← Chapters

အခန်း ၁၁၀၂

Vol. 106 Ch. 1102

အခန်း ၁၁၀၂

Vol. 106 Ch. 1102

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အဘယ်ကြောင့် အသက်ရှင်နေသေးသည်နည်း။ စိတ်ဝိညာဉ်ထဲသို့ သေလောက်သည့် စွမ်းအင်များ ထိုးသွင်းခံလိုက်ရသည့်တိုင် အသက်ရှင်နေသေးသည်လား။

ထို့အပြင် ထိုအကောင်၏ ရုပ်အလောင်းမှာ စွမ်းအင် ပြန်လည်အသုံးချရေး ဗဟိုဌာန၏ အလုံးစုံ ဖျက်ဆီးမှုကိုပင် ခံလိုက်ရပြီ မဟုတ်လော။ ထိုသို့ဆိုလျှင် မည်သို့ အသက်ရှင်နေနိုင်မည်နည်း။

သို့သော်လည်း အသက်ရှင်နေသေးရုံသာမက စွမ်းအားများကပါ အဆမတန် ပိုမို ကြီးမားလာပြီ ဖြစ်သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။

နတ်ဘုရားမျိုးနွယ် ပိရမစ်ကြီး၏ စွမ်းအင် ပြန်လည်အသုံးချရေး ဗဟိုဌာနက သောင်းနှင့်ချီသည့် အလောင်းများကို အငွေ့ပျံ ဖျက်ဆီးခဲ့ပြီးနောက် ထိုစွမ်းအင်များကို သေးငယ်လှသည့် တြိဂံပုံစံ စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ် ဖိသိပ်စုစည်းခဲ့သည်။

မျက်လုံးများ ပွင့်လာချိန်၌ တုပိုင်သည် ထိုကျောက်သလင်းထဲရှိ စွမ်းအင်များအားလုံးကို အလိုအလျောက် အမွေဆက်ခံ ရရှိသွားလိုက်ခြင်းပင်။

ဤသည်ကပင် သူ အသစ်ရရှိလာသော အလွန်တရာ ကြီးမားလှသည့် စွမ်းအားများ၏ အရင်းအမြစ်ပင် ဖြစ်နေသည်။

ထိုသို့ဆိုလျှင် ဤအရာက သူ၏ ရှေ့၌ ရပ်နေသည့် နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးထက် ပို၍ အစွမ်းထက်သွားစေမည်လော။

သေချာပေါက် မဟုတ်ပေ။ လုံးဝကို မဖြစ်နိုင်ချေ။

သူနှင့် ဤနတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးကြားရှိ ကွာဟချက်မှာ စွမ်းအင် ပမာဏသာမက စွမ်းအင်၏ အဆင့်အတန်းပင် ဖြစ်နေ၏။

သူသည် နတ်ဘုရားတစ်ပိုင်း သောင်းနှင့်ချီ၏ စွမ်းအားများကို ဝါးမျိုထားပြီး အစစ်အမှန် နတ်ဘုရားများ၏ နယ်ပယ်နှင့် အဆုံးအစမဲ့ နီးကပ်နေသည့်တိုင်အောင် ထိုအရာက သူ ဘယ်သောအခါမှ ဖြတ်ကျော်နိုင်မည် မဟုတ်သည့် အတားအဆီးတစ်ခု ဖြစ်နေဆဲပင်။

နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးက သူ မည်သို့ အသက်ရှင်နေသည်နည်းကို မမေးချေ။ သူမက အနည်းငယ် အံ့အားသင့်သွားသည့်ပုံသာ ပေါ်နေ၏။

တုပိုင်က ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ မေးလိုက်သည်။ "အရှင်မ... ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ။"

နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးက ပြန်ဖြေလိုက်၏။ သူမ၏ လေသံမှာ မောက်မာနေဆဲပင်။ "အရေးမကြီးပါဘူး။ ငါ့ကို ဆိုဖီယာလို့ ခေါ်နိုင်တယ်။"

