အခန်း (၂၆၀၇-၂၆၀၈)
Vol. 187 Ch. 2607-2608
အပိုင်း(၂၆၀၇)
"အင်း...အာ... အိုး... ကောင်းတယ်...”
လေးလံသောညည်းသံတစ်ခု ထွက်ပေါ်လာသည်။ ဝေ့ဝူယင်နှင့် တီလီတို့ နေထိုင်ရာ ဝိညာဉ်ပူဖောင်းအတွင်းတွင် အပူငွေ့များ ရှိနေသည်။ သေးငယ်သော ပုံရိပ်တစ်ခုက ပူဖောင်းနံရံများကို လက်ဖြင့် ဖိကပ်ထား၏။ သူမ၏ လက်သည်းများသည် ပူပေါင်းနံရံ အတွင်း ဖောက်ဝင်နေကာ နဂါးတစ်ကောင် စည်းချက်ညီညီ ခုန်ဝင်တိုင်း ပိုမို၍ ထိုးဖောက်သွားနေခဲံသည်။
သူမသည် ကုန်းနေပြီး သူမ၏ကျောကို အနည်းငယ်ကွေးထားသည်။ သူမ၏ သွယ်လျသော ခြေထောက်များသည် မြေပြင်မှ ခုနစ်လက်မအမြင့်တွင် ရှိနေပြီး တွန်းထုတ်တိုင်း ယိမ်းနွဲ့နေသည်။
"အား... အား... အင်း..."
တီလီ၏ ဆံပင်များသည် ပြေလျော့နေပြီး သူမ၏ ခေါင်းမှ ည၏ ကုလားကာများကဲ့သို့ တွဲလောင်းကျနေ၏။ သူမ၏ နဖူး၊ မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ်တွင် ချွေးများ စုပုံနေသည်။ ၎င်းတို့သည် ပူဖောင်းပေါ်သို့ စီးကျနေပြီး အပူဒဏ်မှ အငွေ့များ ထွက်လာသည်။
"ကျွန်မ... ပြီးတော့မယ်... ပြီးတော့မယ်...”
သူမသည် တောင်များကို ဖြိုခွဲပြီး ကျားများကို ကြောက်လန့်စေရန် လုံလောက်သော အင်အားဖြင့် အော်ဟစ်လိုက်သည်။
ဝေ့ဝူယင်သည် လုံးဝမထိန်းထားပေ။ သူ၏ နဂါးသည် ပိုပို၍ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့၏။ သူမ၏ ချိုမြိန်သော လိုဏ်ဂူက လက်လျှော့လိုက်သောအခါ အတွင်းမှ ရေလွှမ်းမိုးမှုတစ်ခု ထွက်လာပြီး သူ့ကို ပြန်တွန်းထုတ်ရန် ခြိမ်းခြောက်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်။ သူမ၏ ခြေချောင်းများ ကွေးညွတ်သွားပြီး သူမ၏ လက်ချောင်းများသည်လည်း ပူဖောင်းထဲသို့ ပိုပို၍ တိုးဝင်သွားခဲ့သည်။ ၎င်းသည် လွတ်မြောက်မှုကို ရှာဖွေရန် ပေါက်ကွဲလိုသကဲ့သို့ ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... သူမ၏ လွတ်မြောက်မှုသည် နောက်ထပ်လှိုင်းတစ်ခုနှင့် အခြားပုံစံတစ်ခုဖြင့် ရောက်ရှိလာခဲ့တော့သည်။
တစ်နာရီ အကြာတွင်...
ဝေ့ဝူယင်သည် ဟင်းလင်းပြင် လှိုဏ်ခေါင်းအတွင်း ရွေ့လျားနေသည့် ဝိညာဉ်ပူဖောင်းကို ကြည့်ရင်း မတ်တပ်ရပ်နေခဲ့သည်။ ၎င်းတို့ သွားမည့် ခရီးဆုံးပန်းတိုင်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။
'ရမှတ်တွေ အမြန်ဆုံး ရဖို့ဆိုရင် ကြယ်တာရာ စည်းမျဉ်း မျှော်စင်သုံးခုကို စိန်ခေါ်ဖို့ပဲ... ဒါပေမဲ့ အာရုဏ်ဦး ဘိုင်ယာ တပ်မဟာကြီးကိုလည်း စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ငါ သေချာပေါက် လုပ်ဆောင်ပေးရမယ်... ငါ့ရဲ့ စစ်ဥပဒေသ အော်ရာ တစ်စိတ်တစ်ပိုင်းကို သူတို့ဆီမှာ ထည့်သွင်းပေးထားပြီးပြီ ဆိုတော့ ငါ့ရဲ့ စွမ်းအားအချို့က သူတို့ဆီကို စီးဆင်းသွားလိမ့်မယ်... ဒါပေမဲ့ ဒါကို ကျင့်သားရဖို့ သူတို့အတွက် အချိန်နည်းနည်းတော့ လိုလိမ့်ဦးမယ်... ငါက သူတို့အပေါ် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ နောင်ကျရင် သူတို့ကို အသုံးမကျတဲ့သူတွေ ဖြစ်မသွားစေရဘူး...'
