← Chapters

အခန်း ၆၉-၇၀

Vol. 7 Ch. 69-70

အခန်း ၆၉-၇၀

Vol. 7 Ch. 69-70

Chapter 69+70

~

အခန်း ၆၉+၇၀ : အနူလက် ရွှေခွက်တော့ နှိုက်ချင်ရဲ့...

~

ယန်ကျီဝမ်က ခွက်မြှောက်၍ ရွှီတာမော့နှင့် ခွက်ချင်းတိုက်လိုက်၏ ။

သူတို့မိသားစုက တစ်ပါးသူ၏ ကြက်ကိုစားနေပြီး ထိုသူက အပြုံးဖြင့် စကားပြောနေ၍ ငြင်းပယ်စရာ အကြောင်းမရှိ ။ ကျေးဇူးမသိတက်၍ မဖြစ်ပေ ။

ရွှီတာမော့က အံအားသင့်စွာဖြင့်...

" ကျီဝမ်.. မင်းဘယ်လို လေ့ကျင့်ထားတာလဲ.. မင်းကြည့်ရတာ ပိန်ပိန်ပါးပါးလေးကို ဘယ်လိုလုပ်ပြီး ရှာကျူးကို လက်သီးတစ်ချက်ထဲနဲ့ သတိလစ်အောင် ထိုးလိုက်တာလည်း.. ဟားဟားဟား.. အရမ်းကို ကျေနပ်စရာကောင်းတယ် ..လာလာ နောက်တစ်ခွက် ထပ်ပြီး ဂုဏ်ပြုပေးမယ် .."

ယန်ကျီဝမ်က အကူအညီမဲ့စွာ ပြုံးလိုက်သည် ။ အရင်တစ်ခွက် မကုန်သေးသော်လည်း နောက်တစ်ခွက် လက်ခံလိုက်ရ၏ ။

ယန်ကျီချန်းက တိုးတိုးလေး ပြောလိုက်သည် ။

" သူ အလစ်ထိုးလိုက်လို့ပါ.. "

သူ မပျော်မရွှင် ဖြစ်နေ၍ အသံထွက်သွားမိခြင်းပင် ။ ရွှီတာမော့က ယန်လောင်အာအား နှစ်ခွက် ဂုဏ်ပြုပြီးဖြစ်သော်လည်း သူ့အား ဖုတ်လေသည့်ငပိ ရှိလေသည်ဟု မမှတ်ချေ ။ မမျှတဟု သူ ခံစားနေရ၏ ။

ထို့အပြင် ယန်လောင်အာက ယန်ဖူကွေ့အတွက် အရက်ဝယ်ပေးသည်ဟု သူ့အမေပြောပြထားသဖြင့် ပို၍ပင် မပျော်မရွှင် ဖြစ်နေသည် ။

" သားကြီး..."

ယန်ဖူကွေ့က သတိပေးသည့် အနေဖြင့် အသံခပ်ပြတ်ပြတ်ခေါ်လိုက်သည် ။

သားကြီးက ဒုတိယသားနှင့် မတည့်သည်ကို သူသိသော်လည်း အပြင်လူရှေ့တွင် ဤသို့ ပြောသည်ကို မကြိုက်ပေ ။

မနေ့ညက သူ သတိပေးထားသည်ကို မေ့သွားလေပြီလော ။

ရွှီတာမော့က ရယ်လိုက်ပြီး...

" အလစ်တိုက်ရင်တောင် ဒါက သူ့ကျွမ်းကျင်မှုပဲလေ.. ဘာပဲဖြစ်ဖြစ် ရှာကျူး အထိုးခံလိုက်ရတာ ငါ ပျော်တယ်.. ဦလေး ယန် လာလာ သောက်မယ်.. "

လေထုဖန်တီးခြင်းမင်းသား ရွှီတာမော့ ဟူသည့်အတိုင်းပင် ။ အဆင်မပြေ ဖြစ်သွားသော စကားဝိုင်းကို သာယာအောင် ဖြန်ဖြေပေးလိုက်၏ ။

( ရွှီတာမော့က အဆင့်နိမ့်ပေမဲ့ အရက်ဝိုင်းမှာ စကားပြောကောင်းပြီး ဟာသပြောတက်တော့ ကေဒါတွေက သူ့ကို အရက်ဝိုင်းမှာ ခေါ်တိုက်တက်တယ်..အရာရှိတွေနဲ့ ခဏခဏ အတူသောက်ရတာပေါ့.. အဲ့တာကြောင့် အဲ့ဘွဲ့ပေးထားတာ.. )