ရုတ်တရက် တုပိုင်က သူမ၏ ခါးဆီသို့ နှုတ်ခမ်းကို ဖိကပ်လိုက်၏။ အတိအကျ ဆိုရလျှင် သူမ၏ အထိခိုက်မခံနိုင်ဆုံး အရေပြားဆီသို့ပင် ဖြစ်သည်။

ဆိုဖီယာက တုပိုင်၏ ခေါင်းပေါ်သို့ သူမ၏ လက်ဝါးကို ချက်ချင်း တင်လိုက်ပြီး လက်တစ်ချက်တည်းဖြင့် သူ့ကို ဖျက်ဆီးပစ်ရန် အသင့်ပြင်လိုက်၏။ သို့သော် သူမ တုံ့ဆိုင်းသွားသည်။

သူမအမြင်၌ တုပိုင်မှာ မျောက်ဝံတစ်ကောင်မျှသာ ဖြစ်ပြီး ခေတ်သစ်လူသားများက ဂူအောင်းလူရိုင်းများကို ကြည့်သည့် အမြင်မျိုးနှင့် များစွာ တူညီနေသည်။ အတိုချုပ်ပြောရလျှင် သူသည် တိရိစ္ဆာန်တစ်ကောင်မျှသာ ဖြစ်၏။

ကြီးမားလှသည့် ချမ်းသာကြွယ်ဝမှုရှိသည့် အမျိုးသမီးတစ်ယောက်က တိရိစ္ဆာန်တစ်ကောင်အပေါ် ချစ်ခင်ကြင်နာမှု ပြသပါမည်လော။ မျောက်ဝံလူသားတစ်ယောက်နှင့် ရင်းနှီးမှု ယူပါမည်လော။

သာမန်အမျိုးသမီးတစ်ယောက်ဆိုလျှင် အထိအတွေ့လေး တစ်ခုဖြင့်ပင် ရွံရှာသွားပေလိမ့်မည်။ သို့သော် ပိရမစ်၏ အမြင့်ဆုံး အထွတ်အထိပ်၌ ရှိနေသော အမျိုးသမီးများအတွက်မူ ကွာခြားလှ၏။

ပုံမှန် ပျော်ရွှင်မှုတိုင်းကို ခံစားပြီးသွားသောအခါ သူတို့၏ စိတ်နှင့် ခန္ဓာကိုယ်များမှာ အလွန်အမင်း ဗလာကျင်းနေသည့် အခြေအနေတစ်ခု၌ ကျန်ရစ်နေခဲ့ပြီး အသစ်အဆန်းဖြစ်ကာ တားမြစ်ထားသည့် မည်သည့် လှုံ့ဆော်မှုကိုမဆို တောင့်တနေကြသည်။

လေကြောင်းအင်ဂျင်နီယာနှင့် မြင်းတို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အမှုကဲ့သို့ လူ့အသိုင်းအဝိုင်း၏ အထက်တန်းလွှာများထံမှ တုန်လှုပ်ဖွယ်ရာ အရှုပ်တော်ပုံများ မကြာခဏ ထွက်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ဤသည်ပင် ဖြစ်၏။

ဆိုဖီယာသည်လည်း ထိုကဲ့သို့သော နာကျင်ဖွယ်ကောင်းသည့် ဗလာကျင်းမှုမျိုးကို တိကျစွာ ခံစားနေရခြင်းပင်။

ထို့ကြောင့် တူပိုင်ကို သာမန်တိရစ္ဆာန်တစ်ကောင်အဖြစ်သာ မြင်သည့်တိုင် သူမက မငြင်းဆန်ချေ။

