အခန်း ၁၁၁၆
Vol. 106 Ch. 1116
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင် သူ၏ တွင်းနက်ငယ်လေးဖြင့် နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီးအား ဝင်တိုက်ရန် ပြင်လိုက်ချိန်မှာပင် သူ၏ စိတ်ကူးကို ရုတ်တရက် ပြောင်းလဲလိုက်၏။
ထို့နောက် တွင်းနက်ငယ်လေးကို အလျင်အမြန် ပြန်လည် ဆွဲယူလိုက်ပြီး နတ်ဘုရားတို့၏ဘုရင်၏ စိတ်ဗဟိုချက်နှင့် ဝေးကွာရာသို့ ဆုတ်ခွာသွားလိုက်သည်။
အရေးကြီးသည့် ကိစ္စတစ်ခုကို ရုတ်တရက် အမှတ်ရသွားခြင်းပင်။
တွင်းနက် နှစ်ခု ဝင်တိုက်မိချိန်၌ များသောအားဖြင့် ရလဒ်တစ်ခုသာ ရှိ၏။ ထိုအရာများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြခြင်းပင်။
အကယ်၍ အရွယ်အစား တူညီသည့် တွင်းနက်နှစ်ခု ဝင်တိုက်မိပါက စွမ်းအင်များ ထုတ်လွှတ်ကာ အချင်းချင်း ဆွဲငင်ပြီး ပေါင်းစည်းသွားကြမည် ဖြစ်၏။ သို့သော် တွင်းနက်ငယ် တစ်ခုက တွင်းနက်ကြီး တစ်ခုကို ဝင်တိုက်မိမည်ဆိုပါက တွင်းနက်ငယ်လေးမှာ စုပ်ယူဝါးမျိုခံလိုက်ရရုံသာ ရှိမည်ဖြစ်သည်။
ထို့ကြောင့် တုပိုင်၏ တွင်းနက်နှစ်ခုကို ဝင်တိုက်စေမည့် အစီအစဉ်မှာ ကြားကောင်းသော်လည်း သေချာပေါက် ကျရှုံးမည့် အစီအစဉ်ပင် ဖြစ်နေ၏။
သူ မည်သို့ လုပ်သင့်သနည်း။
တွင်းနက် တစ်ခုကို ဖျက်ဆီးပစ်ရန် လုံးဝ နည်းလမ်း မရှိတော့ပြီလော။
နတ်ဘုရားတို့၏ဘုရင်မှာ အမှန်တကယ်ပင် အနိုင်ယူ၍ မရနိုင်တော့ပြီလော။
သူ၌ အချိန် မရှိတော့ချေ။
ဤဟင်းလင်းပြင်၌ အချိန်စီးဆင်းမှုမှာ ခြားနားနေသော်ငြား တုပိုင်အနေဖြင့် သူ၏ တွင်းနက်ငယ်လေးကို အခိုက်အတန့်မျှသာ ထိန်းသိမ်းထားနိုင်၏။ မကြာမီ၌ ထိုအရာက ပျက်စီးကာ ပေါက်ကွဲသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိသောကြောင့်ပင်။
တုပိုင်၏ စိတ်များ အလန့်တကြား အလုပ်လုပ်နေ၏။
သူသည် နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲ၌ တိုက်ခိုက်နေရသဖြင့် ဤသည်မှာ လုံးဝ တရားမျှတမှု မရှိသည့် တိုက်ပွဲတစ်ခု ဖြစ်နေ၏။ နတ်ဘုရားတို့၏ဘုရင်မှာ များစွာ ပိုမို အားကောင်းလွန်းလှသည်။ သူနှင့် ယှဉ်လိုက်ပါက ဤဦးနှောက်ကမ္ဘာကြီးထဲ၌ တုပိုင်မှာ သေးငယ်သည့် ဖုန်မှုန့်လေး တစ်ပွင့်သာသာပင် ရှိသည်။
သို့သော် တစ်ဖက်၌ တွေးကြည့်မည်ဆိုလျှင် သူတို့သည် အဆင့်အတန်းအားဖြင့် အတူတူနီးပါး ရှိနေ၏။ သူ၏ ကိုယ်ပိုင် ယုံကြည်သူများအတွက် တုပိုင်သည်လည်း နတ်ဘုရားတစ်ပါးပင်။
နည်းလမ်း တစ်ခုတော့ သေချာပေါက် ရှိရမည်သာ။
ရုတ်တရက် အကြံဉာဏ်တစ်ခုက လင်းလက်သွား၏။ သက်သေမပြရသေးသည့် သီအိုရီ အယူအဆတစ်ခုကို သူ အမှတ်ရသွားသည်။
တွင်းနက် တစ်ခုကို မည်သို့ ဖျက်စီးရမည်နည်း။
စွမ်းအင်များကို အဆက်မပြတ် ဆုံးရှုံးသွားစေရန် လုပ်ဆောင်ရလေမည်။ ထိုသို့လုပ်ဆောင်နိုင်ပါက အပူချိန် အလျင်အမြန် မြင့်တက်လာပြီး ရေဒီယိုသတ္တိကြွမှုများ ရူးသွပ်စွာ ထုတ်လွှတ်လာကာ အဆုံး၌ ပေါက်ကွဲသွားမည် ဖြစ်၏။
သို့သော် တွင်းနက် တစ်ခုကို စွမ်းအင်ဆုံးရှုံးသွားစေရန် မည်သို့ လုပ်ဆောင်ရမည်နည်း။
တွင်းနက် တစ်ခုသည် သူ၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားရန် အရာအားလုံးကို အဆက်မပြတ် ဝါးမျိုခြင်းဖြင့် အသက်ရှင်သန်နေခြင်း ဖြစ်၏။ ထို့ကြောင့်ပင် နတ်ဘုရားတို့၏ဘုရင်သည် သတ်ဖြတ်ရန်နှင့် ဝါးမျိုရန် သက်သက်အတွက်သာ သက်ရှိများကို အမြဲတမ်း ဖန်တီးနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ကြီးမားလှသည့် စွမ်းအားများ၏ အရင်းအမြစ်ပင်။
တွင်းနက် တစ်ခုအပေါ် ပြုလုပ်သည့် မည်သည့် သာမန် တိုက်ခိုက်မှုမျိုးမဆို ဝါးမျိုခံရမည်သာ ဖြစ်၏။
တွင်းနက် တစ်ခု၏ စွမ်းအင်ကို စုပ်ယူခမ်းခြောက်သွားစေနိုင်သည့် အရာတစ်ခုတည်းသာ ရှိသည်။
အနုတ်လက္ခဏာ စွမ်းအင်ပင်။
အကယ်၍ တွင်းနက် တစ်ခုက အနုတ်လက္ခဏာ စွမ်းအင်များကို ဝါးမျိုမိမည်ဆိုပါက သူ၏ စုစုပေါင်း စွမ်းအားများမှာ တိုးလာမည် မဟုတ်ဘဲ လျော့ကျသွားမည် ဖြစ်၏။ ဤသည်မှာ ၁၀၀ အပေါ်သို့ အနုတ် ၃ ကို ပေါင်းထည့်လိုက်သကဲ့သို့ပင်။ နောက်ဆုံး ရလဒ်မှာ လျော့ကျသွားမည်သာ။ ၁၀၀ မှ ၃ နုတ်လျှင် ၉၇ သာ ကျန်မည် မဟုတ်ပါလော။
စကြဝဠာထဲရှိ ဒြပ်ဝတ္ထုတိုင်း၌ စွမ်းအင်ရှိ၏။ ဆန့်ကျင်ဘက် ဒြပ်ဝတ္ထု၌ပင် စွမ်းအင် ရှိနေသေးသည်။ စွမ်းအင်ကို ဖျက်ဆီးပစ်၍ မရနိုင်ချေ။ ဤသည်မှာ စွမ်းအင် တည်မြဲမှု နိယာမပင်။
သို့သော် စကြဝဠာထဲ၌ အခြားသော စွမ်းအင် အမျိုးအစား တစ်ခုလည်း ရှိနေသေး၏။ ထိုအရာမှာ လုံးဝ မြင်တွေ့၍မရနိုင်ဘဲ ထိတွေ့၍လည်း မရနိုင်ချေ။
ထိုအရာမှာ အနုတ်လက္ခဏာ စွမ်းအင်ပင် ဖြစ်သည်။ ပုံမှန်စွမ်းအင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ အကယ်၍ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပါက အချင်းချင်း ပယ်ဖျက်သွားကြပြီး သုညသာ ကျန်ရစ်တော့မည် ဖြစ်သည်။
ကမ္ဘာမြေ၏ သိပ္ပံပညာရှင်များသည် အနုတ်လက္ခဏာ စွမ်းအင် သဘောတရားကို ၂၀ ရာစု အလယ်ပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း သက်သေပြရန်မူ ခက်ခဲနေခဲ့၏။ ဤအရာမှာ ရှားပါးသည်တော့ မဟုတ်ချေ။ စကြဝဠာ တစ်ခုလုံး၌ ပြည့်နှက်လျက် ရှိနေသည်။
ခေတ်သစ် ကမ္ဘာမြေ၌ ရန်ကုန်သား စတီဖင်ဟော့ကင်း ကဲ့သို့သော သိပ္ပံပညာရှင်များက တွင်းနက်များ၏ လုပ်ဆောင်ပုံနှင့် ပတ်သက်သည့် သီအိုရီများကို တင်ပြခဲ့ကြ၏။ အတိအကျ အသေးစိတ်များမှာ လက်ရှိအချိန်၌ အရေးမကြီးတော့ချေ။
တုပိုင်အတွက် အရေးကြီးသည့် တစ်ခုတည်းသော အဓိက အချက်မှာ အပေါင်းလက္ခဏာနှင့် အနုတ်လက္ခဏာ အမှုန်များသည် တွင်းနက် တစ်ခု၏ အစွန်း၌ မွေးဖွားလာကြခြင်းပင်။
အပေါင်းလက္ခဏာ အမှုန်များက အပေါင်းစွမ်းအင်ကို သယ်ဆောင်ပြီး အနုတ်လက္ခဏာ အမှုန်များက အနုတ်စွမ်းအင်ကို သယ်ဆောင်ကြ၏။
သေချာသည်မှာ ဤအချက်သည် ကမ္ဘာမြေပေါ်ရှိ သီအိုရီ တစ်ခုသက်သက်သာ ဖြစ်ပြီး သက်သေပြရန် လုံးဝ နည်းလမ်း မရှိချေ။ သို့သော် ယခုအခါ တုပိုင်က ထိုအရာကို စမ်းသပ်ကြည့်တော့မည် ဖြစ်သည်။ အခြား နည်းလမ်းဟူ၍လည်း မရှိပေ...။
**--**--**--**--**--**--**--**
ထို့နောက် တုပိုင်အနေဖြင့် အလွန် ရက်စက်လှသည့် ရွေးချယ်မှု တစ်ခုကို လုပ်ရတော့မည် ဖြစ်၏။
သူ၏ တွင်းနက်ငယ်လေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် စိတ်ဝိညာဉ် ဒြပ်ဝတ္ထုများကို အစာကျွေးရန် လိုအပ်နေသည်။
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲ၌ ရေတွက်၍မရနိုင်သည့် စိတ်ဝိညာဉ်များက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဖန်တီးပေးနေ၏။ တုပိုင်က သူ၏ တွင်းနက်ကို ထိုစိတ်ဝိညာဉ်များကို ဝါးမျိုပစ်ရန် အမိန့်ပေးလိုက်သည်။
တွင်းနက်ငယ်လေးက အမိန့်အရ ရူးသွပ်စွာ ဝါးမျိုပစ်လိုက်၏။ ထောင်ဂဏန်း ၊ သောင်းဂဏန်း ၊ သိန်းဂဏန်း ၊ သန်းဂဏန်း ၊ ကုဋေဂဏန်းပေါင်းများစွာတို့အား ဝါးမျိုပစ်လိုက်၏။
လက်ရှိအချိန်၌ တုပိုင် လုပ်ရက်များမှာ နတ်ဘုရားတို့၏ဘုရင်နှင့် အတိအကျ တူညီနေသည်။
နတ်ဘုရားတို့၏ဘုရင်က ဝါးမျိုရန်အတွက် သက်ရှိများကို ဖန်တီးခဲ့သည်။ သို့သော် တုပိုင်ကမူ မည်သည့်အရာကိုမျှ မဖန်တီးဘဲ အရာအားလုံးကို ဝါးမျိုနေခြင်းပင်။
တုပိုင်သည် သူ၏ တွင်းနက်ကို နတ်ဘုရားတို့၏ဘုရင်၏ တွင်းနက်ထက် ပိုမို ကြီးမားလာသည်အထိ စိတ်ဝိညာဉ်များကို ဆက်တိုက် ဝါးမျိုစေပြီး အဘယ်ကြောင့် အနိုင်မယူသနည်းဟု တွေးစရာ ရှိနိုင်၏။
အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
ဆွဲငင်အားက တွင်းနက်များကို အချင်းချင်း ဆွဲယူထား၏။ လက်ရှိအချိန်၌ တုပိုင်၏ တွင်းနက်မှာ သေးငယ်လွန်းနေသဖြင့် သူနှင့် နတ်ဘုရားတို့၏ဘုရင်၏ တွင်းနက်ကြားရှိ ဆွဲငင်အားမှာ အားနည်းနေသည်။
သို့သော် အကယ်၍ သူ၏ တွင်းနက်သာ အရမ်း ကြီးမားလာမည်ဆိုပါက ဆွဲငင်အားမှာလည်း တုပိုင် ထိန်းချုပ်၍မရနိုင်လောက်အောင် အလွန်အမင်း အားကောင်းလာမည် ဖြစ်၏။
အကယ်၍ ထိုသို့သာ ဖြစ်သွားပါက သူ၏ တွင်းနက်မှာ ချက်ချင်းပင် ဆွဲသွင်းခံလိုက်ရကာ ဝါးမျိုခံသွားရမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤနေရာက နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ဖြစ်ပြီး အိမ်ရှင် အားသာချက်ကို ရရှိထားသည် မဟုတ်ပါလော။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။