သူ တွေးတောလိုက်သည်။ ရည်မှန်းချက်များအကြောင်း သူ တွေးတောနေစဉ် သူ၏ အောက်ဘက်မှ စုပ်ယူနေသော အသံများသည် ပိုမို ပြင်းထန်လာပြီး စိုစွတ်လာခဲ့သည်။ မည်းနက်သော ဆံကေသာနှင့် ခေါင်းတစ်ခုသည် နဂါးတစ်ကောင်ကို မနားမနေ ကြိုးစားမြိုချနေသည်ကို သူ ငုံ့ကြည့်လိုက်မိ၏။ ထို့နောက် သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။
သူ၏ ရမ္မက် အပြစ်သား တက်တူးကို လှမ်းကြည့်လိုက်သောအခါ ထူးဆန်းသော အာဟာရဓာတ်ကြောင့် သူ၏ ဝိညာဉ်မှာ အားဖြည့်ခံနေရသည်ကို တွေ့ရသည်။ ထိုအခါ သိမ်မွေ့သော အပူရှိန်တစ်ခုကို သူ သဲ့သဲ့မျှ ခံစားလိုက်ရ၏။ ထို့ပြင် သူ၏ မာန အပြစ်သား တက်တူးသည်လည်း အနည်းငယ် ပိုပြင်းထန်သော အပူရှိန်ဖြင့် တုံ့ပြန်နေခဲ့သည်။ မူလအပြစ်များထဲတွင် နစ်မွန်းနေခြင်းက သူ၏ ဝိညာဉ်ကို ကြီးထွားလာစေရန် အထောက်အကူ ပြုနေပေသည်။ ဤအချက်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် သူသည် မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်းကို များစွာ လျှော့ချလိုက်တော့သည်။
တီလီကို သိမ်းသွင်းရန်အတွက် အားထုတ်မှု သိပ်မလိုအပ်ခဲ့ပေ။ အစောပိုင်း သူ၏ လွှမ်းမိုးနိုင်စွမ်းကို ပြသပြီးကတည်းက သူမသည် သူ့အပေါ် စိတ်ဝင်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် သူနှင့် ပတ်သက်နေသော လျှို့ဝှက်ချက်များအပေါ် သူမ၏ သိချင်စိတ်များက သူမကို မုန်တိုင်းထဲသို့ ပိုမို နက်ရှိုင်းစွာ ဆွဲသွင်းသွားခဲ့ခြင်းသာ ဖြစ်၏။ သူမကို ရယူခြင်းသည် ရမ္မက်နှင့် မာနတရားတို့၏ ကိစ္စရပ်တစ်ခုဖြစ်ပြီး အပြစ်တရား၏ သဘောသဘာဝ နှစ်မျိုးပင် ဖြစ်ပေသည်။
အပြစ်သား ထုံးတမ်းမှတစ်ဆင့် အပြစ်များ၏ အသိအမှတ်ပြုမှုကို ရယူရာတွင် ၎င်းတို့ထံ အရှုံးပေးရန် ရွေးချယ်စရာများ ရှိနေသည့်တိုင် ထိုအရာများကို ကျော်လွှားရမည် ဖြစ်သည်။ သို့သော် အပြစ်သား သွေးမျိုးဆက်ကို အသုံးပြု၍ ကျင့်ကြံရာတွင်မူ ထိုအပြစ်များ၏ မူလအဓိပ္ပာယ်များအတိုင်း ပုံဖော်ကာ ကိုယ်တိုင် လိုက်နာကျင့်သုံးရမည် ဖြစ်သည်။ ဤသည်မှာ အလွန် ရယ်မောဖွယ် ကောင်းလှပေသည်။ တကယ့်ကို အံ့သြစရာ ကမ္ဘာကြီးပင်။
“အင်း... အင်း...”
ညို့ယူနိုင်သည့် အသံတစ်ခုနှင့်အတူ သူမသည် နှုတ်ခမ်းကို ကိုက်ကာ မျက်လုံးများတွင် ပြင်းပြသော ရာဂစိတ်များ ပြည့်နှက်နေလျက် ရှိသည်။
"ငါတို့ နောက်တစ်မိနစ်နေရင် ရောက်တော့မယ်..."
ဝေ့ဝူယင်က ပြောလိုက်၏။ သူမက ခေါင်းမော့ကာ စိန်ခေါ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တစ်မိနစ်ပဲ လိုတော့တာလား...။ သူမအနေဖြင့် ဤအစွမ်းထက်လှသော သားရဲကို အရှုံးပေးအောင် မုချ လုပ်ဆောင်နိုင်ရမည်။ ယခင်က အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် ယခုကဲ့သို့ အဆုံးသတ်သွားရန် သူမ အလိုမရှိပေ။ သူမ ပိုမို ကြိုးစားလာသည်ကို မြင်သောအခါ ဝေ့ဝူယင်က ပြုံးလျက် သူမ၏ ခေါင်းကို အားပေးသည့် အနေဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။ စက္ကန့်အနည်းငယ်သာ လိုတော့သည့် အချိန်တွင် သူသည် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တော့သည်။
ထို့နောက်တွင်... သူတို့နှစ်ဦးသည် ဖန်သားပြင် ပလတ်ဖောင်းတစ်ခုပေါ်သို့ ဆင်းသက်မိသွားကြသည်။ တီလီသည် ဟင်းလင်းပြင် အလင်းတန်းများ မပျောက်ကွယ်သွားမီ သူမ၏ ဝတ်စုံကို အမြန် ပြုပြင်လိုက်သည်။ ဝေ့ဝူယင်သည် လက်ဟန်ချိပ်စည်းကို အသာအယာ အသုံးပြုကာ သူမ၏ ကိုယ်ခန္ဓာကို သန့်စင်ပေးလိုက်ပြီး လှုပ်ရှားနေသော အော်ရာများကို ငြိမ်သက်သွားစေသည်။ ထို့ကြောင့် သူတို့ ဘာလုပ်ခဲ့ကြသည်ကို အခြားသူများ ရိပ်မိနိုင်မည် မဟုတ်ပေ။ မည်မျှပင် ပြင်းထန်သော ဖိအားများ ရှိနေပါစေ သူသည် အစီအရင်များကို လွယ်ကူစွာ အသုံးပြုနိုင်သည်။ ဤစစ်မြေပြင်၏ ဖိအားများသည် သူ့အတွက်တော့ လေပြေအေးတစ်ခုကဲ့သို့သာ ဖြစ်ပေသည်။
ကြယ်တာရာ သခင်များသည် စွမ်းအားများများစားစား မထုတ်သုံးနိုင်သော်လည်း လျှို့ဝှက် အာဏာရှင်များကမူ ပျံသန်းနိုင်ကာ အဝေးမှ တိုက်ခိုက်မှုများ ပြုလုပ်နိုင်သေးသည်။ ချိုက်လျို့ယန်သည် ထိုအချက်၏ သက်သေပင် ဖြစ်၏။ ထို့ကြောင့် အထွတ်အထိပ် သူတော်စင် အဆင့်တွင် စွမ်းအားရှိသော သူ့အတွက် ဤဖိနှိပ်မှုစွမ်းအားကို 'လေပြေလေး' ဟု သတ်မှတ်ခြင်းကပင် စော်ကားရာ ရောက်နေပေသည်။ ၎င်းဖိအားသည် လေပြေလေးထက်ပင် များစွာ ပို၍ အားနည်းလွန်းလှသည်။
"ဗိုလ်ကြီး ဝိုင်ဟတ်..."
အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပညာရှိဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ရိုသေလေးစားသော ဟန်ဖြင့် ရှေ့သို့ အပြေးအလွှား ရောက်လာ၏။ ထို့နောက် သူမကို ကမန်းကတန်း အလေးပြုလိုက်သည်။ တီလီဝိုင်ဟတ်သည် ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူက အစီအရင်တစ်ခုကို မည်သည့်ပြဿနာမျှမရှိဘဲ လွယ်လင့်တကူ ဖန်တီးနိုင်ခဲ့ခြင်းအပေါ် သူမ တုန်လှုပ်နေခဲ့ခြင်း ဖြစ်သည်။ သို့တိုင် သူမသည် သင့်လျော်သလိုသာ တုံ့ပြန်လိုက်၏။
"ရှင့်ရဲ့ အချက်အလက်တွေကို ကျွန်မ စာရင်းသွင်းဖို့ လိုတယ်... စိတ်မရှိဘူးဆိုရင် ကျွန်မ ပြန်လာတဲ့အထိ ဒီမှာ ခဏစောင့်နေပေးလို့ ရမလား..."
တီလီဝိုင်ဟတ်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ ထိုအပြုအမူက လူငယ်လေးကို အလွန် အံ့အားသင့်သွားစေ၏။ သူသည် ဝေ့ဝူယင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိ၏။ မိုးကြိုးမုန်တိုင်းလို ဒေါသကြီးတတ်သော တီလီက အမိန့်မပေးဘဲ တောင်းဆိုနေသည်လား။ ဘာတွေများ ဖြစ်နေသနည်း။
ဝေ့ဝူယင်သည် တည်ငြိမ်သော အပြုံးတစ်ခုဖြင့် သူမကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်... သူမသည် အလျင်စလို ထွက်ခွာသွားတော့၏။ စစ်မြေပြင်နှင့် မတူညီသည်က သူသည် ပူးပေါင်းဆောင်ရွက်မည့် လမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ၎င်းတို့နှင့် ချိတ်ဆက်ရန် သီးသန့် စာရင်းသွင်းခြင်း သင်္ကေတတစ်ခု လိုအပ်ပေသည်။ ဤအတွက် ထူးခြားသော အစီအရင်တစ်ခု လိုအပ်လှသည်။
ဤအချိန်လေးသည် စခန်းကို လေ့လာစောင့်ကြည့်ရန် သူ့အတွက် အခွင့်အရေး ရသွားစေခဲ့သည်။ စခန်းအတွင်း၌ တဲများကို ဆောက်လုပ်ထားပြီး အချို့မှာ ခမ်းနားထည်ဝါနေကာ အချို့မှာမူ စုတ်ပြဲဟောင်းနွမ်းနေသည်။ တဲကြီးတဲငယ် အရွယ်အစားစုံလင်စွာဖြင့် သိန်းနှင့်ချီ၍ ရှိနေပြီး မျက်စိတစ်ဆုံး ကျယ်ပြောလှ၏။ အချို့သော တဲများတွင် ထူးဆန်းသော စွမ်းအားများကို ထုတ်လွှတ်ပေးနေသည့် အမိုးအကာများ ပါရှိပြီး ထိုနယ်မြေပေါ်သို့ ကျဆင်းလာသော ဖိနှိပ်မှုစွမ်းအားကို ခုခံနေပုံရသည်။
"ကျင့်ကြံဖို့နဲ့ ဒဏ်ရာတွေ ကုသဖို့အတွက် လုံခြုံတဲ့ နေရာတစ်ခုလား..."