ထို့နောက်... အရာအားလုံးက သဘာဝတရားအတိုင်း ဖြစ်ပေါ်လာသည်။ တုပိုင်က ထိုအမျိုးသမီးကို အပြည့်အဝ ပျော်ရွှင်စွာ ခံစားလိုက်၏။ ပိုမိုမှန်ကန်စွာ ပြောရလျှင် သူမကို ပြုစုပေးရန် သူ၏ စွမ်းအားအကုန်သုံး၍ အရာအားလုံးကို လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး၌... သူ၏ သက်စောင့်စွမ်းအင် တစ်ဝက်ကို အကုန်ခံပြီးနောက် ဆိုဖီယာသည် သာယာမှု၏ အမြင့်ဆုံး အထွတ်အထိပ်ဆီသို့ ရောက်ရှိသွားလေတော့သည်။

နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်၏ အာရုံကြောစနစ်မှာ သူတို့၏ ရှည်လျားလှသော ဘဝသက်တမ်းတစ်လျှောက် အကြိမ်ကြိမ် လှုံ့ဆော်ခံခဲ့ရသောကြောင့် လက်တွေ့တွင် ထုံထိုင်းနေပြီ ဖြစ်၏။

တုပိုင် တစ်ခါမျှ ဤမျှ မပင်ပန်းခဲ့ဖူးချေ။ နတ်ဘုရားတစ်ပိုင်း သောင်းနှင့်ချီ၏ စွမ်းအင်များကို ပိုင်ဆိုင်ထားသည့်တိုင် ဤအားထုတ်မှုက သူ့ကို သေလုနီးပါး ဖြစ်သွားစေသည်။

သာမန်လူသားများအတွက် အသေးစား လျှပ်စစ်စီးကြောင်းလေး တစ်ခုကပင် တုန်ယင်သွားစေနိုင်သည်။ သို့သော် နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်အတွက်မူ သာယာမှုကို ခံစားရစေရန် သူတို့၏ အာရုံကြောများအတွင်း နျူကလီးယားဗုံး တစ်လုံး ဖောက်ခွဲရန် လက်တွေ့အားဖြင့် လိုအပ်နေ၏။

**--**--**--**--**--**--**--**

ခွန်အား အနည်းငယ် ပြန်လည်ရရှိလာသည်နှင့် တုပိုင်က ဆိုဖီယာ၏ ကျောပြင်ကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် သူ အေးခဲသွား၏။

ဆိုဖီယာက လက်ကို ဝှေ့ယမ်းလိုက်ရာ အတုအယောင် ကမ်းခြေနှင့် ပင်လယ်ပြင်တို့ ချက်ချင်း ပျောက်ကွယ်သွားပြီး ဓာတ်ခွဲခန်း၏ အေးစက်သော လက်တွေ့ဘဝဆီသို့ သူတို့ကို ပြန်လည် ရောက်ရှိလာစေသည်။

ဆိုဖီယာက အေးစက်စွာ အမိန့်ပေးလိုက်၏။ "အဆင့်မြင့် စွမ်းအင် သတ်ဖြတ်ခြင်း ဝင်္ကပါကို ဖွင့်လိုက်။"

ချက်ချင်းဆိုသလိုပင် တုပိုင်၏ ဘေးပတ်လည်၌ ကြီးမားလှသည့် စွမ်းအင်ဝင်္ကပါကြီးတစ်ခု ထွက်ပေါ်လာ၏။

ဆိုဖီယာက ညွှန်ကြားလိုက်သည်။ "စမ်းသပ်ခံ အမှတ် ၄၉၆၈၉၉ ကို အလုံးစုံ ဗုံးကြဲပြီး ဖျက်ဆီးပစ်။ စွမ်းအင် ဘာတစ်ခုမှ ချန်မထားနဲ့။ ပြီးတော့ စွမ်းအင် ပြန်လည်အသုံးချရေး လုပ်ငန်းစဉ်ကို ကျော်ဖြတ်လိုက်။"

သတ်ဖြတ်ခြင်း ဝင်္ကပါ၏ ဉာဏ်ရည်တုက တုံ့ပြန်လိုက်၏။ "အမိန့်ကို လက်ခံရရှိပါပြီ။ ဒီကွပ်မျက်မှုကို မှတ်တမ်းတင်ထားချင်ပါသလား။"

