← Chapters

အခန်း (၂၆၁၅-၂၆၁၆)

Vol. 187 Ch. 2615-2616

အခန်း (၂၆၁၅-၂၆၁၆)

Vol. 187 Ch. 2615-2616

အပိုင်း(၂၆၁၅)

"ဟင့်အင်း... မဖြစ်ရဘူးလေ..."

ကမ္မ ကံကြမ္မာ၏ ကောင်းချီးကို ရရှိထားသော တက်ကြွသည့် မျက်လုံးများနှင့် ချောမောသော လူငယ်လေးသည် သူ၏ ပခုံးပေါ်သို့ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

စစ်ပွဲက နောက်တစ်ဖန် လှုံ့ဆော်ပေးလိုက်ပြန်သည်။

သို့သော်... ဖန်တီးခြင်း အလင်းလုံး ၂,၉၉၉ ခု အပြီးသတ် ပေါင်းစပ်သွားပြီးနောက် ဖန်တီးခြင်း တန်ဖိုး တစ်ခုကို ဖော်ပြလာသောအခါ... ၎င်းက လှုံ့ဆော်ပေးလိုက်သည်မှာ...

...ကြောက်ရွံ့ခြင်းပင် ဖြစ်တော့သည်။

ဘုတ်... ဘုတ်... ဘုတ်...

ဒူးများ မြေပြင်နှင့် ရိုက်ခတ်သွားသော အသံများသည် ဇုံအားလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။ စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့သည် သူတို့၏ နှလုံးသားများ၊ စိတ်အာရုံများနှင့် ခန္ဓာကိုယ်များထဲသို့ စိမ့်ဝင်သွားကာ တောင်တန်းကြီးများအလား ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ဖန်တီးလိုက်၏။ အချို့သူများအတွက် အသက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။ စကားလုံး တစ်လုံးတည်းကသာ လူတိုင်း၏ စိတ်ထဲတွင် အဆက်မပြတ် ပြင်းထန်စွာ လွှမ်းမိုးနေခဲ့သည်။

"ဘယ်လိုလုပ်ပြီး..."

ဇုံ ၂,၉၉၉ ခုကို ကိုယ်စားပြုသော အလင်းလုံးနှင့် ဇုံတစ်ခုတည်းကို ကိုယ်စားပြုသော အလင်းလုံး ဟူ၍ ဖန်တီးခြင်း အလင်းလုံး နှစ်ခုသာ မျက်နှာချင်းဆိုင် ကျန်ရှိနေသောအခါ ထိုဇုံတစ်ခုတည်းကို ကိုယ်စားပြုသည့် အလင်းလုံးသည် ငြင်းပယ်၍မရနိုင်အောင် ပိုမိုကြီးမားကာ ပိုမိုတောက်ပနေခဲ့သည်။

၎င်းသည် ပိုမိုသေးငယ်သော ပြိုင်ဘက်အလင်းလုံးထဲတွင် ပါဝင်နေသည့် ကြိုးပမ်းအားထုတ်မှုများ၊ ရုန်းကန်မှုများနှင့် စိတ်စွမ်းအားများကို လုံးဝ လွှမ်းမိုးသွားခဲ့၏။

ဆယ့်ရှစ်နာရီခန့် အကြာတွင် ကြေညာခြင်း အဆင့် ၏ ပထမအဆင့် ပြီးဆုံးသွားခဲ့သည်။ ပိုမိုကြီးမားသော ဖန်တီးခြင်း အလင်းလုံး သည် ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းလာပြီး ပိုမိုသေးငယ်သော ဖန်တီးခြင်း အလင်းလုံး ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်ကို မျက်လုံးများအားလုံးက စောင့်ကြည့်နေခဲ့ကြသည်။ ကာကွယ်သူများ၏ အစောပိုင်း အားထုတ်မှုမှ ကြီးကျယ်ခမ်းနားသော ခုခံမှုဆိုသည်မှာ လုံးဝ မရှိခဲ့ပေ။ ကြီးမားသော ဖန်တီးခြင်း အလင်းလုံး က ၎င်းကို အပြတ်အသတ် ချေမှုန်းပစ်လိုက်၏။ သေးငယ်သော ဖန်တီးခြင်း အလင်းလုံး မှာ ဘာမျှမကျန်အောင် ဖျက်ဆီးခံလိုက်ရသောကြောင့် ထိုပွတ်တိုက်မှုသည် ခုနစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။ ကြီးမားသော ဖန်တီးခြင်း အလင်းလုံး သည် အရွယ်အစား အနည်းငယ် သေးငယ်သွားသော်လည်း ကောင်းကင်ယံတွင် ဖိနှိပ်လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် တည်ရှိနေဆဲပင် ဖြစ်ပေသည်။

ဂိုင်ယာ မျှော်စင် ၂,၉၉၉ ခုစလုံးသည် တုန်ခါသွားကြပြီး ၎င်းတို့၏ အပြင်ဘက်အလွှာများတွင် အက်ကွဲကြောင်းများ စတင်ပေါ်လာခဲ့သည်။ ခံနိုင်ရည်မရှိသော ဖိအားအောက်တွင် ထွက်ပေါ်လာသည့် ၎င်းတို့၏ ပွတ်တိုက်သံများသည် ကမ္ဘာတစ်ခုလုံး၏ ငိုကြွေးသံအလား ကျယ်လောင်နေခဲ့၏။ ဂိုင်ယာ မျှော်စင် များသည် ကနဦး တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွ ပေါင်းစပ်လိုက်ကြသည်။ သို့သော်လည်း ၎င်းမှာ မလုံလောက်ခဲ့ပေ။

တစ်ခါတုန်းက ကြီးမားသော ဂြိုဟ်ကြီးတစ်ခုပေါ်တွင် ကြီးကျယ်ခမ်းနားသော တိုင်းပြည်ကြီးတစ်ခု ရှိခဲ့ဖူးသည်။ ထိုတိုင်းပြည်ကြီး၏ စစ်တပ်တွင် စစ်သည်အင်အား နှစ်သန်းကျော် ရှိ၏။ သူတို့သည် တောင့်တင်းခိုင်မာကြပြီး ဂြိုဟ်တစ်ခု၏ စစ်မှန်သော အင်အားစုကြီးများ ဖြစ်ကြသည်။ သူတို့၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကာလအတွင်း တော်ဝင်မိသားစုဝင် တစ်ဦးသည် သေးငယ်သော ပဋိပက္ခတစ်ခုကြောင့် ဂိုဏ်းတစ်ခုမှ တပည့် တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ၎င်းမှာ အသက်တစ်ချောင်းတည်းသာ ဖြစ်ပြီး ထိုဂိုဏ်းတွင်လည်း အဖွဲ့ဝင် တစ်သောင်းခန့်သာ ရှိပေသည်။

သို့သော် ဂိုဏ်းတစ်ခု ဆိုသည်မှာ ကျင့်ကြံသူများ ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး သေဆုံးသွားသော တပည့်မှာ အကြီးအကဲ တစ်ဦး၏ မျိုးဆက် ဖြစ်နေခဲ့သည်။ ဤအကြီးအကဲသည် ဂိုဏ်းအတွင်းရှိ လူတိုင်း၏ ချစ်ခင်လေးစားမှုကို ခံရသူဖြစ်ပြီး အားလုံးက သူ့ကို ဆရာတစ်ဆူအဖြစ် ရှုမြင်ထားကြ၏။ ထို့ပြင် သူ့ထံတွင် ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်နှင့် ရထားသည့် ထိုမျိုးဆက် တစ်ဦးတည်းသာ ရှိခဲ့ခြင်း ဖြစ်သည်။ ဤသတင်းသည် ဂိုဏ်းထံသို့ ရောက်ရှိသွားသောအခါ သူတို့က တိုင်းပြည်ထံသို့ သတင်းစကား တစ်ခုတည်းကိုသာ ပေးပို့ခဲ့ပြီး ၎င်းသည် နံနက်ခင်းတွင် ရောက်ရှိလာခဲ့သည်။ သူတို့ဂိုဏ်း၏ အမှတ်အသားတစ်ခုသာ ပါဝင်သော ထိုစာလွှာပေါ်တွင် သွေးစိမ်းရှင်ရှင်ဖြင့် ရေးထွင်းထားသော စကားလုံး တစ်လုံးတည်းသာ ပါရှိပေသည်။

"သေခြင်းတရား..."

သတင်းစကား ရရှိပြီးနောက် ဒုတိယမြောက်နေ့ နံနက်ခင်းတွင် ကျင့်ကြံသူ တစ်သောင်းသည် ထိန်းချုပ်မရသော ဒေါသနှင့် မုန်းတီးမှုများဖြင့် အားဖြည့်ထားသည့် တားဆီး၍မရနိုင်သော အဟုန်ဖြင့် ကောင်းကင်ယံသို့ တက်လှမ်းလာကြသည်။ တစ်သောင်းစလုံးသည် နယ်စပ်အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြ၏။ စောင့်ဆိုင်းရုံ သက်သက်သာ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများ မှ ခြိမ်းခြောက်မှုများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ သူတို့ထဲမှ အမြင့်ဆုံး အဆင့်ရှိသူသည် တိုင်းပြည်အတွင်းရှိ မည်သူ့ထက်မဆို အဆင့်နှစ်ဆင့်မျှ ပိုမို မြင့်မားနေပေသည်။

တိုင်းပြည်သည် အလန့်တကြား ဖြစ်သွားခဲ့သည်။ သူတို့က ဆက်သွယ်ရန် ကြိုးစားကြ၏။ အဖြေရှာရန် ကြိုးစားကြ၏။ အရာများစွာကို လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။ ကံမကောင်းစွာဖြင့် သူတို့ရရှိခဲ့သည်မှာ တိတ်ဆိတ်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့ကိုသာ ဖြစ်သည်။ မည်သည့် ဆွေးနွေးမှုမျှ မရှိခဲ့ပေ။ ညှိနှိုင်းမှုလည်း မရှိခဲ့ချေ။ သနားညှာတာရန် တောင်းပန်ခွင့် သို့မဟုတ် သူတို့၏ အမှားကို ပြင်ဆင်ခွင့် ဆိုသည်မှာလည်း မရှိခဲ့ပေ။

ထို့ကြောင့် သူတို့သည် အင်အား နှစ်သန်းရှိသော သူတို့၏ စစ်တပ်ကို အသင့်ပြင်လိုက်ကြသည်။ အပြင်ဘက်မှ အင်အားစုများကို စုစည်းကာ ဟင်းလင်းပြင် တံခါးပေါက်များ မှတစ်ဆင့် အလျင်အမြန် ခေါ်ယူခဲ့ပြီး ရန်သူကို ကာကွယ်ရန် သူတို့၏ အကြီးမားဆုံး အင်အားကို တည်ဆောက်လိုက်ကြသည်။ ပြဿနာဖြစ်ပွားခဲ့သော တော်ဝင်မိသားစုဝင်ကို သေဒဏ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသောကြောင့် ၎င်းကို အပေးအယူလုပ်ရန် အသက်ရှင်လျက် ချန်ထားခဲ့ကြ၏။

အင်အားစုအားလုံး ရောက်ရှိလာပြီး ထိုလူတစ်သောင်းကို ခုခံရန် အသင့်ဖြစ်နေသော နေ့တွင် ဂိုဏ်းများ၏ ပြင်းထန်မှု၊ ဂိုဏ်းများ ထုတ်ဖော်ပြသနိုင်သော ရက်စက်ကြမ်းကြုတ်မှုတို့ကို ထိုဂြိုဟ်ကြီး သိရှိသွားခဲ့ရသည်။ ဂိုဏ်း၏ အဖွဲ့ဝင်တိုင်းသည် သူတို့၏ အကောင်းဆုံး လက်နက်များကို ထုတ်ယူလာကြပြီး အသင့်ပြင်ထားသော တိုင်းပြည်ကြီးကို ပြေးဝင်တိုက်ခိုက်ကြတော့သည်။ သို့သော် ထိုနေ့က ဖြစ်ပွားခဲ့သည်မှာ ကြီးကျယ်ခမ်းနားသော စစ်ပွဲကြီးတစ်ခု မဟုတ်ခဲ့ပေ။

ထိုနေ့တွင် လူတစ်သောင်းစလုံး အပြတ်အသတ် ရှင်းလင်းခံလိုက်ရလေသည်...

ထိုတော်ဝင်မိသားစုဝင်သည်လည်း နောင်တွင် နှစ်ပေါင်းတစ်သောင်းတိုင်အောင် အမှတ်ရနေမည့် ကြီးမြတ်သော အရှင်သခင် တစ်ပါး ဖြစ်လာခဲ့ပေသည်။

ထိုနေ့တွင် ကမ္ဘာကြီးသည် အသိတစ်ခုကို ရရှိသွားခဲ့လေသည်။ ကျင့်ကြံခြင်းသည် အံ့မခန်းဖွယ် ကောင်းလှသော်လည်း စစ်ပွဲများတွင် လူအရေအတွက်သည်လည်း ထိုနည်းတူ၊ သို့မဟုတ် ထိုထက်မက ပို၍ အရေးကြီးကြောင်းကိုပင် ဖြစ်၏။

လောကရှန့်ထို တစ်ပါးသည် လျှို့ဝှက် အရှင် တစ်သောင်းကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကောင်း ရှိပေမည်။ သို့သော် သူတို့သာ ပြီးပြည့်စုံသော ဟန်ချက်ညီမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တူညီသော ဆန္ဒတစ်ခုတည်းဖြင့် အတူတကွ လုပ်ဆောင်ကြပါက လောကရှန့်ထို ပင်လျှင် သေဆုံးသွားနိုင်ပေသည်။

ပုရွက်ဆိတ်များသည် သစ်ပင်တစ်ပင်ကို လှဲချနိုင်စွမ်း ရှိကြသည်။ တစ်ခုတည်းသော မေးခွန်းမှာ လိုအပ်သော အရေအတွက်သာ ဖြစ်ပြီး အရွယ်အစား မဟုတ်ပေ။

ဤသဘောတရားကို စစ်ပွဲ၏ ယုတ္တိဗေဒတွင် ကောင်းစွာ နားလည်ထားကြပြီး အထူးသဖြင့် ကျင့်ကြံသူများ ကြားတွင် ဖြစ်သည်။ မောက်မာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းသူများသည် အချိန်မတိုင်မီ သေဆုံးသွားကြကာ နောင်လာနောက်သားများအတွက် မြေသြဇာဖြစ်စေမည့် အလောင်းကောင်များအဖြစ်သာ ကျန်ရစ်ခဲ့လေ့ ရှိကြ၏။

ယနေ့တွင်မူ လူတိုင်း၏ နှလုံးသားထဲ၌ အလွန် ခိုင်မာစွာ အမြစ်တွယ်နေခဲ့သော ထိုယုံကြည်ချက်ကြီးသည်... မြေမှုန့်အဖြစ်သို့ ပြိုကွဲသွားခဲ့လေပြီ။

လူတစ်ယောက်တည်းက ပြီးပြည့်စုံသော ဟန်ချက်ညီမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တူညီသော ဆန္ဒတစ်ခုတည်းဖြင့် အတူတကွ လုပ်ဆောင်နေကြသည့် ဇုံ ၂,၉၉၉ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ထိုအခါ နောက်ဆုံး ရလဒ်မှာမူ...

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

တစ်လုံးတည်း ကျန်ရစ်သော ဖန်တီးခြင်း အလင်းလုံး ၏ ဖန်တီးခြင်း တန်ဖိုး က ဆက်လက် တည်ရှိနေသည်နှင့်အမျှ ဂိုင်ယာ မျှော်စင် များသည် ပျက်စီးခြင်း၏ အစွန်းအဖျားတွင် ယိမ်းယိုင်နေခဲ့သည်။ သူတို့၏ ခေါင်းထက်တွင် လွှမ်းမိုးနေသော ရွေ့လျားနေသည့် ကမောက်ကမ လှိုင်းတံပိုးများသည် သတိပေးချက်တစ်ခုအဖြစ် ဝဲပျံနေကြ၏။

ကံကောင်းထောက်မစွာဖြင့် တိုက်ပွဲကို ထိုမျှလောက် စောစီးစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။ ကမောက်ကမ ကျဆင်းမှု သည် ချက်ချင်း ကျရောက်လာဦးမည် မဟုတ်ချေ။

သို့သော် ထိုမြင်ကွင်းက သူတို့ ဖြစ်လာနိုင်ခြေရှိသည့် သေဆုံးပျက်စီးမှုအတွက် သတိပေးချက်တစ်ခုကို ကြေညာနေပေသည်။ ထိုအခါ သူတို့ မည်သို့များ မတုန်လှုပ်ဘဲ၊ မရူးသွပ်ဘဲ နေနိုင်ကြမည်နည်း။ အချို့က ထွက်ခွာရန် ကြိုးစားခဲ့ကြသော်လည်း ဂိုင်ယာ မျှော်စင် သည် သူတို့၏ နေအိမ်များသို့ ပြန်နိုင်ရန် အသုံးပြုရသည့် ယန္တရား တစ်ခု ဖြစ်နေခဲ့သည်။ ယခုအခါ ၎င်းတို့မှာ စစ်ပွဲ၏ သိမ်းပိုက်ခြင်းကို ခံထားရလေပြီ။

မရေမတွက်နိုင်သည့် လူများသည် မျှော်စင်၏ ပိတ်ထားသော တံခါးများကို စောင့်ကြည့်နေစဉ် ထိုတံခါးများမှာ အက်ကွဲကြောင်းများ ဖုံးလွှမ်းနေခြင်း သို့မဟုတ် ကြမ်းကြုတ်သော စွမ်းအားများဖြင့် တုန်ခါနေခြင်းတို့ကို တွေ့မြင်လိုက်ရသည်။ ထိုအခါ သူတို့၏ လည်ချောင်းများကို အကြောက်တရားက ဆုပ်ကိုင်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။

အချို့က အော်ဟစ်လိုက်ကြသည်။

အချို့က စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

အချို့ကမူ ကျိန်ဆဲလိုက်ကြ၏။

"ငါတို့... လက်နက်ချသင့်လား..."

ဤအတွေးက သူတို့အားလုံး၏ စိတ်ထဲ၌ အလျိုလျို ပေါ်လာခဲ့ကြလေသည်။ သူတို့က ဘာပဲဖြစ်နေပါစေ၊ သို့မဟုတ်... ဘယ်သူတွေပဲ ဖြစ်နေပါစေ၊ ကြီးမားလှသော စိန်ခေါ်မှုများကြားတွင် ရှုံးနိမ့်မှုအကြောင်းကို မည်သို့များ မတွေးဘဲ နေနိုင်ကြမည်နည်း။ အထူးသဖြင့် ကျော်လွှားရန် မဖြစ်နိုင်ဟု ထင်ရသော အချိန်မျိုးတွင်ပင် ဖြစ်သည်။

ဝင်ရောက်မှု ကြီးကြပ်သူများ နှင့် အခြားသော ကြီးကြပ်သူများထံသို့ မေးခွန်းများ ပေးပို့ခဲ့ကြသော်လည်း သူတို့ ရရှိခဲ့သည်မှာ ခံစားချက်ကင်းမဲ့နေသော တုံ့ပြန်မှုများသာ ဖြစ်သည်။ သူတို့ ရရှိခဲ့သော တစ်ခုတည်းသော ခိုင်မာသည့် သတင်းအချက်အလက်မှာ သူတို့ကို လှောင်ပြောင်သရော်နေသည့်အလား အထက်မှ ငုံ့ကြည့်နေသော ထိုကြောက်မက်ဖွယ်ကောင်းသည့် ဖန်တီးခြင်း တန်ဖိုး ၏ တရားဝင် ဖြစ်တည်မှုအကြောင်းသာ ဖြစ်ပေတော့သည်။

"ဟင့်အင်း... ငါတို့ တိုက်ခိုက်ရမယ်...”

***

အပိုင်း(၂၆၁၆)

"ဟင့်အင်း... ငါတို့ တိုက်ခိုက်ရမယ်..."

တက်ကြွပြင်းပြသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှုံးနိမ့်မှုကို လက်ခံလိုစိတ်များ ရှိနေသည့်နေရာတွင် လူများအား သူတို့၏ ရည်ရွယ်ချက်အတွက် စုစည်းနိုင်သူ၊ သူတို့၏ ကန့်သတ်ချက်များကို ကျော်လွန်အောင် တွန်းအားပေးနိုင်သူနှင့် လူအများစု မယုံကြည်နိုင်သည့် အရာကို ယုံကြည်လာအောင် ဖန်တီးပေးနိုင်သူများလည်း အမြဲတမ်း ရှိနေတတ်ကြသည်။ ပုံပြင်တွေထဲမှာတော့ သူတို့ကို သူရဲကောင်းတွေအဖြစ် သတ်မှတ်လေ့ရှိကြသည်။

ထို့ကြောင့် သူတို့ စုစည်းလိုက်ကြသည်။ မျှော်လင့်ချက်များနှင့် အော်ဟစ်လိုက်ကြသည်။

ထို့နောက် မျှော်လင့်ထားတဲ့အတိုင်းပင် မရေမတွက်နိုင်သည့် လူများမှာ တုံ့ပြန်လာကြသည်။

ယခုက တိုက်ပွဲငယ် အဆင့်သာ ရှိနေသေးသည်။ သူတို့ ခုခံနိုင်သေးသည်။ ကြေညာခြင်း အဆင့်နှင့် ခြားနားစွာပင် သူတို့သည် စိန်ခေါ်မှုများကနေ တစ်ဆင့် မဟာဗျူဟာကျကျ တိုက်ခိုက်ခြင်းအားဖြင့် ရန်သူများ၏ ဖန်တီးခြင်း တန်ဖိုးကို လျှော့ချပစ်နိုင်သည်။ စည်းမျဉ်း စစ်မြေပြင်တွင် ထိုတိုက်ပွဲများမှာ တူညီသည့် ပုံစံရှိသည့် ရွှင်းစု တိုက်ပွဲများပင် ဖြစ်ကြသည်။ သူတို့တွင် အားသာချက်များ ရှိသည်။ သူတို့တွင် အရေအတွက် ရှိသည်။

တိုက်ပွဲငယ် အဆင့်တွင် စည်းမျဉ်း စစ်သည်တော်များသည် လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့လိုက် စိန်ခေါ်မှုများ ထုတ်ပြန်ဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မည်။ ထိုအရာက သတ်မှတ်ထားသည့် အဆင့်အတန်း နှင့် ကိုက်ညီရမည်။ စတင်ဖို့အတွက် စည်းမျဉ်း စစ်သည်တော်များသည် ထုတ်ကုန်တစ်ခု၊ ကိရိယာတစ်ခု၊ ကျမ်းစာတစ်ခု၊ သို့မဟုတ် ဖန်တီးခြင်း ပညာရှင်၏ မူဘောင်အတွင်းတွင်ရှိသည့် မည်သည့်အရာကိုမဆို ဖန်တီးဖို့ သို့မဟုတ် တိုးတက်အောင်လုပ်ဖို့ ရွေးချယ်ရမည်။ ထို့နောက်... သူတို့၏ ရန်သူကိုလည်း ကျပန်းရွေးချယ်ထားသည့် အသက်မွေးဝမ်းကျောင်းနှင့် အတူ ညီမျှသည့် အရာတစ်ခု ပေးအပ်လိမ့်မည်။

ထိုကစားပွဲသည် စုစုပေါင်း ကိုးရက်တိုင်တိုင် သို့မဟုတ်... တိုက်ပွဲငယ်များ၏ ၅၀% ကျော် ရှုံးနိမ့်သွားသည် အထိ ဆက်သွားလိမ့်မည်။ အောင်ပွဲတစ်ခုချင်းစီသည် ရန်သူ၏ ဖန်တီးခြင်း တန်ဖိုး ကို အနုတ်လက္ခဏာ ဆောင်စေပြီး မိမိ၏ ဖန်တီးခြင်း တန်ဖိုးကိုလည်း တစ်ချိန်တည်းမှာ တိုးတက်စေလိမ့်မည်။

သူတို့ အနေဖြင့် အကန့်အသတ်မရှိ စိန်ခေါ်မှုများကို ထုတ်ပြန်လို့မရသော်လည်း ထိုကဲ့သို့ လုပ်ဖို့လည်း မလိုအပ်ပါချေ။ သူတို့ဆီတွင် အရေအတွက် ရှိသည်။ သူတို့၏ ရန်သူကရော... သူက လူတစ်ယောက်တည်းသာ ဖြစ်သည်။

ကိုးရက်နှင့် သန်းပေါင်းများစွာသော တိုက်ပွဲငယ်များကို ရင်ဆိုင်ရမှာတဲ့လား... မဖြစ်နိုင်ပါချေ။

သူတို့သည် ပုရွက်ဆိတ်အုပ် နည်းဗျူဟာကနေတစ်ဆင့် ထိုကြီးမားလှသည့် ဖန်တီးခြင်း တန်ဖိုး ကို လျှော့ချပစ်နိုင်ပြီး သူတို့၏ ဖန်တီးမှုတွင် အောင်မြင်နိုင်သည်။ ထိုကဲ့သို့ လုပ်နိုင်လျှင် ဖန်တီးခြင်း တန်ဖိုး မှာတောင် အားသာချက် ရနိုင်သေးသည်။

'သစ်ပင်ကို လှဲပစ်ကြစို့'

ထိုလူက ဘယ်သူလဲ ဆိုသည့် မေးခွန်းကတော့ လူတိုင်း၏ စိတ်ထဲတွင် ကျန်ရစ်နေမှာ သေချာပါသည်။ သို့သော်လည်း... ကိုယ့်အသက်ကိုတောင် အလောင်းအစား လုပ်ထားရသည့် အချိန်တွင် ထိုကိစ္စမျိုးကို မည်သူက ဂရုစိုက်နေမည်နည်း။

ဝေ့ဝူယင်သည် သူ၏အောက်တွင် မျက်လုံးများ ရီဝေနေသော မိန်းမပျိုလေးကို ကြည့်လိုက်သည်။ တီလီသည် သူမ၏ တတိယအကြိမ်မြောက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို သူ ခံစားလိုက်ရ၏။

ငြိမ်သက်သွားပြီးနောက် သူမ၏ မျက်လုံးများသည် မရောင့်ရဲနိုင်သော လိုအင်ဆန္ဒများဖြင့် ဆွဲဆောင်မှုရှိစွာ တောက်ပနေခဲ့သည်။

"နောက်ထပ်... တစ်ခါလောက် ထပ်လုပ်လို့ ရမလား..."

ဝေ့ဝူယင်က ပြုံးလိုက်လေသည်။

...

တစ်ခါတစ်ရံ လူတစ်ယောက်သည် အောက်ပိုင်း ကျောက်လွှာဇုံ အတွင်းရှိ အင်အားစုတိုင်း၏ စောင့်ကြည့်ခြင်းကို ခံနေရသော မူလအာရုဏ်ဦး နန်းတော် ထဲမှ ထွက်လာလေ့ရှိသည်။

သို့သော်... လာရောက်လည်ပတ်လိုသူ အားလုံးမှာ ချွင်းချက်မရှိ အငြင်းခံခဲ့ရ၏။ သူတို့သည် ဝေ့ဝူယင်က ဖန်တီးခြင်း အလင်းလုံး ထဲသို့ ဝင်ရောက်ရန် ထွက်ခွာလာချိန်များတွင်သာ သူ၏ ပြိုင်ဘက်ကင်း ရုပ်သွင်ကို တစ်ခါတစ်ရံ မြင်တွေ့ရပေသည်။

စိန်ခေါ်မှုများကို တုံ့ပြန်ရန် လိုအပ်သောကြောင့် ဤသည်မှာ မလုပ်မဖြစ်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ သို့သော် တစ်နာရီခန့် အကြာတွင် သူသည် ထွက်ခွာသွားပြီး မူလအာရုဏ်ဦး နန်းတော် သို့ ပြန်သွားလေ့ရှိ၏။ ဤသို့ဖြင့် သုံးရက်အတွင်းမှာ ဆယ့်ရှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။

သုံးရက် အကြာတွင်...

"ဟင့်အင်း..."

မျက်လုံးများ ပြူးကျယ်လျက်၊ ပါးစပ်များ ဟလျက်၊ နှလုံးသားများ လေးလံနေလျက် လူတိုင်းသည် ယခင်ကထက် ပိုမို ကြီးမားလာသော ဖန်တီးခြင်း အလင်းလုံး တစ်ခုတည်းဆီသို့ အာရုံစိုက်လိုက်ကြသည်။

[အဆင့်] တာအို

[ဖန်တီးခြင်း တန်ဖိုး] ၄၁,၉၀၉,၉၀၉

လက်များ ပွန်းပဲ့နေခဲ့သည်။ စိတ်အာရုံများ တင်းကျပ်နေခဲ့သည်။ ကျင့်ကြံခြင်း အခြေခံများ ကုန်ခန်းနေခဲ့သည်။ စိုးရိမ်ပူပန်မှုများကြောင့် ဝိညာဉ်များ တင်းမာနေခဲ့သည်။

နေ့ရက်၊ နာရီ၊ မိနစ်များ ကုန်လွန်သွားသည်နှင့်အမျှ တဖြည်းဖြည်း သဘောပေါက်လာသော အမှန်တရားကြောင့် လေထု၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။

"ငါတို့... ပထမဆုံး လျှို့ဝှက်မြေကြီး အဆင့် အဆောင် ကို ဖန်တီးနိုင်ခဲ့ပြီ... ဒါပေမဲ့..."

အရပ်ပုပုနှင့် သွေးဆုတ်နေသော မျက်နှာရှိသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးက တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ရောထွေးနေသော ဝေဝါးသည့် အခြေအနေတွင် ပြောလိုက်သည်။ သူတို့သည် တိုက်ပွဲငယ် အတွက် ရည်ရွယ်ချက်ရှိရှိ အသစ်ဖန်တီးထားသော ဖန်တီးခြင်း အလင်းလုံး ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အထက်တန်းလွှာ ကြယ်တာရာ သခင် ဆယ့်နှစ်ဦး ပါဝင်သော သူမ၏ အဖွဲ့သည် အခက်အခဲများကို ကျော်လွှားလိုသော တက်ကြွသည့် ဆန္ဒများဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အဖွဲ့လိုက် အစီအရင်ရေးဆွဲခြင်း နည်းလမ်းများမှတစ်ဆင့် သူတို့၏ အဆောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ချိန်တွင်မူ သူတို့၏ တိုက်ပွဲငယ် သည် တုံ့ပြန်ခြင်း ခံလိုက်ရလေသည်။

ဆယ့်နှစ်စက္ကန့်အတွင်းမှာပင် သူတို့ ရှုံးနိမ့်သွားခဲ့သည်။ ရန်သူ၏ ဖန်တီးခြင်း တန်ဖိုးကို ထိခိုက်စေရန် သို့မဟုတ် လျှော့ချရန် တာဝန်ပေးအပ်ထားသော သူတို့၏ ပူးပေါင်း ဖန်တီးခြင်း အလင်းလုံး သည် ဖျက်ဆီးခံလိုက်ရ၏။ သူတို့ကို ရင်ဆိုင်နေသော အဂ္ဂိရတ် ပညာရှင် သည် တရားဝင်သော အထွတ်အထိပ် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်တစ်ခုကို တင်သွင်းခဲ့ကြောင်း တုံ့ပြန်ချက် ရရှိခဲ့သည်။

ဆယ့်နှစ်စက္ကန့်...

ဆယ့်... နှစ်... စက္ကန့်...

အတွင်းမှာတဲ့လော...

သူမသည် အမှန်တရားကို လက်မခံနိုင်ခဲ့ချေ။ ဤသည်မှာ လုံးဝကို မဖြစ်နိုင်ပေ။ ဤသူသည် မည်သူပင်ဖြစ်စေကာမူ တစ်နည်းနည်းဖြင့် လိမ်လည်လှည့်စားနေသည်မှာ သေချာလှသည်။ သို့သော်လည်း အချိန်အရှိန်မြှင့်တင်ရေး ဇုံ များကို စစ်မြေပြင်များ အတွင်း တားမြစ်ထားသည်။ အခြားနေရာများရှိ လုံခြုံသော ဇုံများ တွင်သာ ကျင့်ကြံရန် သို့မဟုတ် ပြန်လည် နာလန်ထူရန်အတွက် ၎င်းတို့ကို အသုံးပြုနိုင်သည်။ သို့သော် ကြယ်တာရာ စစ်မြေပြင် တွင်မူ အချိန်အရှိန်မြှင့်တင်ထားသော ဇုံ များမှာ ရှားပါးလှပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤစစ်မြေပြင် အဆင့်ရှိသူများသည် စစ်မှန်သော နိုးထခြင်း လျှို့ဝှက် ရည်ရွယ်ချက် ကင်းမဲ့နေကြသည် မဟုတ်ပါလား။

သူမ ခံစားခဲ့ရသော ဤအတွေ့အကြုံကို အခြားသူများစွာကလည်း ခံစားခဲ့ကြရသည်။ အချို့က တစ်စက္ကန့်ပင် မပြည့်ဟု ပြန်ပြောပြကြ၏။ အချို့က မျက်တောင်တစ်ခတ်အတွင်းဟု ဖော်ပြကြသည်။ သူတို့ တိုက်ပွဲငယ်တွင် ရှုံးနိမ့်ခဲ့ရသည်မှာ မြေကြီးရှန့်ထို တစ်ပါးက ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်လိုက်သကဲ့သို့ပင် အလွန် လွယ်ကူလွန်းလှသည်။ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရသကဲ့သို့ လွယ်ကူနေခဲ့ပေသည်။ ကျော်လွှား၍မရနိုင်သော ဖန်တီးခြင်း အလင်းလုံး ၏ အလင်းရောင်သည် မျက်လုံးများထဲသို့ ဝင်ရောက်လာသောအခါ မျက်ရည်များ ဝဲတက်လာသည်ကို သူမ ခံစားလိုက်ရ၏။

သူမ၏ နောက်ထပ် စကားလုံးများမှာ အက်ကွဲနေပြီး နက်ရှိုင်းကာ တုန်ယင်နေခဲ့သည်။

"မိစ္ဆာကောင်..."

ထိုအချိန်တွင် အများက နာမည်တပ် ပြောဆိုနေသော ကျော်လွှား၍မရနိုင်သည့်၊ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် မိစ္ဆာကောင်၊ ငရဲ၊ ကောင်းကင်နှင့် မမြင်ရသော နတ်ဘုရားများရှေ့တွင် သာမန် သေမျိုး တစ်ဦးအဖြစ် ပြိုင်ဘက်ကင်း လမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့သော အာဏာရှင် အင်ပါယာ ငယ်လေးကတော့ အိပ်ရာပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေခဲ့သည်။ သူ၏ ရင်ဘတ်ပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အလှလေးတစ်ဦး အိပ်ပျော်နေ၏။ သူသည် မျက်နှာကြက်ကို စိုက်ကြည့်ရင်း အတွေးများထဲ နစ်မွန်းနေခဲ့သည်။

သူ၏ အသိစိတ်ပင်လယ် အတွင်းတွင် မားဂတ် နှင့် ဧဒင် တို့သည် ငြင်းခုံနေကြသည်။ နန်းတော်ပုံစံ စာကြည့်တိုက် နှင့် ရှေးဟောင်း သစ်ပင်ကြီး သည် ဒေါသတကြီး တုန်ခါနေကြပြီး သူ၏ အသိစိတ်ပင်လယ် အတွင်း၌ လက်ပါတော့မည့်အလား ဖြစ်နေကြ၏။

"ဘာလို့ ငါတို့က အဆောင်တွေနဲ့ ကျင့်စဉ်တွေကို သုံးလို့မရတာလဲ၊ ဟင်... ဘာလို့ အဂ္ဂိရတ်ပညာ တစ်ခုတည်းကိုပဲ အားကိုးနေရတာလဲ... ငါ မလုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား..."

မားဂတ် သည် ဒေါသထွက်နေခဲ့သည်။

"ဟွန့်... မင်းရဲ့ တွက်ချက်မှုတွေက နှေးလွန်းတယ်..."

ဧဒင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"အိုး... နှေးတယ်တဲ့... နှေးတယ်တဲ့..."

အိုရီ က ဘေးမှနေ၍ သွေးထိုးပေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... ပိုင်ရှု နဲ့ သူ့ညီမ မပါရင် မင်းရဲ့ အမြန်နှုန်းက ငါ့ကို မှီလား..."

"ပြင်ပက အကူအညီ လိုတယ်တဲ့လား... ပြင်ပက အကူအညီ လိုတယ်တဲ့လား..."

အိုရီက အံ့ဩသံဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်တယ်..."

မားဂတ်သည် သွေးထိုးပေးလိုက်သော လှိုင်းလုံးပေါ်တွင် စီးနင်းကာ ဆက်ပြောလိုက်သည်။

"ငါက အစီအရင်တွေ၊ ဝင်္ကပါတွေ၊ ကျင့်စဉ်တွေ၊ နည်းလမ်းတွေကို လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်တယ်... ငါက အဲဒါတွေကို ပိုမြန်တဲ့ အရှိန်နဲ့တောင် တိုးတက်အောင် လုပ်နိုင်သေးတယ်... ပိုအရေးကြီးတာက ငါက အဂ္ဂိရတ်ပညာ တစ်ခုတည်းမှာပဲ အကန့်အသတ် ရှိနေတာ မဟုတ်ဘူး... ငါက အဆောင် တွေကိုလည်း ဖန်တီးနိုင်တယ်... မင်းကရော... မင်းမှာ အဂ္ဂိရတ်ပညာ တစ်ခုပဲ ရှိတာလေ..."

"အကန့်အသတ် ရှိတယ်တဲ့လား... အိုး... အရမ်းကို အကန့်အသတ် ရှိတာပဲ..."

အိုရီက ဆက်ပြောရန် ပြင်လိုက်စဉ် ဆေဘာ ဟိန်းဟောက်သံ တစ်ခုက ၎င်းကို နှုတ်ပိတ်သွားစေခဲ့သည်။

"အဂ္ဂိရတ်ပညာ တစ်ခုတည်းပဲတဲ့လား..."

ဧဒင်၏ ခံစားချက်ကင်းမဲ့သော လေသံသည် ဒေါသထွက်လာခဲ့သည်။

"အဂ္ဂိရတ် တာအို မှာ အကန့်အသတ်ဆိုတာ မရှိဘူး... ဘာအကန့်အသတ်မှ မရှိဘူးကွ..."

***

All Chapters