၏။ သူသည် သူကိုယ်သူ မရေမတွက်နိုင်သော မှတ်ဉာဏ်အစိတ်အပိုင်းများအဖြစ် ဆုတ်ဖြဲပစ်လိုက်ပြီး ထိုအရာများက ထိန်းချုပ်မှုမဲ့နေသော ကံကြမ္မာကြိုးမျှင်များထဲသို့ တိုးဝင်သွားကာ ပင့်ကူအိမ်များအတိုင်း ကံကြမ္မာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသဖြင့် ၎င်းကို နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားစေပြန်သည်။

"ငါ မြင်တွေ့ရသမျှက ကရုဏာတရားတွေပဲ၊ အမှန်တရား မဟုတ်ဘူး"

ညစ်ညမ်းနေသော သက်ရှည်ခြင်းပင်လယ်ကြီးသည် ဒေါသများကို မြေမြုပ်သင်္ဂြိုဟ်ထားသည့် သွေးပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရသည်။ ကံကောင်းခြင်းနှင့် သက်ရှည်ခြင်း ကောင်းချီးတိမ်တိုက်များသည် စုစည်းလိုက် ပျံ့လွင့်လိုက် ဖြစ်နေပြီး အနက်ရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွား၏။ သစ်ကိုင်းများက အရိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားပြီး သစ်ပင်၏ သက်တမ်းကွင်းများသည် သတ္တဝါအားလုံး၏ လည်ပင်းကို စွပ်ထားသည့် ကြိုးကွင်းများ ဖြစ်လာခဲ့တော့သည်။ ကံကြမ္မာ၏ ကြီးထွားမှုတိုင်းသည် မရေမတွက်နိုင်သော လူသားများ၏ သေဆုံးခြင်းနှင့်အတူ ယှဉ်တွဲနေခဲ့ခြင်းဖြစ်သည်။

ကံကြမ္မာသည် ၎င်းကိုယ်၎င်း သန့်ရှင်းမွန်မြတ်ပြီး ကြီးမြတ်သောအရာအဖြစ် ထုပ်ပိုးထားသော်လည်း ကံတရားက ၎င်း၏ ကိုယ်ပိုင်ရှုထောင့်မှတစ်ဆင့် ကံကြမ္မာ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲပစ်လိုက်ရာ သတ္တဝါအားလုံးအတွက် အခြားမျက်နှာတစ်ခုကို ပေါ်လွင်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကံကြမ္မာသစ်ပင်က ထောက်ပံ့ထားသည့် အဆုံးမဲ့လူသားလောက၌မူ မပြောသင့်သူ ကံကြမ္မာသခင်များသည် စိတ်နှလုံးတို့ကို ခြယ်လှယ်ပြီး ကံကြမ္မာများကို ပြောင်းလဲပစ်လိုက်ကြသည်။ ကံကြမ္မာ၏ အာရုံလွဲမှုနှင့် အတွင်းပိုင်းပရမ်းပတာဖြစ်မှုကို အခွင့်ကောင်းယူကာ ၎င်းတို့သည် လူသားလောက၏ နောက်ဆုံးသစ်ရွက်ကို သွေးနီရောင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

အထက်က ကောင်းကင်ကြီးက အရောင်ပြောင်းသွားပြီဖြစ်သည်။ သက်ရှိအားလုံး၏ စိတ်ဆန္ဒသည် လှည့်စားခြင်းမခံရတော့ဘဲ ၎င်းတို့၏ နှလုံးသားများကို ထိုးဖောက်ထားသည့် ကံကြမ္မာသစ်ပင်၏ အမြစ်များထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့ကြသည်။ ဤအတိုင်းအဆမဲ့သော စိတ်ဆန္ဒထဲတွင် သက်ရှိအားလုံး၏ မျှော်လင့်ချက်များ ကိန်းအောင်းနေခြင်းဖြစ်သည်။ ၎င်းသည် ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း၊ တည်ဆောက်ခြင်းနှင့် ဖြိုဖျက်ခြင်း ဖြစ်ပြီး ဘုရားကျောင်းများ၏ အုတ်မြစ်ပေါ်က ဆုတောင်းသံများနှင့် မုန်တိုင်းများ၏ အနက်ရှိုင်းဆုံးနေရာမှ အော်ဟစ်သံများ ဖြစ်ကာ မမြင်နိုင်သော မြစ်တစ်စင်းနှင့် မြင်နိုင်သော မီးတောက်တစ်ခုပင် ဖြစ်တော့သည်။

သစ်ပင်ထိပ်ဖျားရှိ အဆုံးမဲ့လူသားလောကသည် ကံကြမ္မာသခင်များကြောင့် ၎င်း၏ သွေးကြောများ ဖြတ်တောက်ခံလိုက်ရသဖြင့် ကံကြမ္မာ၏ အနှောင်အဖွဲ့မှ ရုန်းထွက်နိုင်ခဲ့ပြီး စစ်မှန်သော ကောင်းကင်ကြီးကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သက်ရှိအားလုံး၏ နှလုံးသားအနက်ရှိုင်းဆုံးတွင်ရှိသည့် ကံကြမ္မာအမြစ်များသည် စိတ်ဆန္ဒများ၏ ဒေါသမီးဒဏ်ကြောင့် ကျွမ်းလောင်သွားရတော့သည်။ ယုံကြည်မှုများ ပြိုလဲပျက်စီးသွားသဖြင့် ကံကြမ္မာသည် သက်တမ်း သို့မဟုတ် ကံကောင်းခြင်း စိုးစဉ်းမျှပင် ထပ်မံမရရှိနိုင်တော့ပေ။ ကံကြမ္မာသစ်ပင်အတွင်း၌မူ ကြည်လင်ပြတ်သားမှုနှင့် စိတ်ဝိညာဉ်အဆီအနှစ်ကို ကိုယ်စားပြုသည့် ၎င်း၏ မျက်လုံးများသည် 'မသေချာမရေရာမှု' ကြောင့် အမြင်အာရုံ ကွယ်သွားရသည်။ သက်ရှိအားလုံးထံမှ ဆွဲထုတ်ထားသည့် ၎င်း၏ သက်ရှည်ပင်လယ်ကြီးနှင့် ကောင်းချီးများသည် အတွင်းကမ္ဘာကြီးကြောင့် ပုပ်သိုးညစ်ညမ်းသွားရလေသည်။ ကံကြမ္မာ၏ ထိန်းချုပ်မှုပြင်ပတွင် ရှိသည့် စည်းမျဉ်း ၁၃ ခုသည် ၎င်းကို တိုက်စားဖျက်ဆီးမည့် အဆိပ်အတောက်များ ဖြစ်လာကြတော့သည်။

၎င်း၏ အဓိကဗဟိုချက်တွင်မူ ကောင်းမင်သည် ကံကြမ္မာ၏ မြစ်ဖျားခံရာနေရာအတွင်း၌ အနက်ရောင်သေတ္တာကို ဖွင့်လှစ်လိုက်ပြီး ၎င်းနှင့် ပေါင်းစပ်ကာ အတွင်းကမ္ဘာ၏ အနောက်မျက်နှာပြင်နှင့်အတူ ကံကြမ္မာကြိုးမျှင်များ၏ ထိန်းချုပ်မှုကို လွှဲပြောင်းရယူလိုက်လေသည်။ သူသည် ကံကြမ္မာနှင့်အတူ သက်ရှိအားလုံး၏ စိတ်ဆန္ဒများ လောင်ကျွမ်းခြင်းဒဏ်ကို အတူတကွ ခံစားနေရသည်။

နားကွဲလုမတတ် ကျယ်လောင်လှသော မြည်ဟည်းသံကြီးနှင့်အတူ အဆုံးမဲ့လူသားတို့၏ ယုံကြည်မှုကို စားသုံးပြီး သက်ရှိအားလုံး၏ စိတ်ဆန္ဒများတွင် အမြစ်တွယ်ကာ မရေမတွက်နိုင်သော လူသားတို့၏ အတိတ်နှင့် အနာဂတ်ကို ထိန်းချုပ်ထားခဲ့သည့် ကံကြမ္မာသစ်ပင်၏ အခေါက်ကြီးသည် အက်ကွဲသွားပြီး ကုသ၍မရနိုင်သော အက်ကြောင်းကြီးများ ထုတ်ဖော်လာရတော့သည်။

All Chapters