ဆိုဖီယာက ပြတ်သားစွာ ပြောလိုက်သည်။ "ပုံမှန် စမ်းသပ်မှု ကျရှုံးခြင်းအဖြစ်ပဲ မှတ်တမ်းတင်လိုက်။"

ဉာဏ်ရည်တုက တုံ့ပြန်လိုက်၏။ "နားလည်ပါပြီ။"

ဧရာမ စွမ်းအင်ဝင်္ကပါကြီးက စတင်စုစည်းလာ၏။ အကြွင်းမဲ့ အကန့်အသတ်ဆီသို့ ရောက်ရှိသွားသည်နှင့် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် လုံးဝ ဖျောက်ဖျက်ခံလိုက်ရပြန်သည်။ မည်သည့်အရာမျှ ကျန်မနေခဲ့ချေ။ သူ၏ စွမ်းအင်အမှုန်လေးများမှာ လုံးဝ ပြန့်ကျဲကာ အရည်ပျော်သွားလေပြီ။

ယောက်ျားများက ရက်စက်နိုင်ကြသည်ဟု ဆိုကြသော်လည်း သူတို့သည် ဆိုဖီယာနှင့် ယှဉ်လျှင် မည်သည့်အရာမျှ မဟုတ်ချေ။ သူမသည် အမှန်တကယ်ပင် စံပြ နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးတစ်ယောက် ဖြစ်၏။

သူ့ကို ကွပ်မျက်ပြီးနောက် ဆိုဖီယာက ပင်လယ်ပြင် အတုအယောင်ကို ပြန်လည် ဖန်တီးလိုက်သည်။ သူမသည် ရေထဲသို့ အလျင်စလို ပြေးဝင်သွားပြီး ပျို့အန်လိုက်၏။ သူမ အနေဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မည်သည့်အရာကိုမျှ အန်မထွက်နိုင်သော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ရွံရှာမှုများကို ပြင်းထန်စွာ အန်ထုတ်နေနိုင်သည်။

အစောမှ ဗလာကျင်းမှု၏ ဝါးမျိုခြင်းကို ခံလိုက်ရချိန်၌ သူမသည် တန်ဖိုးမရှိသည့် သာယာမှုများကို ရှာဖွေကာ တုပိုင်အပေါ် နစ်မြောခဲ့၏။ သို့သော် ခံစားမှုများ လျော့ကျသွားပြီး သူမ၏ ဆင်ခြင်တုံတရားများ ပြန်လည်ဝင်ရောက်လာသောအခါ၌မူ နက်ရှိုင်းလှသည့် ရွံရှာမှုကြီးက သူမကို လွှမ်းမိုးသွားတော့သည်။

သူမ၏ မျက်လုံးထဲ၌ တုပိုင်မှာ တန်းတူတစ်ယောက် မဟုတ်ဘဲ ညစ်ပတ်ပြီး အဆင့်နိမ့်သည့် သတ္တဝါတစ်ကောင်သာ ဖြစ်၏။ သူမ၏ ကိလေသာများ ဆုတ်ခွာသွားသည်နှင့် လုံးဝ စိတ်ပျက်ရွံရှာမှုကိုသာ ခံစားနေရတော့သည်။

ထို့ကြောင့် တုပိုင်ကို သတ်ပစ်လိုက်ပြီး သူမဘာသာ လာရောက် ပျို့အန်နေခြင်းပင်။ ဤသည်မှာ တုပိုင် ခံစားခဲ့ရဖူးသမျှ အရှက်ရစရာအကောင်းဆုံးသော အထင်အမြင်သေးမှုမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဆက်လက်၍ သူမအနေဖြင့် ဤမှတ်ဉာဏ်ကို သူမ၏ စိတ်ထဲမှ လုံးဝ ဖယ်ရှားပစ်ရန် လိုအပ်နေ၏။ သို့မဟုတ်ပါက အရာကို ပြန်လည်မှတ်မိနေခြင်းက ပို၍ ရွံရှာမှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်။

