← Chapters

အခန်း ၁၁၀၇

Vol. 106 Ch. 1107

အခန်း ၁၁၀၇

Vol. 106 Ch. 1107

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မည်သည့်သက်ရှိမဆို အနက်ရောင်တွင်းနက်ကြီးထဲ၌ သေချာပေါက် သေဆုံးသွားကြရမည်သာ။

နတ်ဘုရားမျိုးနွယ်သည်လည်း ချွင်းချက်မဟုတ်သလို တုပိုင်နှင့် မိုဟန်တို့သည်လည်း ချွင်းချက် မဟုတ်ချေ။

သို့သော်လည်း တုပိုင်နှင့် မိုဟန်တို့ အဘယ်ကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သည်ဆိုသည့် အကြောင်းရင်းမှာ လုံးဝကို လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ ပထမဦးစွာ တုပိုင်၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည့် အလင်းရောင်နှင့် အရိပ်များက တဖြည်းဖြည်း စတင်စုစည်းလာပြီးနောက် မိုဟန်၏ ခန္ဓာကိုယ်ကလည်း ဘေးကပ်လျက် ထွက်ပေါ်လာ၏။

တုပိုင်ကဲ့သို့ပင် မိုဟန်၏ စွမ်းအင်များကလည်း အသွင်ပြောင်းလဲသွားကာ သူမအား နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားမျိုးနွယ်တစ်ခု... စစ်မှန်သည့် နတ်ဘုရားအဆင့်ရှိ တည်ရှိမှုတစ်ခုအဖြစ်သို့ မြှင့်တင်ပေးလိုက်သည်။

**--**--**--**--**--**--**--**

အမည်ခံ နတ်ဘုရားတစ်ပိုင်းနှင့် စစ်မှန်သည့် နတ်ဘုရားအဆင့်ကြားရှိ အစစ်အမှန် ခြားနားချက်မှာ မည်သည့်အရာနည်း။ ထိုအရာမှာ အာကာသကို ခုန်ပျံကျော်လွှားနိုင်စွမ်းပင်။

မိစ္ဆာများနှင့် နဂါးများ၏ စွမ်းအားများကို ရရှိပြီးနောက် တုပိုင်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို အလင်းအမြန်နှုန်းနီးပါး ပျံသန်းနိုင်ရန် အမှတ်တစ်မှတ်တည်းအဖြစ် ဖိသိပ်ပစ်နိုင်ပြီး တူညီသည့် ဟင်းလင်းပြင်အတွင်း၌ ဟင်းလင်းပြင်တံခါးများဖွင့်ကာ အပြန်အလှန် ဖြတ်သန်းသွားလာနိုင်၏။

သို့သော် စကြဝဠာကို ဖြတ်ကျော်ကာ အစစ်အမှန် အာကာသ ခုန်ပျံကျော်လွှားခြင်း ပြုလုပ်ရန်မူ သူ့အတွက် မဖြစ်နိုင်ချေ။ ဝေးကွာလှသည့် ဂလက်ဆီတစ်ခုဆီသို့ ခရီးသွားရန်အတွက် နတ်ဘုရားတစ်ပိုင်းတစ်ဦး၌ လမ်းတစ်လျှောက်လုံး ပျံသန်းသွားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ ထို့အပြင် နတ်ဘုရားတစ်ပိုင်း စွမ်းအင်များကို မည်မျှပင် စုပ်ယူစေကာမူ လုံးဝ အသုံးမဝင်ချေ။ သူသည် နတ်ဘုရားအဆင့်သို့ ဘယ်သောအခါမျှ ထိုးဖောက်ကျော်လွန်နိုင်မည် မဟုတ်ပေ။

ယခင်က နတ်ဘုရားမျိုးနွယ် ပိရမစ်ကြီးအတွင်းရှိ စွန့်ပစ်စွမ်းအင် ပြန်လည်သန့်စင်ရေးဌာန၌ ထောင်သောင်းချီသည့် နတ်ဘုရားတစ်ပိုင်းအလောင်းများကို ပြာအဖြစ် ဖျက်ဆီးခဲ့ပြီးနောက် အသန့်စင်ဆုံး စွမ်းအင်အဖြစ် ပြောင်းလဲကာ လက်ချောင်းတစ်ချောင်းစာ အရွယ်အစားရှိ စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ် ဖိသိပ်ထားခဲ့ဖူးသည်။