သို့သော်လည်း ရွှီတာမော့၏ အရက်ခံနိုင်အား က အားနည်းလွန်းလှသည် ။ နှစ်ခွက်ကျော်လာသည်နှင့် သူ့မျက်နှာက နီရဲလာ၏ ။

ယန်ကျီဝမ်က ဤသို့ ဖြစ်မည်ကို သိထားပြီးသားပင် ။ ရွှီတာမော့သည် အရက်ခံနိုင်ရည် မရှိသော်လည်း အရက်သောက်ရန် လောဘကြီးတက်သူဖြစ်သည် ။

ယန်ကျီဝမ်က သူ၏ လက်ရှိခွန်အားဖြင့် ရှာကျူးအား အလွယ်တကူ အနိုင်ယူနိုင်သဖြင့် ယန်ကျီချန်း၏ စကားအား စိတ်ထဲ မထည့်ချေ ။

သို့သော်လည်း အငယ်လေးနှစ်ယောက်က ငြိမ်မနေနိုင် ။

ယန်ကျီတိက နှုတ်ခမ်းဆူလိုက်ပြီး ...

" အဲ့တာမမှန်ဘူး.. ရှားကျူးက တည့်တည့်ပြေးလာတာကို အကိုနှစ်က ထိုးလိုက်တာ.. အဲ့တာ တစ်ခါတည်း လဲသွားတာ.."

" ဟုတ်တယ်.. ဒီနေ့မနက် အကိုနှစ်ကို ရှာကျူး လာတွေ့ပြီး ထွက်ပြေးသွားတာ .."

ယန်ကျီခွမ်းကပါ ဝင်၍ ထောက်ခံ၏ ။

ယန်ကျီဝမ်၏ သကြားလုံးများက အစွမ်းပြချေပြီ ။ ကလေးများ၏ ဉာဏ်ရည်က အလုံးစုံ မဖွံ့ဖြိုးသေးသဖြင့် သူတို့အား ကောင်းကောင်းဆက်ဆံသူအား ထောက်ခံကြပေမည် ။

" အိုး.."

ကလေးများက မလိမ်တက်၍ ရွှီတာမော့ ယုံကြည်သွားသည် ။

သူက အရက်ပန်းကန်လုံးကို ထပ်မြှောက်လိုက်ပြီး ကျေနပ်အားရစွာပြုံး၍...

" ကျီဝမ်.. မင်းက တိုက်ခိုက်တာကျွမ်းကျင်တော့ နောက်ပိုင်းကျ ဒီခြံဝင်းထဲမှာ အကို့ကို ကာကွယ်ပေးရမယ်နော်.. "

" ဒါပေါ့.. ဒါပေါ့.. "

တစ်ဘက်လူက ယဥ်ကျေးစွာ ပြောနေ၍ ယန်ကျီဝမ် က ဘာလို့ကူညီရမှာလဲဟု အငေါ်မတူးလိုက်ချေ ။

ရွှီတာမော့က တတိယမြောက် ပန်းကန်လုံးကို မော့သောက်ပြီးနောက် စားပွဲပေါ်သို့ မှောက်ကျသွား၏ ။

ယန်ဖူကွေ့က ထိုသည်ကို လုံးဝ ဂရုမစိုက်ဘဲ ပြုံးလိုက်ပြီး....

" တာမော့တော့ သူ့ရေချိန်ရောက်သွားပြီ.. စိတ်ပူမနေနဲ့ ဆက်စားကြ.. ဒုတိယသား ပြီးရင် သူ့ကို အိမ်ပြန်ပို့ပေး လိုက်ပါအုံး.. "

ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည် ။

သိပ်ကြာမီပင် ကြက်တစ်ကောင်လုံးက ယန်မိသားစု၏ ဗိုက်ထဲသို့ ရောက်သွားလေတော့၏ ။

ထို့နောက် ယန်ကျီဝမ်က ရွှီတာမော့ကို တွဲ၍ နောက်ဘက်ခြံသို့ လိုက်ပို့ပေးလိုက်သည် ။

" ကျီဝမ်.. ဒီကို ခဏလာခဲ့ပါအုံး.. "

လျိုဟိုင်ကျုံး ၏ အိမ်ရှေ့မှ ဖြတ်သွားစဥ် တံခါးဝတွင် ဘယ်ညာလျှောက်နေသော လျိုဟိုင်ကျုံးကို မြင်လိုက်ရသည် ။

လျိုဟိုင်ကျုံးက ယန်ကျီဝမ်ကို မြင်လျှင် လှမ်းခေါ်လိုက်၏ ။

" ဒုတိယဦးလေး.. အကိုတာမော့ကို အရင် ပြန်ပို့လိုက်အုံးမယ်.. "

