← Chapters

အခန်း (၁၆၇၅-၁၆၇၆)

Vol. 120 Ch. 1675-1676

အခန်း (၁၆၇၅-၁၆၇၆)

Vol. 120 Ch. 1675-1676

အခန်း (၁၆၇၅) ယွီယဲ့ ပြန်သတိရလာပြီ

ယွီယဲ့၏ခန္ဓာကိုယ်က ပြင်ဆင်ထားသည့် ရတနာပစ္စည်းများအားလုံးကို စုပ်ယူသွားပြီးနောက် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်ကို အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကောင်းချင်းရွှမ်က အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပင်။

သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ယွီယဲ့၏နဖူးကို အသာထိလိုက်သည်။

အဆက်အနွယ်တူသူ၏ ဓားဝိညာဉ်သတိပေးချက် ရရှိလိုက်သည်နှင့် ယွီယဲ့၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။

ထို့နောက် နှစ်ပေါင်းများစွာ မှေးမှိတ်ထားသော မျက်ဝန်းမျာကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာသည်။

အစပိုင်းတွင် မျက်ဝန်းများထဲ၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နက်နေသော်လည်း နောက်ပိုင်း တဖြည်းဖြည်း ထက်ရှတောက်ပလာသည်။

ထိုမျက်ဝန်းများက ဓားအိမ်ထဲမှထုတ်လိုက်သည့် ဓားတစ်လက်ပမာ သတ်ဖြတ်လိုသည့်အငွေ့အသက်များပင် ယိုစိမ့်ထွက်ပေါ်လာ၏။

ယွီယဲ့သတိလစ်သွားစဉ်က ကျန်းပုရွှီးနှင့် အခြားသော ပြင်ပတာအိုကျင့်ကြံသူများ လိုက်လံဖမ်းဆီးခြင်းကိုခံရပြီး နျဲ့ကျင်းရှန်နှင့်အတူ ထွက်ပြေးနေရသည့်အချိန် ဖြစ်သည်။

ယခု သူမ သတိပြန်ရလာချိန်တွင် သူမ၏ စိတ်အာရုံနှင့် မှတ်ဉာဏ်တို့မှ ထိုအသက်လုပွဲအခိုက်အတန့်မှာပင် ရပ်တန့်နေခဲ့သည်။

ထို့ကြောင့် သေခြင်းရှင်ခြင်းကြားသို့ ရောက်ရှိနေသည့်တိုင် သူမထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာခြင်း ဖြစ်၏။

သူမရှေ့တွင် ရန်ကျောက်ကဲ၊ ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်နှင့် အခြားသူတို့ကို တွေ့မြင်လိုက်ရတော့မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျောက်ကွယ်သွားပြီး သူမ၏မျက်ဝန်းများက ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားသည်။

ယွီယဲ့က စိတ်ရှုပ်ထွေးသွားသလို ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး...

“အဘိုး၊ အဘွား၊ ဂိုဏ်းတူမောင်လေး'ရန်'၊ ဆရာဦးလေး… အားလုံး ဒီကိုရောက်နေကြတာပဲ”

ထို့နောက် သူမက သတိလက်လွတ်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး...

“ကျင်းရှန်… ကျင်းရှန် ဘယ်မှာလဲ ၊ သူ... သူ ဘယ်လိုနေလဲဟင်”

သူမ ဘေးကင်းစွာ ပြန်လည်သတိရလာသဖြင့် ရန်ကျောက်ကဲတို့အားလုံး စိတ်သက်သာရာရသွားကြပြီး ပျော်လည်းပျော်ရွှင်သွားကြသည်။

သို့သော် သူမ၏မေးခွန်းကိုကြားသည်နှင့် လူတိုင်းတိတ်ဆိတ်သွားကြတော့၏။

ယွီယဲ့ အသက်ပင်မရှူနိုင်ဘဲ ရန်ကျောက်ကဲတို့အားလုံးကို စူးစိုက်ကြည့်လိုက်သည်။

“ကျင်းရှန်ရော...”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီးမှ လုန်ရှင်းချွမ်က ညင်သာသည့်လေသံဖြင့်...

“ရှောင်ယဲ့… ကျင်းရှန်က… အသက်ရှင်လျက် ရှိနေပါသေးတယ်”

ရန်ကျောက်ကဲကတော့ တိတ်ဆိတ်စွာပင် အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။

သူ၏နောက်ကျောဘက်မှ “ကျင်းရှန် အဆင်ပြေရဲ့လား” ဟုမေးလိုက်သော ယွီယဲ့၏အသံကို ကြားလိုက်ရသည်။

သူမက ပုံမှန်အားဖြင့် ခံစားချက်ကင်းမဲ့သူတစ်ယောက်ပမာ နေထိုင်တတ်သော်လည်း လုန်ရှင်းချွမ်စကားထဲမှ အဓိပ္ပါယ်ကိုတော့ ကောင်းစွာရိပ်မိလိုက်သည်။

“အသက်ရှင်လျှက် ရှိနေပါသေးတယ်” ဆိုသောစကားက အသက်ရှင်နေခြင်းသာဖြစ်ပြီး အဆင်ပြေသည်ဟု မဆိုလိုပေ။

လုန်ရှင်းချွမ်က သက်ပြင်းချလိုက်ပြီး...

“ကျင်းရှန်က ငရဲကိုးထပ်က နတ်ဆိုးတစ်ပါး ဖြစ်သွားခဲ့ပြီ…”

ထို့နောက် သူက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်၏။

သူမ နှစ်ပေါင်းတစ်ရာနီးပါး သတိလစ်မေ့မျောနေခဲ့ကြောင်းနှင့် သူမ သတိလစ်နေချိန်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုလည်း လုန်ရှင်းချွမ်က ရှင်းပြလိုက်သည်။

လုန်ရှင်းချွမ် မည်သို့ရှင်းပြသည်ကို ရန်ကျောက်ကဲကတော့ မသိရှိတော့ပေ။

သူက ယွီယဲ့၏အခန်းထဲမှ ထွက်ခွာလာပြီး ချင်းဖိန်တောင်တန်းတစ်နေရာတွင် မတ်တတ်ရပ်ရင်း တိတ်ဆိတ်စွာဖြင့် သူ့အရှေ့မှရှုခင်းများကို ငေးမောကြည့်နေမိသည်။

ဖန်းယွင်ရှန်းသည်လည်း သူ့နောက်လိုက်လာပြီး သူ့ဘေးတွင် မတ်တတ်ရပ်လိုက်သည်။

“ဂိုဏ်းတူအစ်မ'ယွီ'နဲ့ ဂိုဏ်းတူအစ်ကို'နျဲ့' တို့ ပြန်ဆုံဖို့ နည်းလမ်းရှိနိုင်ပါဦးမလား”

ရန်ကျောက်ကဲက လက်ချောင်းများဖြင့် နားသယ်စပ်ကို ပွတ်သပ်လိုက်ရင်း...

“ငါတို့က ပြန်ဆုံဖို့ ခွင့်ပြုမယ်ဆိုရင်တောင် ငရဲကိုးထပ်ကတော့ ခွင့်ပြုနိုင်မယ်မထင်ဘူး”

ယခုဆိုလျှင် လမ်းမှန်တာအိုဝါဒက ဤလောကတွင် ခိုင်ကြည်စွာ ရပ်တည်နိုင်ခဲ့ပြီး မည်သည့်အင်အားစုနှင့်မဆို တန်းတူညီမျှ စကားပြောဆိုနိုင်ပြီ ဖြစ်သည်။

သူတို့အနေဖြင့် အနောက်ဘက်သူတော်စင်ဘုံ၊ ငရဲကိုးထပ်နှင့် အခြားသော အင်အားစုများအားလုံးကို ရင်ဘောင်တန်းနိုင်ပေပြီ။

ဟုတ်ပေ၏။

လမ်းမှန်တာအိုဝါဒ၏ လက်ရှိအခြေအနေက ငရဲကိုးထပ်ထက်ပင် ပိုမိုကောင်းမွန်ပေသေးသည်။

ငရဲကိုးထပ်က လူတိုင်း၏ ရန်သူဖြစ်သည်။

အင်အားစုများမှ ထိပ်တန်းခေါင်းဆောင်များက ငရဲကိုးထပ်မှ လိုချင်သည့်အရာများ ရှိနေသေးသောကြောင့်သာ သူတို့ကို ဆက်လက်ရှင်သန်နေစေခြင်း ဖြစ်၏။

ယခုတစ်ကြိမ် စကြာမုနိသရီရဓာတ်တော်လုပွဲတွင် နတ်မိစ္ဆာများက ငရဲကိုးထပ်အား အကူအညီတောင်းခံခဲ့သည်။

ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေ၏ အကူအညီဖြင့် အနောက်ဘက်သူတော်စင်ဘုံမှ ကြာပန်းစိမ်းရတနာအလံကို ညစ်နွမ်းစေခဲ့သည်။

နတ်မိစ္ဆာများက ငရဲကိုးထပ်၏အကူအညီကို ရယူသည်ဆိုသော်လည်း အမှန်တကယ် ပူးပေါင်းခြင်း မဟုတ်ပေ။ အပြန်အလှန် အပေးအယူလုပ်သည့် ကုန်သွယ်မှုသဘောမျိုးသာ ဖြစ်သည်။

အမှန်တော့ ရန်ကျောက်ကဲတို့ တာအိုဝါဒသည်လည်း ငရဲကိုးထပ်နှင့် ထိုသို့ အပေးအယူ ပြုလုပ်နိုင်သည်ပင်။

ဟုတ်ပေ၏။

နှစ်ဦးနှစ်ဖက် စိတ်ဝင်စားစေမည့် ကမ်းလှမ်းမှုမျိုး ဖြစ်ရန်တော့ လိုအပ်ပေသည်။

ဥပမာဆိုရလျှင် - လမ်းမှန်တာအိုဝါဒတွင် ငရဲကိုးထပ်မှနတ်ဆိုးများ အလိုချင်ဆုံးအရာမှာ “ဖန်းယွင်ရှန်း” ဖြစ်သည်။

ဖန်းယွင်ရှန်းသာ နတ်ဆိုးတာအိုသို့ ကူးပြောင်းသွားပါက ငရဲကိုးထပ်က အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေမည်။

ဟုတ်ပေ၏။

ဖန်းယွင်ရှန်း နတ်ဆိုးဖြစ်သွားမည်ကို ရန်ကျောက်ကဲက လုံးဝလိုလားမည် မဟုတ်ပေ။

ထို့ပြင် ထိုသို့ဖြစ်လာပါက သူမရရှိထားသည့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏အခွင့်အာဏာကိုပင် ထိခိုက်စေမည် ဖြစ်သည်။

ဤသို့သောအခက်အခဲများကြားတွင် အန္တရယ်နှင့် အကျိုးအမြတ်က အမြဲတမ်း ဒွန်တွဲလျှက် ရှိနေတတ်သည်။

ဤကိစ္စက ရန်ကျောက်ကဲကိုပါ သက်ရောက်မှုရှိလာနိုင်သည်။

ဖန်းယွင်ရှန်းနှင့် အခြားသူများ ငရဲကိုးထပ်သို့ စိမ့်ဝင်နိုင်မည်ဆိုပါက လမ်းမှန်တာအိုဝါဒအနေဖြင့် ငရဲကိုးထပ်၏နောက်ထပ်ခြေလှမ်းများကို သိရှိနိုင်ပေမည်။

သို့ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်ပြီး ငရဲကိုးထပ်က ရန်ကျောက်ကဲကို သတိထားနေသလို လျှို့ဝှက်စွာဖြင့်လည်း မကောင်းသည့်အစီအစဉ်များ ရေးဆွဲလျှက် ရှိ၏။

ဟုတ်ပေ၏။

လမ်းမှန်တာအိုဝါဒကသာ ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် ခိုင်မာသည့်အပေးအယူတစ်ခု ပြုလုပ်နိုင်မည်ဆိုလျှင် ရန်ကျောက်ကဲတို့အနေဖြင့် ထိုအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

သို့သော်လည်း အန္တရာယ်များ ရှိနေသည် အမှန်ပင်။

ဤသည်က နိုင်ငံရေးကစားပွဲတစ်ခုဖြစ်လေရာ ငရဲကိုးထပ်သည်လည်း စွန့်စားလိုကြမည် မဟုတ်ပေ။

“သူတို့လုပ်ရပ်တွေကို ငါတို့ဘက်က ရိပ်မိသွားမှာမျိုး ငရဲကိုးထပ်က အဖြစ်ခံနိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ ဂိုဏ်းတူအစ်ကို'နျဲ့'ရဲ့ အခြေအနေကလည်း တည်ငြိမ်မှု မရှိသေးဘူးလေ။ ဂိုဏ်းတူအစ်ကို'နျဲ့' နဲ့ ဂိုဏ်းတူအစ်မ’ယွီ’ ကို ပြန်ဆုံခွင့်ပေးလိုက်ရင် အစ်ကို’နျဲ့’ ဘက်က တစ်ခုခုထိခိုက်သွားမှာ သူတို့ စိုးရိမ်နေတာ ဖြစ်နိုင်တယ်”

ဖန်းယွင်ရှန်းက...

“ကျွန်မတို့ဘက်က သူတို့သဘောထားကို စမ်းသပ်ဖို့အတွက် အပေးအယူတစ်ခုလောက်တော့ လုပ်ကြည့်လို့ရပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“စမ်းသပ်ကြည့်လို့တော့ ရပါတယ် ၊ ဒါပေမဲ့ လောလောဆယ်တော့ စိတ်ချရအောင် ဂိုဏ်းတူအစ်မ'ယွီ'ရဲ့ အခြေအနေကို အရင်ဆုံး သွားကြည့်ကြရအောင်”

သူက သက်ပြင်းချလိုက်ပြီး...

“ဂိုဏ်းတူအစ်ကို'နျဲ့'အတွက် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဂိုဏ်းတူအစ်မ'ယွီ' ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှာကို ငါစိုးရိမ်မိတယ် ၊ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းမာမာနဲ့ စိတ်စွဲလန်းနေမယ်ဆိုရင် အဲဒီပြဿနာက သူ့ကို ဒုက္ခပေးလိမ့်မယ် ၊ အဲဒီလိုဆိုရင်တော့ သူ့ကို အစ်ကို’နျဲ့’ မှ မဟုတ်ဘူး ၊ ဘယ်နတ်ဆိုးနဲ့မှ ထိတွေ့လို့မရအောင် ငါတို့ တားဆီးရလိမ့်မယ်”

လောဘ ၊ ဒေါသ ၊ ခေါင်းမာမှုနှင့် အမုန်းတရားကဲ့သို့ မိစ္ဆာစိတ်များနှင့် အလွန်အကျွံစွဲလန်းမှုများက မိစ္ဆာစိတ်အဖြစ် ပြောင်းလဲသွားနိုင်ပြီး အဆုံးသတ်တွင် နတ်ဆိုးတာအိုသို့ ကျရောက်သွားနိုင်သည်။

ယေဘုယျအားဖြင့်ဆိုရသော် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများက စိတ်ဓာတ်ခိုင်မာပြတ်သားကြသည်။

သို့သော် တစ်ဖက်တွင်လည်း သူတို့က ပိုပြီးခေါင်းမာကာ စွဲလန်းလွယ်ကြသည်။ တစ်စုံတစ်ခုကို ယုံကြည်ပြီး စွဲမြဲစွာဆုပ်ကိုင်ထားပါက ၎င်းကို ဖျက်ဆီးပစ်ရန် ခက်ခဲပေသည်။

စွဲလမ်းမှုရှိခြင်းက မှားယွင်းသည်ဟု မဆိုလိုသော်လည်း ဖျက်ဆီးတတ်သော အတွေးများ ဖြစ်ပေါ်လာပါက အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။

ဤအခြေအနေမျိုးတွင် ဟန်ချက်ညီအောင် ထိန်းထားနိုင်ရန် အတော်လေးကြိုးစားရသည်။

“ကိုယ်တွင်းမိစ္ဆာ” ဆိုသည်က နေရာတိုင်းတွင် အစဉ်သဖြင့် တည်ရှိနေသည်။

ထို “ကိုယ်တွင်းမိစ္ဆာ” က ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ပေ။

အကောင်းဆုံးဥပမာကို ပြဆိုရလျှင် -

“စွန်းရှင်ကျေ” ၏ ကိုယ်တွင်းမိစ္ဆာမှာ သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော နားရွက်ခြောက်ဖက်ရှိသည့်မျောက်အဖြစ် ထွက်ပေါ်လာခဲ့သည်။

အဝါရောင်နတ်ဘုရားသည်လည်း ကိုယ်တွင်းမိစ္ဆာကြောင့်ပင် အဝါရောင်နဂါးနတ်ဆိုးသခင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဟုတ်ပေ၏။

အပြုသဘောဆောင်သည့် နမူနာများလည်း ရှိပါသည်။

မဟာကပ်ဘေးကြီးပြီးနောက် အမှောင်မိုက်ဆုံးကာလကို ဖြတ်သန်းခဲ့ကြရသော စန်းချင်းသုံးပါးအဆက်အနွယ်များမှာ စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများကို ရင်ဆိုင်ခဲ့ကြရသော်လည်း အသန့်စင်ဆုံးစိတ်ထားကို ထိန်းသိမ်းထားခဲ့ပြီး ကိုယ်တွင်းမိစ္ဆာကို ဖိနှိပ်နိုင်ခဲ့ကြသည်။

လမ်းမှန်တာအိုဝါဒမှာ တစ်ချိန်က တောက်ပခဲ့သော်လည်း အောက်ခြေအထိ ကျဆင်းခဲ့ရသည်။

ထိုမျှ ကြီးမားသော ပြောင်းလဲမှုမျိုးဖြင့် ရင်ဆိုင်ရသည့်အခါ မကျေနပ်ခြင်း ၊ ဒေါသထွက်ခြင်း ၊ မျှော်လင့်ချက်မဲ့ခြင်းတို့ကဲ့သို့ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ ပေါက်ဖွားလာစေသည်။

ဟုတ်ပေ၏။

ထိုအချက်များကို ခံနိုင်ရည်မရှိဘဲ နတ်ဆိုးတာအိုသို့ကျရောက်ပြီး ငရဲကိုးထပ်၏အစိတ်အပိုင်းဖြစ်သွားကြသူများလည်း အများအပြား ရှိခဲ့သည်ပင်။

ဖန်းယွင်ရှန်းက...

“ဂိုဏ်းတူအစ်မ'ယွီ'ကတော့ အဲဒီလို ဖြစ်လာမယ်လို့ မထင်ပါဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ဟုတ်ပါတယ်လေ”

“နောက်ဆုံးတော့ စကြာမုနိသရီရဓာတ်တော်က နတ်မိစ္ဆာမျိုးနွယ်တွေ လက်ထဲကို ရောက်သွားခဲ့ပြီ”

ဖန်းယွင်ရှန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“နောက်ဆိုရင် မဟာမာရူယိက နတ်မိစ္ဆာတွေဘက်က ကူညီပေးတော့မယ်ထင်တယ်”

ရန်ကျောက်ကဲ ခွေမုလန်ကို သွားရောက်ရှာဖွေစဉ်မှာပင် နောက်ဆုံးရသတင်းများကိုလည်း လက်ခံရရှိခဲ့သည်။

မဟာမာရူယိ လိုက်လံဖမ်းဆီးသည့်တိုင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က လွတ်အောင်ရှောင်တိမ်းပြီး ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်ပုန်းအောင်းနိုင်ခဲ့သည်။

နတ်မိစ္ဆာတို့နယ်မြေသို့ ရောက်ရှိသည့်အခါ မဟာမာရူယိအနေဖြင့် ဆက်မလိုက်ဘဲ ရပ်တန့်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ခုန်ရွှမ်း မည်မျှပင် မကျေနပ်ဖြစ်နေပါစေ အရှေ့ဧကရာဇ်'ထိုက်ယိ' ကိုတော့ ရင်မဆိုင်ရဲပေ။

သူ့အနေဖြင့် နတ်မိစ္ဆာမျိုးနွယ်ဘက်သို့ အတိအလင်းကူးပြောင်းလာပြီး အနောက်ဘက်သူတော်စင်ဘုံတွင် အကျိုးပြုခဲ့သည်ထက် ပိုမိုများပြားသော အကျိုးပြုမှုများကို လုပ်ဆောင်နိုင်မှသာ အရှေ့ဧကရာဇ်'ထိုက်ယိ'က ထိုစကြာမုနိသရီရဓာတ်တော်ကို သူ့အား ပေးအပ်ရန် ဆုံးဖြတ်ပေလိမ့်မည်။

သို့ဖြစ်ရာ ခုန်ရွှမ်းအနေဖြင့် နောင်လာမည့် အခွင့်အရေးကိုသာ စောင့်မျှော်နေရမည်ဖြစ်ပြီး ထိပ်တန်းကြေးစားစစ်သည်တစ်ဦးအဖြစ်သာ ဆက်လက်ရပ်တည်နေရပေလိမ့်မည်။

အခန်း (၁၆၇၆) သရီရဓာတ်တော်(၅)ခု

လက်ရှိခေတ်ကာလက အတော်‌လေး ဖရိုဖရဲဖြစ်ပြီး အင်အားစုများစွာ စစ်မက်ဖြစ်ပွားနေကြသည်။

ထို့ကြောင့် ခုန်ရွှမ်းအနေဖြင့် သူ့အား သရီရဓာတ်တော် ပေးနိုင်မည့် အင်အားစုအတွက် ထိပ်တန်းကြေးစားတစ်ယောက်အဖြစ် လုပ်ဆောင်ပေးနိုင်သည့် အခွင့်အရေး ရှိပေသည်။

တာအိုအဆင့်အောက်တွင် နံပါတ် (၁) ပုဂ္ဂိုလ်ဖြစ်သည့် မဟာမာရူယိအတွက် မည်သည့်ဂိုဏ်းအဖွဲ့အစည်းနှင့်မျှ အချုပ်အနှောင်မခံဘဲ ကြားနေအဖြစ်ရပ်တည်နိုင်မည့် အရင်းအနှီးရှိနေသည်မှာ အမှန်ပင်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့အခြေအနေက ပိုပြီး ခက်ခဲလာလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“အခု နတ်မိစ္ဆာတွေလက်ထဲမှာ စကြာမုနိသရီရဓာတ်တော် ရှိနေတယ်။ သူတို့က အဲဒီဓာတ်တော်ကိုအသုံးပြုပြီး မဟာမာရူယိကို တစ်ခုခုစေခိုင်းဖို့ကြိုးစားရင်တောင် အပေးအယူဖြစ်ဖို့ သိပ်မလွယ်ဘူး”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ကြည့်လိုက်သည်။

“ငါ့အထင် မမှားဘူးဆိုရင်... အရင်တုန်းက မဟာမာရူယိက အနောက်ဘက်သူတော်စင်ဘုံကို နှစ်ကြိမ် ကူညီပေးခဲ့ဖူးတယ် ၊ အဲဒီအတွက် အနောက်ဘက်သူတော်စင်ဘုံ သူ့ကိုပေးရမယ့်တန်ဖိုးက စကြာမုနိသရီရဓာတ်တော် (၂)ခု ဖြစ်လိမ့်မယ်”

ထို့နောက် သူက အနည်းငယ်မျက်မှောင်ကျုံ့လိုက်ပြီး...

“ဆိုတော့... မဟာမာရူယိရဲ့လက်ထဲမှာ အနည်းဆုံး ဓာတ်တော်(၂)ခု ရှိပြီးသားပေါ့”

သူက ဆက်ပြောလိုက်သည်။

“ရွှမ်တုကိုယ်တော် လောင်ကျွင်းဆီကရခဲ့တဲ့သတင်းသာ အမှန်ဆိုရင် စကြာမုနိသရီရဓာတ်တော်က စုစုပေါင်း(၅)ခု ရှိရမှာ”

ဖန်းယွင်ရှန်းက...

“အနောက်ဘက်သူတော်စင်ဘုံက သူနဲ့အပေးအယူလုပ်ဖို့ ပေးလိုက်တဲ့ ဓာတ်တော်(၂)ခုအပြင်... သူ့မှာ ပိုင်ဆိုင်ပြီးသား တခြား ဓာတ်တော်တွေ ရှိ၊ မရှိ ကျွန်မတို့ မသိရသေးဘူး”

ရန်ကျောက်ကဲက...

“အမှန်ပဲ... ဒါကြောင့် မဟာမာရူယိလက်ထဲ ရောက်သွားနိုင်ခြေရှိတဲ့ ဓာတ်တော်(၂)ခုနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေလက်ထဲက ဓာတ်တော်တစ်ခုကို ဖယ်လိုက်မယ်ဆိုရင် ဘယ်‌ရောက်နေမှန်းမသိတဲ့ ဓာတ်တော်(၂)ခု ကျန်နေသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ ဘယ်ရောက်နေမှန်းမသိတဲ့ ဓာတ်တော်(၂)ခုကလည်း မဟာမာရူယိလက်ထဲ ရောက်နေတာဆိုရင်... အခု နတ်မိစ္ဆာတွေလက်ထဲက ဓာတ်တော်က ‌နောက်ဆုံးကျန်နေတဲ့ဓာတ်တော်ပဲ”

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက အရှေ့ဧကရာဇ်'ထိုက်ယိ'နှင့် တာအိုသခင်'လုယာ' အပါအဝင် နတ်မိစ္ဆာမျိုးနွယ်ခေါင်းဆောင်များက ဤဓာတ်တော်ကို လွယ်လွယ်နှင့်လက်လွှတ်မည် မဟုတ်ပေ။

မဟာမာရူယိက တစ်ကြိမ်မျှ အကူအညီပေးရုံဖြင့် သူတို့က ဤဓာတ်တော်ကို သူ့အားပေးအပ်လိုက်မည် မဟုတ်ပေ။

အရှေ့ဧကရာဇ်'ထိုက်ယိ' ကတော့ ဓာတ်တော်အပေါ် အလွန်အမင်း တွယ်တာနေမည် မဟုတ်ပေ။

သို့သော် တာအိုသခင်'လုယာ' ကတော့ ထိုဓာတ်တော်ကို အမိအရ ဆုပ်ကိုင်ထားပြီး တောရုံအပေးအယူဖြင့် မဟာမာရူယိလက်ထဲ ထည့်‌ပေးမည် မဟုတ်ပေ။

ဟုတ်ပေ၏။

ထိုဓာတ်တော်ကို မဟာမာရူယိလက်ထဲ အလွယ်တကူထည့်ပေးလိုက်ပါက တာအိုသခင်’လုယာ’ တာအိုအဆင့်အထွတ်ထိပ်သို့ တက်လှမ်းရာတွင် မဟာမာရူယိဆိုသည့် ပြိုင်ဘက်ကြီးဖြင့် ထပ်မံရင်ဆိုင်နေရပေလိမ့်မည်။

မဟာမာရူယိ တာအိုအဆင့်သို့ မည်သည့်အချိန်တွင် တက်ရောက်မည်ကို မည်သူမှ အတတ်မပြောနိုင်ပေ။

နောင်လာမည့် ငရဲကိုးထပ်နှင့်တိုက်ပွဲတွင် တာအိုအဆင့်သို့တက်ရောက်ရန် ရည်မှန်းထားသော ကောင်းကင်နတ်ဘုရားတိုင်း ဤကိစ္စကို အလေးအနက် ထားကြပေမည်။

ငရဲကိုးထပ်တိုက်ပွဲဆိုသည်က တစ်သက်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် ကပ်ဘေးတစ်ခုဖြစ်ပြီး ကြီးမားသော အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

တာအိုအဆင့်တက်ရောက်ရန် ရည်မှန်းသူတိုင်းက ဤကိစ္စကို မလွဲဧကန် စိတ်ထဲထည့်ထားကြပေမည်။

ယှဉ်ပြိုင်သူ နည်းလေ အခွင့်အရေး ပိုများလေ ဖြစ်သည်။

တာအိုသခင်'လုယာ'၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ရွှမ်တုကိုယ်တော်တို့က မဟာမာရူယိ စကြာမုနိသရီရဓာတ်တော် (၅)ခုလုံး ရရှိသွားသည်ကို တွေ့မြင်လိုကြမည် မဟုတ်ပေ။

ရန်ကျောက်ကဲက နားထင်ကို လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်လိုက်ရင်း...

“ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်”

သူက ဆက်ပြောလိုက်သည်။

“နတ်မိစ္ဆာမျိုးနွယ်တွေလက်ထဲရောက်နေတဲ့ စကြာမုနိသရီရဓာတ်တော်က မဟာမာရူယိလိုအပ်နေတဲ့ နောက်ဆုံးဓာတ်တော် မဟုတ်ခဲ့ဘူးဆိုရင်ရော...”

ပြောပြီးသည်နှင့် သူက ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်လုံး ခေါင်းခါယမ်းလိုက်ပြီး မချိပြုံးပြုံးလိုက်မိကြလေသည်။

ထိုဓာတ်တော်က မဟာမာရူယိ လိုအပ်နေသော နောက်ဆုံးဓာတ်တော် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်း၏တန်ဖိုးက မယုံနိုင်လောက်အောင် ကြီးမားသည်။

ကံမကောင်းသည်မှာ လက်ရှိတွင် တာအိုဝါဒဘက်မှ နောက်ထပ်ဓာတ်တော်(၂)ခု မည်သည့်နေရာသို့ရောက်နေကြောင်း အတည်မပြုနိုင်ခြင်း ဖြစ်၏။

ထို့ပြင် တာအိုသခင်'လုယာ'အနေဖြင့် ဓာတ်တော်များ မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိပါသလားဆိုသည့် မေးခွန်းသည်လည်း စဉ်းစားစရာ ဖြစ်လာသည်။

မဟာမာရူယိလက်ထဲတွင် ဓာတ်တော် ဘယ်နှစ်ခုရှိနေကြောင်း သူတို့ရော သိရှိထားကြပါသလား။

ဤအချက်ကသာ နတ်မိစ္ဆာမျိုးနွယ်များအနေဖြင့် ရရှိထားသည့်ဓာတ်တော်အား မည်သို့စီမံခန့်ခွဲမည်ကို ဆုံးဖြတ်ချက်ပေးသွားပေမည်။

နောက်ဆုံးဓာတ်တော်ကို လက်ဝယ်ကိုင်ဆောင်ထားသူက အလွန်ရှုပ်ထွေးသော အခြေအနေတစ်ခုသို့ ကျရောက်သွားပေမည်။

ခုန်ရွှမ်း ကျင့်ကြံခြင်းအဆင့်တက်မည့်လမ်းကြောင်းအား တားဆီးချင်ကြသည်ဖြစ်ရာ မည်သူမှ သူ့လက်ထဲသို့ ဓာတ်တော်(၅)ခုလုံး ပေးအပ်ခငျ်ကြမည် မဟုတ်ပေ။

နောက်ဆုံးဓာတ်တော်က ခုန်ရွှမ်းအတွက် အလွန်အရေးပါလှသည်။

ထိုဓာတ်တော်ကို ပိုင်ဆိုင်ထားသူအနေဖြင့် ခုန်ရွှမ်းထံမှ အမြင့်မားဆုံး အကူအညီများကို တောင်းဆိုနိုင်သလို သူလုပ်ချင်ရာ လုပ်ပိုင်ခွင့်လည်း ရှိနေပေသည်။

ဟုတ်ပေ၏။

မိမိအား ဓာတ်တော်အားလုံး ရရှိသွားစေချင်သူ မည်သူမှရှိမနေကြောင်း ခုန်ရွှမ်းလည်း ကောင်းစွာ သိရှိထားပေမည်။

ထို့ကြောင့် နောက်ဆုံးဓာတ်တော်ကို အပေးအယူကိစ္စမျိုးဖြင့် ရယူနိုင်ရန် အလွန်ခဲယဉ်းပေမည်။

ခုန်ရွှမ်းအနေဖြင့် လုယူသင့်လျှင် လုယူရပေလိမ့်မည်။

ထို့ကြောင့် နောက်ဆုံးဓာတ်တော် လက်ဝယ်ကိုင်ဆောင်ထားသူမှာ သူ၏ပစ်မှတ်ဖြစ်လာနိုင်၏။

နောက်ဆုံးဓာတော်ကိုသာ ဖျက်ဆီးပစ်လိုက်ပါက ခုန်ရွှမ်း၏မျှော်လင့်ချက်များအားလုံး ပျက်ဆီးသွားပေမည်။

သို့သော် ဤရတနာပစ္စည်းက တန်ခိုးစွမ်းအားမြင့်မားလှသည့် စကြာမုနိဗုဒ္ဓ ချန်ထားခဲ့သည့်အရာဖြစ်လေရာ ဖျက်ဆီးမရနိုင်လောက်အောင် ခိုင်ခံ့ကာ စွမ်းအားကြီးမားပေမည်။

အကယ်၍ ဖျက်ဆီးနိုင်မည်ဆိုပါက မျှော်လင့်မထားသောရလဒ်များကို ကြုံတွေ့ရပေမည်။

ဟုတ်ပေ၏။

‌နောက်ဆုံးဓာတ်တော်ကို ဖျက်ဆီးလိုက်ပါက ထိုသူက ခုန်ရွှမ်း၏ ကမ္ဘာမကြေရန်သူ ဖြစ်သွားပေမည်။

ထို့ကြောင့် နောက်ဆုံးဓာတ်တော်မှာ အသုံးဝင်သလိုလိုနှင့် အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။

သို့ဖြစ်ရာ နတ်မိစ္ဆာမျိုးနွယ်များလက်ထဲရောက်နေသည်မှာ နောက်ဆုံးဓာတ်တော် မဟုတ်ပါက သူတို့အတွက် ပိုပြီးသက်သာရာရသည့် အခြေအနေမျိုး ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ခုန်ရွှမ်း လက်ထဲတွင် ဓာတ်တော် ဘယ်နှစ်ခုရှိနေသတည်းဆိုသည့်မေးခွန်းက အဖြေရရှိရန် ခက်ခဲလှသည်။

ဤအချက်ကြောင့်ပင် ရန်ကျောက်ကဲမှာလည်း ဤကိစ္စနှင့်ပတ်သက်ပြီး ခေါင်းကိုက်နေရခြင်း ဖြစ်၏။

မဟာမာရူယိ မည်သည့်ဘက်မှကူညီမည်ကို သိရှိရန်လိုအပ်သည်။

လမ်းမှန်တာအိုဝါဒအတွက် အစီအစဉ်များရေးဆွဲရာတွင် ထိုအချက်ကို ထည့်သွင်းစဉ်းစားရမည် မဟုတ်ပါလား။

ရန်ကျောက်ကဲက...

“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မဟာမာရူယိနဲ့ အပေးအယူလုပ်ခဲ့တဲ့ ဓာတ်တော်(၂)ခုမှာ တစ်ခုက သိုးလွိနန်းတော်က လောင်ကျွမ်းဆီက ရခဲ့တာ ၊ နောက်တစ်ခုကတော့ အလယ်ပိုင်းသုခဘုံက သူထွက်ခွာလာတဲ့အချိန်မှာ ယူလာခဲ့တာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အော်မီတော်ဖော်ဗုဒ္ဓဆီကရတာလည်း ဖြစ်နိုင်ခြေရှိတယ်”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ အာနန်ကိုယ်တော်ကလည်း အလယ်ပိုင်းသုခဘုံကနေ ဓာတ်တော်တစ်ခု ယူဆောင်လာခဲ့တယ် ၊ အခု အဲဒီဓာတ်တော်က နတ်မိစ္ဆာတွေလက်ထဲ ရောက်သွားပြီ”

ရန်ကျောက်ကဲက လက်ချိုးရေတွက်ရင်း ဆက်ပြောလိုက်ပြန်၏။

“အဖြူရောင်ကြာပန်းသုခဘုံu ဘုရားလောင်းဆီမှာ ဓာတ်တော်(၁)ခု ရှိနေမလားလို့ ငါ သံသယဝင်မိတယ် ၊ ဘာလို့လဲဆိုတော့ မီလဲ့ကိုယ်တော်က တာအိုအဓိပတိ'ကျူးထီ' တဖြစ်လဲ စကြာမုနိဗုဒ္ဓရဲ့ တရားဝင်ဆက်ခံသူ မဟုတ်လား”

ဖန်းယွင်ရှန်းက မျက်မှောင်ကျုံ့ရင်း...

“ရှင်ခန့်မှန်းတာ မှန်တယ်ဆိုရင်တောင်... ဓာတ်တော်တစ်ခုကတော့ ပျောက်နေတုန်းပဲ”

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...

“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အလယ်ပိုင်းသုခဘုံက ဓာတ်တော်တစ်ခု ယူလာတယ်ဆိုရင်... အနောက်ဘက်သူတော်စင်ဘုံက အော်မီတော်ဖော်ဗုဒ္ဓဆီမှာ နောက်ထပ်တစ်ခု ရှိနေနိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဆီမှာ ဓာတ်တော်တစ်ခုမရှိဘူးဆိုရင်... မဟာမာရူယိနဲ့ ပထမဆုံးအကြိမ် အပေးအယူလုပ်တုန်းကဓာတ်တော်က အော်မီတော်ဖော်ဗုဒ္ဓဆီက ဓာတ်တော်ဖြစ်နေမယ်ဆိုရင် နောက်ဆုံးဓာတ်တော် ဘယ်ရောက်နေလဲဆိုတာ ငါလည်း မခန့်မှန်းတတ်တော့ဘူး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်သည်။

“အစကတည်းက မဟာမာရူယိမှာ ဓာတ်တော်တစ်ခု ပိုင်ဆိုင်ထားပြီးသားဆိုရင်တော့ ပိုပြီးလွယ်ကူသွားမှာပေါ့”

ဖန်းယွင်ရှန်းက...

“အဲဒီလိုဆိုရင်တော့ သူ့လက်ထဲမှာ အနည်းဆုံး ဓာ‌တ်တော်(၃)ခု ပိုင်ဆိုင်ထားပြီးသား ဖြစ်နေမှာပေါ့ ၊ ရှင် အစက ခန့်မှန်းထားသလိုဆိုရင် ကျန်တဲ့ဓာတ်တော်နှစ်ခုမှာ တစ်ခုက နတ်မိစ္ဆာတွေလက်ထဲမှာ တစ်ခုက အဖြူရောင်ကြာပန်းသုခဘုံမှာပေါ့ ဟုတ်တယ်မလား”

ရန်ကျောက်ကဲက နဖူးကိုအသာပွတ်သပ်လိုက်ပြီး...

“လက်ထဲဓာတ်တော်ရထားတဲ့ကောင်တွေပဲ အသိဆုံးနေမှာပေါ့ကွာ”

ခဏမျှ စကားပြောပြီးနောက် သူတို့နှစ်ယောက် နောက်လှည့်ကြည့်လိုက်ရာ လုန်ရွှယ်ကျီးကို တွေ့လိုက်ရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် လုန်ရွှယ်ကျီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူက သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ခဲ့ပေပြီ။

ဓားသိုင်းကျင့်ကြံသူများမှာ ကျင့်ကြံခြင်းအဆင့်တက်နိုင်ရန်အတွက် ကြီးမားသောစိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရလေ့ရှိသည်။

ဟုတ်ပေ၏။

လုန်ရွှယ်ကျီး၏ တိုးတက်မှုနှုန်းကတော့ တစ်လောကလုံးကို တုန်လှုပ်ချောက်ချားစေလောက်အောင်ပင် မြန်ဆန်လှသည်။

ရန်ကျောက်ကဲက...

“လုန်သခင်လေး... ဂိုဏ်းတူအစ်မ'ယွီ' ဘယ်လိုနေသေးလဲ”

လုန်ရွှယ်ကျီးက ဖြည်းညှင်းစွာဖြင့်...

“သူက စိတ်ဓာတ်ခိုင်မာတဲ့ ကလေးတစ်ယောက်ပါ၊ ဒါပေမဲ့ အခုတော့ ကြည့်ရတာ သူက မျှော်လင့်ထားတာထက်ပိုပြီး တည်ငြိမ်နေသလိုပဲ”

စကားဆိုပြီးနောက် လုန်ရွှယ်ကျီး ခဏမျှ တိတ်ဆိတ်သွားသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ နှစ်ယောက်လုံး မျက်မှောင်ကျုံ့လိုက်ကြသည်။

လူတစ်ယောက် အပြင်ပန်းတည်ငြိမ်နေသည်ဆိုတိုင်း စိတ်ထဲတွင်လည်း တည်ငြိမ်နေသည်ဟု မပြောနိုင်ပေ။

All Chapters