သို့သော် မှတ်ဉာဏ်ကို ဖျက်ပစ်ရန် သူမ အချိန်မရလိုက်မီမှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်အမှုန်လေးများက နောက်တစ်ကြိမ် စတင် စုစည်းလာပြန်သည်။ ပထမဆုံးအနေဖြင့် အလင်းရောင် အရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာ သက်ရှိတစ်ခုအဖြစ် အလျင်အမြန် ခိုင်မာလာ၏။

စမ်းသပ်ခံ အမှတ် ၄၉၆၈၉၉ သည် ထပ်မံ အသက်ရှင်လာပြန်လေပြီ။ တုပိုင် ပြန်ရောက်လာလေပြီ။ ယခုတစ်ကြိမ်၌မူ သူမ၏ တုန်လှုပ်မှုက ရွံရှာမှုကို ယာယီ ဖုံးကွယ်သွားစေသည်။

ထပ်မံ၍ မည်သို့ အသက်ရှင်လာရသနည်း။ ဤအရာက လုံးဝ မဖြစ်နိုင်ချေ။ သူ့အား သုံးကြိမ်တိုင်တိုင် သတ်ပစ်ခဲ့ပြီးဖြစ်ရာ သူ မည်သို့ ဆက်လက် အသက်ရှင်နေနိုင်ရသနည်း။

သူတို့သည် နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်ကြပြီး တုပိုင်လို သာမန် စမ်းသပ်ခံတစ်ယောက်ကို သတ်ပစ်ခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေလိုက်သကဲ့သို့ လွယ်ကူနေသင့်သည်။ သူ အဘယ်ကြောင့် သေမသွားရသနည်း။

ဆိုဖီယာက ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်၏။ "အရှင်မ... ကျေးဇူးပြုပြီး ဓာတ်ခွဲခန်းကို လာခဲ့ပါ။ ပြဿနာတစ်ခု ရှိနေတယ်။ စမ်းသပ်ခံ အမှတ် ၄၉၆၈၉၉ ကို ဖယ်ရှားပစ်လို့ မရဘူးဖြစ်နေတယ်။"

**--**--**--**--**--**--**--**

မကြာမီမှာပင် ဒါဇင်နှင့်ချီသော သိပ္ပံပညာရှင်များက တုပိုင်ကို ဝိုင်းရံလာကြတော့သည်။

သူတို့က တုပိုင်ကို အကြိမ်တစ်ရာကျော်တိုင်အောင် ဆက်လက် သတ်ဖြတ်ခဲ့ကြသော်လည်း သူသည် မျက်နှာထက်၌ ဒေါသထွက်ဖွယ်ကောင်းလှသည့် ထူးဆန်းသည့် အပြုံးတစ်ခုကို တပ်ဆင်ထားလျက် ဆက်လက် အသက်ရှင်လာဆဲပင်။

ဤသည်မှာ ကပ်ဘေးဆိုက်စေမည့် မူမမှန်မှုတစ်ခုပင်။ သူတို့ အကြောင်းရင်းကို ရှာဖွေရမည် ဖြစ်ပြီး သို့မဟုတ်ပါက ပြင်းထန်သော အကျိုးဆက်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ နတ်ဘုရားမျိုးနွယ်ဝင်များက အခြေအနေတိုင်းအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းကို လိုလားကြပြီး သူတို့ နားမလည်နိုင်သည့် မည်သည့် ပြောင်းလဲမှုကိုမဆို ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြ၏။