ယန်ကျီဝမ်က လျှိုဟိုင်ကျုံး ပြောမည့်စကားကို ခန့်မှန်းမိ၍ အရင်ဦးအောင် ပြောလိုက်သည် ။

" တာမော့ ဘာဖြစ်သွားတာလဲ.. "

" ဘာမှ မဟုတ်ပါဘူး.. အမူးလွန်ပြီး ပလပ်ကျွတ်သွားတာ.. "

ထို့သို့ပြောပြီးနောက် ယန်ကျီဝမ်က ရွှီတာမော့အား အိမ်သို့ လိုက်ပို့ပေးလိုက်သည် ။

' အရက်မူးပြီး မှောက်သွားတာလား.. '

လျှိုဟိုင်ကျုံးက မကျေမနပ် ရေရွတ်မိသည် ။

" သောက်အဘိုးကြီးယန်.. ကလေးတစ်ယောက်ကျ အရက်သောက်ဖို့ ဖိတ်ပြီး ငါ့ကျ မဖိတ်ဘူး.. "

များမကြာမီ ယန်ကျီဝမ် ပြန်ရောက်လာ၏ ။

" ဒုတိယဦလေး..ဘာကိစ္စများ ရှိလို့လဲ .."

" အိမ်ထဲဝင်ပြီး စကားပြောရအောင်.. "

လျှိုဟိုင်ကျုံးက ယန်ကျီဝမ်အား အိမ်ထဲသို့ ဆွဲခေါ်သွားသည် ။ ထို့နောက် တံခါးပိတ်ကာ လေသံတိုးတိုးဖြင့်...

" ကျီဝမ်.. ငါမနေ့ညက မင်းနဲ့ မင်းအဖေ ပြောတာကို ကြားလိုက်ရတယ်.. "

ယန်ကျီဝမ် ခေါင်းညိတ်ပြီး..

" အဲ့တာ ဘာဖြစ်လို့လဲ.. "

လျှိုဟိုင်ကျုံး ခဏတာ တိတ်ဆိတ်သွားပြီး အံကိုတင်းတင်းကြိတ်ကာ..

" တကယ်တော့.. ငါ ဒီမနက် လမ်းရုံးကို သွားခဲ့တယ်.. "

လျှိုင်ဟိုင်ကျုံးက အကြံကုန်သွားသဖြင့် အရဲစွန့်မေးခြင်း ဖြစ်သည် ။ သူ၏ သားအကြီးဆုံး ဖြစ်သူကလည်း စက်ရုံအဆောင်တွင် နေထိုင်နေသဖြင့် အိမ်တွင် မရှိချေ ။ ထို့ကြောင့် အိမ်တွင် တိုင်ပင်စရာ မည်သူမှ မရှိ ။

ယခု တိုက်တိုက်ဆိုင်ဆိုင် ယန်ကျီဝမ်အား တွေ့လိုက်ရသလို ဤအကြောင်းအရာ၏ အဓိက မြစ်ဖျားခံသူမှာလည်း ယန်ကျီဝမ်ပင် ဖြစ်၍ လှမ်းခေါ်လိုက်ခြင်းပင် ။

သူပြောသည့် လမ်းရုံးသို့ သွားသည်ဆိုသည်ကို ယန်ကျီဝမ် နားလည်လေသည် ။

" ဒုတိယဦးလေး ..အဲ့တာ ပြီးတော့ရော.. "

လျှိုဟိုင်ကျုံးက စိတ်ဓာတ်ကျစွာဖြင့်...

" ဒါပေမဲ့ လမ်းရုံးက လူတွေ ခုထိ ရောက်မလာကြသေးဘူး.. ဘာဖြစ်နေတယ်လို့ မင်းထင်လည်း.. "

" ဒါ တစ်ယောက်ယောက်က ကြားဖြတ်လိုက်တာ ဖြစ်ရမယ်.. ကျွန်တော့်အဖေ ပြောဖူးတယ် လမ်ရုံးမှာ ယီကျုံးဟိုင်ရဲ့ အဆက်အသွယ် ရှိတယ်တဲ့.. အဲ့လိုသာ မဟုတ်ရင် ကျွန်တော် တိုင်မိမှာ.. "

ယန်ကျီဝမ်က...

" ဒါနဲ့ ဒုတိယဦးလေး..ဒီမနက် ဦးလေး တိုင်ခဲ့တာက ဘယ်သူ့ကိုလဲ.. "

လျှိုဟိုင်ကျုံးက...

" ဒါရိုက်တာဝမ် မရှိလို့ လက်ထောက်ဒါရိုက်တာ ကော်ဆီ တင်ပြခဲ့တာ.. "

ယန်ကျီဝမ်က ခဏလောက်စဥ်းစားပြီး...

" အဲ့တာဆို ယီကျုံးဟိုင်ရဲ့ အဆက်အသွယ်ဆိုတာ လက်ထောက် ဒါရိုက်တာကော်လို့ ဦးလေး ထင်လား.. "

" ဒီလောက် တိုက်ဆိုင်တာက မဖြစ်သင့်ဘူးမလား.. "

လျှိုဟိုင်ကျုံး၏ မျက်လုံးများ ပြူးကျယ်သွားသည် ။

" အဲ့တာမှန်မယ်ထင်တယ်.. "

ယန်ကျီဝမ်က...

" ဒုတိယဦးလေး စဥ်းစားကြည့်အုံးလေ.. အာဇာနည်မိသားစု ဟန်ဆောင်တယ်ဆိုတာက ပေါ့သေးသေး ပြစ်မှု မဟုတ်ဘူး.. တကယ်ဆို လမ်းရုံးက ဒီတိုင်စာကို သိရင် ချက်ချင်းအရေးယူရမှာ.. ဒါပေမဲ့ ခုထိ ဘယ်သူမှ ရောက်မလာဘူးဆိုတော့.. အဖြေက ခန့်မှန်းရ မခက်ပါဘူး.. "

" နှမြောစရာပဲ.. "

လျှိုဟိုင်ကျုံးက စိတ်ပျက်လက်ပျက်ဖြင့်...

" ယီကျုံးဟိုင်ကို တိုင်စာပို့ဖို့ ..ငါခြံထဲက တချို့လူတွေနဲ့ တိုင်ပင်ထားပြီးပြီ.."

ယန်ကျီဝမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး တွေးမိ၏ ။

' ကြည့်ရတာ လျှိုအဘိုးကြီး သေချာပြင်ထားတာပဲ.. ကံဆိုးတာက ယီကျုံးဟိုင် ရဲ့ အချိတ်အဆက် လက်ထဲကိုမှ တိုင်စာက တည့်တည့်ရောက်သွားတာ.. '

သို့သော်လည်း ဤကိစ္စက သူနှင့် ဘာမှ မဆိုင် ။ ထို့ကြောင့် ယန်ကျီဝမ်က နှုတ်ဆက်ပြီး ပြန်ရန် ပြင်လိုက်သည် ။

" ဒုတိယဦလေး တခြားကိစ္စမရှိရင် ကျွန်တော်သွားတော့မယ်.. "

လျှိုဟိုင်ကျုံးက ခေါင်းညိတ်ပြီး သတိပေးလိုက်သည် ။

" အေးပါ.. ဒီအကြောင်းကို အပြင်လူတွေ မပြောနဲ့နော်.. "

" ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ.. "

ယန်ကျီဝမ်က အထပ်ထပ်အခါခါ အာမခံလိုက်၏ ။

သူ အိမ်သို့ ပြန်ရောက်လျှင်....

" ဒုတိယသား.. ဘာလို့ ကြာနေတာလဲ.. "

ယန်ဖူကွေ့က မေးသည် ။

ယန်ကျီဝမ်က....

" ဘာမှ မဟုတ်ဘူးရယ်.. ဒုတိယဦလေးက ဆွဲခေါ်ပြီး တချို့အကြောင်းတွေ ပြောပြလိုက်လို့ပါ.. "

" ဘာအကြောင်းလဲ.. "

" တိုင်စာ ကိစ္စလေ.. အဲ့အဘိုးကြီးက ဒီမနက် လမ်းရုံးကို သွားပြီး တိုင်စာပို့ခဲ့တာတဲ့.. ဒါပေမဲ့ ကံမကောင်းတာက သူပို့တဲ့စာက ယီကျုံးဟိုင်ရဲ့ လူ လက်ထဲကို ရောက်သွားပြီး အဖျောက်ခံလိုက်ရတဲ့ပုံပဲ .."

ယန်ကျီဝမ်က ကတိဖျက်ခြင်း မဟုတ်ပေ ။ ယန်ဖူကွေ့သည် အပြင်လူမဟုတ် ။ သူ၏ မိသားစုဝင် ဖြစ်၏ ။

" လျှိုအဘိုးကြီးက တကယ်လုပ်လိုက်တာလား.. "

ယန်ဖူကွေ့က စပ်စုဟန်ဖြင့်...

" ဒါဖြင့် ယီအဘိုးကြီးရဲ့ လမ်းရုံးက အချိတ်အဆက်က ဘယ်သူတဲ့လဲ.. "

ယန်ကျီဝမ်က...

" အထင်မှားစရာ တခြားအကြောင်းမရှိရင် လက်ထောက်ဒါရိုက်တာကော်ပဲ ဖြစ်ရမယ်.. "

သူ ဒါရိုက်တာဝမ်အား မြင်ဖူးသော်လည်း လက်ထောက်ဒါရိုက်တာကော်အား မမြင်ဖူးပေ ။

" အဲ့လူလား.. "

ယန်ဖူကွေ့ ရုတ်တရက် သတိရသွားပြီး...

" ဖြစ်နိုင်တယ် ..ယီအဘိုးကြီးနဲ့ လက်ထောက်ဒါရိုက်ကော်တို့နှစ်ယောက် တစ်ခါက ဆိုင်မှာ အတူသောက်နေကြတာ ငါတွေ့ဖူးတယ်.. ဒါပေမဲ့ အဲ့တုန်းက ငါ မစဥ်းစားမိလိုက်ဘူး.. "

အကူအညီတောင်းပြီးလျှင် အရက်လိုက်တိုက်သည်က ပုံမှန်သာဖြစ်သည် ။ ယီကျုံးဟိုင်သည် ယန်ဖူကွေ့ကဲ့သို့ ကပ်စီးနဲ မဟုတ်သည့်အပြင် လစာမြင့်မားလှ၍ ဆိုင်ကြီးဆိုင်ကောင်းတွင် ဧည့်ခံနိုင်၏ ။

ယန်ဖူကွေ့ သက်ပြင်းချလိုက်ပြီး...

" ငါ မနေ့ညက မင်းကိုပြောသားပဲ.. မင်းတိုင်စာပို့လည်း ထူးမှာ မဟုတ်ပါဘူးဆို.."

" အဲ့လိုတော့ တွက်လို့မရဘူးလေ... "

ယန်ကျီဝမ် ရယ်လိုက်ပြီး...

" ကျွန်တော်သာ တိုင်စာပို့ရင် ဒါရိုက်တာဝမ်ရဲ့ လက်ထဲကို သေချာ ထည့်ပေးမှာ.. အဲ့လိုဆို ယီကျုံးဟိုင် သေချာပေါက် အစစ်ဆေးခံရမှာပဲ.. "

" ချီး.."

ယန်ဖူကွေ့ စိတ်တိုတိုဖြင့် နှာခေါင်း ရှုံ့လိုက်ပြီး...

" ဟမ့်.. ယီကျုံးဟိုင် က ဒီခြံဝင်းကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာတာ အတုအယောင်လို့ ထင်လို့လား..သူလုပ်ခဲ့တဲ့ မကောင်းမှုတွေ အများကြီး... အဲ့လောက်လွယ်နေရင် ဒီလူထောင်ထဲမှာ အရိုးဆွေးနေပြီ .. ခုထိ ဘာမှမဖြစ်တာသာကြည့်.. "

ထိုစကားကို ကြားလျှင် ယန်ကျီဝမ်၏ မျက်လုံးများ တောက်ပသွားသည် ။ သာယာသော ကောလဟာလကို ကြားလိုက်ရသလို အမူအရာဖြင့် အလျင်စလို မေးလိုက်၏ ။

" အဖေ.. သူ ဘာမကောင်းတာတွေ လုပ်ဖူးတာလည်း သားကို ပြော​ပြအုံး.. "

" ဟဟ..ကောင်စုတ်လေး ငါ့ဆီက တစ်ခုခုကြားချင်လို့ ဒီစကားတွေ ပြောပြနေတာမလား.. မင်း ငါ့ကိုတောင် လှည့်စားဖို့ ကြံနေပြီ.. မင်း ငယ်ပါသေးတယ်.. "

ယန်ဖူကွေ့က အကုန်ထုတ်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သတိထားမိသွားပြီး ပြုံး၍ ပြောလိုက်သည် ။

ယန်ကျီဝမ် ချီး ဖျင်တစ်သလို ခံစားသွားမိပြီး မအီမသာ ဖြစ်သွား၏ ။

" ကောင်စုတ်လေး.. ငါ့ကို အဲ့လို လာကြည့်​မနေနဲ့ ..အချို့အရာတွေက မသိတာ ပိုကောင်းတယ်.. တကယ် လိုအပ်တဲ့ အချိန်ကြ ငါ ပြောပြမှာပေါ့.. "

All Chapters