ထိုအချိန်၌ တုပိုင်က နတ်ဘုရားတစ်ပိုင်း အလောင်း သုံးသောင်း၏ စွမ်းအင်များကို ဝါးမျိုခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းက နတ်ဘုရားတစ်ပိုင်းအဆင့်၌သာ ရပ်တန့်နေခဲ့၏။ နတ်ဘုရားမျိုးနွယ်များ၏ သီအိုရီအရ သူ ဘယ်တော့မှ အဆင့်တက်မည် မဟုတ်ချေ။ သူသည် နတ်ဘုရားတစ်ပိုင်း သန်းချီ သို့မဟုတ် သန်းရာချီ ဝါးမျိုခဲ့လျှင်ပင် ရလဒ်က အတိအကျ အတူတူပင် ဖြစ်နေပေလိမ့်မည်။

ဤသည်မှာ ကာဗွန်ဒြပ်စင်နှင့် များစွာ တူညီနေသည်။ သာမန် မီးသွေး သို့မဟုတ် ခဲကျောက်အဖြစ် တည်ရှိနိုင်၏။ လွန်ကဲလှသည့် အပူချိန်နှင့် ဖိအားအောက်၌ တောက်ပသော စိန်တစ်ပွင့် ဖြစ်လာနိုင်သည်။ သို့သော် မီးသွေးဖြစ်စေ ၊ ခဲကျောက်ဖြစ်စေ ၊ စိန်ဖြစ်စေ ကာဗွန်သာ ဖြစ်နေဆဲပင်။ အခြေခံအားဖြင့် ပြောင်းလဲ၍မရနိုင်ဟု ထင်ရပြီး အခြား ဒြပ်စင်တစ်ခုအဖြစ်သို့ ဘယ်သောအခါမျှ ပြောင်းလဲသွားနိုင်မည် မဟုတ်ချေ။

အလားတူပင် နတ်ဘုရားတစ်ပိုင်းတစ်ဦးက နတ်ဘုရားအဆင့်သို့ ဘယ်တော့မှ တက်လှမ်းနိုင်မည် မဟုတ်ဟု ထင်ရ၏။ သို့သော် အမှန်တရားမှာ ရိုးရှင်းစွာပင် ပြင်ပစွမ်းအားက မလုံလောက်သေးခြင်းသာ ဖြစ်သည်။

အကယ်၍ ဖိအားသာ မရေမတွက်နိုင်အောင် တိုးလာခဲ့လျှင် ပြီးပြည့်စုံသည့် အသွင်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုသို့သော အကြွင်းမဲ့ ဖိအားအောက်၌ အီလက်ထရွန်များ ဖိသိပ်ခံရရုံသာမက နျူကလိယပ်၏ အပြင်ဘက်အခွံကိုယ်တိုင်ကပင် ဖိချေခံရကာ ပရိုတွန်များနှင့် နျူထရွန်များ ပေါင်းစပ်သွားကြပေလိမ့်မည်။ ဤသည်မှာ နျူထရွန်ကြယ်များ၏ မူလအစပင် ဖြစ်၏။

ထိုသို့ဖြင့် ဒြပ်စင်တစ်ခု၏ မူလကို ပြောင်းလဲပစ်နိုင်သည်။

နဂါးများနှင့် မိစ္ဆာများ၏ စွမ်းအားကို အသုံးပြုပြီးနောက် တုပိုင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားချိန်က ခဲကျောက်မှ စိန်အဖြစ်သို့ အဆင့်မြှင့်တင်သွားခြင်းနှင့် တူညီ၏။ သို့သော် နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းမှာမူ ဒြပ်စင်တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ခြင်းနှင့် တူညီသည်။ သူသည် ကာဗွန် မဟုတ်တော့ချေ။

သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများစွာ၌ ဂြိုဟ်သားများက ကမ္ဘာမြေသားများကို အဆင့်နိမ့် ကာဗွန်အခြေခံ သက်ရှိများအဖြစ် မကြာခဏ လှောင်ပြောင်တတ်ကြသည်။ ပိရမစ်ကြီးအတွင်းရှိ နတ်ဘုရားမျိုးနွယ်များကလည်း အလားတူ သဘောတရားဖြင့် လည်ပတ်နေကြ၏။

သူတို့သည် ပုံသေ ရုပ်ပိုင်းဆိုင်ရာ မျိုးနွယ်တစ်ခုအဖြစ် ပါဝင်နေခြင်း မရှိတော့ပေ။ သူတို့ ဆန္ဒရှိသရွေ့ မည်သည့်မျိုးနွယ်အဖြစ်သို့မဆို စိတ်ကြိုက် အသွင်ပြောင်းနိုင်ကြသည်။

တုပိုင်ကို အနက်ရောင်တွင်းနက်ထဲသို့ ပစ်ချလိုက်ခြင်းက သူ၏ စွမ်းအင် အနှစ်သာရကို လုံးဝ မျိုးဗီဇပြောင်းလဲသွားစေရန် ပြိုင်ဘက်ကင်း ပြင်ပစွမ်းအားတစ်ခုကို အသုံးပြုလိုက်ခြင်းနှင့် တူညီနေသည်။ ထိုအရာက စိန်ဖြစ်နေသည့် တုပိုင်ကို လုံးဝ ကွဲပြားခြားနားသော အခြား ဒြပ်စင်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲပေးလိုက်ခြင်းပင်။

အခြားသော နတ်ဘုရားတစ်ပိုင်းများကို အနက်ရောင်တွင်းနက်ထဲသို့ ပစ်ချလိုက်လျှင် နတ်ဘုရားများအဖြစ်သို့ အသွင်ပြောင်းသွားမည်လား။

မဟုတ်ပေ။ သူတို့၏ စွမ်းအင် သဘာဝက သေချာပေါက် ပြောင်းလဲသွားမည် ဖြစ်သော်ငြား သူတို့မှာ ချက်ချင်း အသတ်ခံလိုက်ရမည် ဖြစ်၏။ သူတို့၏ စွမ်းအင်များကို ပြန်လည် စုစည်းကာ အသက်ပြန်ရှင်လာရန် ဘယ်သောအခါမျှ လုပ်နိုင်မည် မဟုတ်ချေ။

**--**--**--**--**--**--**--**

မိုဟန် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

တုပိုင်က သူမအား တစ်ချက်ကြည့်လိုက်သည်။ "မင်း ရုပ်ဆိုးသွားပြီ။"

တစ်နည်းအားဖြင့် သူပြောသည်က မှန်နေသည်။ ယခင်က မိုဟန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် နဂါးတစ်ကောင် ဖြစ်ခဲ့၏။ ဤအသွင်ပြောင်းလဲမှုအပြီး၌မူ သူမ၏ မူလပုံစံအဖြစ်သို့ လုံးဝ ပြန်လည် ရောက်ရှိသွားလေပြီ။ ပိုင်ဆယ်အိမ်တော်၌ တုပိုင် ပထမဆုံး တွေ့ဆုံခဲ့ဖူးသည့် သန့်စင်သော လူသားအမျိုးသမီးပုံစံပင်။

သူမက လှပသော်လည်း ပြားကပ်နေသော ရင်ဘတ်ဖြင့် လှဲလျောင်းနေပြီး ခေါင်းထဲဘာမှမရှိသည့် နဂါးမလေးနှင့် လုံးဝ မတူတော့ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမျိုးနွယ်အဖြစ်သို့ တက်လှမ်းပြီးနောက်၌ သူတို့၏ ရုပ်ဆင်းသွင်ပြင်မှာ သူတို့၏ အနက်ရှိုင်းဆုံး မသိစိတ် ဆန္ဒများကို ထင်ဟပ်စေရန် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ ထိုပုံစံက အရာဝတ္ထုရှုထောင့်အရ ပိုမိုလှပနေခြင်း မရှိလျှင်တောင်မှ သူတို့ အမှန်တကယ် ဖြစ်ချင်သည့် အရာတိုင်းအဖြစ်သို့ ပြောင်းလဲသွားကြခြင်းပင်။

မိုဟန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာဖြစ်သွားတာလဲ။"

တုပိုင်က သက်ပြင်းချလိုက်သည်။ "မင်း ပြန်ပြောင်းသွားပြီ။ မင်း နဂါးမလေးဖြစ်တုန်းက ဦးနှောက်သိပ်မရှိသလို ဖြစ်နေပေမဲ့ အနည်းဆုံးတော့ အပြစ်ကင်းတယ် ၊ ချစ်စရာကောင်းတယ် ၊ ပြီးတော့ ရိုးရိုးအအလေးနဲ့ သဘောကျစရာကောင်းတယ်။ ဒါပေမဲ့ အခုတော့... မင်းက တာ့နင်အင်ပါယာက ရင်ဘတ်ပြားပြားနဲ့ အမြင်ကပ်စရာကောင်းတဲ့ မိန်းမကြီးအဖြစ် ပြန်ပြောင်းသွားပြီ။"

မိုဟန်က တုပိုင်ကို အချိန်အတော်ကြာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

နဂါးတစ်ကောင် ဖြစ်လာပြီးနောက်၌ အမှန်တကယ်ပင် သူမ၏ ယခင် မှတ်ဉာဏ်များအားလုံး ဆုံးရှုံးသွားခဲ့ကာ မကြာသေးမီကမှ ပေါက်ဖွားလာသည့် နဂါးပေါက်စလေးလို ပြုမူနေခဲ့သည်။ ယခုမူ သူမ အရာအားလုံးကို ပြန်လည် မှတ်မိသွားလေပြီ။

လှပသည့် မျက်နှာလေးပေါ်၌ မပြတ်သားသော မျက်မှောင်ကြုတ်မှုတစ်ခု ရှိနေပြီး တစ်စုံတစ်ယောက်က သူမအား ငွေအများကြီး အကြွေးတင်နေသည့်အလား ပြုံးရန်ပင် မေ့လျော့နေပုံရသည်။

သူမက ရုတ်တရက် ရှေ့သို့တိုးလာကာ တုပိုင်၏ နှုတ်ခမ်းကို လျင်မြန်စွာ နမ်းရှိုက်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ ကံကောင်းထောက်မစွာပင် ရင်းနှီးကျွမ်းဝင်နေသည့် ထိုကျောချမ်းဖွယ် ဓာတ်လိုက်သွားသလို ခံစားချက်လေးက သူတို့ကြား၌ ရှိနေဆဲပင်။

မိုဟန်က ရက်စက်ကြမ်းကြုတ်သော အသံဖြင့် အေးစက်စက် ပြောလိုက်သည်။ "တုပိုင်... ခွေးမ ဆိုဖီယာကို သွားသတ်ရအောင်။"

တုပိုင်က တည်ငြိမ်စွာ မေးလိုက်သည်။ "ပြီးရင်ရော။"

မိုဟန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ "ပြီးရင် ကမ္ဘာမြေကို ပြန်သွားမယ် ၊ ပြီးတော့ ငါက အန်နမ်ဘုရင်မအနေနဲ့ ဆက်ပြီး အုပ်ချုပ်မယ်။"

တုပိုင်က ထောက်ပြလိုက်သည်။ "ကမ္ဘာမြေပေါ်မှာ လူတွေ မရှိတော့ဘူးလေ။ လူမပြောနဲ့ သက်ရှိတစ်ကောင်မှ မကျန်တော့တာ။"

မိုဟန်က မတုန်မလှုပ်ဘဲ ပြတ်သားစွာ ပြောသည်။ "ဒါဆိုလည်း ငါတို့ မွေးကြတာပေါ့။ ငါတို့ကိုယ်တိုင် ကမ္ဘာတစ်ခုလုံး ပြည့်သွားအောင် မွေးကြမယ်လေ။"

သူမ၏ စကားများက အလွန်တရာ မောက်မာလွန်းနေသဖြင့် တုပိုင်ပင် တုန်လှုပ်သွားရ၏။ 'ကမ္ဘာတစ်ခုလုံး ပြည့်သွားအောင် မွေးမယ်။ မင်းရဲ့ ပြားကပ်နေတဲ့ ရင်ဘတ်ကြီးနဲ့ သူတို့အားလုံးကို ဘယ်လို နို့တိုက်မလဲ။'