စွမ်းအင်စက်ရုပ်တစ်ခုက ရုတ်တရက် ကြေညာလိုက်၏။ "အကြောင်းရင်းကို ရှာတွေ့ပါပြီ။ စမ်းသပ်ခံ တုပိုင် မသေဆုံးနိုင်တဲ့ အကြောင်းရင်းက စိတ်ဝိညာဉ် ချိတ်ဆက်မှုကြောင့်ပါ။ သူနဲ့ နဂါးမျိုးနွယ်ဝင် အမျိုးသမီးတစ်ယောက်က သူတို့ရဲ့ စိတ်နဲ့ စွမ်းအင်တွေကို ပေါင်းစည်းထားပြီး သက်စောင့်စွမ်းအင်နဲ့ အသိစိတ်တစ်ခုတည်းကို ထိရောက်စွာ မျှဝေသုံးစွဲနေကြတာပါ။ ဒါ့အပြင် စမ်းသပ်ခံက ကျွန်တော်တို့ရဲ့ ကွန်ရက်တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ပုံပါပဲ။ သူက ဒီတိကျတဲ့ ဖိုင်ကို တမင်တကာ ဖျက်ပစ်ခဲ့တာပါ။ ကျွန်တော်တို့ အခုလေးတင် အဲဒါကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒီနဂါးအမျိုးသမီးက ကမ္ဘာမြေ ဟင်းလင်းပြင်ခွဲကနေ စောစောစီးစီး ထွက်ခွာသွားခဲ့ပြီး လက်ရှိမှာ ကြယ်သုံးပွင့် ဒေသဆီကို ဦးတည်နေပါတယ်။"

သိပ္ပံပညာရှင်တစ်ယောက်က ကောက်ချက်ချလိုက်သည်။ "ကမ္ဘာပျက်ခေါင်းလောင်းသံ မြည်လာချိန်မှာ ဒီအမျိုးသမီးက သိပ်အဝေးကြီးကို ရောက်နိုင်မှာ မဟုတ်ဘူး။ နေအဖွဲ့အစည်းကနေ မထွက်ခွာသေးသရွေ့ သူက ခေါင်းလောင်းရဲ့ သက်ရောက်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူ သေကိုသေနေရမယ်။"

ဆိုဖီယာ သဘောပေါက်သွားကာ ပြောလိုက်၏။ "သူက စမ်းသပ်ခံ တုပိုင်နဲ့ စွမ်းအင်အရ ချိတ်ဆက်ထားလို့ပဲ။ နဂါးအမျိုးသမီးက ကမ္ဘာပျက်ခေါင်းလောင်းသံကြောင့် သေဆုံးသွားခဲ့ပေမဲ့ တုပိုင်က အသက်ရှင်နေသေးတဲ့အတွက် သူက ပြန်လည် အသက်ရှင်လာလိမ့်မယ်။ ဒီတိရိစ္ဆာန် နှစ်ကောင်ထဲက တစ်ကောင်က အသက်ရှင်နေသရွေ့ အခြားတစ်ကောင်က သေဆုံးနိုင်မှာ မဟုတ်ဘူး။ ဒါက ကျွန်မတို့ရဲ့ စွမ်းအင် တည်မြဲမှု နိယာမတွေနဲ့ လုံးဝကို ကိုက်ညီနေတယ်။"

အရပ်ပုပု အစိမ်းရောင်အသားအရေနှင့် နတ်ဘုရားမျိုးနွယ်ဝင်က ဝင်ပြောလိုက်သည်။ "ဆိုဖီယာ... နဂါးအမျိုးသမီးကို လိုက်ရှာဖို့ အာကာသထဲကို ကိုယ်ပွားတစ်ခု လွှတ်လိုက်။ ငါတို့ စမ်းသပ်ခံ တုပိုင်နဲ့ စမ်းသပ်ခံ မိုဟန်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကွပ်မျက်ရမယ်။ ဒါက သူတို့နှစ်ယောက်လုံး ထာဝရ သေဆုံးသွားစေဖို့ သေချာစေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ။"

ဆိုဖီယာက ပြန်ဖြေလိုက်၏။ "နားလည်ပါပြီ။"

ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားပြီး တစ်ထပ်တည်းတူညီသော ဆိုဖီယာနှစ်ယောက်အဖြစ်သို့ ကွဲထွက်သွား၏။ သူမက ဟင်းလင်းပြင် တံခါးပေါက်တစ်ခုကို ဖန်တီးရန်ပင် မလိုအပ်ဘဲ သူမ၏ ကိုယ်ပွားမှာ ဓာတ်ခွဲခန်းထဲမှ ရိုးရှင်းစွာ ပျောက်ကွယ်သွားပြီး နေအဖွဲ့အစည်း၏ အစွန်အဖျား၌ ပြန်လည် ပေါ်လာသည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် မိုဟန် ကမ္ဘာမြေ ဟင်းလင်းပြင်ခွဲမှ ထွက်ပြေးလာခဲ့သည်မှာ နာရီ ခုနစ်ဆယ် ကြာမြင့်သွားခဲ့လေပြီ။

သူမက ကီလိုမီတာ ဘီလီယံ ၇၀ ကျော်ကို ဖြတ်သန်းသွားလာခဲ့၏။ အံ့သြတုန်လှုပ်ဖွယ်ရာ အကွာအဝေးတစ်ခု မဟုတ်ပါလော။ ဤသည်မှာ နက်ရှိုင်းလှသော အာကာသဟင်းလင်းပြင်၏ ကျယ်ပြောမှုဖြစ်ပြီး နေမင်းကြီးမှာ မှေးမှိန်ကာ သေးငယ်သော ကြယ်လေးတစ်ပွင့်မျှသာ ဖြစ်နေလောက်အောင် အလွန်ဝေးကွာနေပြီ ဖြစ်သည်။

ထိုသို့တိုင်... သူမ နေအဖွဲ့အစည်း၏ ဆွဲငင်အားထဲမှ မလွတ်မြောက်နိုင်သေးချေ။

သူမ၏ ခရီးပန်းတိုင်ဖြစ်သည့် ကြယ်သုံးပွင့် ဒေသနှင့် သူမမှာ နာကျင်ဖွယ်ကောင်းလောက်အောင် ဝေးကွာနေဆဲဖြစ်ကာ စဉ်ဆက်မပြတ် ပျံသန်းမည်ဆိုလျှင်ပင် လေးနှစ်ကျော် ကြာမြင့်မည့် ခရီးစဉ်တစ်ခု ဖြစ်၏။ မိုဟန်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူမ၏ ပန်းတိုင်ဆီသို့ အသည်းအသန် ပြေးဝင်သွားလိုက်သည်။

ဘုန်း...။

ရုတ်တရက် သူမသည် မမြင်ရသော မှန်ချပ်တစ်ခုကဲ့သို့သော အရာတစ်ခုကို ခေါင်းနှင့် တည့်တည့် ဝင်ဆောင့်မိသွားပြီး သူမ၏ အရှိန်မှာ ချက်ချင်း ရပ်တန့်သွားတော့သည်။

မိုဟန်က လူသားပုံစံဆီသို့ ပြန်လည်ပြောင်းလဲကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘာလို့ ငါ့လမ်းကို လာပိတ်နေတာလဲ။ ခွေးကောင်းတစ်ကောင်က လမ်းပိတ်မရပ်ရဘူးဆိုတာ သိတယ်။"

သူမ၏ ရဲတင်းမှုကြောင့် ဆိုဖီယာ ခေတ္တမျှ အံ့အားသင့်သွား၏။ ထို့နောက် လုံးဝ အားစိုက်ထုတ်စရာမလိုဘဲ သူမက လက်လှမ်းကာ မိုဟန်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

ဆိုဖီယာက အေးစက်စွာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ "အဆင့်နိမ့်တဲ့ တိရိစ္ဆာန်... နင့်ရဲ့ အထီးကောင်နဲ့အတူ သွားသေလိုက်တော့။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters