မင်းပဲကို
Vol. 007 Ch. 302
တနူးတို့ သားအဖ ပြန်သွားပြီးနောက် ဝမ်လင်းက နောက်ထပ် မီးဖိုတစ်ဖို ထပ်မွှေးလိုက်သည်။ သူက ရုတ်တရက် အလွန် ဝမ်းနည်းမှုက ခံစားလိုက် ရသည်။ ရွှေတုံးဆယ်တုံးက သေမျိုးများ အတွက် အလွန် များပြားသော ပမာဏ ဖြစ်၏။ သို့သော် ကျင့်ကြံသူများ အတွက်တော့ သည်ဥစ္စာများက ဖုန်မှုန့်သာသာ ဖြစ်လေ၏။
သူက ဆိုင်ထဲတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူက သစ်သားအပိုင်းအစ တစ်ခုကို ယူ၍ ပန်းပုထွင်းရန် စတင် လိုက်တော့သည်။
အချိန်က နောက်ထပ်သုံးနှစ် ကုန်သွားခဲ့ ပြန်လေပြီ။ တနူးတို့ ဆိုင်ကလည်း အရွယ်အစား နှစ်ဆဖြစ်လာခဲ့၏။ သူအမေ တွေးခဲ့သည့်အတိုင်း သူတို့ စီးပွားရေးက ပိုကောင်း လာခဲ့သည်။ သို့ရာတွင် စီးပွားရေး ပိုကောင်းလာလေလေ တနူးကလည်း အားလပ်ချိန် နည်းသွားလေ ဖြစ်သည်။ သူ့က သူ့အဖေနှင့် အတူ ပန်းပဲကူထု ပေးနေကြ သောကြောင့်ပင် ဖြစ်၏။
ဆိုင်ပိတ်ပြီးမှ တနူးက ဝိုင်တစ်ဂျားဆွဲ၍ ဝမ်လင်းပန်းပု ထွင်းသည်ကို လာကြည့်ရ၏။
ပန်းပုထု ရသဖြင့် တနူး၏ ခန္ဓာကိုယ်ကလည်း ပို၍ ကြံ့ခိုင်သန်မာ လာခဲ့သည်။ အသက် (၁၇)နှစ်ခန့် လူငယ်လေးက အင်္ကျီပါးလေးဖြင့်ပင် အအေးဒဏ်ကို မခံစားရ သကဲ့သို့ ရှိနေ၏။
သို့ရာတွင် သူ့မိဘမျာ၏ အသားအရေများ ကတော့ ပို၍ တွန့်လာခဲ့လေ၏။
ဝမ်လင်း အသွင်ကတော့ လွန်ခဲ့သော ခြောက်နှင်နှင့် ဘာမျှ ခြားနားခြင်း မရှိပေ။ သူက လူငယ် တစ်ယောက်နှင့် မတူတော့သော်လည်း သက်လတ်ပိုင်း လူတစ်ယောက် ကဲ့သို့လည်း မျက်နှာပေါ်တွင် အရေး အကြောင်းများ ရှိမနေခဲ့ပေ။
လွန်ခဲ့သော သုံးနှစ်က ရှုတောက်က မကြာခဏ လာခဲ့၏။ သူက လတိုင်းလတိုင်း ရွှေ၊ ငွေများ လာပေးလေ့ ရှိသည်။ သူက ထိုသို့ လာပေးတိုင်းလည်း မင်းသားလေးက ဝမ်လင်းကို လေးစား၍ ပေးခိုင်းကြောင်း ပြောပြခဲ့လေသည်။
ဝမ်လင်းက မင်းသားနှင့် ပတ်သက်၍ မည်သို့မျှ စိတ်ဝင်စားမှု မရှိချေ။ သူက မြို့တော်သို့ လာသည့် ရည်ရွယ်ချက်မှာ သေမျိုးများ၏ ဘဝ အတွေ့အကြုံများကို တွေ့ကြုံရန် ဖြစ်ပြီး သူ့ကျင့်ကြံမှု အဆင့်ကို ချိုးဖျက်ရန်သာ ဖြစ်သည်။
သူ့ကျင့်ကြံမှု အဆင့်ဖြင့် သေမျိုးများ၏ အာဏာ ပိုင်ဆိုင်မှုကြား ပါဝင်ရန် အလွန် ပျင်းစရာကောင်း နေပေလိမ့်မည်။
သည်နှစ် ဆောင်းဦးရာသီ နောက်ဆုံးအချိန်တွင် လေများ တိုက်ခိုက်၍ မိုးမခရွက်များ ကလည်း လမ်းများပေါ်တွင် ကြွေကျ ပြန့်ကျဲလျက် ရှိလို့နေသည်။
လူတစ်ယောက်က သစ်ရွက်ကြွေများ တစ်လမ်းလုံး ပြည့်နေသည်ကို တွေ့နိုင်လေသည်။ ဝမ်လင်းက အင်္ကျီထူထူနှင့် ဦးထုပ်တစ်လုံး ဆောင်း၍ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ခုချိန်တွင် ကျောက်နိုင်ငံက တစ်ယောက်ယောက်ပင် ဝမ်လင်းကို မည်သူမှန်း သိနိုင်မည် မဟုတ်ချေ။ သည်လူက လူထောင်ပေါင်း များစွာကို သတ်ခဲ့ပြီး ကျောက်နိုင်ငံ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည့် ဝမ်လင်းဆိုတာက မှတ်မိလိမ့်မည် မဟုတ်ပေ။
သူနှင့်တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများပင် သူ့ကို မှတ်မိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အခုချိန်တွင် သူ့ပုံစံက သေမျိုး တစ်ယောက်နှင့် မခြားပေ။ သူ့ပုံစံအသွင်သာ မကဘဲ သူ့စိတ်ဝိညာဉ် ကလည်း သေမျိုးတစ်ယောက် အလား ဖြစ်နေခဲ့သည်။
သူက ခြောက်နှစ်တာလောက် သေမျိုးတစ်ယောက်လို နေထိုင်ခဲ့ပြီးနောက် သူက သေမျိုး တစ်ယောက်လုံးလုံး ဖြစ်လာခဲ့လေ၏။ အခုသူ့ပုံစံက အသက် အနည်းငယ် ကြီးသလို ထင်မှတ်ရ၏။ သူ့ ခါးက ခပ်မတ်မတ် ရှိသော်လည်း လမ်းပေါ်ရှိ အခြားသေမျိုး သက်လတ်ပိုင်း လူကြီးများနှင့် ခြားနားမှု မရှိတော့ပေ။
ဝမ်လင်း၏ မျက်လုံးများသာ သေမျိုးများနှင့် အနည်းငယ် ခြားနားလို့ နေခဲ့သည်။ သူ့မျက်လုံများက အထဲ၌ အဖြူနှင့်အနက် ရှင်းလင်းစွာ ကွဲပြားလို့နေ၏။
လွန်ခဲ့သော သုံးနှစ်က ဝမ်လင်းက တစ်ကြိမ်ပင် လေ့ကျင့်ခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အနီရောင် အော်ရာကိုလည်း ပုတီးစေ့အဖြစ် လုံးဝ သိပ်သည်း နိုင်ခဲ့ပြီး ထိုပုတီးစေ့ကို သိုလှောင်အိတ်ထဲ၌ ထည့်ထားခဲ့၏။
ဝမ်လင်းက ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် အေးစိမ့်စိမ့် ဆောင်းလေက သူ့မျက်နှာသို့ လာရောက် တိုက်ခတ်၏။ ဝမ်လင်းက သူ့အင်္ကျီကော်လံကို တင်းတင်းစေ့ လိုက်ပြီး ဆိုင်တံခါးကို ပြန်ပိတ်၍ တစ်နေရာသို့ လမ်းလျှောက်ထွက် သွားလေသည်။
ထိုအခိုက်တွင် ကြံ့ခိုင်သန်မာသော လူတစ်ယောက်က မျက်နှာချင်းဆိုင် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူက မီးသွေးတောင်း တစ်ခုကို သယ်ထားလျက် ရှိနေ၏။ သူက ဆိုင်ထဲမှ ထွက်လာချင်းချင်း တမ်လင်းကို မြင်လိုက်သည်နှင့် ပြုံး၍ ပြောလိုက်သည်။
“ဦးလေးဝမ်။ နောက်တစ်ခါ ကိုယ်ထင် ပြနေတာလား ...”
ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“တနူး ... ငါ့ကို ဝိုင်တစ်ဂျား ပေးပါဦး ...”
လူငယ်က ခေါင်းညိတ်ပြ လိုက်သည်။ သူက မီးသွေးခြင်းကို အောက်ခဏ ချလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်သွား လိုက်သည်။ သိပ်မကြာခင်မှာ သူက ဝိုင်တစ်ဂျားနှင့် ပြန်ပြေးထွက် လာခဲ့သည်။ သူ့မျက်လုံးထဲတွင် ဂရုတစိုက်မှုများ ပြည့်နေခဲ့ပြီး သူက ပြောလိုက်သည်။
“ဦးလေးဝမ် ... ဦးလေး အသက်အရွယ်နဲ့ ဆိုရင် အများကြီး မသောက်သင့် တော့ဘူးနော်။ ခန္ဓာကိုယ် နွေးရုံလောက် နည်းနည်းပါးပါးပဲ သောက်ပေါ့ ...”
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြ လိုက်သည်။ သူက တနူးပခုံးကို ပုတ်လိုက်ပြီးနောက် လှည့်၍ ထွက်လာခဲ့သည်။
တနူးက ဝမ်လင်းကို ကြည့်နေရင်း စိတ်ထဲတွင် ခါးသက်မှု တစ်ခုကို ခံစားလိုက် ရသည်။ သည်ခြောက်နှစ်တွင် သူ့ဦးလေးဝမ်က အသက်အရွယ် ရလာခဲ့သည်။ သူ မှတ်မိပါသေးသည်။ လွန်ခဲ့သော ခြောက်နှစ်က ဦးလေးဝမ်၏ မျက်လုံးများက အားမာန် တက်ကြွမှုများ ပြည့်နေခဲ့ပြီး ကြယ်များအလား တောက်ပလို့ နေခဲ့၏။
သူက ဦးလေးဝမ်သည် တစ်ခါတုန်းက ပိုက်ဆံတွေ အများကြီး ရှာပြီး သူ့အိမ်ပြန်၍ လက်ထပ်မည့် အကြောင်း ပြောခဲ့ဖူးသည် ကိုလည်း ခုထိမှတ်မိ ပါသေးသည်။ သို့ရာတွင် ခြောက်နှစ်ရှိပြီ ဖြစ်သော်လည်း တနူးက ဦးလေးဝမ်၏ ဇနီးကို လုံးဝ မမြင်ခဲ့ဖူးပေ။ ထို့ကြောင့်သူက ထိုအကြောင်းကို ထပ်မံ မမေးတော့ချေ။
တနူးက သက်ပြင်း ချလိုက်ပြီး သူ့ဆိုင်ထဲ ပြန်ဝင်လိုက်၏။ သူက အရွယ်ရောက်လာပြီ ဖြစ်သဖြင့် ပန်းပဲရုံတွင် အဓိက လူတစ်ယောက် ဖြစ်လာခဲ့လေသည်။ ဆိုင်ပိတ်သည် ဆိုလျှင်ပင် သူက လုပ်စရာများစွာ ရှိလို့နေပေ သေးသည်။ ဝမ်လင်း ပန်းပုထွင်ခြင်းကို နေ့တိုင်း သွားကြည့်သည့် သူ့အကျင့်လည်း ပျောက်ပျက် သွားခဲ့လေပြီ။
တချို့ နေ့တွေမှာတော့ သူက အချိန်တချို့ ရအောင် လုပ်၍ သည်အထီးကျန်သည့် ဦးလေးဝမ်နှင့် အတူသွားရောက် အဖော်ပြုလေသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ရှေ့ကို ဆက်၍ လမ်းလျှောက်လို့ နေသည်။ ခဏအကြာတွင် သူက လမ်းထောင့်ရှိ အရက်ဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။ သူက ဆိုင်ထဲကို ဝင်မလို လုပ်လိုက်စဉ်မှာပင် အဝတ်စုတ် တစ်ခုကို ပခုံးပေါ် တင်ထားသည့် ကောင်လေး တစ်ယောက်က သူ့ကို လှမ်း၍ ပြောလိုက်သည်။
“ဆိုင်ရှင် ဝမ်မလား ... ကြွပါကြွပါ ...”
ဝမ်လင်းက ဆိုင်ထဲသို့ ရောက်သွားပြီးနောက် သူက ဦးထုပ် ချွတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ငါ့မှာမင်းကို ဘောနပ်ပေးဖို့ ငွေမရှိဘူးနော် ...”
စားပွဲထိုးလေးက ပြုံး၍ ပြောလိုက်သည်။
“ဆိုင်ရှင်ဝမ် အတွက် အရှေ့ပြတင်းပေါက် နားက ထိုင်ခုံမှာ ကြို စီစဉ်ထားပြီး သားပါဗျ ...” ထိုသို့ ပြောပြီးနောက် သူက စားပွဲတစ်လုံးဆီ လှမ်းသွားရင် စားပွဲကို အဝတ်စုတ်ဖြင့် သန့်ရှင်းရေး လုပ်ပြီး ဝမ်လင်းကို ဦးညွှတ်၍ ထွက်သွားလေသည်။
ဝမ်လင်းက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သိပ်မကြာခင်မှာ စားပွဲထိုးလေးက ဟင်းပွဲ အနည်းငယ်နှင့် ဝိုင်တစ်ဂျား ယူလာခဲ့သည်။
သူက တစ်ခွက်သောက် လောက်ပြီးနောက် ဆိုင်ထဲရှိ လူများကို ကြည့်လိုက်သည်။ တဖြည်းဖြည်းဖြင့် သည်ဘုံဆိုင်လေး ထဲသို့ လူများ ပိုပို ရောက်လာခဲ့ ကြသည်။ မိနစ်သုံးဆယ်ခန့် ကြာတော့ ဆိုင်အနောက်မှ ဖျော်ဖြေ သီဆိုသူများ ထွက်လာကြပြီး ဧည့်သည်များ ကလည်း လက်ခုပ်လက်ဝါး တီး၍ အားပေး လိုက်ကြသည်။
သည်သီဆို ဖျော်ဖြေသူများ ထဲတွင် ကြည့်ကောင်းလှသည့် အမျိုးသမီး တစ်ယောက် ပါဝင်လေသည်။ ဆိုင်ထဲရှိ ဖောက်သည် အများစုက သူမကို ကြည့်ချင်သောကြောင့် လာရောက် ကြခြင်းပင်။
အမျိုးသမီး၏ မျက်လုံးများက အလွန် လှပလို့ နေသည်။ သူမက စတင်၍ ကပြသီဆို လေတော့သည်။
သည်အမျိုးသမီး၏ အသံက ဆွဲဆောင်မှု ရှိလှသဖြင့် ဆိုင်ထဲရှိ လူများက ဆူညံစွာ ဩဘာ ပေးကြလေသည်။ ထိုအခိုက်တွင် ခံစားမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့ကြသည်။
ဝမ်လင်းက သည်အမျိုးသမီး သီဆိုနေသည်ကို ကြည့်၍ ပြုံးနေလိုက်သည်။ သူက သူ့နေ့ရက်များကို အခုလို ကုန်ဆုံးပစ် နေသည်မှာ တစ်နှစ် ကျော်ခဲ့လေပြီ။
သိပ်မကြာခင်မှာ ခပ်ဝဝ သက်လတ်ပိုင်း လူကြီးက ဆိုင်နောက်မှ ထွက်လာခဲ့ပြီး ဝမ်လင်းစားပွဲတွင် လာထိုင်လေ၏။ သူထိုင်လိုက်သည်နှင့် စားပွဲထိုးလေးက သူ့အတွက် ဝိုင်တစ်ခွက် အလျင်အမြန် လာငှဲ့ပေးလေသည်။
သက်လတ်ပိုင်း လူကြီးက တစ်ခွက်မော့ လိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။
“ဆိုင်ရှင်ဝမ် ... ဒါ ...”
ဝမ်လင်းက ဝိုင်ဂျားကို ကောက်၍ တစ်ငုံသောက်၍ ပြောလိုက်သည်။
“ဆိုင်ရှင် လီ။ ငါဒီနေ့လာတာ အကြွေး မတောင်းပါဘူး။ စိတ်အေးအေး နေပါ ...”
သက်လတ်ပိုင်း လူကြီးက ပြုံး၍ ပြောလိုက်သည်။ စီးပွားရေးတွေ ကလည်း ကြာလေ မကောင်းလေဘဲ။
“ဒီနေ့ ဖောက်သည်တွေ ကလည်း အများကြီး မလာဘူး။ ငါ့ပိုက်ဆံတွေ အများကြီးကိုလည်း ဒီအဖွဲ့ကို၍ ငှားရမ်းဖို့ သုံးခဲ့ရတယ်။ စီးပွားရေး လုပ်ရတာ မလွယ်ပါဘူးလေ ...”
ဝမ်လင်းက ပြုံးလိုက်သည်။ သူက စကားပြန်ပြောခြင်း မပြုဘဲ သီဆို ဖျော်ဖြေမှုကိုသာ ကြည့်နေလိုက်၏။ သည်လူကြီး၏ နာမည်က လီဖြစ်၏။ သူက လွန်ခဲ့သော နှစ်နှစ်က ဝမ်လင်းထံလာပြီး ရွှေတုံးနှစ်ဆယ် လာချေးပြီး သည်ဆိုင်ကို အပေါင်ထား ထားခဲ့လေသည်။ သည်နေ့ထိ သူက ဝမ်လင်းကို အကြွေး ပြန်မဆပ်ရသေးပေ။ ထို့ကြောင့် အခုချိန်တွင် သည်ဆိုင်က ဝမ်လင်း ပိုင်ဆိုင်သည်ဟု ပြော၍ ရပေသည်။
လွန်ခဲ့သောနှစ်က သူက ဝမ်လင်းကို နေ့တိုင်းတွေ့ နေခဲ့ရ၏။ သည်အရာက သူ့ကို စိတ်ရှုပ်ထွေး စေလေသည်။ ထို့ကြောင့်သူက ဝမ်လင်း၏ ရည်ရွယ်ချက်ကို မကြာမကြာ လာစစ်ဆေးလေ့ ရှိ၏။
လှပသော သည်ဖျော်ဖြေသူ အမျိုးသမီးက ဧည့်သည့်မျာကို တစ်ချက်ဝှေ့ကြည့် လိုက်ရာ အားလုံးက လက်ခုပ်ဩဘာ ပေးလိုက်ကြသည်။ ထိုအခိုက်တွင် ဆိုင်အပြင်ဘက်မှ ကတ်သီးကတ်သတ် နိုင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ဟေး ... ဒီကောင်မလေး ဆိုတာ ကောင်းသားပဲ။ သူမက ငါ့ကို မြို့မြောက်ဘက် ကနေ ဒီထိ ရောက်လာအောင် ဖြားယောင်း နိုင်ခဲ့တယ် ...”
ထိုသို့ ပြောပြီးနောက် အဘိုးအို တစ်ယောက်က ဆိုင်ထဲသို့ ဝင်လာ ခဲ့တော့သည်။ သည်အဘိုးအို၏ ဆံပင်များက ရှုပ်ပွလို့နေပြီး သူ့မျက်နှာကလည်း အနာတရများ ပြည့်လို့နေပြီး ရင်ဘက်ပေါ်တွင်လည်း ခြေရာကြီး တစ်ခု ရှိလို့နေ၏။
သူဝင်လာသည်နှင့် သူက အော်ဟစ်လို့ နေသည်။
“စားပွဲထိုးလေးက မျက်မှောင်ကြုတ် သွားပြီး ပြောလိုက်၏။ ဘယ်က သူတောင်းစား ရောက်လာတာလဲ။ ဒီနေ့ မင်းက စွန့်ကြဲစရာ မရှိဘူး ...” ထိုသို့ ပြောပြီးနောက် သူက အဘိုးအိုကို တွန်းထုတ်လိုက်သည်။
ထိုအခါ အဘိုးအိုက စားပွဲထိုးကို ကြည့်၍ ပြောလိုက်သည်။
“မင်း ငါ့ကို ထိရဲရင် ထိကြည့်စမ်း ... ။ မင်းငါ့ကို ထိတာနဲ့ငါ ဒီနေရာမှာ လှဲချပြီး ဒီနေ့တစ်နေ့လုံး မထတော့ဘူးနော်။ ငါ ဒီကိုလာတာ သီချင်းဆိုတာ နားထောင်ဖို့ပဲ ...”
ဝမ်လင်းက ထိုအဘိုးအိုကို မြင်လိုက်သည့်အခါ မတောက်ပတာ ကြာပြီဖြစ်သည့် သူ့မျက်လုံးများက ဖျတ်ခနဲ တောက်ပလာသည်။ သူအဘိုးအိုက အခြားလူ မဟုတ်ပေ။ လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်ခန့်က သူ့ထံမှ နေ့လယ်စာ လိမ်စားခဲ့သော သူပင် ဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်က ဝမ်လင်းနားမှ ထလာပြီး သူ့အိတ်ကပ်ထဲမှ ကြေးပြား တစ်ပြားကို ထုတ်၍ အဘိုးအိုကို ပစ်ပေးလိုက်သည်။
“ပိုက်ဆံ ပေးပြီးပြီ။ အခု ထွက်သွားတော့။ ဒီမှာ ခံစားချက် ကောင်းတွေကိုလာ မဖျက်ဆီးစမ်းနဲ့ ...”
အဘိုးအိုက ကြေးပြားကို ကောက်လိုက်ပြီး သူကပြုံး၍ စားပွဲထိုးလေးကို လှမ်းပြောလိုက်သည်။
“ကြည့်စမ်း ... မင်းရဲ့ဆိုင်ရှင် အပြုအမူကို အတုခိုးစမ်းပါ။ ဟား..ဟား ...” ထိုသို့ ပြောပြီးနောက် သူက စားပွဲထိုးလေးကို ကြေးပြား ပစ်ပေးလိုက်၍ ပြောလိုက်သည်။
“လက်ဖက်ရည် တစ်အိုး ...”
ထို့နောက် သူ့မျက်လုံးများက ဆိုင်ထဲကို ဝှေ့ကြည့်လိုက်သည်။ သူက ဝမ်လင်းထံသို့ အကြည့်ရောက်သွားပြီး လျှောက်လာလိုက်သည်။ သူက ဝမ်လင်းကို မှတ်မိခြင်း မရှိပေ။ သို့သော် သည်ဆိုင်ထဲတွင် ဝမ်လင်း ဘေးနားတွင်သာ ထိုင်ခုံအလွတ် ရှိတော့၏။
သက်လတ်ပိုင်း လူကြီး၏မျက်နှာက ရှုံ့တွလို့ သွားသည်။ သူက သူ့လက်က မြှောက်၍ အဘိုးအိုကို ဆိုင်အပြင်ဘက်သို့ ကိုင်ပေါက်ပစ်ရန် ပြင်လိုက်သည်။ သို့သော် ဝမ်လင်းက လက်မြှောက်၍ ပြောလိုက်၏။
“ထားလိုက်ပါ ...”
သက်လတ်ပိုင်း လူကြီးက ချက်ချင်း လက်ပြန်ချ လိုက်သည်။ သူက စကားလုံး တချို့ကို ခပ်တိုးတိုး သူ့ဘာသာသူ ရွတ်၍ ဆိုင်ထဲရှိ သူ့အခန်းသို့ ပြန်လှည့်ထွက် သွားတော့သည်။
အဘိုးအိုက နောက်တောက်တောက် ပြုံးလိုက်၏။ ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ ပြေလိုက်သည်။
“မင်း ...” သူက စကားပြောမလို လုပ်ပြီးမှ ဝမ်လင်းက သေသေချာချာ စူးစိုက်ကြည့် လိုက်သည်။ သူက ဝမ်လင်းက ကြည့်၍ သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အသွင် ဖြစ်ပေါ်သွားသည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။
“မင်းပဲကို ...”
***