အခန်း ၇၃-၇၄
Vol. 7 Ch. 73-74
Chapter 73+74
~
အခန်း ၇၃ +၇၄ : အာချောင်မိခြင်းအတွက် ပြစ်ဒဏ်... ငါးမျှားအဆင့်တက်ခြင်း..
~
" အဖေ.. တော်သင့်ပြီထင်တယ်.. သားတို့ ပြန်ရအောင်.. "
နေ့လည်ခင်းအချိန် ၊ ငါးမျှားခြင်း၌ နစ်မြောနေသော ယန်ဖူကွေ့အား ယန်ကျီဝမ်က ပြောလိုက်သည် ။
" အာ.. ပြန်တော့ မလို့လားဟ .."
ယန်ဖူကွေ့က ပျော်နေ၍ မပြန်ချင်သေးပေ ။
" ကြည့်အုံးလေ.. "
ယန်ကျီဝမ်က ငါးအပြည့်ထည့်ထားသော ပုံးလေးပုံး ကို လက်ညိုးထိုးပြသည် ။
သူတို့နှစ်ယောက် သုံးနာရီကြာအောင် ငါးမျှားထားသည်က ငါးကျင်းတစ်ရာနီးပါး ရှိနေ၏ ။
" မြန်လိုက်တာ.. "
ယန်ဖူကွေ့ နားလည်သွားပြီး နောင်တရစွာဖြင့်...
" ဒီလိုမှန်း သိရင် ဆယ်ပုံးလောက် ယူလာပါတယ်.. "
" ဘယ်လို သယ်မှာလဲ.. "
ယန်ကျီဝမ် မျက်ဖြူလှန်ပြလိုက်သည် ။
ငါးအပြည့် ပုံးတစ်ပုံး၏ အလေးချိန်က ကီလို သုံးဆယ်လောက်ရှိပြီး တစ်ဖက် တစ်ပုံး မ မည်ဆိုလျှင်ပင် ချီးထွက်အောင် သယ်ရချေမည် ။ သမဝါယမဆိုင်သို့ ခရီးက သိပ်မနီးချေ ။ ဤအလေးချိန်က သူတို့အတွက် အကန့်အသတ် ဖြစ်နေလေပြီ ။
" ဟုတ်သား.."
ယန်ဖူကွေ့ ရှက်ပြုံး ပြုံးလိုက်သော်လည်း ထွက်ခွာရန် တွန့်ဆုတ်နေမိသည် ။
" ယန်ကြီး.. မင်း မြန်မြန်အိမ်ပြန်တာ ကောင်းမယ်.. မဟုတ်ရင် ဒုက္ခရောက်ဖို့ ငါမြင်နေပြီ.. "
ယန်ကျီဝမ်၏ နောက်တွင် ရပ်နေသော အဘိုးကြီးဝမ်က ရုတ်တရက် ဝင်ပြော၏ ။
အဘိုးကြီးဝမ်က သူ၏ လက်နက်များကို သိမ်းစည်းပြီး ဖြစ်ကာ အိမ်သို့ ပြန်တော့မည် ပုံပင် ။ ယန်ကျီဝမ်၏ ငါးစာကြောင့် သူ၏ ရိတ်သိမ်းမှုမှာ မဆိုးလှပေ ။
" ပြဿနာလား .."
ယန်ဖူကွေ့ ရှုပ်ထွေးသွားသည် ။
အဘိုးကြီးက တစ်ဘက်သို့ မေးငေါ့ပြလိုက်ပြီး...
" ဟိုကိုကြည့်.. "
ယန်ဖူကွေ့က ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည် ။ ငါးမျှားနေသူ များကိုသာ မြင်ရ၏ ။
ယန်ကျီဝမ်က အကူအညီမဲ့ဟန်ဖြင့် ...
" အဖေ.. အဘိုးကြီးဝမ် ပြောတာက အဖေ စကား ကျွံထားတယ်လို့ ပြောတာ.. တခြားဆင်ခြေ ပေးတာ အဆင်ပြေပေမဲ့ ပြောင်းဖူးမှုန့်လို့ မပြောသင့်ဘူးလေ.. "
သူ၏ ငါးစာတွင် ပြောင်းဖူးမှုန့် ပါသော်လည်း တခြားအရာများ များစွာ ပါဝင်ပေ၏ ။
ယန်ဖူကွေ့က ပြောင်းဖူးမှုန့် ကြောင့်ဟု ဆင်ခြေပေးပြီးနောက် ပြောင်းဖူးမှုန့် ပြေးဝယ်သူများ မနည်းလှချေ ။ အကယ်၍ ထိုသူများ ငါးမရပါက ဒေါသ မြားဦးက ယန်ဖူကွေ့၏ နှာဖူးထက်သို့ လာစိုက်ပေလိမ့်မည် ။
မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ဆင်ခြေမျိုး ပေးလိုက်ရပါသနည်း ။
ယန်ဖူကွေ့ သဘောက်ပေါ သွားပြီး ...
" လောင်အာ.. အဲ့တာဆို ခုပြန်ကြမယ်.. နေ့ခင်း ပြန်မလာတော့ဘူး .."
သူထ၍ ပစ္စည်း သိမ်းလေတော့သည် ။
နှစ်ယောက်သား ငါးပုံးကို ဆွဲ၍ ထွက်လာခဲ့ကြ၏ ။
" ကျုပ်တို့ သွားပြီ.. "
ယန်ကျီဝမ်က အဘိုးကြီးဝမ်အား နှုတ်ဆက်၍ ယန်ဖူကွေ့နောက်သို့ လိုက်သွားသည် ။
ယန်ဖူကွေ့၏ အာချောင်မှုကြောင့် သူတို့ မနက်ဖြန် ငါးမျှား ထွက်နိုင်မည့်ပုံ မပေါ်ချေ ။ ( မနက်ဖြန် ပိတ်ရက် ကျန်သေးတယ်ထင်တယ်..)
ယန်ဖူကွေ့ အတော်ဝေးဝေးထိ ပြေးလာပြီးမှ အသက်ရှူရန် ရပ်လိုက်၏ ။ သူ နောက်သို့ ပြန်လှည့်ကြည့်ကာ တွေးလိုက်သည် ။
' တော်သေးတယ် ဘယ်သူမှ လိုက်မလာကြဘူး.. '
ယန်ကျီဝမ်က မျက်ဖြူလှန်ပြလိုက်ပြီး..
" ဒီနေ့ တစ်ရက်ထဲ မပြီးသေးဘူး.. မနက်ဖြန်လည်း ငါးမျှား ထွက်မရတော့ဘူး.. "
" ဟ.. တစ်ရက်နားရမယ်ဆိုရင် အများကြီး နစ်နာတာပေါ့.. "
ယန်ဖူကွေ့ အလွန်စိုးရိမ်သွားသည် ။ တစ်ရက် ငါးမဖမ်းနိုင်လျှင် ငွေမည်မျှပင် နစ်နာသွားမည်နည်း ။
" သားတို့ ဘာမှ မတက်နိုင်ဘူးလေ.. အဖေ့ဘာသာ စကားကျွံတာကို ..ဝိုင်းရိုက်ခံရမှာ မကြောက်ရင်တော့ သွားပေါ့.. "
ယန်ကျီဝမ်က ပခုံးတွန့်၍ ပြောလိုက်၏ ။
" ဒါဆိုလည်း နောက်အပတ်မှ ထပ်လာကြတာပေါ့ကွာ.. "
ယန်ဖူကွေ့ လက်လျော့ရန်မှတစ်ပါး အခြားမရှိတော့ချေ ။
သို့ရာတွင် ယန်ကျီဝမ်သည် ယနေ့ လက်ဗလာဖြင့် ပြန်လာခဲ့သည် မဟုတ် ။ သူ ရက်ပေါင်းများစွာ အားထုတ်ကြိုးပမ်းပြီးနောက် ငါးမျှားအဆင့် ၃ သို့ ရောက်ရှိသွားလေပြီ ။
အဆင့် ၃ မှ အဆင့် ၄ သို့ တက်ရန်က အတွေ့အကြုံရမှတ် ၁၀၀၀ အထိ ရောက်ရှိသွားသည် ။
နောက်လဝက်ခန့် ကြိုးစားရမည်ဖြစ်ပြီး မဟုတ်လျှင်တော့ အဆင့်တက်ရန် မေ့ထားနိုင်သည် ။
ငါးမျှား အဆင့်တက်လာသောကြောင့် စနစ်မှပေးသော ဆုလဒ်ကို ရလိုက်၏ ။
ရမှတ်စတိုးတွင် ပစ္စည်းအရေအတွက် တိုးလာသည့်အပြင် စွမ်းရည် ဆုလဒ် မာစတာစားဖိုမှူး ကို ရခဲ့သည် ။
ဤသည်က ယန်ကျီဝမ်အတွက် သိပ်မဆိုးပေ ။ လက်ခံနိုင်လေသည် ။
ယခင်က ယန်ကျီဝမ်၏ ဟင်းချက်စွမ်းရည်သည် သာမန်သာ ဖြစ်ခဲ့သော်လည်း ဆုလဒ်ရပြီးနောက် ဟင်းချက်နည်းများစွာ တက်မြောက်ပြီးသား ဖြစ်သွား၏ ။
သာမန်လူတစ်ယောက်အဖြစ်မှ ထိပ်တန်းစားဖိုမှူး အဖြစ် နေ့ချင်းညချင်း ပြောင်းလဲလာခဲ့သည် ။
မှန်ပေသည် ။ ယန်ကျီဝမ်သည် စားဖိုမှူး လုပ်ရန် စိတ်မဝင်စားပေ ။ သူ စားချင်သည်များကို ချက်စားရန် အတွက်သာ အသုံးဝင်သည် ။
ထို့ကြောင့် လက်ခံနိုင်သည် ဟုသာ သုံးခြင်းဖြစ်သည် ။
ရမှတ်စတိုးအား အဆင့်မြှင့်ပြီးနောက် ယန်ကျီဝမ် လိုအပ်သော အရာအချို့ ပါလာခဲ့သည် ။
အရေးအကြီးဆုံးက နာရီပင် ။
နာရီအား လဲလှယ်ရမည့် ရမှတ် စစ်ဆေးကြည့်ရာ ၂၀ သာ ရှိသည် ။ စျေးနှုန်းက မဆိုးလှချေ ။
သူ နာရီလိုချင်နေသည်မှာ ကြာလှပြီ ဖြစ်၍ အိမ်သို့ ပြန်ရောက်သည်နှင့် အချိန်ကောင်းရှာရန် ကြိုးပမ်းရပေမည် ။
သားအဖနှစ်ယောက် သမဝါယမ စတိုးသို့ ငါးသွားရောင်းရာ ယွမ် ၂၀ ကျော်ကျော် ရလိုက်သည် ။
ယန်ကျီဝမ်အား ယန်ဖူကွေ့အား ဆယ်ယွမ်တန် အမည်းရောင် အရွက်ကြီး ပေးလိုက်ရာ ယန်ဖူကွေ့၏ နှုတ်ခမ်းက နားရွက်သို့ တက်ချိတ်မတက် ပြုံးသွား၏ ။
တခြားတစ်ယောက်နှင့်သာဆိုလျှင် တစ်မောင်း ချင်းစီ တွက်ချက်၍ ခွဲယူရန် ကြိုးစားမိမည် ဖြစ်သော်လည်း ယန်ကျီဝမ်က သူ့သားဖြစ်နေသည့်အပြင် ငါးစာ ပိုင်ရှင် လည်း ဖြစ်နေ၍ ဘာမှ မပြောတော့ပေ ။
အိမ်အပြန်လမ်းတွင်....
ယန်ဖူကွေ့က နောင်တရစွာဖြင့်...
" နှမြောစရာ ကြီးကွာ.. ငါတို့ သံမဏိစက်ရုံကို သွားရောင်းရင် ပိုရမှာ သေချာတယ်.. ဒါပေမဲ့ ရှာကျူးနဲ့ ရန်ဖြစ်ထားတော့ ငါတို့ ငါးတွေကို ဝယ်မှာ မဟုတ်ဘူး... "
ပုံမှန်အားဖြင့် ယန်ဖူကွေ့ ငါးများများ ဖမ်းမိလျှင် သံမဏိစက်ရုံသို့ သွားရောင်းလေ့ရှိ၏ ။ ရှာကျူးက ခေါင်းဆောင် စားဖိုမှူး ဖြစ်၍ ပိုပိုသာသာ တွက်ပေးလေ့ရှိသည် ။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ် က ယန်ကျီဝမ်သည် ရှာကျူးအား ရိုက်နှက်ထား၍ ယခု သွားရောင်းလျှင် ရိုက်မလွှတ်သည်က ကံကောင်းပင် ။
ယန်ကျီဝမ်က စပ်စုစွာ မေး၏ ။
" ရှာကျူး ဆီမသွားဘဲ စက်ရုံ အဝယ်ဌာနကို သွားလို့ မရဘူးလား.. "
" အဲ့လိုကြောင့် မဟုတ်ဘူးဟ.. "
ယန်ဖူကွေ့က အမှန်အတိုင်း ဖြေလိုက်သည် ။
" ရှာကျူး ကိုယ်တိုင်ဝယ်ရင် ငါးသေးသေးလေးတွေလဲ ယူတယ်ဟ.. "
ယန်ကျီဝမ်က အထင်သေးစွာဖြင့်...
" သားဆို ငါးသေးသေးလေးတွေမိရင် ပြန်လွှတ်ပေးလိုက်တာ.. "
" သေးလည်း ပိုက်ဆံပဲဟ.. "
ယန်ဖူကွေ့ မျက်မှောင် ကြုတ်လိုက်သော်လည်း ယန်လောင်အာ၏ စွမ်းရည်ကို တွေးမိလျှင် ထပ်မငြင်းတော့ချေ ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" အဖေ အဲ့အကြောင်းတွေ မပြောနဲ့တော့.. ဒီနေ့ အရက်ကူပွန် လဲလာခဲ့တယ်.. ခဏနေရင် အရက်တစ်လုံးလောက် သွားဆွဲရအောင်.. ဒီနေ့ည သားကိုယ်တိုင် ငါးစွပ်ပြုတ် ချက်ကျွေးမယ်.. "
မာစတာ အဆင့် ဟင်းချက်စွမ်းရည် ရထားသဖြင့် ယန်ကျီဝမ် လက်ယားနေလေ၏ ။
" အရင်တစ်ခါက စွပ်ပြုတ်မျိုးလား.. "
ယန်ကျီဝမ် ခေါင်းညိတ်ပြီးနောက် ယန်ဖူကွေ့က...
" အရသာ ရှိပေမဲ့ ဆီအရမ်းသုံးရတယ်ဟ.. မင်းအမေက ခွင့်ပြုမယ် မထင်ဘူး.. "
" ရပါတယ်.. ဒီနေ့ည ခိုစျေး ( မှောင်ခိုစျေး) ကိုသွားပြီး အစားအစာကူပွန်နဲ့ ဆီကူပွန် သွားရှာလိုက်မယ်.. "
ယနေ့ခေတ်တွင် အရာအားလုံးအတွက် ကူပွန်လိုအပ်၏ ။ ဤသည်က ဒုက္ခများလှသည် ။
ဆီကူပွန်ဖြင့် ပဲပုပ်ဆီ သို့မဟုတ် မုန်ညင်းစေ့ဆီကို လဲလှယ်နိုင်သည် ။
ဝက်ဆီသည်တော့ ။ ယန်ကျီဝမ် အလွန်ကြိုက်ပေသည် ။
အရင်အခေါက် ယန်ကျီဝမ် က ရန်ရွေ့ဟွား နှစ်သစ်ကူးအတွက် သိမ်းထားသော ဝက်ဆီများကို ယူသုံးခဲ့သည် ။
" ယုံဟဲ တံတားနားကဟာလား.. "
ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည် ။
" မင်းသွားလို့ ရပေမဲ့ သတိတော့ ထားရမယ်နော်.. အရပ်ဝတ် ရဲတွေကို သတိထားအုံး .. ငါလိုက်ခဲ့ရမလား.. "
ယန်ဖူကွေ့က သတိပေးလိုက်၏ ။
" ရပါတယ်.. သားက မြန်တယ်လေ.. ကိုယ့်ဘာသာပဲ သွားမယ်.. "
နောက်နှစ် ငတ်မွတ်ဘေး စတင်သည်နှင့် ခိုစျေးများ၏ ကန့်သတ်ချက်ကို တင်းကြပ်တော့မည် မဟုတ်ချေ ။
ခိုစျေးသာ မရှိပါက ပေကျင်းရှိလူ အများအပြား ငတ်သေကျပေလိမ့်မည် ။
ထို့ကြောင့် အာဏာပိုင်များက ခိုစျေးများအား သိသာသိစေ မမြင်စေနှင့် ဟု သဘောထားကြ၏ ။
စကားပြောရင်းဖြင့် သားအဖနှစ်ယောက် ခြံဝင်းသို့ ပြန်ရောက်လာကြသည် ။
သက်လတ်ပိုင်းအရွယ် အဒေါ်ကြီးများနှင့် ထိုင်၍ အတင်းတုပ်နေသော ရန်ရွေ့ဟွားက ယန်သားအဖအား မြင်လျှင် အမြန်ထလာပြီး...
" ရှင်တို့သားအဖ တစ်နေကုန် ငါးမျှားမယ်ဆို ဘာလို့ အစောကြီး ပြန်လာတာလဲ.. "
မနက်တုန်းက ယန်ဖူကွေ့သည် တစ်နေကုန် ငါးထိုင်မျှားမည်ဟုဆိုကာ ပြောင်းဖူးပေါင်းများပင် အိတ်ထဲသို့ ထည့်သွား၏ ။
" အိမ်ပြန်ရောက်မှ ဒီအကြောင်း ပြောကြတာပေါ့.. "
အိမ်ထဲ သို့ ရောက်လာကြသည် ။
ထိုအခါမှ ယန်ဖူကွေ့က ရယ်လိုက်ပြီး..
" အဘွားကြီး.. ဒီနေ့ ငါတို့ ဘယ်လောက်ရလာလဲ မှန်းကြည့်စမ်း.."
" ဘယ်လောက်လဲ နှစ်ယွမ်လား .."
ရန်ရွေ့ဟွားက မေးလိုက်သည် ။ သူမ လျော့ပြောလိုက်ချင်သော်လည်း ဒုတိယသားပါ ပါနေ၍ ပိုပြီး ခန့်မှန်းလိုက်ခြင်းပင် ။
ဒုတိယသား၏ နေ့စဥ် ဝင်ငွေကို သူမ မသိသော်လည်း အတော်များမည်ကိုတော့ သူမ ခန့်မှန်းမိလေသည် ။
သို့မဟုတ်လျှင် နေ့တိုင်း ကောင်းသောအရာများ ပြန်ယူလာနိုင်မည် မဟုတ်ချေ ။ ယနေ့ မနက် မနက်စာ ဟင်းလျာ စာရင်းတွင် ပါဝင်ခဲ့သော ပေါက်စီ ( မန်ထို) ပင်လျှင် ဒုတိယသား ယူလာသော မုန့်ညက်ဖြူ ( ဂျုံဖြူ.. ) ဖြင့် လုပ်ထားခြင်း ဖြစ်သည် ။