တုပိုင်က မိုဟန်အား မျက်လုံးပြူးကြည့်လိုက်သည်။ "နေပါဦး... ပင်ပန်းတဲ့ အလုပ်တွေအကုန်လုံး ငါ့ချည်းပဲ လုပ်ခိုင်းမလို့လား။"

မိုဟန်က ခေါင်းညိတ်ပြလိုက်၏။

ယခုအချိန်၌ သူတို့နှစ်ယောက် ဆက်သွယ်ရန် စကားလုံးများပင် မလိုအပ်တော့ချေ။

ယခင်က နတ်ဘုရားမျိုးနွယ်များအတွက် တုပိုင်က လုံးဝ ပွင့်လင်းမြင်သာလွန်းနေခဲ့သည်။ သူတို့ထံမှ ဖုံးကွယ်ထားနိုင်သည့် လျှို့ဝှက်ချက်ဟူ၍ လုံးဝ မရှိခဲ့ချေ။ ထိုသို့ဆိုလျှင် သူက ဘာကြောင့် မသေနိုင်သနည်း။ သူကိုယ်တိုင်ပင် ထိုအကြောင်းရင်းကို မသိခဲ့ပေ။ သို့သော် ယခု နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားချိန် သူ၏ မသေနိုင်ခြင်း အရင်းအမြစ်ကို နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

တုပိုင်က လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။ "အခု ငါတို့နှစ်ယောက်လုံး နတ်ဘုရားအဆင့်ကို ရောက်သွားပြီး နတ်ဘုရားမျိုးနွယ်တွေရဲ့ စောင့်ကြည့်မှုအောက်ကနေ လွတ်မြောက်သွားပြီ။ မင်း အဲဒီအရာကို ယူပြီး ကမ္ဘာမြေနဲ့ တတ်နိုင်သမျှ အဝေးဆုံးကို ထွက်သွားရမယ်။ စကြဝဠာရဲ့ အစွန်အဖျားဆုံး ထောင့်တစ်နေရာမှာ သွားဝှက်ထားလိုက်။ နတ်ဘုရားမျိုးနွယ်တွေ အဲဒါကို ဘယ်တော့မှ ရှာမတွေ့စေနဲ့ ၊ မဟုတ်ရင် ငါတို့ရဲ့ မသေနိုင်စွမ်း ပျက်စီးသွားလိမ့်မယ်။ ဒါက အရေးအကြီးဆုံး ကိစ္စပဲ ၊ ငါတို့ နှစ်ယောက်လုံးရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်တယ်။"

မိုဟန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... ဒါပေမဲ့ ငါ တောင်းဆိုစရာ တစ်ခုရှိတယ်။"

တုပိုင်က ခေါင်းဆတ်ပြလိုက်သည်။ "ပြောလေ။"

မိုဟန်က ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုလိုက်သည်။ "ငါနဲ့ ထပ်အိပ်။"

တုပိုင်က ပြုံးဖြီးဖြီးဖြင့် သဘောတူလိုက်သည်။ "ဝမ်းသာအားရပါပဲ။"

"ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။"

အနက်ရောင်တွင်းနက်ကြီးထံမှ သေစေနိုင်သည့် စွမ်းအင် ပေါက်ကွဲမှုများနှင့် ပန်းထွက်မှုများက ဆက်လက် ပြင်းထန်နေဆဲပင်။ ဟင်းလင်းပြင်၏ ကီလိုမီတာ သန်းပေါင်းများစွာကို ဖြတ်သန်းကာ စကြဝဠာ ဖုန်မှုန့်များ ၊ လည်ပတ်နေသည့် ဓာတ်ငွေ့ထုများနှင့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုများက ဟင်းလင်းပြင်ကြီးထဲ၌ ပြည့်နှက်နေ၏။

ထိုသို့တိုင်အောင် လှပပြီး ကမ္ဘာပျက်ကိန်းဆိုက်နေသည့် ဤနောက်ခံမြင်ကွင်းကြီးကြားထဲ၌ တုပိုင်နှင့် မိုဟန်တို့က သာမန် လူသားနှစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာ ရစ်ပတ်ထားကြပြီး သွေးရူးသွေးတန်းနိုင်လှသော ခက်ထန်မှုမျိုးဖြင့် ချစ်တင်းနှီးနှောနေကြသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters