← Chapters

အခန်း (၄၉၉-၅၀၀)

Vol. 25 Ch. 499-500

အခန်း (၄၉၉-၅၀၀)

Vol. 25 Ch. 499-500

အခန်း (၄၉၉) ရှေးဟောင်း နတ်မိမယ် နန်းတော် (၂၀)

ထိုနေရာ၌ လတ်ဆတ်သော သွေးစက် သွေးပေါက် သို့မဟုတ် အသားစ စုတ်ပြတ်သတ်မှု ဟူ၍ မရှိချေ။ အေးခဲနေသော ရေခဲလွှာများ ဖုံးလွှမ်းနေသည့် ကျောက်ခဲအကျိုးအပဲ့များသာ ကျန်ရစ်တော့သည်။

နဂါးအား တိုက်ခိုက်ရန် ပြင်ဆင်နေကြသော အခြားသော သိုင်းပညာရှင်များသည် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားကြပြီး သုံးစက္ကန့်မျှ ကြာမြင့်မှသာ သတိပြန်ဝင်လာကြချေသည်။

ငါတို့တွေ ဒီလောက်အကြာကြီး အသည်းအသန် တိုက်ခိုက်နေတာကို မင်းက အခုမှ ရောက်လာပြီး ချက်ချင်းကြီး ရှင်းပစ်လိုက်တာလား။

"ရှန်ကျင်းထံမှ ချီးမွမ်းမှု ရရှိသည် + ၁၀၀။"

" မာပေါက်ကော်ထံမှ တုန်လှုပ်မှု ရရှိသည် + ၆၆။"

"ကျောက်စီဝူထံမှ တုန်လှုပ်မှု ရရှိသည် + ၉၉။"

ဤတိုက်ကွက်တစ်ခုဖြင့် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး တစ်ထောင်ကျော် ရရှိခဲ့သော်လည်း ယခုအချိန်တွင် ဤမျှလောက်သော ယုံကြည်မှုတန်ဖိုး အနည်းငယ်သည် သူ၏စိတ်ကို လှုပ်ခတ်နိုင်ခြင်း မရှိတော့ပေ။

နဂါးကြီး ပျက်စီးသွားပြီးနောက် နောက်ဘက်တံခါးကြီးရှိ ကာကွယ်ရေးအလင်းတန်းသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားချေသည်။

သိုင်းပညာရှင်များသည် ဝမ်းသာအားရ ကြွေးကြော်ကာ ရှေ့သို့ တိုးဝှေ့ တိုက်ခိုက်ရင်း တံခါးကြီးကို တွန်းဖွင့်လိုက်ကြသည်။

ဤနေရာ၌ လူဦးရေ နည်းပါးလှသဖြင့် တံခါးပွင့်သွားသောအခါ လူတိုင်းသည် အခန်းတွင်းသို့ လုယက် တိုးဝှေ့ ဝင်ရောက်ကြချေသည်။

ချင်ယွမ်ဖုန်းနှင့် မာထျန်းတို့သည်လည်း အလျင်အမြန်ပင် အတွင်းသို့ ပြေးဝင်ခဲ့ကြသည်။

အခြားသော အရပ်မျက်နှာ သုံးခုမှ သိုင်းပညာရှင်များသည်လည်း နောက်ဘက်တံခါး ပွင့်သွားကြောင်း သိရှိသွားကြသဖြင့် ရှေ့ဘက်တံခါးများကို ချက်ချင်း စွန့်ခွာကာ နောက်ဘက်တံခါးဆီသို့ ဒီရေအလား တိုးဝှေ့ ရောက်ရှိလာကြ၏။

ချင်ယွမ်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာသည် အမှန်စင်စစ် ဆေးဖော်စပ်ခြင်း နယ်မြေတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

လူတစ်ရပ်စာမျှ မြင့်မားသော စကျင်ကျောက် ဆေးမီးဖိုကြီးတစ်ခုသည် အလယ်ဗဟိုတွင် ရှိနေသော်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေချေပြီ။

ဆေးမီးဖို၏ ဘေးဘက်ရှိ စင်ပေါ်တွင် ကျောက်စိမ်းပုလင်း အစီအရီကို စနစ်တကျ တင်ဆောင်ထားရာ ယင်းသည် ဆေးလုံးများ ထည့်သွင်းရန် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သိုင်းပညာရှင်များသည် ယင်းတို့ကို လုယက်ရန် ရှေ့သို့ ပြေးဝင်ကြသော်လည်း ကျောက်စိမ်းပုလင်း အများအပြားသည် မပျက်မစီး ရှိနေလင့်ကစား အတွင်းရှိ ဆေးလုံးများသည် ကြာမြင့်လှသော အချိန်ကာလကြောင့် ပြာအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ထိုသို့ ဖြစ်သော်လည်း သိုင်းပညာရှင် အများအပြားသည် မပျက်စီးဘဲ အကောင်းပကတိ ရှိနေသေးသည့် ဆေးလုံးများ ပါဝင်သော ကျောက်စိမ်းပုလင်းများကို ဆွဲလုနိုင်ခဲ့ကြချေသည်။

ဤဆေးလုံးများသည် ရှေးဟောင်းကာလကတည်းက ထိန်းသိမ်းထားခဲ့သော ဆေးလုံးများ ဖြစ်သဖြင့် သမိုင်းကွယ်ပျောက်နေသည့် ဆေးလုံးများ ဖြစ်တန်ရာသည်။

၎င်းတို့၏ အဆင့်အတန်း မမြင့်မားလှလျှင်ပင် တန်ဖိုးကမူ အတိုင်းအဆမရှိ ကြီးမားလှပေသည်။

ဆေးဖော်စပ်ခြင်း ပညာရပ်၌ နက်ရှိုင်းသော အဆင့်ရှိသူများ အတွက်မူ ဤဆေးလုံးကို ကြည့်ရုံမျှဖြင့် ဆေးဖော်စပ်နည်းကိုပင် ပြန်လည် ဖော်ထုတ်နိုင်ကြပေလိမ့်မည်။

ဆေးလုံးများ တင်ထားသည့် စင်၏ ဘေးတွင် ဆေးဖော်စပ်နည်းများဖြင့် ပြည့်နှက်နေသော စာအုပ်စင်တစ်ခု ရှိနေပြန်ရာ ဤဆေးဖော်စပ်နည်းများ၏ တန်ဖိုးသည် ဆေးလုံးများထက် များစွာ သာလွန်ပေသည်။

သို့သော် ချင်ယွမ်ဖုန်းသည် ယင်းတို့ကို စိတ်ဝင်စားခြင်း မရှိချေ။ အကြောင်းမူကား သူ၏ စိတ်ဝိညာဉ်ထဲတွင် ဆေးဖော်စပ်နည်း အစုံအလင် အကျဉ်းချုပ်ကျမ်း ရှိနေပြီး မည်သည့် ဆေးလုံးမျိုးမဆို ဆေးဖော်စပ်နည်းများကို သူ အလိုအလျောက် သိရှိနေသောကြောင့် ဖြစ်သည်။

ထိုစဉ် အဝေးဆုံးထောင့်ရှိ စင်တစ်ခုက ချင်ယွမ်ဖုန်း၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။ ထိုစင်ပေါ်တွင် ဝိညာဉ်ဆေးပင်များကို အစီအရီ တင်ထားခြင်း ဖြစ်၏။

ယင်းတို့သည် ဆေးဖော်စပ်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်တန်ရာသည်။

ချင်ယွမ်ဖုန်းသည် အလျင်အမြန် ပြေးသွားပြီး စင်ပေါ်ရှိ အဆင့်အမြင့်ဆုံးဟု ထင်ရသော ဝိညာဉ်ဆေးပင်တစ်ပင်ကို စိုက်ကြည့်လိုက်စဉ် သူ၏ အမြင်အာရုံသည် ရုတ်တရက် ဝေဝါးသွားကာ အလင်းမဲ့ ညဉ့်သဲရောင် အလင်းတန်းတစ်ခု ချက်ချင်း ရိုက်ခတ်လာချေသည်။

သူသည် ဗီဇစိတ်ဖြင့် လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ရာ လူတစ်ယောက်သည် ထိုအလင်းတန်းနှင့်အတူ ချင်ယွမ်ဖုန်း၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ထိုအလင်းမဲ့ ညဉ့်သဲရောင် အလင်းတန်းသည် ငါးလက်မခန့် ရှည်လျားသော အမည်းရောင် တုတ်ရှည်ကြီး ဖြစ်ပြီး တစ်ဖက်တွင် ထက်မြက်သော အသွားရှိကာ အခြားတစ်ဖက်တွင် တူတစ်လုံးကဲ့သို့ လေးလံသော အရိုးအဆစ်တစ်ခု ပါရှိသည်။

ထိုလူသည် သွေးဆာနေသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အလွန် ညှိုးငယ် ပုတ်ခတ်သော ရုပ်ရည်ရှိကာ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦး ဖြစ်ပုံရသည်။

ထိုတစ်ကိုယ်တော်ကျင့်ကြံသူသည် ချင်ယွမ်ဖုန်းအား ရန်စလိုသော မျက်ဝန်းများဖြင့် မဲ့ပြုံးပြုံးပြရင်း ချင်ယွမ်ဖုန်း စိုက်ကြည့်နေခဲ့သော ဝိညာဉ်ဆေးပင်ကို လှမ်း၍ ဖမ်းဆွဲလိုက်ချေသည်။

ဤနေရာရှိ ဝိညာဉ်ဆေးပင်များသည် အခုလေးတင် ခူးဆွတ်ထားသကဲ့သို့ လတ်ဆတ်နေပုံရသော်လည်း ထိုတစ်ကိုယ်တော်ကျင့်ကြံသူ၏ လက်နှင့် ထိမိရုံမျှဖြင့် ချက်ချင်းပင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချင်ယွမ်ဖုန်းသည် ဆွံ့အသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဤနေရာရှိ ဝိညာဉ်ဆေးပင်များသည် အသွင်အပြင် မပြောင်းလဲဘဲ ရှိနေသော်လည်း ရေတွက်၍မရနိုင်သော နှစ်ကာလများ ကုန်လွန်ခဲ့ပြီ ဖြစ်ရာ ပြင်ပရှိ အစီအရင်ထဲမှ မီးလင်းဖိုကဲ့သို့ပင် ဆွေးမြည့်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ထိတွေ့လိုက်သည်နှင့် ပြာအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။

ထိုတစ်ကိုယ်တော်ကျင့်ကြံသူသည် မယုံကြည်နိုင်ဖြစ်ကာ အခြားသော ဝိညာဉ်ဆေးပင်များကို ဆက်လက် ဖမ်းဆွဲကြည့်သော်လည်း ရလဒ်ကား အတူတူပင် ဖြစ်သည်။ အားလုံး ပြာအဖြစ် ပျက်စီးသွားကြချေသည်။

"တွေ့လား။ မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲဆိုတာ မင်း သိမှာမဟုတ်ဘူး။"

ချင်ယွမ်ဖုန်းသည် ယင်းကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် သူ၏ အကြည့်သည် စင်၏ အောက်ခြေရှိ မြေကမ္ဘာနက်ရှိုင်းသော မြေစိုင်ခဲတစ်ခုပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။

သူသည် သိချင်စိတ်ဖြင့် အလျင်အမြန် လက်လှမ်းကာ ယင်းကို ကောက်ယူလိုက်သည်။

မထင်မှတ်ဘဲ ထိုမြေစိုင်ခဲသည် ပြာအဖြစ် ပြောင်းလဲမသွားချေ။

မြေစိုင်ခဲနှင့် တူသော်လည်း လက်ထဲတွင်မူ အံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးနေပြီး သစ်သားတုံးတစ်ခု၏ အလေးချိန်ကဲ့သို့ ရှိနေသည်။

ချင်ယွမ်ဖုန်းသည် လက်ထဲမှ မြေစိုင်ခဲကို မြှောက်ပြကာ ထိုတစ်ကိုယ်တော်ကျင့်ကြံသူကို ပြုံးပြလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဖြည်းညှင်းစွာ ထည့်သွင်းလိုက်ချေသည်။

ထိုတစ်ကိုယ်တော်ကျင့်ကြံသူ၏ မျက်ဝန်းများသည် ဒေါသကြောင့် မီးတောက်မတတ် ဖြစ်သွားသည်။ ချင်ယွမ်ဖုန်း၏ ရန်စမှုကို ခံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ချင်ယွမ်ဖုန်းသည် ထိုတစ်ကိုယ်တော်ကျင့်ကြံသူကို လျစ်လျူရှုကာ ရှုပ်ထွေးဆူညံနေသော ပထမထပ်ကို ကြည့်လိုက်သည်။

သိုင်းပညာရှင် အများအပြားသည် နောက်ဘက်တံခါးသို့ ရောက်ရှိလာပြီး အတွင်းသို့ တိုးဝှေ့ ဝင်ရောက်လာကြရာ အချို့မှာမူ တိုက်ခိုက်မှုများပင် စတင်နေပြီ ဖြစ်သည်။

အလယ်ရှိ ဧရာမ စကျင်ကျောက် ဆေးမီးဖိုကြီးကိုပင် တစ်စုံတစ်ယောက်က သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် လှေကားကို တိုက်ရိုက် ရှာဖွေကာ ကောင်းကင်ဘုံမျှော်စင်၏ ဒုတိယထပ်သို့ တက်လှမ်းခဲ့သည်။

သူသည် ပထမဆုံး ဝင်ရောက်လာသူ ဖြစ်သဖြင့် ဤနေရာရှိ အရာအားလုံးသည် မည်သူမျှ ထိတွေ့ခြင်း မရှိသေးဘဲ အကောင်းပကတိ ရှိနေသေးသည်။

ဒုတိယထပ်သည် ရတနာလက်နက်များကို သိုလှောင်ထားသည့် နေရာ ဖြစ်ပုံရသည်။ ရတနာလက်နက်များကို စင်ပေါ်တွင် သပ်ရပ်စွာ စီစဉ်ထားပြီး အားလုံးသည် စတုတ္ထအဆင့်နှင့် ယင်းအထက်တွင် ရှိကြသဖြင့် အဆင့်မနိမ့်လှချေ။

ရေတွက်၍မရနိုင်သော နှစ်ကာလများ ကုန်လွန်ခဲ့သော်လည်း ယခုတိုင် ပြီးပြည့်စုံစွာ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်း၏ နောက်ကွယ်မှ လူအချို့သည် ချက်ချင်း ပြေးတက်လာကြပြီး အခြားအရာများကို ကြည့်ပင်မကြည့်ဘဲ ထိုရတနာလက်နက်များဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြချေသည်။

"ရှောင်လင်။ ဒီထဲမှာ ပိုပြီး အစွမ်းထက်တဲ့ ရတနာလက်နက်တွေ ရှိလားဆိုတာ မြန်မြန် ကြည့်ပေးဦး။" ချင်ယွမ်ဖုန်းက စိတ်ထဲမှ အလျင်အမြန် လှမ်းခေါ်လိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပေါ်လာပြီး ရတနာလက်နက် အားလုံးကို အလျင်အမြန် စကင်ဖတ်စစ်ဆေးကာ ရှေ့သို့ ညွှန်ပြလိုက်သည်။

"ဟောဒီ စင်ပေါ်က အရာအားလုံးဟာ ဆဋ္ဌမအဆင့်နဲ့ ယင်းအထက် ရတနာလက်နက်တွေပဲ ဖြစ်ပါတယ်။"

ချင်ယွမ်ဖုန်းသည် အလျင်အမြန် ပြေးသွားပြီး လက်ကို ရှေ့သို့ တိုက်ရိုက် ဆန့်ထုတ်လိုက်ချေသည်။

ဆဋ္ဌမအဆင့် ရတနာလက်နက်များသည် ပြင်ပလောကတွင် ရှားပါးလှပြီး ဤကောင်းကင်ဘုံမျှော်စင်၏ ဒုတိယထပ်တွင်ပင် ခြောက်ခုသာ ရှိချေသည်။

သူ ထိတွေ့နိုင်သရွေ့ ဤရတနာလက်နက်များကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သွင်းနိုင်မည် ဖြစ်သော်လည်း ထိုစဉ် လူနှစ်ယောက်သည် ချင်ယွမ်ဖုန်း၏ ဘေးတစ်ဖက်တစ်ချက်စီမှ ရုတ်တရက် ပြေးဝင်လာကြသည်။

ချင်ယွမ်ဖုန်းသည် ရတနာလက်နက် အားလုံးကို သိမ်းဆည်းရန် အချိန်မရနိုင်တော့ကြောင်း သိသဖြင့် ဗီဇစိတ်ဖြင့် အလယ်ဗဟိုတည့်တည့်ရှိ ရတနာလက်နက် နှစ်ခုဆီသို့ တဟုန်ထိုး လှမ်းယူလိုက်ချေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် အလယ်ရှိ ရတနာလက်နက် နှစ်ခုကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏ ဘေးမှ လူနှစ်ယောက်သည်လည်း ဆဋ္ဌမအဆင့် ရတနာလက်နက် နှစ်ခုစီကို အသီးသီး ယူဆောင်သွားကြသည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် မိမိဘေးရှိ လူနှစ်ယောက်ကို ကြည့်ရန် အချိန်ရတော့သည်။ တစ်ယောက်မှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး နုနယ်သော ရုပ်ရည်ရှိကာ ယဉ်ကျေးသိမ်မွေ့ပုံ ရသည်။

အခြားတစ်ယောက်မှာမူ အောက်ထပ်တွင် ချင်ယွမ်ဖုန်းအား ရန်စခဲ့သော ထိုတစ်ကိုယ်တော်ကျင့်ကြံသူပင် ဖြစ်ချေသည်။

"ဟွန့်။" ထိုတစ်ကိုယ်တော်ကျင့်ကြံသူသည် ချင်ယွမ်ဖုန်းကို တစ်ချက် စောင်းငဲ့ကြည့်ကာ ကောင်းကင်ဘုံမျှော်စင်၏ တတိယထပ်သို့ ချက်ချင်း ပြေးတက်သွားတော့သည်။

ကျန်ရစ်ခဲ့သော ဝတ်ရုံဖြူနှင့် လူသည် ချင်ယွမ်ဖုန်းအား လက်အုပ်ချီ နှုတ်ဆက်ရင်း "ချင်ညီလေး။ ငါက ချင်းလိုင်မျှော်စင်ရဲ့ တပည့် ထန်ရှင်းရွှယ် ဖြစ်ပါတယ်။ ချန်ဖန်းရဲ့ စီနီယာအကိုလည်း ဟုတ်ပါတယ်။ ဂျူနီယာညီလေး ချန်ဖန်းက မင်းအကြောင်းကို အမြဲတမ်း ပြောလေ့ရှိတယ်။" ဟု ဆိုလာ၏။

ချင်ယွမ်ဖုန်းသည်လည်း အလျင်အမြန်ပင် လက်အုပ်ချီ ပြန်လည် နှုတ်ဆက်လိုက်ပြီး "ဪ။ စီနီယာအကို ထန် ကိုး။" ဟု ပြောလိုက်သည်။

၎င်းတို့နှစ်ဦးသည် အနည်းငယ် ပြုံးပြလိုက်ကြပြီးနောက် တတိယထပ်သို့ အတူတကွ ပြေးတက်ခဲ့ကြချေသည်။

ဤအချိန်တွင် လူအများအပြားသည် ဒုတိယထပ်သို့ ဒီရေအလား တိုးဝှေ့ ဝင်ရောက်လာကြပြီး ထိုရတနာလက်နက်များကို လုယက်

ရန် စတင်နေကြပြီ ဖြစ်သည်။

ဂိုဏ်းတစ်ခုအတွင်း၌ပင် စတုတ္ထအဆင့် ရတနာလက်နက်များသည် အလွန် ရှားပါးလှရာ စတုတ္ထအဆင့်နှင့် ယင်းအထက် ရတနာလက်နက်များ ဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ချေ။

မာထျန်းသည်လည်း ပြေးတက်လာခဲ့သော်လည်း ချင်ယွမ်ဖုန်း၏ ကျောပြင်သည် တတိယထပ်သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း တွေ့ရသဖြင့် သူသည် မည်သည့်အရာကိုမျှ မလုယက်တော့ဘဲ တတိယထပ်သို့ တိုက်ရိုက် လိုက်ပါသွားခဲ့ချေတော့သည်။

အခန်း(၅၀၀)- ရှေးဟောင်း နတ်မိမယ် နန်းတော် (၂၁)

မာထျန်း၏ နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာသူမှာ ရှန်ကျင်း ဖြစ်ချေသည်။ ယင်းမိန်းကလေးသည် မူလက ဤအထပ်ရှိ ရတနာလက်နက်များကို လုယူရန် ရည်ရွယ်ထားသော်လည်း မာထျန်း တစ်ဟုန်ထိုး တက်လှမ်းသွားသည်ကို မြင်တွေ့ရသောအခါ အစီအစဉ်ကို လက်လျှော့လိုက်ပြီး တတိယအထပ်သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

“သခင်... အရှေ့ဆုံးကို သွားဦး၊ ဟိုဘက်က တိုက်ခိုက်ရေးပညာရပ်တွေက ကမ္ဘာမြေအဆင့်နဲ့ အထက်တွေချည်းပဲ” တတိယအထပ်သို့ လှမ်းမျှော်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရှောင်လင်၏ အသံသည် ချင်ယွမ်ဖုန်း၏ စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌ စူးစူးဝါးဝါး မြည်ဟီးလာခဲ့သည်။

ဒုတိယအထပ်၌ အခွင့်အရေး တစ်ကြိမ် လက်လွတ်ခဲ့ရသဖြင့် ရှောင်လင်မှာ သင်ခန်းစာ ကောင်းကောင်း ရသွားပုံပေါ်၏။

ထိုစကားကို ကြားရလျှင် ချင်ယွမ်ဖုန်းသည် အကောင်းအညံ့ကို ရွေးချယ်မနေတော့ဘဲ အရှေ့ဆုံးတန်းရှိ စာအုပ်စင်များဆီသို့ ချက်ချင်း ပြေးဝင်ကာ သိမ်းဆည်းတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် တိုက်ခိုက်ရေးပညာရပ် ငါးစောင်၊ ခြောက်စောင်ခန့်ကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းရမိသွားခဲ့သည်။

သို့သော်လည်း စာအုပ်စင်များပေါ်တွင် တိုက်ခိုက်ရေးပညာရပ်များမှာ မူလကတည်းက များများစားစား ရှိမနေချေ။

တစ်ကိုယ်တော်ကျင့်ကြံသူနှင့် ထန်ရှင်းရွှယ်တို့သည်လည်း ဤစာအုပ်စင်များကို မျက်စိကျနေကြသဖြင့် ၎င်းတို့လည်း အလားတူ အရေအတွက်ကို ရရှိသွားကြသည်။

ထိုအချိန်တွင် မာထျန်းသည်လည်း တတိယအထပ်သို့ ရောက်ရှိလာပြီး အခြားစာအုပ်စင်များမှ တိုက်ခိုက်ရေးပညာရပ်များကို စတင်သိမ်းဆည်းတော့သည်။

ထို့နောက် ရှန်ကျင်းသည်လည်း တတိယအထပ်သို့ ဝင်ရောက်လာကာ အလုံးအရင်းဖြင့် လိုက်လံရယူတော့၏။

သို့ရာတွင် မကြာမီမှာပင် အခြားသော သိုင်းပညာရှင်များလည်း တရုန်းရုန်း ဝင်ရောက်လာကြပြီး တိုက်ခိုက်ရေးပညာရပ်များကို လုယက်ရှင်းလင်းကြတော့သည်။

ထိုတိုက်ခိုက်ရေးပညာရပ်များမှာ ဝါးခြမ်းပြားလိပ်များ ဖြစ်ကြသော်လည်း ထိုဝါးခြမ်းပြားများကို ထူးခြားသော ဒြပ်စင်ပစ္စည်းများဖြင့် ပြုလုပ်ထားပုံရရာ ရေတွက်၍မရနိုင်သော နှစ်ကာလများ ကုန်လွန်ခဲ့သော်လည်း ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း တည်ရှိနေဆဲ ဖြစ်ပေ၏။

ချင်ယွမ်ဖုန်းနှင့် အခြားနှစ်ယောက်တို့သည် အတူတကွ ရှေ့ဆက်ကာ စတုတ္ထအထပ်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားကြသည်။

မာထျန်းနှင့် ရှန်ကျင်းတို့သည်လည်း အခြားသူများနှင့်အတူ တိုက်ခိုက်ရေးပညာရပ်များ လုယူရန် စိတ်မပါတော့ချေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ တိုက်ခိုက်ရေးပညာရပ် အများစုမှာ ကမ္ဘာမြေအဆင့်အောက်၌သာ ရှိသဖြင့် သိပ်ပြီး တန်ဖိုးမရှိလှသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးသည်လည်း ချင်ယွမ်ဖုန်း၏ ခြေရာအတိုင်း လိုက်ပါကာ စတုတ္ထအထပ်သို့ ရောက်ရှိလာကြသည်။

စတုတ္ထအထပ်မှာမူ ပိုမိုရိုးရှင်းပြီး ရှင်းလင်းလှပေသည်။ အခန်းတွင်းသည် အလွန်ကျယ်ဝန်းသော်လည်း ဗလာကျင်းနေ၏။

အရှေ့ဆုံးရှိ စားပွဲတစ်ခု၏ အထက် ဟင်းလင်းပြင်တွင်သာ အလင်းလုံး သုံးလုံး ပျံဝဲနေပြီး တစ်ခုချင်းစီ၏ အတွင်း၌ ပစ္စည်းတစ်ခုစီ ရှိနေကြသည်။

ထိုပစ္စည်းသုံးခုလုံးမှာ မှော်လက်နက်များ ဖြစ်ကြချေသည်။

“အလယ်ကတစ်ခု” ရှောင်လင်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေရုံမျှမကတော့ချေ။

ထိုစကားကို ကြားရသည်နှင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် အလယ်ရှိ အလင်းလုံးဆီသို့ မျှားတစ်စင်းကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

သို့သော်လည်း အခြားသော ပုံရိပ်သုံးခုသည်လည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလာကြသည်။

တစ်ဦးမှာ ထန်ရှင်းရွှယ် ဖြစ်ပြီး ချင်ယွမ်ဖုန်း၏ လက်ဝဲဘက်ရှိ စုတ်တံတစ်ချောင်း ပါဝင်သော အလင်းလုံးဆီသို့ ပြေးဝင်သွားသည်။

အခြားတစ်ဖက်ရှိ အလင်းလုံးဆီသို့မူ လူနှစ်ဦး တစ်ပြိုင်နက် ပြေးဝင်သွားကြရာ တစ်ဦးမှာ တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်ပြီး အခြားတစ်ဦးမှာ ရှန်ကျင်း ဖြစ်ချေသည်။

ရှန်ကျင်းသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်မှ အစဉ်တစိုက် လိုက်ပါလာခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်တွင် မှော်လက်နက်ကို မြင်တွေ့ရသောအခါ သူမလည်း လုယူရန် ဆုံးဖြတ်လိုက်ပုံရသည်။

ချင်ယွမ်ဖုန်းသည် ကျောက်စိမ်းပြားတစ်ခု ပါဝင်သော အလယ်အလင်းလုံးကို ပထမဆုံး ထိတွေ့နိုင်ခဲ့သည်။

ယင်းသည် မည်သည့်အရာအတွက် အသုံးချရမှန်း မသိသော်လည်း ရှောင်လင်၏ အကဲဖြတ်မှုကို သူ အကြွင်းမဲ့ ယုံကြည်သည်။

ကျောက်စိမ်းပြားကို ထိတွေ့လိုက်

သည့် ကာလ၌ပင် ယင်းသည် ချင်ယွမ်ဖုန်း၏ သိုလှောင်လက်စွပ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ အခြားသူများက လုယူလိုပါက သူ့ကို အရင်ဆုံး သတ်ဖြတ်ရမည်သာ ဖြစ်ချေသည်။

ထန်ရှင်းရွှယ်သည်လည်း စုတ်တံကို သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ပြီး ထိုမှော်လက်နက်အပေါ် အလွန် စိတ်ကျေနပ်မှု ရရှိသွားပုံပေါ်သည်။

ဤနေရာတွင် ၎င်းတို့ ငါးဦးသာ ရှိသော်လည်း မှော်လက်နက်မှာ သုံးခုသာ ရှိသဖြင့် မာထျန်းမှာ နောက်ကျကျန်ခဲ့ရကာ မတတ်သာဘဲ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ကျန်ရှိနေသည်မှာ ရှန်ကျင်းနှင့် တစ်ကိုယ်တော်ကျင့်ကြံသူတို့ လုယက်နေကြသည့် အလင်းလုံး ဖြစ်သည်။

ထိုအလင်းလုံးအတွင်း၌ ကြာပလ္လင်တစ်ခု ရှိနေပြီး မသေမျိုးအရှိန်အဝါများဖြင့် လွင့်မျောနေကာ မြူနှင်းဂိုဏ်း၏ ဟန်ပန်သဘာဝနှင့် အလွန် လိုက်ဖက်လှပေသည်။

သို့သော်လည်း မှော်လက်နက်တစ်ခုကို ဤအတိုင်း အလွယ်တကူ မည်သူက လက်လွှတ်လိုပါအံ့နည်း။ ထို့ကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူလည်း အစွမ်းကုန် ရှေ့သို့ တိုးဝင်လာပြီး သူ၏လက်ထဲရှိ အရိုးတုတ်ထိပ်ဖျားဖြင့် ရှန်ကျင်းထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

ရှန်ကျင်းမှာ ထိတ်လန့်သွားသော်လည်း ဓားရှည်တစ်စင်းမှ အေးစက်သော အလင်းတန်းများ ဖြာထွက်လာကာ အရိုးတုတ်ကို အားပြင်းစွာ ခုခံတိုက်ခိုက်လိုက်၏။

ချက်ချင်းပင် မီးပွားများ လွင့်စင်သွားပြီး ပုံရိပ်နှစ်ခုစလုံး နောက်သို့ ပြိုင်တူ ဆုတ်ခွာသွားကြရသည်။

အတိအကျပင် ထိုအချိန်၌ ချင်ယွမ်ဖုန်းသည် တစ်ဖန် လှုပ်ရှားလာပြန်ရာ သူ၏လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် တစ်ကိုယ်တော်ကျင့်ကြံသူကို ဦးတည်၍ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်တော့သည်။

ရွှေရောင်လက်ဝါးရိပ်တစ်ခုသည် တစ်ကိုယ်တော်ကျင့်ကြံသူထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

ထိုရွှေရောင်အလင်းတန်းပေါ်တွင် ဗုဒ္ဓဂါထာတော် ရွတ်ဖတ်သံများ သဲ့သဲ့မျှ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ဂယက်ထရိုက်ခတ်သွားစေချေသည်။

“ဗုဒ္ဓဂါထာတော် လက်ဝါး”

တစ်ကိုယ်တော်ကျင့်ကြံသူ၏ မျက်နှာသည် အလွန်အမင်း ဒေါသထွက်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားသည်။

သူသည် သူ၏လက်ထဲရှိ အရိုးတုတ်ကို တိုက်ရိုက် မြှောက်ကိုင်ကာ ထိပ်ဖျားနှင့် နီးကပ်သော အဆုံးသတ်ကို ဆုပ်ကိုင်ပြီးနောက် အရိုးတုတ်ကို တူကြီးတစ်ချောင်းကဲ့သို့ လွှဲယမ်းကာ ရွှေရောင်လက်ဝါးရိပ်ဆီသို့ တိုက်ရိုက် လွှဲခုတ်လိုက်တော့သည်။

မောက်မာလှသော ဦးခေါင်းခွံပုံရိပ်တစ်ခုသည် အရိုးတုတ်အတွင်းမှ ရုန်းထွက်လာပြီး ရွှေရောင်လက်ဝါးရိပ်ကို ပြင်းထန်စွာ တိုက်မိတော့သည်။

စွမ်းအားနှစ်ရပ်သည် ဟိန်းဟောက်သံနှင့်အတူ ထိပ်တိုက်တွေ့ဆုံကာ တစ်ချိန်တည်းမှာပင် ဗလာအသွင်သို့ ပြောင်းလဲကွယ်ပျောက်သွားကြရသည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် ကြာပလ္လင်ကို သူ၏လက်ထဲသို့ ရောက်ရှိအောင် သိမ်းပိုက်ပြီး ဖြစ်ချေပြီ။

“ချင်ယွမ်ဖုန်း” တစ်ကိုယ်တော်ကျင့်ကြံသူသည် အလွန်အမင်း နာကျည်းအာဃာတ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်လိုက်သည်။

“. ဝူဝမ်ရှင်းထံမှ အာဃာတတန်ဖိုး +၁၀၀”

ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး သူ၏လက်ထဲရှိ ကြာပလ္လင်ကို ရှန်ကျင်းထံသို့ ကမ်းပေးလိုက်သည်။

“လုယူနိုင်တဲ့သူက ပိုင်ရှင်ပဲလေ” ချင်ယွမ်ဖုန်းက ဝူဝမ်ရှင်းကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။

ရှန်ကျင်းမှာ အတိုင်းထက်အလွန် အံ့အားသင့်သွားရပြီး “နင်... ဒါကို ငါ့ ပေးတာလား”

“ဟုတ်တယ်၊ ငါက တစ်ခု ရထားပြီးပြီလေ၊ ပြီးတော့ နင့်ကို ဒါလုရအောင် ကူညီပေးရုံတင်ပါ” ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ရှန်ကျင်းသည်လည်း မငြင်းဆန်တော့ဘဲ တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။

“သခင်လေးချင်... စိတ်ချပါ၊ ငါစီနီယာအစ်မဆီမှာ နင့်အကြောင်းကို ကောင်းကောင်း ချီးမွမ်းပြောဆိုပေးပါ့မယ်” ရှန်ကျင်းက ပြုံး၍ ဆိုသည်။

ချင်ယွမ်ဖုန်းသည် ပြုံးလျက် ခေါင်းညိတ်ပြကာ “ဒါက အကောင်းဆုံးပေါ့”

ဝူဝမ်ရှင်းသည် ရှန်ကျင်းနှင့် ချင်ယွမ်ဖုန်းတို့ စကားပြောဆိုကာ ရယ်မောနေကြသည်ကို ကြည့်ပြီး သူ၏မျက်ဝန်းထဲမှ ဒေါသ မီးလျှံများမှာ ပိုမို တောက်လောင်လာခဲ့သည်။

“ချင်ယွမ်ဖုန်း... ဒါကို မှတ်ထားပါ၊ ငါ့နာမည်က ဝူဝမ်ရှင်းပဲ၊မင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေစမ်း”

ထိုသို့ ပြောဆိုပြီးနောက် ဝူဝမ်ရှင်းသည် ပဉ္စမအထပ်သို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

ထိုအချိန်တွင် မာထျန်းသည် ချင်ယွမ်ဖုန်း၏ အနားသို့ ရောက်ရှိလာပြီး မခံချင်စိတ် ဖြစ်နေသော မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။

“အစ်ကိုဖုန်း. အစ်ကိုက ကျွန်တော့်ကိုတောင် ထည့်မစဉ်းစားဘူးနော်”

ချင်ယွမ်ဖုန်းက မာထျန်း၏ ပုခုံးကို ပုတ်ပေးလိုက်ကာ “မင်း လက်နက်တစ်ခုမှ အသုံးမပြုတာ ငါမြင်ပါတယ်၊ မင်းနဲ့ သင့်တော်မယ့် လက်နက် မရှိလို့လား”

“မရှိဘူး၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အပူချိန်က အရမ်းပြင်းတာ၊ ရတနာလက်နက် တော်တော်များများက ကျွန်တော့်လက်ထဲမှာ ကြာကြာမခံဘူး” မာထျန်းက မတတ်သာဘဲ ပြောရှာသည်။

“ဒါဆို ဒါကို မင်းအတွက် ပေးမယ်”

ထိုသို့ ပြောရင်း ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ တူတစ်ချောင်းကို ထုတ်ယူကာ မာထျန်းထံသို့ ကမ်းပေးလိုက်သည်။

ယင်းမှာ စစ်တူတစ်ချောင်း ဖြစ်ပြီး ထိပ်ဖျားတွင် ဆူးချွန်များ ထွက်ပေါ်နေကာ ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ဆော့ကစားခဲ့ဖူးသော အွန်လိုင်းဂိမ်းများထဲမှ စစ်တူလက်နက်များနှင့် အလွန် ဆင်တူလှပေသည်။

ထို့အပြင် စစ်တူပေါ်တွင် ဝိညာဉ်အဆောင်ပုံရိပ်များစွာ ရှိနေသဖြင့် သာမန်ထက် ထူးကဲလွန်ကဲလှပုံပေါ်၏။

ဤရတနာလက်နက်မှာ ချင်ယွမ်ဖုန်း ဒုတိယအထပ်၌ လုယူခဲ့သော ဆဋ္ဌမအဆင့် ရတနာလက်နက် နှစ်ခုအနက် တစ်ခု ဖြစ်ပြီး မာထျန်းနှင့် အလွန် သင့်တော်ပုံရသည်။

အခြားပစ္စည်းတစ်ခုကိုမူ ချင်ယွမ်ဖုန်းက မူလက ခါးပတ်တစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း ယင်းသည် အဝိုင်းလိုက် ခွေလိပ်ထားသော ဓားပျော့တစ်စင်း ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

မုန့်ချီလော့သည်လည်း ဓားပျော့ကို အသုံးပြုသည်ဟု တွေးတောမိသဖြင့် ဤဆဋ္ဌမအဆင့် ရတနာလက်နက်မှာ ယခုအခါ ပိုင်ရှင်မဲ့ မဟုတ်တော့ချေ။

မာထျန်းသည် စစ်တူကို အံ့အားသင့်စွာ လှမ်းယူလိုက်ရာ သူ၏ လက်မောင်းသည် ချက်ချင်းပင် နီရဲလာပြီး အပူချိန်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

သာမန်ရတနာလက်နက်များသာဆိုလျှင် သူ၏လက်ထဲတွင် တိုက်ရိုက် အရည်ပျော်သွားပေလိမ့်မည်။ မာထျန်းက ရတနာလက်နက်များစွာ ကြာကြာမခံဟု ပြောခဲ့သည်မှာ မဆန်းတော့ချေ။

ဤအခြေအနေမျိုးတွင် မည်သည့် ရတနာလက်နက်မျှ ရေရှည် အသုံးပြုနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ဤစစ်တူမှာမူ ကွဲပြားခြားနားလှသည်။ မာထျန်း၏ လက်မောင်းအပူချိန် မြင့်တက်လာသည်နှင့်အမျှ စစ်တူ၏ ကိုယ်ပိုင်အပူချိန်သည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မီးဖိုထဲမှ ခုလေးတင် ထုတ်ယူလာသကဲ့သို့ နီရဲတောက်ပသော စစ်တူတစ်ချောင်းအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင် စစ်တူမှာ ပျော့ပျောင်းသွားမည့် အရိပ်အယောင် စိုးစဉ်းမျှမရှိချေ။ နီရဲသွားခြင်းမှာ မာထျန်း၏ အပူချိန်နှင့် ညှိနှိုင်းလိုက်လျောညီထွေ ဖြစ်သွားခြင်းမျှသာ ဖြစ်ချေသည်။

“တကယ်ကို စွမ်းတာပဲ” မာထျန်းက စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။ ဤစစ်တူမှာ သူနှင့် သင့်တော်မည့်၊ သူ အစဉ်တစိုက် ရှာဖွေနေခဲ့သော ရတနာလက်နက်ပင် ဖြစ်ပေတော့သည်။

“ကဲ... ငါတို့လည်း ပဉ္စမအထပ်ကို အမြန် သွားကြရအောင်”

All Chapters