သူ တွေးလိုက်သည်။ သူ၏ အမြင်အာရုံထဲတွင် လူသားများကိုသာ တွေ့မြင်ရ၏။ ပညာရှိရုပ်သွင် ပေါက်နေသူများ၊ အဂ္ဂိရတ် အနံ့အသက်များ ထွက်ပေါ်နေသူများနှင့် အချို့မှာ အပူငွေ့များ၊ မီးခိုးငွေ့များ ထွက်ပေါ်နေသူများ စသဖြင့် အမျိုးအစားစုံလင်စွာ ရှိနေသည်။ သို့သော် သူ သတိထားမိသည့် တစ်ချက်မှာ မည်သူ့ကိုပင် ကြည့်လိုက်စေကာမူ လူတိုင်းနီးပါးသည် တစ်နည်းမဟုတ်တစ်နည်း ဒဏ်ရာရရှိထားကြခြင်းပင် ဖြစ်၏။
စိမ်းပြာရောင် အဂ္ဂိရတ် ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ လည်ပင်းတွင် အဆင့်မြင့် ကြယ်တာရာ အဆင့်အထိ ရောက်ရှိနိုင်စွမ်းရှိပုံရသော အဆောင်တစ်ခုကို ဆွဲချိတ်ထား၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်တာရာ အမြုတေ အဆင့်၏ အဋ္ဌမမြောက်အဆင့်ဖြစ်သော လောကီမျက်လုံး အဆင့်တွင်သာ ရှိနေသေးသည်။
ထို့ပြင်... ကြယ်တာရာ အရှင်သခင် မဟုတ်သော ကျင့်ကြံသူများထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေသည် မဟုတ်ပေ။ ကြွက်သားများ အပြည့်ရှိသော တောင့်တင်းခိုင်မာသည့် အမျိုးသားတစ်ဦးလည်း ရှိနေသေး၏။ သူ၏ ပြောင်နေသော ခေါင်းမှ မီးခိုးများ ထွက်ပေါ်နေပြီး ကျိုးနေသော ခြေထောက်ကို တရွတ်တိုက်ဆွဲကာ ကွင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။ သူ၏ ကိုယ်ပေါ်တွင်လည်း ကျင့်ကြံခြင်း အခြေခံကိုပါ ထိခိုက်စေနိုင်လောက်အောင် နက်ရှိုင်းသော ဒဏ်ရာများစွာ ဖုံးလွှမ်းနေ၏။ သို့သော် သူသည် ကြယ်တာရာ အမြုတေ အဆင့်၏ သတ္တမမြောက်အဆင့်ဖြစ်သော လောကနယ်မြေ အဆင့်တွင်သာ ရှိနေပေသည်။
အနီးတစ်ဝိုက်တွင် သောင်းနှင့်ချီသော လူများရှိနေပြီး သူတို့ထဲမှ အများစုမှာ တဲများ မရှိကြပေ။ သူတို့သည် နေရာအနှံ့တွင် ထိုင်နေရကာ အများအားဖြင့် ဒဏ်ရာများကို ကုသနေရခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ သူတော်စင်များ၏ ပြုစုစောင့်ရှောက်မှုကို ခံယူနေကြရသည်။ ဤဆေးဘက်ဆိုင်ရာ သူတော်စင်များသည် ကုသမှုပြီးစီးပါက အခကြေးငွေအဖြစ် စစ်ဝိညာဉ်များကို ယူကြ၏။ ဆေးဘက်ဆိုင်ရာ သူတော်စင်တိုင်းသည် အဂ္ဂိရတ်ပညာရှင်၊ ပန်းပဲဆရာ သို့မဟုတ် ဗိသုကာပညာရှင်တို့၏ အော်ရာများ သဲ့သဲ့မျှ ထွက်ပေါ်နေသည်ကို သူ သတိထားမိခဲ့သည်။ သို့တိုင် သူတို့သည် အဓိကအားဖြင့် ကုသခြင်း အစီအရင်များကိုသာ ကျင့်ကြံကြပေသည်။
သူတို့သည် အလွန်အမင်း ကြီးမားသော ဖိအားကြောင့် သူတို့၏ သိမ်မွေ့သော သက်စောင့်အင်အားများ ကြေမွမသွားစေရန် သတိထား၍ ထိတွေ့ခြင်းမှတစ်ဆင့် တိုက်ရိုက် စွမ်းအင်စီးဆင်းစေသော အစီအရင်များကို အသုံးပြုကြသည်။ ဤဆေးဘက်ဆိုင်ရာ သူတော်စင်များထဲမှ အများစုမှာ အမျိုးသမီးများ ဖြစ်ကြ၏။ အချိုးအစားအရ ၉း၁ ဟူသော အလွန်အမင်း မမျှတမှုကြီးကို တွေ့ရသောကြောင့် သူ အနည်းငယ် ထူးဆန်းသွားမိသည်။
အနည်းငယ်ကြာအောင် ထပ်မံစောင့်ကြည့်ပြီး အဝေးမှ ဖြစ်ရပ်တစ်ခုကို မြင်တွေ့လိုက်ရပြီးနောက်မှသာ သူ နားလည်သွားတော့သည်။
အမျိုးသား ဆေးဘက်ဆိုင်ရာ သူတော်စင်တစ်ဦးသည် အရေးပေါ် ကုသမှုတစ်ခုတွင် သူ၏ စွမ်းအင်များကို အသုံးပြုခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူသည် သူ၏တဲသို့ အလျင်စလို ပြန်သွားခဲ့သော်လည်း သတိပေးချက်မရှိဘဲ တစ်ခုခု ဖြစ်ပွားလာခဲ့၏။ လက်သည်းခွံအရွယ်အစားခန့်ရှိ အရောင်ခုနစ်မျိုး ပါဝင်သော အလင်းလုံးတစ်လုံးသည် သူ၏ ရှေ့တွင် ပေါ်လာပြီး သူ့ကို ထိုနေရာတွင်ပင် ရပ်တန့်သွားစေခဲ့သည်။ အကြောက်တရားများသည် သူ၏ ဝိညာဉ်နှင့် မျက်လုံးများထံသို့ ဝင်ရောက်လာစဉ် သူသည် ကျိန်ဆဲလိုက်ပြီး အကူအညီတောင်းခံရန် အော်ဟစ်လိုက်၏။
သို့သော် မည်သူမျှ ရောက်မလာခဲ့ပေ။ သူ၏ တုံ့ပြန်မှုအရ ဤနေရာတွင် ထိုသို့ဖြစ်လာမည်မှာ ကြိုတင်ခန့်မှန်းနိုင်သော ရလဒ်တစ်ခုဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ အမျိုးသားသည် ထိုအလင်းလုံးကို ထိလိုက်၏။ အလင်းတန်းက သူ့ကို ရစ်ပတ်သွားပြီးနောက် ကြယ်တံခွန်တစ်ခုအလား အထက်သို့ ပစ်လွှတ်ခံလိုက်ရကာ ကောင်းကင်ယံတွင် တွဲလောင်းကျနေသော ကြီးမားသည့် အလင်းလုံးကြီးတစ်ခုအဖြစ် အခြေချသွားတော့သည်။ ဤမြင်ကွင်းကြောင့် ဝေ့ဝူယင်သည် အပေါ်သို့ မော့ကြည့်လိုက်ရာ အရောင်အသွေး စုံလင်သော အလင်းလုံးများစွာကို တွေ့လိုက်ရသည်။ အချို့မှာ အခြားအရာများထက် ပိုမိုကြီးမားကာ ပိုမိုတောက်ပပြီး သန့်စင်သော အလင်းရောင်များကို ထုတ်လွှတ်နေကြ၏။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည်လည်း အလားတူ ကံကြမ္မာနှင့် ကြုံတွေ့ရလေသည်။ သူမက အကူအညီ တောင်းခံရန်ပင် မလိုအပ်ဘဲ အခြား အမျိုးသမီးနှစ်ဦးက ကူညီရန် အပြေးအလွှား ရောက်လာကြသည်။ သူတို့က သူမ၏ ကျောကို ထိလိုက်ပြီးနောက် သူမသည် အလင်းလုံးကို ယုံကြည်မှုရှိစွာဖြင့် လက်ဖြင့် ထိုးလိုက်၏။ ထိုအခါ သူတို့ သုံးဦးစလုံးသည် အထက်သို့ ပစ်လွှတ်ခံလိုက်ရသည်။
လူတိုင်းက ၎င်းကို နေ့စဉ်ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို လက်ခံထားကြပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာကို အနည်းငယ်လေးတောင် ထူးဆန်းသည်ဟု မထင်မှတ်ကြပေ။
'ဒီတော့ ဒီစခန်းက လုံခြုံတဲ့ နေရာ မဟုတ်ဘူးပဲ...'
ဝေ့ဝူယင်သည် အမှန်တရားကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဤနေရာသည် စခန်းချရန် နေရာ မဟုတ်ပေ။ ကြယ်တာရာ စည်းမျဉ်း စစ်မြေပြင် ဖြစ်ပေသည်။
ထို့ပြင် ဤနေရာရှိ လူတိုင်းသည် ဖန်တီးခြင်း ပညာရှင်များ ဖြစ်ကြသည်။
ထိုသို့ဖြစ်နေသောကြောင့် သူသည် ပိုမိုဝေးကွာသော နေရာများသို့ ဆက်လက် လေ့လာကြည့်ရှုလိုက်သည်။ မကြာမီတွင် အထပ်ကိုးထပ်ပါရှိသော ရှေးဟောင်း အနက်ရောင် စေတီတစ်ဆူကို သူ တွေ့ရှိသွားခဲ့၏။ သူ၏ အာရုံခံစားမှုများကို ချဲ့ထွင်လိုက်သောအခါ ဤအနက်ရောင် စေတီသည် လမ်းကြောင်းအရပ်ရပ်တွင် ကျပန်းအတိုင်း ဆယ်ကြိမ်၊ ရာကြိမ်မှသည် ထောင်နှင့်ချီ၍ ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးသည် အော်ရာ သို့မဟုတ် တည်ရှိမှု သင်္ကေတအရ အတူတူပင် ဖြစ်ကြပြီး ကွဲပြားမှု မရှိပေ။ နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို သူ ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
ကြယ်တာရာ အစီအစဉ် မျှော်စင်သုံးခုထဲမှ ပထမဆုံး မျှော်စင်…
ဂိုင်ယာ မျှော်စင်ပင် ဖြစ်ပေတော့သည်။
***
အပိုင်း(၂၆၀၈)
"အား..."
နာကျင်စွာ အော်ဟစ်သံကြီးတစ်ခုသည် အထက်မှ ဟိန်းထွက်လာခဲ့သည်။ ၎င်းသည် ကျောချမ်းဖွယ်ကောင်းပြီး ဝိညာဉ်အထိ ထိုးဖောက်ဝင်ရောက်သွား၏။ သေလုမြောပါး စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထပ်မံထွက်ပေါ်လာပြီးနောက် ပြင်းထန်သော အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဝေ့ဝူယင်၏ အကြည့်များသည် အဝေးရှိ ဂိုင်ယာ မျှော်စင်မှ ခွာလိုက်ပြီး အထက်ရှိ အလင်းလုံးများထဲမှ တစ်ခုဆီသို့ အာရုံစိုက်လိုက်သည်။ ထိုအလင်းလုံးမှာ သေးငယ်ပြီး ပန်းပဲခတ်ရန် သီးသန့်လုပ်ထားသော အခန်းတစ်ခန်းစာခန့်သာ ရှိသည်။ ၎င်းသည် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီး မင်ရည်ကဲ့သို့ မည်းနက်သော မီးခိုးငွေ့များ ထွက်ပေါ်နေပေသည်။
သူ၏ အာရုံစိုက်မှုက ထိုအရာဆီသို့ ရောက်သွားသည့် အခိုက်အတန့်တွင်ပင် အလင်းလုံးသည် အလင်းတန်း အစအနလေးများအဖြစ် ရေတွက်မရအောင် ကွဲကြေသွားခဲ့သည်။ ထို့နောက် တောက်ပသော ဖုန်မှုန့်များအဖြစ် ပြိုကျသွားတော့၏။ ကောင်းကင်ယံမှ လူရိပ်တစ်ခု ကျဆင်းလာခဲ့သည်။ အချို့က ထိုကျဆင်းလာသော လူရိပ်ကို ဂရုမစိုက်သလို (သို့မဟုတ်) သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသည်။ အခြားသူများကမူ ၎င်း၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုကာ သူတို့၏ ခရီးကိုသာ ဆက်လက် သွားနေခဲ့ကြပေသည်။
ဘုန်း...
ထိုလူရိပ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မြေပြင်အနှံ့ ပျံ့ကျဲသွားခဲ့သည်။ အသားနှင့် မြေကြီး ရိုက်ခတ်သွားသော အသံတိုလေးတစ်ခု ပဲ့တင်ထပ်သွား၏။ ၎င်းမှာ အသက်ကင်းမဲ့နေသော အလောင်းတစ်ခုသာ ဖြစ်ပေသည်။ ဝေ့ဝူယင်သည် ၎င်းကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။ ၎င်းထံမှ ထွက်ပေါ်နေသော အပျက်အစီး စွမ်းအင်များကို သူ ခံစားမိလိုက်၏။ ထိုစွမ်းအင်များသည် ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်း အခြေခံကို လုံးဝ ဖျက်ဆီးပစ်လိုက်သောကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသည်ဟု ဆိုလျှင်ပင် သက်ညှာလွန်းရာ ကျနေပေလိမ့်မည်။ အပျက်အစီး စွမ်းအင်များသည် သူ၏ ချွေးပေါက်များမှ မီးခိုးရောင် အလင်းတန်းများအဖြစ် ထွက်ပေါ်နေပြီး အသားစများကို မှတ်မိစရာ မရှိတော့လောက်အောင် ဖျက်ဆီးထားခဲ့သည်။
'ပန်းပဲဆရာ တစ်ယောက်လား...'
ဝေ့ဝူယင်သည် ပူပြင်းသော မီးဖိုတစ်ခု၏ လေထုနှင့် သတ္တု အော်ရာကို ခံစားမိလိုက်သည်။ ဤသူသည် ပန်းပဲ တာအိုကို ကျင့်သုံးသူ ဖြစ်ပြီး အထူးသဖြင့် လက်နက်ကိရိယာများ ဖန်တီးသည့် အတတ်ပညာကို ကျင့်ကြံနေသူ ဖြစ်၏။ လက်နက်များ ဖြစ်ဖို့ များပေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ဤနေရာရှိ အခြားသူများနှင့် နှိုင်းယှဉ်လျှင် မနိမ့်ကျပေ။
အချိန်သခင် တစ်ဦးပင်...။
အနီးတစ်ဝိုက်တွင် သွားလာနေသူများ၏ ကျင့်ကြံခြင်း အခြေခံများမှာ ကြယ်တာရာ စစ်မြေပြင်ထက် များစွာ နိမ့်ကျနေ၏။ သို့သော် အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သူ နားလည်ခဲ့သည်။
အလွန်အမင်း ကြီးမားသော ဖိအားများနှင့် ဝိညာဉ် ဖိနှိပ်မှုများကဲ့သို့ ကန့်သတ်ချက်များအောက်ရှိ တိုက်ပွဲများနှင့် ခြားနားစွာပင် ဖန်တီးခြင်း ပညာရှင်များ ၏ အားသာချက်သည် သူတို့၏ ကျင့်ကြံခြင်း အခြေခံတွင် မရှိဘဲ သူတို့၏ ကျွမ်းကျင်မှုတွင်သာ ရှိနေခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် အဂ္ဂိရတ် ပညာရှင် တစ်ဦးအနေဖြင့် ကျင့်ကြံခြင်းထက် ကျွမ်းကျင်မှုနှင့် နည်းလမ်းများက အောင်ပွဲခံနိုင်ကြောင်း ပြသနိုင်သည့် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် အစစ်အမှန် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ ဤသို့ စံနှုန်းများ ကွဲပြားမှုကြောင့် ကြယ်တာရာ စည်းမျဉ်း စစ်မြေပြင်သည် ကျင့်ကြံခြင်း အဆင့်ကို သိပ်ပြီး ဂရုမစိုက်ခြင်း ဖြစ်ပေသည်။
အလောင်းကြီးမှာ လမ်းသွားလမ်းလာများ၏ လျစ်လျူရှု စွန့်ပစ်ထားခြင်းကို ခံရကာ ထိုနေရာတွင်ပင် လဲလျောင်းနေခဲ့သည်။ ပစ္စည်းများကို လုယက်ယူငင်ခြင်းပင် မရှိခဲ့ပေ။ ဤအရာအားလုံး ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေစဉ် ထိုမြင်ကွင်းက သူ့အတွက် တွေးတောစရာ တစ်ခု ဖြစ်လာခဲ့သည်။ ဆယ်မိုင်ပေါင်းများစွာ ဝေးကွာသော နေရာရှိ အဖြူရောင် အလင်းလုံးတစ်ခုထဲမှ အမျိုးသမီး ခုနစ်ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာသည်ကို မြင်တွေ့ရန် သူ လှည့်ကြည့်လိုက်၏။ သူတို့ကို ညင်သာသော ပြင်ပစွမ်းအားတစ်ခုက အောက်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ ဆင်းသက်လာချိန်တွင် အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြသည်။ သို့တိုင် သူတို့၏ လေးလံသော အသက်ရှူသံများနှင့် ဖြူရော်နေသော မျက်နှာအချို့ကသာ သူတို့ ရုန်းကန်ခဲ့ရကြောင်း သက်သေပြနေခဲ့ပေသည်။
သူတို့သည် လူစုမခွဲမီ ခဏတာမျှ စကားစမြည် ပြောဆိုခဲ့ကြသည်။ လူတစ်ယောက်ကမူ အလွန်အမင်း ကျေးဇူးတင်နေခဲ့၏။ သူမသည် အဆင့်ခုနစ် သေမျိုးအဆင့် ဆေးရည်အချို့ကို အပြုံးတစ်ခုဖြင့် လျှို့ဝှက်စွာ ဖလှယ်ခဲ့ပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
"ဒီမှာ အမျိုးသမီးတွေရဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်..."
မားဂတ်က သိချင်စိတ်ဖြင့် မှတ်ချက်ချလိုက်သည်။
ဤအချက်ကို ဝေ့ဝူယင်ကိုယ်တိုင်လည်း သတိထားမိခဲ့ပေသည်။ ဤအမျိုးသမီးများ၏ လက်ခုံများတွင် အမှတ်အသားများ ရှိနေကြ၏။ ၎င်းတို့အားလုံးမှာ နီညိုရောင် လီလီပန်းပုံစံများ ဖြစ်ကြသည်။ ထို့ပြင် ထိုလီလီပန်းများမှ စိတ်စွမ်းအင်ကြိုးမျှင်လေးများ ထွက်ပေါ်နေပေသည်။ ၎င်းမှာ ဤနေရာရှိ ဝိညာဉ်ရေးရာ ဖိနှိပ်မှုကို ကျော်လွန်ကာ သတင်းစကားများ ပေးပို့နိုင်သည့် စိတ်ပိုင်းဆိုင်ရာ အစီအရင်တစ်ခုပင် ဖြစ်၏။
ဟိုဟိုသည်သည် စီးဆင်းနေသော စိတ်စွမ်းအင် အစအနများကို သူ ဖမ်းယူမိလိုက်သည်။ အများစုမှာ အမျိုးသမီးများကြားတွင်သာ ဖြစ်၏။ ထိုစဉ် အမျိုးသားများမှာမူ တစ်ယောက်တည်းသာ ရှိနေကြသည်။ အမျိုးသားများထံတွင် အစီအရင်တစ်ခု ရှိနေသည်ကို မြင်ရခဲလှပေသည်။ အချို့တွင် အလားတူ အစီအရင်မျိုး ရှိနေသော်လည်း နေရာမတူသလို ပုံစံလည်း ကွဲပြားနေကြ၏။ ဤသည်မှာ အတော်လေး ထူးဆန်းနေပေသည်။
ဝေ့ဝူယင်သည် အထက်ရှိ များပြားလှသော အလင်းလုံးများကို အာရုံစိုက်လိုက်ပြီး ရေရွတ်လိုက်သည်။
"ဒါဆို အဲဒါတွေက ဖန်တီးခြင်း အလင်းလုံးတွေပေါ့လေ..."
သူရရှိထားသော သတင်းအချက်အလက်များအရ... ၎င်းတို့ တစ်ခုစီတွင် သီးသန့်နေရာတစ်ခုစီ ပါဝင်သော ဟင်းလင်းပြင်ငယ်များ ပါရှိကြသည်။
အထက်ရှိ အရာများသည် အမြဲတမ်း တည်ရှိနေသောအရာများနှင့် ခဏတာသာ တည်ရှိသောအရာများ ရောနှောနေခြင်း ဖြစ်၏။ ဥပမာအားဖြင့် အစောပိုင်းက အမျိုးသမီးခုနစ်ဦးသည် ဖန်တီးခြင်း ပညာရှင်များ အတွက် စစ်မြေပြင်အဖြစ်ပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးသော စမ်းသပ်မှုစင်မြင့်ဖြစ်သည့် ခဏတာ ဖန်တီးခြင်း အလင်းလုံးတစ်ခုမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သူတို့ ထွက်ခွာသွားသောအခါ ၎င်းသည် အရိပ်အယောင်မျှမကျန်ဘဲ ငြိမ်းချမ်းစွာ ပျောက်ကွယ်သွားခဲ့၏။ စုတ်ပြတ်သတ်နေသော အလောင်းကြီး ထွက်ကျလာသည့် အလင်းလုံးနှင့်တော့ မတူညီပေ။
သို့သော်လည်း အချို့သော အလင်းလုံးများသည် ကောင်းကင်တွင် တွဲလောင်းချိတ်ဆွဲထားပြီး အခြားအရာများထက် ပိုမိုကြီးမားကာ ပိုမိုတောက်ပပြီး ပိုမိုထူထဲကြသည်။ ဤအရာများသည် အမြဲတမ်း တည်ရှိနေသော ဖန်တီးခြင်း အလင်းလုံးများ ဖြစ်ကြ၏။ ၎င်းတို့သည် ဖန်တီးခြင်း ပညာရှင်များ အတွက် ပူးပေါင်းဆောင်ရွက်ခြင်း လမ်းကြောင်းနှင့် သီးခြားရပ်တည်ခြင်း လမ်းကြောင်းများတွင် များစွာ အရေးပါလှပေသည်။
"ငါတို့ဆီကိုရော တစ်ခု ရောက်လာမှာလား..."
အိုရီက အသီနာ့ကို စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ ကောင်းကင်စစ်ဝိညာဉ် တစ်ခုအနေဖြင့် အိုရီသည် သူမထံမှ အဖြေများကို အဆက်မပြတ် တောင်းဆိုနေခဲ့၏။ အံ့ဩစရာကောင်းစွာပင် အသီနာသည် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ အတော်လေး နားမလည်ဘဲ ဖြစ်နေခဲ့သည်။ သူမသည် ကြယ်တာရာ စစ်ပွဲ စစ်မြေပြင်၏ ကြီးကြပ်သူအဖြစ် ရှိနေစဉ်က သူမသိမ်းဆည်းထားသော အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုကိုမျှ ပြန်လည် မမှတ်မိနိုင်တော့ပေ။ ဝေ့ဝူယင် သူမကို မရယူမီကတည်းက သန့်စင်ဖျက်ဆီးခံလိုက်ရသည်မှာ ထင်ရှားလှ၏။ သူမနှင့် စစ်ဝိညာဉ်များ ဖလှယ်ခဲ့သော ပါဝင်ယှဉ်ပြိုင်သူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမ ပြန်လည် မမှတ်မိနိုင်တော့ချေ။
ဤသည်မှာ အရေးမကြီးသော မှတ်ဉာဏ်တစ်ခု ဖြစ်ကြောင်း ဝေ့ဝူယင် သိထားခဲ့သည်။ သူမသည် ပြည့်စုံသော တည်ရှိမှုတစ်ခု ဖြစ်ပြီး စစ်မြေပြင်နှင့် ပတ်သက်သော သတင်းအချက်အလက်များ အပါအဝင် သူမ၏ ပြင်ပအပိုင်းများသာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် ပြင်ပမှ သတင်းအချက်အလက် ရင်းမြစ်များကို အားကိုးခဲ့ရခြင်း ဖြစ်ပေသည်။ ထို့ပြင် ၎င်းမှာ လုံခြုံရေး အစီအမံတစ်ခု ဖြစ်နိုင်ခြေရှိသည်။ ကြီးကြပ်သူသည် စည်းမျဉ်းနှင့် စစ်ပွဲ စစ်မြေပြင် တစ်ခုလုံး၏ ရှုပ်ထွေးလှသော အသေးစိတ် လုပ်ဆောင်ချက်များကို နားလည်ထားသောကြောင့် ထိုအရာများကို သူမ၏ အတွင်း၌ ချန်ထားခဲ့ခြင်းက နောင်တစ်ချိန်တွင် ပြဿနာများကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။
အနည်းဆုံးတော့ ဝေ့ဝူယင်နှင့် ပေါင်းစည်းကာ နာမည်တစ်ခု ရရှိပြီးနောက်တွင် သူမသည် ပြည့်စုံကြောင်း၊ ပြုပြင်မွမ်းမံထားခြင်း မရှိကြောင်းနှင့် အခြားမည်သူ၏ ဆန္ဒမှ လွှမ်းမိုးထားခြင်း မရှိကြောင်း သူတို့နှစ်ဦးစလုံး ခံစားမိခဲ့ကြသည်။
အကယ်၍ စစ်မြေပြင်အား ဖန်တီးသူများသည် ကောင်းကင်စစ်ဝိညာဉ်၏ အနာဂတ် ပိုင်ရှင်ကို လျှို့ဝှက်ကြံစည်ရန် မကြိုးစားခဲ့ပါက ၎င်းသည် သူတို့၏ တရားမျှတသော ကရုဏာတရားကို ပြသနေခြင်းပင် ဖြစ်၏။ သို့သော် ဝေ့ဝူယင်ကမူ သံသယ ဝင်နေခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသီနာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မကြုံစဖူး ထူးခြားနေခဲ့ပေသည်။ သို့တိုင် သူသည် သတိထားနေရန် ဆုံးဖြတ်လိုက်ပြီး လောလောဆယ်တွင် သူမ၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်တော့သည်။
"ငါတို့က သက်သေခံ သင်္ကေတ မရသေးဘူးလေ၊ ဒါကြောင့် မရနိုင်သေးဘူး..."
ဝေ့ဝူယင်က ပြန်ဖြေလိုက်ပြီး တီလီ အလျင်စလို ပြန်ရောက်လာသည်ကို လှမ်းကြည့်လိုက်သည်။ သူမသည် ဤနေရာရှိ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူ၏ဆီသို့ ခုန်ဆွခုန်ဆွဖြင့် အပြေးအလွှား ရောက်လာခဲ့၏။ သူမသည် အလွန် သုတ်ခြေတင်လာခဲ့ခြင်း ဖြစ်သည်။
သူမ ဆင်းသက်လာချိန်တွင် ကြက်ဥအရွယ်အစားခန့်ရှိသော မည်းနက်သည့် သင်္ကေတ အက္ခရာများ ရေးထွင်းထားသော သန့်စင်သည့် အဖြူရောင် ကျောက်စိမ်းတုံးလေးကို ကမ်းပေးလိုက်၏။ ၎င်းသည် ယခင်က စစ်ပွဲ ကြယ်တာရာ စစ်မြေပြင် တွင် သူရရှိခဲ့သော သက်သေခံ သင်္ကေတနှင့် အလွန် ဆင်တူနေပေသည်။ ထိုသက်သေခံ သင်္ကတေများကို ယခင်က လျှို့ဝှက် သင်္ကေတများ ဟု သူ အထင်မှားခဲ့ဖူးသည်။ ယခု သေချာစွာ စစ်ဆေးကြည့်လိုက်သော အခါ ၎င်းတို့မှာ အန်နီမာ သင်္ကေတများဟု လူသိများသော ဝိညာဉ်အမျိုးအစား ပဲ့တင်ထပ် သင်္ကေတများ ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။
၎င်းတို့ထဲမှ အချို့သည် သူ၏ သွေးမျိုးဆက် စွမ်းအင်များနှင့် ရုပ်ပိုင်းဆိုင်ရာ ဆဲလ်များတွင်သာမက အထွတ်အထိပ် သူတော်စင်များ နှင့် အရှင်သခင်များ၏ ပဲ့တင်ထပ် ဝိညာဉ်များ တွင်ပါ ထွင်းထုထားသည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် ဝိညာဉ်များ၊ ကောင်းကင်ဘုံများနှင့် ဆက်သွယ်နိုင်သလို အပြန်အလှန် တုံ့ပြန်နိုင်စွမ်းလည်း ရှိကြ၏။ သက်သေခံ သင်္ကေတသည် စစ်ဝိညာဉ်များ ဖလှယ်မှုကို လွယ်ကူချောမွေ့စေရန် သိုလှောင်ပေးသည့် ယူနစ်တစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးပေသည်။
၎င်းသည် လူတိုင်း ပိုင်ဆိုင်ထားနိုင်လောက်အောင် အလွန် တန်ဖိုးရှိလှပုံရသည်။ ပို၍ အရေးကြီးသည်မှာ ၎င်းကို ထုတ်ယူ၍ သိမ်းဆည်းထားနိုင်ခြင်းပင် ဖြစ်၏။ သူ၏ အန်နီမာ- ဝါးမြိုသူ သွေးမျိုးဆက်ကြောင့် သူ၏ လျှို့ဝှက် သင်္ကေတများ သည် သိမ်မွေ့သော၊ အခြေခံကျသော၊ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကို ခံစားခဲ့ရသောကြောင့် အစပိုင်းတွင် ၎င်းတို့ကို လျှို့ဝှက် သင်္ကေတများ ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ အစကတည်းက ၎င်းသည် အမြဲတမ်း တက်ကြွနေခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အခြေခံကို ပုံဖော်ပေးကာ သူ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် လွှမ်းမိုးထားခဲ့ပေသည်။
***