အခန်း ၉၄၇
Vol. 67 Ch. 947
အပိုင်း (၉၄၇) မနက်ဖြန်က ရောက်ရှိလာပါပြီ
သက်ရှိအားလုံး၏ ဆုတောင်းခြင်းမှ ကောင်းချီးပေးမှုနှင့် သွေးမြို့တော် ၁၃ ခု၏ သွေးဖြင့် ပူဇော်မှုတို့နှင့်အတူ အချိန်ကာလ၏ ငွေရောင်နဂါးကြီးသည် ဂလက်ဆီအထက်တွင် မြင့်မားစွာ မတ်မတ်ရပ်နေသော ရက်ကန်းသည်ကြီးတစ်ဦးပမာ ကံကြမ္မာနှင့် ကောင်းမင်တို့၏ အသိစိတ်အတွင်းသို့ လုံးဝပေါင်းစပ်ဝင်ရောက်သွားလေသည်။ သမိုင်းဆိုသည်မှာ ၎င်းချန်ရစ်ခဲ့သော ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး ထိုပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ကြိုးမျှင်အသစ်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။
ကံကြမ္မာကြိုးမျှင်အားလုံး ပြတ်တောက်သွားပြီးနောက် ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေသော အချိန်စီးကြောင်းကို ၎င်းလက်ထဲတွင် ဖမ်းဆုပ်ထားနိုင်ခဲ့ပြီဖြစ်ရာ ၎င်းသည် ဤကမ္ဘာကြီးကို အစအသစ်တစ်ခု ပေးအပ်တော့မည် ဖြစ်သည်။
"အချိန်ဆိုတာ ငါ့ကို ဖြစ်တည်စေတဲ့ ဒြပ်ဝတ္ထုပဲ၊ အချိန်ဆိုတာ ငါ့ကို မျောပါသွားစေတဲ့ မြစ်တစ်စင်းပဲ၊ ဒါပေမဲ့ ငါကိုယ်တိုင်က အချိန်ဖြစ်တယ်"
အချိန်သွေးမြို့တော်သခင်သည် ကောင်းမင်၏ အသိစိတ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားချိန်တွင် ၎င်းစိတ်ထဲ၌ လောဘစိတ်များ နိုးကြားလာသော်လည်း ထိုအခိုက်အတန့်၌ပင် ၎င်းသည် ကောင်းမင်နှင့် ကံကြမ္မာတို့၏ မှတ်ဉာဏ်များကို မြင်တွေ့လိုက်ရသည်။ ထိုမှတ်ဉာဏ်များထဲတွင် ကိန်းအောင်းနေသော နာကျင်မှုနှင့် ကမ္မဝဋ်ကြွေးများမှာ ကြီးမားလွန်းလှသည်။ ကံကြမ္မာကို လုယူလိုသည့် အတွေးသည် ပျယ်လွင့်သွားခဲ့ပြီး အချိန်သွေးမြို့တော်သခင်ထံမှ သက်ပြင်းချသံတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
၎င်းသည် ကံကြမ္မာဖြစ်စေ၊ ကံတရားဖြစ်စေ လူသားလောက၏ နေဝင်ချိန်အလှသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က နေဝင်ချိန်နှင့် ထပ်တူရှိနေဆဲ ဖြစ်သည်။ ကျောက်ဆောင်အက်ကြောင်းများကြားက မှော်ပင်များသည် ညှိုးနွမ်းသွားလိုက် ပြန်လည်ရှင်သန်လာလိုက် ဖြစ်နေကြပြီး အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်ကို မှတ်မိမနေကြဘဲ ပြင်းထန်သော မိုးရွာသွန်းမှုနှင့် ပူပြင်းလှသော အပူဒဏ်ကိုသာ မှတ်မိကြပေသည်။
ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် လူသားတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို မနေ့ကအခြေအနေကနေ ထွက်ခွာခွင့်ပေးရုံမျှဖြင့် မလုံလောက်ချေ။ ထိုသို့မဟုတ်ပါက သူတို့သည် စိတ်ကူးယဉ်မှုအသစ်များကို ခံစားရန်အတွက် ဝိညာဉ်ဟောင်းများကိုသာ ဆက်လက်အသုံးပြုနေကြဦးမည် ဖြစ်သည်။
"ကံတရား ဒါမှမဟုတ် ကံကြမ္မာမရှိတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးပြီး လူသားတွေကို စစ်မှန်တဲ့ လူသားတွေ ဖြစ်လာစေရမယ်"
ကံကြမ္မာသည် ထာဝရကို တည်ဆောက်နေခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ နောက်တစ်ကြိမ် ပြိုလဲပျက်စီးမှုအတွက် ပိုမိုခန့်ညားထည်ဝါသော အပျက်အစီးများကို ပြင်ဆင်ပေးနေခြင်းမျှသာ ဖြစ်သည်။ အချိန်သွေးမြို့တော်သခင်နှင့် ကောင်းမင်တို့သည် ထိုအရာများကို မတောင့်တကြပေ။ ၎င်းက ကောင်းမင်၏ အသိစိတ်အစိတ်အပိုင်းများနှင့် ပေါင်းစပ်သွားပြီး ကောင်းမင်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမင်၏ အတိတ်နှင့် အနာဂတ်၏ ကျန်ရှိနေသေးသော အချိန်စီးကြောင်းအားလုံးကို ဖမ်းဆုပ်လိုက်လေသည်။ ကောင်းမင်၏ သဘောတူညီချက်ကို ရရှိပြီးနောက်တွင်မူ အချိန်သခင်သည် ကံကြမ္မာလုံးဝကင်းစင်နေသည့် အချိန်စီးကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားတော့သည်။
လှိုင်းထန်နေသော အချိန်မြစ်ကြီးသည် အတွင်းကမ္ဘာ၏ သွေးယဇ်ပူဇော်မှုအောက်တွင် ၎င်း၏ လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ထိုပါးလျသော စမ်းချောင်းလေးဆီသို့ ဦးတည်စီးဆင်းသွားရာ ကောင်းမင်ကိုယ်တိုင်က မြစ်ပြင်ပေါ်က ရောင်ပြန်ဟပ်မှု ဖြစ်သလို မြစ်ကြမ်းပြင်၏ အခြေခံအုတ်မြစ်လည်း ဖြစ်နေခဲ့သည်။
မရေမတွက်နိုင်သော ရေစက်ရေပေါက်လေးများပမာ "အခိုက်အတန့်" များသည် မြစ်ဖျားခံရာ သို့မဟုတ် ဦးတည်ရာမရှိသော မြစ်အသစ်တစ်စင်းအဖြစ် ပုံပေါ်လာခဲ့လေသည်။
ပိုလျှံနေသော အချိန်စီးကြောင်းများက ကြေမွပျက်စီးသွားပြီး ကံကြမ္မာမရှိသော အချိန်လိုင်းမှာ အရာခပ်သိမ်းကို ထိုးဖောက်သွားခဲ့သည်။
အဆုံးမဲ့လူသားလောကနှင့် အတွင်းကမ္ဘာတို့သည် နောက်ထပ် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရပြန်သည်။ ကံကြမ္မာသစ်ပင်၏ အကြွင်းအကျန်များသာမက သွေးပင်လယ်နှင့် အတိုင်းအဆမဲ့သော အနက်ရောင်မြူခိုးများသည်လည်း အတူတကွ ပျယ်လွင့်သွားကြခြင်းဖြစ်သည်။ နောက်ဆုံး သွေးယဇ်ပူဇော်မှုတွင် သွေးမြို့တော် ၁၃ ခုသည် ၎င်းတို့၏ သွေးနီရောင် အရောင်အသွေးများကို ခွာချလိုက်ကြလေသည်။ စွဲလမ်းမှုများကြောင့် မွေးဖွားလာခဲ့ရသည့် ထိုစိတ်ပျက်အားငယ်ရာ ကုန်းမြေသည် ထိုစွဲလမ်းမှုများ လွတ်မြောက်သွားခြင်းမှတစ်ဆင့် နောက်ဆုံးတွင် မျှော်လင့်ချက်အသစ်များ ဝေဆာလာခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာကြောင့် မွေးဖွားလာခဲ့သော အတွင်းကမ္ဘာကြီးသည် ယခုအခါ ကံကြမ္မာ ပျောက်ကွယ်သွားခြင်းနှင့်အတူ အိပ်မက်တစ်ခုထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့ရသည်။ ယခုနေရာတွင် နောင်တ သို့မဟုတ် အမုန်းတရားဟူ၍ မရှိတော့ချေ။ အတိတ်က နာကျင်မှုများသည် ပြောင်းလဲရန် အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်သည်။
အဆုံးမဲ့လူသားလောကကို နှောင်ဖွဲ့ထားသည့် ချိန်းကြိုးအားလုံး ပြတ်တောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူသားသစ်ရွက်များသည် ငှက်ငယ်လေးများအဖြစ် ပြောင်းလဲသွားကြပြီး ယင်နှင့်ယန်ကြားက နယ်နိမိတ်ကို ဖြတ်ကျော်ကာ ကံကြမ္မာမရှိတော့သည့် အချိန်မြစ်အသစ်တစ်စင်းအထက်တွင် ၎င်းတို့၏ တောင်ပံများကို ဖြန့်ကျက်ပျံသန်းသွားကြလေသည်။
သက်ရှိသတ္တဝါအားလုံးကို သွေးစုပ်ဖျက်ဆီးနေခဲ့ကြသော ထို "နတ်ဘုရားသဖွယ် ဖြစ်တည်မှုများ" သည် အချိန်မြစ်၏ တစ်ဖက်ကမ်းသို့ ထွက်ပြေးသွားကြခြင်း သို့မဟုတ် ကံကြမ္မာသခင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ သတ္တဝါအားလုံးထံမှ ၎င်းတို့လုယူထားခဲ့သော ယုံကြည်မှုများကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ရာ အရာခပ်သိမ်းသည် အစအသစ်တစ်ခု ဖြစ်လာလေတော့သည်။
အတွင်းကမ္ဘာ၏ စည်းမျဉ်းများကို ချုပ်ကိုင်ထားခဲ့ကြသည့် သွေးမြို့တော်သခင်များသည်လည်း နောက်ဆုံးတွင်မူ လွတ်မြောက်မှု ရရှိသွားကြချေပြီ။ ကံကြမ္မာမရှိသော အချိန်စီးကြောင်းတစ်ခုတွင် သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း မိမိတို့၏ လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်နိုင်ကြပြီ ဖြစ်သည်။
ဘာမှမရှိခြင်း(ဟင်းလင်ပြင်) နှင့် ကံကြမ္မာသစ်ပင်တို့သည် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ အတူတကွ ပျောက်ကွယ်သွားခဲ့ကြသည်။ယင်းမှာ ဘာမှမရှိခြင်း၏ ဖြစ်တည်မှုအဓိပ္ပာယ် ဖြစ်ပုံရပေသည်။
ပုံရိပ်ယောင်နှင့် အဆုံးမဲ့လူသားလောကတို့ ပေါင်းစပ်သွားခဲ့ကြပြီး ထာဝရစည်းမျဉ်းတစ်ခု ဖြစ်လာခဲ့သည်။
သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ တွားသွားထွက်ပေါ်လာသော ကြီးမားပုံပျက်နေသည့် ခန္ဓာကိုယ်ကြီးပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာ၏။ ၎င်းသည် မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် စုဆောင်းထားခဲ့သည့် စွမ်းအားများကို စွန့်လွှတ်လိုက်ပြီး မိမိ၏ သားနှင့်ဇနီးဖြစ်သူကို ရှာဖွေနေသကဲ့သို့ အချိန်မြစ်ကြီးထဲသို့ လှမ်းဝင်သွားခဲ့လေသည်။
"အချိန်ကာလအသစ်၊ အစပြုခြင်းအသစ်"
အတွင်းကမ္ဘာတွင် အစွမ်းအထက်ဆုံးနှင့် အရှိန်အဝါအကြီးမားဆုံး စွမ်းအားကို ပိုင်ဆိုင်ထားပြီး အဆိုးရွားဆုံးသောမိစ္ဆာအဖြစ် လူသိများသည့် ဗဟိုသွေးမြို့တော်သခင် ချန်ဂီသည် သူ့ကံကြမ္မာ ပျောက်ကွယ်သွားပြီးနောက် သူ့အကြည့်များကို နူးညံ့ပျော့ပျောင်းစေခဲ့သည်။
သူသည် မိစ္ဆာနတ်ဘုရားတစ်ပါးချင်းစီကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင်မူ သူ၏ ကိုယ်ပိုင်အရိပ်ကို စိုက်ကြည့်ကာ ၎င်း၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။
"မိစ္ဆာနတ်ဘုရားတွေဟာ အစွန်းရောက်တဲ့ စွဲလမ်းမှုနဲ့ နာကျင်မှုတွေကနေတစ်ဆင့် အကြမ်းကြုတ်ဆုံးနဲ့ အာဏာရှင်အဆန်ဆုံး စွမ်းအားတွေကို ရရှိခဲ့ကြတာ၊ ငါ မင်းတို့ကို မင်းတို့ကိုယ်မင်းတို့ ပြန်ရှာတွေ့ဖို့ မင်းတို့ဝိညာဉ်ထဲက ဒဏ်ရာတွေကို ကုသပေးဖို့ ငါ့အစွမ်းရှိသမျှ ကြိုးစားခဲ့ပေမဲ ငါလုပ်ပေးနိုင်ခဲ့တာက အရမ်းကို နည်းလွန်းပါတယ်"
ချန်ဂီ၏ မျက်ဝန်းထဲတွင် စွမ်းအားအာဏာအပေါ် လောဘဇောများ ရှိမနေခဲ့ပေ။သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်နေခဲ့သည်။
"ကံကြမ္မာ မပေါ်ပေါက်ခင်က အချိန်မှာဆိုရင် မင်းတို့အားလုံးဟာ သာမန်ဘဝတွေကို ဖြတ်သန်းနေကြရမှာပါ၊ တကယ်လို့ ကံတရားက ခွင့်ပြုမယ်ဆိုရင် ငါတို့ ပြန်ဆုံကြတာပေါ့"
မည်သည့် မိစ္ဆာနတ်ဘုရားတစ်ပါးမှ ထွက်မသွားကြဘဲ သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။
လမ်းခွဲရန် တွန့်ဆုတ်နေကြသည်ကို ခံစားမိသဖြင့် ချန်ဂီသည် အရိပ်ထဲက အမျိုးသမီးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။
"ငါ မင်းကို ပိုင်ဆိုင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး၊ မင်းရဲ့ ရွေးချယ်မှုတွေကို ငါ အမြဲတမ်း လေးစားခဲ့တယ်၊ အခုတော့ ငါတစ်ခါလောက် တစ်ကိုယ်ကောင်းဆန်ပါရစေ၊ မင်းရဲ့ စွမ်းအားက နာကျင်မှုကနေ လာတာဖြစ်လို့ ဒီနေ့တော့ ငါတစ်ကိုယ်ကောင်းဆန်စွာနဲ့ပဲ မင်းကို ထွက်ခွာသွားဖို့၊ ဘဝသစ်တစ်ခုကို သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်၊ ကံကြမ္မာမရှိတဲ့ အဲဒီအချိန်ကာလကို သွားပါ၊ အဲဒီနေရာမှာ ငါတို့ ပြန်ဆုံကြမယ်"
သူသည် အမျိုးသမီး၏ ကျောပြင်ကို နူးညံ့ညင်သာစွာ ပုတ်ပေးလိုက်ရာ သူမ၏ အနက်ရောင်ဆံပင်များက သူ့လက်တွင် ရစ်ပတ်သွားကြသည်။
"ငါမင်းကို ချစ်တယ်၊ အဲဒါကြောင့်ပဲ မင်းကို ပျော်ရွှင်စေချင်တာ၊ မင်းနှလုံးသားထဲက နာကျင်မှုကို ငါ မကုသပေးနိုင်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒီအချိန်ကာလမှာဆိုရင်တော့ နာကျင်မှုတွေ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူးလေ"
ချန်ဂီသည် မိစ္ဆာနတ်ဘုရားတိုင်း၏ အတိတ်ကို သိရှိထားပေသည်။ သူသည် အချိန်ကာလ၏ အခြားတစ်ဖက်ကမ်းတွင် ရပ်တည်လျက် လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်တော့သည်။
နေရာအနှံ့အပြားတွင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ပေါ်ပေါက်နေပြီး အမွှာပန်းပွင့်နှစ်ပွင့်သည် အတူတကွ မတ်တပ်ရပ်နေခဲ့ကြသည်။
"ငါက အချိန်မြစ်ကြီးကို စောင့်ရှောက်နေမယ်၊ မင်းတို့ရဲ့ ရူးသွပ်မှုတွေကို ဆေးကြောဖို့ အဲဒီနေရာကို သွားကြပါ"
ဟန်ဖေးသည် 'ပြန်လည်မွေးဖွားခြင်း သတ်ဖြတ်ခြင်းဓား' ကို ကောက်ကိုင်လိုက်ပြီး သူ့အပေါင်းအဖော်များကို ကံကြမ္မာမရှိသော အချိန်ကာလတစ်ခုထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးလိုက်သည်။ သူ့အမူအရာသည် စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းနေခဲ့သည်။
ရူးသွပ်သော ရယ်မောသံတစ်ခုက တဖြည်းဖြည်း နီးကပ်လာပြီး ဟန်ဖေးကို အချိန်မြစ်ကြီးထဲသို့ တွန်းချရန်အတွက် အလစ်အငိုက်တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်နေပုံရသည်။ ကံမကောင်းစွာပင် သူတို့နှစ်ဦးစလုံးသည် စိတ်ချင်းဆက်နွှယ်နေကြသဖြင့် ရူးသွပ်စွာရယ်မောသူ လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်၌ပင် ဟန်ဖေးက ရှောင်တိမ်းလိုက်လေသည်။
"ငါက မင်းရဲ့ ကုသခြင်းပင်ကိုယ်စရိုက်ပဲ၊ မင်းက ရှင်းလုကို ကုသပေးခဲ့တယ်၊ ငါကတော့ မင်းကို ကုသပေးမယ်၊ မင်းရူးသွပ်မှုတွေကနေ လုံးဝလွတ်မြောက်သွားတဲ့အခါ ငါမင်းကို လာရှာပါ့မယ်"
ဟန်ဖေးသည် သွေးလွှမ်းသောညကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသလို ရူးသွပ်စွာ ရယ်မောသူနှင့် နံပါတ် ၂ တို့ကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုများကိုလည်း မခံစားခဲ့ရဖူးချေ။ သူသည် ရူးသွပ်စွာ ရယ်မောသူကို အစပြုရာနေရာသို့ ပြန်သွားခွင့်ပြုရန် ရွေးချယ်ခဲ့ပြီး သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သည်။
"သွားတော့"
ဝိညာဉ်များနှင့် အငြိုးကြီးဝိညာဉ်များ တစ်ဦးပြီးတစ်ဦး အချိန်မြစ်အသစ်ထဲသို့ ကျဆင်းသွားကြပြီး မြစ်ရေသည် ပို၍ လှိုင်းထန်လာကာ နောက်ဆုံးတွင် ကြယ်တာရာကောင်းကင်ထိ လျှံတက်သွားပြီး အိပ်မက်များကို လျှံတက်သွားစေကာ လူသားအားလုံးအပေါ်သို့ လျှံကျသွားခဲ့တော့သည်။
အချိန်သွေးမြို့တော်သခင်သည် အချိန်မြစ်အသစ်ထဲတွင် လုံးဝကွယ်ပျောက်သွားခဲ့သည်။ ကံကြမ္မာ၏ ကြည်လင်နေသော စိတ်ဆန္ဒသည်လည်း ၎င်း၏ နောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြုပြီးနောက် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျယ်လွင့်သွားခဲ့သဖြင့် သွေးမြို့တော် ၁၃ ခု၏ သရဲတက်တူးများ ထွင်းထုထားသည့်၊ အချိန်အထက်တွင် မျောပါနေသည့် မြင့်မားသောကံတရားပိုင်ရှင်၏ အသိစိတ်အကြွင်းအကျန်များသာ ကျန်ရစ်ခဲ့တော့သည်။
သူသည် ကံကြမ္မာ၏နိဂုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသော အစအသစ်များကို စောင့်ကြည့်နေခဲ့လေသည်။
ကျိုကျန်းမြေပြင်ပေါ်ရှိ ဆေးရုံပြတင်းပေါက်တစ်ခုက ရုတ်တရက် ကွဲအက်သွားပြီး အလွန်အမင်း ထောင်လွှားလှသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာလေသည်။
ဗဟိုသွေးမြို့တော်၏ ဝိညာဉ်အားလုံး အစအသစ်တစ်ခုကို ရွေးချယ်ခဲ့ကြပြီးနောက် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အငြိုးကြီး သရဲတစ်ကောင်သည် လျှို့ဝှက်ပြတင်းပေါက်နောက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် အရပ်ပုပြီး ကလေးတစ်ယောက်နှင့် တူသော်လည်း အခြားသော သွေးဝတ်ရုံထက် ပို၍ ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိပေသည်။ သူ့အမည်မှာ ‘မန်းနန်’ ဖြစ်သည်။
"နောက်ဆုံးတော့ ငါ့အချိန် ရောက်လာပြီပေါ့"
အခြားသွေးဝတ်ရုံထက် များစွာအားနည်းလှသော သူ၏ မိစ္ဆာအရှိန်အဝါသည် ကောင်းကင်ယံသို့ ထိုးတက်သွား၏။ နောက်တစ်ခဏ၌မူ ဧရာမသွေးနီရောင်မျက်လုံးတစ်စုံက ကောင်းကင်ထက်တွင် ပွင့်ဟလာပြီး သူ့ကို သွေးရောင်ချိန်းကြိုးများဖြင့် ချည်နှောင်လိုက်လေသည်။
တစ်ပြိုင်နက်တည်းတွင် အခြားနေရာများသည်လည်း ထိုသွေးနီရောင်မျက်လုံးများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို ခံခဲ့ရလေသည်။ အန္တရာယ်ရှိသမျှ အရာအားလုံးကို ဖယ်ရှားပြီးမှသာ ဒေါက်တာကောင်းသည် ထွက်ခွာသွားကြသော ဝိညာဉ်များနှင့် အငြိုးကြီးသရဲများကို ဆုပ်ကိုင်၍ အချိန်စီးကြောင်းအသစ်ထဲသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။ သူသည် အလွန်အမင်း သတိထားခဲ့ပြီး သူနှင့်သူ့မိသားစု၏ အနာဂတ်အတွက် မည်သည့်လျှို့ဝှက်အန္တရာယ်မျိုးမှ ချန်ထားခဲ့ရန် အလိုမရှိပေ။